← Chapters

အပိုင်း (၅၁၆)

Vol. 35 Ch. 516

အပိုင်း (၅၁၆)

Vol. 35 Ch. 516

ဗိုလ်ချုပ်ကျိရှောင်းကပြောလိုက်သည်။

“ကြယ်ခြောက်ပွင့်သူတော်စင်

နယ်ပယ်အဆင့်ကို ဝင်ရောက်ပြီးတဲ့နောက် ငါ့ရဲ့စွမ်းအားအပြည့်တိုက်ချက်ကိုမင်း တားနိုင်စွမ်းရှိအုံးမလားဆိုတာကို ကြည့်ချင်သေးတယ်”

ရှစ်ဖုန့်ကကျိရှောင်းအား

လေးနက်စွာကြည့်လိုက်သည်။ ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်၏တိုက်ချက်အားသူတားဆီးနိုင်၏။ သွေးနီရောင်ချပ်ဝတ်ဖြင့်ဆိုလျှင်

ယင်းကပြဿနာတစ်ခုမဟုတ်ပေ။သို့သော် တိုက်ပွဲကကြာမြင့်ခဲ့မည်ဆိုလျှင် သူကကျိရှောင်းယှဉ်နိုင်မည်မဟုတ်သည်ကိုသူသိသည်ဖြစ်သည်။

သို့သော် “ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်”တိုက်ခိုက်လိုက်ဆဲဖြစ်သည်။ တစ္ဆေမျက်နှာဖုံးက ရှစ်ဖုန့်၏မျက်နှာထက်၌ပေါ်လာ၏။ ထို့နောက်ချက်ချင်းဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံးကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က ကျိရှောင်းထံသို့ဦးတည်သွားသည်။

ကျိရှောင်းက ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်ဖြစ်နေသည်ဆိုလျှင်တောင် ရှစ်ဖုန့်တစ္ဆေမျက်နှာဖုံးအားဝတ်ဆင်လိုက်သောအခါတွင်  မဟာသူတော်စင်နယ်ပယ်အဆင့်ဖြစ်သွားသောဝိညာဉ်တိုက်ခိုက်မှုက  ကျိရှောင်း၏ ဦးခေါင်းအား  စူးရှနာကျင်မှုတစ်ခုကိုခံစားရစေသည်ဖြစ်သည်။ သူ၏မျက်နှာကနာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီး  ကောင်းကင်ထဲသို့မော့၍ဟစ်အော်လိုက်သည်။

ကျိရှောင်း၏ ပြောင်းလဲမှုက သူ၏ နောက်၌ရှိနေသော နဂါးဆင်စီးနင်းစစ်သည် ဆယ့်သုံးယောက်၏  မျက်နှာထားများအား ကြီးစွာပြောင်းလဲသွားစေသည်။

အမြဲတမ်းအေးဆေးတည်ငြိမ်မှုရှိသော ဗိုလ်ချုပ်ကျိရှောင်းက တကယ်ပဲ ဤကဲ့သို့နာကျင်စွာဖြင့်ဟစ်အော်နေ၏။ ယင်းမှာ သူတို့ ယခင်က လုံးဝစိတ်ကူးဖူးခြင်းမရှိသော  အရာမျိုးဖြစ်သည်။

ကျိရှောင်းထံသို့ဝိညာဉ်တိုက်ခိုက်မှုအားဖော်ထုတ်လိုက်ပြီးနောက်  ရှစ်ဖုန့်ကသူ၏ဘယ်လက်အားလွှဲယမ်းလိုက်ပြီး စွမ်းအားတို့ပေါင်းထည့်ထားသော လပြည့်ဓားက ကျိရှောင်းထံသို့ပျံသန်းသွားသည်။

လပြည့်ဓားက  တဝှီဝှီလည်ပတ်၍ ကျိရှောင်းထံသို့ဦးတည်လာ၏။

“အရှင်သတိထားပါ”

ကျိရှောင်း၏နောက်၌ရှိနေသော   နဂါးဆင်စီးနင်းစစ်သည်ဆယ့်သုံးယောက်က   ကျိရှောင်းပေါ်သို့ရှစ်ဖုန့်ကတိုက်ခိုက်မှု

တစ်ခုထုတ်ဖော်လိုက်သည်ကိုမြင်တွေ့လိုက်ကြရသည်။ထိုထက်ပိုသည်ကား လပြည့်ဓားထံမှသူတို့ထွင်းဖောက်မြင်နိုင်ခြင်းမရှိသော  ဆန်းကြယ်ပြီးထူးဆန်းသည့်စွမ်းအားတစ်ခုကို သူတို့ခံစားကြရသည်ဖြစ်သည်။

သို့သော်ကျိရှောင်းက ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ သူ၏စိတ်က  ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်မှ လျှင်မြန်စွာပြန်လည်ကောင်းမွန်သွားသည်။သူ၏ဦးခေါင်းအတွင်းမှနာကျင်မှုအားပြန်လည်အမှတ်ရသွားသောအခါတွင်  ခက်ထန်သောအမူအယာတစ်ခုက သူ၏အေးစက်သောမျက်နှာထက်၌

ပေါ်လာသည်။ သူ့ထံသို့ပျံသန်းလာနေသော လပြည့်ဓားအားကြည့်၍  သူ့လက်အတွင်း၌ရှိနေသော  ခရမ်းရောင်လှံရှည်အား  ရုတ်တရက်ရှေ့သို့ထိုးသွင်းလိုက်သည်။

“ဘန်း”

ကြွပ်ဆပ်သောအသံတစ်ခုက တောအုပ်အတွင်းပဲ့တင်ထွက်ပေါ်လာသည်။ လပြည့်ဓားနှင့်   ခရမ်းရောင်လှံရှည်တို့က ပြင်းထန်စွာပစ်‌ဆောင့်မိကြ၏။ သို့သော်  ကျိရှောင်း၏ကြယ်ကိုးပွင့်သူတော်စင်

နယ်ပယ်စွမ်းအားအောက်တွင်   လပြည့်ဓားအတွင်းသို့ရှစ်ဖုန့်ထည့်သွင်းခဲ့သော  စွမ်းအားတို့က လှံကြောင့်ရုတ်ခြင်းပျောက်ကွယ်သွား၏။

လပြည့်ဓား၏ကွေးညွှတ်သောဓားသွားက နောက်ပြန်လွင့်သွားပြီးနောက် ကျိရှောင်း၏ အေးစက်သောမျက်နှာက ရုတ်တရက်မျက်မှောင်ကြုတ်လိုက်၏။  သူ၏ခေါင်းအားမော့၍  အပေါ်သို့ကြည့်လိုက်သည်။ သူ့

အထက်လေထုထဲ၌   တောင်ငယ်လေးတစ်လုံးစာ

အရွယ်အစားရှိသောစတုရန်းဆန်ဆန်အမှတ်အသားတစ်ခုရှိနေ၏။၎င်းကအောက်တွင်ရှိ နေသော ကျိရှောင်းနှင့်  နဂါးဆင်စစ်သည်ဆယ်သုံးယောက်တို့အားလွှမ်းခြုံသွားသည်။

“ငရဲဘုံကိုးခု အံ့ဖယ်ဆီးလ်တံဆိပ်လေးခု”

အစောပိုင်းတုံးက ငရဲဘုံးကိုးခုဝိညာဉ်တုန်လှုပ်ဆီးလ်နှင့် လပြည့်ဓားတို့အားအသုံးပြု၍ရှစ်ဖုန့်တိုက်ခိုက်ခဲ့သည်။ သူကအခွင့်အရေးရယူပြီး  ဟင်းလင်ပြင်ထဲ၌ ငရဲဘုံကိုးခု  အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုအား

ဖော်ထုတ်ခဲ့သည်။

“…….ဒီစွမ်းအားက”

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.. ဘယ်လိုဖြစ်ပြီးတော့ ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က  ဒီလိုစွမ်းအားမျိုးကို အသက်သွင်းနိုင်ရတာလဲ..  ဒါကဘယ်လိုသိုင်းပညာရပ်မျိုးလဲ”

ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခု  ပေါ်လာသောအခါတွင်  နဂါးဆင်စီးနင်းစစ်သည်ဆယ့်သုံးယောက်တို့၏မျက်နှာထားများမှာသိသိသာသာကိုပြောင်းလဲသွားသည်။ ၎င်းတို့မှာ ပြိုင်ဘက်ကင်းသော  စွမ်းအားတစ်ခုကသူတို့အား လွှမ်းခြုံလာသည်ကိုအာရုံခံမိသောအခါတွင် အလွန့်အလွန်တုန်လှုပ်အံ့အား

သင့်သွားကြသည်။

“ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခု.. ဒါကငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုပဲ.. အရမ်းစွမ်းအားကြီးနေတာကို မအံ့ဩတော့ပါဘူး.. ဒါကဧကရာဇ်ကျိုးယိုဖန်တီးခဲ့တဲ့ အန္တိမသိုင်းပညာရပ်တစ်ခုပဲ. ဒီလူငယ်လေးကဘယ်လိုဖြစ်ပြီးတော့ ဧကရာဇ်ကျိုးယိုရဲ့ အန္တိမသိုင်းပညာရပ်ကိုသိနေရတာလဲ. သူက ဧကရာဇ်ကျိုးယိုရဲ့ဆက်ခံသူများဖြစ်နေမလား”

နဂါးဆင်စီးနင်းစစ်သည်များထဲမှ တစ်စုံတစ်ယောက်က  တောင်ငယ်လေးကဲ့သို့ ဆီးလ်အား မှတ်မိလိုက်သည်။ ၎င်းမှာ ဧကရာဇ်ကျိုးယို၏အန္တိမ သိုင်းပညာရပ်များထဲမှတစ်ခုဖြစ်သော ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုဖြစ်သည်။

“အရှင်..ကျွန်ုပ်တို့  ခရမ်းရောင်တိုက်ပွဲအစီအရင်ကို

အသက်သွင်းလိုက်ရမလား”

နဂါးဆင်စီးနင်းစစ်သည်များထဲမှ တစ်စုံတစ်ယောက်ကမေးလိုက်သည်။

“ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုလား .. ဒီစွမ်းအား က ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်

အထွတ်အထိပ်အဆင့်ပဲ”

ကျိရှောင်းက ခေါင်းမော့၍ တီးတိုးရေရွတ်လိုက်သည်။ သူ့ငယ်သား၏ စကားအားပြန်ဖြေခြင်းမရှိဘဲသူ၏မျက်နှာက လေးနက်နေသည်။အဖြူရောင်ဆီးလ်၌ ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ယောက်၏  စွမ်းအားတို့ပါဝင်နေသည်ကို သူခံစားရသည်ဖြစ်သည်။

“လှုပ်ခတ်ခြင်း”

ဤအချိန်တွင်ရှစ်ဖုန့် က အသံတိုးဖြင့်အော်ပြောလိုက်သည်။ ထို့နောက်  လေထဲရှိ ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုက  ရုတ်တရက်အောက်သို့လှုပ်ခတ်ကျ

ဆင်းလာသည်။

“သတ်စမ်း”

ကျိရှောင်းက  ကျယ်လောင်စွာအော်လိုက်သည်။ ခရမ်းရောင်လှံရှည်အားသူ၏လက်အတွင်း၌ကိုင်ပြီး ကောင်းကင်ထဲမှကျဆင်းလာသော ဧရာမဆီးလ်ဖြင့် တွေ့ဆုံရန်အတွက်   အပေါ်သို့ထိုးတက်လိုက်သည်။

“နဂါးဆင်စွမ်းအား”

ကျိရှောင်းကကြုံးဝါးလိုက်သည်။ ရုတ်ခြည်း ဧရာမနဂါးဆင်အရိပ်ကြီးတစ်ခုက သူ၏ကိုယ်ပေါ်၌ပေါ်လာ၏။  ကျိရှောင်းက နဂါးဆင်အရိပ်ကြီး၏ အလယ်၌ရှိနေသည်။ ထို့နောက် နဂါးဆင်အရိပ်ကြီးကကျိရှောင်း၏ကိုယ်နောက်နောက်လိုက်ပါပြီး အဖြူရောင်အမှတ်နှင့်ပစ်ဆောင့်သွားသည်။

“ဝုန်း”

ပြင်းထန်သောပေါက်ကွဲမှုတစ်ခုက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပဲ့တင်ထပ်သွားသည်။ စွမ်းအားကြီးစွမ်းအင်များက ဤအချိန်၌ပေါက်ကွဲထွက်လာ၏။

လေထဲတွင်အရောင်အဝါတောက်ပ

သောအဖြူရောင်အလင်းတစ်ခုလင်းလက်လာ၏။ခရမ်းရောင်အလင်းနှင့်အတူတကွ၎င်းက  ဖရိုဖရဲဖြစ်လာသည်။  ပြင်းထန်သောစွမ်းအင်များကဦး

တည်ချက်အနှံ့သို့ အကြီးအကျယ်ပျက်စီး၍ကသောင်း

ကနင်းပျံ့နှံ့သွားကာ ကျိရှောင်း၏ပုံရိပ်အပါအဝင် လေထဲရှိအရာအားလုံးအားဖုံးအုပ်သွားသည်။

“အရှင်က တကယ်ပဲ ဒီလိုပြင်းထန်ပြီး ဖရိုဖရဲဖြစ်နေတဲ့ စွမ်းအင်တစ်ခုအလယ်မှာရှိနေတယ်.. သူအဆင်ပြေပါ့မလား”

နဂါးဆင်စီးနင်းစစ်သည်တစ်ဦးကသူ၏အဖော်ဘေးနားသို့လာပြီး ခေါင်းကိုမော့လိုက်သည်။ သူ၏မျက်နှာထက်၌ စိုးရိမ်မှုတို့ဖြင့်ပြည့်နေပြီး အဖော်ဖြစ်သူအားမေးလိုက်သည်။

“စိတ်မပူနဲ့ ငါတို့တွေ အရှင့်နောက်ကိုလိုက်လာတာကြာပြီ..  ဘယ်တုံးကသူရှုံးနိမ့်တာကိုမြင်ဖူးလို့လဲ”

နောက်ထပ်နဂါးဆင်စီးနင်းစစ်သည်

တစ်ဦးကပြောလိုက်သည်။

“အမှန်ပဲ. အရှင်က တိုက်ပွဲတစ်ခုကိုလုံးဝမရှုံးဖူးဘူး. ဒီတစ်ကြိမ်လည်း သူသေချာပေါက်ရှုံးနိမ့်မှာမဟုတ်ဖူး”

သူ့အဖော်ဖြစ်သူ၏ စကားများအားကြားပြီးနောက် နဂါးဆင် စီးနင်းစစ်သည်က စိတ်ပိုင်းဖြတ်ထားမှုတို့ဖြင့်ပြောလိုက်သည်။

“ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်က မလုံလောက်သေးဘူး.”

ရှစ်ဖုန့်ကလည်းကောင်းကင်ထဲ

သို့ကြည့်နေသည်။ လေထဲရှိပြင်းထန်သောစွမ်းအင်များ

အားကြည့်ရင်း   သူ၏မျက်နှာထက်၌စိတ်ပျက်မှု

တို့ဖြင့်ပြည့်နှက်နေ၏။  သူကတီးတိုးရေရွတ်လိုက်ပြီး

ခေါင်းခါယမ်းလိုက်သည်။

လေထဲရှိအရောင်အဝါတောက်ပ

သောအလင်းနှင့်  ပြင်းထန်သောစွမ်းအင်တို့က တစ်ဟုန်ထိုးစတင်ပျောက်ကွယ်လာသည်။ ခရမ်းရောင်ပုံရိပ်တစ်ခုကလေထဲ၌ ဝင့်ကြွားစွာရပ်နေသည်ကို ဝိုးတိုးဝါးတားမြင်တွေ့ရ၏။

ဤပုံရိပ်အားတွေ့လိုက်ရသောအခါတွင်  နဂါးဆင် စီးနင်းစစ်သည်များကအော်လိုက်ကြသည်။

“ကြည့်လိုက်..အဲ့တာအရှင်ပဲ”

“အရှင်ကတော့ တကယ်ပဲငါတို့ရဲ့အရှင်ဆိုတဲ့အတိုင်းပါပဲ. သူအဆင်ပြေတယ်.. ဒါက ဧကရာဇ်ကျိုးယိုရဲ့အန္တိမ ပညာရပ်ဆိုရင်တောင်   ဘာဖြစ်သေးလဲ. ပြောရရင်လူတစ်ယောက်က လူဆယ်ယောက်ကိုအနိုင်ယူနိုင်တယ်.. အကြွင်းမဲ့စွမ်းအားနဲ့တွေ့ရင် အရာအားလုံးက  အချည်းနှီးပဲ”

“အရှင်ကအံ့ဖွယ်ပဲ”

“အရှင်ကအံ့ဖွယ်ပဲ”

“အရှင်ကအံ့ဖွယ်ပဲ”

အောက်တွင်ရှိနေသော နဂါးဆင်စီးနင်းစစ်သည်များက  ကောင်းကင်ထဲသို့အဆက်မပြတ်

အော်ဟစ်ကြသည်။

လေထုအတွင်းရှိ အလင်းရောင်နှင့် စွမ်းအင်တို့ကလုံးဝပျောက်ကွယ်သွားသည်။ ကျိရှောင်း၏ပုံရိပ်က လေထဲ၌ရှင်းသည်ထက်ရှင်းလင်းလာ၏။သူ၏ပုံရိပ်အားလှုပ်ရှားလိုက်ပြီးကျိရှောင်း

မြေပြင်ပေါ်သို့နောက်တစ်ကြိမ် ဆင်းသက်လိုက်သည်။သူကရှစ်ဖုန့်အား အေးစက်စွာစိုက်ကြည့်နေ၏။

သို့သော်ထို့နောက်တွင်  ကျိရှောင်း၏အမူအယာကရုတ်တ

ရက်ပြောင်းလဲသွားသည်။  သူကမျက်မှောင်ကြုတ်လိုက်ပြီး

သူ၏လည်ချောင်းအတွင်းမှချိုမြသောတစ်စုံတစ်ခုကို  အရသာခံမိလိုက်သည်။

“ဝေါ့”

ကျိရှောင်း၏ပါးစပ်မှလတ်ဆတ်နီရဲ

သောသွေးတို့အန်ထွက်လာသည်။

“အရှင်..အရှင်”

“ဘယ်လိုဖြစ်နိုင်မှာလဲ. ဘယ်လိုဖြစ်ပြီးတော့ အရှင်က ထိခိုက်သွားတာလဲ”

နောက်တွင်ရှိနေသော နဂါးဆင်စီးနင်းစစ်သည်များထံမှ အံ့အားသင့်သံများထွက်ပေါ်လာသည်။  သူတို့တစ်ယောက်ချင်းစီကလှုပ်ရှားလိုက်ပြီး ကျိရှောင်းထံသို့ပျံသန်းသွားလိုက်သည်။

“မလိုဘူး.ငါအဆင်ပြေတယ်”

သူ၏နောက်မှငယ်သားများနီးကပ်လာသည်ကိုတွေ့ရသောအခါတွင် ကျိရှောင်းလျှင်မြန်စွာလက်မြှောက်

လိုက်ပြီးတားဆီးလိုက်သည်။ ပုံရိပ်ဆယ့်သုံးခုမှာ မနာခံရဲခြင်းမရှိဘဲ လေထဲ၌ရပ်လိုက်ကြပြီး  နီးကပ်စွာလာရဲခြင်းမရှိပေ။

ထို့နောက်သွေးအန်မှုကြောင့်ခေါင်းငုံ့နေသောကျိရှောင်းက   သူ၏ခေါင်းအားဖြည်းဖြည်းချင်းမော့လိုက်ပြီး  သူ၏ရှေ့၌ရပ်နေသောရှစ်ဖုန့်အား  စိုက်ကြည့်လိုက်သည်။

“ဟီးဟီး.. ဟီးဟီးဟီး”

ဤအချိန်တွင်ရှစ်ဖုန့်အား မျက်နှာမူထားသောကျိရှောင်း၏မျက်နှာထက်မှ အပြုံးတစ်ခုအက်ကွဲဖြစ်ပေါ်လာသည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters