← Chapters

အချိန်စက်ဝန်းပြားကို သန့်စင်နည်း

Vol. 83 Ch. 1152

အချိန်စက်ဝန်းပြားကို သန့်စင်နည်း

Vol. 83 Ch. 1152

“ သူမက မင်းကို သတ်ခဲ့တာ  …” ကျီလီက အံ့အားသင့်မှုနှင့်အတူ မိုဝူကျိ ရင်ခွင်ထဲမှ ထလိုက်သည်။

သူမ၏ မငြိမ်မသက် ဖြစ်နေသော တာအိုလှိုင်းများက ငြိမ်ကျသွားပြီး သဘာဝစွမ်းအားများလည်း ပြန်ကောင်းမွန်လာပြီ ဖြစ်၏။ နောက်ဆုံးတွင် သူမက မိုဝူကျိ မျက်ဝန်းရှိ အမုန်းတရားမှာ သူမနှင့် မသက်ဆိုင်ကြောင်း နားလည်သွားပေသည်။

ထိုစဉ် သူမက ယခင်အဖြစ်အပျက်အား အာရုံမရှိတော့ပေ။ သူမက ထိုအမျိုးသမီးသည် အဘယ်ကြောင့် ရက်စက်ရလဲဟုသာ တွေးနေမိသည်။ ပို၍ အရေးကြီးသည်က သူမသည် မိုဝူကျိတစ်ယောက် ကျန်းရှင်းဆီ ကူးပြောင်းရောက်ရှိလာပြီးနောက် ခံစားကြုံတွေ့ရမည့် အခက်အခဲများနှင့် နာကျင်မှုများကို တွေးနေမိသည်။

“ ငါ့ကြောင့် တောင်းပန်ပါတယ် …” ကျီလီ၏ စိတ်ထဲ အပြစ်ရှိစိတ်များ ပြည့်နေသည်။ သူမက ဖန်းရှီယူ၏ ပူးကပ်ခံရလုနီးပါး ဖြစ်ခဲ့ကတည်းက သူမက သူမဘာသာ ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော်လည်း သူမ၏ အကျင့်စရိုက်မှာ မပြောင်းလဲသေးပေ။ ထို့ကြောင့် သူမက မိုဝူကျိ သူမနောက် အက်ကြောင်းအတွင်း လိုက်ဝင်လာပြီး ဒဏ်ရာအပြင်းအထန် ရသွားသည့် ကိစ္စအပေါ် အပြစ်ရှိစိတ် ခံစားမိနေသေး၏။

မိုဝူကျိက ခေါင်းခါကာ ဆက်ပြောလိုက်သည်

“ ကျုပ်က ကျင့်ကြံတာ ရပ်တန့်ဖို့ မလိုလားဘူး။ ဒီလမ်းစဉ်ကို လျှောက်လှမ်းပြီးပြီးဆိုတော့ ကျင့်ကြံဖို့ နည်းလမ်းကို ဆက်တိုက် ရှာဖွေရမှာပဲလေ။ ဒါပေမဲ့ ကျုပ် ပျောက်ဆုံးသွားတဲ့  ယန်အာတို့ကိုလည်း ရှာမတွေ့ဘူး  …. ”

မိုဝူကျိက ယန်အာမှ ချိန်စုယင်အထိ ပြောပြလိုက်သည်။ ထို့နောက် သူက ချိန်စုယင်သည် သူ့မအသက်ဓာတ်ကို နှိုးဆွ၍ သူ့ကို ကယ်တင်ပေးခဲ့သည့်အကြောင်းကိုပါ ထည့်ပြောပြလိုက်သည်။

နောက်ဆုံးတွင် ကျီလီက မိုဝူကျိ စိတ်ထဲတွင် မည်သူကမှ ချိန်စုယင်နေရာကို အစားမထိုးနိုင်သည့် အကြောင်းအရင်းကို သိသွားလေသည်။ သူမက စိတ်လျော့ကာ မိုဝူကျိအား ဖက်ထားလိုက်၏။ မိုဝူကျိက လူသားတာအိုကို ကျင့်ကြံသည့်အတွက် ခံစားချက်များနှင့် အလိုဆန္ဒများ ပိုင်ဆိုင်ထားပေသည်။

အကယ်၍ မိုဝူကျိကသာ သူမကို အလိုရှိလာလျှင် သူမက နောင်တမရှိဘဲ ပေးအပ်လိုက်ဖို့ လိုလားပေသည်။

သို့သော်လည်း သူမအနေနှင့် ဤသို့ မလုပ်နိုင်ကြောင်း သိထားသည်။ အကြောင်းမှာ စုယင်ကြောင့် ဖြစ်၏။

စုယင်သည် မိုဝူကျိ၏ တစ်ဦးတည်းသော တာအိုလက်တွဲဖော် ဖြစ်ကာ စုယင် တစ်ဦးတည်းသာ မိုဝူကျိ၏ ကာကွယ်ပေးမှုနှင့် ထိုက်တန်လေသည်။

အကယ်၍ စုယင်သာ မိုဝူကျိ မျက်ဝန်းမှ အမုန်းတရားများကို မြင်သွားခဲ့လျှင် ထွက်သွားမည်လား။ ကျီလီ စိတ်ထဲ၌ ခေါင်းသာခါလိုက်သည်။ စုယင်က သေချာပေါက် ထွက်သွားမည် မဟုတ်ကြောင်း သေချာသိနေ၏။ ထိုကြောင့် သူမက စုယင် မဟုတ်ပေ။ သူမက အတူတူ လုပ်နိုင်လျှင်ပင် စုယင်နှင့် မည်သို့မှ ယှဉ်နိုင်မည် မဟုတ်ကြောင်း ခံစားမိနေ၏။

စုယင် သေဆုံးသွားသည်မှာ မိုဝူကျိကို ကယ်တင်လိုက်ရင်း ဖြစ်၏။ တစ်ဖက်တွင် သူမက မိုဝူကျိအား သူမကို ကယ်တင်ရင်းဖြင့် ဒဏ်ရာရစေခဲ့သည်။ ဤသည်မှာ ကွာခြားချက် ဖြစ်၏။

“ ဝူကျိက စုယင်နဲ့ယန်အာကို သေချာပေါက် ရှာတွေ့မှာပါ ” ကျီလီက နူးနူးညံ့ညံ့ ပြောလိုက်သည်။ သူမက စိတ်ပျက်ခြင်းမျိုးလည်း မခံစားမိသလို မလိုလားမှုလည်း မခံစားမိပေ။

သူမ တာအိုလက်တွဲဖော်အဖြစ် ယူဆနိုင်သည့် တစ်ဦးတည်းသော အမျိုးသားမှာ မိုဝူကျိသာ ဖြစ်ပေသည်။ သို့သော်လည်း မိုဝူကျိ၏ စကားများကို နားထောင်ပြီးနောက် သူမက စုယင်နှင့် ယန်အာတို့ထက်စာလျှင် မိုဝူကျိအတွက် မသင့်တော်တော့ကြောင်း ခံစားမိလာ၏။

မိုဝူကျိ၏ နားလည်နိုင်စွမ်းမှာ မနိမ့်ကျသည့်အတွက် ကျီလီ၏ ခံစားချက်များကို သိရှိပြီးလေပြီ။

သို့သော်လည်း သူက ကျီလီနှင့် နောက်တစ်လှမ်းမတိုးနိုင်ကြောင်း ကောင်းကောင်း သိထားသည်။ သူ့စိတ်ထဲ၌ စုယင်သာ ရှိပေသည်။ ထို့ကြောင့် သူက ကျီလီကို အဆုံးသတ်လိုသည့် ခံစားချက်မျိုး မပေးချင်ပေ။ အကယ်၍ တခြားကျင့်ကြံသူ ဖြစ်ပါက သူတို့က များများစဉ်းစားနေမည် မဟုတ်ပေ။ လူတစ်ယောက်တွင် တာအိုလက်တွဲဖော် အမြောက်အများ ရှိခြင်းက ပုံမှန်ကိစ္စသာ ဖြစ်၏။ သို့သော်လည်း သူက  တခြားကျင့်ကြံသူ မဟုတ်ပေ။ သူက နှလုံးသားထဲ၌ လူတစ်ယောက်တည်းသာ သိမ်းဆည်းထားလိုသည်။

ကျီလီက မိုဝူကျိနှင့် သူမကြားတွင် မပြောနိုင်သည့် ကိစ္စတချို့ ရှိကြောင်း သတိထားမိ၍ ခေါင်းစဉ်လွဲဖို့ ကြိုးစားလိုက်သည်  “ ဝူကျိ … တံခါးပိတ် ကျင့်ကြံပြီးနောက် ထွက်လာတော့ ဘာလို့ စိတ်နဲ့ကိုယ်နဲ့ မကပ်သလို ဖြစ်နေရတာလဲ ”

