နတ်ဘုရားကမ္ဘာသို့ ပြန်လာခြင်း
Vol. 83 Ch. 1154
စိုးရိမ်ပူပင်နေသည့် ကျီလီက ခေါင်းညိတ်ကာ
“ နဂါးနက်ရဲ့ စိတ်စွမ်းအား ငါ့ကို စစ်ဆေးကြည့်တာ အာရုံခံမိလိုက်တယ်။ အတော်လေး ကြောက်ဖို့ ကောင်းတယ်။ ဝူကျိ ခန့်မှန်းထားတဲ့အတိုင်း သူ ပြန်လာမယ် ထင်တယ်။ အရင်ဆုံး နဂါးနက် ထွက်လာတဲ့နေရာကနေ ထွက်သွားကြရအောင် ”
မိုဝူကျိက ခေါင်းခါကာ
“ ကျုပ်တို့တွေ အဲကနေ ထွက်သွားလို့ မဖြစ်ဘူး။ အဲကနေ ထွက်သွားတက သေလမ်းဆီ ဦးတည်နေသလို ဖြစ်လိမ့်မယ် ”
မိုဝူကျိက နဂါးနက်သည် ကျီလီကို မထိသေးသည့် အကြောင်းအရင်းကို သတိပြုမိလိုက်၏။ အကြောင်းမှာ ထိုနဂါးနက်က ကျီလီသည် ဤနေရာမှ ထွက်မသွားနိုင်ကြောင်း သေချာသိနေ၍ ဖြစ်သည်။ ထို့ကြောင့် သူက ကျီလီအား နဂါးနက် ချန်ခဲ့သည့် လမ်းကြောင်းကို ဖြတ်သန်းခေါ်သွား၍ မဖြစ်ပေ။
ယခင် မိုဝူကျိ ဤနေရာမှ ထွက်သွားရန် နည်းလမ်း မရှိခဲ့သော်လည်း ယခုအခါ သူ့တွင် အချိန်စက်ဝန်းပြား ရှိထားလေပြီ။
“ ငါတို့တွေ ဘယ်ကနေ ထွက်သွားကြမှာလဲ ” ကျီလီက ထိုစကားများကို ရေရွတ်လိုက်စဉ် အဆုံးမဲ့စွမ်းအားများ ထွက်ပေါ်လာသည်။
ထိုစွမ်းအားကြောင့် ဝိဇ္ဇာတပိုင်းအဆင့် ၁ ဖြစ်သည့် မိုဝူကျိ၏ နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိ၏။
“ မကောင်းတော့ဘူး … အဲဒီနဂါးနက် ပြန်ရောက်လာပြီ။ ကျုပ်တို့ အခုထွက်သွားကြမယ် ” မိုဝူကျိက အချိန်စက်ဝန်းပြားကို ဆွဲထုတ်လိုက်သည်။ အချိန်စက်ဝန်းပြားက လေထုထဲ ဖြည်းဖြည်းချင်း ကျယ်ပြန့်လာသည်။
မိုဝူကျိက ကျီလီအား အချိန်စက်ဝန်းပြားပေါ် ဆွဲခေါ်လိုက်သည်။ သိပ်မကြာခင် အချိန်စက်ဝန်းပြားရှေ့မှောက်၌ စကြဝဠာမြေပုံ တစ်ခု ပေါ်လာသည်။
မိုဝူကျိက အချိန်စက်ဝန်းပြားသည် အာကာပြင်ကို ဖြတ်၍ သွားလာနိုင်မှန်း သိထားသော်လည်း ပထမဆုံးအကြိမ် ထုတ်သုံးဖူးခြင်း ဖြစ်၏။ ထို့ကြောင့် ဖြစ်စဉ်တစ်ခုလုံးမှာ အလွန်နှေးကွေးသွားသည်။
မိုဝူကျိက အချိန်စက်ဝန်းပြား၏ ခရီးသွားလာရေး ရည်ရွယ်ချက်ကို အသက်မသွင်းနိုင်ခင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
