← Chapters

အောင်းမျိုးနွယ်ဆီ ခေါ်သွားပေး

Vol. 83 Ch. 1155

အောင်းမျိုးနွယ်ဆီ ခေါ်သွားပေး

Vol. 83 Ch. 1155

နတ်ဘုရားကုန်းမြေအတွင်း နိဗာန တိတ်ဆိတ်မှုပင်လယ်ဘေးရှိ  တိတ်ဆိတ်မှုမြို့မှာ ယခင်ကဲ့သို့ စည်ကားလျက် ရှိ၏။ ယခင် စည်းမျည်းများ ပြန်လည် ပြုပြင်ခံလိုက်ရသည့် အပိုင်းတချို့မှလွဲ၍ သိပ်များများစားစား ပြောင်းလဲမှု မရှိပေ။

သူတို့တွေ နတ်ဘုရားကမ္ဘာ ပြန်ရောက်လာသည်နှင့် မိုဝူကျိက ကျီလီအား တိတ်ဆိတ်မှုမြို့သို့ ခေါ်သွားလိုက်သည်။ သူက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်ကို ချက်ချင်း ပြန်မသွားသေးပေ။ သူ့အတွက် နတ်ဘုရားသင်္ချိုင်းတောင်ကြားဆီ သွားဖို့ ပို၍ အရေးကြီးပေ၏။

သူ့တွင် ပိအန်းပန်း အပိုင်းအစတချို့ ရှိထားလေသည်။ အကယ်၍ စုယင်သာ ပိအန်းပန်းကို သုံး၍ နတ်ဘုရားသင်္ချိုင်းတောင်ကြားမှ ထွက်သွားခဲ့သည်ဆိုလျှင် သူ့အတွက် စုယင်ကို ရှာဖို့ရာ ပိအန်းပန်းကို အသုံးပြုနိုင်မည့် အခွင့်အရေး ရှိပေသည်။

“ မိုဝူကျိ …” မိုဝူကျိက ကျီလီအား ကူးသန်းရေး အစီအရင် မျှော်စင်ဆီ ခေါ်သွားတော့မည့်ဆဲဆဲတွင် အသံတစ်သံ ထွက်ပေါ်လာ၏။

မိုဝူကျိ လှည့်ကြည့်လိုက်သည့်အခါ အင်မတန် ချုံးချုံးကျနေသော ကျင့်ကြံသူ တစ်ယောက်ကို မြင်လိုက်ရသည်။ ထို ဆံပင်ဖြူဖြူ ကျင့်ကြံသူက ကောင်းကင်နတ်ဘုရားအဆင့်သာ ရှိနေသေး၏။ ထိုကျင့်ကြံသူက ကူးသန်းရေး အစီအရင် ထောင့်တစ်နေရာ၌ ဈေးဆိုင်လေး ဖွင့်ကာ မှော်ရတနာ အပိုင်းအစများ ရောင်းချနေသည်။

ထိုမှော်ရတနာ အပိုင်းအစများ၏ အဆင့်မှာ သိပ်မမြင့်ချေ။ အကောင်းဆုံးပင် အလယ်အလတ် နတ်ဘုရားအဆင့်မျှသာ ဖြစ်၏။

ထူးထူးခြားခြား အခြေအနေမရှိဘဲ ဤသို့ မှော်ရတနာအပိုင်းများက ရောင်းချဖို့ရာ အင်မတန် ခက်ခဲပေသည်။

“ ငါ့ကို ခေါ်တာလား ” မိုဝူကျိက ထိုကျင့်ကြံသူဆီ သွားလိုက်သည်။ သူက ထိုကျင့်ကြံသူကို တစ်ခါမှ မတွေ့ဖူးပေ။

“ ခင်ဗျားက ကျောင်းတော် ဆရာမိုလား ” ထိုအိုမင်းနေဟန် ပေါ်သည့် အမျိုးသားက မိုဝူကျိ လျှောက်လှမ်းလာသည်ကို မြင်လိုက်သောအခါ လက်များပင် တုန်ယင်လာသည့်အထိ စိတ်လှုပ်ရှားမိလာသည်။

“ ဟုတ်တယ် ” မိုဝူကျိက ထိုအမျိုးသားသည် သူ့အာရုံ ဖမ်းစားနိုင်ဖို့ နာမည်ခေါ်လိုက်ခြင်း ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း မိုဝူကျိက သူ့အား ဂိုဏ်းချုပ်မိုအစား  အဘယ်ကြောင့် ကျောင်းတော် ဆရာမို ဟု ခေါ်ဆိုကြောင်း မသိချေ။

“ ကျွန်တော်က ဖူချန်းပါ။ ကျွန်တော်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်က သေမျိုးနယ်မြေက ဖြစ်ပြီးတော့ ကျွန်တော်ဆရာက ချီချွမ်းပါ … ”

ဖူချန်း ဆက်မပြောနိုင်ခင် မိုဝူကျိက မြန်မြန် မေးလိုက်သည်  “ ချီချွမ်းရော ဘယ်လိုလဲ …. ပိုင်ယွဲ့ရော … ”

ဖူချန်းက ရှင်းမပြခင်  ဒူးထောက်လိုက်သည် “ ကျောင်းတော်ဆရာမို ကျေးဇူးပြုပြီး ကျွန်တော်ဆရာနဲ့ အကြီးအကဲပိုင်တို့ကို ကယ်ပါဦး  ”

မိုဝူကျိက ဖူချန်းအား ကူပေးလိုက်ပြီးနောက် မေးမြန်းလိုက်သည်  “ ဘာဖြစ်တာလဲ …. သေမျိုးနယ်မြေက ဘာဖြစ်သွားတာလဲ ”

မိုဝူကျိက စိတ်ထဲ အံ့အားသင့်မိနေဆဲ ဖြစ်သည်။ သေမျိုးနယ်မြေကား ဘာမှမဖြစ်သင့်ပေ။ သေမျိုးနယ်မြေသည် နိဗ္ဗာအသိပညာရပ် ကျောင်းတော်အတွင်း တည်ရှိသည် မဟုတ်ပါလော။ မည်သူကများ သေမျိုးနယ်မြေအထိ လာရောက်ကျူးကျော်ရဲမည်နည်း။

ထိုသူက အသက်ရှင်ဖို့ ငြီးငွေ့နေပြီလား …

အပြင်ဘက်ကမ္ဘာ၌ မည်သူမှ နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ကျောင်းသားကို ပွင့်လင်းမြင်သာ မတိုက်ခိုက်ရဲကြပေ။

သူ သေမျိုးနယ်မြေအကြောင်း မစိုးရိမ်မိသည့် အကြောင်းအရင်းမှာ သူတို့က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်အတွင်း ဘာကိစ္စမှ မဖြစ်နိုင်မှန်း သိထား၍ ဖြစ်သည်။

မိုဝူကျိက ပြောလိုက်ရင်း  စိတ်စွမ်းအားဖြင့် သေမျိုးနယ်မြေ၏ ကာကွယ်ရေး အစီအရင်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် မိုဝူကျိက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ ကာကွယ်ရေး အစီအရင်မှာ အမှန်တကယ် တိုးတက်လာကြောင်း သတိပြုမိလိုက်၏။ အနည်းဆုံးတော့ သူ့စိတ်စွမ်းအားပင် သူတို့၏ ကာကွယ်ရေး အစီအရင်အား တစစီ ဆွဲမဖြဲနိုင်တော့ပေ။

မိုဝူကျိက သံသယ ဝင်မိနေဆဲ ဖြစ်သည်။ သူ့လက်ရှိအင်အားဖြင့်ပင် သူ့စိတ်စွမ်းအားက နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်၏ ကာကွယ်ရေး အစီအရင်သို့ မထိုးဖောက်နိုင်ပေ။ တစ်ခုတည်းသော ဖြေရှင်းချက်မှာ ထိုကာကွယ်ရေး အစီအရင်ကို အနည်းဆုံး ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင် ခင်းကျင်းထား၍သာ ဖြစ်ရမည်။ အစီအရင်တာအိုအရ ထိုလူက အဆင့်  ၉ ဖြစ်လောက်၏။

