← Chapters

အာဂတိုက်ပွဲ

Vol. 6 Ch. 84

အာဂတိုက်ပွဲ

Vol. 6 Ch. 84

အစောပိုင်းတုန်းက ဟန်လိသည် ရေလှိုင်းဂိုဏ်း၏ တပည့်များသည် လွတ်မြောက်ကာ တခြားရန်သူများကို သတိပေးသလို ဖြစ်သွားမည်ကို စိုးရိမ်ပြီး သူ ကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့၏။ အရိပ်မြူခိုးခြေလှမ်းနှင့် နန်းတွင်းပျံသန်းခြင်းပညာရပ်ကို ပူးပေါင်းသုံးစွဲကာ အချိန်တိုအတွင်း သူက ရန်သူအားလုံးကို သတ်ပစ်နိုင်ခဲ့သည်။ ထိုစဉ်က သူ့ တိုက်ခိုက်မှုကို ဆက်၍ ဟန်ပြင်နေသော လီဖေးယွီမှာ ဟန်လိ တိုက်ခိုက်မှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။ ထိုအခါကျမှ သူသည် ဟန်လိ၏ အစစ်အမှန်ခွန်အားကို သဘောပေါက်သွားခဲ့၏။

မင်သက်ကြောင်ရီနေသော အခြေအနေကနေ ပြန်ကောင်းမွန်လာပြီးနောက် ဟန်လိသည် အံ့ချီးဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့်အပေါ် တုန်လှုပ်ရသည်။ ဟန်လိ၏ တိုက်ပွဲစွမ်းအားသည် မျက်တခတ်ဓားပညာရပ်ကို ကျင့်ကြံခြင်း၏ ရလဒ်လော။

ထိုသို့တွေးမိကာ သူက သူ့ကိုယ်ပိုင်အတွင်းအားကို အထိအခိုက်ခံပြီး သည်မျက်တခတ်ဓားပညာကို ကျင့်ကြံချင်စိတ် ဖြစ်မိသွား၏။ သို့သော် သူသည် ခါးသီးသော အမှန်တရားကို သိ၏။ သူ့အနေဖြင့် ကွဲပြားသော တခြားဓားပညာရပ်ကို ပြောင်းလဲ လေ့ကျင့်ဖို့မှာ နောက်ကျလွန်းခဲ့ပြီ မဟုတ်လား။

ထို့နောက် သူတို့ ဆက်၍ ခရီးဆက်လာစဉ် လမ်းတလျှောက် လီဖေးယွီသည် ဒီခွေးကောင် ဟန်လိက ကြောက်မက်ဖွယ်စွမ်းရည်ကို သင်ယူနိုင်စွမ်း ရှိခဲ့သည့်အပေါ် သက်ပြင်းသာ ချမိတော့သည်။

ဟန်လိသည် သူ့သူငယ်ချင်းကောင်း ဖြစ်သွားသော စိတ်အခြေအနေကို ထည့်အတွက်အား၊ ထိုအစား သူက သူနှင့်တွေ့သော ရန်သူအားလုံးကို ရက်ရက်စက်စက် စတင်သတ်ဖြတ်ကာ သူ့ခွန်အားအစစ်အမှန်ကို ပြသတော့သည်။

သူနှင့် တွေ့သော ရန်သူအားလုံးမှာ ဟန်လိ၏ တိုက်ချက်တချက်ကိုပင် တောင့်ခံနိုင်စွမ်း မရှိ ဖြစ်ရ၏။ သူတို့အားလုံးသည် နောက်ဆုံးအသက်ရှုခြင်းမျိုးဖြင့် ရှုခဲ့ရကာ အဆင့်မြင့်ကျွမ်းကျင်သူများပင် ခြွင်းချက် မဟုတ်ခဲ့ပါ။

ဟန်လိ၏ စွမ်းပကားကြောင့် သူတို့နှစ်ယောက်သည် အကြီးအကဲလီ၏ နေအိမ်သို့ အလွယ်တကူ ရောက်လာခဲ့ပြီး မုယုံကို တွေ့ရသည်။ သူတို့က မုယုံထံကနေ အကြီးအကဲလီနှင့် ကျန်းရွှယ်အာတို့သည် နေဝင်တောင်သို့ သွားနှင့်ကြပြီ ဖြစ်ကြောင်းကို သိရ၏။

ထိုသတင်းကို ကြားသည့်အခါ လီဖေးယွီ၏မျက်နှာမှာ စိမ်းဖန့်ဖန့် ဖြစ်သွားသည်။

သူက ခုလက်ရှိ၌ နေဝင်တောင်သည် အလွန်အန္တရာယ်များသည်ကို သိသည်။ ထိုနေရာသို့ ရောက်နေသော ကျန်းရွှယ်အာသည် ငရဲတံခါးဝ၌ ထိုင်နေသည်နှင့် တူပေလိမ့်မည်။

ထို့နောက် သူတို့နှစ်ယောက်က ခဏတဖြုတ် ဆွေးနွေးပြီး အကြီးအကဲလီ၏ နေအိမ်ကနေ အမြန်ထွက်လာခဲ့ကာ နေဝင်တောင်ထွတ်သို့ သွားကြမည်။ သို့သော် သူတို့ ထွက်လာခါနီး၌ အနှောက်အယှက်လေး ဖြစ်သွားခဲ့သေးသည်။

သူတို့နှစ်ယောက် ထွက်လာတော့မည့်အချိန်၌ ဂိုဏ်းချုပ်ဝမ်၏ လူယုံအကူဖြစ်သည့် ငကြောက်လူဝက အမိန့်ပေးတံဆိပ်ကို ထုတ်ကာ ဟန်လိတို့ကို ချိန်းခြောက်ကာ နေခိုင်းသေးသည်။ သူ့အမိန့် မနာခံပါက သူသည် ဟန်လိတို့ကို ဂိုဏ်းစည်းကမ်းအတိုင်း အပြစ်ပေးမည်ဟု ဆိုခဲ့သည်။

လီဖေးယွီက ကျန်းရွှယ်အာ၏ ဘေးကင်းရေးကို စိတ်ပူနေသဖြင့် အတော့်ကို စိတ်မရှည်နိုင် ဖြစ်နေသူ။ ထို့အပြင် သူက ဂိုဏ်းစည်းမျဉ်းများကို ဂရုစိုက်ခဲ့သည်။ ထို့ကြောင့် သူက သူ့လက်ဖြင့် ထိုလူဝ၏ ဂုတ်ကို ဆွဲကာ သတိမေ့သွားသည့်အထိ မြေကြီးပေါ် ကိုင်ပေါက်ခဲ့ရသည်။ ထို့နောက်တွင် သူသည် သူ့ငယ်သားများကို ဒီနေရာရှိ လူတိုင်းအား ကာကွယ်ပေးရမည်ဟု အမိန့်ပေးထားခဲ့ပြီး သူနှင့်ဟန်လိတို့က အလျင်အမြန် ထွက်လာခဲ့တာ ဖြစ်၏။

သူတို့နှစ်ယောက် နေဝင်တောင်ထိပ် ပိုင်နက်သို့ ရောက်လာချိန်၌ ရန်သူများစွာကို တွေ့မြင်သည်။ သူတို့က သည်အတိုင်း ရှေ့ဆက်သွားဖို့ မဖြစ်နိုင်သည်ကို သိ၍ အချင်းချင်း ဆွေးနွေးကာ အကြံကောင်းတစ်ခု ရခဲ့ကြ၏။

သူတို့က ရေလှိုင်းဂိုဏ်း၏ တပည့်နှစ်ယောက်ကို ကန်ထုတ်ကာ သူတို့၏ ဝတ်စုံကို လဲဝတ်ခဲ့၏။ ထို့နောက် ညဘက်မှောင်နေခြင်းကို အခွင့်ကောင်းယူကာ တောင်ပေါ်သို့ ချီတက်တိုက်ခိုက်ရန် ဟန်ပြင်နေသော ရန်သူ့လူအုပ်နှင့် ရောဝင်ခဲ့ပြီး ထိုလူအုပ်နှင့် အလိုက်သင့် လိုက်လာခဲ့ကာ နေဝင်တောင်ထွတ်ပေါ်သို့ အလွယ်တကူ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ သည်နေရာတွင် ဟန်လိနှင့်လီဖေးယွီတို့သည် ဂိုဏ်းချုပ်ဝမ် ပြောခဲ့သော အကြောင်းအရာအားလုံးကို ကြားခဲ့ရခြင်းပင်။ ဝိညာည်သေ၏ ခန္ဓာကိုယ်က ကြီးမားလွန်းသဖြင့် လူကြားထဲတွင် သိသာနေသောကြောင့် သူတို့က တောင်ခြေ တနေရာတွင် သူ့ကို ဖုံးကွယ်ကာ ချန်ထားခဲ့သည်။

နေဝင်တောင်ထွတ်ပေါ်၌ ရန်သူ့ကို အမြစ်ဖျက်ပစ်နိုင်မည့် ဝှက်ဖဲအကြောင်းကို ဂိုဏ်းခေါင်းဆောင်ဝမ်ထံမှ ကြားရပြီးနောက် လီဖေးယွီသည် သူ့သံသယကို မဖျောက်နိုင်ဘဲ ဟန်လိကို ထပ်ခါထပ်ခါ မေးနေခြင်းပင်။ သူ့သူငယ်ချင်းဖြစ်သူ ဟန်လိက သူ့ကို စိတ်အေးအောင် လုပ်ပေးရန် မျှော်လင့်ချက်ဖြင့် ထိုသို့ သူ မေးနေတာပင်။

“မှန်မှန်၊မှားမှား…အခု လုပ်ရမယ့် ငါတို့အတွက် အရေးကြီးဆုံးက ပင်မခန်းမထဲကို မြန်မြန်ဝင်ပြီး မင်းရဲ့ ချစ်ရသူကို တွေ့ဖို့ တိတ်တဆိတ် သွားခေါ်ဖို့ပဲ။ မင်းအနေနဲ့ ဂိုဏ်းချုပ်ဝမ် ပြောတဲ့ အကြောင်းဟာ မှန်မှန်၊မမှန်မှန် ခုဒီမှာ နေနေရတာဟာ အင်မတန် အန္တရာယ်များတယ်ဆိုတာကိုတော့ သိထားရမယ်…”

နောက်ဆုံးတွင်တော့ ဟန်လိက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။

“ဒါတော့ ဟုတ်တာပေါ့။ ဒါပေမဲ့ ဒီလောက် လူအုပ်ကြီးရဲ့ မျက်လုံးတွေအောက်မှာ ကျုပ်တို့က ဘယ်လိုလုပ် ခိုးကြောင်ခိုးဝှက် သွားလို့ ရပါ့မလဲ…”

လီဖေးယွီက ခေါင်းငုံ့ကာ ပူပန်တကြီး မေးလိုက်သည်။

“ဟူး…ငါတို့ အခွင့်အရေး တခုခု ရလာမလား စောင့်ကြည့်ရုံပေါ့…” ဟန်လိသည်လည်း အတော်အတန် အကူအညီမဲ့သလို ခံစားမိသည်။

သူတို့နှစ်ယောက်သည် လူအုပ်နောက်၌ ပုန်းကွယ်ကာ တီးတိုးစကား ဆိုနေစဉ် သူတို့အောက်မှ မြေပြင်က ရုတ်တရက် တုန်ခါလာသည်။ ပထမပိုင်း၌ ထိုတုန်ခါမှုက မသိသာချေ။ သို့သော် တဖြည်းဖြည်း ပိုပြင်းထန်လာသည်။ လူအများမှာ မတ်တပ်ပါ မရပ်နိုင် ဖြစ်လာကာ တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲပြိုကုန်သည်။ သည်တောင်ထွတ်၏ တုန်ခါမှုကနေ တချို့တောင်စွန်းများသည် ပြိုကျမှု စဖြစ်လာသည်။

“မကောင်းတော့ဘူး။ ဒီတောင်ထွတ်က ပြိုကျတော့မယ်။ ဝမ်ဆိုတဲ့သူက သူနဲ့အတူ ကျုပ်တို့ပါ တပါးတည်း သေရွာခေါ်သွားချင်နေတာပဲ…” အဆင်အခြင်နည်းသော တချို့သူများသည် အလန့်တကြား ထအော်ကုန်သည်။

လူအများက သည်စကားများကို ကြားသည့်အခါ အများစုသည် ပို၍ ထိတ်ထိတ်ပြာပြာ ဖြစ်ကာ ကြောက်ကုန်သည်။ တချို့ဆို ဝမ်ကြွယ်ချူး၏ အစောလေးက ပြောခဲ့သော သတိပေးခြင်းဟူသော စကားကိုပါ မေ့သွားပြီး တောင်ထွတ်ပေါ်ကနေ လွတ်မြောက်နိုင်အောင် တောင်ပေါ်လမ်းထံ ထွက်ပြေးကြတော့သည်။ ထိုသူတို့က သည်တောင်ထွတ်သည် ပြိုကျတော့မည်ဟု ယုံကြည်နေ၏။

ဘုန်း…။ ကျယ်လောင်စွာ ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် ပတ်ဝန်းကျင်တစ်ခုလုံးသည် စတင် ပြိုလဲလာ၏။ မြေပြင်က ပိုပြင်းပြင်းထန်ထန် လှုပ်ခါသည်။

ဆူညံပွက်လောရိုက်သံများကို ကြားသည့်နောက် လူတိုင်းသည် ဒီတောင်ထွတ်မှာ စပြိုနေပြီဟု တွေးထင်ကာ မျှော်လင့်ချက်များ မဲ့ကုန်သည်။

ထိုအခိုက်တွင် ကျားထျန်လုံက သတိဝင်ကာ ဒေါသပုန်ထနေ၏။ သူ့ထံ၌ သစ္စာရှိသော သံသက်တော်စောင့်များ ရှိနေသော်လည်း သူ့အနေဖြင့် မည်သို့ လုပ်ရမည်ကို အတိအကျမသိ ဖြစ်နေ၏။

သူက ဘုန်းကြီးရွှေအလင်းထံ အလိုလို အကြည့်ရောက်သွားသည်။ သူက ထိုဘုန်းကြီးလူပု၏မျက်နှာပေါ်၌ အကြောက်တရားကို ရှင်းလင်းစွာ မြင်လိုက်ရသဖြင့် မချိပြုံးသာ ပြုံးမိတော့သည်။

သည်လူက သူ့ကိုယ်သူကိုယ်ပင် ကာကွယ်နိုင်စွမ်း မရှိပုံ ရ၏။

ထိုဘုန်းကြီးလူပုအပေါ် သူ့အထင်ကြီးလေးစားမှုမှာ ချက်ခြင်း လျော့ကျသွားတော့သည်။

“ဟားဟား…ဝံပုလွေရိုင်းဂိုဏ်းက သူတွေဟာ အကြောက်အလန့်ကင်းမဲ့တဲ့ သူရဲကောင်းတွေလို့ ကျုပ် ထင်ထားခဲ့တာ။ ခုတော့ အားလုံးက ငကြောက်တွေပဲ…”

သည်အခိုက်တွင် ကျားထျန်လုံက ရုတ်တရက် လှောင်ပြောင်လာသည်။ တောင်ထွတ်ပေါ်၌ ရှုပ်ထွေးနေသော်လည်း ကျားထျန်လုံ၏ စကားသံကို လူတိုင်းနားထဲ၌ ရှင်းလင်းစွာ ကြားလိုက်ရသည်။

သူ့ စကားသံနှင့်အတူ မြေပြင်တုန်ခါမှုသည် သိသိသာသာ ရပ်တန့်သွား၏။

ထိုအခါ လူအုပ်သည် ကျောက်သားခန်းမငယ်တစ်ခုမှာ သဲလွန်စမရှိ ပျောက်ကွယ်ကာ တွင်းနက်ကြီးတစ်ခုသာ ကျန်ခဲ့သည်ကို တွေ့မြင်လိုက်ရသည်။ သတ္တိရှိသော တချို့သူများက ရှေ့တိုးကာ ထိုတွင်း၏ အစွန်းအဖျားကနေ အောက်သို့ ငုံ့ကြည့်သည်။ သူတို့သည် ထိုတွင်းချိုင့်မှာ ကြီးမားကာ နက်မှောင်လှသည်ကို မြင်၍ ပင့်သက်ရှိုက်မိကုန်သည်။ ထိုတွင်းချိုင့်၏ အောက်ခြေကို မြင်ရဖို့မှာ မဖြစ်နိုင်ပေ။ သူတို့သည် ၎င်း၏အနက်မှာ မှန်းဆ၍ပင် မရနိုင်တာကို သိလိုက်၏။

“ခေါင်းဆောင်ကျား…ဒီလောက်ဆို ကျုပ် ပြောခဲ့တဲ့အတိုင်း သက်သေပြနိုင်တာလို့ သတ်မှတ်လို့ ရတယ်မလား…” ဝမ်ကြွယ်ချူးက အေးတိအေးစက် မေးလိုက်၏။

ကျားထျန်လုံ၏ မျက်နှာမှာ အနည်းငယ် ဖြူရောသွား၏။ သူက ချက်ခြင်း ပြန်မဖြေ၊ ထိုအစား သူသည် ဘေးပတ်လည်သို့ စူးစမ်းကြည့်သည်။

သူ့ဘေးမှ လူတိုင်းသည် ထိတ်လန့်ကာ သူတို့၏မျက်နှာများ ပေါ်၌ မရေမရာ ဖြစ်ဟန်များ အထင်းသား ပေါ်နေသည်။ ထို့ပြင် တချို့သာမန်ဂိုဏ်းဝင်များနှင့် တခြားဂိုဏ်းငယ်များမှ ဂိုဏ်းဝင်များလည်း ထိုနည်းတူပင်။ သူ့ သံကိုယ်ရံတော်များသည်ပင် မသေမချာ ဖြစ်နေဟန် ပေါ်သည်။

နောက်သို့ လှည့်ကြည့်ကာ သူသည် ဒီညတွင်းချင်း ချီးရွှမ်ဂိုဏ်းကို သိမ်းပိုက်နိုင်စွမ်း မရှိတော့သည်ကို သဘောပေါက်သွားလေပြီ။ ကြည့်ရသည်မှာ သူသည် အရင်ဆုံး ခြေတလှမ်း ပြန်ဆုတ်ကာ ဆုံးဖြတ်ချက် မချခင် ဒီကိစ္စကို သေချာထပ်စဉ်းစားရတော့မည့် ပုံပင်။

“ခင်ဗျားဘက်က အခြေအနေကတော့ ခင်ဗျား ပြောတဲ့အတိုင်းပဲ။ ဒါပေမဲ့ အခြေအနေက အဲ့လို ဖြစ်နေတယ်ဆိုရင်တောင် ကျုပ်တို့ ဘက်နှစ်ဘက်လုံးက သရေအနေအထားပဲ ရှိသေးတယ်။ဒါ့ကြောင့် လွန်တော့ မလာနဲ့…”

သူက ခုလက်ရှိဖြစ်အင်ကို လက်သင့်မခံနိုင်ဟန်ဖြင့် ပြန်ပြောလာသည်။ သူက ဘေးပတ်လည်သို့ ဝေ့ကြည့်လိုက်သည်။ သူ့စကားသံထဲ၌ ဒေါသအငွေ့အသက် ပါဝင်နေ၏။

All Chapters