← Chapters

အပိုင်း(၅၁၃)

Vol. 35 Ch. 513

အပိုင်း(၅၁၃)

Vol. 35 Ch. 513

“ဘန်း”

ကျားသစ်နက်က သာမန်ကာလျှံကာရိုက်ချက်တစ်

ချက်ကိုသာဖော်ထုတ်လိုက်ပုံရသည်။ ရုတ်ခြည်းဆိုသလို   ကျားသစ်နက်၏ မီးတောက်လက်သည်းများအောက်၌  ၎င်းထံသို့ပျံ့နှံ့လာနေသော  ရေခဲတို့ဖျက်ဆီးခြင်းခံလိုက်ရသည်။

ထို့နောက် “ခရက်..ခရက်..ခရက်” ဟူသောအသံက ဆက်လက်ဖြစ်ပေါ်လာသည်။ ယခင်အကြိမ်တုံးက လေထုက ရေခဲအဖြစ်ခဲသွားခြင်းဖြစ်သည်။ ယခုအကြိမ်၌၎င်းတို့က ရေခဲလွှာတို့ဖြစ်နေ၏။ ကျားသစ်နက်၏ လက်သည်းအောက်တွင် ကျိမို့ဆီသို့ရောက်သည်အထိတစ်လွှာ

ပြီးတစ်လွှာ လျှင်မြန်စွာကျိုးပျက်လာသည်။  အစောက ကျိမို့၏ခုတ်ပိုင်းချက်ကြောင့်ဖြစ်ပေါ်လာသော   လေထုအတွင်းရှိရေခဲလွှာအားလုံး

ကွဲကြေသွားပြီး မြေပြင်ထက်၌ ရေခဲအပိုင်းအစများစွာကိုသာ

ချန်ရစ်ထားခဲ့သည်။

ကျိမို့က ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်အဆင့်

သာရှိသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်

နှောင်းပိုင်းအဆင့်၌ရှိသော ကျားသစ်နက်၏စွမ်းအားအောက်၌  ယင်းက များစွာသောကြီးမားသည့်ကွာခြား

ချက်တစ်ခုဖြစ်လေသည်။

“ငါ့..ငါ့တိုက်ခိုက်မှုက”

သူမ၏စွမ်းအားအားလုံးအားစုစည်းထားခဲ့သောကျိမို့၏တိုက်ခိုက်မှုက   ကျားသစ်နက်၏ အလွယ်တကူဖျက်ဆီးခြင်းကိုခံလိုက်ရသည်။  ကျိမို့၏မျက်နှာကရုတ်ခြည်းပြောင်းလဲသွားသည်။  ထို့နောက် ကျိမို့၏မျက်နှာထက်၌  လွန်စွာထိတ်လန့်မှုတို့ဖြစ်ပေါ်လာ၏။

“ဟင့်အင်း..မလုပ်နဲ့”

ကျားသစ်နက်က ၎င်း၏ နောက်ခြေတို့ဖြင့်ခုန်လိုက်ကာ  မီးတောက်နက်များတောင်လောင်နေသော ၎င်း၏ကိုယ်ကြီးက  ရုတ်တရက်လေထဲသို့ ခုန်တက်လာသည်။

“ဝေါင်း”

ထို့နောက်၎င်းက ခက်ထန်စွာ ဟိန်းလိုက်သည်။ ကြမ်းကြုတ်ခတ်ထန်သောပုံစံနှင့်အတူ ၎င်း၏ပါးစပ်အားဖွင့်ဟ၍   ၎င်း၏ ထက်ရှသော ကြမ်းကြုတ်သည့်အစွယ်တို့အားလှစ်ဟာပြလိုက်သည်။  ၎င်းက ကျိမို့ ထံသို့ရုတ်တရက်ခုန်အုပ်လိုက်ပြီး   ၎င်းအနေဖြင့် ကျိမို့အား  အပိုင်းပိုင်းစုတ်ဖြဲပစ်တော့မည့်ပုံပေါ်၏။

“မဟုတ်ဖူး”