သူ သိထားသလောက် အစီအရင်တာအိုအရ အားအကောင်းဆုံးသူမှာ စန်းကျန့်ရှင်း ဖြစ်သင့်၏။ စန်းကျန့်ရှင်း တစ်ယောက် ဝိဇ္ဇာတပိုင်းအဆင့် ရောက်သွားနိုင်ခြေလည်း ရှိပေသည်။ သို့သော်လည်း အချိန်တိုအတွင်း  အဆင့် ၉ နတ်ဘုရား အစီအရင်ဧကရာဇ် မည်သို့ ဖြစ်လာနိုင်ဦးမည်နည်း။

မည်သို့ပင်ဆိုစေကာမူ ယခု ချီချွမ်း ပြဿနာ ဖြစ်နေလေရာ သူ သေချာပေါက် ပြန်သွားရပေမည်။

“ ထွက်သွားစမ်း ” ဖူချန်း ထပ်ပြောတော့မည့်ဆဲဆဲတွင် ကတိုက်ကရိုက် ပုံရိပ်တစ်ခု အပြေးအလွှား ရောက်လာသည်။ သူက ကူးသန်းရေး အစီအရင် အဝင်ဝကို ပိတ်နေသော မိုဝူကျိဆီ လက်ရွယ်လိုက်သည်။

မိုဝူကျိက တစ်ဖက်လူ လက် သူ့အပေါ် ရောက်လာမည့်အချိန်ပင် မစောင့်ဘဲ ကန်လွှတ်လိုက်သည်။ ထိုပုံရိပ်က မိုဝူကျိကို မထိနိုင်လိုက်ဘဲ အကန်ခံရကာ လေထဲ လွှင့်ထွက်သွားလေသည်။ သူက သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး အူစ တချို့ပါ ပါလာ၏။ သူက မြေကြီးပေါ် ခွေးသေတစ်ကောင်လိုမျိုး လဲကျသွားသည်။

ဘေးရှိ ကျင့်ကြံသူများက ကြောက်ကြောက်လန့်လန့် ကြည့်နေကြသည်။

ဤသေမျိုးပုံစံနဲ့ လူငယ်လေးက သတ္တိကောင်းလှချည်လား …. သူက တိတ်ဆိတ်မှုမြို့၏ အဖိုးအောင်းချန်းထန်ကိုတောင် ကန်ရဲပေသည်။

မိုဝူကျိက ကန်လိုက်သည့်သူအား တစ်ချက်ပင် မကြည့်ဘဲ ဖူချန်းအား မေးလိုက်သည်   “ အသေးစိတ် ပြောပြ … တစ်ခုမှ မကျန်စေနဲ့ ”

“ ဟုတ်ကဲ့ ” ဖူချန်းက တက်တက်ကြွကြွ ဖြေလိုက်သည်။

အစောပိုင်းလေးက မိုဝူကျိသည် သူ့ကန်ချက်ကို သက်ညှာထားလေ၏။ သူက ကမ္ဘာမြေမှ ရောက်လာသူ ဖြစ်၍ လူအများက ကိစ္စအသေးလေးအပေါ် သတ်ဖြတ်နေခြင်းအား မကြိုက်ပေ။ အကယ်၍ သူ့နေရာ၌ တခြားဝိဇ္ဇာတပိုင်းအဆင့်ဆိုပါက သူ့အား ထွက်သွားခိုင်းသည့် နတ်ဘုရားအုပ်စိုးသူအဆင့်အား တစစီ လုပ်ပစ်လိမ့်မည်။

မိုဝူကျိက သက်ညှာမှု ပြလိုက်သော်လည်း အကန်ခံလိုက်ရသည့်သူက ထိုသို့ မခံစားမိကြောင်း သိလိုက်၏။ ထိုသူက ထရပ်ပြီးသည်နှင့် ဒေါသတကြီး အော်ပြောလိုက်သည်  “ အဲလူကို သတ်ပစ်ကြစမ်း ”

