ငါ ဝင်နိုင်တယ်
Vol. 84 Ch. 1165
ဖေးတောက်ရန်၏ နဂိုရည်ရွယ်ချက်မှာ ရှီနန်မော့အား ဤသမိုင်းဝင် အကြွင်းအကျန်နယ်မြေသို့ မျှားခေါ်လာဖို့ ဖြစ်သည်။ သူက အထိတ်တလန့် ဖြစ်နေဟန် ပေါ်သောကြောင့် သူ့အရိပ်အယောင်ကို မဖုံးကွယ်နိုင်တော့ပေ။
ကံကောင်းစွာဖြင့် ရှီနန်မော့သည် ဖေးတောက်ရန် ပျောက်ကွယ်သွားစဉ် အစီအရင် သင်္ကေတ အရိပ်အယောင်ကို ရှာတွေ့ခဲ့၏။ ရှီနန်မော့၏ နတ်ဘုရားဘုရင် အင်အားဖြင့် သူမက အစီအရင်သင်္ကေတ ဝင်ပေါက်အား မြန်မြန်ဆန်ဆန် ရှာတွေ့ခဲ့သည်။ အစီအရင်အလံနှစ်ခုဖြင့် သူမက ထိုဝင်ပေါက်ကို ဖွင့်နိုင်ခဲ့သည်။
ရှီနန်မော့၏ စိတ်စွမ်းအားက မိုဝူကျိကို အာရုံမခံမိသောကြောင့် သူမ ဝင်သွားသင့်လားဟု စတင် တွေးတောလာမိသည်။ သို့သော်လည်း သူမက နှစ်စက္ကန့်လောက် စဉ်းစားပြီးနောက် အထဲသို့ ဝင်လိုက်သည်။ မိုဝူကျိသည် သူမကို လိမ်ညာမည် မဟုတ်ကြောင်း အပြည့်အဝ ယုံကြည်ထားသည်။
ယခင်က မိုဝူကျိသည် သူမအား နတ်ဘုရားသိုက်မြုံ ဝင်ခွင့်အား သူမဆီမှ ဘာမှတောင်းဆိုခြင်းမရှိဘဲ ပေးခဲ့သည်။ ဤတစ်ကြိမ် သူမက မိုဝူကျိနှင့်သာ တိုက်တိုက်ဆိုင်ဆိုင် မတွေ့ခဲ့လျှင် သူက သူမအား နတ်ဘုရားဘုရင်အဆင့် တက်လှမ်းနိုင်အောင် ကူညီပေးလိမ့်မည်ဟု သိမည် မဟုတ်ပေ။
ရှီနန်မော့က မူးဝေလာပြီးနောက် ဤဝင်ပေါက်က်သည် အာကာပြင် ကူးသန်းရေး အစီအရင်ဂိတ်ပေါက် ဖြစ်နေကြောင်း သတိပြုမိလိုက်၏။
သိပ်မကြာခင် ရှီနန်မော့က မြေကြီးပေါ် ဆင်းသက်လာသည်။ သူမက သူမနောက်ရှိ အရိပ်အယောင်များမှာ လုံးဝ ပျောက်ကွယ်သွားသောကြောင့် ထူးထူးဆန်းဆန်း ကြည့်လိုက်မိသည်။
တခြားနည်းဖြင့်ဆိုရလျှင် သူမက နတ်ဘုရားဘုရင် ဖြစ်နေလျှင်ပင် ဤနေရာမှ ထွက်သွားဖို့ တခြားနည်းလမ်း မရှိပေ။ နတ်ဘုရားနယ်မြေဆီ ဦးတည်နေသော နောက်ထပ် အာကာပြင် အစီအရင်ဂိတ်ပေါက်ကို ရှာမတွေ့သရွေ့ သူမ ထွက်သွားနိုင်မည် မဟုတ်ချေ။
ရှီနန်မော့က သူမနောက်ရှိ အရိပ်အယောင်များ ပျောက်ကွယ်သွားကြောင်း သတိထားမိရုံသာမက မိုဝူကျိကိုလည်း မခံစားမိတော့ပေ။ ရှီနန်မော့က လုံးဝ မလှုပ်ရှားသေးပေ။ အကယ်၍ မိုဝူကျိသာ ပါမလာလျှင် သူမက ချီချန်းအတွက် ပြိုင်ဖက် မဖြစ်နိုင်ပေ။
မိုဝူကျိက အထဲဝင်ရောက်ပြီးသွားပြီ ဖြစ်၏။ သူ့ဖုံးကွယ်ရေး ပညာရပ်နှင့် သန္ဓေပြောင်းလဲရေး ပညာရပ်မှာ ဝိဇ္ဇာပင် သူနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
မိုဝူကျိ ဝင်ရောက်လာသည်နှင့် နတ်ဘုရားနယ်မြေတွင် မဟုတ်တော့ကြောင်း သိလိုက်သည်။ ဤအာကာြပင် ကူးသန်းရေး အစီအရင်က အတော်လေး အံ့ဩဖို့ ကောင်းပြီး သူပင် မခင်းကျင်းနိုင်သေးပေ။
ကူးသန်းရေး အစီအရင်ထဲ ဝင်ရောက်ပြီးနောက် မိုဝူကျိ ပထမဆုံး ခံစားမိသည့်သူမှာ ဖေးတောက်ရန် ဖြစ်၏။ သူက ဖေးတောက်ရန်ကို ခံစားမိရုံသာမက သံမဏိလှောင်အိမ်အတွင်း ပိတ်မိနေသည့် ချီချန်းကိုလည်း တွေ့လိုက်ရသည်။
ဤသည်မှာ ယုတ္တိမတန်ပုံ ပေါ်သော်လည်း ချီချန်းက အမှန်ပင် သံမဏိလှောင်အိမ်အတွင်း ပိတ်မိနေသည်။ ထိုလှောင်အိမ်၏ သံတိုင်များက လက်သန်းအရွယ်လောက်သာ ရှိ၏။ သံတိုင်တစ်ခုနှင့်တစ်ခုကြားတွင် ၁၅ စင်တီမီတာလောက် ကွာဝေးပေသည်။
ကြည့်ရသည်မှာ သဟဇာတ နတ်ဘုရားတစ်ပါးအနေနှင့် ဤသို့လှောင်အိမ်အတွင်း ပိတ်မိနေသည်မှာ ရယ်စရာတစ်ခု ဖြစ်နေဟန် ပေါ်သည်။ အကယ်၍ မိုဝူကျိသာ မှားယွင်း၍ မမှန်းဆမိလျှင် ထိုသဟဇာတ နတ်ဘုရား အဆင့် ၄ က ရှီနန်မော့ ပြောသည့် ချီချန်းဆိုသူသာ ဖြစ်ရမည်။
ချီချန်းက သဟဇာတ နတ်ဘုရားအဆင့် ရောက်ရုံသာမက အလယ်အလတ် သဟဇာတ နတ်ဘုရားအဆင့်သို့ ရောက်ရှိနေလေပြီ။
ချီချန်းက မိုဝူကျိ ထွက်ပေါ်မလာသေးသည့် အကြောင်းအရင်း မဟုတ်သေးပေ။ အကြောင်းမှာ မိုဝူကျိက နောက်ထပ် ပညာရှင်တစ်ယောက်ကို အာရုံခံမိ၍ ဖြစ်သည်။ ထိုပညာရှင်၏ အရှိန်အဝါက ဖန်းရှီယူထက် ပိုအားကောင်းဟန် ပေါ်ပေသည်။
သူ ထိုပညာရှင်၏ နေရာကို ရှာမတွေ့ခင်အထိ မိုဝူကျိက သူ့ဘာသာ ထုတ်ဖော်ပြမည် မဟုတ်ပေ။
နေ့တစ်ဝက်လောက် ကြာလာသော်လည်း မိုဝူကျိက ပေါ်မလာသည့်အတွက် ရှီနန်မော့က သတိထားကာ ဆက်သွားလိုက်သည်။ သူမစိတ်စွမ်းအားက မိုဝူကျိလောက် အားမကောင်းသလို သူမတွင် စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းလည်း မရှိချေ။ ထို့ကြောင့် ဤနေရာတွင် ရှိနေသော အတားအဆီးကြောင့် သူမ၏ စိတ်စွမ်းအားကို များများ မသုံးနိုင်ပေ။ သူမက ဆယ်ပေလောက် လျှောက်လာပြီး ကျောက်ဝင်ပေါက်တစ်ခုကို ဖြတ်ကျော်လိုက်ပြီးနောက် သံမဏိ လှောင်အိမ်အတွင်း ပိတ်မိနေသည့် ချီချန်းကို တွေ့လိုက်ရသည်။
