← Chapters

တောအုပ်အတွင်း အစုလိုက်အပြုံလိုက် အသတ်ခံရခြင်း

Vol. 6 Ch. 78

တောအုပ်အတွင်း အစုလိုက်အပြုံလိုက် အသတ်ခံရခြင်း

Vol. 6 Ch. 78

“မင်း ကိစ္စပြီးပြီလား…” လီဖေးယွီသည် အိမ်ထဲကနေ ထွက်လာသော ဟန်လိကို မြင်သည်နှင့် အလောတကြီး မေးနေသည်။

ဟန်လိက လီဖေးယွီကို တချက် လှမ်းကြည့်ကာ နောက်ထပ် ပိုသေးငယ်သော အိမ်တစ်ခု၏ တံခါးနား လျှောက်သွားကာ အေးစက်စက် အမိန့်ပေးလိုက်သည်။

“ဝိညာဉ်သေ ထွက်လာခဲ့။ ဒီည မင်းအပေါ် မူတည်တယ်…”

ဟန်လိ၏ အသံ အရှင်း မပျောက်သွားခင်မှာပင် ဘုံးခနဲ မြည်သံ ဟိန်းထွက်လာသည်။ သစ်သားတံခါးသည် စက္ကူစကဲ့သို့ ကျိုးပျက်သွားကာ ဧရာမအရိပ်တစ်ခု လှမ်းထွက်လာသည်။

လီဖေးယွီသည် မင်သက်ကြောင်ရီကာ မျက်လုံး ပြူးသွား၏။ သူက သူ့ရှေ့ရှိ နတ်ဆိုးဆန်သော အော်ရာကို ထုတ်လွှတ်နေသည့် လူ့ဘီလူးကြီးကို ကြည့်နေမိသည်။ သို့ပေမည့် သည်လူ့ဘီလူးကြီး၏ တကိုယ်လုံးကို ဝတ်ရုံရှည်ဖြင့် ဖုံးအုပ်ထားသဖြင့် ၎င်း၏ ပုံပန်းအသွင်ကို မမြင်ရပေ။

ထိုလူ့ဘီလူးသည် ဟန်လိနောက်သို့ ငြိမ်သက်စွာ လျှောက်လာသည်။

“သွားကြစို့…” ဟန်လိက ပြုံး၏။ အခုက လီဖေးယွီကို အလျင်လိုခိုင်းရမည့် သူ့အလှည့်ပင်။

“Oh!” Li gasped, as if he just awoken from shock.

“အို…” လီဖေးယွီသည် ပင့်သက်ရှိုက်မိနေသည်။

သူ့အမူအရာက တမျိုးဖြစ်နေကာ သူသည် ထိုလူ့ဘီလူးကို လှမ်းကြည့်ပြီး ပါးစပ်ပိတ်ကာ တောင်ကြားထဲကနေ ဦးဆောင်ကာ ထွက်လာသည်။

ဟန်လိသည် လီဖေးယွီ၏ နောက်ကျောကို လှမ်းကြည့်ကာ သူ့သူငယ်ချင်းနောက်သို့ အမြန်လိုက်ပါလာသည်။ ဝိညာဉ်သေ(ဝါ) လူ့ဘီလူးက သူ့နောက်မှ နီးနီးကပ်ကပ် လိုက်ပါလာသည်။

ဟန်လိက လီဖေးယွီ၏ မစပ်စုသော အမူအရာအပေါ် ကျေနပ်သွားမိသည်။ သူတို့နှစ်ယောက်သည် သူတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများအပေါ် အပြန်အလှန်လေးစားမှု ထားကြသောကြောင့်ပင်။ ယင်းက သူတို့နှစ်ယောက် တရင်းတနှီးဖြစ်စေသော အကြောင်းများထဲမှတစ်ခုလည်း ဖြစ်၏။

သူတို့ လျှောက်လာသောနှုန်းက မြန်လှသည်။ မျက်စိတမှိတ်အတွင်း သူတို့သည် တောင်ကြားဝင်ပေါက်သို့ ရောက်လာခဲ့သည်။ လီဖေးယွီက တောထဲသို့ ခြေလှမ်းရန် ဟန်ပြင်စဉ် ဟန်လိက သူ့ညာလက်ကို ခပ်သွက်သွက် ဆန့်ထုတ်ကာ လီဖေးယွီ၏ ပုခုံးကို လှမ်းပုတ်ကာ သူ့ကို ဟန့်တားလိုက်သည်။

“မင်း ဘာလုပ်တာလဲ…” လီဖေးယွီက မကျေမနပ်ဖြစ်ကာ မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။ ဟန်လိက သူ၏ စိတ်ပူပန်နေမှုကို မသိလေသလား။

“တယောက်ယောက် လာနေတယ်။ ပြီးတော့ အရှေ့မှာ တစ်ယောက်မက ရှိနေလောက်တယ်….”

ဟန်လိက အေးအေးဆေးဆေး ရှင်းပြသည်။ လီဖေးယွီသည် တုန်လှုပ်သွားကာ အာရုံစိုက်ကာ နားထောင်ကြည့်၏။ သို့သော် အချိန်အတန်ကြာသည့်အထိ သူသည် မည်သည့်အသံဗလံကိုမျှ မကြားရပေ။

သူ့မျက်လုံးထဲတွင် သံသယဖြစ်ဟန် ပေါ်လာကာ ဟန်လိကို စိုက်ကြည့်သည်။ သို့သော် ဟန်လိက သူ့အကြည့်ကို အဖက်မလုပ်၊ သူ့ကိုလည်း ရှင်းပြမနေပေ။

“မင်း…” လီဖေးယွီသည် ပါးစပ်ဟလိုက်ရုံ ရှိသေး ဟန်လိက သူ့လက်ချောင်းကို နှုတ်ခမ်းနားတေ့ကာ တိတ်တိတ်နေရန် အချက် ပြလိုက်သည်။

လီဖေးယွီ မျက်မှောင်ကြုတ်သွားမိ၏။ သူသည် လက်မခံချင်သော်လည်း ဟန်လိ၏ စကားကို နားထောင်ကာ တိတ်တိတ်နေရန် ဆုံးဖြတ်လိုက်သည်။

အချိန် အလျင်အမြန် ကုန်ဆုံးသွားသည်။ လီဖေးယွီက ခေါင်းလှည့်ကာ ဟန်လိကို အံ့အားသင့်ဟန်ဖြင့် လှမ်းကြည့်သည်။ နောက်ဆုံးတွင် သူသည် ခြေလှမ်းသံများကို ကြားရလေပြီ။ ကြည့်ရသည်မှာ အုပ်စုတစု အမှန်ပင် ရှိနေပုံ ရသည်။

“ကြီးကြပ်သူစွန်း…ဒီတောအုပ်ဘေးမှာ ခေါင်းလောင်းပုံ တောင်ကြားတစ်ခုနဲ့ လမ်းသွယ်တစ်ခု ရှိပါသေးတယ်။ အဲ့တောင်ကြားက ဒုခေါင်းဆောင် ကျုပ်တို့ကို ပြောပြခဲ့ဖူးတဲ့ နတ်လက်တောင်ကြား ဖြစ်နိုင်တယ်…”

တောအုပ်ထဲက အသံတစ်သံ ဟိန်းထွက်လာသည်။

“အမှန်ပဲ။ မြေပုံအရ ဒီခေါင်းလောင်းပုံတောင်ကြားပဲ။ မမှားနိုင်ဘူး။ ဒီနေရာပဲ။ မင်းတို့အားလုံး အသေအချာ မှတ်ထားပါ။ ခေါင်းဆောင်က ဒီတောင်ကြားထဲမှာ ရှိတဲ့ နတ်သမားတော်ကို အသက်ရှင်လျက် လိုချင်တယ်လို့ အမိန့်ပေးထားတယ်။ သူ့ကို ထိခိုက်အောင် လုပ်ခွင့် မရှိဘူး။ မဟုတ်ရင် အဲ့လူကို ဂိုဏ်းစည်းကမ်းအတိုင်း အပြစ်ပေးရလိမ့်မယ်…။ နားလည်လား…” နောက်ထပ် စူးရှသော အသံတစ်သံ ထွက်ပေါ်လာသည်။

“ဟုတ်ကဲ့ပါ…”

“ကောင်းပါပြီ…”

…….

တချိန်တည်းမှာ ထိုအသံ၏ အမိန့်ကို နာခံမည့်အကြောင်း စကားသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ထိုအသံများအရ သည်အုပ်စုတွင် လူဆယ်ကျော်လောက် ပါဝင်နေလောက်မည်။ သူတို့၏ အသက်ရှုထိန်းချုပ်ခြင်းက အတော်လေး အားကောင်းပေသည်။ သူတို့က ကျွမ်းကျင်သော သိုင်းသမားများ ဖြစ်ပုံရသည်။

“အပြာရောင်ဝတ်ရုံနဲ့ ကြီးကြပ်သူအပြင် ကျန်တဲ့သူတွေက ဝံပုလွေရိုင်းဂိုဏ်းရဲ့ ထိပ်တန်းတွေပဲ။ အပြာရောင်ဝတ်ရုံနဲ့သူက ငါတို့ဂိုဏ်းက ကာကွယ်သူတွေနဲ့ အဆင့်ညီတယ်။ ကျန်တဲ့သူတွေက အတွင်းဂိုဏ်းတပည့်ဝင်တွေနဲ့အဆင့်တူတယ်…”

