← Chapters

နောက်ဆုတ်ရန် မရှိ

Vol. 164 Ch. 2335

နောက်ဆုတ်ရန် မရှိ

Vol. 164 Ch. 2335

စွန့်ပစ်ခံကလန်မှ လူများသည် ရန်သူအပေါ် ရက်စက်ကြမ်းကြုတ်သလို သူတို့ကိုယ်တိုင်ကိုလည်း ထိုနည်းတူ ပြုမူသည်။

သူတို့၏အသက်ကို စတေးကာ သူတို့၏ကုန်းမြေအား ကာကွယ်သည်။ ကောင်းကင်ဒေသနှင့် တခြားလောကမှ လူများသည် အကယ်၍ သူတို့သည် ထိုသို့သော အခြေအနေဆိုလျှင် အသက်စွန့်ဝင့်မည်လော မသေချာကြပေ။ သူတို့အတွက် ဤသို့သော ကျင့်ကြံဆင့်သို့ ရောက်ရန် ခက်ခဲကြမ်းတမ်းသော ခရီးရှည်ကြီးကို ဖြတ်ကျော်လာခဲ့ကြရသည်။ ကျင့်ကြံခြင်းလောက၏ထိပ်ဆုံးသို့ ရောက်လာသူများမှာ သူတို့၏အသက်ကို ပိုမို၍ တန်ဖိုးထားပေသည်။

အနည်းဆုံး သူတို့က သေခြင်းတရားနှင့် သေချာပေါက် ကြုံတွေ့မည့် ကိစ္စများကို ရှောင်ဖယ်ပေမည်။ သူတို့အတွက် အသက်စတေးကာ, ကာကွယ်လိုသော အရာများမှာ အလွန်နည်းပါးသည်။

“မင်း ဘာလို့ မတိုက်ခိုက်တာလဲ”

မုန်တိုင်း ပျက်ပြယ်သွားသည်တွင် ကောင်းကင်ဒေသမှ တန်ခိုးရှင်ရှစ်ဦးက ရီဖူရှင်း မတိုက်ခိုက်သည်ကို စတင်ဝေဖန်သည်။ သူသည် တခြားလူများ တိုက်ခိုက်သည်ကို ဘေးတွင် ရပ်ကြည့်နေခဲ့ကာ သူ၏အပြုအမူက သဘောမကျစရာ ဖြစ်နေသည်။

ကျောက်ဆောင်ဝင်္ကပါသည် နောက်ဆုံးပုံစံသို့ ပြောင်းလဲသွားခဲ့ကာ ယခင်ထက် ပိုမိုသန်မာအားကောင်းလာသည်။ ရီဖူရှင်းက အမှန်တကယ် မတိုက်ခိုက်ဘဲ ဘေးတွင် ရပ်နေသည်။ သူ့တွင် ဝင်္ကပါအား ချိုးဖျက်ရန် ရည်ရွယ်ချက် မရှိပေဘူးလား။

အချို့က ရီဖူရှင်းအား ဒေါသတကြီး ကြည့်ကြသလို တချို့က မျက်မျောင်ကြုတ်ကြသည်။ သူတို့၏မျက်နှာတွင် စိတ်သဘောမကျသော ဟန်ပန်များကို တွေ့နိုင်သည်။ ရီဖူရှင်း၏အပြုအမူက သူတို့အား စိတ်အနှောင့်အယှက် ဖြစ်စေသည်။

ရီဖူရှင်းက မတိုက်ခိုက်ခဲ့ပါက အကယ်၍ ဝင်္ကပါ ကျိုးပျက်သွားလျှင် သူသည် လျှို့ဝှက်နယ်မြေ၌ မည်သည့် ကြိုးစားအားထုတ်မှုမှ မရှိဘဲ ကျင့်ကြံခွင့်ရသွားပေဦးမည်။

သို့ဆိုလျှင် ဝင်္ကပါအား ချိုးဖျက်ရာ၌ သူ့အား ဖိတ်ကြားခြင်းက မည်သို့ အဓိပ္ပာယ် ရှိတော့မည်နည်း။

ရီဖူရှင်းက ရှင်းပြသည် “ကျောက်ဆောင်ဝင်္ကပါက နောက်ဆုံးပုံစံသို့ အဆင့်မြှင့်ထားတယ်။ ဒါက ချိုးဖျက်ရုံတင် မဟုတ်တော့ဘူး။ တကယ်လို့ ကျုပ်တို့ကသာ ဝင်္ကပါကို ချိုးဖျက်လိုက်ရင် စွန့်ပစ်ခံကလန်က တန်ခိုးရှင်တွေ အသက်မရှင်နိုင်တော့မှာ စိုးရတယ်။ ကျုပ်တို့က အဲဒီလောက်အထိ လုပ်ဖို့ လိုလို့လား”

ရီဖူရှင်းက အကြံပေးသည် “ကျုပ်တို့ ဘာလို့ ဒီမှာ မရပ်တာလဲ။ သဘောတူညီချက်ကို မေ့လိုက်ရအောင်။ ခင်ဗျားတို့ ဘယ်လိုထင်လဲ”

ထို့နောက် ရီဖူရှင်းက စွန့်ပစ်ခံကလန်မှ အဖိုးအိုကို လှမ်းပြောသည် “စွန့်ပစ်ခံကလန်ကလည်း ဒီအကြံကို လက်ခံမယ်လို့ ယူဆတယ်”

သူက နှစ်ဦးနှစ်ဘက် ပြေငြိမ်းရန် မျှော်လင့်သည်။

“ရှေးဟောင်းနတ်ဘုရားကလန်က အင်အားစုတွေ ဝင်္ကပါကို ချိုးဖျက်ဖို့ အစီအစဉ်နဲ့ လာကြတယ်။ ကျုပ်တို့ မချိုးဖျက်နိုင်တဲ့ ဝင်္ကပါ ရှိသေးလို့လား” တစ်ယောက်က အေးစက်စွာ ပြောသည်။ ပြောလုက်သူက ရီဖူရှင်းအား မကြေမနပ် ကြည့်သည်။ ရီဖူရှင်းက တိုက်ခိုက်ရန် ငြင်းဆန်ခဲ့သလို မောက်မာစွာဖြင့် သူတို့အား မည်သို့ လုပ်သင့်သည်ကို သင်ကြားပေးနေသည်။

သူသည်သာ ထိုသို့လူကြီးလူကောင်းဆန်သည်ဟု ထင်နေသည်လား။

စွန့်ပစ်ခံကလန်က အလျှော့ပေးရန် ငြင်းဆန်နေသည်။ ရှေးဟောင်းနတ်ဘုရားကလန်က သေချာပေါက် သူတို့သဘောဆန္ဒကို လိုက်လျောပေမည်။ ကျောက်ဆောင်ဝင်္ကပါ၏နောက်ဆုံးပုံစံဖြစ်နေလျှင်ပင် သူတို့က အတင်းချိုးဖျက်ရပေမည်။ စွန့်ပစ်ခံကလန်၏သမိုင်းနောက်ခံမှာ အမှန်တကယ် လေးစားဖွယ်ကောင်းသည်။ သို့သော်လည်း တိုက်ပွဲတစ်ခုဖြစ်လာသည်ဆိုလျှင် ရှေးဟောင်းနတ်ဘုရားကလန်သည် ရန်သူအား သက်ညာမည် မဟုတ်ပေ။

မှန်သည်၊ အရေးအကြီးဆုံး အချက်ကား စွန့်ပစ်ခံကလန်မှ ထုတ်ဖော်ပြသသော စွမ်းရည်က သူတို့အား စိတ်ဝင်စားစေသည်။ သူတို့က လျှို့ဝှက်နယ်မြေထဲသို့ ပို၍ ဝင်ကြည့်လိုစိတ်များ ဖြစ်လာသည်။

ရီဖူရှင်းက တစ်ဘက်လူ၏စကားကိုကြားသည်တွင် တိုက်ပွဲမှာ တားဆီးမရနိုင်ကြောင်း နားလည်လိုက်သည်။ ထို့အပြင် တစ်ဘက်လူက သူတို့ကိုယ်သူတို့ ရှေးဟောင်းနတ်ဘုရားကလန်၊ ပင်မအင်အားစုရှစ်ခု၏ကိုယ်စားလှယ်များအဖြစ် တွေးထင်ထားကြသည်။ ပြောလိုက်သူက ရီဖူရှင်း၏တည်ရှိမှုကို လျစ်လျူရှုကာ သူတို့ရှစ်ယောက်မှာ ဝင်္ကပါအား ချိုးဖျက်မည်ဖြစ်ကြောင်း သူတို့ရပ်တည်ချက်ကို ဖော်ပြသည်။

စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များကလည်း သူ့စကားကို ကြားကြသည်။ တိုက်ပွဲအပြင်ဘက်တွင် စွန့်ပစ်ခံကလန်မှ အဖိုးအိုသည် ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်သည်။ ရီဖူရှင်းက စွန့်ပစ်ခံကလန်ဘက်မှ ရပ်တည်သည့် ပုံစံ ဖြစ်နေသည်။ ထို့အပြင် ရီဖူရှင်း၏စကားများအရ သူသည် အဖိုးအို၏သဘောကို နားလည်သည့်ဟန်ရှိနေသည်။ အမှန်တကယ်လည်း စွန့်ပစ်ခံကလန်သည် အပြင်လောကမှ တန်ခိုးရှင်များ၏ပညာရပ်များကို ရယူရန် စိတ်မဝင်စားပေ။

“ကျန်တဲ့လူတွေက လက်လျှော့ဖို့ ဆန္ဒမရှိမှတော့ ရန်ဟောင်ရီအနေနဲ့ သူတို့ကို မပြောပါနဲ့တော့” စွန့်ပစ်ခံကလန်မှ အကြီးအကဲက ပြောသည်။

ဟွားကျွင်းလိုင်က အကြီအကဲအား ကြည့်ကာ ပြောသည် “ဆက်ကြမယ်”

သူက ပြောလိုက်သည်နှင့် ကောင်းကင်ဒေသမှ တန်ခိုးရှင်ရှစ်ဦးထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် တိုက်ပွဲနေရာ၌ စစ်မှန်သော မဟာအင်ပါယာတစ်ပါး ပေါ်လာသလို ထင်မှတ်ရသည်။ တန်ခိုးရှင်ရှစ်ဦးမှာ ရှေးဟောင်းနတ်ဘုရားကလန်၏ဆက်ခံသူများ ဖြစ်ကြသည်။ သူတို့မိသားစုနောက်ခံအမွေအနှစ်မှာလည်း မဟာအင်ပါယာများ ဖြစ်ကြသည်။ သူတို့မှာ သူတို့မိသားစု၏ထိပ်သီးများဖြစ်ကြရာ မဟာအင်ပါယာ၏ပညာရပ်များကို ဆက်ခံကြရသည်။

ရီဖူရှင်းသည် သူတို့ရှစ်ဦး စုစည်းထားသော စွမ်းအားကို ကြည့်ကာ အံ့အားသင့်မိသည်။ သူက ကျောက်ဆောင်ဝင်္ကပါကို ကြည့်သည်။ သူက တိုက်ပွဲရလဒ်ကို မခန့်မှန်းနိုင်ပေ။

တန်ခိုးရှင်ရှစ်ဦးက ကျောက်ဆောင်ဝင်္ကပါကို ချိုးဖျက်နိုင်မည်လော။

ဝုန်း…

မိုးခြိမ်းသံများ အဆက်မပြတ် ကြားလာရကာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ တန်ခိုးရှင်ရှစ်ဦးက တဖန် တိုက်ခိုက်ကြ၏။ ထို့အပြင် သူတို့သည် တိုက်ခိုက်သည့် အကြိမ်ကို အချိန်ကိုက်ဖြစ်အောင် ချိန်ဆနိုင်ကြ၏။ သူတို့၏တိုက်ခိုက်မှုများသည် ကျောက်ဆောင်ဝင်္ကပါကို အဆက်မပြတ် ကျဆင်းလာခဲ့သည်။

ထိုတိုက်ခိုက်မှုများ ကျဆင်းလာသည်တွင် မဟာလမ်းစဉ်မှာ ပြိုလဲလာတော့သည်။ ကျောက်ဆောင်ဝင်္ကပါမှာလည်း အက်ကြောင်းများ ဖြစ်လာကာ ပြိုလဲတော့မည့်အလား ဖြစ်လာ၏။ ပုံရိပ်ယောင်နတ်ဘုရားများမှာလည်း အချိန်မရွေး ပျက်စီးတော့မည့်ဟန်ရှိလာသည်။

ထိုအခိုက်တွင် စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များသည် မျက်လုံးများကို မှိတ်ကာ လက်များကို တွဲထားကြသည်။ သူတို့၏ခန္ဓာကိုယ်များမှ သွေးများ ယိုစီးကျလာသည်။ သူတို့၏ခန္ဓာကိုယ်များမှာ ဝင်္ကပါနှင့် ပေါင်းစပ်နေကာ နတ်အလင်းများသည် အဆင်မပြတ် စီးဆင်းနေကြ၏။

ရီဖူရှင်းက ခေါင်းမော့ကာ ဝင်္ကပါအား ကြည့်သည်။ ဝင်္ကပါတွင်လည်း သွေးကွက်များ စတင်ဖြစ်ပေါ်လာ၏။ သူက စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များ၏ခန္ဓာကိုယ်မှ သွေးကွက်များဟု အမှန်တကယ် ထင်မှတ်လာသည်။ ကျောက်ဆောင်ဝင်္ကပါသည် သူတို့၏အသွေးအသားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“ဆက်တိုက်မယ်…” ဟွားကျွင်းလိုင်နှင့် တခြားလူများက ရပ်တန့်မည့်ဟန်မရှိချေ။ ပိုမို၍ ရက်စက်ကြမ်းတမ်းသော တိုက်ခိုက်မှုများ ကျဆင်းလာသည်တွင် သွေးကွက်များ ပိုမိုများပြားလာသည်။ ရွှေရောင်အလင်းများအပြင် ပုံရိပ်ယောင်နတ်ဘုရားများသည် အနီရောင်လွှမ်းလာပြီ ဖြစ်သည်။

“မင်းတို့အားလုံးက တိုက်ပွဲကို ဆက်ချင်ကြတာလား” စွန့်ပစ်ခံကလန်မှ အဖိုးအိုက ကောင်းကင်ဒေသမှ တိုက်ပွဲဝင်တန်ခိုးရှင်များကို မေးသည်။ ဝင်္ကပါမှာ မည်မျှ ခိုင်မာပါစေ၊ နောက်ဆုံးတွင် ပြိုလဲမည် ဖြစ်သည်။ ထိုသို့ဖြစ်လာပါက စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်များမှာ သေချာပေါက် သေဆုံးရပေမည်။

သူတို့မှာ ကျောက်ဆောင်ဝင်္ကပါကို ခင်းကျင်းကာ အသက်ကို စတေးရန် ဝန်မလေးသော်လည်း စွန့်ပစ်ခံကလန်က သူတို့အား သည်အတိုင်းတော့ အသက်ကို မစတေးပစ်လိုသေးပေ။

တစ်ဘက်လူများကသာ အလျှော့ပေးပါက သူတို့ကလည်း အဆုံးစွန်သော လမ်းစဉ်ကို ရွေးစရာ မလိုပေ။

“ဝင်္ကပါ မကျိုးပျက်သေးဘူး။ ကျုပ်တို့က ဘယ်လိုလုပ် ရပ်ရမှာလဲ” ဟွားကျွင်းလိုင်က ပြောသည်။ သူက သေချာပေါက် ရပ်မည် မဟုတ်ပေ။

စွန့်ပစ်ခံကလန်မှ အဖိုးအိုက သူ၏စကားကိုကြားလျှင် သက်ပြင်းချသည်။ ကြည့်ရသည်မှာ နောက်ဆုတ်ရန် လမ်း မရှိတော့။

ထိုစဉ် စွန့်ပစ်ခံကလန်မှ တိုက်ပွဲဝင်တန်ခိုးရှင်များ၏နဖူးများသည် နတ်အလင်းများ စူးရှစွာ တောက်ပလာသည်။ သူတို့ထံမှ အဆမတန် အားကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာ၏။

ကျောက်ဆောင်ဝင်္ကပါမှ အရှိန်အဝါကို ခံစားမိသည်တွင် ရီဖူရှင်း မျက်မှောင်ကြုတ်သည်။ သူက အန္တရာယ်၏အငွေ့အသက်အား စတင်ခံစားလာရ၏။ သူက စွန့်ပစ်ခံကလန်မှ လူများကို လှမ်းကြည့်လျှင် သူတို့၏ခန္ဓာကိုယ်မှ အပြောင်းအလဲများကို တွေ့သည်။

သူတစ်ယောက်တည်းသာ ထိုသို့ ခံစားမိသည် မဟုတ်ပေ။ တခြားရှစ်ယောက်ကလည်း အပြောင်းအလဲကို ခံစားရကာ မျက်မှောင်ကြုတ်ကြသည်။ စွန့်ပစ်ခံကလန်မှ တန်ခိုးရှင်ကိုးဦးသည် သူတို့၏တစ်သက်သာ ကျင့်ကြံခြင်းကို အသက်သွင်းလိုက်ကာ ဝင်္ကပါထံ စတင် စတေးလိုက်သည်။

“မကောင်းတော့ဘူး” ရီဖူရှင်းက တစ်ခုခုကို ခန့်မှန်းမိကာ ပြောသည်။

All Chapters