ရှီနန်မော့က ရပ်ကာ ချီချန်းအား စိုက်ကြည့်လိုက်၏။ သူမက နတ်ဘုရားဘုရင် အဆင့် ၁ သာ ဖြစ်သေးသော်လည်း ချီချန်းသည် သဟဇာတ နတ်ဘုရား အဆင့် ၁ မကကြောင်း အာရုံခံမိသည်။ တခြားနည်းဖြင့်ဆိုရလျှင် ချီချန်းက သူမ မျှော်မှန်းထားသည့်ထက် များစွာ အားကောင်းနေပေသည်။
ထိုစဉ် ရှီနန်မော့က အသိပြန်ကပ်လာသည်။ သူမက ဤနှစ်တစ်လျှောက်လုံး လက်စားချေဖို့ စောင့်ဆိုင်းလာသည် ဖြစ်ရာ သူမရန်သူ အားမည်မျှ ကောင်းနေသည်ကို မြင်ပြီးနောက် မည်သို့ ထွက်ပြေးနိုင်မည်နည်း။ အကယ်၍ သူမ လုပ်လိုက်ပါက သူမ မိသားစုနှင့် မျိုးနွယ်စုအတွက် ဘယ်တော့မှ လက်စားချေပေးနိုင်မည် မဟုတ်ပေ။
“ တူမကြီးက အရည်အချင်း ရှိသားပဲ။ ဒီလောက်အချိန်တိုလေးအတွင်းမှာ နတ်ဘုရားဘုရင်အဆင့်တောင် ရောက်သွားပြီလား …. ဂုဏ်ပြုပါတယ်ကွယ် ” ချီချန်းက ရှီနန်မော့ ရောက်လာသည်ကို မြင်ကာ ရယ်မောလိုက်၏။
ရှီနန်မော့က ချီချန်းအား အေးစက်စက် စိုက်ကြည့်လိုက်ပြီး “ ကျွန်မတို့ လျှပ်စီးဓားအိမ်တော် တစ်ခုလုံးကို ဖျက်စီးပစ်လိုက်တာ ရှင့်လက်ချက်မလား။ ကျွန်မရဲ့ အဖေကိုလည်း ရှင်ပဲ သတ်ပစ်လိုက်တာမလား။ ပြီးတော့ ကျွန်မတို့ ရှီမျိုးနွယ်တစ်ခုလုံးကို သတ်ပစ်လိုက်တာလည်း ရှင်ပဲ …. ”
ချီချန်းက ဆက်ရယ်မောလိုက်ပြီး
“ ကျင့်ကြံတဲ့သူတိုင်း နောက်ဆုံးတော့ သေရမှာပဲလေ။ သူတို့က ငါတို့ထက် စောစောစီးစီ ထွက်သွားတာလေး တစ်ခုပဲ။ ငါ့တူမကြီးက အမုန်းတရားကို ဒီလောက်အကြာကြီး မျိုသိပ်ထားတာလား။ တူမကြီး နတ်ဘုရားဘုရင်အဆင့် မြန်မြန် ရောက်လာတာကိုတော့ တကယ် အံ့ဩမိပါတယ်။ တကယ်တော့ မင်းက ဒီလိုအခြေအနေမျိုးမှာတောင် တည်တည်ငြိမ်ငြိမ် နေနိုင်သေးတယ်။ မင်းက ကိုယ့်ဘေးကင်းမှုကိုတောင် စိုးရိမ်တဲ့ပုံ မပေါ်ဘူးပဲ … ”
ရှီနန်မော့က ပြန်ဖြေလိုက်သည်
“ ရှင့်တပည့် ဖေးတောက်ရန်က ဒီနေရာအထိ ကျွန်မကို ဘာအတွက် မျှားခေါ်လာတယ်ဆိုတာကို သိပြီးသား .. ကျွန်မအဖေ ထားခဲ့တဲ့ အတားအဆီးကို ဖွင့်ဖို့ ရှီမျိုးနွယ် သွေးကို လိုနေတာပဲ ”
“ မင်း သိပြီးပြီလား ” ချီချန်းက အနည်းငယ် အံ့ဩသွားဟန် ပေါ်သည်။ သူက စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်၏။ စိတ်စွမ်းအား အတားအဆီးမှာ ကျင့်ကြံဆင့်ပေါ် မူတည်ပေသည်။ သဟဇာတ နတ်ဘုရားအဆင့် ၄ ကျင့်ကြံသူတစ်ယောက်အနေနှင့် ချီချန်း၏ စိတ်စွမ်းအားက ရှီနန်မော့ထက် ပို၍ ဖြန့်ကျက်နိုင်ပေသည်။
