← Chapters

တိုက်ပွဲအတွက် ဖိတ်ခေါ်ခြင်း

Vol. 164 Ch. 2332

တိုက်ပွဲအတွက် ဖိတ်ခေါ်ခြင်း

Vol. 164 Ch. 2332

တန်ခိုးရှင်များအားလုံးက စကားပြောလိုက်သူကို ကြည့်လိုက်ကြ၏။ သူသည် ရှေ့ကို တက်လာပြီးမှတော့ ကျောက်ဆောင်ဝင်္ကပါအား ချိုးဖျက်လိုသည်မှာ ထင်ရှား၏။ သူက ဝင်္ကပါကို ဖျက်ဆီးရန် အတူတိုက်ခိုက်မည့်လူများကိုလည်း စိတ်ကြိုက်ရွေးချယ်လိုသည်။ သူသည် ကျောက်ဆောင်ဝင်္ကပါအား အလွန်အလေးထားကာ သူ၏ရည်ရွယ်ချက် အစစ်အမှန်သည် သိသာနေပေ၏။

သူသည် နန်ထျန်းကုန်းမြေ ရှေးနတ်ဘုရားကလန်မှ တန်ခိုးရှင် ဖြစ်သည်။ သူသည် ထူးခြားသော စွမ်းရည်များဖြင့် တည်ရှိမှုတစ်ခု ဖြစ်သည်။

သူသည် မိမိသဘောအလျောက် ရှေ့ကို တက်လာသော တန်ခိုးရှင်တစ်ဦးအား ငြင်းပယ်ခဲ့၏။ ထိုလူမှာ သူနှင့် ယှဉ်တွဲတိုက်ပွဲတွင်ရန် မလုံလောက်ဟု ယူဆသည်။ သို့ဆိုလျှင် သူသည် သူနှင့်အဆင့်တူဟု ယူဆသောသူများကို ရွေးချယ်တန်ရာ၏။ သူသည် ကောင်းကင်ဒေသမှ အတော်ဆုံးပုဂ္ဂိုလ်များကို ရွေးချယ်လိုသည်လား။

ထိုသို့ဆိုလျှင် ကျောက်ဆောင်ဝင်္ကပါအား ချိုးဖျက်ရန်မှာ အမှန်တကယ် ဖြစ်နိုင်ပေသည်။

ယခု ရောက်လာသူများထဲတွင် ကောင်းကင်ဒေသမှ တန်ခိုးရှင်များမှာ အမှန်တကယ် အသန်မာဆုံး ဖြစ်သည်။ မည်သို့ဆိုစေ မူလဘုံသည် ကောင်းကင်ဒေသ၏လက်အောက်ခံနယ်မြေတစ်ခုဖြစ်ကာ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုတိုင်းက တခြားဘုံများထက် ပိုမိုလွယ်ကူစွာ လာရောက်နိုင်ကြသည်။ ကောင်ကင်ဒေသမှ ၁၈ခုသော ကုန်းမြေတို့မှ အင်အားစုတိုင်း လာရောက်လာခြင်းက သူတို့၏အင်အားကို တခြားဘုံများထက် အဆမတန် သာလွန်စေသည်။ ထို့ကြောင့် ကုန်းမြေ ၁၈ခုမှ အတော်ဆုံးသော လူကိုးဦးကို ရွေးချယ်ခြင်းက အမှန်ပင် မှန်ကန်သင့်တော်ပေသည်။

ဝတ်စုံဖြူလူငယ်၏အကြည့်က တစ်နေရာသို့ ရောက်လာသည်။ ထိုနေရာတွင် ရွှေရောင်တဝင်းဝင်းတောက်ပစွာ ရပ်နေကြသော လူတစ်စု ရှိ၏။ အမြင်အားဖြင့် ဆန်းကြယ်သော်လည်း သူတို့၏ရုပ်ရည်မှာကား အသင့်အတန့်သာ ဖြစ်သည်။ သို့သော်လည်း သူတို့က ငြိမ်သက်စွာ ရပ်နေသည့်တိုင် လှုပ်ယမ်းမရနိုင်သော ခံစားချက်အား ပေးသည်။ သူတို့၏အရှိန်အဝါများသည် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးကဲ့သို့ သန်မာအားကောင်းသည်။

တန်ခိုးရှင်များ၏အကြည့်က သူတို့ထံသို့ ရောက်လာသည်။ ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများသည် ကောင်းကင်ဒေသမှ အင်အားစုများနှင့် သိပ်ရင်းနှီးခြင်း မရှိချေ။ သို့သော်လည်း ကောင်းကင်ဒေသတွင်ကား အင်အားစုအချင်းချင်းသည် အနည်းနှင့်အများ သိကြပေသည်။ သူတို့က ထိုလူစုကို မြင်သည်တွင် ထိုလူများသည် မည်သည့်အင်အားစု နောက်ခံကဖြစ်သည်ကို သိလိုက်ကြ၏။

သူတို့သည် ကောင်းကင်ဒေသ ကုန်းမြေ ၁၈ခုမှ ဗုဒ္ဓကုန်းမြေမှ လာကြခြင်းဖြစ်သည်။ သူတို့သည် ရှေးနတ်ဘုရားကလန်မှ ဖြစ်ကြကာ သူတို့တွင် မဟာအင်ပါယာ၏အမွေအနှစ်များ ရှိသည်။

ဝတ်စုံဖြူလူငယ်၏အကြည့်ကို ခံစားမိသည်တွင် သူတို့ထဲမှ လူတစ်ယောက် ထွက်လာသည်။ သူကလည်း တစ်ဘက်လူ၏သဘောကို နားလည်၏။ သူ၏အသားအရေမှာ ရွှေရောင် ဖြစ်သည်။ သူက ဝတ်စုံဖြူလူငယ်ကိုကြည့်ကာ ပြောသည် “ဒီလိုဆိုမှတော့ စွန့်ပစ်ခံကလန်ရဲ့ကျောက်ဆောင်ဝင်္ကပါကို ဖျက်ကြည့်ကြတာပေါ့”

ဆံပင်ဖြူလူငယ်က အနည်းငယ် ခေါင်းညိတ်သည်။ သည်တစ်ကြိမ် သူက ယွမ်ရှစ်ကုန်းမြေမှ ထိပ်သီးအင်အားစုတစ်ခုအား ကြည့်သည်။ တူညီစွာပင် နောက်ထပ် တန်ခိုးရှင်တစ်ဦး ထွက်လာ၏။ သည်တစ်ကြိမ်ထွက်လာသူကား အနည်းငို အသက်ကြီးကာ တခြားကမ္ဘာသားကဲ့သို့ အငွေ့အသက်ကို ပေးသည်။ သို့သော်လည်း မည်သူကမှ သူ့အား အထင်မသေးရဲ‌ပေ။

မှော်နက်လောက၊ နတ်ဆိုးလောက၊ လူသားဘုံနှင့် တခြားသော ဘုံများမှ လူများသည် ထိုမြင်ကွင်းကို ငြိမ်သက်စွာ ကြည့်နေကြ၏။ ကောင်းကင်ဒေသသည် ဤတစ်ကြိမ်၌ အသန်မာဆုံးသော လူစာရင်းအား စေလွှတ် တိုက်ပွဲဝင်တော့မည်ကို သိလိုက်ကြသည်။ အဆင့်ရှစ်ရန်ဟောင်များထဲတွင် သူတို့သည် အသန်မာဆုံးများ မဟုတ်သော်လည်း အကောင်းဆုံးများဖြစ်ကြသည်။ သူတို့သည် ကျောက်ဆောင်ဝင်္ကပါအား ချိုးဖျက်ရန် အခွင့်အရေး ရှိနိုင်၏။

လက်ရှိတွင် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များ၏မျက်နှာတွင်ပင် လေးနက်သော အမူအရာများကို မြင်ရသည်။ တစ်ဘက်အဖွဲ့အစည်းများ၏ စိတ်ပိုင်းဖြတ်မှုကို သူတို့ တွေ့ရသည်။ သူတို့သည် ကျောက်ဆောင်ဝင်္ကပါအပေါ် ယုံကြည်မှု ရှိသော်လည်း ရန်သူကို မည်သည့်အခါမှ အထင်မသေးရဲကြပေ။

တိုက်ပွဲဝင်ရန် ထွက်လာသော လူတစ်ယောက်ချင်းစီတိုင်းသည် စွန့်ပစ်ခံကလန်အား ဖိအားများ ဖြစ်စေသည်။ တစ်ယောက်ချင်းစီသည် ရှောင်းမုကို ယှဉ်နိုင်ကြ၏။

ဝတ်စုံဖြူလူငယ်၏အကြည့်က အင်အားစုများထံသို့ ရောက်သွားလျှင် တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ မကြာခင် ဝတ်စုံဖြူလူငယ်အပါအဝင် လူရှစ်ယောက် ဖြစ်လာသည်။

ကောင်းကင်ဒေသမှ အင်အားစုများသည် ထိုလူရှစ်ယောက်ကို အလေးအနက် ကြည့်ကြသည်။ ဤလူစာရင်းဖြင့်သာ ဝင်္ကပါအား မချိုးဖျက်နိုင်ပါက ကောင်းကင်ဒေသမှ တခြားတန်ခိုးရှင်များအနေဖြင့် မျှော်လင့်ချက် မရှိချေ။

နောက်ဆုံး တစ်ယောက် ရွေးရန် ကျန်နေပေသေးသည်။ သူက မည်သူ့ကို ရွေးမည်နည်း။

ဝတ်စုံဖြူလူငယ်၏အကြည့်က တစ်နေရာသို့ ရောက်လာသည်။ တန်ခိုးရှင်များကလည်း ထိုနေရာသို့ လိုက်ကြည့်၏။ အားလုံးက သူ ကြည့်နေသော တန်ခိုးရှင်ကိုမြင်သည်တွင် ထူးဆန်းသော အမူအရာ ပြကြသည်။ သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်ရှိနေရာသို့ ကြည့်နေခြင်းဖြစ်သည်။ သူ ကြည့်နေသူကား တူညီစွာပင် အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ ထို့အပြင် သူသည်လည်း အလွန်ချောမောခန့်ညား၏။

သူလား…

လူအများအပြားက ထူးဆန်းစွာ ကြည့်ကြသည်။ သူ၏ကျင့်ကြံဆင့်ကား အဆင့်ခုနစ်မျှသာ ရှိသေးသည်။ .နန်ထျန်းကုန်းမြေမှ ထိပ်သီးပါရမီရှင်သည် သူ့အား အမှန်တကယ် ရွေးချယ်မည်လား။

“ခင်ဗျားက မူလဘုံရဲ့ထိပ်သီးပါရမီရှင်လို့ ကြားတယ်။ ကျုပ်နဲ့အတူ တိုက်ခိုက်ဖို့ စိတ်ဝင်စားပါရဲ့လား” ဝတ်စုံဖြူလူငယ်က မေးသည်။ ထင်မှတ်ထာသည့်အတိုင်း သူက တရားဝင် ဖိတ်ကြား၏။ သူက ရီဖူရှင်းအား နောက်ဆုံးလူစာရင်းထဲ ထည့်သွားလိုသည်။

၎င်းက ရီဖူရှင်းကိုလည်း အံ့အားသင့်စေသည်။ သူ၏ကျင့်ကြံဆင့်ကား အဆင့်ခုနစ်ရန်ဟောင်မျှသာဖြစ်သည်။ ထိုလူ ရွေးချယ်ခဲ့သောလူများအားလုံးမှာ အဆင့်ရှစ်များ ဖြစ်ကြသည်။ ဝတ်စုံဖြူလူငယ်က သူ့အား အဘယ်ကြောင့် ရွေးချယ်ခဲ့သည်ကို သူလည်း နားမလည်ပေ။

သို့သော်လည်း သူ၏ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းအားသည် လုံလုံလောက်လောက် သန်မာကြောင်း သိပေသည်။ အနည်းဆုံး သူသည် ထိုလူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေနိုင်ပေ။ မည်သို့ဆိုစေ မကြာသေးခင်ကမှ သူသည် နတ်ဆိုးအင်ပါယာ၏တပည့် ရှောင်းမုအား အနိုင်ယူခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် တိုက်ပွဲ၌ ပါဝင်ရန် သေချာပေါက် အဆင့်မီပေသည်။

“သူ့ကို ရွေးတာ နည်းနည်း စောမနေဘူးလား” သည်မတိုင်ခင် ရွေးခံထားပြီးသော တစ်ယောက်က ဝေဖန်သည်။ ရီဖူရှင်းသည် မူလဘုံ၏ထိပ်သီးပါရမီရှင်များ သူသိသော်လည်း မည်သို့ဆိုစေ အဆင့်ခုနစ် ရန်ဟောင်သာ ရှိသေးသည် မဟုတ်ပါလား။

အကယ်၍ ရီဖူရှင်းသည်သာ သူတို့လို အဆင့်ရှစ် ဆိုပါက မေးခွန်းထုတ်စရာပင် မလိုချေ။ သို့သော်လည်း သူသည် အဆင့်ခုနစ်မျှသာ ရှိသေးရာ မသက်ဆိုင်သလို ဖြစ်နေသည်။ သူတို့ရှစ်ယောက်မှာ ကုန်းမြေအသီးသီး၏နာမည်ကျော် တန်ခိုးရှင်များဖြစ်ကြသည်။ သူတို့သည် မြို့တစ်မြို့ဖြစ်စေ၊ ကုန်းမြေတစ်ခုမှ ဖြစ်စေ၊ ကောင်းကင်ဒေသတစ်ခုလုံးတွင်ဖြစ်စေ အမြင့်ဆုံး၌ ရပ်တည်နေသောသူများဖြစ်ကြသည်။

အကယ်၍ အဆင့်ခုနစ် ရီဖူရှင်းသာ တိုက်ပွဲ၌ ပါဝင်ပါက သူသည် လိုက်လျောညီထွေ မဖြစ်နိုင်ပေ။

“ကျုပ်က ရန်ဟောင်ရီရဲ့စွမ်းရည်ကို ယုံကြည်တယ်” ဝတ်စုံဖြူလူငယ်က ပြောသည်။ သူ၏အမူအရာသည် သိမ်မွေ့၏။ သူက ရီဖူရှင်းအား ကြည့်ကာ အဖြေကို စောင့်ဆိုင်းနေဟန်ရသည်။

ရီဖူရှင်းကလည်း တစ်ဘက်လူကိုကြည့်ကာ စဉ်းစားနေသည်။ အတန်ကြာလျှင် သူက ခေါင်းညိတ်ကာ ပြောသည် “ကောင်းပြီ”

ထိုသို့ပြောကာ သူက ရှေ့ကို တက်သွားသည်။ သူကလည်း ကျောက်ဆောင်ဝင်္ကပါသည် မည်မျှ အားကောင်းသည်ကို သိလို၏။

သူတို့၏လက်ရှိလူစာရင်းဖြင့်ဆိုပါက ကျောက်ဆောင်ဝင်္ကပါအား ချိုးဖျက်ရန် ဖြစ်နိုင်သည်ဟု သူ ယူဆသည်။ သူ မပါလျှင်ပင် သူတို့က အောင်မြင်နိုင်လောက်သည်။

သို့ဆိုလျှင် သူ ဝင်ပါခြင်းကလည်း ပြဿနာ သိပ်မရှိနိုင်ပေ။

သူက ရှေ့ကို တက်သွားလျှင် ကောင်းကင်ဒေသအုပ်စုမှ လူများ၏အကြည့်က သူ့ထံသို့ ရောက်လာသည်။ တခြားသော တန်ခိုးရှင်ခုနစ်ယောက်မှာ မူလဘုံမှ ထိပ်သီးပါရမီရှင်းအား အနည်းနှင့်အများ စိတ်ဝင်စားကြပေသည်။ ရန်ဟောင်အဆင့်ခုနစ်မျှဖြင့် သူက တိုက်ပွဲတွင် ဝင်ပါလို၏။

သူတို့အနီးတွင် ကောင်းကင်ဒေသမှ အင်အားစုများသည် တိုက်ပွဲနေရာကို ကြည့်နေကြ၏။ သူတို့က တန်ခိုးရှင်ကိုးဦးကို ကြည့်ကြသည်။ သည်လူကိုးဦးမှာ ကောင်းကင်ဒေသ၏အတော်ဆုံးကိုးယောက် ဖြစ်သည်မှာ သေချာသလောက် ရှိသည်။ အနာဂတ်တွင် သူတို့သည် ထိပ်သီးအင်အားစုများကို ဦးဆောင်မည့်လူများလည်း ဖြစ်ကြ၏။

သည်လူကိုးဦးက စွန့်ပစ်ခံကလန်၏ဂုဏ်ယူဝင့်ကြွားရသော ကျောက်ဆောင်ဝင်္ကပါအား ချိုးဖျက်ကြမည် ဖြစ်သည်။

သည်လူစာရင်းဖြင့် သူတို့က အမှန်တကယ် အောင်မြင်ပါမည်လား။

All Chapters