← Chapters

ကျောက်သားတိုက်ပွဲဝင်္ကပါ

Vol. 164 Ch. 2330

ကျောက်သားတိုက်ပွဲဝင်္ကပါ

Vol. 164 Ch. 2330

ရွှေရောင်နတ်အလင်းများသည် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးထံသို့ ဖြန်းပျက်လာခဲ့ကာ သူတို့ထံမှ အလင်းများသည် ကောင်းကင်တခွင် ဖုံးအုပ်သွား၏။ ဧရာမကြီးမားကာ အဆုံးမဲ့သော ရှေးဟောင်းနတ်ဘုရားပုံရိပ်များသည် ကောင်းကင်ထက်တွင် ပေါ်လာသည်။ ရွှေရောင်နတ်တံတိုင်းများ တဖန် ဖြစ်ပေါ်လာခဲ့ကာ လေဟာနယ်အား ပိတ်ဆို့လျှက် သူတို့အား ပိတ်ဆို့ ချုပ်နှောင်သည်။

သူတို့သည် တူညီသော နည်းနစ်ကို အသုံးပြုကြခြင်း ဖြစ်သည်။

အားကောင်းသော နတ်ဆိုးအငွေ့အသက်များသည် စုစည်းဖြစ်ပေါ်လာခဲ့ကာ နတ်ဆိုးကဲ့သို့ ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ရှောင်းမု၏ခေါင်းထက်တွင် အရှိန်အဝါ တငြီးငြီးဖြင့် နတ်ဆိုးဓားတစ်လက်ဖြစ်ပေါ်လာကာ ကောင်းကင်နတ်ဆိုးခုတ်ချက်ကိုးချက်ကို ထုတ်ဖော်သည်။ သူက ထိုနံရံများအား တိုက်ရိုက်ဖျက်ဆီးပစ်လို၏။

တခြားသော တန်ခိုးရှင်များကလည်း သူတို့၏အထက်မြက်ဆုံးသော နည်းလမ်းများဖြင့် တိုက်ခိုက်ကြသည်။ တစ်ယောက်က သူ၏လက်ဝါးကို ဆန့်ထုတ်လိုက်သည်တွင် လက်ဝါးသည် ရွှေဝါရောင်သန်းလျှက် ဧရာမကြီးမားလာသည်။ ၎င်းတွင် အလွန်အားကောင်းသော စွမ်းအားများ ပါဝင်နေသည်။

ဧရာမဓားပြားကြီးကို ကိုင်ထားသော တန်ခိုးရှင်တစ်ဦးလည်း ရှိသည်။ သူက ဓားပြားကြီးကို ဝှေ့ယမ်းသည်တွင် ၎င်းတွင် ပြင်းထန်သော မဟာလမ်းစဉ်စွမ်းအားများ ပါဝင်နေ၏။ ထိုနတ်တံတိုင်းသည် မည်မျှ တောင့်တင်းသည်ကို သူတို့ သိလိုသည်။

“မင်းတို့ အရင်လှုပ်ရှားပါ” ရှောင်းမုက ညွန်ကြားသည်။ တခြားလူများက ခေါင်းညိတ်ကြ၏။ သူသည် နတ်ဆိုးအင်ပါယာ၏တပည့်ဖြစ်ကာ တခြားလူများထက် တနည်းအားဖြင့် အဆင့်အတန်းမြင့်မားပြီး ပို၍ သန်မာပေသည်။ သူက တခြားလူများကို ညွန်ကြားခွင့်ရှိသည်မှာ မေးခွန်းထုတ်ရန် မလိုပေ။

တိုက်ခိုက်မှုများသည် ထိုနတ်တံတိုင်းများထံသို့ အဆက်မပြတ် ကျဆင်းလာသည်တွင် ရုတ်တရက် ဖျက်ဆီးအားတစ်ခု ပေါက်ကွဲထွက်လာပြီး နံရံများကို တုန်ခါစေသည်။ ၎င်းသည် ပထမတကြိမ် စိန်ခေါ်မှုထက် အားကောင်းသည်မှာ ထင်ရှား၏။

