ဝင်္ကပါတောင့်ခံနိုင်သရွေ့
Vol. 164 Ch. 2334
ဘေးဘက်တွင် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်အများအပြားသည် တိုက်ပွဲကို ကြည့်နေကြ၏။ သူတို့က ကောင်းကင်မှ ထိုမြင်ကွင်ကို တွေ့သည် မျက်နှာအမူအရာများမှာ အလွန် လေးနက်သွားကြ၏။ အားလုံးက သူတို့၏လက်နှစ်ဘက်ကို ဆုပ်ကာ ကောင်းကင်ထက်မှ တန်ခိုးရှင်ကိုးဦးအား ဦးညွတ်ကြသည်။ စွန့်ပစ်ခံကလန်မှ အဖိုးအိုကလည်း သူတို့အား ကြည့်ကာ သက်ပြင်းချသည်။ သို့သော်လည်း သူ၏မျက်နှာတွင် ဆုံးဖြတ်ချက်ပြတ်သားခြင်း၏အငွေ့အသက်များ ထင်ရှားစွာ ဖြစ်ပေါ်နေသည်။
သူတို့က စွန့်ပစ်ခံကလန်ကို ဝင်ရောက်သောနေ့ကတည်းက သူတို့၏ကံကြမ္မာမှာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။ စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များသည် သူတို့၏အသက်ကို မည်သည့်အချိန်တွင်မဆို စတေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ မည်သည့်ကျင့်ကြံဆင့်ဖြစ်စေ၊ မည်သည့်အဆင့်အတန်းဖြစ်စေ သူတို့သည် အသက်ကို စတေးရန် မည်သည့်အခါကမှ ဝန်မလေးကြပေ။ ဤသည်ကား သူတို့ နှစ်ပေါင်းများစွာ ကိုင်စွဲလာသော ယုံကြည်မှုလည်း ဖြစ်သည်။ ၎င်းယုံကြည်မှုသည် သူတို့၏အသွေးအသားနှင့် ဝိညာဉ်များတွင် ကိန်းအောင်းနေပြီး ဖြစ်သည်။
၎င်းယုံကြည်မှုကြောင့်လည်း စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များသည် အနှောင်အဖွဲ့များ ကင်းစင်စွာဖြင့် မြင့်မားသော အဆင့်များသို့ အလွယ်တကူ ကျင့်ကြံနိုင်ကြသည်။ ထို့ကြောင့် ရှင်းယိကုန်းမြေမှ တန်ခိုးရှင်များ၏ယေဘုယျစွမ်းရည်များမှာ အလွန်အားကောင်းကြသည်။
ယခု စွန့်ပစ်ခံကလန်သည် အမှောင်လောကမှ လွတ်မြောက်လာခဲ့သော်လည်း ကဒ်ဘေးအသစ်တစ်ခုနှင့် ကြုံတွေ့နေရသည်။ လောကအသီးသီးမှ ထိပ်သီးအင်အားစုများသည် သူတို့ကလန်၏ဘိုးဘေးအမွေအနှစ်များကို လိုချင်တပ်မက်နေကြ၏။ ထိုလူများ၏တောင်းဆိုချက်ကိုသာ သဘောတူလိုက်ပါက စွန့်ပစ်ခံကလန်၏ဘိုးဘေးအမွေအနှစ်များမှာ တဖြေးဖြေး ပျောက်ကွယ်သွားနိုင်သည်။ ထို့အပြင် ပြင်ပလောကမှ အင်အားစုများ၏လွှမ်းမိုးမှုများမှာလည်း ရှန်းယိကုန်းမြေကို သက်ရောက်လာနိုင်ပြီး နောင်တွင် ဖြစ်လာမည့် အကျိုးဆက်မှာ မတွေးဝံ့စရာပင်။
