← Chapters

မေးမြန်းခြင်း

Vol. 6 Ch. 79

မေးမြန်းခြင်း

Vol. 6 Ch. 79

ကြက်ပေါက်တစ်ကောင်ကို ဆုပ်ကိုင်ခေါ်လာသကဲ့သို့ လူ့ဘီလူးသည် အပြာရောင်ဝတ်ရုံဖြင့် လူကို လက်တစ်ဖက်တည်းဖြင့် ဆွဲခေါ်ကာ တောအုပ်ထဲမှ အလျင်အမြန် လှမ်းထွက်လာသည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံရှည်မှာ သွေးများ စွန်းထင်းနေသည်။ လီဖေးယွီ‌မှာ လေအေးတချက် ရှိုက်သွင်းမိသွား၏။

ထိုလူ့ဘီလူးက သူတို့နှစ်ယောက်ရှေ့သို့ လှမ်းလာရင်း အပြာရောင်ဝတ်ရုံနှင့်လူကို မြေပြင်ထက်သို့ ပစ်ချလိုက်သည်။ တအောင့်အကြာတွင် လီဖေးယွီသည် သူ့ထံ လှိုက်တက် တိုးဝင်လာသော သွေးနံ့ ရရှိသည်။

လီဖေးယွီသည် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို နောက်ဆုတ်မိကာ လက်နှစ်ဖက်ကို ရှေ့၌ အသင့်အနေထား ကာလိုက်မိသည်။

လူ့ဘီလူးက လီဖေးယွီ၏ ဟန်ပန်ပုံစံကို အရေးမစိုက်။၎င်းက ရှေ့သို့ တိုးလာပြီး ဟန်လိဘေးတွင် ငြိမ်သက်စွာ မလှုပ်မယှက် ရပ်နေသည်။

ထိုအခါကျမှသာ လီဖေးယွီသည် လေပူတချက် မှုတ်ထုတ်နိုင်တော့၏။ သူက ရုတ်တရက် ရယ်မောကာ မြေပြင်ထက်ရှိ ဝတ်ရုံပြာလူကို လှမ်းကြည့်နေသည်။ တချက်တချက် သူက တည်ငြိမ်စွာ ရှိနေသော ဟန်လိကို မသိမသာ လှမ်းကြည့်သည်။

“မင်း ဒီလောက် တည်ငြိမ်နိုင်နေတာ မင်း နောက်မှာ ဒီကျွမ်းကျင်သူလူ့ဘီလူးကောင် ရှိနေလို့ကို။ စောစောတည်းက မင်း ဘာကြောင့် ငါ့ကို မပြောခဲ့တာလဲ။ မင်း ငါ့ကို တချိန်လုံး ထိတ်ထိတ်လန့်လန့် ဖြစ်စေခဲ့တာပဲကွ…”

လီဖေးယွီသည် အပြင်ပိုင်း၌ စိတ်အေးသွားပုံရသော်လည်း စိတ်ထဲတွင်မူ တုန်လှုပ်နေ၏။ သူက ထိုလူ့ဘီလူးနှင့် ဟန်လိကြား ပတ်သတ်မှုကို ခန့်မှန်းကြည့်နေသည်။

ဟန်လိက လီဖေးယွီတွေးနေသည့်အရာကို သိသည်။ သို့သော် သူက အရာအားလုံးကို လီဖေးယွီအား ရှင်းပြမည် မဟုတ်ပေ။ ဟန်လိက ပြုံး၍ တည်ငြိမ်စွာ ဆိုလိုက်၏။

“ဒီဝတ်ရုံပြာကြီးကြပ်သူက သတင်းအချက်အလက်တော်တော်များများကို သိလောက်တယ်။ ဒီလူနဲ့ ညှိနှိုင်းဖို့ ဘယ်သူ လုပ်မလဲ။ မင်းလား၊ ငါလား။ ငါတော့ ဂိုဏ်းခွဲခေါင်းဆောင်လီက ဒီကိစ္စမှာ ငါ့ထက် ပိုပြီး အတွေ့အကြုံများတယ်လို့ ထင်တာပဲ။ ငါ သူ့ကို မင်းလက်ထဲ ထည့်ခဲ့သင့်တယ်မလား…”

လီဖေးယွီက ဟန်လူသည် ထိုလူ့ဘီလူးအကြောင်း သူ့ကို ပြောပြချင်စိတ် မရှိတာကို သိလိုက်သည်။ သို့အတွက် သူ့စိတ်ထဲ၌ ပူပန် မမိဘဲ မနေနိုင် ဖြစ်ရသည်။

သို့သော် ကြီးကြပ်သူကို မေးမြန်းမည့် ကိစ္စကိုလည်း စိတ်ဝင်စားသည်။ ထို့ကြောင့် ဟန်လိ၏ အကြံပြုချက်အတိုင်း သူက အလိုက်သင့် လက်ခံလိုက်သည်။

လီဖေးယွီက ထိုသူ့ကို တောအုပ်အစပ်နားထိ ဆွဲခေါ်သွားကာ မေးမြန်းမှု စတင်တော့သည်။ ဟန်လိကတော့ မနီးမနားရှိ မြက်ဖုတ်ပေါ်၌ ဇိမ်ရှိရှိ ထိုင်ချလိုက်၏။

တအောင့်အကြာတွင် လီဖေးယွီသည် သုန်မှုန်သော မျက်နှာပေးဖြင့် တောအုပ်ထဲမှ ပြန်ထွက်လာသည်။

“မင်း မေးမြန်းတာ မြန်လှချည်လား။ ငါတို့အတွက် အသုံးတည့်မယ့် သတင်းတခုခုများ ရခဲ့လား…” ဟန်လိက ထိုင်ရာကမထ မျက်ခုံးပင့်ကာ လှမ်းပြောသည်။

“ဟက်…ဒီငကြောက်ကောင်ကလား။ ကျုပ် သူ့ကို ဘာမှ မလုပ်ရသေးခင် သူက သူ သိသမျှ အကုန် ပြောပြပြီး ဖြစ်နေပြီ။ သတင်းအချက်အလက်ကတော့ နှစ်ခုပဲ။ ကောင်းတာတစ်ခု၊ ဆိုးတာတစ်ခု။ မင်း ဘယ်တစ်ခုကို အရင် နားထောင်ချင်လဲ…”

လီဖေးယွီက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြန်ဖြေသည်။

“သတင်းကောင်းပဲ အရင်ဆုံး ပြောပါ။ အနည်းဆုံးတော့ ဒီသတင်းကို ကြားရတဲ့နောက် ငါတို့ ပိုပျော်ရတာပေါ့…”

“သတင်းကောင်းကတော့ ဝံပုလွေဂိုဏ်းရဲ့ အစီအစဉ်က မင်း ခန့်မှန်းထားတဲ့အတိုင်းပဲ…”

“သူတို့ဂိုဏ်းရဲ့ အင်အားစုတွေက ဂိုဏ်းခွဲအားလုံးကို စတိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိဘူး။ ဝိုင်းထားချင်ရုံပဲ။ အဲ့လိုဝန်းရံထားပြီးတော့ သူတို့ရဲ့ အဓိကအင်အားစုဟာ အပြင်းအထန် တိုက်ခိုက်ဖို့အတွက် နေဝင်တောင်ထွတ်ကို သွားကြလိမ့်မယ်.။ သူ ပြောတဲ့အတိုင်းဆို သူတို့က အရေးပါတဲ့ ကင်းစခန်းတော်တော်များများကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီတဲ့…”

“ဒီလောက် သတင်းကောင်းဆို မေးနေဖို့တောင် မလိုဘူး။ သတင်းဆိုးကတော့ အတော်လေး ထိတ်လန့်ဖွယ်ကောင်းတော့မှာပဲ…” ဟန်လိက ယုံကြည်မှုရှိရှိ နှာခေါင်းပွတ်ကာ ပြောလိုက်သည်။