မိုဝူကျိက ကျီလီဆီမှ ဘာမှဖုံးကွယ်မထားပေ  “ တကယ်တော့ ကျုပ်ဆီမှာ အချိန်စက်ဝန်းပြား ရှိတယ် ”

“ အာ …” ကျီလီက မိုဝူကျိ  စကားများကြောင့် ကြောင်အမ်းသွားလေ၏။

 မိုဝူကျိတွင် အချိန်စက်ဝန်းပြား တကယ်ရှိနေသည်လား။ ဝိဇ္ဇာထုံမင်က အချိန်စက်ဝန်းပြားသည် တာအိုအုပ်စိုးသူ အရှင်အမှောင်ထု လက်ထဲ ရှိနေကြောင်း ပြောခဲ့သည် မဟုတ်ပေဘူးလား …

မကြာခင် ကျီလီက သဘောပေါက်သွားလေ၏။ မိုဝူကျိသည် အချိန်စက်ဝန်းပြားကို မသန့်စင်နိုင်ခြင်းသာ ဖြစ်ရမည်။

မိုဝူကျိက ဆက်ပြောလိုက်သည်

“ ကျုပ် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုနဲ့ အချိန်စက်ဝန်းပြားကို အလဲအလှယ် လုပ်လာတာ … ဟုန်မုန့်စွမ်းအင်အပြင် ပင်းထန်းဝါးကိုလည်း ပေးခဲ့ရသေးတယ်။ အဲတုန်းက ကျုပ် ပွပေါက်တိုးပြီလို့ ထင်ခဲ့မိတာ အခုတော့ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုရဲ့ လုပ်ကွက်ထဲ ရောက်နေမှန်း သိလိုက်ရတယ်။ အချိန်စက်ဝန်းပြားကို သန့်စင်ဖို့ မပြောနဲ့  …

အခုအထိ အပေါ်ယံတောင် မထိနိုင်သေးဘူး။ ကူရှင်းရန် သူ့ကျင့်ကြံဆင့် အခြေကျသွားတာနဲ့ အချိန်စက်ဝန်းပြားကို သေချာပေါက် ပြန်ခေါ်လိမ့်မယ်။ ကျုပ်က အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေပြီ။ အချိန်စက်ဝန်းပြားကို သန့်စင်လို့ မရဘူး …. ပြီးတော့ တခြားအရာတွေကို စိုးရိမ်မိလာတာနဲ့ တာအိုနှလုံးသား မငြိမ်မသက် ဖြစ်သွားတာပဲ ”

“ အချိန်စက်ဝန်းပြားကို ဘယ်နည်းလမ်းနဲ့ သန့်စင်တာလဲ ” ကျီလီက မေးလိုက်သည်။

“ စိတ်စွမ်းအား၊ အသက်သွေးနဲ့ သဘာဝစွမ်းအားတွေ …  အစီအရင်သင်္ကေတတွေရော အားလုံး စမ်းကြည့်ပြီး … ” မိုဝူကျိက ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူ့အသိစိတ်ပင်လယ်ထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားသလို ခံစားလိုက်ရသော်လည်း ဘာမှန်း မဖမ်းဆုပ်နိုင်လိုက်ပေ။

ကျီလီက မိုဝူကျိ၏ အပြုအမူကို စိတ်ထဲ မထားဟန်ဖြင့် ဆက်ပြောလိုက်သည်  “ အချိန်စက်ဝန်းပြားက ကံကြမ္မာ ထိပ်သီးရတနာဆိုတော့ သာမာန်နည်းလမ်းတွေကို သုံးလို့ နားလည်မှာ မဟုတ်ဘူး ”

ကျီလီ စကားမဆုံးခင် မိုဝူကျိ၏ အသိစိတ်ပင်လယ်ထဲမှ အလင်းလေးက တဖန် ပြန်လင်းလာပြန်သည်။ သူက သူ့အတွေးသည် အလွန်တင်းမာနေကြောင်း သတိပြုမိလိုက်သည်။

“ ကျုပ် တံခါးပိတ် လေ့ကျင့်လိုက်ဦးမယ် ” မိုဝူကျိက ထိုစကားများကို ပြောစဉ် အဝေးတစ်နေရာမှ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။

