← Chapters

အောင်းမျိုးနွယ်၏ ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင်များ

Vol. 83 Ch. 1158

အောင်းမျိုးနွယ်၏ ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင်များ

Vol. 83 Ch. 1158

အမျိုးသမီး တစ်ဦးက နိဗ္ဗာန်အသိပညာရပ် ကျောင်းတော်၏ ပင်မနန်းတော် ခန်းမအတွင်း ချိတ်ဆွဲခံထားရ၏။ ထိုအမျိုးသမီး၏ ဦးခေါင်းမှာ ငိုက်စိုက်ဖြစ်နေကာ သူမ၏ ဆံပင်ဝါဝါများက မျက်နှာတစ်ဝှက် ဖုံးနေသည်။ မည်သူမှ သူမ မျက်နှာကို သေချာမမြင်နိုင်ကြပေ။

သူမ လက်နှစ်ဖက်လုံးနှင့် ခြေထောက်များမှာ ကျောက်နံရံပေါ် ချိတ်ဆွဲခံထားရသည်။ ထိုသို့ဆိုလျှင်ပင် ထိုကျောက်နံရံဝန်းကျင်၌ နတ်ဝိညာဉ်စွမ်းအားများ လှည့်ပတ်နေဆဲ ဖြစ်၏။ ကြည့်ရသည်မှာ ကျင့်ကြံဖို့ သင့်တော်သည့် နေရာတစ်ခု ဖြစ်ဟန် ပေါ်သည်။

နံရံပေါ် ချိတ်ဆွဲခံထားရသော မိန်းကလေးရှေ့တွင် ဝတ်ရုံစိမ်းနှင့် သက်လတ်အမျိုးသမီး တစ်ဦး ရှိနေသည်။ သူမ၏ နှင်းလို ဖြူဆွတ်နေသော လက်ချောင်းများက ကျောက်နံရံပေါ် ချိတ်ခံထားရသော အမျိုးသမီး၏ နဖူးကို ထိတွေ့နေသည်။ ထိုသက်လတ် အမျိုးသမီး၏ ခန္ဓာကိုယ်၌ ထူးဆန်းသော စွမ်းအားစည်းမျည်းများ ပြန့်လွှင့်နေသည်။ ဤနေရာရှိ မတူကွဲပြားသော စည်းမျည်းများနှင့် ထိတွေ့သွားကာ တစ်စုံတစ်ခုကို လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားဟန် ပေါ်သည်။

ခန်းမအတွင်း အစိမ်းရောင် ယင်မြေအောက် မီးတောက်လည်း ရှိနေသေး၏။ ထိုယင်မြေအောက် မီးတောက်အောက်တွင် ပိတ်မိနေသော ကျင့်ကြံသူနှစ်ဦး ရှိပေသည်။ ထိုကျင့်ကြံသူနှစ်ဦးမှာ တစ်ဦးက အမျိုးသား ဖြစ်ကော နောက်တစ်ဦးကား အမျိုးသမီး ဖြစ်၏။ သူတို့က ထိုမီးတောက်၏ လောင်ကျွမ်းခြင်းကို ဖြည်းဖြည်းချင်းစီ ခံစားနေရသည်။

တစ်ချက်တည်းကြည့်ရုံဖြင့် ကျင့်ကြံသူတိုင်း ထိုမြေအောက် မီးတောက်၏ ရည်ရွယ်ချက်ကို သိကြပေလိမ့်မည်။ ဤသို့သော မီးတောက်မှာ ကျင့်ကြံသူ၏ ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်ကို လောင်ကျွမ်းစေဖို့ရာအတွက် သုံးလေ့ ရှိကြသည်။ ထိုအမျိုးသားနှင့် အမျိုးသမီးသည် နာကျင်မှုကြောင့် တုန်ယင်နေသည်ကို ကြည့်ကာ သူတို့ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ်တို့က မည်သို့သော နာကျင်မှုမျိုး ခံစားနေရသည်ကို သိနိုင်ပေသည်။