“မင်းပြောတာ ဟုတ်တယ်။ သတင်းဆိုးကတော့ သတ္တုလှံအဖွဲ့၊ ကျိုးပဲ့ရေဂိုဏ်း စတဲ့ ဂိုဏ်းလေးတွေက ကောင်းကင်သက်တံတောင်ကို တိုက်ခိုက်ဖို့ ဝံပုလွေဂိုဏ်းနဲ့ ပူးပေါင်းလိုက်ကြပြီတဲ့။ ကြည့်ရတာ ငါတို့ ချီးရွှမ်ဂိုဏ်းကတော့ ဘေးဒုက္ခတခုကို ရင်ဆိုင်ရတော့မယ်…”

ဟန်လိသည် ထိုသတင်းကို ကြားသည့်နောက် တုန်လှုပ်မိသွားသည်။ ဤသည်က သူ မျှော်လင့်မထားမိသော အရာပင်။

“ငါတို့ တိုက်ခိုက်လာမယ့် အရေအတွက်ကို အရေးမစိုက်သင့်တော့ဘူး။ အကောင်းဆုံးကတော့ မင်းရဲ့ ချစ်ရသူရှိသွားပြီး သူမကို ဒီဗရမ်းဗတာ တိုက်ပွဲအတွင်း ကာကွယ်ပေးနိုင်အောင်သာ လုပ်တော့…”

ဟန်လိသည် အကျိုးသင့်အကြောင်းသင့် အကြံပြုသည်။

လီဖေးယွီကလည်း ခပ်မြန်မြန် သဘောတူသည်။ သည်အစီအစဉ်က သူ့အတွက် သင့်တော်သည် မဟုတ်လား။

“ပြီးတော့ ငါ့ကောင် မင်း ဟိုဝတ်ရုံပြာနဲ့လူကို ဘယ်လို ကိုင်တွယ်ခဲ့လဲ…” ဟန်လိက ရုတ်တရက် မေးလိုက်သည်။

“ငါ သူ့ကို သတ်ပစ်ခဲ့ပြီ။ ဘာလဲ မင်းက သူ့ကို ငါတို့နဲ့အတူ တလမ်းလုံး ခေါ်သွား မလို့လား…” လီဖေးယွီက အေးစက်စက် ပြန်ဖြေသည်။

ထိုသည်ကို ကြားသည့်အခါ ဟန်လိသည် ပြုံး၍ သူ့လက်တဖက်ကို မြေပြင်ထက်သို့ ထောက်ကာ ထိုင်နေရာကနေ ထလာသည်။

“သွားကြစို့…။ ငါတို့ ရန်သူတွေကို ရှောင်သွားသင့်တယ်။ အဲ့လို မရှောင်နိုင်ရင်တော့ ငါတို့ကို တွေ့တဲ့သူတိုင်းကို သတ်ပစ်ကြတာပေါ့။ ဘာမှ သနားညှာတာ နေစရာ မရှိဘူး…” ဟန်လိက ပေါ့ပေါးပါးပါး ပြောလိုက်သည်။ သို့သော် သူ့စကားထဲ၌ သွေးဆာမှုတို့၊ သတ်ဖြတ်လိုမှုတို့ ပြည့်နေသည်။

နတ်ဘုရားလက်တောင်ကြားနှင့် လီအနည်းငယ် အကွာတွင် အကြီးအကဲလီ၏ ခြံဝန်းထဲ၌ ခုလက်ရှိ လူအများအပြား ရှိနေကြသည်။ ထိုသူများမှာ အမျိုးသား၊အမျိုးသမီး၊ လူငယ်၊ လူအို အသက်အရွယ်အစုံပင်။ သူတို့က သိုင်းပညာရပ်အကြောင်း နကန်းတလုံးပင် မသိသူများ ဖြစ်ကာ သူတို့သည် တစုံတစ်ခုကို ကြောက်ကြောက်လန့်လန့်ဖြင့် ခပ်တိုးတိုး ဆွေးနွေးနေကြသည်။ သူတို့၏မျက်နှာထက်တွင် အကြောက်တရားများ အထင်းသား ပေါ်နေ၏။

ခြံဝန်းအနီးအနားတွင် ဓားများ၊ ဓားမော့များ ကိုင်ထားသော ဝတ်ရုံနက်ပုံရိပ်နှစ်ခုက သတိထားကာ စောင့်ကြပ်နေ၏။ ခြံဝန်းအတွင်းရှိလူများနှင့် ယှဉ်ပါက သူတို့သည် ထင်ပေါ်နေသည်။

နေအိမ်အတွင်းရှိ အခန်းများထဲမှ တစ်ခုတွင် သက်လတ်ပိုင်းလူနှစ်ယောက်က ဆွေးနွေးနေသည်။

“ကျုပ်ကတော့ လူတွေကို အပြင်စေလွှတ်တာ သဘောမတူဘူး။ ဒီမှာ ရှိတဲ့ ကျုပ်တို့ရဲ့ ခုခံမှုဟာ အားမကောင်းဘူး။ လူတွေကို စေလွှတ်လိုက်မယ်ဆိုရင်လည်း ကျုပ်တို့ရဲ့ အနေအထားက အခုထက် ပိုပြီး အများကြီး အားနည်းသွားမှာမလား။ မဖြစ်သေးဘူး။ ကျုပ် သဘောမတူနိုင်ဘူး…” ခပ်ဝဝ သတ်လတ်ပိုင်းလူက ခပ်သွက်သွက် ခေါင်းယမ်းကာ အခိုင်အမာ ပြောလာသည်။

“ဒါပေမဲ့ ကျုပ်တို့အနေနဲ့ အပြင်မှာ ဘာတွေ ဖြစ်နေလဲ မသိရဘူး။ ကျုပ်တို့သာ ကင်းထောက် စေမလွှတ်ဘူးဆိုရင် အခြေအနေတွေကို မသိရဘဲ မျက်ကန်း ဖြစ်နေမှာပေါ့။ ဒါက ခံဘက်သပ်သပ်ကြီး ဖြစ်နေပြီ…”

ထိုလူဝကြီးနှင့် ငြင်းခုန်နေသူမှာ အကြီးအကဲလီ၏ ဂုဏ်ယူသဘောကျသောတပည့်ဖြစ်သူ၊ မုယုံကလွဲ၍ တခြားသူ မဟုတ်ပေ။

“ခံဘက်သပ်သပ်လား။ အဲ့တော့လဲ ဘာဖြစ်လဲ။ အပြင်ဘက်မှာ ရှိတဲ့အရာတွေက ကျုပ်တို့နဲ့ ဘာမှ မဆိုင်ဘူး။ ကျုပ်အတွက်ကတော့ ဘေးကင်းဖို့က အရေးကြီးဆုံးပဲ။ ခုအခြေအနေမှာ ခုလိုပဲ နေနေတာ အကောင်းဆုံးပဲ။ မင်း ကျုပ်အမိန့်ကို မနာခံဘူးလို့တော့ မပြောနဲ့…”

ထိုလူဝက သူ့မျက်လုံးကျဉ်းကျဉ်းများကို ကစားကာ ရုတ်တရက် သူ့ဝတ်ရုံထဲကနေ ရွှေဝါရောင်ကျောက်ပြားတစ်ခုကို ထုတ်ယူကာ မုယုံ၏ရှေ့၌ လှုပ်ခါပြ၏။

မုရုံက သူ့ရှေ့ရှိ လူဝကြီးကို ဖြတ်ခနဲ လှမ်းကြည့်သည်။ ထို့နောက် သူက အမိန့်ပေးတံဆိပ်ဖြစ်သော ကျောက်ပြားကို ကြည့်နေ၏။ သက်ပြင်းချကာ သူ့လက်နှစ်ဖက်ကို ဆုပ်၍ သူက ပြန်ဖြေလိုက်သည်။ “ကျုပ်လို ဘာမဟုတ်တဲ့ကောင်က အမိန့်မနာခံဘဲ မနေဝံ့ပါဘူး။ ရောင်းရင်းရဲ့ အမိန့်အတိုင်း ကျုပ် လိုက်နာပါ့မယ်…”

All Chapters