သိပ်မကြာခင် သူက ရှီနန်မော့သည် ဤနေရာသို့ တစ်ယောက်တည်း ရောက်လာကြောင်း အတည်ပြုလိုက်ပြီးနောက် သက်ပြင်းအရှည်ကြီးချလိုက်သည်။
ချီချန်းက တအံ့တဩဖြင့် ပြန်ဖြေလိုက်သည်
“ ငါ့တူမကြီးက ဉာဏ်များလာတတ်တာပဲ … ငါတောင် အလိမ်မိတော့မလို့။ မင်း ဒီကို တစ်ယောက်ယောက် ခေါ်လာရင်တောင် မင်း လုပ်နိုင်တာ ဘာမှမရှိဘူး။ မင်း သိပ်မကြာသေးခင်က ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော သုံးထားတယ်လို့ ကြားတယ် ”
“ ဟုတ်ပါတယ် ဆရာ … သူမရဲ့ မိတ်ဆွေတစ်ဦးက ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော ထုတ်ပေးလိုက်တာကို ကျွန်တော် ကိုယ်တိုင် မြင်လိုက်တာပါ။ အဲဒါနဲ့ ဆယ်ရက်အတွင်း နတ်ဘုရားဘုရင်အဆင့် ရောက်သွားတာပါ ” ဖေးတောက်ရန်က မြန်မြန် ပြောလိုက်သည်။
“ မှားတယ် ” ရှီနန်မော့က ခေါင်းခါလိုက်သည်။
ဖေးတောက်ရန်က အော်ပြောလိုက်သည် “ မင်း ဝန်ခံခံ၊ မဝန်ခံခံ ဘာမှမထူးဘူး။ ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်လိုက်ရတာ ”
ရှီနန်မော့က အသာပြန်ပြောလိုက်သည်
“ ကျွန်မ မငြင်းပါဘူး။ ကျွန်မက ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောကိုပဲ သုံးလိုက်တာ မဟုတ်ဘူး။ နတ်ကျောက်စိမ်း ဆေးလုံးလည်း သောက်ခဲ့သေးတယ် ”
ချီချန်း၏ မျက်နှာမှာ မှုန်မှိုင်းလာပြီး သံမဏိလှောင်အိမ်အစွန်းရှိ ယင်ယန် အစီအရင်သင်္ကေတများရှိရာဆီ လက်ညိုးထိုးပြလိုက်သည် “ တူမကြီး အဲဒီမှာ ခဏလောက် ရပ်ပေးလို့ ရမလား။ မင်းဦးလေးက မင်းရဲ့ သွေးကို သုံးစရာလေး ရှိလို့ ”
ရှီနန်မော့က သဟဇာတ နတ်ဘုရား အလယ်အလတ်အဆင့်အတွက် ပြိုုင်ဖက် မဟုတ်မှန်း သိထားလျှင်ပင် အလွယ်တကူ အဖမ်းမခံနိုင်ပေ။ သူမက မှော်ရတနာ ဆွဲမထုတ်နိုင်ခင် လက်အမှတ်အသားကြီး ကျရောက်လာသည်။
ချီချန်းက အိုဟောင်းနေဟန်ပေါ်သည့် သံမဏိလှောင်အိမ်အတွင်း ပိတ်မိနေသော်လည်း စိတ်စွမ်းအားကို သုံးနိုင်သေး၏။ သူက သဘာဝစွမ်းအား လက်ကြီးကိုလည်း ထုတ်ဖော်နိုင်သေးပေသည်။
ရှီနန်မော့က ချီချန်း သဘာဝစွမ်းအား လက်ကြီးကို မြင်လိုက်သည်နှင့် လန့်ဖြတ်သွားကာ နောက်ဆုတ်ဖို့ ကြိုးစားလိုက်သည်။ သူမက နတ်ဘုရားဘုရင် အဆင့် ၁ ဖြစ်သော်လည်း သူမက သဟဇာတ နတ်ဘုရား အဆင့် ၄ ၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည်ဟု မထင်ပေ။
