← Chapters

ကျူကုန်းကုန်း

Vol. 15 Ch. 203

ကျူကုန်းကုန်း

Vol. 15 Ch. 203

ရှောင်ရိက ပါးစပ်ကိုဟ၍ အမဲသားကင်ကို ပလုတ်ပလောင်းစားသောက်နေသည်။ သူက မြို့တော်တွင် လမ်းတလျှောက်လည်ပတ်ရခြင်းက အလွန်ကောင်းမွန်သည်ဟု ခံစားနေရသည်။

"အစ်ကိုကြီး အမဲသားကင် စားဦးမလား"

ရှောင်ရိက ယဲ့ချန်ကို မော့ကြည့်၍ မေးလိုက်သည်။

"ရပါတယ် မင်း အဝစားပါ"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။

နန်မန်တိုင်းပြည်၏သူလျှိုများ နောက်ယောက်ခံလိုက်ခံခဲ့ရသဖြင့် ယဲ့ချန်က ဤတစ်ကြိမ်တွင် သူ၏ဝိညာဥ်အသိစိတ်ကို ထုတ်လွှတ်ထားခဲ့သည်။ သူ၏ဝိညာဥ်အသိစိတ်က ဆယ်မိုင်အချင်းဝက်အတွင်း သေးငယ်သော လှုပ်ရှားမှုမှန်သမျှကို ထောက်လှမ်းနေခဲ့၏။

ပတ်ဝန်းကျင်တွင် မရိုးသားသော ရည်ရွယ်ချက်ဖြင့် ကျင့်ကြံသူများကို မတွေ့ရသဖြင့် ယဲ့ချန်က ရှေ့ဆက်သွားမည် ပြုလိုက်သည်။ ထိုအချိန်တွင် သူ၏အာရုံအတွင်း ဖြတ်သွားဖြတ်လာအချို့၏ စကားများ ဝင်ရောက်လာသည်။

"မင်း သိပြီးပြီလား။ မြို့တော်ထဲမှာ မိစ္ဆာဝက်တစ်ကောင် သောင်းကျန်းနေတယ်"

အညိုရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က ကြောက်လန့်စွာပြောလိုက်သည်။

"မိစ္ဆာဝက်လား"

ယဲ့ချန်က ထိုစကားလုံးကို ကြားသောအခါ ခြေလှမ်းများရပ်တန့်၍ နားစိုက်ထောင်လိုက်သည်။ မြို့တော်အတွင်း သားရဲတစ်ကောင် သောင်းကျန်းနေခြင်းက အဓိပ္ပါယ်မရှိပေ။ မြို့တော်၏ကျင့်ကြံသူများက ၎င်းကို အဘယ်ကြောင့် မတားမြစ်ကြပါသနည်း။

"မိစ္ဆာဝက်က အစွမ်းထက်လို့လား။ မြို့စောင့်စစ်သည်တွေကရော မဖမ်းနိုင်ကြဘူးလား"

အသက်လေးဆယ်အရွယ် မိန်းမတစ်ယောက်က စိုးရိမ်တကြီး ပြန်မေးလိုက်ခြင်းဖြစ်သည်။ သူမက သက်လတ်ပိုင်းအရွယ် အလှပဂေးတစ်ယောက်ဖြစ်ပြီး လျှပ်ပေါ်လော်လီစွာ ဝတ်ဆင်ထားသည်။ သူမ၏ရင်နှစ်မွှာနှင့် ဖြူဝင်းသော အသားအရေက ကော်လာအောက်မှ တစ်ပိုင်းတစ်စထွက်ပေါ်နေခဲ့သည်။

"သူတို့လည်း လိုက်ဖမ်းကြတယ်။ ဒါပေမယ့် မိစ္ဆာဝက်က တော်တော်ဉာဏ်များတယ်။ သူတို့ရဲ့ထောင်ချောက်တွေကို အချိန်တိုင်းကျော်ဖြတ်သွားနိုင်တယ်။ ပြီးတော့ သူက ကြွက်တစ်ကောင်အရွယ်အစားအထိ ပြောင်းနိုင်တယ်။ အဆင့်ကိုးစစ်သည်တွေ ဝိုင်းဖမ်းတာတောင် မမိဘူး"