သိပ်မကြာခင် မိုဝူကျိ ကန်တာ ခံလိုက်ရသည့် ကျင့်ကြံသူက သူ့လူများသည် မြင်ကွင်း၌ မရှိတော့ကြောင်း သတိထားမိလိုက်သည်။ အားလုံးက သူတို့ဘာသာ ဖုံးကွယ်နေနေကြသည်။ ဆိုလိုသည်မှာ ထိုလူများက မိုဝူကျိကို မှတ်မိသွားကာ မည်သူကမှ ထွက်မလာရဲကြတော့ပေ။

“ ငါ သိတယ်။ ငါ သိတယ် …  အဲဒါ မိုဝူကျိပဲ … ကျင့်ကြံသူအစုအရုံး အဖွဲ့ခေါင်းဆောင်ကိုတောင် သတ်ပစ်လိုက်တာတဲ့ … သာမာန်လူက သူနဲ့ သွားယှဉ်လို့ ရမယ် ထင်နေလား ”

“ ဟားဟား အောင်းချန်းထန်ကရော သာမာန်လူလား … လတ်တလော အောင်းမျိုးနွယ်က ဝိဇ္ဇာတပိုင်းအဆင့် နှစ်ယောက်ကို မွေးထုတ်ပေးနိုင်လို့ နိဗ္ဗာအသိပညာရပ်ကျောင်းတော်က အခု အောင်းမျိုးနွယ် ထိန်းချုပ်မှု ရောက်နေပြီ မဟုတ်ဘူးလား။ ကျင့်ကြံသူအစုအရုံး အဖွဲ့ခေါင်းဆောင်က အစောပိုင်း သဟဇာတ နတ်ဘုရား မဟုတ်ဘူးလား။ ဘယ်လိုလုပ် အောင်းမျိုးနွယ်နဲ့ နှိုင်းယှဉ်လို့ ရမှာလဲ ”

***

လူအုပ်ကြီးက စတင်၍ ဆွေးနွေးလာသောကြောင့် သူတို့က မိုဝူကျိကို မှတ်မိသွားကြသည်။

“ ကျောင်းတော်ဆရာမို .. အဲဒီလူက အောင်းမျိုးနွယ်က အောင်းချန်းထန်တဲ့။  ကျွန်တော်ဆရာ ချီချွမ်းကို အောင်းမျိုးနွယ်က ခေါ်သွားတာပါ ” ဘေးတွင် ရပ်နေသည့် ဖူချန်းက ရှင်းပြလိုက်သည်။

“ အောင်းမျိုးနွယ်လား ” မိုဝူကျိက ချက်ချင်း ပြန်အမှတ်ရသွားကာ မေးလိုက်သည်  “ မိုးကောင်းကင်မြို့က  အောင်းမျိုးနွယ်လား ”

ဖူချန်းက ရှင်းပြလိုက်သည်

“ မိုးကောင်းကင်မြိုက အောင်းမျိုးနွယ်က အောင်းမျိုးနွယ်ရဲ့ မျိုးနွယ်စုခွဲ တစ်ခုလောက်ပါပဲ။ တကယ့် အောင်းမျိုးနွယ်က အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့မှာ တည်ထောင်ထားပါတယ်။ နတ်ဘုရားကမ္ဘာ စည်းမျည်းတွေ ပြန်ကောင်းလာတော့ အောင်းမျိုးနွယ်မှာ ဝိဇ္ဇာတပိုင်း နှစ်ယောက် ထွက်ပေါ်လာတယ်ဆိုပြီး သတင်းထွက်လာတယ်။ ကျွန်တော်ဆရာ ချီချွမ်းကိုလည်း အောင်းမျိုးနွယ်က ဖမ်းခေါ်သွားခဲ့တယ်။