ရှီနန်မော့က နောက်ဆုတ်ဖို့ ကြိုးစားလိုက်စဉ် ဘာမှမလုပ်နိုင်တော့ကြောင်း သတိပြုမိလိုက်သည်။ ဤနေရာအတွင်းရှိ အာကာပြင်က သူမလှုပ်ရှားမှုများကို ကန့်သတ်ထားဟန် ပေါ်သည်။
ရှီနန်မော့က မှော်ရတနာကို ဆွဲမထုတ်လိုက်နိင်ခင် ချီချန်း၏ သဘာဝစွမ်းအားလက်ကြီးက လေထုတွင် တစ်ဝက်တပျက် ရပ်တန့်သွားပြီး ပျောက်ကွယ်သွားကြောင်း သတိပြုမိလိုက်၏။
“ ဘယ်သူလဲ ” ချီချန်း၏ အမူအယာက ချက်ချင်း ပြောင်းလဲသွားလေ၏။
မိုဝူကျိ၏ ခန္ဓာကိုယ်နှင့် အသံက ဆက်တိုက် ပေါ်ထွက်လာသည် “ ဖြတ်သွားဖြတ်လာ … ဒါနဲ့ အရင်လျှပ်စီးဓားအိမ်တော်ကို ဖျက်စီးလိုက်တုန်းက ကျုပ်ကိုတောင် သတ်မိတော့မလို့ …. အဲဒါကြောင့် ခင်ဗျားလိုမျိုး ခွေးသားက ဒီမှာ ရှိနေတယ်လို့ ကြားထားလို့ ရောက်လာတာ ”
“ အစ်ကိုကြီးမို ” ရှီနန်မော့က မိုဝူကျိကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ သူမ၏ နှလုံးခုန်နှုန်းပင် ပြန်လည် တည်ငြိမ်သွားလေ၏။ အကယ်၍ ချီချန်းသာ မိုဝူကျိကို သတိမထားမိခဲ့လျှင် မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ မနိမ့်ကျကြောင်း ဆိုလိုနေခြင်း ဖြစ်၏။
“ မင်းက ဘယ်သူလဲ ” ချီချန်းက မိုဝူကျိသည် သူ့ထက် အားမနည်းကြောင်း ခံစားမိကာ စိတ်ထဲ လေးလံလာမိသည်။
မိုဝူကျိ၏ ကျင့်ကြံဆင့်က သူ့ထက် မနိမ့်ကျလျှင်ပင် သူ့သဘာဝစွမ်းအားလက်ကို တားဆီးနိုင်ခြင်းက အနည်းဆုံး သူနှင့် ပြိုင်ဖက် ဖြစ်နိုင်ကြောင်း ပြသနေသည်။ ချီချန်းက ဤနေရာမှ မထွက်သွားနိုင်ဘဲ သဘာဝစွမ်းအားလက်သာ အသုံးပြုနိုင်စဉ် တစ်ဖက်လူက လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်သည်။
ဘေးတွင် ရပ်နေသည့် ဖေးတောက်ရန်က တအံ့တဩ ဝင်ပြောလိုက်သည် “ ဆရာ … အဲဒီလူက ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောကို ထုတ်ပေးခဲ့တဲ့သူပဲ ”
ချီချန်းက ဆူပူလိုက်သည် “ မင်းက နောက်ကနေ လူပါလာတာတောင် သတိမထားမိဘူးလား ”
ထိုသို့ပြောပြီးနောက် သူပင် မိုဝူကျိ၏ တည်ရှိမှုကို လုံးလုံး သတိမထားမိကြောင်း သတိပြုမိသွားသည်။
“ ငါက ဘယ်သူလဲဆိုတာ အရေးမကြီးဘူး။ မင်း သိဖို့ လိုတာက ဟိုးနှစ်တွေတုန်းက မင်းက ငါ့ကို သတ်မိတော့မလို့ ဖြစ်ခဲ့တာ … အခု ငါက ပြန်ပြီး အကြွေးလာဆပ်တာ။ ဒီနေရာမှာ ဟုန်မုန့်သဲ ရှိတယ်ဆိုပြီး ကြားထားတယ်။ အဲဒီက ဒီနေရာလား ” မိုဝူကျိက ပြောလိုက်ရင်း သူ့စိတ်စွမ်းအားကို တစ်နေရာလုံး ဖြန့်ကျက်လိုက်သည်။
မိုဝူကျိက ဤနေရာသို့ ဝင်လာသည့်အခါ ဟုန်မုန့်သဲ အရိပ်အယောင်ကို မခံစားမိသေးပေ။
ထိုအရာက မိုဝူကျိအား အင်မတန် သတိကြီးသွားစေသည်။ အကယ်၍ ပုန်းအောင်းနေသည့် ပညာရှင်က ဟုန်မုန့်သဲကို သိမ်းထားသည်ဆိုလျှင် မိုဝူကျိအနေနှင့် ယူနိုင်မည် မဟုတ်တော့ပေ။
ပညာရှင်အားလုံးတွင် သူတို့ကိုယ်ပိုင် လွှတ်မြောက်ရေး နည်းစနစ်များ ရှိကြသည် မဟုတ်ပါလော။ မိုဝူကျိက ထိုသူ့အား ချုပ်ထိန်းထားနိုင်လိမ့်မည်ဟု ယုံကြည်ချက် မရှိပေ။ ထို့အပြင် ဤသည်မှာ တစ်ဖက်လူ၏ နေရာတွင် ဖြစ်နေသေး၏။
ချီချန်းက မိုဝူကျိ စကားများကို ကြားလိုက်သည့်အခါ စိတ်ထဲမှ လှောင်ရယ်လိုက်သည်။ သူက သံမဏိလှောင်အိမ်အနားရှိ အစီအရင်ကို ချိုးဖောက်လိုက်သည့်အခါ အက်သံကြီး ထွက်လာ၏။
သံမဏိလှောင်အိမ်နောက်တွင် ကျောက်စားပွဲတစ်လုံး ပေါ်လာသည်။ ထိုစားပွဲပေါ်တွင် သစ်သားသေတ္တာတစ်လုံး ရှိနေသည်။ ထိုသစ်သား သေတ္တာ၌ အားကောင်းသည့် အတားအဆီးဖြင့် ပိတ်ဆို့ထားသော်လည်း တာအိုအငွေ့အသက်တစ်ခု ရစ်ပတ်နေလေသည်။
သံမဏိလှောင်အိမ်အတွင်း ဝင်ရောက်သူသာ ကျောက်စားပွဲပေါ်မှ သစ်သားသေတ္တာကို ရယူနိုင်လိမ့်မည်။
“ မင်း ငါ့လိုမျိုး လှောင်အိမ်အတွင်း ဝင်ရဲရင် ဟုန်မုန့်သဲကို ရလိမ့်မယ်။ ဟုန်မုန့်သဲက သစ်သားသေတ္တာထဲမှာ ရှိတယ် ” ချီချန်းက မထီမဲ့မြင် ပြောလိုက်သည်။
သူက မိုဝူကျိသည် သံမဏိလှောင်အိမ်အတွင်း ဝင်ရဲမည် မဟုတ်ကြောင်း သေချာသိနေ၏။
သံမဏိလှောင်အိမ်အတွင်းရှိ နေရာမှာ အတော်အတန် ကြီးမားကျယ်ဝန်းသောကြောင့် မိုဝူကျိအတွက် အလွယ်တကူ ဝင်ရောက်နိုင်သည်။
“ အစ်ကိုကြီးမို မဝင်ရဘူးနော် ” ရှီနန်မော့က မိုဝူကျိသည် ထိုနေရာသို့ လျှောက်သွားနေကြောင်း တွေ့ပြီးနောက် လှမ်းခေါ်လိုက်သည်။
မိုဝူကျိက ပြုံးကာ “ မစိုးရိမ်ပါနဲ့ … ငါ ဝင်သွားလို့ ရပါတယ် ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက လှောင်အိမ်ဆီ ဦးတည်သွားပြီး ဝင်ရောက်လိုက်သေးသည်။
***