အဖြစ်အပျက်ကို မြင်တွေ့ခဲ့ဟန်တူသော အမျိုးသားက ဆက်ပြောလိုက်သည်။

"မိစ္ဆာဝက်က လူတွေကိုရော စားလားဟင်"

ထိုစကားကို ကြားသောအခါ အမျိုးသမီး၏မျက်နှာထက်တွင် ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။

"လူသားစားတာလား။ အဲ့လိုတော့ မကြားမိဘူး။ အရာရှိတွေရဲ့မီးဖိုချောင်ထဲက အစားအသောက်တွေ ပျောက်ပျောက်နေတယ်လို့သာ ကြားမိတယ်"

အမျိုးသားက ခေါင်းယမ်းလိုက်သည်။

"ဒီမိစ္ဆာဝက်က လူတွေကို အန္တရာယ်မပေးဘဲ အစားအသောက်တွေသာ ခိုးတာဆိုရင် ကြောက်စရာမလိုပါဘူး"

အမျိုးသမီးက တခစ်ခစ်ရယ်မောလိုက်သောအခါ ရင်နှစ်မွှာက လှုပ်ခါသွားခဲ့သည်။ ထို့ကြောင့် ဘေးရှိအမျိုးသားမှာ အကြည့်မခွာနိုင်ဘဲ တံတွေးကို မျိုချနေရသည်။

"ဒါပေမယ့် မိစ္ဆာဝက်က အစားအသောက်ခိုးတာအပြင် ထူးထူးခြားခြားတွေ လုပ်နေတယ်။ သူက ချမ်းသာတဲ့သခင်မလေးတွေရဲ့ တင်ပါးကို လိုက်ပြီးပွတ်သပ်တတ်တယ်။ လက်ထောက်ဝန်ကြီးလီရဲ့သမီးက မိစ္ဆာဝက်ရဲ့နှာခေါင်းနဲ့ တင်ပါးကိုထိမိလို့ အိပ်ရာထဲမှာ သုံးရက်လောက် လဲသွားတယ်။ ပြီးတော့ ကောင်စီဝင်ချင်ရဲ့သမီး၊ ကောင်စီဝင်ကျန်းရဲ့သမီးစတဲ့ မိန်းမပျိုဆယ်ယောက်ရဲ့ တင်ပါးတွေဟာ မိစ္ဆာဝက်လက်က မလွတ်ခဲ့ဘူး။ ဒီမိန်းမပျိုလေးတွေက ယောကျ်ားတစ်ယောက်နဲ့တောင် အထိအတွေ့မရှိပေမယ့် ဝက်တစ်ကောင်ကြောင့် အရှက်ရနေတယ်"

အမျိုးသားက အမျိုးသမီး၏ရင်ဘတ်ကို စိုက်ကြည့်နေရင်း မိစ္ဆာဝက်အကြောင်း ဆက်ရှင်းပြလိုက်သည်။

"ဒီမိစ္ဆာဝက်က ထူးထူးဆန်းဆန်း စွဲလမ်းမှုတစ်ခု ရှိနေတာပဲ"

ကာမပိုင်ရှိသော သက်လတ်ပိုင်းအမျိုးသမီးက မသဲမကွဲရေရွတ်လိုက်သည်။ သူမ၏တစ်သက်တွင် မိန်းကလေးများ၏တင်ပါးကို လိုက်ထိသော ဝက်တစ်ကောင်အကြောင်း မကြားဖူးပေ။

"သခင်မသုံး မင်းလည်း ဂရုစိုက်သင့်တယ်"

အမျိုးသားက သူမ၏တင်ပါးများကို ကြည့်၍ စနောက်လိုက်သည်။

"ဟေး မင်းမျက်လုံးတွေကို ဂရုစိုက်ပါ။ အခုတော့ အိမ်ကလူကြီးဆီ ပြန်ရတော့မယ်"

အမျိုးသမီးကလည်း ရှက်ရွံ့ဟန်မရှိဘဲ မြှူဆွယ်သည့်အသံဖြင့် ရယ်မောကာ နှုတ်ဆက်လိုက်သည်။