အဲဒီအဖြစ်အပျက်ပြီးတော့ အကြီးအကဲပိုင်က နိဗ္ဗာန်အသိပညာရပ်ကျောင်းတော်ရဲ့ ပင်မနန်းတော်ဆီ စုံစမ်းဖို့ သွားခဲ့တယ်။ ဒါပေမဲ့ ယုတ္တိမရှိတဲ့ အကြောင်းအရင်းတွေအတွက် သူလည်း အဖမ်းခံလိုက်ရတယ်။ အဲဒါနဲ့ သေမျိုးနယ်မြေက တပည့်တွေလည်း စတင်ပြီးတော့ ပုန်းအောင်းနေရတော့တာပဲ … ကျွန်တော်က ဆရာမို ပြန်ရောက်လာတာကို ဒီမှာ စောင့်ဖို့ ရွေးချယ်ခဲ့တာပါ ”

မိုဝူကျိက ဖူချန်းအား ကြည့်လိုက်ပြီး  “ ငါ မြင်ရသလောက် မင်းက ချီချွမ်းရဲ့ ကျင့်စဉ်ကို မကျင့်ကြံထားဘူးမလား ”

ချီချွမ်းက သူ ကျင့်စဉ် သင်ပေးထားသော တပည့်တစ်ဦး ဖြစ်၏။ သူ့လူသားကျင့်စဉ်ဖြင့် ချီသွေးကြောများကို အသုံးပြု၍ ကျင့်ကြံစေသည်။ အကယ်၍ ဖူချန်းသာ သူ့လူသားကျင့်စဉ်ကို ကျင့်ကြံလျှင် မိုဝူကျိက တစ်ချက်တည်းကြည့်ရုံဖြင့် တန်းပြောနိုင်မည် ဖြစ်၏။ မိုဝူကျိ၏ မှန်းဆချက်အရ ဖူချန်းသည် ချီသွေးကြော မဟုတ်ဘဲ ဝိညာဉ်ကြော ကျင့်စဉ်ကိုသာ ကျင့်ကြံထားပေသည်။

ဖူချန်းက တုံ့ပြန်လိုက်လေ၏

“ ကျွန်တော်ဆရာက ဆရာမိုရဲ့ ကျင့်စဉ်ကို ဆရာမို ခွင့်ပြုချက်မရှိဘဲ လက်ဆင့်ကမ်းလို့ မရဘူးလို့ ပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်ရဲ့ ဝိညာဉ်ကြောကလည်း သိပ်မဆိုးတော့  သူ့အရင်ကျင့်စဉ်ကို သင်ပေးခဲ့တာပါ။ အဲဒါကြောင့် ဆရာမိုကို တည်ထောင်သူဘိုးဘေးလို့ မခေါ်ခဲ့တာပါ … ”

မိုဝူကျိက ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ့လူသားကျင့်စဉ် အလုပ်လုပ်ပုံ ဖြစ်၏။ မိုဝူကျိက ချီသွေးကြော ဖွင့်မပေးဘဲ သူ့လူသားကျင့်စဉ်ကို ကျင့်ကြံဖို့ မဖြစ်နိုင်ချေ။

“မင်းဆရာကို အောင်းမျိုးနွယ်က ဘယ်လိုခေါ်သွားတာလဲ ” မိုဝူကျိ၏ လေသံတွင် သတ်ဖြတ်ငွေ့များ ရောယှက်နေလေ၏။

ယခင်က အောင်းမျိုးနွယ်သည် သူ့အား ခြိမ်းခြောက်ခဲ့ဖူးသည်။ အကယ်၍ မိုးကောင်းကင်ငယ်ဂိုဏ်း၏ နတ်ဘုရားဘုရင်ကြောင့်သာ မဟုတ်လျှင် သူ နတ်ဘုရားဘုရင် ကွမ်းမိကြောင့် သေသွားလောက်လေပြီ။ ထို့နောက် သူက အလုပ်များလွန်းနေသည့်အတွက် သူ့အတွက်သူ လက်စားမချေရသေးပေ။ သူက လက်စားမချေနိုင်ခင် အောင်းမျိုးနွယ်က အမှန်တကယ် ရန်စသွားလေပြီ။

“ ကျွန်တော်ဆရာရဲ့ အစ်မကြီး … ”

“ မင်း ပြောနေတာ ချီပင်းလား …. သူမလည်း ဒုက္ခရောက်နေတာလား ” မိုဝူကျိက ဖူချန်း စကားကို မျက်မှောင်ကျုတ်လျက် ဖြတ်ပြောလိုက်သည်။

ဖူချန်းက ခေါင်းညိတ်ကာ

“ ကျွန်တော်ဆရာရဲ့ အစ်မကြီး ဒုက္ခရောက်တော့ ဆရာက အောင်းမျိုးနွယ်ဆီ သွားပြီး မေးခဲ့တယ်။ အဲဒီနောက်ကျ ဆရာလည်း ပြန်ရောက်မလာတော့ဘူး။ အကြီးအကဲပိုင်က ဆရာကို ရှာဖို့ နိဗ္ဗာန်အသိပညာရပ်ကျောင်းဆီ အကူအညီတောင်းခဲ့ပေမဲ့ သူလည်း ပြန်ရောက်မလာတော့ဘူး။

ကျွန်တော်လည်း ကူညီနိုင်တဲ့သူ တခြားဘယ်သူမှ မသိတာနဲ့ ဒီကူးသန်းရေး အစီအရင်မျှော်စင်ဆီ လာနေလိုက်တာ …. နောက်ဆုံးတော့ ဒီလောက်နှစ်တွေကြာပြီးတဲ့နောက်မှာ ဆရာမိုကို တွေ့ခဲ့ရပြီ ”

မိုဝူကျိက ခေါင်းညိတ်ကာ ဖူချန်း ပခုံးကို ပုတ်ပေးလိုက်ပြီး

“ အောင်းမျိုးနွယ်ဆီ အတူတူ သွားကြစို့ …. ငါတို့တွေ အဲဒါ ဖြေရှင်းပြီးသွားရင် လူသားဂိုဏ်းဆီ ပြန်လိုက်ခဲ့။ ငါ ချီချွမ်းကို မင်းကို တရားဝင်တပည့်အဖြစ် အသိအမှတ်ပြုခိုင်းပြီးတော့ လူသားကျင့်စဉ် သင်ပေးမယ် ”

မိုဝူကျိက မိတ်ဆွေပေါင်းသင်းဆက်ဆံရေးကို တန်ဖိုးထားသူ ဖြစ်၏။ သေမျိုးနယ်မြေသည် ချီချွမ်းနှင့် ပိုင်ယွဲ့တို့ ဒုက္ခရောက်ပြီးနောက် ဖျက်စီးခံလိုက်ရသည်ဟု ယူဆနိုင်ပေသည်။ အကယ်၍ ဖူချန်းသာ သူ့ဘာသာ ထွက်သွားမည်ဆိုလျှင်လည်း မည်သူကမှ အပြစ်တင်ကြမည် မဟုတ်ပေ။

ဤကမ္ဘာကြီးထဲ၌ အရှက်မရှိသည့် သူများစွာ ရှိပေသည်။ သူတို့က အားနည်းလွန်းကြောင်း အကြောင်းပြချက်ပေးကာ ကျင့်ကြံဖို့ အခွင့်အရေးကို ရှာပြီး ထွက်ပြေးသွားတတ်ကြသည်။ သူတို့က အားကောင်းလာသည့်အခါမှ ပြန်လည် လက်စားချေပေးမည်ဟု ပြောလေ့ရှိကြသည်။ အမှန်တော့ သေမျိုးနယ်မြေ၏ တပည့်အများစုက ဤသို့သာ ဖြစ်၏။ ဖူချန်းတစ်ယောက်သာ သူ့အား ဆက်တိုက် စောင့်ဆိုင်းနေခြင်း ဖြစ်၏။

ဖူချန်းက ထွက်မသွားရုံသာမက ကူးသန်းရေး အစီအရင်မျှော်စင် ဝင်ပေါက်နား နှစ်များစွာ စောင့်ဆိုင်းနေခဲ့သည်။ အကြောင်းမှာ သူ လက်မလျော့နိုင်သည့် မျှော်လင့်ချက် အမျှင်လေးကို ကိုင်ဆုပ်ထား၍ ဖြစ်သည်။

