← Chapters

အပိုင်း( ၅၁၅)

Vol. 35 Ch. 515

အပိုင်း( ၅၁၅)

Vol. 35 Ch. 515

“ငါအရင်က ဒါကို သတိမထားမိခဲ့ဘူး. အခုငါစဉ်းစားကြည့်မှ   ဧကရာဇ် ကျိုးယိုရဲ့ပုံတူပန်းချီက မျက်နှာထားနဲ့ညှို့ဓာတ်က နင်နဲ့တော်တော်လေးကိုဆင်တူတာပဲ”

ဤကောင်မလေးက သူ၏ ယခင်ဘဝကပုံတူပန်းချီကား

ချပ်အားမြင်ဘူးလိမ့်မည်ဟု ရှစ်ဖုန့်မမျှော်လင့်ထားခဲ့ပေ။  ထိုထက်ပိုသည်ကား   သူ၏ မျက်နှာထားနှင့်ဆွဲဆောင်နိုင်မှုက

လက်ရှိသူနှင့် အရမ်း ဆင်တူနေသည်ဟုသူမပြောနိုင်ခြင်းဖြစ်သည်။

ထိုပုံတူပန်းချီကြောင့်များဖြစ်နေမည်လော။

ကမ္ဘာပေါ်၌အစွမ်းထက်ဆုံးပုဂ္ဂိုလ်ဖြစ်သော ဧကရာဇ်ကျိုးယို၏  ရုပ်ထုများနှင့်ပုံတူပန်းချီများစွာရှိသည်ဖြစ်သည်။ သို့သော် မျက်နှာထားအမူအယာများနှင့်ညှို့

ဓာတ်တို့ပါရှိသော  တစ်ခုက သူ့အတွက် ပန်းချီဆရာ ထျန်းလျန်ဇီဆွဲပေးခဲ့သော  ပုံတူပန်းချီပင်ဖြစ်၏။

ရှစ်ဖုန့်က ကျိမို့အားပြုံး၍ပြောလိုက်သည်။

“တကယ်တော့ငါက ဧကရာဇ်ကျိုးယိုပဲ. ပြန်လည်ဝင်စားလာခဲ့တာ”

“ဟမ့်”

ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် ကျိမို့က  အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။ သူမ၏မျက်နှာထက်၌အအထင်

သေးမှုတို့ဖြင့်ပြည့်နှက်နေ၏။ သူမကပြောလိုက်သည်။

“ငါကနင့်ကို ဧကရာဇ်ကျိုးယိုနဲ့တူတယ်ပဲပြောတာ.. နင်ကတကယ်ကြီး သူလို့ထင်နေတာပဲ”

ဧကရာဇ်ကျိုးယိုကအံ့ဖွယ်ကောင်းပြီးတော့ သူ့ရဲ့အမိန့်အောက်မှာ  တစ္ဆေစစ်သည်တွေသန်းနဲ့ချီရှိတယ်..ဘာလို့သူကငါလိုကောင်မလေးနဲ့ ပြေးလွှားပြီးတော့ နတ်ဆိုးသားရဲတစ်ကောင်ကြောင့်

သေလုနီးပါးဖြစ်သွားရမှာလဲ..ဘာလို့သူက ဒီဂူထဲမှာထိုင်နေပြီးတော့ ငါလိုကောင်မလေးနဲ့စကား

စမြည်ပြောနေရမှာလဲ”

“သူကပြန်လည်ဝင်စားလာတာ. သူ့ရဲ့အရင်ကျင့်ကြံခြင်း

တွေပျောက်ကွယ်သွားတာ”

ရှစ်ဖုန့်က အမှန်အတိုင်းပြောလိုက်သည်။

“အကယ်၍ ဧကရာဇ်ကျိုးယိုသာ တကယ်ပြန်ဝင်စားရင်  သူကနင့်လိုမျိုးမဟုတ်ဖူး…

ဧကရာဇ်က အမြဲတမ်း ဧကရာဇ်ပဲဖြစ်နေမှာ. သူကတစ်ချက်တည်းနဲ့

ကောင်းကင်ကိုတောင်ပြိုအောင်လုပ်နိုင်ပြီး  မြေပြင်ကိုခွဲပစ်နိုင်တယ်..သူက အနန္တတန်ခိုးရှင်တစ်ဦးပဲ..

