ကမ္ဘာ့အကောင်းဆုံးတင်ပါး
Vol. 15 Ch. 204
ပိုးတံတားလမ်းမ၏ အရှေ့ပိုင်းတွင် ကျော်ကြားသော မင်ရန်ဆောင်ကြာမြိုင် တည်ရှိသည်။ ၎င်းတွင် အလှလေးများစွာရှိသည်။ ထို့အပြင် ခန္ဓာကိုယ်ကို ရောင်းမစားဘဲ ဧည့်သည်များကို အနုပညာဖြင့်သာ ဧည့်ခံသည့် အလှမယ်နှစ်ယောက်လည်း ရှိသည်။ ဤဆောင်ကြာမြိုင်တွင် လူပေါင်းများစွာ ဝင်ထွက်သွားလာနေကြသည်။
မင်ရန်ဆောင်ကြာမြိုင်၏ ဝင်ပေါက်တွင် အသက်သုံးဆယ်အရွယ် မိန်းမတစ်ယောက်က လက်ကိုင်ပဝါကို ယမ်းခါ၍ ဧည့်သည်များကို ဆွဲဆောင်နေသည်။ သူမက ဆောင်ကြာမြိုင်၏အဆင့်အတန်းကို ဖော်ပြနေသည်။ ခန္ဓာကိုယ်က ပြည့်ပြည့်တင်းတင်းဖြစ်သော်လည်း ဝသည်ဟု မဆိုနိုင်ချေ။ သူမဝတ်ဆင်ထားသော ခရမ်းရောင်ပိုးထည်က လှပသောကောက်ကြောင်းများကို ပေါ်လွင်ထင်ရှားစေသည်။ လုံးဝန်းသော တင်ပါး၊ ဖောင်းကားသော ရင်နှင့် မျက်နှာချေအနည်းငယ်သာ လိမ်းကျံထားသော မျက်နှာလေးက ဂုဏ်သရေရှိ မိန်းမပျိုများအောက် မနိမ့်ကျပေ။ ထို့အပြင် သူမ၏ ကလူသို့မြှူသို့အကြည့်ကလည်း မြင်ရသူယောကျ်ားအပေါင်း၏ နှလုံးသားကို ဆွဲကိုင်လှုပ်နိုင်စွမ်း ရှိနေသည်။
"အိုး သခင်လေး ရှင် ပြန်ရောက်လာပြီလား။ မိန်းကလေးရှင်းရမ်က ရှင့်ကို အချိန်အကြာကြီးစောင့်နေတာနော်"
ဧည့်ကြိုမိန်းမပျိုက လက်ကိုင်ပဝါကို ယမ်းလိုက်သောအခါ သင်းပျံ့သော ရနံ့တစ်ခု ထွက်ပေါ်လာသည်။
"ချွန်းမေ မင်းက ပိုပိုလှလာတယ်နော်"
ဧည့်သည်က သူမ၏ဆွဲဆောင်မှုဒဏ်ကို မခုခံနိုင်ခဲ့ပေ။
"အို ရှင်က သိပ်အပြောကောင်းတာပဲ။ ဒါပေမယ့် ရှင်က ရှင်းရမ်နဲ့ အမြဲတမ်းပျော်ရွှင်နေကြဆိုတော့ ကျွန်မကို ချီးကျူးလည်း အပိုပါပဲရှင်"
ချွန်းမေက ခန္ဓာကိုယ်ကို ဟန်ပါပါလှုပ်ရှားလိုက်သည်။ သူမ၏အသံက ချိုသာပျော့ပြောင်းလွန်းသဖြင့် ဧည့်သည်မှာ ခြေထောက်ပင် မခိုင်တော့ပေ။
လမ်းပေါ်ရှိဖြတ်သွားဖြတ်လာများပင် ချွန်းမေကို တစ်ခါထက်မနည်း လည်ပြန်ကြည့်သွားခဲ့ကြသည်။ မင်ရန်ဆောင်ကြာမြိုင်ရှေ့တွင် လူများ အလွန်စည်ကားနေခဲ့သည်။
ချွန်းမေသည် သူမဖိတ်ခေါ်ထားသော ဧည့်သည်ကို ဆောင်ကြာမြိုင်အတွင်း လိုက်ပို့ပေးခဲ့သည်။ ထို့နောက် သူမက ဧည့်သည်များ ထပ်မံဆွဲဆောင်ရန် ပြန်ထွက်လာခဲ့သည်။ ထိုအချိန်တွင် သူမ၏တင်ပါးများမှာ တစ်စုံတစ်ယောက်က လာရောက်ကိုင်တွယ်နေဟန်ဖြင့် လှုပ်ခါသွားခဲ့သည်။
"အို သခင်လေး ရှင်က အရမ်းဆိုးတာပဲ။ အို ဒါကြီးက မာလိုက်တာရှင်။ လူပုံအလယ်ကြီးမှာ ကျွန်မ သိပ်ရှက်တာပဲ။ဟင့် ဟင့် ရပ်ပါရှင် ကျွန်မ အရမ်းထန်နေပြီ"
ချွန်းမေက နောက်သို့လှည့်မကြည့်ဘဲ မြှူဆွယ်သောအသံဖြင့် ညည်းလိုက်သည်။ သူမက တင်ပါးများကို နောက်ပစ်၍ ဘယ်ညာယမ်းခါပေးလိုက်သည်။
ချွန်းမေ၏အသံမှာ ကြောင်တစ်ကောင်က နှလုံးသားကို ကုတ်ခြစ်နေသကဲ့သို့ အလွန်ခံရခက်စေသည်။ ထိုအချိန်တွင် သူမ၏ခန္ဓာကိုယ်က ပြင်းထန်စွာယမ်းခါနေပြီး ကျေနပ်စွာညည်းသံများ ထွက်ပေါ်နေသည်။ မျက်နှာထက်တွင် ကျေနပ်သောအမူအရာ ဖြစ်ပေါ်နေသည်။ သို့သော် ပတ်ဝန်းကျင်ရှိလူများက သူမကိုမကြည့်ဘဲ အဝေးသို့ ထွက်ပြေးသွားကြသည်။ ထူးဆန်းသည်ဟု ခံစားရသော ချွန်းမေက နောက်သို့လှည့်ကြည့်လိုက်သောအခါ တဏှာမျက်နှာဖြင့် ပြုံးပြနေသည့် ဝက်မျက်နှာကြီးကို မြင်လိုက်ရလေသည်။
"ဘုရားရေ မိစ္ဆာဝက်ကြီး"
ချွန်းမေမှာ ရှက်ရွံ့စွာဖြင့် မည်သည်ကိုမှ ဂရုမစိုက်အားဘဲ ဆောင်ကြာမြိုင်အတွင်း ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့သည်။
"လုံးတယ် တင်းတယ် တောင့်တယ် တစ်သန်းမှာ တစ်ခါတွေ့ရခဲတဲ့ တင်ပါးပိုင်ရှင်လေး။ ဒီတင်ပါးတွေက ကောင်းကင်ဘုံမှာတောင် ရှိနိုင်ပါ့မလား။ ချွန်းမေဆိုတဲ့ နာမည်လေးကလည်း ကဗျာဆန်လိုက်တာကွာ။ ဒီလိုကောင်းမွန်တဲ့ တင်ပါးတွေနဲ့ ထန်နေတဲ့အသံလေးက အရမ်းမိုက်တယ်"
ထွက်ပြေးသွားသော ချွန်းမေကို ကျူကုန်းကုန်းက စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးနေဟန်ဖြင့် လျှာနှင့် နှုတ်ခမ်းကိုသပ်လိုက်သည်။
ထို့နောက် ကျူကုန်းကုန်းက ကျေနပ်စွာဖြင့် မင်ရန်ဆောင်ကြာမြိုင်အတွင်း ပြေးဝင်သွားခဲ့သည်။ အချိန်ခဏအတွင်း ဆောင်ကြာမြိုင်အတွင်းမှ အော်သံများ ထွက်ပေါ်လာခဲ့သည်။ ထို့အတူ စူးရှကျယ်လောင်သော မိန်းမအော်သံများစွာကိုလည်း အပြင်လူများ ကြားလိုက်ရ၏။
ယဲ့ချန်မှာ ကျူကုန်းကုန်း၏လုပ်ရပ်ကြောင့် ဆွံ့အသွားခဲ့သည်။ ၎င်း၏လုပ်ရပ်ကို သူက မည်သို့ဖော်ပြရမည်ကိုပင် မတွေးတတ်ပေ။ သူ့အနေဖြင့် ဝိညာဥ်အသိစိတ်ကိုသုံးကာ ၎င်းကို သိမ်းသွင်းလိုခဲ့သည်။ သို့သော် ကျူကုန်းကုန်းက ပိုမိုသန်မာနေပြီး သူသာ ကျရှုံးသွားလျှင် နတ်ဘုရင်အဆင့် မှော်သားရဲတစ်ကောင်၏ဒေါသက ဟာသတစ်ခု မဟုတ်ပေ။
ကျူကုန်းကုန်းသည် မင်ရန်ဆောင်ကြာမြိုင်အတွင်း သောင်းကျန်းနေစဥ် ယဲ့ချန်က အမွေးပွလေးကို အကြံတောင်းလိုက်သည်။
"အမွေးပွလေး ငါတို့ ဘာလုပ်ကြမလဲ"
"ကွိ ကွိ"
အမွေးပွလေးက အချိန်တစ်ခုကြာ စဥ်းစားပြီးနောက် အဖြေပေးလိုက်သည်။
သူမသည်လည်း ကျူကုန်းကုန်းကဲ့သို့ နတ်ဘုရင်မျိုးကို မမြင်ဖူးပေ။ သာမန်ဆိုလျှင် နတ်ဘုရင်များက တောတောင်များအတွင်း နေထိုင်တတ်ကြသည်။ သူတို့က လူသားကမ္ဘာသို့ လာရောက်လျှင်လည်း သိုသိုသိပ်သိပ်သာ နေထိုင်ကြသည်။ ကျူကုန်းကုန်းအနေဖြင့် မြို့တော်အတွင်း သောင်းကျန်းသည်က လက်ခံရသော လုပ်ရပ်တစ်ခုဖြစ်သည်။ သို့သော် အမျိုးသမီးများ၏တင်ပါးကို လိုက်ထိခြင်းက အလွန်ထူးဆန်းသည့် ဝါသနာ ဖြစ်နေခဲ့သည်။
"အမအမွေးပွလေးက အစ်ကိုကြီးအနေနဲ့ ကျူကုန်းကုန်းကို ယဥ်ပါးစေဖို့ ကြိုးစားသင့်တယ်တဲ့။ မလုပ်နိုင်ဘူးဆိုရင်လည်း ကောင်းကင်ကြယ်တာရာတံဆိပ်ထဲ ဝင်ပုန်းရင် ကျူကုန်းကုန်း ရှာတွေ့မှာမဟုတ်ဘူး"
ရှောင်ရိက ဘာသာပြန်ပေးလိုက်သည်။
"ဒီအကြံကောင်းတယ်။ ဒါပေမယ့် ငါ ကျရှုံးသွားရင် ကျူကုန်းကုန်းက ဒေါသထွက်ပြီး အပြစ်မရှိတဲ့လူတွေကိုသတ်ရင် ဘယ်လိုလုပ်ကြမလဲ"
ယဲ့ချန်က သူစိုးရိမ်နေသော အချက်ကို ထောက်ပြလိုက်သည်။
အမွေးပွလေးက ခေါင်းယမ်း၍ စကားအချို့ ထပ်ပြောလိုက်သည်။
"ရှေးခေတ်ထဲက သားရဲဘိုးဘေးတွေရဲ့ ညွှန်ကြားချက်တစ်ခု ရှိတယ်တဲ့။ မှော်သားရဲတွေနဲ့ ကောင်းကင်သားရဲတွေဟာ လူသားမြို့တွေမှာ အကြောင်းမရှိဘဲ သတ်ဖြတ်ခွင့်မရှိဘူး"
ရှောင်ရိ၏စကားကို ကြားသောအခါ ယဲ့ချန်က အံ့သြသွားသည်။ သားရဲများတွင် ဤသို့စည်းမျဥ်းတစ်ခုရှိနေခြင်းက အလွန်ထူးခြားနေသည်။ ထို့နောက် ယဲ့ချန်၏စိုးရိမ်စိတ်များ လျော့ပါးသွားကာ ကျူကုန်းကုန်းကိုသိမ်းသွင်းရန် ဆုံးဖြတ်လိုက်သည်။
ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်ကို မင်ရန်ဆောင်ကြာမြိုင်အတွင်း စေလွှတ်လိုက်သည်။ သူက ဆောင်ကြာမြိုင်၏ပတ်ဝန်းကျင် သုံးမိုင်အတွင်း ရှိနေသော်လည်း ကျူကုန်းကုန်းက မှော်သားရဲဖြစ်နေ၍ သတိမထားမိခဲ့ပေ။ ထို့အပြင် ယဲ့ချန်တွင် ကောင်းကင်ကြယ်တာရာတံဆိပ်ရှိနေသောကြောင့် ကျူကုန်းကုန်းကို သိမ်းသွင်းရာတွင် ကျရှုံးခဲ့လျှင် ချက်ချင်းပုန်းအောင်းနိုင်လေသည်။
ယဲ့ချန်သည် ဝိညာဥ်အသိစိတ်က မင်ရန်ဆောင်ကြာမြိုင်အတွင်း ရောက်သွားသောအခါ ငိုအားထက်ရယ်အားသန် ဖြစ်နေခဲ့သည်။ ဆောင်ကြာမြိုင်၏ တံခါးအားလုံးကို ကျူကုန်းကုန်းပိတ်ထားပြီး အဝတ်ဗလာနှင့် ယောက်ျားမိန်းမများစွာက လှည့်ပတ်ပြေးလွှားနေကြသည်။ ကျူကုန်းကုန်းက အမျိုးသမီးများ၏တင်ပါးများနောက်သို့ တဟုန်ထိုးပြေးလိုက်နေသည်။
"ကောင်းလိုက်တဲ့ တင်ပါးတွေ"
"ဒီတစ်ယောက် မဆိုးဘူး"
"ဒါပေမယ့် ချွန်းမေကို ဘယ်သူမှမမီကြဘူး"
ကျူကုန်းကုန်းက ကျေနပ်စွာ ရေရွတ်လိုက်သည်။
ကျူကုန်းကုန်းသည် မျိုးစုံသော တင်ပါးများကို လိုက်လံနမ်းရှုံ့နေစဥ် အစွမ်းထက်ဝိညာဥ်စွမ်းအင်တစ်ရပ်က အရပ်မျက်နှာမျိုးစုံမှ ရောက်ရှိလာခဲ့သည်။ ၎င်းက ကျူကုန်းကုန်း၏စိတ်အတွင်း အပ်တစ်ချောင်းပမာ ထိုးဖောက်လာသည်။
"နတ်ဘုရင်အဆင့် ကောင်းကင်သားရဲတစ်ကောင်"
ကျူကုန်းကုန်း၏ ခြေလှမ်းများ တုံ့ခနဲရပ်သွားကာ ချက်ချင်းချွေးပြန်သွားခဲ့သည်။ ဝိညာဥ်စွမ်းအင်၏ ဖိအားအောက်တွင် ၎င်းက အစွမ်းထက်အရှိန်အဝါကို ခံစားနေရသည်။
ကျူကုန်းကုန်းသည် ဤသားရဲ မည်သည့်နေရာမှ ရောက်လာကြောင်းကို မသိခဲ့ပေ။ ကောင်းကင်သားရဲတစ်ကောင်၏ ဝိညာဥ်အသိစိတ်က မြို့တော်တစ်ခုလုံးကို လွှမ်းခြုံနိုင်သည်။ သူ၏ဦးနှောက်သာ ထိုးဖောက်ခံရလျှင် ကျူကုန်းကုန်းသည် ဤကောင်းကင်သားရဲ၏ လက်အောက်ခံအဖြစ် သိမ်းသွင်းခံရမည်ဖြစ်သောကြောင့် အလွန်ကြောက်လန့်နေခဲ့သည်။
"ငါ ကျူကုန်းကုန်းကို သိမ်းသွင်းဖို့ ဒီလောက်မလွယ်ဘူးကွ။ ငါက နေရောင်အောက်က မိန်းမတွေရဲ့အလှကို ခံစားမယ့် ဝက်နတ်ဘုရားကွ"
ကျူကုန်းကုန်းက နှာခေါင်းရှုံ့လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ထူးဆန်းစွာ အနီရောင်တောက်လာခဲ့သည်။
ယဲ့ချန်၏ဝိညာဥ်အသိစိတ်က ကျူကုန်းကုန်း၏ ဂိညာဥ်အသိစိတ်ကို ထိုးဖောက်ခါနီးတွင် ၎င်းက အနီရောင်တောက်ပလာသည်။ ယဲ့ချန်၏ဝိညာဥ်စွမ်းအင်များက နံရံတစ်ခုနှင့် တွေ့လိုက်ရသကဲ့သို့ ပြန်ကန်ထွက်လာခဲ့သည်။
တန်ပြန်အားကြောင့် ယဲ့ချန်၏ ဝိညာဥ်အသိစိတ်က တုန်ခါသွားခဲ့သည်။ နတ်ဘုရင်အဆင့် မှော်သားရဲတစ်ကောင်က အမှန်တကယ်အစွမ်းထက်ပေသည်။
ကျူကုန်းကုန်းသည် ယဲ့ချန်၏ဝိညာဥ်စွမ်းအင်ကို တော်လှန်ပြီးနောက် ခြေလေးချောင်းကစုန်ပေါက်၍ မြို့တော်မြောက်ပိုင်းသို့ ချက်ချင်းထွက်ပြေးသွားခဲ့သည်။
ယဲ့ချန်က ဝိညာဥ်အသိစိတ်ကို ပြန်လည်ဖွဲ့စည်း၍ ထုတ်ဖော်လိုက်သောအခါ ၎င်းက မီတာတစ်ထောင်အထိ ရောက်ရှိသွားပြီဖြစ်သည်။ သို့သော် ကျူကုန်းကုန်းက ယဲ့ချန်၏တည်နေရာနှင့် ဆန့်ကျင်ဘက်သို့ ထွက်ပြေးသွားသောကြောင့် သူ့အနေဖြင့် စိုးရိမ်နေရန် မလိုပေ။
ယဲ့ချန်အတွက် နောက်ဆုံးတစ်ကြိမ်သာ အခွင့်အရေးရှိ၏။ ဤတစ်ကြိမ်ကျရှုံးသွားလျှင် ကျူကုန်းကုန်းမှာ သူ၏ဝိညာဥ်စက်ကွင်းအတွင်းမှ လွတ်မြောက်သွားတော့မည် ဖြစ်သည်။ ကျူကုန်းကုန်းက နတ်ဘုရင်အဆင့် မှော်သားရဲတစ်ကောင်ဖြစ်သောကြောင့် ၎င်းကို ယဥ်ပါးစေနိုင်လျှင် ယဲ့ချန်အတွက် အထောက်အပံ့ကောင်းကောင်း ရပေလိမ့်မည်။
"လာစမ်း"
ယဲ့ချန်၏ ဝိညာဥ်စွမ်းအင်များက နောက်တစ်ဖန်ထွက်ပေါ်လာ၍ မမြင်ရသော ကြိုးများသဖွယ် ကျူကုန်းကုန်းကို တုပ်နှောင်လိုက်သည်။
"ဒီကောင် လာပြန်ပြီလား"
ကျူကုန်းကုန်းသည် ပတ်ဝန်းကျင်တွင် ဝိညာဥ်စွမ်းအင်၏ဖိအားက ပိုမိုတိုးတက်လာကြောင်း သိသောအခါ တုန်လှုပ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဝတ်ဆင်ထားသော ရတနာများကလည်း မျက်စိကျိန်းစပ်လောက်အောင် အနီရောင်တောက်ပလာသည်။
"ငါ့ဘဝမှာ ကောင်းကင်သားရဲ နတ်ဘုရင်ဆယ်ကောင်အထိ တွေ့ဖူးတယ်။ ဘယ်ကောင်မှ ငါ့ကို မသိမ်းသွင်းနိုင်ဘူး။ ငါက ရည်မှန်းချက်နဲ့ နတ်သားရဲတစ်ကောင်ဖြစ်တယ်။ မင်းလိုကောင်းကင်သားရဲလေးတစ်ကောင်က ငါ့အိပ်မက်ကို ဖျက်ဆီးလို့မရဘူး။ ဒီကမ္ဘာကြီးက မိန်းမတွေရဲ့တင်ပါးတွေက ငါ့ကို စောင့်နေကြတယ်ဟေ့"
ကျူကုန်းကုန်းက ဤသို့ကြုံးဝါးနေစဥ် ယဲ့ချန်၏ဝိညာဥ်စွမ်းအင်များက သတ္တုအပ်များပမာ စိတ်ကို ထိုးဖောက်လာပြန်သည်။ ယဲ့ချန်က အစွမ်းကုန်ထုတ်သုံးထားသဖြင့် ကျူကုန်းကုန်းက ပြေးနေရာမှ ရပ်တန့်လိုက်သည်။
ဤကောင်းကင်သားရဲ၏ ဝိညာဥ်စွမ်းအင်က ကြုံဖူးသည်များနှင့် မတူညီပေ။ ဦးနှောက်မှ နာကျင်မှုကြောင့် ၎င်းက ခံစစ်ကို အစွမ်းမြှင့်တင်လိုက်သည်။ ရတနာများမှ လင်းလက်လာသော အနီရောင်အလင်းတန်းများက သူ၏စိတ်ပတ်လည်တွင် အကာအရံတစ်ခု ဖန်တီးလိုက်၏။
"ထွက်သွားစမ်း"
နေမင်းကြီးပမာ နီရဲနေသော ကျူကုန်းကုန်းက အော်ဟစ်လိုက်သည်။ ထိုအနီရောင်အောက်တွင် ယဲ့ချန်၏ဝိညာဥ်စွမ်းအင်များက နေရောင်နှင့်တွေ့သော နှင်းကဲ့သို့ အရည်ပျော်ကျသွား၏။ သို့သော် အချိန်ခဏအတွင်း ယဲ့ချန်၏ဝိညာဥ်စွမ်းအင်များ ပြန်လည်ဖြစ်တည်လာသည်။
ယဲ့ချန်၏ ဝိညာဥ်အသိစိတ်ထံမှ ရှေးကျသော အစွမ်းထက်သားရဲတစ်ကောင်၏ အရှိန်အဝါကို ရလိုက်သဖြင့် ကျူကုန်းကုန်းက တုန်လှုပ်သွားသည်။
"မြို့တော်ကို ငါ လုံးဝမလာခဲ့သင့်ဘူး"
မြို့တော်တွင် ဤသို့အစွမ်းထက် ကောင်းကင်သားရဲတစ်ကောင်ရှိနေကြောင်း ၎င်းက လုံးဝမမျှော်လင့်ထားပေ။ စိတ်ထဲတွင် အဆုံးမရှိသော နောင်တများ ပြည့်နှက်နေသည်။
ယဲ့ချန်၏ ဝိညာဥ်စွမ်းအင်များက ကျူကုန်းကုန်း၏စိတ်ကို ဆက်တိုက်ထိုးဖောက်နေသော်လည်း အကြိမ်တိုင်း ကျရှုံးခဲ့ရသည်။ ကျူကုန်းကုန်း၏ ဝိညာဥ်အသိစိတ်က လေထဲတွင် ဘောလုံးတစ်ခုပမာ တည်ရှိနေသည်။ ၎င်းက အလွန်မာကျောသောကြောင့် အက်ရာပင် မထင်သောအခါ ယဲ့ချန်တစ်ယောက် အကြံအိုက်နေသည်။
နောက်ဆုံးတွင် ယဲ့ချန်သည် ကျူကုန်းကုန်းမှာ ကောင်းကင်သားရဲတစ်ကောင်၏ လက်အောက်ခံဖြစ်မနေသော အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ကျူကုန်းကုန်းကို သိမ်းသွင်းနိုင်သော ကောင်းကင်သားရဲများစွာ မရှိနိုင်ပေ။
"ဘန်း ဘန်း ဘန်း"
ယဲ့ချန်၏ ဝိညာဥ်စွမ်းအင်များက အနီရောင်ဘောလုံးကို ဆက်တိုက်ထိမှန်နေသည်။ သူက ၎င်းကိုထိုးဖောက်ရန် မရေမတွက်နိုင်အောင် ကြိုးစားနေသော်လည်း ၎င်းက အလွန်အမင်းမာကျောနေခဲ့၏။ ဝိညာဥ်စွမ်းအင်များ မည်မျှထိမှန်နေပါစေ အနီရောင်ဘောလုံးက မကွဲအက်သွားခဲ့ပေ။
***