← Chapters

ချက်စ်ကစားတဲ့ လူအိုကြီး

Vol. 2 Ch. 21

ချက်စ်ကစားတဲ့ လူအိုကြီး

Vol. 2 Ch. 21

အခန်း (၂၁) ချက်စ်ကစားတဲ့ လူအိုကြီး

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1694921698268-402x1024.jpg

ယခု ဟန်ရှောင်းသည် ဂျာမီနယ်အဖွဲ့အစည်းမှ လွတ်မြောက်လာပြီးနောက်၊ ပို၍သန်မာလာရန် လိုအပ်သည့် အရင်းအမြစ်များအတွက် အသုံးပြုခွင့် မရှိတော့ပေ။ နိုင်ငံ၆နိုင်ငံကို ပူးပေါင်းခြင်းက ထိုအခက်အခဲကို ဖြေရှင်းနိုင်သည်။

ဟန်ရှောင်း၏စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိပြီးသားဖြစ်သည်။

"Galaxy" တွင်၊ အနောက်ပိုင်းမြို့တော်ထဲတွင် ဖုံးကွယ်ထားသော "လျှို့ဝှက်တွေ့ဆုံမှု" တစ်ခုရှိသည်ဟု ကျော်ကြားသည်။

ဟန်ရှောင်းသည် မထင်ရှားသော လမ်းကြားလေးအတွင်းတွင် မမြင်ရအောင် ဖုံးကွယ်ထားသည့် ဝပ်ရှော့တစ်ခု၏ ဝင်ပေါက်သို့ ရောက်လာသည်။ ဝပ်ရှော့မှာ နာမည်မရှိပေ၊ သို့သော် အမှတ်တံဆိပ်အနေနှင့် ဂွပုံစံ တစ်ခုရှိသည်။

ဒီ"လျှို့ဝှက်တွေ့ဆုံမှု"က ဒီဘဝမှာ ငါ့အတွက်ပဲ။

အဝင်ဝတွင် ချက်စ်စားပွဲခုံ တစ်ခုံရှိသည်။ လောလောဆယ်တွင် လူအိုကြီး၂ယောက်က ကစားနေကြသည်။

သူတို့၂ယောက်၏ အသွင်အပြင်သည် တစ်ယောက်ကိုတစ်ယောက် မြင်သာထင်သာရှိစေသည်။ အရပ်ပိုပုသော လူအိုကြီးက ပါးသိုင်းမွှေးနှင့်ဖြစ်ပြီး ရှည်လျားရှုပ်ထွေးသည့် ဆံပင်နှင့်ဖြစ်သည်။ အရပ်ပိုရှည်သော လူအိုကြီးက ဣန္ဒြေသိက္ခာကြီးမားသည့်ပုံပေါက်သည်။ ၂ယောက်လုံးသည် ချက်စ်စားပွဲကို စူးစိုက်၍ ကြည့်နေကြသည်။

အရပ်ရှည်သော လူအိုကြီးတွင် လက်တစ်ဖက်မရှိကြောင်း ဟန်ရှောင်းသတိပြုမိသည်။

၂ယောက်လုံးက ဟန်ရှောင်း ဝပ်ရှော့အတွင်းသို့ ဝင်လာသည့်အခါ အနည်းငယ် အာရုံစိုက်လိုက်သည်။

ဟန်ရှောင်းက ချက်စ်စားပွဲကို တစ်ချက်ကြည့်လိုက်၏။ သူတို့သည် "Go" ဆိုသည့် ဂိမ်းကို ကစားနေကြဟန်တူသည်။

ရုတ်တရက် ထိုဂိမ်းသည် "Go" မဟုတ်မှန်း သတိပြုမိသွားသည်။ အဲဒါသည် ငါးခုတန်းဂိမ်းဖြစ်သည်။

ခင်ဗျားတို့၂ယောက်လုံးက ဘာလို့ ဒီလောက် အလေးအနက်ကြီး ဖြစ်နေရတာလဲ။

အမျိုးသမီးတစ်ယောက် ဝပ်ရှော့အတွင်းမှ ထွက်လာသည်။

"မင်းမှာ ပြင်စရာ တစ်ခုခု ရှိလို့လား။"

သူမသည် ဖြူစင်သော အသားအရေ၊ နီမြန်းသောပါးနှင့် အရပ် ၁.၆၅ မီတာခန့် ရှိသည်။ ဆံပင်ကို အနက်ရောင်ပင်ထိုးဖြင့် ညှပ်ထားပြီး အနက်ရောင် ဘောင်းဘီတိုနှင့် အနက်ရောင်အင်္ကျီကို ၀တ်ထားသည်။ သူမကို ရင်သပ်ရှုမောဖွယ် အလှတရားဟု မခေါ်ဆိုနိုင်သော်လည်း လွန်စွာ ချစ်စရာကောင်းသော မျက်နှာထားရှိသည်။ သူမသည် နူးညံ့သိမ်မွေ့သော မျက်လုံးများနှင့် နွေးထွေးသော အပြုံးကို ပိုင်ဆိုင်ထားသော အိမ်နီးချင်းမိန်းကလေး တစ်ယောက်လိုပင်။ သူမသည် အသက်နှစ်ဆယ်ကျော်အရွယ်ဟု ထင်ရသည် — ဟန်ရှောင်း၏ စိတ်ကြိုက် အသက်အရွယ်ပင်။

အသက် ၂၀အရွယ် အမျိုးသမီးက မက်မွန်သီးနှင့် နှိုင်းယှဉ်နိုင်သည် - ကြည့်လို့ကောင်းသော်လည်း မရင့်မှည့်သေးပေ။

အခြားတစ်ဖက်တွင်တော့၊ အသက် ၃၀အရွယ်တွင် စပျစ်သီးနှင့်တူ၏။

သေချာတာပေါ့၊ အရာအားလုံးဟာ ကိုယ့်အကြိုက်နဲ့ကိုယ်ပဲ။

အသက် ၄၀ အရွယ်တွင်...

ဟမ်၊ အသက် ၅၀ဆိုရင်ရော ???

အသက်၅၀ဆိုရင် အသီးတွေနဲ့ နှိုင်းလို့မရတော့ဘူး၊ အာလူးတွေဖြစ်သွားပြီ။

“ဒီမှာ အလုပ်သင် လိုအပ်သလား သိပါရစေ။” ဟန်ရှောင်းက မေးလိုက်သည်။

အကြောင်းကြောင်းကြောင့်၊ သူ၏စကားကိုကြားပြီး အမျိုးသမီးမှာ အလွန်ပျော်သွားဟန်တူသည်။ ဟန်ရှောင်း၏ တံတောင်ဆစ်ကို ကိုင်၍ အထဲသို့ ဆွဲခေါ်လိုက်သည်။ ဟန်ရှောင်းစိတ်ပြောင်းသွားမှာ စိုးရိမ်နေသည့်ပုံပင်။

“ဝင်လာပါ၊ မြန်မြန်။ မင်းအအေးမိနေဦးမယ်။”

ဟန်ရှောင်းက ကျဲကျဲတောက်ပူနေသည့် နေကို မော့ကြည့်ကာ အအေးမိဦးမယ်ဆိုသည့် စကားသည် ဒီမှာ အပူရှပ်တာကို ပြောချင်တာလားဟု တွေးမိနေသည်။

ဝပ်ရှော့ကို အနက်ရောင်နှင့် အဖြူရောင်ဆေးများ သုတ်ထားပြီး၊ ဒုတိယထပ်လည်း ရှိ၏။

ပထမထပ်သည် လုပ်ငန်းခွင်ဧရိယာဖြစ်ပြီး အတော်လေးကျယ်ဝန်းသော ဧရိယာဖြစ်သည်။ ကိရိယာမျိုးစုံနှင့် စက်ယန္တရားများ တပ်ဆင်ထားသော ယာဉ်ပလပ်ဖောင်းများနှင့် အလုပ်ခုံများ အများအပြားရှိသည်။ Han Xiao သည် အလုပ်ခုံများပေါ်ရှိ အပြစ်အနာအဆာများမှ ၎င်းတို့သည် အတော်လေးဟောင်းနေပြီဟု ပြောနိုင်သည်။ သတ္တုမျိုးစုံနှင့် အပိုပစ္စည်းမျိုးစုံဖြင့် နံရံဘက်တွင် သတ္တုစင်များ တန်းစီလျက် ရှိနေသည်။

"ငါ့နာမည်က လူချမ်း၊ ငါကဒီမှာ ‌သူဌေးပဲ။ မင်းငါ့ကို အစ်မချမ်လို့ ခေါ်လို့ရတယ်။" အမျိုးသမီးက မိတ်ဆက်သည်။

"အစ်မချမ်" ဟန်ရှောင်းက နှုတ်ဆက်လိုက်၏။ ထို့နောက် သူက "ကျွန်တော် ဒီမှာ အလုပ်သင်အဖြစ် လုပ်ချင်ပါတယ်၊ အလုပ်လုပ်ဖို့ ဘာလိုအပ်ချက်များ ရှိသလဲခင်ဗျ။" ဟု မေးလိုက်သည်။

"မင်းရဲ့အကြောင်း အရင်ပြော။" လူချမ်း က ပြန်ပြောသည်။ ဟန်ရှောင်းအပေါ် သူမ၏ ပထမဆုံးအမြင်က ကောင်းနေသည်။ သူမက သူ၏ မျက်လုံသေများကို သဘောကျနေ၏ - ထိုအရာက ဟန်ရှောင်းကို လူပျင်းတစ်ယောက်နှင့် တူစေသည်။

သူက လစာနည်းနည်းနဲ့ ကျေနပ်‌လောက်မှာပါ၊ သူမတွေးနေမိသည်။

"ကျွန်တော်က အဝေးကလာခဲ့တာ၊ နာမည်က ဟန်ရှောင်ပါ။ အသက် ၂၁နှစ်ရှိပြီး၊ ကျွန်တော့်မှာ အခြေခံယန္တရားကျွမ်းကျင်မှု ရှိပါတယ်။ ကျွန်တော့်ကို နည်းပညာရှင်ဟန်လို့ ခေါ်လို့ရပါတယ်။

နည်းပညာရှင်ဟန်... လူချမ်း၏ မျက်နှာတွင် ဇဝေဇဝါပုံစံ ပေါ်လာသည်။

"အဝေးက... မင်းက အနောက်ပိုင်းမြို့တော်ကျောင်းက ကျောင်းသားတစ်ယောက် မဟုတ်ဘူးလား။"

အနောက်ပိုင်းမြို့တော်ကျောင်းသည် လက်ရွေးစင်ကျောင်းတစ်ခုဖြစ်ပြီး၊ ရွေးချယ်ခံရသူ အနည်းငယ်သာ တက်ရောက်ခွင့်ရသည်။ ထိုကျောင်းတွင် အထူးသင်ရိုးတစ်ခုကို သင်ကြားသည်။ ထိုအထူးသင်ရိုးသည် ရေပင်လယ်ဂြိုလ်က ကြင်စင်စုလူမှုအဖွဲ့များမှတစ်ဆင့် ရရှိထားသော ဗဟုသုတများကို အခြေခံထားခြင်းဖြစ်သည်။ ထိုကျောင်းတွင်၊ ကျောင်းသားများကို တိုက်ခိုက်ရေးနှင့် ယန္တရားပညာများ သင်ကြားပေးကြသည်။ ကျောင်းမှ ဘွဲ့ရသူအများအပြားသည် ကြယ်နဂါးနိုင်ငံတွင် အရေးပါသောသူများ ဖြစ်လာကြသည်။

သို့သော်လည်း၊ လူတစ်သောင်းတွင်မှ တစ်ယောက်သာ စူပါပါဝါကို ပိုင်ဆိုင်နိုင်ကြပြီး၊ လမ်းညွှန်ချက်များ ရရှိခြင်းသည် စူပါပါဝါများကို နှိုးထရန် လွယ်ကူသွားသည်ဟု ပြော၍မရပေ။

"ကျွန်တော်က အခြေခံယန္တရားသီအိုရီတွေလောက်ပဲ သင်ယူခဲ့တာပါ။" ဟန်ရှောင်းက နှိမ့်ချစွာ ပြန်ပြောလိုက်သည်။

"ဒါက သနားစရာပဲ..." လူချမ်းက ညည်းညူလိုက်သည်။

"ဆောရီး၊ ငါအဲ့လို ပြောချင်တာ မဟုတ်ပါဘူး။"

သူမက ထပ်ဖြည့်၍ပြောလိုက်သည်။

"ရပါတယ်"

"ဘယ်လိုပဲဖြစ်ဖြစ်၊ ငါနင့်ကို စမ်းသပ်ဖို့လိုတယ်။ ငါ့မှာ အကူအညီတစ်ယောက် လိုတယ်၊ ဒါပေမယ့်၊ မင်းက ငါရဲ့ လိုအပ်ချက်တွေကို ပြည့်မှီဖို့ လိုသေးတယ်။"

လူချမ်းက ဟန်ရှောင်းကို စမ်းသပ်ရန် ပြစ်ချက်ရှိနေသည့် အိမ်အသုံးအဆောင်ပစ္စည်းတစ်ခုကို သွားယူလိုက်သည်။ ဟန်ရှောင်းမစခင်မှာပင်၊ အရပ်ပုပု လူအိုကြီးက ရုတ်တရက်ပြောလိုက်၏။

"ကလေး၊ မင်းဘာကြောင့် ဒီကိုလာတာလဲ။"

လူချမ်းက မျက်မှောင်ကြုံရင်း ဇဝေဇဝါဖြစ်သွားသည်။ ဒါက အလုပ်ရှာဖို့ပဲ မဟုတ်ဘူးလား။

ဟန်ရှောင်းက လူအိုကြီးကိုကြည့်၍ ပြန်ဖြေလိုက်သည်။

"ကျွန်တော် အလုပ်တစ်ခု လာရှာတာပါ။"

အကြောင်းတစ်ချို့ကြောင့်၊ သူ၏အဖြေက လူအိုကြီးကို စိတ်ဆိုးသွားစေပြီး၊ သူက ချက်စ်စားပွဲကို လှန်ပစ်လိုက်သည်။

"ငါက ဒီဝပ်ရှော့ရဲ့ ပိုင်ရှင်ပဲ။ ငါစစ်ဆေးတာအောင်ရင်၊ မင်းကို နေခွင့်ပြုမယ်။"

"ဝေ့၊ အဘိုးကြီးလူ၊ မင်းက အရှုံးသမားလို လုပ်ပြန်ပြီ။"

အရပ်ရှည်ရှည်နှင့် အဖိုးကြီးက ပေါက်ကွဲသွားသည်။

"ငါ့မှာ အရေးတကြီး လုပ်စရာရှိတယ်။"

အဘိုးကြီးလူက ချက်ကျလက်ကျ ပြန်ပြောသည်။

"အရှက်ကို မရှိဘူး။"

အရပ်ရှည်ရှည် အဘိုးကြီးက စိတ်တိုစွာ ပြန်ပြောလိုက်သည်။

အခန်း (၂၁) ပြီး၏။

လင်းဆက်

All Chapters