“ ဟုတ်ကဲ့ပါ ဆရာဘိုးဘိုး …” ဖူချန်းက ချက်ချင်း ဒူးထောက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်လေ၏။

သူက သူ့ဆရာဘိုးဘိုး မိုဝူကျိသည် မည်မျှ ထူးခြားဆန်းကြယ်ကြောင်း အကြိမ်များစွာ ကြားခဲ့ဖူး၏။ သို့သော်လည်း သူက မိုဝူကျိ ခွင့်မပြုမချင်း လူသားကျင့်စဉ်ကို မကျင့်ကြံနိုင်ပေ။ ယခု မိုဝူကျိက သူ့အား ခွင့်ပြုပေးပြီ ဖြစ်ရာ မည်သို့ စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

မည်သူကမှ သူ့အား မကူညီသည်ကို မြင်ကာ အောင်းချန်းထန်က ကုသဆေးလုံးတချို့ ထုတ်၍ မျိုချလိုက်သည်။ သူက နောက်ဆုတ်ဖို့ ပြင်လိုက်၏။ သူက လှမ်းမကြောင်းကြားဘဲ သူ ကိုယ်တိုင် သွားပြောပြဖို့ ကြံရွယ်ထားလေသည်။ အောင်းမျိုးနွယ်မှ ထိုမောက်မာလှသည့်လူအား သင်ခန်းစာပေးရန် ပညာရှင်တချို့ လွှတ်ပေးဖို့ရာ သူက မိုဝူကျိ ပြန်ပေါ်လာမှုအကြောင်း အပိုတချို့ ထပ်ပြောလိုပေသည်။

သို့သော်လည်း သူ့ခန္ဓာကိုယ်ပေါ် လက်သင်္ကေတတစ်ခု ကျရောက်လာသည်။ ထို့နောက် သူ့ခန္ဓာကိုယ်မှာ မီးတောက်လောင်လာသလို ခံစားလာရ၏။

စက္ကန့်ပိုင်းလေးအတွင်း အောင်းချန်းထန်က စူးစူးဝါးဝါး ဟစ်ကြွေးလိုက်သည်  “ မင်း  …. ”

နှမြောစရာကောင်းသည်က သူ ပြောချင်သည့် စကားပင် ပြောခွင့် မရလိုက်တော့ပေ။ မိုဝူကျိက သူ့ဝိညာဉ်ကြောနှင့် အသိစိတ်ပင်လယ်ကို ဖျက်စီးပစ်လိုက်လေသည်။

မိုဝူကျိက အောင်းချန်းထန်အား တက်နင်းကာ ဖူချန်းအား ပြောလိုက်၏ “ ဒီအမှိုက်ကို သယ်ပြီး  ငါ့ကို အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့ဆီ ခေါ်သွားပေး ”

“ ဟုတ်ကဲ့ပါ ” ဖူချန်းက မသန်မစွမ်း ဖြစ်သွားသည့် အောင်းချန်းထန်အား ကိုင်ကာ တိတ်ဆိတ်မှုမြို့မှ မြန်မြန် ထွက်လာလိုက်သည်။ သူက အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့ဆီ ရောက်ဖို့ မစောင့်နိုင်တော့ပေ။

***

နတ်ဘုရားကမ္ဘာ ပြန်လည် ကောင်းမွန်လာပြီးနောက် အောင်းမျိုးနွယ်က သူတို့အာဏာ ပြန်လည်တည်ဆောက်ရာ၌ အမြန်ဆုံး ဖြစ်ပေသည်။

နတ်ဘုရားကုန်းမြေ၏ အခွင့်အရေးနှစ်ခု၌ အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့သည်လည်း ဆုလာဘ်ကြီးကြီး ရခဲ့သည်။ ပညာရှင်နှစ်ယောက်က ဝိဇ္ဇာတပိုင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။ နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်တစ်ခုလုံး၌ပင် ထိုဖြစ်ရပ်မှ ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်လာသည့်သူ ဟူ၍ တစ်ယောက်မှ မရှိခဲ့ချေ။

***

All Chapters