ချိတ်ဆွဲခံထားရသော အမျိုးသမီး၏ ဦးခေါင်းအထက်၌ မှိန်ဖျော့ဖျော့ ဝင်ပေါက်တစ်ခု ပေါ်လာသည်။ သို့သော်လည်း ထိုဝင်ပေါက် ပေါ်လာသည့်အချိန်မှာ အင်မတန် တိုတောင်းလွန်းလှ၏။

“ အား ” ချိတ်ဆွဲခံထားရသည့် အမျိုးသမီးဆီမှ နာနာကျင်ကျင် စူးစူးဝါးဝါး အော်သံထွက်လာသောကြောင့် ဝတ်ရုံစိမ်း အမျိုးသမီးက ပြုံးလိုက်သည်။

နောက်အခိုက်အတန့်လေး၌ မှိန်ဖျော့ဖျော့ ဝင်ပေါက်မှာ  ယခင်ထက် ပို၍ ထင်ရှားလာသည်။

“ အာ မဟုတ်သေးပါဘူး ” စည်းမျည်းများနှင့် ဆက်တိုက် နှိပ်စက်နေသည့် ဝတ်ရုံစိမ်း အမျိုးသမီးက လက်များကို ရပ်တန့်လိုက်သည်။ သူမက ခန်းမအပြင်ဘက်အား မျက်မှောင်ကျုတ်ကာ ကြည့်လိုက်၏။

ဤသည်မှာ အောင်းမျိုးနွယ်၏ သမိုင်းတစ်လျှောက် ခရမ်းအချက်ပြမှု ပထမဆုံးအကြိမ် ထွက်ပေါ်လာခြင်း ဖြစ်၏။ အောင်းမျိုးနွယ်၏ ဝိဇ္ဇာတပိုင်းနှစ်ယောက်အနက် တစ်ယောက်က အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့သို့ သွားနှင့်လေပြီ။ သဘောတရားအရပြောရလျှင် ထိုအချက်ပေးမှုက ယခုအခါ ဖြေရှင်းပြီးသင့်လောက်လေပြီ ဖြစ်၏။ သို့သော်လည်း အောင်းပင်းဟယ်က အဘယ်ကြောင့် ပြန်ရောက်မလာသေးသနည်း။

ဝတ်ရုံစိမ်း အမျိုးသမီး နာမည်မှာ အောင်းဝူချန်း ဖြစ်ကာ အောင်းမျိုးနွယ်၏ နောက်ထပ် ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်၏။

ကျောက်နံရံပေါ် ချိတ်ဆွဲခံထားရသည့် အမျိုးသမီးက ချီပင်း ဖြစ်၏။ မိုးမြေ ဆေးမီးဖိုကို ချီပင်းကမ္ဘာအတွင်း ထည့်ထားသောကြောင့် ဝိဇ္ဇာတပိုင်းအဆင့်ပင် ချီပင်း၏ သဘောတူညီမှု မပါဘဲ မယူနိုင်ပေ။

မီးဖြင့် လောင်ကျွမ်းခံနေရသော ကျင့်ကြံသူနှစ်ယောက်မှာ တစ်ယောက်မှာ ချီချွမ်း ဖြစ်ကာ နောက်တစ်ယောက်မှာ ထန်းနီနီ ဖြစ်၏။

ထိုမီးတောက်ကို သုံး၍ နှိပ်စက်ထားသည့် အကြောင်းအရင်းမှာ အောင်းမျိုးနွယ်၏ ဝိဇ္ဇာတပိုင်းအဆင့် ပညာရှင်က ချီပင်း၏ စိတ်နှလုံးကို ယိမ်းယိုင်သွားစေရန် ဖြစ်ပေသည်။ ဤသည်မှာ သူတို့အတွက် ချီပင်းကမ္ဘာကို ဖွင့်ဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်၏။