လူသားတို့၏အလိုလောဘမှာ အကန့်အသတ် မရှိပေ။ သူတို့က ထိုလူများ၏တောင်းဆိုချက်ကို သဘောတူလိုက်သည့်တိုင် နောင်တွင် ထို့ထက် အကန့်အသတ်မရှိသော တောင်းဆိုချက်များ အနိုင်ကျင့်မှုများ ဖြစ်လာနိုင်သည်မှာ သေချာသလောက် ဖြစ်သည်။ ထို့အပြင် နောင်တွင် စွန့်ပစ်ခံကလန်၏ ပိုကြီးမားသော လျှို့ဝှက်ချက်များကို ထိုလူများ သတိထားမိသွားသောအခါ စွန့်ပစ်ခံကလန်သည် ကလန်တစ်ခုလုံး ပျောက်ကွယ်သွားနိုင်သည်အထိ ဘေးအန္တရာယ်ကြီးမားပေလိမ့်မည်။
စွန့်ပစ်ခံကလန်သည် အမှောင်လောကမှ နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား တိုက်ပွဲဝင်လျှက် ထွက်ပြေးလွတ်မြောက်လာနိုင်သော်လည်း မူလဘုံတွင် အဆုံးသတ်နှင့် တွေ့နိုင်သော ဖြစ်နိုင်ချေ ရှိသေးသည်။ သူတို့က သဘဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရာတွင် ပြဿနာမရှိသော်လည်း လူသားတို့ကို ရင်ဆိုင်ရာတွင်ကား အဆမတန် ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ သဘောပေါက်ကြပေသည်။
ထို့ကြောင့် စွန့်ပစ်ခံကလန်သည် မည်သည့် စတေးမှုကိုမဆို လုပ်ဆောင်ကာ ပြင်ပလောကမှ တန်ခိုးရှင်များအား လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခြင်းမှ တားဆီးသွားရပေမည်။ ကျင့်ကြံသူများ၏ယုံကြည်မှုကို ရရှိရန် သူတို့အား လျှို့ဝှက်နယ်မြေသို့ ဖိတ်ကြားခဲ့သည်။ ဤနည်းဖြင့် သူတို့က မူလဘုံတွင် အခိုင်အမာ ရပ်တည်နိုင်သော အကြောင်းပြချက်တစ်ခုကို ရနိုင်သည်။ ရှန်းယိကုန်းမြေသည် မူလဘုံမှ တခြားသော ကုန်းမြေများကဲ့သို့ လွတ်လပ်သော ကုန်းမြေတစ်ခု ဖြစ်လာနိုင်သည်။
စွန့်ပစ်ခံကလန်သည် ဤတိုက်ပွဲတွင် ရှုံးနိမ့်မည် မဟုတ်သလို ရှုံးနိမ့်ရန်လည်း မတတ်နိုင်ပေ။
ကောင်းကင်ထက်တွင် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးသည် လေဟာနယ်ကို တဖန် ချိပ်ပိတ်လိုက်ကြသည်။ သူတို့သည် ရှေးဟောင်းနတ်ဘုရားများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နှင့်မြေပြင်တို့ဖြင့် ပေါင်းစပ်သွား၏။ ရီဖူရှင်းတို့သည် ထိုလေဟာနယ်ထဲတွင် ရပ်နေကြသည်။ သူတို့က ကျောက်ဆောင်ဝင်္ကပါ တဖန် ပြန်လည် ဖြစ်တည်လာသည်ကို ကြည့်ကြ၏။ သည်တစ်ကြိမ် ဝင်္ကပါကား ပို၍ သန်မာဟန်ရသည်။
ရှေးဟောင်းနတ်ဘုရားများသည် သူတို့အား ဝန်းရံထားသည်။ နတ်အလင်းများသည် သူတို့ထံမှ တဟုန်းဟုန်းလောင်ကျွမ်းနေ၏။ ထိုရှေးနတ်ဘုရားများ၏မျက်နှာပြင်ထံမှ စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များ၏မျက်နှာကို ရေးရေးမျှ တွေ့နိုင်၏။ ကြည့်ရသည်မှာ စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များသည် ထိုရှေးနတ်ဘုရားများနှင့် လုံးဝ ပေါင်းစပ်သွားပြီး ဖြစ်ဟန်ရသည်။ သူတို့၏အသွေးအသားနှင့် ဝိညာဉ်တို့အား လုံးဝ စွန့်လွှတ်လိုက်ပြီး ဖြစ်ဟန်ရ၏။ သူတို့သည် ကျောက်ဆောင်ဝင်္ကပါ၏အစိတ်အပိုင်းအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ထို့အပြင် အသံလှိုင်းတစ်ခုသည် ကျောက်ဆောင်ဝင်္ကပါ၌ စိမ့်ဝင်နေသည်။ ရီဖူရှင်းသည် ထိုအသံလှိုင်းမှ စိတ်ခံစားချက်များကို ရသည်။ ထိုအသံလှိုင်းတွင် ဝမ်နည်းကြေကွဲမှု၊ ရဲစွမ်းသတ္တိနှင့် အသက်ကို စတေးရန် စိတ်ပိုင်းဖြတ်ထားမှုတို့အား သူ မြင်တွေ့သည်။ တန်ခိုးရှင်ကိုးဦးသည် သူတို့၏အသက်အား ဝင်္ကပါထံ၌ လောင်ကျွမ်းစေသည်။ သူတို့၏စတေးမှုကပင် ဝင်္ကပါ၏လောင်စာ ဖြစ်ပေသည်။
သည်ကျောက်ဆောင်ဝင်္ကပါအသစ်သည် နတ်အလင်းများဖြင့် ပို၍ တောက်လောင်လာပေသည်။ ထိုမြင်ကွင်းကို မြင်သူတိုင်းမှာ ထိတ်လန့်အံ့အားသင့်ကြရ၏။ အသံလှိုင်းသည်လည်း အဆက်မပြတ် ဖြစ်ပေါ်လာကာ တန်ခိုးရှင်များကို ဖိအားပေးလာသည်။ ရီဖူရှင်းအပြင် တခြားတန်ခိုးရှင်များကလည်း ကျောက်ဆောင်ဝင်္ကပါမှ အပြောင်းအလဲကို သတိထားမိကြသည်။
“ခင်ဗျားတို့ ရူးသွားပြီလား” ဟွားကျွင်းလိုင်က မေးသည်။ သူတို့သည် တိုက်ပွဲဝင်္ကပါနှင့် အသွေးအသားများကို ပေါင်းစပ်နေခြင်းဖြစ်ကာ အကယ်၍ တိုက်ပွဲဝင်္ကပါသည်သာ ကျိုးပျက်သွားပါက ထိုတန်ခိုးရှင်ကိုးဦးမှာလည်း ထိုနေရာတွင်ပင် အသက်ပျောက်မည်မှာ မုချမလွဲပေ။
သူတို့၏အသက်မှာ မျဉ်းတစ်ကြောင်းစာသာ ခြားတော့သည်။
သူတို့က ကျောက်ဆောင်ဝင်္ကပါအား သူတို့၏အသွေးအသား ဝိညာဉ်များဖြင့် တည်ဆောက်ထားကြသည်။
မည်သူကမှ ပြန်မပြောပေ။ ပြိုင်စံရှားဖိအားမှာ တည်ရှိနေသေးသည်။ စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များမှာလည်း ထိုနည်းတူဖြစ်ကာ စတင်၍ တိုက်ခိုက်ခြင်း မပြုပေ။ သူတို့က ကျောက်ဆောင်ဝင်္ကပါကိုသာ ဖွဲ့စည်းပြီး ခုခံရန်ရည်ရွယ်ချက်သာ ရှိသည်။ မည်သည့်နည်းဖြင့် ကြည့်သည်ဖြစ်စေ၊ စွန့်ပစ်ခံကလန်သည် အလွန်ဖော်ရွေသော ပုံစံရှိကာ သူတို့သည် ခုခံသည့်အခြေအနေတွင်သာ ရှိသည်။
ဟွားကျွင့်လိုင်နှင့် တခြားလူများက ထိုမြင်ကွင်းကို တွေ့သည်တွင် သူတို့၏အမူအရာများက လေးနက်သွားသည်။ သူက ပြောသည် “ဒီလိုဆိုရင်လည်း ကျုပ်တို့ မညှာတော့ဘူး”
သူက ထိုသို့ပြောလျှင် မဟာအင်ပါယာ၏ပုံရိပ်သည် ပို၍ လင်းလက်လာခဲ့၏။ သူက လက်ကို ဆန့်တန်းလိုက်သည်တွင် ပိုမိုအားကောင်းသော စွမ်းအားသည် သူ၏လက်ထံသို့ စီးဆင်းလာသည်။ တခြားတန်ခိုးရှင်များကလည်း ပိုမိုအားကောင်းသော အရှိန်အဝါကို ထုတ်ဖော်ကြသည်။ ပိုမိုအားကောင်းသော စွမ်းအားများ သူတို့ထံမှ ပေါက်ကွဲထွက်လာ၏။
ရီဖူရှင်းတစ်ယောက်တည်းသာ မလှုပ်မရှား ရပ်နေသည်။ သူက သူ့ဘေးမှ တန်ခိုးရှင်များနှင့် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များကို ကြည့်သည်။ ကျောက်ဆောင်ဝင်္ကပါသည်သာ ကျိုးပျက်သွားပါက စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးမှာလည်း အသက်သေဆုံးမည်ကို သူနားလည်သည်။
စွန့်ပစ်ခံကလန်က ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သူတို့၏စိတ်ဓာတ်ခိုင်မာမှုမှာ မေးခွန်းထုတ်စရာ မလိုတော့ပေ။ သူတို့ နောက်ဆုတ်မည် မဟုတ်ပေ။ သူတို့က ခုခံခြင်းပုံစံကို နေရာယူထားသော်လည်း သူတို့၏စိတ်ဓာတ်သည် အလွန်ခိုင်မာ၏။ ပြင်ပလောကမှ တန်ခိုးရှင်များအား မည်သည့်နည်းနှင့်မှ လျှို့ဝှက်နယ်မြေထဲသို့ လက်ခံမည်မဟုတ်။ သူတို့က ကျောက်ဆောင်ဝင်္ကပါ၏နောက်ဆုံးပုံစံကို ဖော်ထုတ်လိုက်ခြင်းက ထိုအချက်ကို သိသာစေသည်။
ထိုအချက်ကိုကြည့်လျှင် စွန့်ပစ်ခံကလန်သည် ပြင်ပလောကမှ တန်ခိုးရှင်များ၏ပညာရပ်များကိုလည်း စိတ်မဝင်စားပေ။ သူတို့က ထိုအချက်ကို ထည့်သွင်းခြင်းမှာ တခြားရည်ရွယ်ချက်ဖြင့်သာ ဖြစ်သည်။ သူတို့က တခြားအင်အားစုများကို လက်လျှော့စေချင်၏။
ရီဖူရှင်းသည် စွန့်ပစ်ခံကလန်၏ရည်ရွယ်ချက်ကို သဘောပေါက် နားလည်သည်။ သို့သော်လည်း နှစ်ဘက်လုံးသည် နောက်ဆုတ်မည့်ပုံ မရှိပေ။
စွန့်ပစ်ခံကလန်သည် တိုက်ပွဲကို အနိုင်ရရန် ထိုသို့ ပေးဆပ်မှုအား ဝန်မလေးခဲ့။
သူတို့က ဤတိုက်ပွဲတွင် အသက်ခံရဲသည်ဆိုလျှင် နောင်တိုက်ပွဲတွင်လည်း ထိုနည်းတူသာ ဖြစ်ပေမည်။ သည်တစ်ကြိမ် ကောင်းကင်ဒေသမှ တန်ခိုးရှင်များသည် စတင်တိုက်ခိုက်သူဖြစ်သည်။ မှော်နက်လောက၊ လူသားဘုံတို့ကား စတင်လှုပ်ရှားခြင်း မရှိကြသေး။ သူတို့မှာလည်း တခြားလောကမှ တန်ခိုးရှင်များ ဖြစ်ကြသည်။
ဤသို့သော အခြေအနေတွင် စွန့်ပစ်ခံကလန်သည် မည်သည့်နည်းနှင့်မှ အလျှော့ပေးမည် မဟုတ်ပေ။
စွန့်ပစ်ခံကလန်မှ ထိပ်သီးတန်ခိုးရှင် မည်မျှ စတေးရန် လိုသနည်း။
ထိုသို့တွေးလျှင် ရီဖူရှင်းသည် အနည်းငယ် တွန့်ဆုတ်နေသည်။ သူက တိုက်ခိုက်ကာ ကျောက်ဆောင်ဝင်္ကပါအား ချိုးဖျက်ရမည်လား။
သူက ထိုသို့လုပ်ခဲ့ပါက စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များ အသက်ဆုံးပါးသွားနိုင်သည်။ ကောင်းကင်ဒေသမှ တန်ခိုးရှင်များမှာလည်း သက်သာမည် မဟုတ်ပေ။
သည်မတိုင်ခင် သူက တိုက်ပွဲကို ဝင်ပါခဲ့ခြင်းမှာ ကျောက်ဆောင်ဝင်္ကပါကို စမ်းသပ်ကြည့်လိုသည်က တစ်ပိုင်း၊ ဝင်္ကပါမှာ အလွယ်ကျိုးပျက်သွားမည်ဟု ယူဆသည်က တစ်ပိုင်းကြောင့် ဖြစ်သည်။ သို့သော်လည်း စွန့်ပစ်ခံကလန်က အသက်ကိုပင် အလောင်းအစားပြုလုပ်လာမည်ဟု သူ မထင်ထားခဲ့။ မဟုတ်လျှင် သူက ဝင်ပါခဲ့မည် မဟုတ်ပေ။
ရီဖူရှင်းက တွေဝေနေစဉ်မှာပင် တခြားတန်ခိုးရှင်များက စတင်တိုက်ခိုက်ကြပြီ ဖြစ်သည်။ သူတို့၏အဆက်မပြတ် တိုက်ခိုက်မှုများသည် ကျောက်ဆောင်ဝင်္ကပါထံသို့ ကျဆင်းလာခဲ့သည်။ ချက်ချင်းပင် ပေါက်ကွဲသံများ အဆက်မပြတ် ဖြစ်ပေါ်လာခဲ့ကာ လေဟာနယ်သည် သိမ့်သိမ့်တုန်နေ၏။ သို့သော်လည်း ကျောက်ဆောင်ဝင်္ကပါကား တောင့်ခံနေသေးသည်။
တန်ခိုးရှင်ကိုးဦးသည် ရှေးနတ်ဘုရားများအသွင်သို့ ပြောင်းလဲကာ ဝင်္ကပါနှင့် ပေါင်းစပ်ထားသည်။ သူတို့က အချင်းချင်း ခေါင်းညိတ်ကာ မျက်လုံးများကို မှိတ်လိုက်ကြ၏။ သူတို့သည် ရုပ်တုများအလား ငြိမ်သက်စွာ ထိုင်နေကြသည်။ လက်ရှိတွင် သူတို့၏အသက်မှာ သူတို့ကိုယ်ပိုင် မဟုတ်တော့။ သူတို့က ကျောက်ဆောင်ဝင်္ကပါအား ကာကွယ်ရန် စတေးထားပြီး ဖြစ်သည်။
ဝင်္ကပါ တည်ရှိသရွေ့ သူတို့ အသက်ရှင်သည်။ ဝင်္ကပါ ကျိုးပျက်လျှင် သူတို့ သေမည်။
ဝင်္ကပါကား မကျိုးပျက်သေးပေ။ အဝေးမှ တန်ခိုးရှင်များသည် ထိုမြင်ကွင်းကိုကြည့်ကာ မသက်မသာ ခံစားနေကြရသည်။ ဝင်္ကပါ တည်ရှိနေသရွေ့ စွ့န်ပစ်ခံကလန်မှ တန်ခိုးရှင်များ အသက်ရှင်နိုင်မည်။ မည်သို့သော ယုံကြည်မှု ဖြစ်သနည်း။ အကယ်၍ သူတို့သာ ဝင်္ကပါအား ချိုးဖျက်ပါက သူတို့က ထိုတန်ခိုးရှင်ကိုးဦးကို သတ်ရပေမည်။
စွန့်ပစ်ခံကလန်ကား သူတို့ကိုယ် သူတို့ အမှန် ရက်စက်ကြမ်းကြုတ်ပေသည်။