← Chapters

အခန်း (၁၁၅၃)

Vol. 83 Ch. 1153

အခန်း (၁၁၅၃)

Vol. 83 Ch. 1153

အခန်း (၁၁၅၃)

မိုဝူကျိက ထိုအတွေးဖြင့် သူ့အမှောင်ထု အမျိုးအစား တာအိုလှိုင်းတစ်ခုအား အချိန်စက်ဝန်းပြားအတွင်းသို့ ပို့လွှတ်လိုက်သည်။

မိုဝူကျိက အံ့အားသင့်မိ၍ အော်လုမတတ် ဖြစ်သွားလေသည်။ ပုံမှန်အားဖြင့် သူ ထုတ်သုံးသမျှ နည်းလမ်းအားလုံးက အလကား ဖြစ်သွားတတ်သည်။ အချိန်စက်ဝန်းပြားအတွင်းသို့ ထိုးဖောက်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့လူသားတာအိုစည်းမျည်းသာ ဖြစ်၏။ သို့သော်လည်း အရှိန်နှုန်းက အလွန်တရာ နှေးကွေးလွန်းပေသည်။

ထိုစဉ် သူ့အမှောင်ထု အမျိုးအစား တာအိုလှိုင်းတွန့်က အချိန်စက်ဝန်းပြားထဲ မည်သည့်အတားအဆီးနှင့်မှ မတွေ့ဘဲ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ခဲ့သည်။ မကြာခင် မိုဝူကျိက ကြောင်အမ်းသွားလေသည်။ သူ့စိတ်စွမ်းအားကို အချိန်စက်ဝန်းပြားထဲ ပို့လွှတ်ခဲ့စဉ်အခါက ဘာမှမခံစားမိခဲ့ပေ။

တခြားနည်းဖြင့်ဆိုရလျှင် သူ့စိတ်စွမ်းအား အချိန်စက်ဝန်းပြားထဲ ဝင်ရောက်နိုင်သည် ဖြစ်စေ၊ မဝင်ရောက်နိုင်သည် ဖြစ်စေ ခြားနားချက် မရှိပေ။

ထို့နောက် သူက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ထုတ်သုံးဖို့ ကြိုးစားလိုက်သော်လည်း မှောင်ပိန်းနေသေး၏။ ထို့နောက်တွင် သူက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်သည်။

မိုဝူကျိက ရုတ်ချည်းဆိုသလို စိတ်သက်သာရာ ရမိသွားသည်။ သူက အချိန်စက်ဝန်းပြားအတွင်း အမှောင်ထု အမျိုးအစား တာအိုလှိုင်းလေးကို ပို့လွှတ်ပြီးနောက် သူ့စိတ်ဝိညာဉ်မျက်လုံးက အချိန်စက်ဝန်းပြားထဲရှိ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သွားသည်။

သူ့စိတ်ဝိညာဉ်မျက်လုံးဖြင့် အချိန်စက်ဝန်းပြားရှိ တာအိုစည်းမျည်းအားလုံးက ကြည်လင်လာသည်။ အမှောင်ထုအတွင်း အလင်းရောင် တောက်ပလာသည့်အလား အရာအားလုံးက သိသာထင်ရှားလာသည်။

မိုဝူကျိ ရှေ့မှောက် အမှောင်ထု အမျိုးအစား တာအိုလှိုင်းမှ မြောက်များစွာသော သင်္ကေတများ ပေါ်ထွန်းလာသည်။

ထိုစဉ် မိုဝူကျိက သူ ရူးသွပ်လုမတတ် ဖြစ်သွားသည့် အကြောင်းအရင်းကို ရှာတွေ့သွားသည်။ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက အချိန်စက်ဝန်းပြားအတွင်း စိတ်တွင်းနတ်ဆိုးကို ဖြစ်ပေါ်လာစေနိုင်သည့် တာအိုစည်းမျည်းကို ချန်ထားခဲ့ရုံသာမက ထောင်ချောက်များစွာလည်း ပြင်ဆင်ထားခဲ့သေး၏။

အကယ်၍ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုသာ မလိုတမာစိတ်ထားဖို့ ဆုံးဖြတ်ထားခဲ့လျှင် မိုဝူကျိ ကျင့်ကြံနေစဉ်အတွင်း အချိန်အမှားကို ပြောင်းလဲပစ်လိမ့်မည်။ ထိုအချိန်အမှားများက သူ့ကို မသတ်လျှင်ပင် သူ့ကျင့်ကြံဆင့်ကို ပျက်ပြားသွားစေလိမ့်မည်။

ယခုအချိန်အထိ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက သူ့အား မဆန့်ကျင်သေးပေ။  တစ်ခုတည်းသော အကြောင်းအရင်းမှာ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုသာ အပြည့်အဝ ပြန်ကောင်းမလာသေး၍သာ ဖြစ်ရမည်။

မိုဝူကျိက တာအိုအုပ်စိုးသူ အရှင်အမှောင်ထုသည် သူ့အား အချိန်စက်ဝန်းပြားကို သုံးခွင့် ပေးထားရလောက်အောင်အထိ ကရုဏာကြီးမားသည့်သူ ဟု မယုံပေ။

ယခု မိုဝူကျိက အရာအားလုံး သိလာပြီ ဖြစ်ရာ အဘယ်ကြောင့် အချိန်ဆက်ဖြုန်းနေရမည်နည်း။ သူက တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ချန်ထားခဲ့သော အမှောင်ထု အမျိုးအစား တာအိုလှိုင်းများကို မြန်မြန် စတင် ဖယ်ရှားလိုက်သည်။ တစ်ချိန်တည်းတွင် သူက အချိန်စက်ဝန်းပြားအတွင်း ထောင်ချောက်အားလုံးနှင့် စိတ်တွင်းနတ်ဆိုးများကို ရှင်းလင်းလိုက်သည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားလေ၏။ မျက်စိတစ်မှိတ်အတွင်း လဝက်ကြာ ကုန်ဆုံးသွားလေသည်။ နောက်ဆုံးတွင် မိုဝူကျိက တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ချန်ထားခဲ့သော အရိပ်အယောင်အားလုံး ပယ်ဖျက်နိုင်လိုက်ပြီ ဖြစ်၏။

သူက အချိန်စက်ဝန်းပြားကို စတင် မသန့်စင်ရသေးသော်လည်း အချိန်စက်ဝန်းပြားက တာအိုအုပ်စိုးသူ အရှင်အမှောင်ထု အပိုင် မဟုတ်တော့ပေ။ အနည်းဆုံးတော့ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက အချိန်စက်ဝန်းပြားကို ပြန်လည် ခေါ်ဆောင်နိုင်တော့မည် မဟုတ်ပေ။ ယခုတွင် တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ချန်ထားခဲ့သော အမှတ်အသားအားလုံးကို မိုဝူကျိက ရှင်းထုတ်လိုက်လေပြီ။

တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ထားရစ်ခဲ့သည့် အမှတ်အသားအားလုံးကို ဖျက်စီးပြီးနောက် မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးနှင့် အမှောင်ထု အမျိုးအစား တာအိုလှိုင်း ထည့်သွင်းဖို့ မလိုတော့ဘဲ သူ့စိတ်စွမ်းအားဖြင့်ပင်  အချိန်စက်ဝန်းပြားနှင့် အလွယ်တကူ ဆက်သွယ်နိုင်ပြီ ဖြစ်၏။

နောက်ဆုံးတွင် မိုဝူကျိက အချိန်စက်ဝန်းပြားကို မည်သူမှ မသန့်စင်နိုင်သည့် အကြောင်းအရင်းကို နားလည်သွားလေပြီ။ ထိုအကြောင်းမှာအ အချိန်စက်ဝန်းပြားကြောင့် မဟုတ်ဘဲ ကူရှင်းရန်ကြောင့်သာ ဖြစ်၏။

ယခု သူက လူသားတာအိုဖြင့် အချိန်စက်ဝန်းပြားကို ပြန်လည် သန့်စင်မည် ဖြစ်၏။ အချိန်စက်ဝန်းပြားသည် သူ့လူသားတာအိုစည်းမျည်းများနှင့် အပြည့်အဝ ဆက်သွယ်မိသွားသည့်အချိန် လူသားတာအို မကျင့်ကြံထားသော လူများက အချိန်စက်ဝန်းပြားကို လုယူနိုင်မည် မဟုတ်တော့ချေ။

လူသားတာအိုလှိုင်းတွန့်များက အချိန်စက်ဝန်းပြားအတွင်း ဆက်တိုက် ဝင်ရောက်သွားသည်။ အချိန်ကြာလာသည်နှင့် အချိန်စက်ဝန်းပြားနှင့် မိုဝူကျိကြားရှိ ဆက်သွယ်ချက်မှာ ပို၍ နီးကပ်လာသည်။

***

နတ်ဘုရားနားခိုရာ နယ်မြေရှိ ဝါးအိမ်လုံးလေးအတွင်း

မိုဝူကျိက အချိန်စက်ဝန်းပြားမှ အမှောင်ထု အမျိုးအစား အမှတ်အသားများနှင့် တာအိုလှိုင်းများကို ဖယ်ရှားလိုက်ပြီးနောက် ကူရှင်းရန်က ရုတ်ချည်း ထရပ်လိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ရုတ်ချည်းဆိုသလို သူက အားရပါးရ ဟစ်ကြွေးလိုက်၏။

သူ့ခန္ဓာကိုယ်က အပြည့်အဝ ပြန်ကောင်းလာပြီ ဖြစ်သလို သူ့ကျင့်ကြံဆင့်မှာလည်း ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကြား ပြန်ရရှိနေပြီ ဖြစ်၏။ သို့သော် ဤအခိုက်အတန့်၌ ကူရှင်းရန် မျက်ဝန်း၌ စိတ်ပူပင်မှုနှင့်အတူ အကြောက်တရားတချို့ ဖြတ်ပြေးသွားသည်။

“ မဖြစ်နိုင်တာ …. လုံးဝကို မဖြစ်နိုင်ဘူး ” ကူရှင်းရန်က ဆက်တိုက် ရေရွတ်လိုက်သည်။

ဆယ်ရှိုက်စာလောက်ကြာပြီးနောက် သူက မယုံကြည်နိုင်စွာ နှိုးထလာလေ၏။ သူက နတ်ဝိညာဉ်သွေးကြော အမြောက်အမြားကို ပစ်လွှတ်လိုက်သည်။ ထို့နောက် သူက အသက်သွေးတစ်ချို့ အန်ထုတ်လိုက်ပြီး ရှုပ်ထွေးလှသော လက်ဟန်များကို စတင် ဖော်ထုတ်လိုက်သည်။

သူ့လက်ဟန်များအပြီးတွင် နတ်ဝိညာဉ်သွေးကြောမှ နတ်ဝိညာဉ်စွမ်းအားများက စွမ်းအားဝဲကတော့ တစ်ခု ဖြစ်ပေါ်လာသည်။

သို့သော်  မကြာခင် ကူရှင်းရန်၏ မျက်နှာမှာ ဖြူဖျော့လာလေ၏။ သူက အချိန်စက်ဝန်းပြားနှင့် လုံးဝ ဆက်သွယ်လို့ မရတော့ပေ။

သူက ရုတ်ချည်း ထရပ်လိုက်သည်။ သူ့တစ်ကိုယ်လုံးမှာ တုန်ခါနေပြီး ဆက်ကျင့်ကြံလိုသည့် စိတ်အခြေအနေလည်း မရှိတော့ပေ။

ပညာရှင်အများစုက ရောက်လာမည့် ကပ်ဘေးကြီးအား ကြောက်ရွံ့ကြပေသည်။ သို့သော်လည်း ကူရှင်းရန်က ထူးခြားသူတစ်ဦး ဖြစ်၏။ အပေါ်ယံ၌ သူက ရောက်လာမည့် ကပ်ဘေးကြီးအား စိုးရိမ်နေဟန် ပေါ်သော်လည်း လက်တွေ့၌ သူက ကပ်ဘေးကြီး စောစီးစွာ ရောက်ရှိလာဖို့ မျှော်လင့်နေမိသည်။

အကြောင်းမှာ သူ့တွင် အချိန်စက်ဝန်းပြား ရှိထား၍ ဖြစ်သည်။

သူက ကပ်ဘေးကြီး ရောက်လာသည့်အခါ အချိန်စက်ဝန်းပြားကို အသုံးချ၍ ဝိဇ္ဇာအဆင့် တက်လှမ်းနိုင်လိမ့်မည်မှန်း ကျိန်းသေသိထားသည်။

မိုဝူကျိက အချိန်စက်ဝန်းပြားကို ယူသွားသည့်အခိုက်အတန့် သူက ပြန်ယူဖို့ တွေးထားပြီးလေပြီ။ မိုဝူကျိ၏ အပြုအမူက သူ့အား အနည်းငယ် အံ့အားသင့်သွားစေသော်လည်း သူက အချိန်စက်ဝန်းပြား ပြန်မယူနိုင်မည်ကို မစိုးရိမ်မိပေ။

အချိန်စက်ဝန်းပြားက မည်သို့အရာမျိုးလဲ  …. သူ ကူရှင်းရန်သာ ရှင်းရှင်းလင်းလင်း သိထားပေသည်။

မည်သူကမှ အချိန်စက်ဝန်းပြားကို မလုယူနိုင်သည့် အကြောင်းမှာ အချိန်စက်ဝန်းပြား ကို သန့်စင်နိုင်သည်နှင့် ထိုလူအပိုင် ဖြစ်သွားပေမည်။ ထို့အပြင် သူက ရှားပါးလှသော အမှောင်ထု အမျိုးအစား ကျင့်စဉ်ကို ကျင့်ကြံထား၏။

ထိုလူက အမှောင်ထု ကျင့်စဉ်ကို မကျင့်ကြံသရွေ့ အချိန်စက်ဝန်းပြားကို သန့်စင်နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူက မိုဝူကျိသည် အမှောင်ထု ကျင့်စဉ် မကျင့်ကြံကြောင်း သိပေသည်။ သူက မိုဝူကျိ တစ်ယောက် အမှောင်ထု ကျင့်စဉ်ကို ကျင့်ကြံသည်ဟု ယူဆလိုက်လျှင်ပင် မိုဝူကျိအတွက် သူ့အချိန်စက်ဝန်းပြားကို ခိုးယူဖို့ မဖြစ်နိုင်သေးပေ။

အကြောင်းမှာ စိတ်စွမ်းအားဖြင့် အချိန်စက်ဝန်းပြားအတွင်း ဘာမှစစ်ဆေးကြည့်နိုင်မည် မဟုတ်ချေ။ အကယ်၍ အချိန်စက်ဝန်းပြားအတွင်း စိတ်စွမ်းအားကို အတင်းကျပ် ပို့လွှတ်ဖို့ ကြိုးစားပါက ပြန်တွန်းကန်မှု ခံစားရမည် ဖြစ်ကာ အသိစိတ်ပင်လယ်ပင် ပျက်စီးသွားနိုင်သည်။

သီအိုရီ သဘောတရားအရ သူ့အချိန်စက်ဝန်းပြားသည် သူမှလွဲ၍ တခြားသူနှင့် ဆက်သွယ်နိုင်မည် မဟုတ်ပေ။ သူက မိုဝူကျိသည် သူ့အမှတ်အသားများအား မည်သို့ ဖျက်စီးခဲ့သည်ကို တကယ် နားမလည်ပေ။

“ ဖူး ” သူက သွေးတစ်ပွက် အန်လိုက်ရသည်။ ဤတစ်ကြိမ်၌ ကူရှင်းရန်က အမှန်တကယ် ဒဏ်ရာရသွားလေသည်။ သူ့တာအိုအငွေ့အသက်များပင် ပုံမှန်အတိုင်း မဟုတ်တော့ပေ။