အရာရာကိုစွမ်းဆောင်နိုင်တယ်”

ကျိမို့ကစိတ်ကူးယဉ်ကြည့်လိုက်သည်။

ဧကရာဇ်ကျိုးယိုက ကမ္ဘာပေါ်၌ အစွမ်းအထက်ဆုံးသော

သူဖြစ်ပြီးကမ္ဘာကြီးကသူ့အား

ကိုးကွယ်ကြသည်ဖြစ်သည်။

ရှစ်ဖုန့်ကခေါင်းခါပြီးပြုံးလိုက်သော်လည်း  ဘာကိုမှပြောခြင်းမရှိပေ။

အကယ်၍  သူကတကယ်ပဲ အရမ်းစွမ်းအားကြီးမားနေခဲ့လျှင်   ဤနေရာသို့သူလိုက်ဖမ်းခံရပြီး ဤသေးငယ်သောဂူလေးအတွင်း၌ သေလုနီးပါးဖြစ်နေလိမ့်မည်မဟုတ်ချေ။

“ရှစ်ဖုန့်လေး..”

ကျိမို့က ညင်သာစွာခေါ်လိုက်သည်။

“အင်း”

ရှစ်ဖုန့်အားသူမအားကြည့်၍ ညင်သာစွာတုန့်ပြန်လိုက်သည်။

“ငါနည်းနည်းပင်ပန်းနေလို့

ငါအိပ်ချင်လာပြီ”

ကျိမို့ကပြောလိုက်သည်။

“ကောင်းပြီ”

ထို့နောက်  ကျိမို့က  ဖြည်းဖြည်းချင်းသူမခေါင်းလေးကိုငုံ့လိုက်ပြီး  သူမ၏ဒူးပေါ်မှီလိုက်သည်။

ရှစ်ဖုန့်က  ထရပ်လိုက်ပြီး  အနက်ရောင်ဝတ်ရုံတစ်ခုအား  သူ၏သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်သည်။ သူကကျိမို့ နောက်သို့ သွားလိုက်ပြီး   သူမ၏ကိုယ်အား လွှမ်းခြုံပေးလိုက်သည်။

ဤအရာများအားလုံး ပြုလုပ်ပြီးနောက်  ရှစ်ဖုန့်က  ဂူပြင်ဘက်သို့ခပ်ဖွဖွလျှောက်

လှမ်းထွက်လိုက်၏။ ဤအခိုက်အတန့်တွင်  မုန်တိုင်းကလည်းရပ်တန့်သွားပြီး  ကြမ်းတမ်းသောတောအုပ်မှာလည်း ၎င်း၏ ငြိမ်သက်မှုအားပြန်လည်ရရှိသွား၏။  သို့သော်  ၎င်းက စိုစွတ်နေဆဲဖြစ်သည်။ မုန်တိုင်းအောက်တွင် သစ်ရွက်သစ်ခတ်အကိုင်းအခတ်များက   ဘယ်ညာလှုပ်ယမ်းနေခဲ့သည်။

ရှစ်ဖုန့်က  ဂူဝင်ပေါက်၌  ရပ်နေပြီး  သူ၏ရှေ့ရှိမြင်ကွင်းအားဆိတ်ငြိမ်

စွာကြည့်နေသည်။ ခဏကြာပြီးနောက်  ရှစ်ဖုန့်က တင်ပျဉ်ခွေထိုင်လိုက်ပြီး  ကျင့်ကြံမှုအခြေအနေသို့ဝင်ရောက်လိုက်သည်။

သူကျင့်ကြံနေစဉ်အတောအတွင်းအချိန်တို့ကလျှင်မြန်စွာ  ကုန်ဆုံးသွားသည်။ ရှစ်ဖုန့်က သူကျင့်ကြံမှုမှနိုးထလာသောအခါ   ကောင်းကင်က လင်းလက်နေပြီဖြစ်၏။ နေကကောင်းကင်အမြင့် ခပ်မြင့်မြင့်၌ရှိနေပြီး ၎င်း၏အလင်းရောင်အားဖြန့်ကျတ်လျှက်  ကမ္ဘာအားနွေးထွေးမှုကိုပေးစွမ်းနေသည်။၎င်းက ဂူဝင်ပေါက်၌  တင်ပျဉ်ခွေထိုင်နေသော  ရှစ်ဖုန့်ပေါ်သို့လည်းကျရောက်နေ၏။

ရှစ်ဖုန့်က သူ၏ခေါင်းအားလှည့်၍   ဂူအတွင်းသို့ကြည့်လိုက်သည်။ မနေ့ညက ထိုကောင်မလေးကျားဖြူပေါ်၌ လဲလျောင်းနေသည်ကို သူမြင်တွေ့လိုက်ရသည်။ သူမကပယ်ပယ်နယ်နယ်အိပ်မော

ကျနေဆဲဖြစ်ပြီး ဟောက်သံခပ်သဲ့သဲ့ပင်ထွက်နေသည်။

မင်းသမီးတစ်ပါးဖြစ်သည်နှင့်အညီ ဤကောင်မလေး က အမြဲတမ်း နန်းတော်ထဲ၌ ပိုးမွေးသလိုဖူးဖူးမှုတ်အလိုလိုက် ခံထားရသည်ဖြစ်သည်။

“ရှစ်ဖုန့်လေး.ရှစ်ဖုန့်လေး”

ရှစ်ဖုန့်က အကြည့်တို့အား  ကောင်မလေး၏အဝေးသို့လွှဲဖယ်လိုက်ချိန်တွင်   ရုတ်တရက်သူမကသူ့အားခေါ်လိုက်သည်။

“ဘာဖြစ်တာပါလိမ့်”

ရှစ်ဖုန့်က သူ၏ခေါင်းအားလှည့်၍  ကျိမို့ထံကြည့်လိုက်သည်။

ကျိမို့အားရှစ်ဖုန့်ကြည့်လိုက်သောအခါတွင်   ကျားဖြူပေါ်၌လဲလျောင်း

နေသောကောင်မလေးက  အသံတိုးတိုးဖြင့်ပြောနေသည်ကို သူတွေ့လိုက်ရသည်။

“မင်းအိမ်မက်မက်နေတာလား. ..အိပ်နေရင်းယောင်နေတာလား..”

ကျိမို့အားကြည့်၍ ရှစ်ဖုန့်တီးတိုးရေရွတ်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်ကျိမို့၏အသံ

အားကြားလိုက်ရသည်။

“ရှစ်ဖုန့်လေး.. အဖြူလေးက အရမ်းကိုနာခံတတ်ပြီးသတိ္တရှိတယ်.. နောက်ကျရင် နင်သူ့ကိုကောင်းကောင်းဆက်ဆံရမယ်နော်.. နင်အဖြူလေးကိုထပ်ပြီး ရိုက်လို့မရဘူး ဟုတ်ပြီလား.. နင်ရိုက်လိုက်လို့အဖြူလေးငိုနေတာကိုတောင်ငါတွေ့ရတယ်”

ဤကောင်မလေး တကယ်အိမ်မက်မက်နေခြင်းဖြစ်သည်။ သူမအိမ်မက်မက်သည်ကား  သူကအဖြူလေးကိုရိုက်နှက်နေသည်တဲ့လော။ ပြီးတော့သူက အဖြူလေးအားသူကငိုအောင်တောင်လုပ်လိုက်သေးသည်။ သူကထိုလောက်ရက်စက်သည်လော။

ဤစကားများအားကြားပြီးနောက်  ရှစ်ဖုန့်ဆွံ့အသွားသည်။  ထို့နောက်သူမအားလျစ်လျူရှုလိုက်ပြီး  ဂူအပြင်ဘက်သို့လျှောက်လှမ်းထွက်လိုက်သည်။

သို့သော်  ရှစ်ဖုန့်ခြေလှမ်းအနည်းငယ်

လျှောက်လှမ်းပြီးနောက်တွင်   ရုတ်တရက် ရှစ်ဖုန့်၏မျက်နှထားကကြီးစွာ

ပြောင်းလဲသွားသည်။သူချက်ချင်း

ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်၏။

ကောင်းကင်ထက်တွင် ကြီးမားသောခရမ်းရောင်ပုံရိပ်ကြီးတစ်ခုပေါ်လာသည်။ ထို့နောက်ဥက္ကာခဲကဲ့သို့  “ဝုန်း”ဆိုရုတ်တရက်ကျဆင်းလာ၏။ လက်သုံးဖတ်ဖက်လို့ရလောက်သည့်အထိ လုံးပတ်ရှိသောကြီးမားသည့်သစ်ပင်ကြီးတစ်ပင်မှာ ထိုဧရာမပုံရိပ်ကြီးကြောင့်  ပေါက်ကွဲထွက်သွားပြီး  သစ်သားအပိုင်းအစအနများက  နေရာအနှံ့သို့ပြန့်ကျဲသွားသည်။