ကျားသစ်နက်က သူမပေါ်သို့  ကြမ်းကြုတ်စွာခုန်အုပ်လာသည်။  ကျိမို့မှာထွက်မပြေးနိုင်ရုံသာမက ခုခံခြင်းလည်းမပြုလုပ်နိုင်ပေ။  ထိုအစား   သူမ၏မျက်နှာအား သူမ၏လက်တို့ဖြင့်ကာလိုက်ပြီး   ဆက်လက်ကြည့်ရှုရဲခြင်းမရှိချေ။

“ဟင့်..ဟင့်”

ငိုရှိုက်သံခပ်သဲ့သဲ့ထွက်လာ၏။

“ဟူး”

ဤအချိန်တွင် သက်ပြင်းချသောအသံခပ်ဖျော့ဖျော့ထွက်လာ၏။ထို့နောက်ချက်ချင်း  သားရဲရိုင်းတစ်ကောင်၏  ပြင်းပြင်းထန်ထန်နာကျင်စွာဖြင့်ညည်းညူသံက    ကမ္ဘာအားဖြတ်သန်းပဲ့တင်ထွက်ပေါ်လာသည်။

“ဝေါင်း”

“အာ”

အချိန်များက ဖြည်းဖြည်းချင်း ကုန်ဆုံးသွားသည်။  သို့သော်  သူမ၏မျက်လုံးတို့အားပိတ်လိုက်ကတည်းက အချိန်တို့ ရပ်တန့်သွားပုံရသည်ကို ကျိမို့သဘောပေါက်လိုက်သည်။  သူမအပေါ်သို့ခုန်အုပ်လာသော  ကျားသစ်နက်မှာ  အချိန်တစ်ခုကြာမြင့်သည်အထိသူ့မ

အပေါ်ခုန်အုပ်ကျရောက်လာခြင်းမရှိပေ။

ထို့နောက် ကျိမို့သူမ၏မျက်နှာမှလက်တို့အား

အနည်းငယ်ဖယ်လိုက်ပြီး လက်ချောင်းတို့ကြားအဟလေးတစ်ခုဖြစ်ပေါ်လာသည်။ ၎င်းမှတစ်ဆင့် တိတ်တဆိတ်ကြည့်လိုက်၏။အကယ်၍  ကြမ်းကြုတ်သော ကျားသစ်နက်အားထပ်မံတွေ့ရလျှင်   သူမ၏မျက်လုံးတို့အား   ဖုံးလိုက်ရန်ကျိမို့အသင့်ပြင်ထားခဲ့သည်။

သူမ၏မျက်လုံးများအား ဖုံးအုပ်ထားသ၍ ကျားသစ်နက်ကသူမအား  တိုက်ခိုင်းခြင်းမပြုဘဲနေပုံရသည်။

“အာ”

လက်ချောင်းတို့ကြားရှိအဟ မှ ဖြတ်သန်း၍  အပြင်ဘက်ရှိမြင်ကွင်းအား

ကျိမို့မြင်လိုက်ရသောအခါတွင် နောက်ထပ် နူးညံ့သိမ်မွေ့သောအသံတစ်ခုထပ်မံထွက်ပေါ်လာသည်။ သူမ၏ရှေ့၌  ရင်းနီးသော အနက်ရောင်ပုံရိပ်တစ်ခုအား

ကျိမို့မြင်တွေ့လိုက်ရသည်။

ဤအချိန်တွင် ပုံရိပ်က   သူ၏ညာလက်အားမြှောက်လိုက်ပြီး  ကျားသစ်နက်၏ မျက်နှာကိုဆုပ်ကိုင်ထားသည်။ထို့နောက်   အဖြူရောင်ညာလက်မှ ရုတ်တရက် သွေးနီရောင်မီးတောက်တစ်ခု ဟုန်းခနဲထွက်ပေါ်လာသည်။

“ဝေါင်း”

ကျားသစ်နက်က နာကျင်စွာဖြင့် ထပ်မံအော်ဟစ်လိုက်သည်။   အနက်ရောင်မီးတောက်များ

တောက်လောင်နေသော၎င်း၏ခန္ဓာကိုယ်က  ရုတ်တရက်  သွေးနီရောင်မီးတောက်များအစားထိုးသွားပြီးသွေးနီရောင်မီးတောက်တို့က  ကျားသစ်နက်၏ တစ်ကိုယ်လုံးအား ဝါးမျိုသွားသည်။

“ရှစ်ဖုန့်လေး..ဝါး….ရှစ်ဖုန့်လေး..”