အချိန်စက်ဝန်းပြားသည် သူ့အတွက် မည်သို့ အဓိပ္ပါယ်ရှိကြောင်း မည်သူမှ မသိကြပေ။

အချိန်စက်ဝန်းပြားဖြင့်  သူက တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ဖြစ်လာခဲ့သည်။ နောက်လာမည့် ကပ်ဘေးကျရောက်လာသည့်အခါ သူက အချိန်စက်ဝန်းပြားကို သုံးကာ ဝိဇ္ဇာအဆင့် တက်လှမ်းနိုင်လိမ့်မည်။ အကယ်၍ သူသာ အချိန်စက်ဝန်းပြား မရှိလျှင် တာအိုအုပ်စိုးသူ အရှင်လေးပါးအနက် သူက ဘာမှမထူးခြားတော့ပေ။

အမှောင်ထု ကျင့်စဉ်မှာ အလွန်အားကောင်းသော်လည်း ထိုသည်မှာ ဤသို့ပညာရပ်မျိုးနှင့် အတွေ့အကြုံမရှိသူများကို ရင်ဆိုင်ဖို့ရာအတွက်သာ ဖြစ်ပေသည်။ သို့သော်လည်း ထိပ်ဆုံး၌ ရပ်တည်နေကြသော ပညာရှင်များကြား မည်သူကများ အမှောင်ထု အမျိုးအစား တိုက်ခိုက်မှုမျိုးကို မကြုံတွေ့ဖူးသည့်သူ ရှိဦးမည်လား။

တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက နောင်တရမိလာသည်။ သူက အချိန်စက်ဝန်းပြားကို ကြာကြာ ပစ်ထားမိလိုက်သည့်အတွက် နောင်တရမိလာသည်။ သူ အချိန်စက်ဝန်းပြား ပြန်မယူနိုင်သည့် အကြောင်းမှာ သူက ကြင်နာလွန်းပြီး မိုဝူကျိအား ကျင့်ကြံခွင့် ပေးလို၍ မဟုတ်ချေ။

ထို့အစား သူက မိုဝူကျိဆီမှ ရတနာများအပေါ် မျက်စိကျနေခြင်း ဖြစ်၏။ မိုဝူကျိက ဟုန်မုန့်စွမ်းအင်နှင့် ပင်းထန်းဝါးကို ထုတ်ပေးနိုင်လေသည်။ တကယ်တော့ သူက မိုဝူကျိဆီမှ ဟုန်မုန့်စွမ်းအင် အငွေ့အသက်ကို မခံစားမိလိုက်ပေ။ မိုဝူကျိတွင် တခြားရတနာများစွာ ရှိနေသေးသည်မှာ သိသာလှ၏။

သူက မိုဝူကျိအား သွားမရှာခင်  ခန္ဓာကိုယ် ပြန်ရလာပြီး ကျင့်ကြံဆင့် ပြန်မြင့်လာအောင်အထိ စောင့်ဆိုင်းဖို့ ကြံရွယ်ထားခဲ့သည်။ အချိန်စက်ဝန်းပြားကို ဖြတ်၍ သူက မိုဝူကျိ၏ နေရာကို ကောင်းကောင်း အာရုံခံမိ၏။ သူက  မိုဝူကျိကို ရှာတွေ့ပြီးလျှင် မိုဝူကျိ၏ ပစ္စည်းများကို သိမ်းယူနိုင်လိမ့်မည်မှန်း ယုံကြည်ချက်အပြည့် ရှိပေသည်။

ယခု သူ့အကြံအစည်အားလုံး အလကား ဖြစ်သွားလေပြီ။ တစ်ချိန်တည်းတွင် သူက သူ့အချိန်စက်ဝန်းပြားကိုပါ လက်လွှတ်လိုက်ရသည်။

“ မင်း ကမ္ဘာစွန်းမှာ ပုန်းနေရင်တောင် ငါ ကူရှင်းရန်က လိုက်ရှာပြမယ်။ မင်းကမ္ဘာကို ဖျက်စီးပစ်ပြီးတော့ ငါ့အချိန်စက်ဝန်းပြားကို ပြန်ယူမယ် ” ကူရှင်းရန်က ဒေါသတရား၊ နောင်တတရားတို့နှင့် အကြောက်တရားတို့ကို ဖုံးကွယ်ထားလိုက်ပြီး အသိပြန်ကပ်လာသည်။

သူက ကောင်းကင်ကို တက် မြေလျိုး၍ ရှာရမည်ဆိုလျှင်ပင် အချိန်စက်ဝန်းပြားကို ပြန်ယူရမည်။ မည်သူကမှ သူ့အချိန်စက်ဝန်းပြားကို လုယူ၍ မရရပေ။ မိုဝူကျိအကြောင်း ပြောနေဖို့ မလိုပေ။ ဝိဇ္ဇာများပင် ထိုသို့ မလုပ်နိုင်ကြပေ။

…….…

မိုဝူကျိက အချိန်စက်ဝန်းပြားကို  သန့်စင်ပြီးနောက် အချိန်စည်းမျည်းအပေါ် သူ့နားလည်နိုင်စွမ်းမှာ ပို၍ နက်နဲလာသည်။

ထိုစဉ် သူက အချိန်ကို ရပ်တန့်ခြင်းမှာ အချိန်စည်းမျည်းများကြား အရိုးရှင်းဆုံးနှင့် အခြေခံအကျဆုံး လှုပ်ရှားမှု ဖြစ်ပေသည်။ သူ အချိန်စည်းမျည်းကို အပြည့်အဝ ဆုပ်ကိုင်ပြီးသည်နှင့် အချိန်ကို ရှေ့တိုးနောက်ဆုတ် လုပ်ခြင်းမှာ မဖြစ်နိုင်ခြင်း မဟုတ်တော့ပေ။

လများစွာ ကုန်ဆုံးသွားလေ၏။ မိုဝူကျိက အချိန်စက်ဝန်းပြား၏ ဗဟိုချက် ရောက်လာသည့်အခါ အံ့အားသင့်မှုနှင့် စိတ်ပေါ့ပါးမှုတို့ ဖြစ်လာသည်။ အချိန်စက်ဝန်းပြားက ပျံသန်းရေး ရတနာတစ်ခု ဖြစ်ပေသည်။ သူ့အား စိတ်လှုပ်ရှားသွားစေသည်က အချိန်စက်ဝန်းပြားအတွင်း ပညာရပ်တစ်မျိုး ရှိနေသည်။ ထိုပညာရပ်၏ ပထမအကွက်မှာ အချိန်ထွက်ပေါ်လာခြင်း ဖြစ်၏။

သူ့အာကာပြင်အတွင်း  အချိန်ကို ထိန်းချုပ်နိုင်လိမ့်မည်။

ဤသည်မှာ ကြောက်မက်ဖွယ် ပညာရပ်တစ်မျိုး ဖြစ်၏။ အကယ်၍ သူသာ အချိန်ကို ထိန်းချုပ်နိုင်လျှင် တစ်ဖက်လူ၏ အာကာပြင်ကို ရပ်တန့်နိုင်သလို တစ်ဖက်လူ၏ တိုက်ကွက်ကိုလည်း ရပ်တန့်နိင်လိမ့်မည်။

ပညာရှင်များက အသက်တစ်ရှိုက်စာအတွင်း များစွာ လုပ်နိုင်ကြပေသည်။ အကယ်၍ သူ့အချိန်ပညာရပ်ဖြင့် တစ်ဖက်လူ၏ တိုက်ကွက်ကို ရပ်တန့်နိုင်လျှင် တစ်ဖက်လူ၏ ကံတရားတစ်ဝက်မှာ သူ့လက်အတွင်း ရောက်ရှိလာပြီ ဖြစ်၏။

မိုဝူကျိက အချိန်စက်ဝန်းပြားကို သန့်စင်ပြီး အချိန်ပညာရပ်ကို သင်ယူတော့မည့်ဆဲဆဲတွင် ကျီလီဆီမှ စူးစူးဝါးဝါးအသံကို ကြားလိုက်ရသည်။

မိုဝူကျိက သူ့လူသားကမ္ဘာမှ ချက်ချင်း ထွက်လာလိုက်ပြီး ကျီလီသည် အဝေးတစ်နေရာအား ကြောင်အမ်းအမ်း စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

“ အစ်မကျီလီ ဘာဖြစ်လို့လဲ ” မိုဝူကျိက စိုးရိမ်စွာ မေးလိုက်သည်။ ဤအချိန်တိုလေးအတွင်း သူက တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။

မူလက သူတို့သည် ဟင်းလင်းပြင် အဟန့်အတားကြား ပိတ်မိနေပေသည်။ သို့သော်လည်း ထိုဟင်းလင်းပြင် အဟန့်အတားအတွင်း ဧရာမအပေါက်ကြီး ဖြစ်လာသည်။

ကျီလီက ဧရာမအပေါက်ကြီးအား လက်ညိုးထိုးပြကာ  “ နဂါး … ငါ နဂါးနက် တစ်ကောင်ကို မြင်လိုက်တယ် ”

မိုဝူကျိက နားမလည်စွာ မေးလိုက်သည်

“ အစ်မကျီလီ နဂါးတွေက ပုံမှန်တွေပဲလေ။ ဒီစကြဝဠာကြီးထဲမှာ နဂါးမျိုးနွယ်ကလည်း မျိုးနွယ်စုကြီး တစ်ခုပဲလေ။ နဂါးမျိုးနွယ်ကနေ ပညာရှင်တွေ ထွက်ပေါ်လာသေးတယ်။ နဂါးနက်တစ်ကောင်က ဒီနေရာမှာ ကျင့်ကြံနေတာ မထူးဆန်းပါဘူး  ”

ကျီလီ၏ ဖြူဖတ်ဖြူရော် မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားလေ၏။ သူမက ခေါင်းခါကာ

“ မဟုတ်ဘူး  … နဂါးနက်က နဂါးမျိုးနွယ်စုရဲ့ သာမာန်မျိုးနွယ်စုဝင် မဟုတ်ဘူး။ အရှိန်အဝါတစ်ခုတည်းက ငါ့ကို မြေပေါ် လဲကျသွားစေတာ  …. စီနီယာဟွမ်တိကို အားအကောင်းဆုံး အခြေအနေမှာ တွေ့ခဲ့တာထက် အဆတစ်ရာလောက် ပိုအားကောင်းတယ် ”

တခြားနည်းနှင့်ဆိုရလျှင် ထိုနဂါးနက်က ကျီလီအား သတ်ဖို့ ဘာမှလုပ်စရာ လိုမည် မဟုတ်ပေ။ ထိုအင်အားက ဝိဇ္ဇာအဆင့် မဟုတ်ပါလော။

မိုဝူကျိက ထိုအကြောင်း ကြားလိုက်ရသည့်အခါ မျက်နှာပြောင်းလဲသွားလေ၏။ ကျီလီ ဟွမ်တိအား တွေ့စဉ်အခါက ဟွမ်တိသည် ဝိဇ္ဇာအဆင့် မဟုတ်ဘဲ ဝိဇ္ဇာတပိုင်းအဆင့်မျှသာ ရှိသေးသည်။ ထို့အပြင် ဟွမ်တိတွင်  ဝိဇ္ဇာတစ်ပါး၏  ခြိမ်းခြောက်ဖွယ် အရှိန်အဝါတို့ ပိုင်ဆိုင်ထားသည်။ ဤနဂါးနက်ကြီးက ဟွမ်တိထက် အဆတစ်ရာမက အားပိုကောင်းနေပေသည်။ မည်သို့သော တည်ရှိမျိုးနည်း။

သူသာ နဂါးနက်ကို ရင်ဆိုင်ရလျှင် သူ့အတွက် တစ်ခုတည်းသော လမ်းမှာ သေလမ်းသာ ဖြစ်ပေမည်။

“ အစ်မကျီလီ … အဲဒီနဂါးနက်က အစ်မကို ဘာလို့ ဘာမှမလုပ်သေးမှန်း မသိပေမဲ့ ကျုပ်တို့တွေ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး။ တကယ်လို့ အဲဒီနဂါးနက်သာ ရုတ်တရက် ပြန်ရောက်လာရင် ကျုပ်တို့ ဒီမှာ ဆက်နေတာက ကိုယ့်သေတွင်းကို တူးသလို ဖြစ်နေလိမ့်မယ် ” မိုဝူကျိက ချက်ချင်း တန်းပြောလိုက်သည်။

***

All Chapters