လီဖေးယွီသည် လေသံခပ်တိုးတိုးဖြင့် ဟန်လိကို ရှင်းပြလာသည်။

လီဖေးယွီသည် သူ့သူငယ်ချင်းဖြစ်သူ၊ဟန်လိက ဂိုဏ်းကိစ္စများကို စိတ်ဝင်စားခြင်း မရှိသည်ကို သိသည်။ ထို့ကြောင့် သူက ဟန်လိသည် ထိုအုပ်စု၏ ခြေသံများကို အဝေးကနေ မည်သို့မည်ပုံ သတိပြုမိသည်ကို ဆက်၍ မမေးနိုင်သေးဘဲ ထိုအစား သူက တဖက်အုပ်စု၏ အခြေအနေကို ရှင်းပြကာ ဟန်လိကို မပေါ့ဖို့ သတိပေးသည်။

ဟန်လိက လီဖေးယွီ၏ စကားကို ကြားသည့်အခါ လီဖေးယွီ မည်သည်ကို ပြောချင်နေသည်အား သဘောပေါက်သည်။ သူက အနည်းငယ် ပြုံးကာ မည်သည့်စကားမျှ မဆိုပေ။ သူ့မျက်နှာဟန်ပန်အရ ဟန်လိသည် လုံးဝ စိတ်မပူဟန် ပေါက်နေသည်။

ထိုအခါ လီဖေးယွီသည် ပို၍ စိတ်ပူလာသည်။

“ခုလက်ရှိ ငါ့ခွန်အားနဲ့ဆို အပြာရောင်ဝတ်ရုံနဲ့ ကြီးကြပ်သူကို တယောက်ချင်း ထိပ်တိုက် မတိုက်ခိုက်နိုင်ဘူး။ ကျန်တဲ့သူတွေကိုတော့ ထည့်ပြောနေဖို့ကို မလိုတော့ဘူး။ မင်းက ဉာဏ်များတာ ငါ သိတယ်။ မင်း မြန်မြန် အစီအစဉ်ချအုံး။ မဟုတ်ရင် ငါတို့ တခုခုလုပ်ဖို့ နောက်ကျသွားလိမ့်မယ်…”

လီဖေးယွီက စကား အမြန်ဆိုနေ၏။ အကြောင်းမှာ တောထဲမှ ထိုအုပ်စုသည် သူတို့ထံ လျှောက်လာနေကြပြီ မဟုတ်လား။

“ဒါမှ မဟုတ်လည်း ငါတို့ အရင်ဆုံး ခဏ ပုန်းနေရအောင်၊ ငါတို့ရဲ့ ရန်သူတွေ ကျော်သွားတဲ့အထိ ပုန်းနေကြမလား…”

လီဖေးယွီက ကောင်းမည်ထင်သည့် အကြံ ပြုသည်။ သို့သော် လီဖေးယွီ၏ အကြံအတိုင်း ဟန်လိက လိုက်လုပ်ဖို့ စိတ်ကူးမရှိပေ။

“ဝိညာဉ်သေ…အပြာရောင်ဝတ်ရုံနဲ့ ကြီးကြပ်သူကလွဲလို့ တောထဲက လူတိုင်းကို မျိုးဖြုတ်ပစ်တာ ငါ လိုချင်တယ်…” ဟန်လိက နောက်လှည့်ကာ ဧရာမလူဘီလူးကို ကြည့်၍ အေးစက်စက် အမိန့်ပေးလိုက်သည်။

“ဘာလဲဟ…” လီဖေးယွီသည် ဟန်လိ စကားကို ကြားသည့်အခါ ခေါင်းမိုးကြိုးပစ်ခံရသလိုမျိုး ထူပူသွားမိသည်။

သူ တုန်လှုပ်မိရာကနေ ပြန်မကောင်းမွန်ခင်မှာပင် ဟန်လိနောက်မှ လူ့ဘီလူးက မုန်တိုင်းတစ်ခုနှယ် ထိုးထွက်ကာ တောအုပ်ထဲ ဝင်သွားသည်။ တအောင့်အကြာတွင် ဝံပုလွေရိုင်းဂိုဏ်းဝင်များ၏ ဝူးဝူးဝါးဝါး အော်သံများကို ကြားရလေတော့၏။

“အား…”

“သူ ဘယ်သူလဲ…”

“လခွမ်း…အလစ်တိုက်တာပဲဟ…”

“ဒီ…ဒီမွန်းစတားက ဘာကြီးလဲ…အား…”

“ပြေး…မြန်မြန်ပြေးကြ…”

ထိုသို့သော ဗလုံးဗထွေးအော်သံများ တောအုပ်ထဲမှ ဟိန်းထွက်လာနေရင်း ယင်းအသံများသည် တဖြည်းဖြည်း လွင့်ပါးသွားလေသည်။ များမကြာမီ တောအုပ်ထဲ၌ အသံများ တိတ်ကာ ငြိမ်သက်သွားသည်။

လီဖေးယွီသည် တောအုပ်ရှိရာ အရပ်သို့ မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်မိနေ၏။

All Chapters