ချီပင်းသည် သဟဇာတ နတ်ဘုရား အဆင့် ၇ ရောက်နေလေပြီ။ သူတို့ ချီပင်းကို ခန္ဓာကိုယ် အနည်းငယ် ပြန်လည်ထိန်းချုပ်ခွင့် ပြုလိုက်သည်နှင့် သူမက ကမ္ဘာအား ဖျက်စီးပစ်လိမ့်မည်။ အကယ်၍ ဤသို့ ဖြစ်သွားပါက  အောင်းမျိုးနွယ်စုသည် မိုးမြေ ဆေးမီးဖိုကို ယူနိုင်တော့မည် မဟုတ်ချေ။

အောင်းပင်းဟယ်နှင့် အောင်းဝူချန်းတို့ ပူးပေါင်းမှုဖြင့် ချီပင်းကမ္ဘာကို နောက် တစ်နှစ်၊ နှစ်နှစ်အတွင်း ဖွင့်နိုင်လိမ့်မည်။ အကယ်၍ ချီပင်းက မိုးမြေ ဆေးမီးဖိုအား သူမကမ္ဘာအနက်ပိုင်းထဲ သိမ်းဆည်းထားလျှင်ပင် သူတို့အနေနှင့် ရှာတွေ့ဦးမည်သာ ဖြစ်၏။

သို့သော်လည်း အောင်းမျိုးနွယ်၏ ခေါင်းဆောင်က ဤသို့သောအချိန်မျိုး၌  ခရမ်းအချက်ပေးမှု လွှတ်လိုက်လေသည်။ သူတို့က ချီပင်းကမ္ဘာကို ဖွင့်နိုင်ဖို့ အရေးကြီးဆုံးအချိန် ဖြစ်နေလျှင်ပင် ဝိဇ္ဇာတပိုင်းနှစ်ယောက်အနက် တစ်ယောက်တော့ သွားကူရပေမည်။

ဝိဇ္ဇာတပိုင်းအဆင့် အင်အားဖြင့် အောင်းပင်းဟယ်က ဤကိစ္စကို မြန်မြန် ဖြေရှင်းနိုင်လိမ့်မည်။ နတ်ဘုရားကုန်းမြေလို နေရာမျိုး၌ ဝိဇ္ဇာတပိုင်းအဆင့်အား ဟန့်တားနိုင်သည့် ကျင့်ကြံသူများများစားစား မရှိချေ။ သို့သော်လည်း အောင်းပင်းဟယ်က အချိန်အတော်ကြာနေပြီ ဖြစ်၏။

အောင်းဝူချန်းက ချီပင်း၏ ကမ္ဘာကို ချိုးဖောက်လိုသည့် စိတ်အခြေအနေမျိုး မဟုတ်တော့ပေ။ သူမက တုံ့ဆိုင်းစွာဖြင့် အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့ဆီ တစ်ချက် သွားကြည့်ရမလားဟု တွေးမိလာ၏။ သို့သော်လည်း သူမသာ သွားဖို့ ဆုံးဖြတ်လိုက်ပါက အောင်းပင်းဟယ်နှင့် သူမတို့ ဤနှစ်တစ်လျှောက်လုံး အားစိုက်ထုတ်ခဲ့ရသမျှ အားလုံး ရေစုန်မျှောသွားပေမည်။

သူမ ထွက်သွားသည်နှင့် သူတို့ စည်မျည်းဖြင့် အတင်းကျပ် ဖွင့်ခဲ့ရသော ဝင်ပေါက် တစိတ်တပိုင်းက ပြန်ပျောက်ကွယ်သွားမည် ဖြစ်၏။ အကယ်၍ ဤသို့သာ ဖြစ်လာလျှင် သူတို့က အစကနေ ပြန်စရပေမည်။ ဤသည်မှာ အဓိက အကြောင်းအရင်း မဟုတ်သေးပေ။ အကယ်၍ သူမက ထွက်သွားပြီး ချီပင်းက ကိုယ့်ဘာသာ ဖောက်ခွဲပစ်ဖို့ အခွင့်အရေး ရှာတွေ့သွားလျှင် အောင်းမျိုးနွယ်က မိုးမြေ ဆေးမီးဖိုကို ဘယ်တော့မှ ရနိုင်တော့မည် မဟုတ်ချေ။

အောင်းဝူချန်းက များစွာ စဉ်းစားပြီးနောက် သူမ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။ သူမက အရင်ဦးစွာ အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့မှ အခြေအနေကို စစ်ဆေးကြည့်ချင်မိသည်။ သူမ စိတ်စွမ်းအား ဖြန့်ကျက်ထားလျက်နှင့် အောင်းဝူချန်းက ချီပင်းအပေါ် အနီးကပ် အာရုံစိုက်ထားဆဲ ဖြစ်သည်။ သူမက ချီပင်းသာ တစ်ခုခုလုပ်ဖို့ ကြိုးစားပါက ချီပင်းအား ချုပ်နှောင်ထားမည် ဖြစ်ပေသည်။ အောင်းဝူချန်းက ချီပင်း ထွက်ပြေးမည့်အကြောင်းကိုတော့ စိတ်မပူပေ။ သူမက ကိုယ့်ဘာသာ ဖောက်ခွဲပစ်မည်ကိုသာ စိုးရိမ်မိ၏။

အောင်းဝူချန်း၏ စိတ်စွမ်းအား ပို့လွှတ်လိုက်ပြီးနောက် အမူအယာ ပျက်ယွင်းသွားလေသည်။

အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့၏ ကာကွယ်ရေး အစီအရင်သည် လုံးဝ ပျက်စီးသွားလေပြီ။ အကြောင်းမှာ အောင်းမျိုးနွယ်၏ ပင်မခန်းမကို သူမ စိတ်စွမ်းအားဖြင့်ပင် မထိုးဖောက်နိုင်သည့် အစီအရင်ဖြင့် ကာရံထား၍ ဖြစ်သည်။

ဤလိုအချိန်မျိုး၌ အောင်းဝူချန်းက ဤနေရာ၌ မည်သို့ ဆက်နေရမည်နည်း။ သူမပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားလေသည်။

ချီပင်း၏ မိုးမြေ ဆေးမီးဖိုနှင့် ယှဉ်လျှင် အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့က ပို၍ အရေးကြီးပေ၏။

***

အောင်းဝူချန်း ထွက်သွားသည်နှင့် ချီပင်းက အသိပြန်ဝင်လာသည်။ သူမက ရုန်းကန်ရင်း ခေါင်းမော့ကြည့်လိုက်သည့်အခါ သူမ မောင်လေးဖြစ်သူ ချီချွမ်းနှင့် ထန်းနီနီအား ယင်မြေအောက် မီးတောက်အပေါ်တွင် မြင်လိုက်ရသည်။ ချီပင်းက ဒေါသထွက်လွန်း၍ ထိုချိတ်ဆွဲခံထားရာမှ ချိုးဖောက်ချင်မိသည်။ သို့သော်လည်း သူမ ရုန်းကန်လိုက်တိုင်း နာကျင်မှုက ပို၍ တိုးလာလေ၏။

ချီပင်းက ကူကယ်ရာမဲ့သလို စတင် ခံစားလာရသည်။ သူမက လက်ကျန် စိတ်စွမ်းအားလေးအပေါ် အာရုံစိုက်ကာ သူမ အသိစိတ်ပင်လယ်နှင့် ကမ္ဘာအား ဖျက်စီးပစ်ဖို့ ကြိုးစားလိုက်သည်။

မောင်နှမ သွေးသာဆက်နွယ်ချက်ကြောင့်လေလား ချီပင်း၏ ရုန်းကန်မှုနှင့် ယူကျုံးမရ ဖြစ်မှုတို့ကို လောင်ကျွမ်းခံနေရသည့် ချီချွမ်းက ခံစားမိဟန် ပေါ်သည်။ ထို့နောက် သူက သူ့အစ်မဖြစ်သူထံမှ ဖျက်စီးစွမ်းအားများကို ခံစားမိလိုက်သည်။ သူက နာနာကျင်ကျင် အော်ဟစ်လိုက်သည်

“ အစ်မ ဘာလုပ်မလို့လဲ ”

ချီပင်း ပါးပြင်ထက်သို့ မျက်ရည်များ စီးကျလာကာ ချီချွမ်းအား ကြည့်လိုက်ရင်း   “ မောင်လေးကိုပါ ဆွဲသွင်းမိတဲ့အတွက် အစ်မ တောင်းပန်ပါတယ်။ အစ်မ အရင်သွားနှင့်မယ်။ မင်းက နောက်မှ လိုက်လာခဲ့နော် ”

“ သူတို့က လွှတ်ပေးမှာတဲ့လား ” ချီချွမ်းက ဝိဇ္ဇာတပိုင်းနှစ်ယောက် ခန်းမထဲ မရှိတော့ကြောင်း သတိထားမိကာ  “ အစ်မ  … သူတို့ကို ပစ္စည်း ပေးလိုက်ပြီလား ”

ချီပင်းက ခပ်ယဲ့ယဲ့ ရယ်ကာ  “ တကယ်လို့ သူတို့သာ ပစ္စည်းရပြီးရင် ငါတို့တွေ အသတ်ခံနေရလောက်ပြီ ”

“ အောင်းမျိုးနွယ်က ပစ္စည်း မရသေးဘဲနဲ့ ဘာလို့ အစ်မရဲ့ ကမ္ဘာ ဖျက်စီးခွင့် ပေးမှာလဲ ” ချီချွမ်းက နားမလည်စွာ မေးလိုက်သည်။

ချီပင်းလည်း တွေးမိသွားလေ၏။ အောင်းမျိုးနွယ်၏ ဝိဇ္ဇာတပိုင်းနှစ်ယောက်၏ စည်းမျည်းများနှင့် နှိပ်စက်ခံရပြီးနောက် သူမက သူမဘာသာ ပြန်မထိန်းနိုင်သေးပေ။ ယခု သူမ မောင်လေးက ပြောလာပြီ ဖြစ်ရာ တစ်ခုခု လွဲမှားနေကြောင်း စတင် ခံစားမိလာ၏။

ဝိဇ္ဇာတပိုင်းနှစ်ယောက်၏ ဉာဏ်ရည်ဖြင့် သူမကို တစ်ယောက်တည်း ထားခဲ့လျှင် ဖြစ်လာမည့် အကျိုးဆက်ကို မသိနိုင်ခြင်း မဖြစ်နိုင်ပေ။ သူမက ကိုယ်ပိုင်ကမ္ဘာ ဖျက်စီးပစ်တော့ရန် ဆုံးဖြတ်လိုက်သည်နှင့် မိုးမြေ ဆေးမီးဖိုက အောင်းမျိုးနွယ် လက်ထဲ ဘယ်တော့မှ ရောက်လာတော့မည် မဟုတ်ပေ။ အနည်းဆုံးတော့ သူတို့ ထွက်မသွားခင် သူမကို မေ့မြောနေအောင် လုပ်သွားသင့်သည် မဟုတ်ပါလော။

သူမ မောင်လေး ချီချွမ်းနှင့် ထန်းနီနီတို့ အဘယ်ကြောင့် အသတ်မခံရသေးသနည်း။ ဤသည်မှာ သူတို့ သူမ၏ ကမ္ဘာကို အလွယ်တကူ ဖွင့်နိုင်ရန် သူမ စိတ်နှလုံးသားကို ယိမ်းယိုင်အောင် လုပ်ဖို့အတွက် မဟုတ်ပေဘူးလား။

ချီချွမ်းက ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် ဝိညာဉ် လောင်ကျွမ်းခံနေရမှုအား  အံ့တုကာ ထပ်ပြောလိုက်သည်

“ အောင်းမျိုးနွယ်မှာ ပြဿနာ အကြီးအကျယ်တက်နေပုံပဲ … အစ်မ ကိုယ့်ဘာသာ သတ်မသေပါနဲ့။ မျှော်လင့်ချက်လေး ရှိနေသေးသရွေ့ ဆက်စောင့်သင့်တယ်။ ကျွန်တော်ဆရား ပြန်ရောက်လာတာ ဖြစ်နိုင်တယ် … ”

သူ့စကားမဆုံးခင် ယင်မြေအောက် မီးတောက်က တဖန်ပြန်လည် လောင်ကျွမ်းလာသည့်အတွက် စကားပင် ဆက်မပြောနိုင်တော့ဘဲ နာကျင်မှုများစွာကို ခံစားနေရသည်။

***

“ ဝုန်း ” အားကောင်းကောင်း သဘာဝစွမ်းအားက ခန်းမတစ်လျှောက်  မိုဝူကျိ ခင်းကျင်းထားသော ကာကွယ်ရေး အစီအရင်ဆီ ကျရောက်လာသည်။ မိုဝူကျိက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်၏  “ ကြည့်ရတာ ထပ်စောင့်စရာ မလိုတော့ဘူးပဲ ”

ထိုသို့ပြောပြီးနောက် မိုဝူကျိက သဘာဝစွမ်းအား လက်အမှတ်အသားတစ်ခု ထုတ်လွှင့်လိုက်သည်။

“ ဝုန်း ” အောင်းပင်းဟယ်က သူ့အသိစိတ်ပင်လယ်မှာ စက္ကန့်နှင့်အမျှ ပျက်စီးလာကြောင်း ခံစားမိလိုက်သည်။ ထို့နောက် သူ့ဝိညာဉ်လမ်းကြောင်းများ လောင်ကျွမ်းခံနေရသလို  ခံစားမိနေ၏။ သူ့စိတ်နှလုံးသားနှင့် ဝိညာဉ်၌ ပြင်းပြင်းထန်ထန် ကြောက်ရွံ့လာသည့် ခံစားချက်ကြီး ကြီးစိုးလာသည်။

အောင်းပင်းဟယ် စိတ်ဓာတ်ကျသည်မှာ သူ့တွင် ဘာဖြစ်လာတော့မည်ကို ကောင်းကောင်း သိနေ၍ ဖြစ်၏။ သူ့အသိစိတ်ပင်လယ်မှာ မိုဝူကျိလက်ချက်ဖြင့် ပျက်စီးသွားပြီး သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ပျက်စီးစ ပြုနေကာ ဝိညာဉ်လမ်းကြောင်းများက ပြာဖြစ်သွားလေပြီ။ သူက မလွှတ်မြောက်နိုင်တော့သောကြောင့် သေခြင်းတရားကို ကြောက်မနေတော့ပေ။ သူ ကြောက်သည်က အောင်းဝူချန်း ရောက်ရှိလာမှုကို ဖြစ်၏။ မိုဝူကျိက သူ့အား အကြောက်အရွံ့မရှိ ဖျက်စီးပစ်လိုက်သည်မှာ အောင်းဝူချန်း ရောက်လာသောကြောင့် ဖြစ်၏။

သူက ထိုအတွေးတွေးမိစဉ် ဝတ်ရုံစိမ်းနှင့် သက်လတ်အရွယ် အမျိုးသမီးတစ်ဦး ရောက်ရှိလာသည်။

မိုဝူကျိက ထိုအမျိုးသမီးအား လှုပ်ရှားခွင့် မပေးဘဲ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်ကို ပစ်ခွင်းလိုက်သည်။

အောင်းဝူချန်းက အောင်းပင်းဟယ်ကို ထိန်းချုပ်ထားနိုင်သူမှာ ဝိဇ္ဇာတပိုင်း ပညာရှင် ဖြစ်လိမ့်မည်မှန်း ခန့်မှန်းမိလိုက်သည်။ သို့သော်လည်း သူမက ထိုဝိဇ္ဇာတပိုင်းအဆင့်သည် ဤမျှ ကြောက်ဖို့ ကောင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လက်သီးတစ်ချက်ဖြင့် သူမ စွမ်းအားစက်ကွင်းမှာ ကြေမွသွားပြီး သူမတစ်ကိုယ်လုံးမှာ တစ်ဖက်လူ၏ စည်းမျည်းအောက် ကျရောက်သွားသည်။

ဘယ်လောက်တောင် အားကောင်းနေတာလဲ ….

တုန်လှုပ်မှုအောက်တွင် အောင်းဝူချန်းက အလံနက်ကို ဆုပ်ကိုင်ထားလိုက်သည်။ ထိုအလံနက် ထွက်ပေါ်လာသည်နှင့် စည်းမျည်းများက တဖန် ပြောင်းလဲလာပြန်သည်။ စည်းမျည်းများက မိုဝူကျိ၏ စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက်ဖြင့် တည်ဆောက်ထားသော စွမ်းအားစက်ကွင်းကို ဖျက်စီးဖို့ ကြိုးစားလိုက်သည်။

မိုဝူကျိက တစ်ဖက်လူကို တုံ့ပြန်ခွင့်ပင် မပေးချေ။ သူ့စွမ်းအားစက်ကွင်း ချေဖျက်လက်သီးချက် တားဆီးခံလိုက်ရသည်နှင့် အောင်းဝူချန်းက သူ့အာကာပြင် ပိတ်လှောင်မှုအတွင်း ကျရောက်သွားလေသည်။

အချိန်စည်းမျည်းလား ….

အောင်းဝူချန်းက တုန်လှုပ်စွာ အော်ဟစ်လိုသော်လည်း သူမ အာကာြပင်မှာ ယာယီရပ်တန့်သွားလေသည်။ နောက်အခိုက်အတန့်လေး၌ သူမလည်ပင်းကို ဆုပ်ကိုင်သည့် သဘာဝစွမ်းအားလက်ကြီး ကျရောက်လာကာ လေထဲ မြှောက်ခံထားရသည်။

သူမက ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်သော်လည်း မိုဝူကျိနှင့် ရင်ဆိုင်ရာ၌ မည်သည့်တိုက်ကွက်မှ မထုတ်နိုင်လိုက်ပေ။ အောင်းဝူချန်းက ရောက်လာမိသည့်အတွက် ဆုံးဖြတ်ချက်ကို နောင်တရမိနေသည်။ အောင်းမျိုးနွယ် နတ်ဘုရားအချိုးအကွေ့၌ မည်သည့်ပစ္စည်းကောင်းများ ရှိနေစေကာမူ ထိုပစ္စည်းများက သူမအသက်မရှိလျှင် ဘာမှအသုံးဝင်တော့မည် မဟုတ်ပေ။

“ အခုချက်ချင်း ချီပင်းဆီ ခေါ်သွားပေး ” မိုဝူကျိက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။

“ ငါတို့နှစ်ယောက်လုံးကို လွှတ်ပေးမယ်လို့ ကတိပေးရင် ချီပင်းနေရာကို ပြောပြမယ် ”

အောင်းဝူချန်း စကားမဆုံးခင် မိုဝူကျိ၏ လက်ချောင်းက သူမနဖူးအထက် ကျရောက်လာသည်။ ကြောက်မက်ဖွယ် တာအိုစည်းမျည်းများက သူမအသိစိတ်ပင်လယ်ထဲ စိမ့်ဝင်လာလေသည်။ မိုဝူကျိ ဘာလုပ်နေကြောင်း သတိထားမိပြီးနောက် သူမက ကြောင်အမ်းသွားလေ၏။

သူက သူမဝိညာဉ်ကို ရှာဖွေရန် ကြိုးစားနေခြင်း ဖြစ်၏။

ဤလူက ဘယ်လောက်တောင် ရက်စက်တာလဲ …..

***

All Chapters