ရှစ်ဖုန့်ရှေ့သို့စိုက်ကြည့်နေသည်။ မြေပြင်ပေါ်သို့ ခြေမွဖျက်ဆီးကျရောက်လာခဲ့သောခရမ်းရောင်ပုံရိပ်မှာ   ခရမ်းရောင်နဂါးဆင်ဖြစ်သည်။  ခရမ်းရောင်နဂါးဆင်၏ကျောထက်တွင်  ခရမ်းရောင်ချပ်ဝတ်အားဝတ်ဆင်ကာ ခရမ်းရောင်လှံရှည်အား လက်အတွင်း၌ကိုင်ဆောင်ထားသော  ပုံရိပ်တစ်ခုရှိနေ၏။ ၎င်း၏မျက်နှာထားက ရေခဲတမျှ အေးစက်နေသည်။ ၎င်းမှာကျိရှောင်းကလွဲ၍ အခြားသူမဟုတ်ပေ။

ကျိရှောင်းရောက်ရှိလာခဲ့ပြီးနောက်  တွင် များစွာသော ခရမ်းရောင်  ပုံရိပ်များလည်းကောင်းကင်ထက်မှ သက်ဆင်းလာသည်။

“ဘန်း.ဘန်း..ဘန်း..ဘန်း”

စုစုပေါင်းဆယ့်သုံးယောက်ဖြစ်၏။ခရမ်းရောင်နဂါးဆင်ဆယ့်သုံးကောင်နှင့်၎င်းတို့တစ်ကောင်ချင်းစီပေါ်၌ နဂါးဆင်စီးနင်းစစ်သည်တစ်ဦးစီရှိနေသည်။တစ်ယောက်ချင်းစီက သိပ်သည်းသောသတ်ဖြတ်ခြင်းအရှိန်အဝါကိုထုတ်လွှတ်နေ၏။

၎င်းတို့က ရှစ်ဖုန့်အားအေးစက်စွာကြည့်နေသည်။

ဤနိုင်လိုမင်းထက်ပြုမူတတ်သော ပုံရိပ်ဆယ့်လေးခုရောက်ရှိလာခြင်းကြောင့်  ဤဧရိယာတစ်ဝိုက်ရှိ တောအုပ်မှာ ဖရိုဖရဲဖြစ်လာသည်။ ငှက်များနှင့်သားရဲများဦးတည်ချက်အနှံ့သို့ ပျံသန်းထွက်ပြေးသွားကြသည်။

“ဒီတစ်ကြိမ်မင်းဘယ်လိုပြေး

မလဲဆိုတာငါကြည့်ချင်သေးတယ်”

ကျိရှောင်းကရှစ်ဖုန့်အားအေး

စက်စွာစိုက်ကြည့်၍ ပြောလိုက်သည်။

ရှစ်ဖုန့်ကလည်းကျိရှောင်းကိုကြည့်လိုက်သည်။သူ၏ဘယ်လက်မှအလင်း

ရောင်တစ်ခုလက်သွားပြီး   လပြည့်ဓားကသူ့လက်အတွင်းပေါ်လာသည်။ သူ၏ညာလက်ထဲ၌ သွေးနီရောင်အလင်းလင်းလက်သွားပြီး  သွေးသောက်ဓားပေါ်လာ၏။

ဤနေသို့တစ်လျှောက်လုံး

ဤလူများလိုက်ဖမ်းနေကတည်းကရှစ်ဖု့န်က သူ၏အပြုအမူများဖြင့် ၎င်းတို့ကိုပြောခဲ့ပြီးဖြစ်သည်။  ဤအချိန်တွင်သူတို့ တိုက်ခိုက်ခြင်းကိုသာပြုလုပ်ရန်ရှိသည်။