ဧရာမ နဂါးနက်ကြီး ဦးခေါင်းက ကြမ်းတမ်းခက်ထန်စွာ ဆင်းသက်လာသည်။
မိုဝူကျိက အဘယ်ကြောင့် ဂရုစိုက်နေရမည်နည်း။ စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်း စိတ်စွမ်းအားမှ ထောက်ပံ့ပေးထားသော သူ့အသိစိတ်ပင်လယ်၏ စိတ်စွမ်းအားကို အချိန်စက်ဝန်းပြားပေါ် အာရုံစိုက်ထားလိုက်သည်။ အချိန်စက်ဝန်းပြားက တုန်ခါသွားပြီး လည်နှုန်းမှာ တိုးမြင့်လာသည်။ ထို့နောက် ထိုအရာက လုံးဝ မပျောက်ကွယ်သွားခင် မြေပေါ်မှ တက်လိုက်ကျလိုက် ဖြစ်လာသည်။
အချိန်စက်ဝန်းပြား ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဧရာမ လက်သည်းနက်ကြီးက အချိန်စက်ဝန်းပြားရှိသည့် အာကာပြင်ပေါ် ကျရောက်လာသည်။
အာကာပြင်ပင် စုတ်ပြဲလုမတတ် ဖြစ်သွားသည်။ သို့သော်လည်း လက်သည်းနက်ကြီးက အချိန်စည်းမျည်း စွမ်းအားတချို့အပြင် တခြားဘာမှ မဆွဲနိုင်လိုက်ပေ။
ယခု အချိန်စက်ဝန်းပြား ပေါ်လာပြီ ဖြစ်ရာ နဂါးနက်က သူ့အလိုဆန္ဒကို မထိန်းချုပ်နိုင်တော့ပေ။ သူက ဤရှားပါးလှသည့် အခွင့်အရေးအား လက်မလွှတ်လိုပေ။ အချိန်စက်ဝန်းပြားသည် ဤဟင်းလင်းပြင် အဟန့်အတားမှ ထွက်သွားနိုင်သည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်၏။ နဂါးနက်ကြီးက အားရပါးရ ဟစ်ကြွေးလိုက်ပြီး မိုဝူကျိတို့ ထွက်သွားခဲ့သည့် ဦးတည်ရာဘက် လိုက်သွားလိုက်သည်။ မိုဝူကျိ မလှုပ်ရှားနိုင်ခဲ့သည့် ထိုအချိန်အဟန့်အတားက နဂါးနက်အတွက် စက္ကူပိုင်းလေးတစ်ခုလို ဖြစ်ပေသည်။
………….…
အချိန်စက်ဝန်းပြားသည် အချိန်အဟန့်အတားကို ကျော်လွန်လာပြီးနောက် လမ်းကြောင်းတစ်ခု သွားလာနေသောကြောင့် ဟင်းလင်းပြင် လမ်းကြောင်း တစ်ခု ပေါ်လာသည်။ မိုဝူကျိက အချိန်စက်ဝန်းပြားကို တအံ့တဩ ကြည့်လိုက်မိ၏။ ဤသည်မှာ ပျက်စီးသွားပြီ ဖြစ်သော အပြိုအပျက်ကမ္ဘာ၏ တည်နေရာပင် ရှိနေသေး၏။
အချိန်စက်ဝန်းပြားက သူ သွားချင်သည့် နတ်ဘုရားကမ္ဘာ တည်နေရာကိုလည်း ညွှန်ပြနေသည်။ တကယ်တော့ သတ္တကမ္ဘာ ကျောက်တုံး တည်နေရာပင် ညွှန်ပြထားလေ၏။ တစ်ခုတည်းသော နှမြောမှုမှာ သူက အချိန်စက်ဝန်းပြားကို အပြည့်အဝ မသန့်စင်နိုင်ခြင်း ဖြစ်သည်။ သူက အချိန်စက်ဝန်းပြားကို သုံး၍ အာကာပြင်ဖြတ်ကာ ခရီးသွားလာနိုင်လေပြီ။ အချိန်အများစု၌ သူက အချိန်စက်ဝန်းပြား၏ နဂိုနှုန်းအတိုင်း သွားလာနေလိုက်သည်။
