အမှန်တကယ် ဖြတ်သွားဖြတ်လာ
Vol. 84 Ch. 1166
အားလုံးက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်ကြသည်။ ချီချန်းပင် မိုဝူကျိ၏ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ပေ။ သူက မိုဝူကျိသည် သူ့ထက် အားနည်းမည် မဟုတ်ကြောင်း မှန်းဆထားသော်လည်း မိုဝူကျိက သူ့ထက် အားမနည်းနေလျှင် ဘာဖြစ်မည်နည်း။
သူ ဤသံလှောင်အိမ်ထဲ ပိတ်မိနေသည်မှာ မည်မျှ ကြာမြင့်သွားပြီနည်း။ မိုဝူကျိက ဤနေရာ ရောက်လာသည်မှာ မည်မျှကြာမြင့်သေးသနည်း။ ချီချန်းက မိုဝူကျိ လှောင်အိမ်ထဲ ဝင်သည်နှင့် အချိန်တိုအတွင်း ပိတ်လှောင်နိုင်လိမ့်မည်။ သူက မိုဝူကျိကို ချုပ်နှောင်ထားနိုင်သည်နှင့် ရှီနန်မော့က ဘာတတ်နိုင်ဦးမည်နည်း။
မိုဝူကျိ လှောင်အိမ်ထဲ ဝင်လိုက်ပြီးနောက် ချီချန်းနှင့် မိုဝူကျိတို့ နှစ်ယောက်လုံး ဆက်တိုက် လှုပ်ရှားလိုက်ကြသည်။
တစ်ခုတည်းသော ခြားနားချက်မှာ ချီချန်းက မိုဝူကျိဆီ မှော်ရတနာအလင်း ထုတ်လွှင့်လိုက်စဉ် မိုဝူကျိ၏ စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းရှိ စိတ်စွမ်းအားက သစ်သားသေတ္တာဆီ ရောက်ရှိသွားသည်။ မိုဝူကျိက သဟဇာတ နတ်ဘုရား အဆင့် ၄ သာရှိသည့် ချီချန်းအား များများထည့်မတွက်ချေ။
“ ဝုန်း ” ချီချန်း၏ မှော်ရတနာက မိုဝူကျိ၏ စွမ်းအားစက်ကွင်းနှင့် တွေ့သွား၏။ မိုဝူကျိ၏ အားကောင်းလှသော စွမ်းအားစက်ကွင်းက ချီချန်း၏ မှော်ရတနာအား လွှင့်ထွက်သွားစေကာ ချီချန်းကိုယ်တိုင်ပင် စွမ်းအားစက်ကွင်း၏ တန်ပြန်သက်ရောက်မှုကို ခံလိုက်ရသည်။ သူက လွှင့်ထွက်သွားကာ လှောင်အိမ် သံတိုင်နှင့် မိတ်ဆက်သွားလေ၏။
မိုဝူကျိက ဘာမှမဖြစ်သည့်အလား ပြုမူနေသည်။ သဘာဝစွမ်းအား ပေါက်ကွဲမှုများ တည်ငြိမ်သွားပြီးနောက် မိုဝူကျိက သစ်သားသေတ္တာကို ကိုင်ထားပြီးလေပြီ။
ချီချန်းက မိုဝူကျိလက်ထဲမှ သစ်သားသေတ္တာလေးကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။ သူက လှောင်အိမ်အနောက်ရှိ ဗလာကျင်းနေသည့် ကျောက်စားပွဲကို ကြည့်လိုက်မိသည်။ ခဏအကြာတွင် သူက မေးလိုက်၏ “ မင်းက ဘယ်လိုလုပ် သစ်သားသေတ္တာကို ရလာတာလဲ ”
နှစ်များစွာကြာသည့်တိုင် သူက သစ်သားသေတ္တာကို မယူနိုင်ခဲ့ပေ။ မိုဝူကျိက ပထမအခေါက် ကြိုးစားရုံဖြင့် မည်သို့ ယူသွားနိုင်သနည်း။
မိုဝူကျိက သေတ္တာကို ဖွင့်မကြည့်ဘဲ လူသားကမ္ဘာထဲ ချက်ချင်း ထည့်သိမ်းထားလိုက်သည်။ ထို့နောက် သူက ချီချန်းဘက် လှည့်ကာ အေးစက်စက် ရယ်မောလိုက်ပြီး “ ခင်ဗျားဘာသာ ကိုယ့်အကြောင်းကို တွေးနေသင့်တယ်။ ခင်ဗျားရဲ့ အသုံးမကျပြီး အဓိပ္ပါယ်မရှိတဲ့ တာအိုနဲ့ ဒီဟုန်မုန့်သဲကို ထိုက်တန်တယ် ထင်နေလား ”
ချီချန်းက အရာအားလုံး ဖြစ်ပျက်ပြီးနောက် အသိတရားကပ်လာသည်။ အစောပိုင်းလေးက သူသည် မိုဝူကျိအား တိုက်ခိုက်လိုက်သော်လည်း မိုဝူကျိက ပြန်လည် မတိုက်ခိုက်ခဲ့ပေ။ ထိုသို့ဆိုလျှင်ပင် သူက မိုဝူကျိ၏ စွမ်းအားစက်ကွင်းကြောင့် လွှင့်ထွက်သွားသေး၏။ ဤသည်မှာ သူတို့နှစ်ဦးကြားရှိ အင်အားကွာခြားချက်ကို ပြသနေခြင်း ဖြစ်၏။ ခြားနားချက်မှာ သံလှောင်အိမ်အတွင်း ပိတ်မိနေသည့် အချိန်များနှင့်ပင် ပြန်လည် လျော်ကြေးပေးနိုင်မည့်အရာမျိုး မဟုတ်ပေ။
ချီချန်းက သူ့နောက်ကျောဘက်မှ ချွေးအေးများ စီးကျလာကာ စိတ်ထဲ လေးလံလာမိသည်။ သူက မိုဝူကျိသည် အလိုရှိပါက သူ့အား အလွယ်လေး သတ်ပစ်နိုင်ကြောင်း သဘောပေါက်သွား၏။
မိုဝူကျိက သူ့အား ဂရုမစိုက်ဘဲ လှောင်အိမ်အနောက်ဖက်သို့ လှည့်ကာ ပြောလိုက်သည်
“ ကျုပ်က ပစ္စည်းယူပြီးပြီကို ခင်ဗျားက အခုထိ ထွက်မလာသေးဘူးပေါ့။ တော်တော်စိတ်ရှည်တဲ့သူပဲ … တကယ်လို့ ခင်ဗျား ထွက်မလာရင် ကျုပ် သွားတော့မယ် ”
“ ငါ့ပစ္စည်းကို ယူပြီး ထွက်သွားလို့ ရမယ် ထင်နေလား ” အေးစက်စက် အသံတစ်သံမှ စကားတစ်လုံးချင်းစီ ရှင်းရှင်းလင်းလင်း ထွက်လာသည်။ ခဏရပ်လိုက်ပြီးနောက် ကျောက်စားပွဲ အနောက်၌ ကတုံးပြောင် အမျိုးသားတစ်ယောက် ပေါ်လာသည်။ ထိုအမျိုးသား၏ မျက်ဝန်းများက ကျဉ်းကာ သေးနေသောကြောင့် တစ်ဖြောင့်တည်းဟုပင် ထင်မှတ်ရသည်။ နောက်တစ်ခေါက် ကြည့်လိုက်သည့်အခါ ထိုလူက ရိုးရှင်းကာ ဖြောင့်မတ်ဟန် ပေါ်နေသည်။
“ ခင်ဗျားက ဘယ်သူလဲ။ ဒီမှာ ရှိနေတာ ဘယ်လောက်ကြာပြီလဲ ” ချီချန်းက ကတုံးပြောင်အမျိုးသားကို ကြည့်လိုက်သည်။ သူက သံလှောင်အိမ်အတွင်း ပိတ်မိနေသည်မှာ နှစ်များစွာ ကြာမြင့်လှပြီ ဖြစ်ရာ သူ့အနားတွင် တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု တကယ် မထင်ထားမိပေ။
မိုဝူကျိက သူ့ဘေးပတ်လည်ရှိ စည်းမျည်းများ ပြောင်းလဲသွားကြောင်း ခံစားမိလိုက်၏။ သူက ထိုစည်းမျည်းများအတွင်း အချိန်မရွေး ပိတ်မိသွားတော့မည့်ဟန် ပေါ်သည်။
မိုဝူကျိက ရယ်မောလိုက်ရင်း
“ ကျုပ်က ကျုပ်စိတ်ကြိုက် ဝင်ချင်ဝင်မယ်၊ ထွက်ချင်ထွက်မယ်။ ဘယ်သူမှ ကျုပ်ကို ထိန်းချုပ်လို့ မရဘူး။ ကျုပ်ကို အမှန်တကယ် ချုပ်နှောင်ထားဖို့ ကြိုးစားကြည့်ချင်ရင် ခင်ဗျားဘာသာ အရင်ကြည့်နေသင့်တယ် ”
မိုဝူကျိက သစ်သားသေတ္တာလေးကို ထုတ်ကာ ပြောလိုက်သည်။ ဤတစ်ကြိမ်၌ သူက သေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာထဲ၌ နှစ်ပိုင်းဖြတ်ထားသည့် မြေတုံးလေးကို တွေ့လိုက်ရသည်။ ထိုမြေကြီးမျ ထွက်ပေါ်နေသော သဘာဝရှေးဦးစွမ်းအားကို ရှီနန်မော့အပါအဝင် အားလုံး ခံစားမိလိုက်သည်။
“ ဟုတ်သားပဲ တကယ့်ကို ဟုန်မုန့်သဲပဲ ” မိုဝူကျိက စစ်ဆေးပြီးနောက် သေတ္တာကို ပြန်သိမ်းထားလိုက်သည်။ သူ့ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားကာ သူ့ကို ချုပ်ထိန်းထားသော စည်းမျည်းအားလုံးက နောက်ထပ် ပြောင်းလဲသွားပြန်သည်။ သူ့အပေါ် ချုပ်ထိန်းထားသော စည်းမျည်းများက လုံးဝ သက်ရောက်မှု မရှိချေ။
အကယ်၍ မိုဝူကျိသာ တစ်ဖက်လူက ဟုန်မုန့်သဲကို သိမ်းထားပြီးသား ဖြစ်နေမည်ကို မစိုးရိမ်လျှင် သူက ထွက်သွားလောက်ပြီးလေပြီ။ အဘယ်ကြောင့် ထပ်စောင့်နေရမည်နည်း။
“ မင်းက ဘယ်လိုထွက်သွားတာလဲ ” ကတုံးပြောင် အမျိုးသားက မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ယခင်က သူက မိုဝူကျိသည် ဟုန်မုန့်သဲကို မည်သို့ ယူသွားကြောင်း ခေါင်းပေါက်မထွက် စဉ်းစားခဲ့ရ၏။ ယခု မိုဝူကျိက သူ့အာကာပြင် စည်းမျည်းကို အလွယ်လေး ချိုးဖောက်သွားသည့်အခါ သူ့စိတ်ထဲ လုံးဝ ရှုပ်ထွေးသွားလေသည်။
ဤလူက ဝိဇ္ဇာများလား ….
သူက ဝိဇ္ဇာတပိုင်း အဆင့် ၇ ဖြစ်သောကြောင့် ဝိဇ္ဇာအပြင် မည်သူကများ သာမာန်သွားလာနိုင်မည်နည်း။
ကတုံးပြောင် အမျိုးသားက စိတ်ရှုပ်ထွေးနေစဉ် မိုဝူကျိလည်း ထို့နည်း၎င်း ဖြစ်၏။ အကယ်၍ ဟုန်မုန့်သဲသာ တစ်ဖက်လူ လက်ထဲ ရောက်နေပြီးလျှင် သူတို့က အဘယ်ကြောင့် ရှီနန်မော့ကို မျှားခေါ်ရသနည်း။
“ ခင်ဗျားတို့နှစ်ယောက် ….” ချီချန်းက မိုဝူကျိကို တစ်လှည့် ကတုံးပြောင် အမျိုးသားကို တစ်လှည့်ကြည့်လိုက်ပြီး သူသာလျှင် အမှန်တကယ် ဖြတ်သွားဖြတ်လာ ဖြစ်နေကြောင်း သဘောပေါက်သွားလေသည်။
“ အသုံးမကျတဲ့ကောင် … ငါက မင်းကို ရှီမျိုးနွယ် လူကိုပဲ ခေါ်ခဲ့ပါဆို မင်းက ပြဿနာကောင်ကို သယ်လာသေးတယ် ” ချီချန်း စိတ်ရှုပ်ထွေးနေသည်ကို ကြည့်ကာ ကတုံးပြောင် အမျိုးသားက ချီချန်းအား ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ရွယ်လိုက်သည်။
နှမြောစရာကောင်းသည်က ချီချန်းတွင် တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ သွေးမြူအဖြစ် ပြောင်းလဲသွားလေသည်။
တုန်လှုပ်ကာ နားမလည်နိုင် ဖြစ်နေသည့် ကမ္ဘာဦး စိတ်ဝိညာဉ် ထွက်ပေါ်လာသော်လည်း အာကာပြင်စည်းမျည်း၏ ဖိနှိပ်မှုအောက် ရောက်ရှိသွားကာ လေထုအတွင်း ပျောက်ကွယ်သွားရသည်။
ဖေးတောက်ရန်က သူ့ဆရာ အသတ်ခံလိုက်ရကြောင်း သတိထားမိကာ ဤနေရာ၌ အဘယ်ကြောင့် ဆက်နေရဲမည်နည်း။ သူက အာကာပြင် ကူးသန်းရေး အစီအရင်ဂိတ်ပေါက်ဆီ ဦးတည်လိုက်သည်။ ထိုစဉ် သူ့စိတ်ထဲ၌ နောင်တမှအပ အခြားအရာ မရှိပေ။ သူက ဤနေရာမှ ထွက်သွားပြီးနောက် အဘယ်ကြောင့်များ ပြန်လာခဲ့ရသနည်း။
“ ဖူး” ဤတစ်ကြိမ်၌ ရှီနန်မော့က အခွင့်အရေးကို လက်လွှတ်မခံဘဲ ထိုသူ့အား အပိုင်းအပိုင်းအစစ ခြေမွပစ်လိုက်သည်။ နှစ်များစွာ ကျင့်ကြံလာပြီးနောက် လက်စားချေနိုင်ခဲ့လေပြီ။
ကတုံးပြောင် အမျိုးသားက ရှီနန်မော့ တစ်ယောက် ဖေးတောက်ရန်ကို သတ်လိုက်သည့်ကိစ္စအား မမြင်ဟန် ပြုမူနေသည်။ ထို့အစား သူက မိုဝူကျိဘက် လှည့်ကာ “ ဟုန်မုန့်သဲကို ပေးလိုက် …. ဒီနေရာက ထွက်သွားဖို့ အခွင့်အရေးပေးမယ် ”
မိုဝူကျိက ကတုံးပြောင် အမျိုးသားအား ကြည့်ကာ “ ခင်ဗျားက မျက်နှာပြောင်တာလား ”
ထို့နောက် သူက ခေါင်းကုတ်ကာ ထပ်ပြောလိုက်သည် “ ဟုတ်သား … ခင်ဗျားက တကယ်မျက်နှာပြောင်တာပဲ ”
ထိုသို့ပြောပြီးနောက် မိုဝူကျိက လခြမ်းကွေး ပုဆိန်လှံရှည်ကို ထုတ်ယူလိုက်သည်။ ပုဆိန်လှံရှည်က ငွေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားလေ၏။
“ ဘုန်း ” ပုဆိန်လှံရှည်က ကောင်းကင် ထပ်ခြမ်း ခွဲလုမတတ် စွမ်းအားကို သယ်ဆောင်လာလေ၏။ ထိုအခိုက်အတန့်၌ ချီချန်းအား နှစ်များစွာ ပိတ်လှောင်ထားခဲ့သော လှောင်အိမ်သည် အမှုန့်ဖြစ်သွားလေသည်။
လှောင်အိမ် ပျက်စီးသွားပြီးနောက် မိုဝူကျိနှင့် ရှီနန်မော့တို့ မျက်ဝန်းမှာ လင်းလက်လာသည်။ သူတို့နှစ်ယောက်ရှေ့တွင် တကယ့်ခန်းမကျယ်တစ်ခု ပေါ်လာသည်။
ခန်းမထောင့်တစ်နေရာ၌ ကတုံးပြောင် အမျိုးသားက ရပ်နေလေ၏။ သူ့ရှေ့ရှိ ကျောက်စားပွဲမှာ မရှိတော့ပေ။ ချီချန်း ရှီနန်မော့သွေးကို ယူရန် ပြင်ထားခဲ့သော ယင်ယန်အစီအရင် သင်္ကေတက ခန်းမအလယ်သို့ ရောက်နေ၏။
မိုဝူကျိက လှောင်အိမ်ကို တစ်ချက်တည်းဖြင့် ဖျက်စီးလိုက်ပြီးနောက် ကတုံးပြောင် အမျိုးသား၏ အမူအယာမှာ နောက်ဆုံးတော့ ပြောင်းလဲသွားလေ၏။ ထိုစဉ် သူက မိုဝူကျိသည် သူ့ထက် အားမနည်းကြောင်း သေချာသိလိုက်သည်။ သူက မိုဝူကျိ လှောင်အိမ်အတွင်းမှ ထွက်သွားနိုင်ပြီး ဟုန်မုန့်သဲ ယူဆောင်သွားနိုင်ခြင်းမှာ ဈေးပေါပေါ လှည့်ကွက် မဟုတ်ကြောင်း သတိပြုမိသွားသည်။
သီးသန့်ကမ္ဘာ၏ စည်းမျည်းများကို ထိန်းချုပ်ထားနိုင်သူ တစ်ဦးတည်းသာ လှောင်အိမ်ကို ဤသို့ ဖျက်စီးပစ်နိုင်လိမ့်မည်။
“ အရမ်းကောင်းတယ် … မင်းက ငါနဲ့ စကားပြောဖို့ အားကောင်းတယ်။ ဒီခန်းမကို ဟိုးရှေးကတည်းက ထိပ်တန်းဝိဇ္ဇာတစ်ဦး ချန်ထားခဲ့တာ။ မင်းက ဒီလိုစွမ်းဆောင်ရည် ရှိတယ်ဆိုတော့ ဟုန်မုန့်သဲကို ငါ့နှုတ်ဆက်လက်ဆောင်အဖြစ် သဘောထားလိုက်ပေါ့။ ဒီမိန်းကလေး သွေးစတေးပြီး ဒီခန်းမကို ဖွင့်ပြီးတာနဲ့ ငါ ပစ္စည်းတစ်ခုပဲ ယူမယ်။ ကျန်တာအားလုံးက မင်းအပိုင်ပဲ ” ကတုံးပြောင် အမျိုးသားက မိုဝူကျိအား တိုက်ခိုက်မည့်အစား လေးလေးနက်နက် ပြောလိုက်သည်။
မိုဝူကျိက စတင်ရယ်မောကာ
“ ဒီဟုန်မုန့်သဲက ကျုပ်မိတ်ဆွေရဲ့ အဖေက ချန်ထားပေးခဲ့တာ။ သူမက ကျုပ်ကို ပေးထားပြီးသား ခင်ဗျာ ဝင်ပြောနေဖို့ မလိုဘူး။ ပြီးတော့ သွေးစတေးမှုကိုတော့ ခင်ဗျားဘာသာ စတေးလိုက်ပေါ့။ ကျုပ်ဆီမှာ ခင်ဗျားနဲ့ စနောက်နေဖို့ အချိန်မရှိဘူး။ ကျုပ်က ဒီခန်းမရဲ့ အာကာပြင် ကူးသန်းရေး အစီအရင်ဖွင့်ဖို့ပဲ စိတ်ဝင်စားတယ် ”
“ ရပ်လိုက်စမ်း ” မိုဝူကျိက ဤခန်းမအား သွေးစတေးမှုမပါဘဲ အတင်းကျပ်ဖွင့်ဖို့ ကြိုးစားနေသည်ကို မြင်လိုက်သည့်အခါ ကတုံးပြောင် အမျိုးသားက အသည်းခိုက်မတတ် တုန်လှုပ်သွား၏။ သူက စိုးရိမ်ကြီးစွာ အော်ပြောလိုက်သည်
“ မင်း ဒီခန်းမရဲ့ အတားအဆီးကို ဖွင့်မယ်ဆိုရင် အာကာပြင် စည်းမျည်းတွေက ပျက်စီးကုန်ပြီးတော့ အထဲက ပစ္စည်းတွေအားလုံး ပျောက်ကွယ်သွားလိမ့်မယ် ”
“ ပျောက်ကွယ်သွားတော့ရော ဘာဖြစ်လဲ။ ကျုပ်နဲ့ မဆိုင်ဘူး ” မိုဝူကျိက ပြောနေရင်း ဤနေရာမှ ထွက်သွားဖို့ အာကာပြင် အစီအရင်မှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သတိထားမိလိုက်သည်။
“ မင်းက သေချင်နေတာပဲ ” ကတုံးပြောင် အမျိုးသားက ဒေါသတကြီး အော်ကာ သူ့ခန္ဓာကိုယ်က မိုဝူကျိဆီ ပြေးဝင်လာသည်။ အဖြူရောင်အလင်းတန်းက မိုဝူကျိအား လွှမ်းခြုံသွားလေ၏။
“ဝုန်း ” ထိုစဉ် မိုဝူကျိ၏ စွမ်းအားစက်ကွင်း အပါအဝင် အရာအားလုံးက တစစီ စုတ်ပြဲထွက်သွားသည်။
မည်သည့်အရာမှ ထိုအလင်းတန်းကို မတားဆီးနိုင်ပေ။ မိုဝူကျိ၏ စိတ်စွမ်းအားက ထိုအလင်းတန်းနှင့် ထိတွေ့သွားသည့်အခါ တစ်ဖက်လူက သူ့အား ထိုးဖောက်မတတ် အကြည့်ကို ခံစားလိုက်ရသည်။
ထို့နောက် သူ့စိတ်စွမ်းအားမှာ ပျောက်ကွယ်လာပြီး စွမ်းအားစက်ကွင်းသည်လည်း ကွယ်ပျောက်သွားသည်။ သူက စိတ်စွမ်းအားဖြင့် မည်သည့်တိုက်ကွက်မှ ထုတ်မသုံးနိုင်တော့ပေ။ မိုဝူကျိက တစ်ဖက်လူသည် အရာအားလုံး သူ့လက်ထဲ ထိန်းချုပ်ထားဟန် အပြုံးကို မြင်လိုက်ရသည်။
ထူးဆန်းလိုက်တဲ့ မှော်ရတနာ ….
မိုဝူကျိက စိတ်ထဲမှ ချီးကျူးမိလိုက်သည်။ အကယ်၍ တခြားလူသာ ဖြစ်ပါက နောက်ဆုတ်ရုံမှအပ ဘာမှမရှိတော့ပေ။
နှမြောစရာကောင်းသည်က ကတုံးပြောင် အမျိုးသားသည် သူနှင့်မှ တည့်တည့်လာတိုးပေသည်။ သူ့အသိစိတ်ပင်လယ်မှ စိတ်စွမ်းအားကို ကန့်သတ်ခံထားရသော်လည်း သူ့တွင် စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်း ရှိနေသေး၏။
မိုဝူကျိက လက်ချောင်းတစ်ချောင်း ထုတ်ဖော်လိုက်သည်။
သတ္တကမ္ဘာ လက်ချောင်းပညာရပ် - ယင်ယန်
မိုးမြေ၊ ဖန်ဆင်းမှုအလုံးစုံနှင့် ယင်ယန်တို့မှာ ပြောင်းလဲသွားသည်။ ယင်တစ်ဖက်၊ ယန်တစ်ဖက်၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း တို့က နေရာလဲလာသည်။
မိုဝူကျိ၏ သတ္တကမ္ဘာ လက်ချောင်းပညာရပ် ယင်ယန်သည် သူ့သေခြင်းရှင်ခြင်း ကံကြမ္မာစက်ဝန်းနှင့် ပေါင်းစပ်သွားသည်။ သူ ဤလက်ချောင်း ထုတ်ဖော်လိုက်သည်နှင့် ခန်းမအတွင်းရှိ အသက်ဓာတ်နှင့် မရဏစွမ်းအားတို့က စတင် ပြောင်းလဲလာသည်။ ကတုံးပြောင် အမျိုးသား၏ ခပ်ဖျော့ဖျော့ အသက်ဓာတ်မှာ နှုတ်ယူခံနေရသည်။ သူက ဘေးပတ်လည်ရှိ မရဏစွမ်းအားများသည် သူ့တာအိုအငွေ့အသက်အတွင်းသို့ စိမ့်ဝင်သွားကြောင်း ခံစားနေရ၏။
“ မဖြစ်နိုင်တာ ” ကတုံးပြောင် အမျိုးသားက တုန်လှုပ်တကြီး အော်ဟစ်ကာ ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။ သူက ကောင်းကင်တိုင်းတာ တုတ်ချောင်းကို အသုံးပြုခဲ့စဉ်အခါက သူ ကြောက်ရမည့် အခြေအနေတစ်ရပ်သာ ရှိပေသည်။ ထိုအခြေအနေမှာ တစ်ဖက်လူက လျို့ဝှက်တိုက်ကွက် ထုတ်သုံးနိုင်ဆဲ ဖြစ်နေသည့်အချက်ကို ဖြစ်၏။ ယခု ဖြစ်လာသကဲ့သို့ မိုဝူကျိက သူ့ကောင်းကင်တိုင်းတာ တုတ်ချောင်းကို လုံးဝ လျစ်လျူရှုထားပြီး သူ့တိုက်ကွက်ကို ဖော်ဆောင်နေသည်။
ကတုံးပြောင်အမျိုးသားက ခန်းမမှ ထွက်ခါနီးတွင် အစီအရင်သင်္တေကများက ပုံသဏ္ဍာန် ဖြစ်တည်လာကာ သူ့လမ်းကြောင်းအား ပိတ်ဆို့ထားလိုက်၏။
မိုဝူကျိက ဤနေရာကို ပိတ်ဆို့ဖို့ အာကာပြင် အစီအရင်သင်္ကေတများကို အသုံးပြုပြီးလေပြီ။ တစ်ဖက်လူက သူ့အစီအရင် သင်္တေများကို လျစ်လျူရှုဖို့ ကြိုးစားနေသရွေ့ တစ်ဖက်လူ၏ အဆုံးသတ် နေ့ရက်မှာ ယနေ့ ဖြစ်သွားနိုင်သည်။
“ မင်းက ဘယ်သူလဲ ” ကတုံးပြောင် အမျိုးသားက မိုဝူကျိအား စိုက်ကြည့်လိုက်သည်။
“ အရင်ဆုံး ခင်ဗျားက ဘယ်သူလဲဆိုတာ ပြောသင့်တယ် ” မိုဝူကျိက ရယ်မောရင်း ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ့စွမ်းအားစက်ကွင်း တစ်နေရာလုံးကို ပိတ်ဆို့ထားသည့်အတွက် ဤတိုက်ပွဲ၌ အပြည့်အဝ အရေးသာနေပေသည်။
“ ငါက နတ်ဘုရားဧကရာဇ် ၁၂ပါးထဲက သုံးပါးမြောက် ဧကရာဇ် ဟိန်ကျိုးပဲ ” ကတုံးပြောင် အမျိုးသားက မိုဝူကျိအား အေးစက်စွာ စိုက်ကြည့်လိုက်ရင်း ပြန််ဖြေလိုက်သည်။ နတ်ဘုရားဧကရာဇ် ၁၂ ပါး၏ နတ်ဘုရားအရိုက်အရာ ပိုင်ဆိုင်ထားသော လူတစ်ယောက်ကို ကြောက်ရွံ့သင့်ပေသည်။ အကယ်၍ တစ်ဖက်လူက နတ်ဘုရားအရိုက်အရာ ရှိလျှင်ပင် နတ်ဘုရားဧကရာဇ် ၁၂ ပါးထဲမှ တစ်ပါးပါးကို ကြောက်နေဦးမည် ဖြစ်၏။
***