သက်လတ်ပိုင်းလူက အမျိုးသမီး ထွက်ခွာသွားချိန်တွင် ဘယ်ညာယမ်းခါနေသော တင်ပါးအစုံကို လျှာသပ်၍ ကြည့်နေခဲ့သည်။ သူ့အနေဖြင့် သခင်မသုံး၏ယောကျ်ားအပေါ် မနာလိုဖြစ်သွားခဲ့၏။

"မိန်းမတွေရဲ့တင်ပါးကို လိုက်ကိုင်တာလား"

ယဲ့ချန်က ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ သူ့အနေဖြင့် ဤဝက်၏စွဲလမ်းမှုကြောင့် အလွန်အံ့သြနေခဲ့သည်။

ယဲ့ချန်က အတွေးနက်နေစဥ် ပခုံးပေါ်တွင်ရှိသော အမွေးပွလေးက ရှက်ရွံ့ဟန်ဖြင့် နီမြန်းနေခဲ့သည်။ သူမ၏မျက်လုံးလေးများက ယဲ့ချန်ကို ထူးထူးဆန်းဆန်း ကြည့်နေခဲ့သည်။

"အမွေးပွလေး ဘာဖြစ်လို့လဲ"

ယဲ့ချန်က သူမ၏အမူအရာကြောင့် စိတ်ရှုပ်သွားခဲ့သည်။ ထို့နောက်တွင်မှ သူက ထိုစကားလုံးများကို အမှတ်တမဲ့ရေရွတ်လိုက်မိကြောင်း သတိရသွားခဲ့သည်။ ယဲ့ချန်တွင် ဤသို့ဝါသနာရှိနေကြောင်း အမွေးပွလေးက ထင်နေပုံပေါ်သည်။

အမွေးပွလေး၏ ဝိညာဥ်အသိစိတ်က ယဲ့ချန်ကဲ့သို့ မသန်မာသောကြောင့် မိစ္ဆာဝက်အကြောင်း စကားများကို မကြားခဲ့ရပေ။ သူမအနေဖြင့် နားလည်မှု လွဲနေခဲ့သည်။

"အမွေးပွလေး မင်း အထင်လွဲနေပြီ။ အဲ့စကားကို ငါ​ပြောတာ မဟုတ်ဘူး"

ယဲ့ချန်သည် အမွေးပွလေးက အထင်လွဲသွားကြောင်း သဘောပေါက်သွားသဖြင့် ပျာပျာသလဲတောင်းပန်လိုက်၏။

အမွေးပွလေးကမူ ယဲ့ချန်ကို သံယသဝင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။

"အမွေးပွလေး မင်း အထင်လွဲနေပြီ။ အစက ငါ့ဝိညာဥ်အသိစိတ်က လမ်းပေါ်က ယောက်ျားနဲ့မိန်းမရဲ့ စကားဝိုင်းတစ်ခုကို အာရုံခံမိခဲ့တယ်"

ယဲ့ချန်၏မျက်နှာက ရှက်ရွံ့မှုကြောင့် မှုန်မှိုင်းနေသည်။

အမွေးပွလေးက မျက်တောင်ကို တဖျတ်ဖျတ်ခတ်၍ နောက်တစ်မျိုး သဘောပေါက်သွားခဲ့ပြန်သည်။ ယဲ့ချန်က ပတ်ဝန်းကျင်ရှိစကားများကို ချောင်းနားထောင်ရန် ဝိညာဥ်အသိစိတ်ကို အသုံးချခြင်းလားဟု သံသယဝင်နေသည်။

အမွေးပွလေး၏မျက်နှာကြောင့် ယဲ့ချန်မှာ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။

"မင်းထင်သလို မဟုတ်ဘူးနော်။ အဲ့ဒီမိန်းမနဲ့ယောကျ်ားက မြို့တော်ထဲမှာ ဝက်တစ်ကောင်ပေါ်လာကြောင်း ပြောနေကြတယ်။ ဒီမိစ္ဆာဝက်က လူတွေကိုမစားပေမယ့် မိန်းမတွေရဲ့တင်ပါးကို လိုက်ထိတတ်တယ်တဲ့။ မိစ္ဆာဝက်အကြောင်းကို ငါက သိချင်မိလို့ပါ"

ယဲ့ချန်က ထပ်မံရှင်းပြလိုက်သည်။

ယဲ့ချန်၏စကားအဆုံးတွင် အမွေးပွလေးက ပခုံးပေါ်တွင် လှဲချလိုက်သည်။

"အမွေးပွလေး ငါက အဲ့လောက်အောက်တန်းကျတဲ့ လူမျိုးလားဟင်"

ယဲ့ချန်က အမွေးပွလေးကို ရှင်းပြပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် သူက သိချင်စိတ်ဖြင့် မေးလိုက်သည်။

အမွေးပွလေးက အပြစ်ကင်းစင်သော မျက်လုံးများဖြင့် မော့ကြည့်နေရာမှ ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။ သူမ၏စိတ်ထဲတွင် ယဲ့ချန်က သူမ၏တင်ပါးကို ပွတ်သပ်ခဲ့ဖူးသော မြင်ကွင်း ပြန်လည်ဖြစ်ပေါ်လာသဖြင့် ပါးနှစ်ဖက်တွင် ရှက်ရွံ့စွာနီမြန်းနေခဲ့သည်။

ယဲ့ချန်သည် အမွေးပွလေး၏အကြည့်ကြောင့် ခေါင်းကုတ်လိုက်မိသည်။ သူ့အနေဖြင့် အမွေးပွလေးကို မည်သို့ရှင်းပြရမည်မှန်း မတွေးနိုင်တော့ပေ။

အမွေးပွလေးမှာ အူကြောင်ကြောင်ဖြစ်နေသော ယဲ့ချန်ကို ကြည့်ကာ ကျိတ်ရယ်လိုက်သည်။ သူမက ယဲ့ချန်ကို စနောက်နေခြင်းဖြစ်သည်။

ထိုအချိန်တွင် သခင်မသုံးသည် လမ်းလျှောက်နေရင်း တင်ပါးထံမှ ထူးဆန်းသောခံစားမှုတစ်ခု ထွက်ပေါ်လာသည်။ တစ်စုံတစ်ယောက်က သူမကို ကျီစယ်နေပုံပေါ်သည်။

"ခစ် ခစ် ရှုလောင်ဝူ ရှင်က လူကြီးလူကောင်းပုံနဲ့ သိပ်ကဲတယ်နော်။ လူလယ်ကောင်ကြီးမှာ တင်ပါးကို လာထိနေတယ် သွား လူဆိုး"

သခင်မသုံးက ခစ်ခနဲရယ်မော၍ သူမကိုထိနေသူမှာ စကားပြောခဲ့သော သက်လတ်ပိုင်းအမျိုးသားဟု ထင်မှတ်လိုက်သည်။

သို့သော် သူမက ကျီစယ်ဟန်ဖြင့် လှည့်ကြည့်လိုက်သောအခါ ရှုလောင်ဝူမှာ ငါးမီတာအကွာတွင် ရပ်နေခဲ့သည်။ သူက သူမကို ထူးဆန်းသောအကြည့်မျိုးဖြင့် သတိပေးနေခဲ့သည်။ သခင်မသုံးက အောက်ကိုငုံ့ကြည့်လိုက်သောအခါ သူမ၏တင်ပါးကို ဝက်တစ်ကောင်က နှုတ်သီးဖြင့်ထိုးနေကြောင်း တွေ့ခဲ့ရသည်။

ဤဝက်က သာမန်ဝက်တစ်ကောင်အရွယ်အစားရှိပြီး တစ်ကိုယ်လုံး ပန်းရောင်သမ်းနေခဲ့သည်။ ကြီးမားသော နားရွက်နှစ်ဖက်က ယပ်တောင်များကဲ့သို့ လှုပ်ခါနေသည်။ ၎င်း၏လည်ပင်းတွင် ကျောက်စိမ်းဆွဲကြိုးတစ်ခု၊ နားများတွင် နားဆွဲများနှင့် ခြေလက်အစုံတွင် ကျောက်စိမ်းခြေကျင်းများ ဝတ်ဆင်ထားသည်။ သခင်မသုံးလှည့်ကြည့်လာချိန်တွင် ၎င်းကမော့၍ နှာခေါင်းရှုံ့လိုက်သည်။ ဤအကြည့်က တဏှာကြီးသော ယောကျ်ားတစ်ယောက်၏ အကြည့်မျိုးနှင့် မခြားပေ။