မိုဝူကျိက ဤကြောက်မက်ဖွယ် နဂါးနက်ကြီးက သူတို့နောက်လိုက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးထားမိပေ။
အကယ်၍ တစ်စုံတစ်ယောက်သာ အချိန်စက်ဝန်းပြားနောက် လိုက်လာနိုင်လျှင် ကံကြမ္မာ ထိပ်သီး ရတနာအဖြစ် ယူဆနိုင်တော့မည် မဟုတ်ပေ။
အချိန်စက်ဝန်းပြားက အင်မတန် မြန်ဆန်ပေ၏။ ထိုအရာက အာကာပြင် ဆက်တိုက် ရွေ့လျားနေခြင်း မဟုတ်သော်လည်း အမြန်နှုန်းမှာ သူ့မြေကျုံ့ပညာရပ်ထက် မနှေးကွေးပေ။
သူ့မြေကျုံ့ပညာရပ်မှာ လျို့ဝှက်ပညာရပ်အဖြစ် မှတ်ယူနိုင်ပေသည်။ ထို့ကြောင့် သူ့အတွက် ဆက်တိုက် ထုတ်သုံးဖို့ရာ မဖြစ်နိုင်ပေ။ ယခု အချိန်စက်ဝန်းပြားက ဤအမြန်နှုန်းဖြင့် ဆက်တိုက် ရွေ့လျားနေလေရာ မပြောပြတတ်လောက်အောင် မြန်ဆန်လွန်းလှသည်။
ထွက်လာပြီးနောက် မိုဝူကျိ ပထမဆုံးလုပ်သည့် အရာမှာ ဟွမ်တိတို့ထံ လှမ်းအကြောင်းကြားလိုက်ခြင်း ဖြစ်၏။ မိုဝူကျိကို အံ့ဩသွားစေသည်က ဟွမ်တိ ဖြစ်စေ သို့မဟုတ် ထုံမင် ဖြစ်စေ အကြောင်းကြားစာ ပြန်ရောက်မလာချေ။
ဟွမ်တိတို့ အဖွဲ့အင်အားအရ မိုဝူကျိက သူတို့ကို စိတ်မပူပေ။ သူတို့ကို စောင့်နေမည့်အစား အချိန်စက်ဝန်းပြားဖြင့် နတ်ဘုရားကမ္ဘာသို့ အရင်သွားနှင့်လိုက်မည်။
နတ်ဘုရားကမ္ဘာ၌ သူ ဖြေရှင်းရမည့် ကိစ္စများစွာ ရှိနေသေးပေသည်။ ထန်းဟန်အကြောင်း ထည့်မပြောလျှင်ပင် နတ်ဘုရားသင်္ချိုင်းဂူတောင်ကြား၌ ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ ရှိနေသေး၏။ ထိုလူနှစ်ယောက်က နတ်ဘုရားကမ္ဘာကို ကျွမ်းထိုးမှောက်ခုံ ဖြစ်ဖို့ရာ လုံလောက်ပေသည်။
အချိန်စက်ဝန်းပြားက အမှန်ပင် အားကောင်းလွန်းပေသည်။ မိုဝူကျိက အချိန်စက်ဝန်းပြားကို အပြည့်အဝ မသန့်စင်ရသေးလျက်နှင့်ပင် သူ့စိတ်စွမ်းအားက သုံးလအတွင်း နတ်ဘုရားကမ္ဘာကို အာရုံခံမိလေပြီ။ မိုဝူကျိက နတ်ဘုရားကုန်းမြေ ဝင်ပေါက်ကို သိပြီဖြစ်၍ အချိန်စက်ဝန်းပြားကို သိမ်းထားလိုက်သည်။
...................
ထိုအချိန် ထုံမင်က ရပ်တန့်လိုက်လေ၏။ ဟွမ်တိနှင့် လျန်ကျီတို့က ထုံမင်အား ကြည့်လိုက်ပြီး လျန်ကျီက မေးလိုက်သည် “ တာအိုရောင်းရင်းထုံမင် ပြဿနာ ရှိလို့လား ”
အင်အားနှင့် စီနီယာအရ လျန်ကျီသည် ထုံမင်နှင့် ဟွမ်တိတို့အား စီနီယာဟု ခေါ်ဝေါ်ရန်ပင် အရည်အချင်း မပြည့်မှီပေ။ မိုဝူကျိကြောင့်သာ လျန်ကျီက ထုံမင်အား စီနီယာအဖြစ် မသုံးစွဲလိုက်ခြင်း ဖြစ်ပေသည်။ မဟုတ်လျှင် အဖွဲ့ထဲ၌ စီနီယာဝါစဉ်များ ရှုပ်ယှက်ခတ်နေပေမည်။ မိုဝူကျိက သူတို့အဖွဲ့လေး၏ ခေါင်းဆောင် ဖြစ်သောကြောင့် ထုံမင်အား စီနီယာဟု ခေါ်ဝေါ်ပြီး မိုဝူကျိအား တာအိုရောင်းရင်းဟု ခေါ်ဖို့ရာ သိပ်အဆင်မပြေလှချေ။
ထုံမင် လေးလေးနက်နက် ပြောလိုက်သည်
“ ငါတို့တွေ ဟင်းလင်းပြင် အက်ကြောင်းထဲ ပါသွားပြီးတဲ့နောက် ရင်းရင်းနှီးနှီးစွမ်းအား တစ်ခုကို ခံစားမိနေတယ်။ အခု အဲဒီစွမ်းအားက နီးကပ်လာပြီ။ ကြည့်ရတာ ဝိဇ္ဇာတစ်ပါး အပိုင် ဖြစ်မယ် ထင်တယ် ”
ဟွမ်တိလည်း ဝင်ဖြေလိုက်သည် “ ငါလည်း ခံစားမိတယ်။ ဒါပေမဲ့ ငါက ကျင့်ကြံဆင့် နိမ့်တော့ ခံစားချက်က မတိကျဘူး။ အမှန်ဖြစ်နေမယ်လို့ မထင်ထားမိဘူး ”
“ ငါတို့ တစ်ချက်သွားကြည့်ကြမလား ” ထုံမင်က ဟွမ်တိအား ပြောလိုက်သည်။
နှစ်ယောက်လုံးက ဝိဇ္ဇာများ ဖြစ်ခဲ့ဖူးပေသည်။ ထုံမင်က သူနှင့် အနီးကပ်တစ်ယောက်၏ ဒုက္ခပေးခြင်းကို ခံခဲ့ရပြီး ဟွမ်တိက ကပ်ဘေးကြောင့် ကျဆုံးသွားခဲ့သည်။ အချုပ်အားဖြင့်ဆိုရလျှင် ဟွမ်တိက ဝိဇ္ဇာတစ်ပါး၏ လုပ်ကြံခြင်းကို ခံခဲ့ရပေသည်။ ယခု ဝိဇ္ဇာတစ်ပါး သူတို့အနား ပေါ်လာလေရာ မည်သူ ဖြစ်ကြောင်း သွားကြည့်လိုသည်မှာ ပုံမှန်သာ ဖြစ်၏။
ဟွမ်တိက သဘောတူလိုက်ပြီးနောက် လျန်ကျီအား ကြည့်လိုက်ကာ “ တာအိုရောင်းရင်း လျန်ကျီ … ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူးဆိုတော့ ဒီမှာနေပြီး ငါတို့ကို စောင့်နေမလား။ ငါတို့ တစ်ခုခု ဖြစ်ခဲ့ရင် မင်းဆီ ချက်ချင်း လှမ်းအကြောင်းကြားလိုက်မယ် ”
လျန်ကျီက ရယ်မောကာ
“ ကျုပ်ရဲ့ ကျင့်ကြံဆင့်က သိပ်မမြင့်ပေမဲ့ တာဝန်ယူမှုကိုတော့ နားလည်ပါတယ်။ အားလုံးက အခုအဖွဲ့ ဖြစ်နေပြီ။ တာအိုရောင်းရင်းမိုလည်း ဒီမှာ မရှိတော့ ကျုပ်တို့ အတူတူ နေသင့်တယ်ထင်တယ်။ ဒီက ကျုပ်အစ်ကိုကြီးနှစ်ယောက်ရဲ့ ကိစ္စဆိုတော့ အစ်ကိုကြီးတို့ရဲ့ ညီငယ်လေးက ဘယ်လိုလုပ် ဘေးဖယ်နေလို့ ဖြစ်ပါ့မလဲ ”
“ ကောင်းပြီလေ အဲဆို အတူတူ သွားကြစို့ ” ထုံမင်က တည်နေရာတစ်ခု ညွှန်ပြကာ ပြောလိုက်သည်။
လဝက်ကြာ သွားလာပြီးနောက် သုံးယောက်သား ရပ်တန့်လိုက်ကြသည်။ သူတို့က စိမ်းစိုဂြိုလ်ကို ငေးမောရင်း ကြည့်လိုက်ကြသည်။
ဤဂြိုလ်၏ နတ်ဝိညာဉ်စွမ်းအားများက အပေါ်ယံ ပြန့်နှံ့နေလေရာ နတ်ဝိညာဉ်သွေးကြောများပင် မြင်တွေ့နေရသည်။ သုံးယောက်သား ထိုမြင်ကွင်းကို ကြည့်ကာ ကြောင်အမ်းနေကြ၏။ သူတို့သည် ကျင့်ကြံရေး အရင်းအမြစ်များ ပြတ်လပ်နေသော စကြဝဠာကြီးထဲ၌ ဤသို့ဂြိုလ်မျိုး ရှိနေသေးလိမ့်မည်ဟု မယုံနိုင်ပေ။
ဤသည်မှာ ….
“ အဲဒီလူလည်း ဂြိုလ်ပေါ်မှာပဲ … တကယ်လို့ ငါသာ မမှားရင် ထန်းဟန် ဖြစ်လောက်မယ် ” အချိန်တချို့ကြာပြီးနောက် ဟွမ်တိက ပြောလိုက်သည်။
သူက ထန်းဟန်ကို မကြောက်ပေ။ အကြောင်းမှာ ထန်းဟန်က သူ့နတ်ဘုရားအရိုက်အရာ ပြန်ရှာတွေ့ဖို့ အလှမ်းကွာနေသေး၏။ ထန်းဟန်က ဝိဇ္ဇာအစစ်အမှန် မဟုတ်သေးသောကြောင့် သူက သူ့ထက် အနည်းငယ်သာ အားသာပေမည်။ ထန်းဟန်က သူ့အား အလွယ်တကူ ဖိနှိပ်ထားနိုင်လောက်အောင်အထိ အားကြီးနေဦးမည် မဟုတ်ပေ။ ယခု သူက ထုံမင်နှင့် အတူတူ ရှိနေလေရာ သူတို့နှစ်ယောက် ပူးပေါင်းလိုက်လျှင် ထန်းဟန်အား ဘေးဖယ်ထားဖို့ရာ လုံလောက်ပေသည်။
“ ဘာတွေစောင့်နေဦးမှာလဲ ” ထုံမင်က စိမ်းစိုဂြိုလ်ဆီ မြန်မြန် သွားလိုက်သည်။ ဟွမ်တိနှင့် လျန်ကျီသည်လည်း နောက်မှ ထပ်ချပ်မကွာ လိုက်လာလိုက်ကြသည်။
သူတို့က မူလဇာစ်မြစ် စွမ်းအားကို စုပ်ယူခဲ့သူများ ဖြစ်ပေသည်။ ဤသို့ သိပ်သည်းလွန်းသော နတ်ဝိညာဉ်စွမ်းအားများသည် ကောင်းကင်ဘုံမှ ဆုလာဘ်အလား ဖြစ်၏။ သူတို့သာ ကျင့်ကြံဖို့ နေရာကောင်းကောင်း ရှာတွေ့လျှင် သူတို့သုံးယောက်၏ အင်အားမှာ သိသိသာသာ မြင့်တက်လာလိမ့်မည်။
“ ငါတို့ စိတ်စွမ်းအားတွေ ကန့်သတ်ခံထားရတယ် ” သူတို့ ဂြိုလ်ပေါ် ရောက်လာသည်နှင့် ဟွမ်တိက ရှင်းပြလိုက်သည်။
“ နတ်ဝိညာဉ်သွေးကြော အသီးက တော်တော် ကြည့်ကောင်းတာပဲ။ နောက်ထပ် တာအိုအသီးတွေလည်း ရှိသေးတယ် ” ထုံမင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဟွမ်တိနှင့် ထုံမင်တို့က ဝိဇ္ဇာများ ဖြစ်ခဲ့ကြ၍ အခမ်းအနား ကြီးကြီး ကျင်းပဖူးပေသည်။ သိပ်မကြာခင် သူတို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး တည်ငြိမ်သွားကြ၏။ သူတို့နှစ်ယောက်လုံးက အချင်းချင်း နားလည်လိုက်ကြပြီး ထုံမင်က ပြောလိုက်သည်
“ ငါတို့တွေ ဒီမှာ ကျင့်ကြံရေး အရင်းအမြစ်တွေ စုဆောင်းကြမယ်။ မဟုတ်သေးဘူး ဒီမှာ ငါတို့ စိတ်စွမ်းအားကို ကန့်သတ်ထားတာဆိုတော့ အချိန်အရမ်းကြာသွားနိုင်တယ် ”
“ အရင်ဆုံး ဝိညာဉ်အပင်တွေ ရှာကြမယ်။ ပြီးရင် ကျင့်ကြံဖို့ နေရာရှာကြမယ်။ ငါတို့သုံးယောက်လုံး အတူတူ ပူးတွဲနေရင် အကောင်းဆုံးပဲ ” ဟွမ်တိက ဝင်ဖြေလိုက်သည်။
သူတို့စိတ်စွမ်းအား ကန့်သတ်ခံထားရသောကြောင့် နတ်ဘုရားကျောက်များ သို့မဟုတ် နတ်ဝိညာဉ်သွေးကြောများကို တူးယူဖို့ရာ လွယ်ကူမည် မဟုတ်ပေ။ သို့သော်လည်း ဝိညာဉ်အပင်နှင့် အသီးများကို စုဆောင်းခြင်းက ပြဿနာ မဟုတ်ချေ။ သို့သော်လည်း စိတ်စွမ်းအား မရှိဘဲ ဝိညာဉ်အပင်များကို ရှာဖွေဖို့ရာ အချိန်ကြာမြင့်နိုင်ပေသည်။
သူတို့သုံးယောက်လုံး အတူတူ ရှိနေသင့်သည့် အကြောင်းမှာ ရှင်းလင်းပေသည်။ အနီးပတ်ဝန်းကျင်၌ ဝိဇ္ဇာထန်းဟန် ရှိနေသည် မဟုတ်ပါလော။ သူတို့သုံးယောက်သာ အတူတူ ရှိနေသရွေ့ ဝိဇ္ဇာထန်းဟန်လည်း သူတို့အား ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
သူတို့သုံးယောက် ဝင်လာသည်နှင့် ထန်းဟန်က ချက်ချင်း သတိထားမိလိုက်သည်။ တူညီလှစွာ သူက ဟွမ်တိနှင့် ထုံမင်တို့အား ဂရုမစိုက်ပေ။ သူ့အတွက် လိန်ဟုန်ကျီကို ရှာဖို့နှင့် ဝိညာဉ်ဆေးပင်များကို ရှာဖို့ရာက ပိုအရေးကြီးပေသည်။
အကြောင်းမှာ သူက စိတ်စွမ်းအား အသုံးမပြုနိုင်သောကြောင့် လိန်ဟုန်ကျီ ဖြစ်စေ ဆေးပင်များကို ဖြစ်စေ ရှာဖို့ရာ ခက်ခဲလှ၏။ သူက ကူကယ်ရာမဲ့နေစဉ် သူ လုပ်နိုင်သည်က အပင်များ ရှာဖွေရင်း လိန်ဟုန်ကျီအား ဆက်လက် ရှာဖွေနေဖို့ ဖြစ်ပေသည်။ သူက မကျင့်ကြံရဲသည်မှာ လိန်ဟုန်ကျီအား ထွက်ပြေးဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမည်ကို စိုးရိမ်မိနေ၍ ဖြစ်သည်။
***
“ ဝုန်း သူ့ခန္ဓာကိုယ်ပတ်လည်တွင် လျှပ်စီးတချို့ ရစ်သိုင်းလာကာ သူ့ခန္ဓာကိုယ်မှ မိုးကြိုးချက်များ ထွက်ပေါ်လာသလို ဖြစ်နေ၏။
စိတ်လှုပ်ရှားနေသည့် လိန်ဟုန်ကျီက မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူက ချက်ချင်း ထမရပ်လိုက်သေးပေ။ သူက အချိန်တိုလေးအတွင်း သဟဇာတ နတ်ဘုရား အဆင့် ၄ မှ အဆင့် ၇ သို့ ရောက်ရှိသွားသည်။ သူ ဝိဇ္ဇာတပိုင်းအဆင့် ရောက်သည်နှင့် ထိုမြေခွေးအိုကြီး ထန်းဟန်အား သင်ခန်းစာ ပြန်ပေးနိုင်တော့မည်။
***