ထိုလူများ တိုက်ခိုက်နေကြစဉ်မှာပင် ရှောင်းမု၏နတ်ဆိုးဓားသည် စတင်လှုပ်ရှားပြီး အားနည်းလာသော နေရာအား ရှာဖွေ တိုက်ခိုက်သည်။ ချက်ချင်းပင် နတ်တံတိုင်းတွင် အက်ကြောင်းတစ်ခု ဖြစ်လာပြီး အတွင်းသို့အထိ ပျံ့နှံ့သွားသည်။

“အဲဒီနေရာကို ဆက်ပြီးတိုက်…” ရှောင်းမုက ပြောသည်။ ချက်ချင်းပင် တခြားသော တန်ခိုးရှင်များကလည်း အက်ကြောင်းထင်လာသော နေရာအား အပြင်းအထန် တိုက်ခိုက်ကြ၏။

ကောင်းကင်နတ်ဆိုး ဒုတိယခုတ်ချက်သည် အားကောင်းစွာ ကျဆင်းလာခဲ့ပြန်ကာ တံတိုင်း၌ အက်ကြောင်းသည် ပိုမိုကြီးမားလာခဲ့သည်။ အက်ကြောင်း၏ဘေးတွင်လည်း အက်ကြောင်းငယ်များသည် ပင့်ကူအိမ်များကဲ့သို့ ဖြစ်ပေါ်လာတော့သည်။

ဝုန်း…

ဧရာမဓားပြားကြီးသည် ကောင်းကင်ကို အုပ်မိုးလျှက် ကျဆင်းလာသည်။ အုန်းခနဲ မြည်သံနှင့်အတူ နတ်တံတိုင်းသည် ပြင်းထန်စွာ တုန်ခါသွား၏။

ခရက်… ခရက်…

အဆက်မပြတ် အက်ကွဲသံများကြားရကာ နတ်တံတိုင်းထံမှ အက်ကြောင်းများသည် ပိုမိုများပြားလာခဲ့သည်။ ထိုစဉ် ရှောင်းမု၏ကောင်းကင်နတ်ဆိုး တတိယခုတ်ချက် ရောက်လာ၏။ နောက်ဆုံးတွင် နတ်တံတိုင်းသည် အပိုင်းပိုင်းအစစ အဖြစ်သို့ ပြိုကွဲပျက်စီးသွားတော့သည်။

“ကြမ်းလိုက်တဲ့ ခံစစ်ပဲ” ရီဖူရှင်းက တိတ်တဆိတ် ချီးကျူးသည်။ တန်ခိုးရှင်ကိုးဦး၏တိုက်ခိုက်မှုကြောင့် မဟုတ်လျှင် ထိုနတ်တံတိုင်းများ၏မာကျောမှုအရ အလွယ်တကူ ပျက်စီးသွားမည် မဟုတ်ပေ။ ရှောင်းမုကဲ့သို့သော သူသည်ပင် အတော်အားထုတ်ယူခဲ့ရသည်။

ရီဖူရှင်းက သူတစ်ယောကတည်းအားဖြင့် ထိုသို့ လုပ်နိုင်မည် မဟုတ်ကြောင်း ကောက်ချက်ချမိသည်။ ထိုတန်ခိုးရှင်ကိုးဦး ဖွဲ့စည်းထားသော တိုက်ပွဲဝင်္ကပါသည် အလွန်အားကောင်း၏။

နတ်နံရံများ ပြိုလဲသွားသည်တွင် တန်ခိုးရှင်ကိုးဦးသည်လည်း ထိုနေရာတွင်ပင် ဆက်ရပ်နေကြသေး၏။ ရှေးဟောင်းနတ်ဘုရားအလား ပုံရိပ်များသည် ဧရာမကြီးမားလာခဲ့ကာ ကောင်းကင်တခွင်လုံးကို ဖုံးအုပ်လာသည်။

ထိုမြင်ကွင်းကိုကြည့်ကာ လူတိုင်းက အံ့အားသင့်ကြသည်။ ရှေးဟောင်းနတ်ဘုရားပုံရိပ်ကိုးခုသည် အချင်းချင်း ပေါင်းစပ်လာကြ၏။ သူတို့၏ဧရာမခန္ဓာများသည် ကောင်းကင်တစ်ခုလုံးကို သူတို့၏အသွေးအသားများကဲ့သို့ ချိပ်ပိတ်လာခဲ့ကြသည်။

လူအများအပြား၏စိတ်နှလုံးများ တုန်ခါသွားကြသည်။ သူတို့၏ခံစစ်သည် မည်မျှ သန်မာလိုက်သနည်း။

ရှောင်းမုနှင့် တခြားတန်ခိုးရှင်များက သူတို့၏အာရုံကို လေထဲမှ ရှေးနတ်ဘုရားကိုးပါးထံသို့ ပို့လိုက်ကြသည်။ မဟာလမ်းစဉ်စွမ်းအားများသည် တဖန် စုစည်းလာခဲ့ကာ ကောင်းကင်နတ်ဆိုးဓားသွားသည်လည်း တစ်လက်လက် တောက်ပနေသည်။

စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များ၏ခံစစ်မှာ သူတို့၏တိုက်ခိုက်မှုကို လျစ်လျူရှုရလောက်အောင် အားကောင်းမည်ဟု မယုံကြည်ပေ။

“တချိန်တည်းမှာ လှုပ်ရှားမယ်” ရှောင်းမုက ပြောသည်။ ရုတ်တရက် သူက ရှေးဟောင်းနတ်ဘုရားတစ်ပါးကို စတင်တိုက်ခိုက်သည်။ ကောင်းကင်နတ်ဆိုး စတုတ္ထခုတ်ချက် ထွက်ပေါ်လာသည်။ ၎င်းခုတ်ချက်သည် လေထုကိုပါ လှိုင်းထန်စေလျှက် တစ်ဘက်ပုံရိပ်ထံသို့ ဦးတည်သွားသည်။

သူကဲ့သို့ပင် တခြားသော တန်ခိုးရှင်များကလည်း စတင်တိုက်ခိုက်ကြသည်။ တစ်ယောက်စီက ရှေးဟောင်းနတ်ဘုရားတစ်ပါးစီကို ရွေးချယ်ကာ တိုက်ခိုက်ကြ၏။ ထိုအခိုက်တွင် လေထဲတွင် အဆက်မပြတ်သော ပေါက်ကွဲမှုများ ဖြစ်ပေါ်လာတော့သည်။

ပြင်းထန်သော တိုက်ခိုက်မှုများသည် ရှေးနတ်ဘုရားများထံသို့ အဆက်မပြတ် ကျဆင်းလာ၏။ ရှောင်းမု၏ဓားပြားစွမ်းအားသည် အလင်းတံတိုင်းကို ဖောက်ထွင်းသွားဟန်ရကာ ရှေးနတ်ဘုရားများထံသို့ ဦးတည်သွားသည်။

ဘန်း… ဘန်း… ဘန်း…

သို့သော်လည်း စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များ ဖန်တီးထားသော ရှေးနတ်ဘုရားပုံရိပ်များသည် မည်သည့်အထိအခိုက်မှ မရှိဘဲ မားမတ်စွာ ရပ်နေကြဆဲဖြစ်သည်။

“ဒါ…” ရီဖူရှင်းအပါအဝင် တန်ခိုးရှင်များအားလုံး ဆွံ့အသွားကြသည်။ ဤသို့ ရုပ်ခန္ဓာစွမ်းအား…။

တိုက်ခိုက်မှုများက မည်မျှ ပြင်းထန်ကြောင်း ရီဖူရှင်း ခံစားမိသည်။ ရှောင်းမု၏တိုက်ခိုက်မှုကို ခံရသော ပုံရိပ်သည် အနည်းငယ်တော့ ထိခိုက်သင့်၏။ သို့သော်လည်း ထိုပုံရိပ်များမှာ ကျောက်ဆောင်များအလား ခိုင်ခံ့စွာ ရပ်နေကြသည်။

သူတို့၏ရှန်းယိကုန်းမြေကို ကာကွယ်ခြင်း အရေးတွင် အဓိက ဂရုစိုက်ရသည်မှာ ခံစစ်ဖြစ်သည်။

သို့သော်လည်း ဤသို့သော ရုပ်ခန္ဓာသန်မာမှုမှာ တိုက်ပွဲအတွင်း အလွန်ထိရောက်ကာ ကြောက်စရာ ကောင်းပေသည်။ ဤသို့သောလူတစ်ဦးက သာမန်အဆင့်တူရန်ဟောင်တစ်ပါးကို မျက်လုံးတမှိတ်အတွင်း သတ်ဖြတ်နိုင်သည်မှာ သံသယဖြစ်စရာမလို။ သူတို့၏ရုပ်ခန္ဓာသန်မာမှုသည် ရှောင်းမုအောက် မနိမ့်ပေ။

ရှောင်းမု၏ရုပ်ခန္ဓာကျင့်ကြံစနစ်သည် နတ်ဆိုးအင်ပါယာ၏ နတ်ဆိုးမိစ္ဆာပညာရပ်ဖြစ်သည်။

“နောက်တစ်ကြိမ်…” ရှောင်းမု၏မျက်လုံးများ စူးရှသွားကာ ညွန်ကြားလိုက်သည်။ သူက ပိုမိုအားကောင်းသော နတ်ဆိုးစွမ်းအားများကို စုစည်းကာ ကောင်းကင်နတ်ဆိုး၏ပဥ္စမခုတ်ချက်အား ထုတ်ဖော်လိုက်သည်။ ၎င်းစွမ်းအားသည် မိုးကောင်းကင်ကိုပင် သိမ့်သိမ့်တုန်သွား၏။ သူက ထိုတံတိုင်းကို မဖျက်ဆီးနိုင်ဟု မယုံကြည်ပေ။

ထိုအခိုက်တွင် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များသည် တပြိုင်နက်တည်း လက်ဟန်သင်္ကေတချို့အား ပြုလုပ်လိုက်ကြသည်။ ရုတ်တရက် ပိုမိုများပြားသော ရှေးနတ်ဘုရားများ ပေါ်လာခဲ့ကာ မမြင်ရသော အသံလှိုင်းများသည် လေဟာနယ်ထဲ ပျံ့လွင့်လာသည်။ အားလုံးက အလွန်လေးလံသော ဖိအားကို ခံစားကြရသည်။

ကြည့်ရသည်မှာ ရှောင်းမုသည်ပင် စွန့်ပစ်ခံကလန်၏ဝင်္ကပါကို ဖျက်ဆီးရန် မဖြစ်နိုင်ပေ။ ရီဖူရှင်းက တွေးလိုက်သည်။ သူတို့ကား အလွန်သန်မာလွန်းသည်။

သိသာစွာပင် ရှောင်းမု၏ပဥ္စမရိုက်ချက် ကျဆင်းလာသည့်တိုင်၊ တခြားသော တန်ခိုးရှင်များ၏ပူးပေါင်းတိုက်ခိုက်မှုများ ကျဆင်းလာသည့်တိုင် တံတိုင်းသည် ကြံ့ကြံ့ခံနေသးသည်။

စွန့်ပစ်ခံကလန်မှ စွမ်းအားမြင့်တန်ခိုးရှင်များအားလုံးသည် အဝေးတွင်ရပ်ကာ တိုက်ပွဲအား ငြိမ်သက်စွာ ကြည့်နေကြသည်။ စွန့်ပစ်ခံကလန်မှ ရွေးချယ်ထားသော လူကိုးဦးမှာ သာမန်မဟုတ်ပေ။ သူတို့၏ ကျောက်ဆောင်ဝင်္ကပါမှာ အလွယ်တကူ ပျက်စီးမသွားနိုင်ပေ။

All Chapters