"ဘုရားရေ"

သခင်မသုံးက ကြောက်လန့်တကြားအော်ဟစ်၍ သတိလစ်သွားခဲ့သည်။

"ဒီတစ်ယောက်က အသားများတယ်။ ဟိုအရိုးစုကောင်မတွေရဲ့ တင်ပါးထက် ပိုပြီးကောင်းတယ်"

မိစ္ဆာဝက်က လဲကျသွားသော သူမ၏တင်ပါးကို နှာခေါင်းဖြင့် ထပ်ထိကြည့်လိုက်ပြီး ကျေနပ်စွာပြောလိုက်သည်။

"သခင်မသုံးကို မိစ္ဆာဝက်က စော်ကားနေပြီ"

"မိစ္ဆာဝက် ရောက်နေပြီဟေ့"

လမ်းပေါ်ရှိဆိုင်များတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ပန်းရောင်ဝက်ကိုမြင်သော မိန်းမတိုင်းက မျက်နှာများ ဖြူဖပ်ဖြူရော်ဖြစ်ကုန်ကာ ဤနေရာမှ ချက်ချင်းထွက်ပြေးလိုက်ကြသည်။ ခြေထောက်အပိုတစ်စုံပါလာအောင် မမွေးပေးခဲ့သော မိဘများကို မိန်းမတိုင်း အပြစ်တင်လိုက်မိကြသည်။

ယဲ့ချန်သည် အမွေးပွလေးနှင့်စကားပြောနေရင်း မိစ္ဆာဝက်ပေါ်လာသည်ကို ဝိညာဥ်အသိစိတ်ဖြင့် အာရုံခံမိလိုက်သည်။ သခင်မသုံးကို ကိုယ်ထိလက်ရောက်စော်ကားသွားသော ဤသားရဲ၏အရှိန်က အလွန်မြန်ဆန်သည်။

မိစ္ဆာဝက်၏အလျင်ကြောင့် ယဲ့ချန်က အံ့သြနေရသည်။ ဆန်းကျယ်အဆင့်ဖြစ်စေ ကောင်းကင်အဆင့်ဖြစ်စေ သားရဲများက ဤမျှမြန်ဆန်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သူက ဝက်၏ကိုယ်တွင်းမှ ထွက်ပေါ်လာသော အစွမ်းထက်အရှိန်အဝါတစ်ခုကို ခံစားနေရသည်။ ၎င်းက နတ်ဘုရင်အဆင့်သားရဲတစ်ကောင် ဖြစ်နိုင်သည်။

ယဲ့ချန်က သတိထားစောင့်ကြည့်နေစဥ် ဝက်က လှစ်ခနဲပျောက်ကွယ်သွားသည်။ သူက လှပသော လင်ရှိမိန်းမတစ်ယောက်၏တင်ပါးကို နှာခေါင်းဖြင့် မဖွယ်မရာလုပ်နေပြီ ဖြစ်သည်။ ဤအမျိုးသမီးမှာလည်း ကြောက်စိတ်ကြောင့် သတိလစ်သွားပြန်သည်။

ယဲ့ချန်က အနည်းငယ်စိုးရိမ်သွားခဲ့သည်။ ဤဝက်ကသာ အမှန်တကယ် နတ်ဘုရင်တစ်ကောင်ဖြစ်နေလျှင် ရန်စ၍ကောင်းမည် မဟုတ်ပေ။ နတ်ဘုရင်အဆင့်သားရဲတစ်ကောင်က နန်းမြို့တော်တစ်ခုလုံးကို ဒုက္ခရောက်အောင် လုပ်နိုင်စွမ်း ရှိနေသည်။

"အမွေးပွလေး ရှောင်ရိ သွားကြစို့"

ယဲ့ချန်က အမွေးပွလေးနှင့်ရှောင်ရိကို ခေါ်ပြီး ဝိညာဥ်အသိစိတ်ဖြင့် မိစ္ဆာဝက်ကို ခြေရာခံလိုက်သွားခဲ့သည်။ ဤဝက်က ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကို သတိထားမိပုံမပေါ်သောကြောင့် ကောင်းကင်သားရဲတစ်ကောင် မဖြစ်နိုင်ပေ။ ၎င်းက နတ်ဘုရင်အဆင့် မှော်သားရဲတစ်ကောင် ဖြစ်နိုင်သည်။

မိစ္ဆာဝက်က လင်ရှိမယားငါးယောက်ခန့်ကို ဆက်တိုက်နှောင့်ယှက်ပြီးနောက် ကျေနပ်နေပုံပေါ်သည်။

"မြို့တော်က မိန်းမတွေက တကယ်အရည်ရွှမ်းပြီး ကောင်းမွန်တယ်။ အနံ့အသက်ကလည်း ရှယ်ဟေ့။ ရှေ့ဆိုရင် ဒဏ္ဍာရီလာ ပိုးတံတားလမ်းကို ရောက်ပြီ။ အဲ့ဒီကမိန်းမတွေက ဆွဲဆောင်မှုပြင်းပြီး ပန်းကလေးလိုလှတယ်လို့ ကြားတယ်။ တင်ပါးတွေကို လိုက်ထိရမယ်။ ပြီးရင် နန်းတော်ထဲကိုသွားပြီး မိဖုရားတွေ၊ ကိုယ်လုပ်တော်တွေ၊ မင်းသမီးတွေရဲ့တင်ပါးကို လိုက်ထိချင်တယ်။ ငါ ကျူကုန်းကုန်းမှာ နေရောင်အောက်က တင်ပါးတွေကို လိုက်ကိုင်ချင်တဲ့ အိပ်မက်တစ်ခုရှိတယ်။ အလှလေးတွေ စောင့်နေကြစမ်း။ ဒီဘဝမှာ မြင့်မြတ်လှတဲ့ အိပ်မက်ကြီးကို အကောင်အထည်ဖော်မယ်ဟေ့"

မိစ္ဆာဝက်က အော်ဟစ်ကြုံးဝါးလိုက်သည်။ ထို့နောက် ၎င်းက ပိုးတံတားလမ်းမအတွင်း ဖြတ်ခနဲဝင်ရောက်သွားခဲ့သည်။

သို့သော် ၎င်းက ယဲ့ချန်၏နောက်ယောင်ခံလိုက်နေခြင်းကို သတိမထားမိပေ။ ယဲ့ချန်သည် မိစ္ဆာဝက်၏စကားများကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ လောကတွင် ဤသို့စရိုက်နှင့် မှော်သားရဲတစ်ကောင် ရှိနေခြင်းက အံ့ဖွယ်ပင်။

မိစ္ဆာဝက်ကြောင့် နန်းမြို့တော်တွင် မည်မျှကြီးမားသော ဂယက်တစ်ခု ဖြစ်လာနိုင်သနည်း။

ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်ကို မျှော်လင့်ထားဟန်ဖြင့် ပိုးတံတားလမ်းမအတွင်း ပို့ဆောင်လိုက်သည်။ ၎င်း၏ နတ်ဘုရင်အဆင့် ခွန်အားဖြင့်ဆိုလျှင် ဧကရာဇ်မင်ဝူ၏ မိန်းကလေးများပင် တင်ပါးထိခံရခြင်းမှ လွတ်မြောက်မည်မဟုတ်ပေ။

"တင်ပါးအထိခံရတာ သိပ်တော့ မဆိုးလောက်ပါဘူး"

ယဲ့ချန်က သူ့ဘာသာ တွေးမိလိုက်သည်။ သူနှင့်ဧကရာဇ်မင်ဝူက ခင်မင်ရင်းနှီးသော်လည်း သူ၏မိဖုရားများအတွက်နှင့် နတ်ဘုရင်မှော်သားရဲတစ်ကောင်ကို ရန်မစလိုပေ။

***

All Chapters