မိုဝူကျိက အမြန်ဆုံးနှုန်းဖြင့် အဝတ်အသစ် လဲလှယ်ကာ ကျီလီနှင့်အတူ ချိုင့်ဝှမ်းကြီးမှ ထွက်လာလိုက်သည်။

“ ကျုပ်တို့တွေ လှောင်ချိုင့်ထဲ ပိတ်မိနေပြီ ” မိုဝူကျိ၏ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ သူ့အမူအယာမှာ အနည်းငယ် မသာမယာ ဖြစ်သွားလေသည်။

သူတို့ဝန်းကျင်တွင် ဟင်းလင်းပြင် အဟန့်အတားများ ရှိနေသည်။ သူတို့ ရှိနေသည့် နေရာမှာ မိုင်ရာချီလောက်သာ အကြမ်းဖျင်း ရှိပေမည်။ မိုဝူကျိက ထိုဟင်းလင်းပြင် အဟန့်အတားများအကြောင်း ကြားခဲ့ဖူး၏။ တစ်ယောက်ယောက် ဟင်းလင်းပြင် အဟန့်အတားကြား ဝင်သွားလိုက်သည်နှင့် ပြန်ထွက်လာဖို့ မဖြစ်နိုင်တော့ပေ။

ကျင့်ကြံဆင့်က မည်သို့ ဖြစ်စေကာမူ ဟင်းလင်းပြင် အဟန့်အတားအား ချိုးဖောက်နိုင်မည် မဟုတ်ပေ။ ထိုဟင်းလင်းပြင် အဟန့်အတားကို ကျော်ဖြတ်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရှောင်ကွင်းသွားဖို့ရာ ဖြစ်၏။ တစ်ခါတစ်ရံ၌ ထိုဟင်းလင်းပြင် အဟန့်အတားများကို ရှောင်ကွင်းသွားခြင်းက ဂြိုလ်များစွာ၏ အကွာအဝေးကို ဖြတ်သန်းသွားရသလို ဖြစ်ပေသည်။

သို့သော်လည်း သူတို့အတွက် ဟင်းလင်းပြင် အဟန့်အတားများကို ရှောင်ကွင်းမသွားနိုင်တော့ပေ။ ဤအဟန့်အတားများက လှောင်ချိုင့်သဖွယ် ဖြစ်နေလေ၏။

ကျီလီက သူတို ပိတ်မိနေသည့်အကြောင်း စိတ်ထဲ ထားဟန် မပေါ်ပေ။ ထို့အစား သူမက မိုဝူကျိအား ထိတ်ထိတ်လန့်လန့်ဖြင့် မေးလိုက်သည်  “ ဝူကျိ အဲဒီပေါက်ကွဲမှုက ဘယ်လိုဖြစ်လာတာလဲ ”

“ ဝုန်း ” ကျီလီ၏ မေးခွန်းကို တုံ့ပြန်လိုက်သည့်အလား  နောက်ထပ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြန်သည်။  ကောင်းကင်ထိလုမတတ် အဖြူရောင်အလင်းတန်းကြီး ထွက်ပေါ်လာကာ သတ်ဖြတ်ငွေ့ တာအိုလှိုင်းများလည်း လွှင့်ပြန့်လာသည်။ မိုဝူကျိက တိုက်ပွဲများ နေသားကျနေပြီ ဖြစ်သောကြောင့် ထိုသတ်ဖြတ်ငွေ့များ၏ သက်ရောက်မှု သိပ်မခံလိုက်ရပေ။ သို့သော်လည်း ထိုသတ်ဖြတ်ငွေ့များ ပြန့်လွှင့်လာသည့်အခါ ကျီလီက ချက်ချင်းဆိုသလို မသက်မသာ ဖြစ်မိသွားသည်။

မိုဝူကျိက နှေးနှေးလေး ပြောလိုက်သည်

“ ကျုပ်သာ မမှားရင် ဒီနေရာက ထိပ်တန်းပညာရှင်တစ်ယောက်ကို ဖုံးထားတာပဲ။ အဲဒီပညာရှင်က လျို့ဝှက်ပုန်းကွယ်နေတာ မဟုတ်ဘဲနဲ့ ပိတ်လှောင်ခံထားရတာ  … ကမ္ဘာပျက်ကပ်ကြီးက နီးကပ်လာပြီဆိုတော့ နတ်ဆိုးတွေရော၊ မိစ္ဆာတွေရော ထွက်ပေါ်လာကြပြီ။ ကျုပ်တို့တွေ အဲဒါကို စိုးရိမ်နေစရာ မလိုပါဘူး။ ကျုပ်ကို ခဏလောက် စောင့်ပေးနော် … အထဲသွားပြီး အချိန်စက်ဝန်းပြားကို သန့်စင်လိုက်ဦးမယ် ”

ကျီလီက ခေါင်းညိတ်ကာ  “ အင်း သွားလေ  .. ဒီမှာ စောင့်နေပေးမယ် ”

သူမက မိုဝူကျိအား သူနှင့်အတူ အဘယ်ကြောင့် ခေါ်ဆောင်မသွားလဲဟု မေးမနေတော့ပေ။

မိုဝူကျိက အချိန်စက်ဝန်းပြား သန့်စင်နိုင်မည့် နည်းလမ်းကို စဉ်းစားမိထားပြီးလေပြီ။ ထိုနည်းလမ်းက စည်းမျည်း သန့်စင်ခြင်းနည်းလမ်းသာ ဖြစ်၏။ ထို့ကြောင့် သူက သူမကို အတူတူ မခေါ်လာခြင်း ဖြစ်၏။

လူသားကမ္ဘာသည် သူ့အပိုင် ဖြစ်ပြီး စည်းမျည်းများက သူ့လူသားကမ္ဘာအတွင်း အသန့်စင်ဆုံး ဖြစ်ပေသည်။  ဤကမ္ဘာထဲ ဟွမ်တိ ရှိနေစဉ်အတွင်း ဟွမ်တိပင် ထွက်မသွားနိုင်ပေ။

မိုဝူကျိက အပြင်ဘက်ရှိ အဖြစ်အပျက်များကို မစိုးရိမ်မိပေ။ အကယ်၍ တစ်ခုခု အရေးကြီးတာသာ ဖြစ်လာလျှင် ကျီလီက သူ့အား ချက်ချင်း အကြောင်းကြားမည် ဖြစ်။ ထိုနေရာတွင် အပိတ်ခံထားရသော ပညာရှင်တစ်ယောက် ရှိနေသည် မဟုတ်ပါလော။ အကယ်၍ သူတို့သာ ထိုလူအား ရန်မစမိလျှင် ထိုသူကလည်း သူတို့အား ရန်လာလုပ်မည် မဟုတ်ပေ။ ကမ္ဘာပျက်ကပ်ကြီး နီးကပ်လာပြီ မဟုတ်ပါလော။ ထိုလူသာ အရူးမဟုတ်သရွေ့ သူ့ကျင့်ကြံရေးကို ပြန်ကောင်းမလာခင်အထိ ပြဿနာ ရှာလိုမည် မဟုတ်ပေ။

ထို့အပြင် ကျီလီက သဟဇာတ နတ်ဘုရားနောက်ပိုင်းအဆင့် ရောက်နေပြီး ဝိဇ္ဇာတပိုင်းအဆင့်သို့ ရောက်ဖို့ရာ ခြေတစ်လှမ်းမျှသာ လိုအပ်တော့ပေသည်။ သူမသာ ဝိဇ္ဇာနှင့် ရင်မဆိုင်ရသရွေ့ ကျီလီက တစ်ချက်တောင့်ခံကာ သူ့အား အကြောင်းကြားနိုင်လိမ့်မည်။

သူ လူသားကမ္ဘာအတွင်း ဝင်ရောက်လာသည်နှင့် မိုဝူကျိက အချိန်စက်ဝန်းပြားကို ချက်ချင်း ထုတ်လိုက်သည်။ သူ့လှည့်ပတ်မှု လမ်းကြောင်းမှ စွမ်းအားများသည် အချိန်စက်ဝန်းပြားဆီ ရောက်ရှိသွားလေသည်။ တစ်ချိန်တည်းဆိုသလို သူ့လူသားတာအိုမှ တာအိုအငွေ့အသက်များလည်း အချိန်စက်ဝန်းပြားဆီ ထိုးဖောက်ဝင်ရောက်သွားသည်။

ကျီလီ ပြောသည်က မှန်ကန်ပေသည်။ အချိန်စက်ဝန်းပြား၏ စည်းမျည်းများက ခြားနားပေသည်။ ကျီလီက အပြည့်အဝ နားမလည်သော်လည်း မိုဝူကျိက ရှင်းရှင်းလင်းလင်း သိထား၏။

အချိန်စက်ဝန်းပြားကို သန့်စင်ဖို့ရာ သူ့လူသားတာအို စည်းမျည်းများကို အသုံးပြုရပေမည်။

သူက တာအိုအုပ်စိုးသူ အရှင်အမှောင်ထု လုပ်နိုင်သည့် ကိစ္စကို သူ မလုပ်နိုင်ကြောင်း မယုံပေ။

မျက်စိတစ်မှိတ်အတွင်း ရက်များစွာ ကုန်လွန်သွားလေ၏။ မကြာခင် မိုဝူကျိက ကြောင်အမ်းအမ်း ဖြစ်လာသည်။ သူ့လူသားတာအိုသည်လည်း အချိန်စက်ဝန်းပြားထဲ ထိုးဖောက်နိုင်ဟန် မပေါ်ပေ။ အကယ်၍ လုပ်နိုင်လျှင်ပင် အင်မတန် နှေးကွေးနေသေး၏။ နှစ်ဆယ်သန်းလောက် အချိန်မပေးလျှင် သူက အချိန်စက်ဝန်းပြားနှင့် ဆက်သွယ်နိုင်မည် မဟုတ်ပေ။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ ဤအချိန်စက်ဝန်းပြားက သူ မပိုင်ဆိုင်နိုင်ဘူးလား။ သူက ဤသို့သော ရတနာများသည် ပိုင်ရှင်ကို အသိအမှတ်ပြုတတ်ကြောင်း ကြားထားဖူး၏။ အကယ်၍ အချိန်စက်ဝန်းပြားသည်  သူ့အား မဆက်သွယ်စေနိုင်ဖို့ တားဆီးထားသည်ဆိုလျှင် အချိန်စက်ဝန်းပြားအား တာအိုအုပ်စိုးသူ အရှင်အမှောင်ထု လက်ထဲ ရောက်သွားမည့်ကိစ္စအား ထိုင်ကြည့်ဖို့ရာ တတ်နိုင်ပေမည်။

သူက များစွာ ပေးအပ်ထားလျက်နှင့် အချိန်စက်ဝန်းပြားက သူ့အပိုင် မဖြစ်လာသေးပေ။ မိုဝူကျိက စိတ်ဓာတ်မကျဘဲ မနေနိုင်တော့ပေ။

တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက အချိန်စက်ဝန်းပြားကို ဘယ်နည်းလမ်းနဲ့များ သုံးထားတာလဲ ….

မိုဝူကျိက ခေါင်းပေါက်ထွက်မတတ် စဉ်းစားကြည့်လိုက်သည်။ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက တခြားသူများထက် ပိုသာနေတာ ဘာရှိမည်နည်း။ တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ဂုဏ်ယူရဆုံးအရာက ဘာဖြစ်သနည်း။

အမှောင်ထု စည်းမျည်း မဟုတ်ပေဘူးလား ….

အမှောင်ထုစည်းမျည်း နားလည်ဖို့ရာ အမှောင်ထု ဝိညာဉ်ကြော ရှိဖို့ လိုအပ်ပေသည်။ မဟုတ်လျှင် မဖြစ်နိုင်ချေ။

တခြားလူများက အမှောင်ထုစည်းမျည်းကို နားမလည်ကြဘဲ ထိုစည်းမျည်းများကို မကျင့်ကြံနိုင်သော်လည်း သူက လုပ်နိုင်ပေသည်။

ကူချိုက်ဆီမှ အမှောင်ထုနှင့် ပတ်သတ်သည့်အရာများကို သင်ယူထားသောကြောင့် အမှောင်ထုစည်းမျည်း အပေါ်ယံမျှ နားလည်ထားသည်။ သူ့လက်ရှိစွမ်းရည်ဖြင့်  အမှောင်ထု တိုက်ကွက်များအား အလွယ်တကူ အသုံးပြုနိုင်လိမ့်မည်။ သူ့စတုတ္ထမြောက် ယင်ယန် လက်ချောင်းနှင့် ပဉ္စမမြောက် အလုံးစုံ ဖန်ဆင်းမှု လက်ချောင်းတို့တွင်လည်း အမှောင်ထု စည်းမျည်း ပါဝင်နေပေသည်။

***

All Chapters