ရင်းနှီးသော ပုံရိပ်အားတွေ့လိုက်ရပြီးနောက်  အန္တရာယ်ထဲကျရောက်နေပြီး ကျားသစ်နက်၏အပိုင်းပိုင်း

ဆုတ်ဖြဲခံရလုနီးပါးဖြစ်ခဲ့သည့်  ကျိမို့မှာ ရုတ်ခြည် မတရားအနိုင်ကျင့်ခံရသော  ကလေးမလေးတစ်ယောက်ကဲ့သို့   ရုတ်ခြည်းရှေ့သို့တို့တိုးလိုက်သည်။  သူမ၏လက်တို့အား ဆန့်ထုတ်လိုက်ပြီး ရှစ်ဖုန့်အား နောက်မှနေ၍တင်း

နေအောင်ဖက်ထားလိုက်၏။

“ဝါး..ဝါး……ဒီမုန်းဖို့ကောင်း

တဲ့ကျားသစ်နက်ကြီးကငါ့ကိုစားဖို့  တော်တော်လေးနီးစပ်သွားတယ်.. အဖြူလေးလည်း သူ့ကြောင့် ထိခိုက်သွားတယ်..ဝါး”

ကျိမို့စကားပြောလေ သူမပို၍မှားမတရားလေဟု

ခံစားရလေဖြစ်သည်။

လေထဲမှ သွေးနီရောင်မီးတောက်တို့ ရှစ်ဖုန့်၏လက်ထံသို့ပြန်လည်လှိမ့်ဝင်လာပြီး  ရှစ်ဖုန့်၏လက်ဖဝါးအတွင်းလျှင်မြန်စွာစုပ်ယူခံလိုက်ရသည်။  သွေးနီရောင်မီးတောက်တို့ ပျောက်ကွယ်သွား၏။ လေထဲသို့ခုန်အုပ်ခဲ့သောကျားသစ်နက်မှာလည်းဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိဘဲ လုံးဝပျောက်ကွယ်သွားသည်။

ကျိမို့၏နောက်မှဖက်ထားခြင်းအား

ခံထားရသော   ရှစ်ဖုန့်ကဖြည်းဖြည်းချင်း လှည့်လိုက်သည်။သူ၏လက်မောင်းအတွင်းရှိငိုယိုနေပြီးမကျေနပ်မှုတို့ဖြင့်ပြည့်နေသောကောင်မလေးအားကြည့်၍    ရှစ်ဖုန့်ကပြုံးလိုက်ပြီးပြောလိုက်သည်။

“မင်းက ခုဏက ကျားသစ်နက်ကိုရင်ဆိုင်ရဲလောက်တဲ့အထိ အရမ်းကိုသန်မာတာ.. သေဖို့အတွက်အဆင်သင့်ဖြစ်နေတဲ့ စစ်သည်တော်အတိုင်းပဲ.. ဘာလို့အခုကျမှအရမ်းအားနည်းသွားရတာလဲ”

“ဝါး..ငါအရမ်းကြောက်တာ..

ငါဘဝကိုဆုံးရှုံးလုနီးပါးဖြစ်သွားရတာ.. နင်ဘယ်လိုဖြစ်ပြီးတော့ရယ်နေနိုင်သေးတာလဲ.  လူဆိုးရှစ်ဖုန့်လေး..  သေနာကောင်ရှစ်ဖုန့်လေး”

ကျိမို့ကနှုတ်ခမ်းလေးစူ၍ ရှစ်ဖုန့်ကိုထက်တွန့်တက်လိုက်သည်။

“နင်ဒါကိုမြင်ရဲ့သားနဲ့ဘာလို့ငါ့ကိုလာပြီးမကူညီရတာလဲ. အဖြူလေးကထိခိုက်သွားပြီး  ငါတော့ဒီတစ်ကြိမ်သေပီလို့ထင်ခဲ့တာ”

“အင်း..အခုဒါတွေပြီးသွားပါပြီ”

ရှစ်ဖုန့်ကပြောလိုက်သည်။

ထို့နောက်သူကပြောလိုက်၏။

“အခုလေးတင်ငါ့ဒဏ်ရာတွေကနေပြန်သက်သာလာတာ.. အကယ်၍ ငါသာလှုပ်ရှားနိုင်ရင်  မင်းလိုမိန်းကလေးမျိုးကိုငါ့ရှေ့မှာ မရပ်ခိုင်းပါဘူး”

“ငါ..ငါ..”

ကျိမို့ကပြောလိုက်သည်။

“အဖြူလေးဒဏ်ရာတွေကိုအရင်ကြည့်ရအောင်..  အဖြူလေးကငါတို့ကိုကာကွယ်ပေးဖို့အတွက်နဲ့ဒဏ်ရာရသွားတာ.”

ကျိမို့ကပြောလိုက်သည်။ထို့နောက်  ကျိမို့ရှစ်ဖုန့်အား  လွှတ်ပေးလိုက်ပြီး  ကျားဖြူ၏ဒဏ်ရာများအား စစ်ဆေးရန်ဆောင့်ကြောင့်ထိုင်လိုက်သည်။

လင်မိသားစု၏ စစ်တပ်ထံမှသူယူဆောင်ခဲ့သော  ကျားဖြူက အရမ်းသစ္စာရှိလိမ့်မည်ဟု ရှစ်ဖုန့်မျှော်လင့်မထားခဲ့ပေ။

ရှစ်ဖု့န်က ကျိမို့နောက်သို့လိုက်၍ ကျားဖြူ၏ ဒဏ်ရာများအားစစ်ဆေးရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။ ထို့နောက်  ရှစ်ဖုန့်က  သူ၏သိုလှောင်လက်စွပ်အတွင်းမှ  ကုသရေးဆေးလုံးမျာအားလက်တစ်ဆုပ်စာထုတ်ယူလိုက်ပြီး ကျားဖြူအားဂျယ်လီစေ့များ

ကဲ့သို့ကျွေးလိုက်သည်။

ဤဆေးများကသူသတ်ဖြတ်ခြင်း

များမှစုဆောင်းရရှိမှုများဖြစ်သည်။

“နင်. ဘာလို့အဖြူလေးကိုဆေးတွေ

အများကြီးကျွေးတာလဲ..   ဂရုမစိုက်ဘဲကျွေးမနေနဲ့”

ရှစ်ဖုန့်က ကျားဖြူ၏ပါးစပ်အတွင်းသို့  ဆေးလုံးများအား အတင့်သွပ်ထည့်နေသည်ကိုတွေ့

ရသောအခါတွင်  ကျိမို့က ရှစ်ဖုန့်အားအလျှင်အမြန်မေး

ခွန်းထုတ်လိုက်သည်။

“ဒါက အဆင်ပြေပါတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒါတွေအားလုံးကကုသရေးဆေးလုံးတွေ.ဘာမသန့်စင်မှုမှမရှိဘူး.သူတို့က အဖြူလေးကို ပိုပြီးမြန်မြန်ကောင်းလာစေမှာ”

ရှစ်ဖုန့်၏စကားတို့အားကြား

ရသောအခါတွင်ကျိမို့က မယုံသင်္ကာဖြင့်ကြည့်လိုက်သည်။  သူမကရှစ်ဖုန့်အားကြည့်ပြီးမေးလိုက်၏။

“ငါ့ကိုလိမ့်မနေနဲ့.. အဖြူလေးကငါတို့ကိုကာကွယ်ဖို့အတွက် ထိခိုက်သွားတာ. အဖြူလေးကျားတစ်ကောင်ဆိုပေမဲ့ ငါတို့အဖြူလေးကိုဂရုစိုက်ပေးရမယ်”

“စိတ်မပူပါနဲ့ အဖြူလေးက ရက်အနည်းငယ်လောက်အနားယူဖို့ပဲလိုတာ”

ရှစ်ဖုန့်ကပြောလိုက်သည်။

“အရမ်းဆိုးဆိုးဝါးဝါးထိခိုက်ထားတာကို.ဘယ်လိုလုပ်ပြီးရက်အနည်းငယ်နဲ့ကုသလို့ရမှာလဲ”

ကျိမို့က ခေါင်းလေးငုံ့၍ သေလုနီးပါးဖြစ်နေသော အဖြူလေးကိုကြည့်လိုက်သည်။ ထို့နောက် ရှစ်ဖုန့်အားကြည့်လိုက်၏။ သူမရှစ်ဖုန့်အားမယုံပေ။

“အမ်”

ရှစ်ဖုန်အားသူမကြည့်လိုက်သောအခါတွင်ကျိမို့ဘာဖြစ်နေသည်အားသဘောပေါက်လိုက်သည်။ သူမက အံ့အားသင့်စွာဖြင့်ပြောလိုက်၏။

“နင်.နင်.. နင်က ဆိုးဆိုးရွားရွားကိုထိခိုက်ထားတာလေ. နင်က အဖြူလေးထက်တောင်ပိုပြီးထိခိုက်ထားတာ. ဘယ်လိုဖြစ်ပြီးအရမ်းမြန်မြန်ကြီး

ပြန်ကောင်းသွားရတာလဲ”

“ပြီးတော့နင့်မျက်နှာကလည်းကြည့်လိုမရလောက်အောင်ကို အရမ်းရုပ်ဆိုးသွားတာ..ဘယ်လိုဖြစ်ပြီးအရမ်းမြန်မြန်ကြီးကောင်းသွားရတာတုံး. နင့်မျက်နှာပေါ်ကအရေပြားက

အရင်ကထက်တောင်ပိုကောင်း

လာပုံပေါ်နေတယ်..နင်ဘယ်လိုလုပ်ခဲ့တာလဲ”

“နင့်ကိုနင်ရုပ်ဖျက်ခဲ့တာလား..”

ထို့နောက်ကျိမို့တစ်စုံတစ်ခုအားတွေးမိသွား၏။ သူမ၏လက်အားလှမ်းလိုက်ပြီး ရှစ်ဖုန့်မျက်နှာထက်ရှိမျက်နှာဖုံးအားစုတ်ဖြဲရန်လုပ်လိုက်သည်။

ကျိမို့၏လက်အားတွေ့လိုက်ရသောအခါတွင်   ရှစ်ဖုန့်ကသူ့မျက်နှာအားနောက်

သို့ယိမ်းကကျိမို့၏လက်ကိုရှောင်

တိမ်းလိုက်သည်။ သူကပြောလိုက်၏။

“ဆွဲဖြဲချင်မနေနဲ့..ဒီသခင်လေးက ပုံမှန်ပဲ. ဘာမှရုပ်ဖျက်မထားဘူး”

“ငါနင့်ကိုမယုံပါဘူး”

ကျိမို့က မျက်စိကိုမှေးလိုက်ပြီး ရှစ်ဖုန့်အားမယုံကြည်စွာဖြင့်ကြည့်လိုက်သည်။သူမစိတ်ထဲ၌တွေးလိုက်သည်။ အချိန်ကြလာလို့ ရှစ်ဖုန့်လိမ်နေသေးလျှင်သူမလူသားအရေပြားအားဆွဲစုတ်ပြီးကြည့်ရလိမ့်မည်ဖြစ်သည်။ သူမဖော်ထုတ်ပြီးတောင်သူက

သူမအားလိမ်ချင်နေသေး၏။

ထို့နောက်ရှစ်ဖုန့်က အဖြူလေးအား ဆေးများကိုကျွေးလိုက်သည်။ ထို့နောက် သူကအဖြူလေးကိုသယ်ဆောင်၍ ဂူအတွင်းလျှောက်လှမ်းဝင်သွားသည်။ သူကသူ၏ဒဏ်ရာများမှပြန်

ကောင်းမွန်လာသော်လည်း  အဖြူလေးကတော့ထိခိုက်ထားသည်။

သူကအကျဉ်းထောင်မှလွတ်မြောက်လာချိ်နတွင်အဖြူလေးကထပ်မံကျရောက်သွား

သလိုမျိုးသူခံစားရသည်။

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters