← Chapters

ကောင်းကင်တိုင်းတာ သစ်မြစ်

Vol. 84 Ch. 1167

ကောင်းကင်တိုင်းတာ သစ်မြစ်

Vol. 84 Ch. 1167

မိုဝူကျိက သူတို့ကြားရှိ အာကာြပင်ကို ထိန်းချုပ်ပြီးသွားလေပြီ။ ထိုစဉ် သူ့ဝဲကတော့ စွမ်းအားစက်ကွင်းက ဆက်လက် ဖိအား ပေးထားပြီး မိုဝူကျိက လက်ကို မြှောက်ကာ တစ်ဖက်လူကို ရိုက်ချလိုက်သည်။

မိုဝူကျိ၏ စွမ်းအားစက်ကွင်းမှ  ဖိအားအောက်တွင် ဟိန်ကျိုးက မိုဝူကျိသည် အရေးသာပြီးနောက် ချက်ချင်း တိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ သူ့ကောင်းကင်တိုင်းတာ တုတ်ချောင်းမှ အလင်းတန်းသည် ပေါက်ကွဲထွက်သွားကာ ခိုင်ခံ့သည့် အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

“ ဝုန်း ” မိုဝူကျိ၏ ရိုက်ချက်က အတားအဆီးနှင့် တွေ့သွားကာ  ကြောက်မက်ဖွယ် အားကောင်းသည့် စွမ်းအားတမျိုး ထွက်ပေါ်လာသည်။ ဟိန်ကျိုးက ထိုစွမ်းအားကြောင့် လွှင့်ထွက်သွားကာ ဘေးရှိ နံရံနား ကျရောက်သွားသည်။

“ မင်း ….” မိုဝူကျိက သူ့ထက် အားကောင်းကြောင်း သတိပြုမိပြီးနောက် ဟိန်ကျိုး၏ မျက်နှာမှာ နီရဲလာသည်။ ထို့အပြင် တစ်ဖက်လူက နတ်ဘုရားဧကရာဇ် ၁၂ ပါးအနက် တစ်ပါးဖြစ်သည့် သူ့အား အထင်မကြီးကြောင်း ခံစားမိနေသည်။

မိုဝူကျိက ဟိန်ကျိုးဆီ လျှောက်လာစဉ် ဟိန်ကျိုးက နောက်ဆုတ်လိုက်မိ၏။ ထို့‌နောက် သူက တစ်ခုခု တွေးမိသွားဟန်ဖြင့် ကောင်းကင်တိုင်းတာ တုတ်ချောင်းအား သူ့ကမ္ဘာအတွင်း မြန်မြန် သိမ်းထားလိုက်သည်။

မိုဝူကျိက သူ့အား သတ်လိုက်လျှင်ပင် မိုဝူကျိက သူ့ကောင်းကင်တိုင်းတာ တုတ်ချောင်းကို ယူနိုင်မည် မဟုတ်ပေ။

ဟိန်ကျိုးက သူ့ကောင်းကင်တိုင်းတာ တုတ်ချောင်းကို သိမ်းလိုက်ပြီးနောက် လုံးဝ ကူကယ်ရာမဲ့ ဖြစ်သွားသည့်အချက်ကိုတော့ လုံးဝလျစ်လျူရှုထားလေသည်။ သူ့တွင် ကောင်းကင်တိုင်းတာ တုတ်ချောင်း ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ မိုဝူကျိအတွက် ပြိုင်ဖက် မဖြစ်နိုင်ကြောင်း သိထားသည်။

မိုဝူကျိက အနည်းငယ် အံ့အားသင့်မိသွားသည်။ သူက တစ်ဖက်လူသည် သူ့ပြိုင်ဖက် မဖြစ်နိုင်ကြောင်း သိပြီးနောက် မှော်ရတနာကို သိမ်းထားမည့်သူ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ ဒီနေရာကနေ ထွက်သွားဖို့ ကူးသန်းရေး အစီအရင်က ဘယ်မှာလဲ ” မိုဝူကျိက ဆက်မတိုက်တော့ဘဲ အေးအေးဆေးဆေး မေးလိုက်သည်။

ဟိန်ကျိုးက နံရံပေါ်ရှိ အစီအရင် သင်္ကေတတစ်ခုပေါ် ပုတ်လိုက်သည်။ ထို့နောက် ခန်းမအပြင်ဘက်၌ ကူးသန်းရေး အစီအရင်တစ်ခု ပေါ်လာသည်။ ဟိန်ကျိုးက ထိုအစီအရင်ဂိတ်ပေါက်အား လက်ညိုးထိုးကာ   “ အဲဒီ အစီအရင်ဂိတ်ကနေ ထွက်သွားလို့ ရတယ် ”

မိုဝူကျိက ခေါင်းညိတ်ကာ   “ ခင်ဗျား ဖွင့်ဖို့ ကြိုးစားနေတဲ့နေရာကနေ ဘာလိုချင်တာလဲ ”

ဟိန်ကျိုးက ခေါင်းခါကာ   “ ငါ ပြောလိုက်ရင် မင်း မတိုက်ခိုက်ပါဘူးဆိုတာနဲ့ အဲဒီပစ္စည်းကို မထိပါဘူးလို့ ကျိန်ဆိုရမယ် ”

မိုဝူကျိက ရယ်မောကာ  “ ခင်ဗျားက ကျုပ်ကို ကျိန်ဆိုခိုင်းဖို့ လုံလောက်တယ် ထင်နေလား ”

ထိုသို့ပြောပြီးနောက် မိုဝူကျိက ရှီနန်မော့အား ကြည့်ကာ   “ နန်မော့ … မင်း အရင်သွားနှင့်။ ငါ ဒီနေရာကို ဖျက်စီးလိုက်တော့မယ် ”

“ မလုပ်နဲ့  … မင်း ဒီလို လုပ်လို့ မဖြစ်ဘူး။ ဒါက ဒီမိန်းကလေးရဲ့ သွေးနဲ့မှ ပွင့်လာမှာ။ တကယ်လို့ မင်း ဒီနေရာကို အတင်းကျပ် ဖျက်စီးဖို့ ကြိုးစားရင် အရာအားလုံး ပျက်သုန်းသွားလိမ့်မယ် … ” ဟိန်ကျိုးက မိုဝူကျိအား မြန်မြန် သတိပေးလိုက်သည်။ သူက မိုဝူကျိသည် ရူးသွပ်ကာ အမှန်တကယ် ဖျက်စီးပစ်မည်ကို စိုးရိမ်နေမိသည်။

မိုဝူကျိက ဟိန်ကျိုးအား အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူက ဟိန်ကျိုးတစ်ယောက် လန့်ဖြတ်နေသည်ကို သတိထားမိကာ ဆက်ပြောလိုက်သည်

“ ကျုပ် ဒီနေရာကို မဖျက်စီးပစ်ရင် နောက်ပိုင်းကျ ခင်ဗျားက ကျုပ်မိတ်ဆွေကို တိုက်ခိုက်ဦးမှာမလား။ တကယ်လို့ ဒီနေရာကို မဖျက်စီးရဘူးဆိုရင်တော့ ခင်ဗျားကို သတ်ပစ်ရမယ် ”

မိုဝူကျိ  ဟိန်ကျိုးကို မသတ်သေးသည့် အကြောင်းအရင်းမှာ မိုဝူကျိက ဟိန်ကျိုး မျက်ဝန်း၌ သေခြင်းတရားကို ကြောက်ရွံ့သည့် အရိပ်အယောင် မတွေ့ရ၍ ဖြစ်သည်။ နတ်ဘုရားဧကရာဇ် တစ်ပါးအနေနှင့် သေဖို့ရာ မကြောက်ခြင်းမှာ မဖြစ်နိုင်ပေ။ သို့သော်လည်း မိုဝူကျိက ဟိန်ကျိုးတွင် ထွက်ပြေးဖို့ရာ နည်းလမ်းရှိထားကြောင်း ယုံကြည်မိသည်။ သူ့အာကာပြင် အစီအရင် သင်္ကေတမှာ အရာရာ မစွမ်းသေးပေ။

ဟိန်ကျိုးက နှစ်များစွာကြာ နေလာသည်ဖြစ်ရာ ဤနေရာ၏ နေရာတိုင်းကို သေချာစစ်ဆေးပြီးသွားလောက်လေပြီ။  သူ့လက်ရှိအင်အားဖြင့် ဟိန်ကျိုးကို အနိုင်ယူဖို့ရာ မခက်ခဲလောက်ပေ။ တကယ်တော့ သူက သူ့ခန္ဓာကိုယ်ကို အလွယ်လေး ဖျက်စီးလိုက်နိုင်သော်လည်း ဟိန်ကျိုးဝိညာဉ်ကို အပြည့်အဝ ဖျက်စီးပစ်ဖို့ရာ ယုံကြည်ချက် မရှိပေ။

သူက ဟိန်ကျိုးကို အပြီးပြတ် မရှင်းထုတ်နိုင်သောကြောင့် ဆက်တိုက်နေဖို့ မလိုတော့ပေ။

“ ….” ဟိန်ကျိုးက ယာယီ ပြောစရာမရှိ ဖြစ်နေမိသည်။ သူက စိတ်ထဲ၌ အကြံတစ်ခု ချပြီးပြီ ဖြစ်၏။ မိုဝူကျိက မည်မျှ အားကောင်းနေသည်ကို ကြည့်ပါက သူ့အား အလွယ်လေး အနိုင်ယူနိုင်လိမ့်မည်။ သို့သော်လည်း မိုဝူကျိအတွက် အနည်းဆုံးတော့ ဤနေရာ၌ သူ့ကို သတ်ဖို့ရာ မဖြစ်နိုင်ချေ။ သူက ဤနေရာ၌ ရှိလာသည်မှာ နှစ်များစွာ ကြာမြင့်နေပြီ ဖြစ်ရာ မိုဝူကျိ၏ ကျင့်ကြံဆင့်က သူ့ထက် မြင့်လျှင်ပင် သူ့အား သတ်နိုင်မည် မဟုတ်ပေ။

တကယ်တော့ သူ့ခန္ဓာကိုယ်ကို ဖျက်စီးဖို့ပင် အတော်အတန် ခက်ခဲလိမ့်မည်။ သူသာ ထွက်ပြေးနိုင်သရွေ့ တစ်ရက်ကျ ရှီမျိုးနွယ်၏ မျိုးဆက်ကို သေချာပေါက် ပြန်ခေါ်လာမည်သာ ဖြစ်သည်။

“ တာအိုရောင်းရင်း ဒီရှေးဟောင်း နယ်မြေက ဘယ်သူ့အပိုင်လဲဆိုတာ သိတယ်မလား ” ဟိန်ကျိုးက ထပ်ပြောလိုက်သည်။

“ ကျုပ် မသိဘူး။ သိလည်း မသိချင်ဘူး ” မိုဝူကျိက လက်ခါရင်း သာမာန်ကာလျှံကာ ပြောလိုက်သည်။

ဟိန်ကျိုးက မိုဝူကျိ စိတ်ဝင်စားမှန်း သိ၍ ဆက်ပြောလိုက်သည်

“ ဒီနေရာကို ဝူလျန့်က လုပ်ခဲ့တာ … နှမြောစရာကောင်းတာက ကျုပ် ခြေတစ်လှမ်းနောက်ကျသွားတာပဲ။ ကျုပ် ရောက်လာတော့ တစ်ယောက်က သွေးအဆီအနှစ်နဲ့ ဒီနေရာကို ပိတ်ဆို့ပြီးနေပြီ။ အဲဒီလူက ဘာမှန်းမသိတော့ ဟုန်မုန့်သဲကို ပိတ်ထားခဲ့တယ်လို့ပဲ ထင်နေမှာ။ တကယ်တော့ သူက ဝူလျန့်ချန်ထားခဲ့တဲ့ ကမ္ဘာကို ပိတ်ထားမိတာပဲ ….

ကျုပ်တို့သာ အဲဒီလူရဲ့ မျိုးဆက်ကို ရှာမတွေ့သရွေ့ ဒီနေရာကို ဖွင့်လို့ရမှာ မဟုတ်ဘူး။ ကံကောင်းတော့ ချီချန်း အဲဒီအရူးက ဒီနေရာကို တွေ့သွားတယ်။ ကျုပ်က သူ့ကို ဟုန်မုန့်သဲ မြင်အောင် လုပ်ဖို့ ခေါင်းပေါက်မထွက် စဉ်းစားခဲ့ရတယ်။ သူက ဟုန်မုန့်သဲကို လိုချင်တော့  ဒီနေရာကို ပိတ်ထားတဲ့ ကျင့်ကြံသူရဲ့ မျိုးဆက်ကို ကူရှာပေးမှာလေ ”

“ ဝူလျန့်က ဘယ်သူလဲ ” မိုဝူကျိက ထပ်မေးလိုက်သည်။

ဟိန်ကျိုးက မိုဝူကျိသည် ဝူလျန့်ကို မသိ၍ ဆက်ရှင်းပြလိုက်သည်

“ ဝူလျန့်ဆီမှာ အရမ်းအံ့ဩဖို့ကောင်းတဲ့ ဇာစ်မြစ် ရှိတယ်ဆိုပေမဲ့ သူ ဘယ်သူလဲဆိုတာ မသိလည်း အရေးမကြီးပါဘူး။ စောစောက ကျုပ် သုံးလိုက်တဲ့ တုတ်ကို တွေ့တယ်မလား ”

မိုဝူကျိက ခေါင်းညိတ်ကာ  “ အင်း ကျုပ် တွေ့လိုက်တယ် … တော်တော်အားကောင်းတဲ့ တုတ်ချောင်းပဲ ”

ဟိန်ကျိုးက ပြန်ဖြေလိုက်သည်

“ ဟုတ်တယ် … အဲဒါက ကောင်းကင်တိုင်းတာ တုတ်ချောင်းပဲ။ ကောင်းကင်တိုင်းတာ တုတ်ချောင်းက အစပြုလာတာ မဟုတ်ဘူး။ ကောင်းကင်တိုင်းတာ သစ်မြစ်ကနေ စဖြစ်လာတာ။ ကောင်းကင်တိုင်းတာ တုတ်ချောင်းက ကောင်းကင်တိုင်းတာ သစ်မြစ်ရဲ့ အပွားတစ်ခုသာသာပဲ ရှိတာ ”

ထိုအရာကို ကြားပြီးနောက် မိုဝူကျိက အသက်ပြင်းပြင်းရှုလိုက်သည်။

သစ်မြစ်အပွားတစ်ခုလောက်က ဒီလောက် အားကောင်းနေတာလား …

သစ်မြစ်ဆိုရင် ဘယ်လောက်တောင် အားကောင်းလိုက်မလဲ …

“ နန်မော့ …. မင်းရဲ့ နှလုံးသားနဲ့ ဝိညာဉ်ကို ဖြေလျော့ထားလိုက် … ငါ မင်းကို ငါ့ကမ္ဘာထဲ ထည့်ပေးထားမယ်။ ငါ ဒီနေရာကို ဖျက်စီးလိုက်တော့မယ် ” ထိုသို့ပြောပြီး မိုဝူကျိက လော့ကျမ်းစာရွက်ကို ထုတ်ကာ ကူးသန်းရေး အစီအရင်ဂိတ်ပေါက်ကို ကာကွယ်ထားလိုက်သည်။ အစပိုင်းတွင် မိုဝူကျိက ရှီနန်မော့အား တစ်ယောက်တည်း အရင်သွားခိုင်းဖို့ လုပ်ခဲ့သော်လည်း ယခုအခါ စိတ်ပြောင်းသွားလေပြီ။

 ဟိန်ကျိုး ပြောသည့် ကူးသန်းရေး အစီအရင်က ယုံကြည်ရပါ့မလား …

“ လော့ကျမ်းစာရွက်လား ” ဟိန်ကျိုးက မိုဝူကျိ၏ လော့ကျမ်းစာရွက်ကို သတိထားမိလိုက်သည်။

 ဒီလူက ဘယ်သူလဲ … သူ့ဆီမှာ ပစ္စည်းကောင်းတွေ ဘယ်လောက်တောင် ရှိနေတာလဲ …

“ ဟုတ်ကဲ့ ” ရှီနန်မော့က တုံ့ဆိုင်းမနေဘဲ မိုဝူကျိ ကမ္ဘာထဲ ဝင်ရောက်သွားလိုက်သည်။

ဟိန်ကျိုးက မိုဝူကျိ တစ်ယောက် ရှီနန်မော့အား ကမ္ဘာထဲ ပို့ဆောင်လိုက်သည်ကို စိတ်ထဲ မထားပေ။ လူများ ဝင်ရောက်နိုင်သည့် ကမ္ဘာများစွာ ရှိနေပေသည်။ သူ အံ့အားသင့်သွားသည်က လော့ကျမ်းစာရွက်ကို ထုတ်၍ ကူးသန်းရေး အစီအရင်ဂိတ်ပေါက်အား ကာကွယ်ထားလိုက်သည့် ကိစ္စ ဖြစ်၏။

မိုဝူကျိက ရှီနန်မော့အား ကမ္ဘာထဲ ထည့်ထားပြီးနောက် ဟိန်ကျိုးအား ရယ်မောလိုက်ကာ  “ ခင်ဗျားက ဒီမှာ ဆက်နေရဲပြီး မထွက်သွားသေးဘူးဆိုတော့ ကြည့်ရတာ ခင်ဗျားက ကျုပ်ကို မကြောက်ဘူးမလား ”

ဟိန်ကျိုးက ပြန်လည် ချေပလိုက်သည်  “ ငါ ဘယ်လိုထွက်သွားရမှာလဲ။ မင်းရဲ့ အစီအရင်သင်္ကေတတွေက ဒီနေရာကို ပိတ်လှောင်ထားတာကို ငါက ဘယ်လိုလုပ် ထွက်သွားရမှာလဲ ”

မိုဝူကျိက ဟိန်ကျိုးကို အရေးမစိုက်ပေ။ မိုဝူကျိက သူ့အား အဘယ်ကြောင့် ယုံကြည်ရမည်နည်း။ ဟိန်ကျိုးသာ အမှန်တကယ် အလိုရှိပါက ထွက်သွားနိုင်ကြောင်း ယုံကြည်ထားသည်။

ဟိန်ကျိုးက မိုဝူကျိသည် အမှန်တကယ် ဖျက်စီးပစ်တော့မည်ကို သတိထားမိပြီး သက်ပြင်းချလိုက်သည်။ သူက မိုဝူကျိသည် ဤခန်းမကို မဖျက်စီးနိုင်ကြောင်း သေချာနေသည်။ သူ့တစ်ခုတည်းသော စိုးရိမ်မှုမှာ မိုဝူကျိတစ်ယောက် သွေးစတေးခံ အစီအရင်အား ဖျက်စီးပစ်လိုက်မည်ကို ဖြစ်၏။ သူက အစီအရင်ကို မဆုံးရှုံးသွားလိုသည်မှာ နောင်ကျ သူက ရှီနန်မော့ကို ခေါ်လာဦးမည် ဖြစ်၏။

ရှီနန်မော့ကို သူ့ကမ္ဘာထဲ ထည့်ထားပြီး ကူးသန်းရေး အစီအရင်ကို ကာကွယ်ထားပြီးနောက် မိုဝူကျိက ရှေ့တစ်လှမ်းတိုးလိုက်သည်။

အဖျက်စွမ်းအားတစ်ခု ပေါ်လာသည်။ လမ်းကြောင်းရှိ အရာအားလုံးမှာ လုံးဝ ဖျက်စီးခံလိုက်ရကြောင်း ခံစားလိုက်ရသည်။

မိုးမြေ စည်းမျည်းများက ရှုပ်ယှက်ခတ်လာကာ အာကာပြင်ပင် အပြင်းအထန် တုန်ခါလာလေ၏။ ဤသို့သော ကြောက်မက်ဖွယ်စွမ်းအားအောက်တွင် အရာအားလုံးက ဖျက်စီးခံလိုက်ရမည်။

ဟိန်ကျိုးက ပြောင်းလဲလာသည့် အာကာြပင်နှင့် တိုးပွားလာသော အဖျက်စွမ်းအားတို့ကို ကြောင်အမ်းအမ်း ကြည့်နေမိသည်။  သူက သူ့ဘာသာ စတင်ရေရွတ်လိုက်၏  “ မဟာဖျက်စီးရေး ပညာရပ်  … မဟာဖျက်စီးရေး ပညာရပ်  … ”

မဟာဖျက်စီးရေး ပညာရပ်ကို အာရုံခံမိပြီးနောက် ဟိန်ကျိုးက အမှန်တကယ် ထိတ်လန့်လာမိသည်။ သူက ကောင်းကင်တိုင်းတာ တုတ်ချောင်းကို ထုတ်ယူကာ သူ့ရှေ့၌ ကာကွယ်ထားလိုက်ပြီး သူ့စွမ်းအားကို အပြင်းအထန် လှည့်ပတ်လိုက်သည်။

အစပိုင်းတွင် သူက မစိုးရိမ်သောကြောင့် ထွက်မသွားမိပေ။ သူက မိုဝူကျိသာ အကောင်းဆုံးကြိုးစားလျှင်ပင် အများဆုံး သွေးစတေးခံ အစီအရင်ကိုသာ ဖျက်စီးနိုင်လိမ့်မည် ဖြစ်ကြောင်း တွေးထားခဲ့သည်။ ယခု မိုဝူကျိက သူ့မဟာဖျက်စီးရေး ပညာရပ် ထုတ်ဖော်လိုက်လေရာ ထွက်မသွားမိခြင်းက ယူကျုံးမရ အမှားတစ်ခု ဖြစ်လာလေသည်။

ဟိန်ကျိုးက ကောင်းကင်တိုင်းတာ တုတ်ချောင်းဖြင့် သူ့ကိုယ်သူ ကာကွယ်ထားစဉ် ကူးသန်းရေး အစီအရင်ဆီ ဦးတည်လိုက်သည်။ ထိုအခါမှ မိုဝူကျိသည် လော့ကျမ်းစာရွက်ဖြင့် ကူးသန်းရေး အစီအရင်ကို ကာကွယ်ထားကြောင်း သတိရသွားလေသည်။

ဟိန်ကျိုး တတ်နိုင်သည်က  အစီအရင်ဂိတ်နားတွင် ရပ်နေရင်း  ကျယ်ကျယ်လောင်လောင် အော်ဆဲလိုက်ခြင်းသာ ဖြစ်၏။ သူက မိုဝူကျိ မည်မျှ ရူးသွပ်စေကာမူ ဤကူးသန်းရေး အစီအရင်ကို ဖျက်စီးပစ်ရဲမည် မဟုတ်ကြောင်း သေချာသိနေသည်။ သူက ဤဂိတ်ပေါက်အနား ရပ်နေသရွေ့ အန္တရာယ်မရှိကြောင်း ယုံကြည်ထားသည်။

ထို့အပြင် ဟိန်ကျိုးက မိုဝူကျိ၏ လော့ကျမ်းစာရွက်ကို ခိုးယူဖို့ ကြိုးစားရလောက်အောင် စိတ်လွှတ်နေသူ မဟုတ်ပေ။ သူက မိုဝူကျိ မည်မျှ ကြောက်ဖို့ ကောင်းကြောင်း တွေ့မြင်ပြီးနောက် ဆက်လက် ရန်မစရဲတော့ပေ။

“ ဝုန်း ဝုန်း ဝုန်း ” မဟာဖျက်စီးရေး ပညာရပ် ထွက်ပေါ်လာပြီးနောက် ကြောက်မက်ဖွယ် အဖျက်စွမ်းအားကို ခံစားလိုက်မိသည်။ ခန်းမတစ်ခုလုံးမှာ စတင် ပြိုလဲလာပြီး စည်းမျည်းအားလုံးနှင့် အရာဝတ္ထုတိုင်းမှာ ထိုပညာရပ်အတွင်း စတင် ပျောက်ကွယ်သွားကြသည်။

မိုဝူကျိနှင့် ဟိန်ကျိုးတို့ရှေ့တွင် ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခု ပေါ်လာသည်။ သူတို့က ထိပ်တန်းရတနာ အမျိုးမျိုး ပျက်စီးသွားသည်ကို မြင်လိုက်ကြရသည်။ ကောင်းကင်ဘုံ၏ တာအိုအငွေ့အသက်များ ပါဝင်နေသည့် ရတနာအားလုံးသည် တစ်ခုပြီး တစ်ခု စတင် ပျက်စီးလာကြသည်။ ဟိန်ကျိုးက သူ့နှလုံးသားမှ သွေးတသွင်သွင် စီးကျလာသကဲ့သို့ ခံစားလိုက်ရသည်။

ထိုရတနာအားလုံးက ထိုအရူးလက်ထဲတွင် ဖျက်စီးခံလိုက်ရသည်။ ထိုအရာများအပြီးတွင်ပင် သူက မိုဝူကျိကို ပွင့်လင်းမြင်သာ အပြစ်မတင်ရဲပေ။ သူသာ မိုဝူကျိကို ရန်စမိပါက ထိုရတနာများနှင့်အတူ ပျောက်ကွယ်သွားမည်ကို စိုးထိတ်နေမိ၏။

မိုဝူကျိက ဤခန်းမသည် ကမ္ဘာတစ်ခု၏ ဝင်ပေါက်ဖြစ်နေလိမ့်မည်ဟု မထင်ထားမိသောကြောင့် ကြောင်အမ်းသွားလေသည်။ သူ့မဟာဖျက်စီးရေး ပညာရပ်သည် ရတနာများစွာနှင့် ဤကမ္ဘာကြီးအား အမှန်တကယ် ဖျက်စီးပစ်လိုက်သည်။ ထိုကမ္ဘာအတွင်းရှိ ရတနာများမှာ သူ့လူသားကမ္ဘာပင် ယှဉ်ကြည့်၍ မရချေ။

သို့သော်လည်း ထိုအသည်းနာမှုက ခဏတာမျှသာ ကြာမြင့်လိုက်သည်။ သူက ဤနေရာကို ဖွင့်ရန်အတွက်  ရှီနန်မော့အား စတေးမည် မဟုတ်ပေ။ သူက ရှီနန်မော့ကို စတေးမည် မဟုတ်သောကြောင့် တစ်ခုတည်းသော နည်းလမ်းမှာ သူ့မဟာဖျက်စီးရေး ပညာရပ်ဖြင့် ဖျက်စီးလိုက်ဖို့သာ ဖြစ်၏။

ထိုရတနာများအနက် အဖြူရောင် သစ်မြစ်တစ်ခု ပေါ်လာသည်။  ဟိန်ကျိုးနှင့် မိုဝူကျိတို့ နှစ်ယောက်လုံး အားကောင်းပြီး ရင်းနှီးသည့် တာအိုအငွေ့အသက်တို့ကို ခံစားမိလိုက်ပြီး ဤသည်မှာ ကောင်းကင်တိုင်းတာ သစ်မြစ် ဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။

All Chapters