← Chapters

အရည်အချင်းအသစ်

Vol. 2 Ch. 25

အရည်အချင်းအသစ်

Vol. 2 Ch. 25

အခန်း (၂၅) အရည်အချင်းအသစ်

ဝပ်ရှော့သည် သိပ်အလုပ်မများသည့်အတွက်၊ ဟန်ရှောင်းသည် သူလိုအပ်နေသော အပိုဝင်ငွေရရှိရန်အတွက် အချိန်ပိုများ ရှိနေသည်။

ကီရိုစွန့်ပစ်အမှိုက်ပုံသည်၊ စီရင်စု ၇အတွင်းရှိ အကြီးဆုံး စွန့်ပစ်ပစ္စည်းများ စုပုံရာ ‌နေရာဖြစ်သည်။ ဤနေရာတွင် အဆုံးမရှိအောင် များပြားလှသော အမှိုက်များကို နေ့စဉ်စွန့်ပစ်ကြ၏။

ဤနေရာသည် မြေအောက်လောကမှ ဘော့စ်တစ်ဦးဖြစ်သော ရက်ကွန်းကြီး၏ နယ်မြေဖြစ်သည်။ အလင်းရှိလျှင် အရိပ်ရှိသလိုပင် - ဤသည်မှာ လူအဖွဲ့အစည်းပင်ဖြစ်ပြီး - ပရမ်းပဝာာဖြစ်နေသည့် အချိန်ကာလတွင် ထိုစကားက ပို၍ မှန်ကန်၏။

အနောက်ပိုင်းမြို့တော်သည် ကြယ်နဂါးနိုင်ငံ၏ မြို့တော်ဖြစ်သော်လည်း၊ ဥပဒေလိုက်နာသူတို့အတွက် အထွဋ်အမြတ်နေရာမျိုးတော့ မဟုတ်ပေ။ အခြားနိုင်ငံမှ သူလျှိုများ ထိုးဖောက်ဝင်ရောက်နေသလို၊ ပြစ်မှုကျူးလွန်သူများ နက်ဝပ်နှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများက ပုလိပ်ရောဂါလို စွဲကပ်နေသည်။ ရက်ကွန်းကြီးကဲ့သို့ အသေးစားဘော့စ်များမှာ ကျော်ကြားသော်လည်း သူတို့သည် ‌သေချာပေါက် အဓိကကျသူများ မဟုတ်ကြပေ။

ဟန်ရှောင်းက နှာခေါင်းစည်းတပ်၍ စွန့်ပစ်အမှိုက်ပုံသို့ ဝင်လာသည့်အခါ ရက်စက်ဟန်ရှိသည့် လူရမ်းကား၂‌ေယာက်က တားလိုက်သည်။

"ကလေး၊ မင်းနေရာမှားပြီး ရောက်နေပြီ။"

ဂတုံးတုံးထားသော ကြွက်သားများနှင့် လူမိုက်က ဟန်ရှောင်း၏ လမ်းကို ပိတ်ရပ်လိုက်ပြီး သူ့ကို စိုက်ကြည့်လိုက်သည်။ သူတို့အတွက်၊ ဟန်ရှောင်းသည် သေးကွေးပြီး အနိုင်ကျင့်ရန် လွယ်ကူသောသူဖြစ်သည်။

ဟန်ရှောင်းက ဟန်မပျက်ဘဲ ပြောလိုက်၏။

"ငါရက်ကွန်းနဲ့ တွေ့ချင်တယ်။"

လူမိုက်များက ဟက်ဟက်ပက်ပက် ရယ်လိုက်ကြသည်။

"ငါတို့ မင်းနဲ့ကစားဖို့ အချိန်မရှိဘူး ကလေး၊ အိမ်က မေမေဆီ ပြန်ပြေးတော့၊ မဟုတ်ရင် မင်းခြေထောက်ကို ချိုးပစ်လိုက်မယ်။"

"ဒါက ရက်ကွန်း သူ့ခွေးတွေကို သင်ထားတဲ့ ပုံစံလား။"

"ဘာပြောတယ်"

ဂတုံးလူမိုက်က ဒေါသထွက်သွားသည်။ သူက ဟန်ရှောင်း၏ ကော်လံကို ဆုပ်ကိုင်လိုက်သည်။

ဟန်ရှောင်းက လူမိုက်ကို ခပ်အေးအပင် ပြန်ကြည့်ပြီး သူ၏ လက်ကောက်ဝတ်ကို ညှစ်လိုက်၏။

နာကျင်မှုက လူမိုက်ကို သူကိုင်ထားသည်အား လွတ်သွားစေပြီး၊ လက်ကောက်ဝတ်ကို ကြည့်လိုက်သည့်အခါ ပွန်းပဲ့နေသည်ကို တွေ့ရသည်။

"သူငယ်ချင်း၊ မင်းက ဘယ်ဂိုဏ်းကလဲ။"

ဂတုံးလူမိုက်၏ အမူအရာမှာ သတိထားသည့် ပုံစံသို့ ပြောင်းသွား၏။

ရုတ်တရက်၊ သူက စကားပြောစက်ကို နားထောင်လိုက်ပြီး ဟန်ရှောင်းကို လမ်းဖယ်ပေးလိုက်သည်။

"ဘော့စ်က မင်းကို တွေ့ချင်တယ်။"

ဟန်ရှောင်းက ဂတုံးလူမိုက်နောက် လိုက်သွားပြီး စွန့်ပစ်အမှိုက်ပုံအတွင်းရှိ နားနေခန်းသို့ ရောက်လာသည်။ ထိုနေရာတွင် ခပ်ပိန်ပိန်လူတစ်ယောက်က ဆိုဖာတွင် ခြေချိတ်လျက် ထိုင်နေပြီး ဝိုင်နီတစ်ခွက်ကို သောက်နေလျက်ရှိ၏။ သူ၏ ပုံပန်းသဏ္ဍာန်ကို ကြည့်၍ ဤလူသည် စီရင်စု ၇၏ မြေအောက်လောကကို အုပ်ချုပ်သည့် ကျော်ကြားသော ရက်ကွန်းဆိုသည်မှာ ယုံရခက်လှ၏။

"မင်းငါ့ကို တွေ့ချင်တယ်လို့ကြားတယ်။ မင်းနာမည်က ဘာလဲ။"

သူက မေးလိုက်သည်။

"နည်းပညာရှင်ဟန်။" ဟန်ရှောင်းက ဖြေ၏။

ရက်ကွန်းက နှာခေါင်းရှုံ့လိုက်သည်။

"မင်းငါ့အချိန်ကို လာဖြုန်းနေရင် ဘာဖြစ်မလဲဆိုတာ မင်းသိသင့်တယ်။"

သူက ဟန်ရှောင်းကို ဝင်လာခိုင်းသည့် အကြောင်းရင်းမှာ ဤနှပ်ချေးမစင်သေးသည့် ကလေးက သူ့အတွက် ဘာစီးပွားရေးလုပ်ချင်တာလဲဆိုတာ သိချင်၍ဖြစ်သည်။

ရုတ်တရက်၊ ဟန်ရှောင်းက ဂတုံးလူမိုက်၏ သေနတ်ကို ဆတ်ခနဲဆွဲယူလိုက်သည်။ ဂတုံးလူမိုက်မှာ သူ၏ခါးမှ တစ်ခုခုဆွဲလိုက်သလို ခံစားရ၍ လှည့်ကြည့်လိုက်သည်တွင် နောက်ကျသွားလေပြီ။

ရက်ကွန်း၏နောက်မှ အော်သံထွက်လာပြီး သူတို့၏ သေနတ်များကို အလောတကြီး ဆွဲထုတ်လိုက်ကြသည်။

"ဒါဘာအဓိပ္ပါယ်လဲ။"

သူက တုန်လှုပ်စွာ မေးလိုက်သည်။ ဂတုံးလူမိုက်သည် သူ၏ အယုံကြည်ရဆုံး လူတစ်ယောက်ဖြစ်ပြီး၊ သူက တစ်ချိန်တည်းတွင် လူ ၁၀ယောက်ကို ထိန်းထားနိုင်၏။ သို့သော် ဟန်ရှောင်း၏ အမြန်နှုန်းကို သူမလိုက်နိုင်ပေ။ ဒီကလေးက ဘယ်သူလဲဟ။

မထင်မှတ်ဘဲ၊ ဟန်ရှောင်းက သေနတ်ကို ဖြုတ်လိုက်သည်။ သို့သော် ရိုးရိုးတန်းတန်း ဖြုတ်လိုက်ခြင်းမဟုတ်။ သေနတ်သည် ချက်ချင်းဆိုသလို တစ်စစီဖြစ်သွား၏။ ဟန်ရှောင်းက မျက်လှည့်ပြလိုက်သလိုပင် အစိတ်အပိုင်းများ ကြမ်းပြင်ပေါ်သို့ တစ်စစီ ပြုတ်ကျသွား၏။

"လက်နက်တွေက အကျိုးအမြတ်သေချာတယ်။ ငါမင်းအတွက် အဲဒါတွေ လုပ်ပေးနိုင်တယ်။ ငါ့အတွက် အကျိုးအမြတ် နည်းနည်းတော့ ပေးရမှာပေါ့။"

ဒီကလေးက သေနတ်တွေ လုပ်နိုင်တယ်။

လက်နက်များသည် မှောင်ခိုဈေးကွက်တွင် အလွန်ရောင်းအားကောင်း၏။ သေနတ်ကို အသုံးပြုခြင်းနှင့် သေနတ်ကို ပြုလုပ်ခြင်းသည် လုံးဝကွဲပြားသည့် အယူအဆဖြစ်သည်။ သေနတ်ပြုလုပ်တတ်သည့် ယန္တရားပညာရှင်များမှာ အလွန်ရှားပါးပြီး အလွန်တန်ဖိုးထားကြသည်။ ရက်ကွန်းသည် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်သော်လည်း အသေးစား လူမိုက်လေးမျှသာ ဖြစ်သည်။ သူတို့အတွက် သေနတ်လုပ်ပေးချင်သည့် ယန္တရားပညာရှင်ကို ရှာတွေ့ရန်မှာ စိတ်ကူး၍ပင် မရနိင်ပေ။ သို့သော် ဟန်ရှောင်းက ဒီမှာရှိနေသည်။ 'ဒါငါ့ရဲ့ အခွင့်အရေးပဲ' ရက်ကွန်းက တွေးလိုက်သည်။

"မင်းစိတ်ထဲမှာ ဘယ်လိုစဉ်းစားထားတာရှိလဲ။"

"ကုန်ကြမ်းပစ္စည်းတွေနဲ့ အစိတ်အပိုင်းတွေ စာရင်း ငါမင်းကို လုပ်ပေးမယ်။ ထုတ်လုပ်တာနဲ့ တပ်ဆင်တာကို ငါလုပ်မယ်။ မနက်တိုင်း ဒီကိုလာပြီး ၂နာရီ အလုပ်လုပ်မယ်။ သေနတ်တစ်လက် ဒေါ်လာ ၁၅၀၀ လိုချင်တယ်။ ပြီးတော့ ဒီစွန့်ပစ်အမှိုက်ပုံထဲက ငါကြိုက်တာယူမယ်။"

ဟန်ရှောင်းသည် ဂျာမီနယ်အဖွဲ့အစည်း၏ သေနတ်များကို သေချာလေ့လာပြီးပြီဖြစ်၍ ယခု ရိုးရှင်းသောသေနတ်များကို လွယ်လွယ်ကူကူ လုပ်နိုင်နေပြီဖြစ်သည်။

"ငါက ပစ္စည်းတွေ ပံ့ပိုးပေးရတာဆိုတော့ ဒေါ်လာ ၁၀၀၀"

ရက်ကွန်းက ဈေးညှိ၏။

ဟန်ရှောင်းက ချက်ချင်းပင် လှည့်ပြီး ထွက်သွားတော့သည်။

ရက်ကွန်း ပျာယာခတ်သွား၏။ သူက ဟန်ရှောင်းကို စမ်းသပ်လိုက်ခြင်းသာ ဖြစ်သော်လည်း ဤသို့ကြီးကြီးမားမား တုန့်ပြန်မည်ဟု မမျှော်လင့်ထားပေ။

"ခဏ နေပါဦး နေပါဦး - မင်းပြောတဲ့ ဈေးနှုန်းအတိုင်းပဲ။"

သူက အလောတကြီး ပြောလိုက်သည်။

မှောင်ခိုဈေးကွက်တွင် သေနတ်တစ်လက်ကို ဒေါ်လာ ၃၀၀၀ မှ ၄၀၀၀ကြား ဈေးပေါက်ရာ ဟန်ရှောင်း၏ ဈေးနှုန်းသည် အတော်လေး သင့်တင့်ပေသည်။

"အလုပ်ခုံနဲ့ ပစ္စည်းတွေ အဆင်သင့် လုပ်ထား။ နက်ဖြန်လာပြီး အလုပ်စမယ်။ အခု စွန့်ပစ်အမှိုက်ပုံကို သွားကြည့်လိုက်ဦးမယ်။”

ကျွမ်းကျင်သော ပညာရှင်သည် အမြဲပင် သူလိုချင်သောအရာအတွက် အာဏာကို ဆုပ်ကိုင်ထား၏။ ဟန်ရှောင်းသည် သူ၏တန်ဖိုးကို သေချာသိသည်။ ထို့ပြင်၊ သူ၏ ခွန်အားအစစ်အမှန်နှင့် မည်သူမည်ဝါဆိုသည်မှာ သူတို့အတွက် ပဟေဠိဖြစ်နေသေးသည်။ ထိုအရာက သူ့ကို လုံးဝ အထက်စီးသို့ ရောက်စေ၏။

…

'ဌာန၁၃က ငါ့ရဲ့ ယန္တရားပညာကျွမ်းကျင်မှုကို သိသွားလိမ့်မယ်' ဟန်ရှောင်း သူ့ဖာသာသူ တွေးမိနေ၏။ သူ ရက်ကွန်းနှင့် အလုပ်လုပ်နေသည်ကို သူတို့သေချာပေါက် သိသွားလိမ့်မည်။ ဘယ်လိုပင်ဖြစ်စေ၊ သူ၏ စွမ်းရည်များကို သုတို့ကို ပြသနိုင်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် သူသည်လည်း အတွေ့အကြုံအမှတ်များ ရရန်အတွက် ပစ္စည်းများ ပြုလုပ်ရန် အခွင့်အရေး လိုအပ်နေသည်။

သူ ရက်ကွန်းကို ရွေးချယ်ရသည့် အကြောင်းရင်းမှာ အမှိုက်ပုံက အနီးအနားတွင် တည်ရှိနေခြင်းကြောင့် ဖြစ်သည်။

…

သူ ဝပ်ရှော့သို့ ပြန်ရောက်သောအခါ လူချမ်းက သူဘယ်ရောက်နေကြောင်း မေး၏။

"ကျွန်တော် အမှိုက်ပုံကိုသွားတာ။"

ဟန်ရှောင်းက သူ၏ လက်ထဲမှာ အပိုပစ္စည်းများထည့်ထားသော အိတ်ကြီးကို ညွှန်ပြရင်း ပြောလိုက်၏။

"အမှိုက်ပုံ၊ အဲ့နေရာက အန္တရာယ်များတယ်၊ နောက်မသွား‌နဲ့တော့။"

လူချမ်းသည် ဟန်ရှောင်း သူ့အလုပ်သူ သေချာလုပ်နေသ၍ သူ့အားလပ်ချိန်တွင် သူဘာလုပ်သလဲကို တကယ်ကြီး စိတ်မဝင်စားပေ။ တကယ့်အကြောင်းမှာ၊ လစာအများကြီး မတောင်းသူအပေါ်တွင် စိတ်ပူခြင်းသာဖြစ်သည်။

ဟန်ရှောင်းက အပိုပစ္စည်းများကို ဘေးသို့ထားလိုက်ပြီး ဂိမ်းမျက်နှာပြင်ကို ခေါ်လိုက်သည်။ သူ့တွင် မသုံးရသေးသည့် အရည်အချင်းအမှတ်များ ရှိနေပြီး၊ ထိုအမှတ်များအားလုံးကို 'လက်နက်' အရည်အချင်း ၂ခုဆီသို့ ပုံ‌အောထည့်လိုက်ရန် ဆုံးဖြတ်လိုက်သည်။

ဤဝပ်ရှော့သည် ယန္တရားပညာရပ်အတွက် ရတနာသိုက်ကြီးတစ်ခုပင်။ ယန္တရားပညာရှင် တစ်ယောက်အတွက် အဆင့်တက်ရန် အကောင်းဆုံးနေရာများထဲမှ တစ်ခုလည်းဖြစ်သည်။ ဟန်ရှောင်းက အဘိုးကြီးလူကို စာအုပ်တစ်ချို့ငှားရန် သွားရှာသည်။ အဘိုးကြီးသည် သူမျှော်လင့်ထားသလိုပင် သူ၏အခန်းထဲတွင် ခွေနေသည်ကို တွေ့ရသည်။

"ကျွန်တော် ယန္တရားစာအုပ်တစ်ချို့ ငှားချင်လို့ပါ။"

"သွားစမ်းပါကွာ၊ ဒီမှာ မင်းအတွက် ဘာစာအုပ်မှ မရှိဘူး။"

"ကပ်စေးနည်းမနေပါနဲ့၊ အလားအလာရှိတဲ့ လူငယ်တစ်ယောက်ကို ရင်းနှီးမြှုပ်နှံပြီး ပြုစုပျိုးထောင်ပေးတယ်လို့ တွေးကြည့်ပါလား။"

"... ကြည့်ရတာ မင်းက ငါ့ထက်တောင် အရေထူတဲ့ကောင်ပဲ။ ဘာပဲဖြစ်ဖြစ်၊ မင်းကို စာအုပ်မငှားချင်ဘူးကွာ။ မင်းဘာတတ်နိုင်လဲ‌။"

တကယ်ကိုပင်၊ ဟန်ရှောင်းက ဘာတတ်နိုင်မှာလဲနောက်တစ်ရက်တွင်၊ လူချမ်းက အဘိုးကြီးလူ၏ အခန်းထဲသို့ အပိုသော့ဖြင့် ဝင်ကာ၊ ဟန်ရှောင်းအတွက် စာအုပ်တစ်ချို့ ခိုးပေးလေသည်။ အဘိုးကြီးလူမှာ ဒေါသပုန်ထနေ၏။

"ငါ့မှာ ဒီလို သစ္စာမရှိတဲ့မြေး ဘယ်လိုလုပ် ရှိနေတာလဲ။"

"မင်းစောင့်နေစမ်းပါ၊ မင်းကို ဒီဝပ်ရှော့က ထွက်သွားအောင် လုပ်ပြမယ်။"

…

"Galaxy" တွင်၊ ကစားသမား တစ်ယောက်ချင်းစီ၏ (advancement mission) ရာထူးတက်ခြင်းမစ်ရှင်သည် အမြဲတမ်း မတူညီကြပေ။ အစဦးဂြိုလ်များတွင် advancement knowledge(အဆင့်တက် အသိပညာ) သည် အလွန်ရှားပါးလှ၍ ဟန်ရှောင်း၏ အဆင့်၂၀ ရာထူးတက်ခြင်းမစ်ရှင်သည် ပို၍ခက်ခဲသောမစ်ရှင်ထဲမှ တစ်ခုဖြစ်သည်။ အချက်အလက်အားဖြင့်၊ သူ၏ ခက်ခဲမှုသည် အဆင့် ၄၀ တစ်ယောက်၏ အဆင့်တက်ခြင်းနှင့် နှိုင်းယှဉ်နိုင်သည်။

အဆင့် ၂၀ ဇာတ်ကောင်အများစုသည် အရည်အချင်းသစ်ပင် ၁ပင်အတွက်ပင် အခြေခံ ဗဟုသုတကို မရှာဖွေနိုင်ကြပေ။ အချို့ကံမကောင်းသူများမှာ (Main Class) အဓိကအမျိုးအစားပင် မရှိပေ။

Advancement knowledge (အဆင့်တက် အသိပညာ) ဝပ်ရှော့တွင် မရှိသည့်အတွက် ဟန်ရှောင်းသည် အခြေခံအသိပညာကိုသာ ပို၍ သင်ယူရတော့သည်။ သို့သော်လည်း ဟန်ရှောင်းက ကျေနပ်နေ၏။ အသိပညာစာအုပ်များကို ရှာဖွေရခြင်းသည် ကစားသမားများအတွက် ပုံမှန်အခက်အခဲပင် ဖြစ်သည်။ အချို့ကစားသမားများသည် အဆင့် ၄၀၊ ၅၀ ရောက်သည်အထိ သူတို့၏ အခြေခံအသိပညာများအားလုံးကို မသင်ယူနိုင်ကြပေ။

ဟန်ရှောင်းကတော့ ကံကောင်းစွာဖြင့်၊ ဝပ်ရှော့တွင် ပြည့်စုံသည့် အခြေခံ အသိပညာ အစုံလိုက် ရှိနေသည်။

စကြဝဠာတွင်း ထိတွေ့မှု ဥပဒေ (၇ကြိမ်မြောက် ထုတ်ဝေခြင်း)

"လူမှုအဖွဲအစည်း အသစ်များနှင့် တွေ့ဆုံသည့်အခါ၊ ဤအနှောင့်အယှက်ဖြစ်စေသော အပြုအမူ ၁၂၇ခုကို ရှောင်ရှားရမည်။ စစ်ပွဲ၊ ဗီဇကြိုးကိုင်လှုပ်ရှားခြင်း၊ ..."

ဤ‌အ‌ကြောင်းကြောင့် ရေပင်လယ်ဂြိုလ်သည် ထိပ်တန်းနည်းပညာများ ဘယ်တော့မှ မရခဲ့ခြင်းဖြစ်သည်။ အဆင့်မြင့်ဗဟုသုတများသည် ဂြိုလ်တစ်ခု၏ အကောင်းဆုံးပေးနိုင်သော အရာဖြစ်ပြီး၊ ထိုအရာတို့ကို တင်းကျပ်စွာ ထိန်းချုပ်ထား၍ ထိပ်တန်းလျှို့ဝှက်ချက်များအဖြစ် သတ်မှတ်ထားကြသည်။

_____________________

အရည်အချင်းအမှတ် ၁မှတ်ကို [အခြေခံလက်နက်ပညာ] သို့ပေါင်းထည့်မည်။

Yes/No

အရည်အချင်းအမှတ် ၁မှတ်ကို [အခြေခံကုန်ကြမ်းပေါင်းစပ်ခြင်း] သို့ပေါင်းထည့်မည်။

Yes/No

အတည်ပြုသည်။

All Chapters