“ငါကဘယ်လိုအကောင်ကြီးစားများလဲလို့သိချင်နေတာ..ကြယ်ခြောက်ပွင့်သူ

တော်စင်နယ်ပယ်လေးတစ်ယောက်ဖြစ်

နေတယ်. အရှင် ..သူ့ကိုကျွန်တော်အနိုင်ယူပါရစေ..လွန်ခဲ့တဲ့ရက်တော်တော်များများထဲက ကျွန်တော်မတိုက်ခိုက်ရတေ‌ော့ လက်တွေ့ကိုသေချာလေး လေ့ကျင့်ပေးမှရမယ်”

ဤအချိန်တွင် အရမ်မြင့်မြင့်ခပ်ပိန်ပိန်ဖြစ်သော ကျိရှောင်း၏နောက်ရှိစစ်သည်တစ်ဦးက အထင်သေးစွာပြောလိုက်သည်။သူက  ခရမ်းစိမ်းရောင် ဆေဘာဓားရှည်ကိုကိုင်ထားပြီး သူ၏နှာတံကကောက်ကာ လင်းယုန်ကဲ့သို့ စူးရှသော အကြည့်တစ်ခုကိုပိုင်ဆိုင်ထားသည်။

သူက ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်ဗိုလ်ချုပ်ဖြစ်သည်။

“ဟင့်အင်း”

သူ့နောက်ရှိငယ်သား၏စကားအားကြားလိုက်ရသောအခါတွင်  ကျိရှောင်းက သူ၏ဘယ်လက်အားဝေ့ယမ်းလိုက်ပြီး ငယ်သား၏အပြုအမူအား တားမြစ်လိုက်သည်။သူကပြောလိုက်၏။

“ဒီလူကိုနားလည်မှုမလွဲနဲ့..တနေ့ကတုန်းက   သူကငါ့ရဲ့တိုက်ချက်တစ်ခုကိုတားဆီခဲ့တယ်”

“ဘာ”

“ဘာ”

“ဘာကြီး”

“ဘယ်လို”

ကျိရှောင်း၏ပါးစပ်မှစကားလုံးများထွက်လာသည့်အခိုက်အတန့်တွင်  အံ့အားသင့်သော အသံများက သူ၏နောက်မှအစီအရီထွက်လာသည်။ ကြယ်ခြောက်ပွင့်သူတော်စင်

နယ်ပယ်တစ်ယောက်က ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ကျိရှောင်း၏တိုက်ခိုက်မှုအား တကယ်တားဆီးနိုင်စွမ်းရှိလိမ့်မည်ဟုသူတို့လုံးဝမထင်ထားခဲ့ပေ။ ဤသည်က ကောင်းကင်အားဆန့်ကျင်ခြင်းပင်မဟုတ်လော။

ထို့နောက်ချက်ချင်းကျိရှောင်း၏ နောက်ဆက်တွဲစကားလုံးများကသူတို့အားပို၍ပင်တုန်လှုပ်အံ့အားသင့်သွားစေသည်။

“တစ်နေ့ကတုံးက  သူကကြယ်ငါးပွင့်သူတော်စင်နယ်

ပယ်မှာပဲရှိသေးတယ်ဆိုတာကိုငါမှတ်မိတဘ်..အခု  ကြယ်ခြောက်ပွင့်သူတော်စင်

နယ်ပယ်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ငါလုံးဝမမျှော်လင့်ထားဘူး..  တစ်နေ့ကနဲ့နှိုင်းယှဉ်လိုက်ရင် သူ့ရြ့ခွန်အားက အဆင့်တစ်ခုကိုတိုးပွားလာမှာပဲ”

ဤတွင်ကျိရောင်းကရပ်လိုက်၏။သူ၏နှုတ်ခမ်းထောင့်ကတွန့်ကွေးသွားပြီ  လှောင်ပြုံးတစ်ခုပေါ်လာသည်။သူကရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကြယ်ခြောက်ပွင့်သူတော်စင်

နယ်ပယ်ဖြစ်လာပြီးတဲ့နောက် မင်းငါ့တိုက်ချက်ကိုတားနိုင်စွမ်းရှိအုံးမလားဆိုတာကိုငါကြည့်ချင်သေးတယ်”

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters