ကျောက်စိမ်းမြို့
Vol. 15 Ch. 208
မင်ဝူသည် လက်ဖက်ရည်သောက်ရန် လက်လှမ်းနေစဥ် ယဲ့ချန်၏စကားကြောင့် တုံ့ခနဲရပ်သွားသည်။
"မင်းအနေနဲ့ ဒီလိုလုပ်စရာမလိုဘူး။ နောက်ထပ်ငါးနှစ်လောက်နေရင် မင်းက အစွမ်းထက်ကျင့်ကြံသူ ဖြစ်လာတော့မယ်။ ကန့်သတ်ဒေသတိုက်ပွဲမှာ မင်းအသက်ကို ရင်းစရာမလိုဘူး"
သူက ယဲ့ချန်ကို လေးနက်စွာကြည့်၍ ပြောလိုက်သည်။ ယဲ့ချန်၏စကားက သူ့ကို ထိခိုက်သွားစေသည်။ ဤအခြေအနေတွင် ကျင့်ကြံသူအများစုက ရှောင်ဖယ်ရန် ကြိုးစားမည်ဖြစ်သော်လည်း ယဲ့ချန်က သူနှင့်အတူလိုက်ပါရန်သာ ဆုံးဖြတ်ခဲ့သည်။
"တိုင်းပြည်အရေးဟာ ပြည်သူပြည်သားတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ယဲ့မျိုးနွယ်ဟာလည်း ရှီဝူအင်ပါယာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကျုပ်မှာလည်း နန်မန်တိုင်းပြည်နဲ့ ရန်ငြိုးတွေရှိတယ်"
ယဲ့ချန်၏စိတ်အတွင်း နန်မန်တိုင်းပြည်က ယဲ့ကျန်ထန်းနှင့်သူ့ကို လုပ်ကြံရန် ကြိုးစားခဲ့သော မြင်ကွင်းများ ပြန်လည်ထင်ဟပ်လာ၏။ အနာဂတ်တွင် ရန်သူကို ရင်ဆိုင်ရမည့်အတူတူ ယဲ့ချန်က ကန့်သတ်ဒေသမှ တိုက်ပွဲစတင်မည်ဖြစ်သည်။
"ငါတို့တွေ အသက်ရှက်လျက် ပြန်လာနိုင်မယ်ဆိုရင် မင်းအပေါ် ကျေးဇူးကြွေးတင်သွားပြီ"
မင်ဝူက ယဲ့ချန်ကို အချိန်တစ်ခုကြာစိုက်ကြည့်ပြီး တည်ကြည်စွာ ခေါင်းညိတ်လက်ခံလိုက်၏။
"မလိုအပ်ပါဘူး အရှင်မင်းကြီး။ ကျွန်တော်တို့က သေချာပေါက်အနိုင်ရမှာပါ။ ကျေးဇူးကြွေးဆိုတာတွေလည်း မေ့ထားလိုက်ပါဗျာ"
ယဲ့ချန်က ပေါ့ပေါ့ပါးပါးဖြေလိုက်သည်။
"မင်း သေချာလား။ နန်မန်တိုင်းပြည်မှာ ကျင့်ကြံသူတွေက ကောင်းကင်ကတိမ်တွေလိုမျိုး ပေါများတယ်။ ကန့်သတ်ဒေသဖွင့်တဲ့အခါတိုင်း သူတို့က ကောင်းကင်ဝိဇ္ဇာတွေကိုတောင် စေလွှတ်ကြတယ်"
မင်ဝူက သေရန်ပြင်ဆင်ထားပြီးဖြစ်၍ ယဲ့ချန်၏ယုံကြည်မှုအပေါ် အံ့သြနေခဲ့သည်။ ထို့နောက် သူ၏ခေါင်းထဲတွင် မြစိမ်းတိမ်တောင်တန်းမှ နန်မန်စစ်သူကြီးနှစ်ယောက် အသတ်ခံရမှုက ချက်ချင်းထွက်ပေါ်လာသည်။ ထိုအချိန်တွင် ယဲ့ချန်သည်လည်း မြစိမ်းတိမ်တောင်တန်းသို့ ရောက်နေခဲ့သည်။ ယဲ့ချန်ဖုံးကွယ်ထားသော ခွန်အားကို သိရှိရန်အတွက် သူ့ကို ဖောက်ထွင်းမြင်နိုင်ရန်မှာ မင်ဝူအတွက် အလွန်ခက်ခဲလေသည်။
"အချိန်ကျရင် ခင်ဗျား သိရမှာပေါ့"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်သည်။ နင်ချင်းယွင်နှင့် ကောင်းကင်အဆင့် သားရဲတစ်ကောင် ပါဝင်တိုက်ခိုက်မည်ကို မင်ဝူ မျှော်လင့်ထားမည် မဟုတ်ပေ။ ယဲ့ချန်က သူ၏လက်အောက်ခံ အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်ကိုပါ ခေါ်ဆောင်သွားမည် ဖြစ်သည်။ သူလုပ်ရမည့် တစ်ခုတည်းသောအလုပ်မှာ ကန့်သတ်ဒေသမဖွင့်ခင် နင်ချင်းယွင်နှင့် နေမီးတောက်ငှက် ရောက်ရှိလာစေရန် အကြောင်းကြားခြင်းသာ ဖြစ်သည်။
"နန်မန်တိုင်းပြည်ရဲ့ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်က မြစိမ်းတိမ်တောင်တန်းမှာ အသတ်ခံရထားတယ်လို့ သတင်းရတယ်"
မင်ဝူက လက်ဖက်ရည်ကို တစ်ငုံသောက်၍ ယဲ့ချန်၏အခြေအနေကို တီးခေါက်လိုက်သည်။ သူ၏စိတ်ထဲတွင် ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ကို သတ်နိုင်သော စွမ်းအားမျိုး ယဲ့ချန်၌ ရှိမရှိကို သံသယဝင်နေခဲ့သည်။
"အိုး ဒီလိုဖြစ်ရပ်မျိုးရှိတာလား။ ကျုပ် မသိပါဘူးဗျာ"
ယဲ့ချန်က တည်ငြိမ်သောမျက်နှာဖြင့် ခပ်တည်တည်ပင် မသိချင်ယောင်ဆောင်လိုက်၏။
ယဲ့ချန်၏တုံ့ပြန်ချက်အရ အကင်းပါးသော မင်ဝူသည် ဤကိစ္စ၏ လက်သည်ဖြစ်နိုင်ချေအများဆုံးမှာ ယဲ့ချန်ဖြစ်သည်ဟု သဘောပေါက်လိုက်သည်။ အကယ်၍ ယဲ့ချန်သာ ကောင်းကင်ဝိဇ္ဇာနှစ်ယောက်ကို အသေသတ်နိုင်စွမ်းရှိနေလျှင် ကန့်သတ်ဒေသ၌ သူ့ကို ကောင်းစွာကူညီနိုင်ပေလိမ့်မည်။ ဤသို့ဖြင့် မင်ဝူ၏စိတ်ထဲတွင် တင်းကျပ်နေသော စိုးရိမ်စိတ်များ လျော့ပါးစပြုလာသည်။
"လဝက်ကြာရင် ထန်းတုကုန်သည်အသင်းက ကျောက်စိမ်းမြို့မှာ လေလံပွဲတစ်ခုကျင်းပဖို့ ရှိတယ်။ မင်း စိတ်ဝင်စားလား"
မင်ဝူက စိတ်ဝင်စားဖွယ်သတင်းတစ်ပုဒ် ပြောပြလိုက်သည်။
"ကျောက်စိမ်းမြို့က ဘယ်မှာလဲ"
ယဲ့ချန်က တအံ့တသြ ပြန်မေးသည်။
"မင်းက ကျောက်စိမ်းမြို့အကြောင်း မကြားဖူးဘူးလား"
"ဟုတ်ကဲ့"
ယဲ့ချန်က ခေါင်းညိတ်ပြလိုက်သည်။
"ကျောက်စိမ်းမြို့တော်က နန်မန်တိုင်းပြည်အရှေ့ဘက် ရှီဝူအင်ပါယာနဲ့ အတော်လှမ်းတဲ့နေရာမှာ တည်ရှိတယ်။ အမြန်ဆုံးခရီးသွားရင်တောင် အဲ့ဒီကိုရောက်ဖို့ ဆယ်ရက်အထိ အချိန်ယူရမယ်။ ကျောက်စိမ်းမြို့ကို ကုန်သည်အသင်းချုပ်က ထိန်းချုပ်ထားပြီး ဘယ်တိုင်းပြည်ရဲ့လက်အောက်မှာမှ မရှိဘူး။ ထန်းတုကုန်သည်အသင်းကလည်း အဲ့ဒီအသင်းတွေထဲက တစ်ခုဖြစ်တယ်။ လေလံပွဲကို ခြောက်လတစ်ခါကျင်းပပြီး အစွမ်းထက်မျိုးနွယ်တွေနဲ့ တိုင်းပြည်ဆယ်ခုရဲ့ တော်ဝင်မျိုးနွယ်တွေ တက်ရောက်ကြတယ်။ မင်းက အဖိုးတန်ဆေးလုံးတွေ၊ ဝိညာဥ်လက်နက်တွေ၊ ရှားပါးရတနာတွေ ဝယ်ယူနိုင်တဲ့အပြင် မင်းပစ္စည်းတွေကိုလည်း ရောင်းချနိုင်တယ်။ မင်းအနေနဲ့ ကန့်သတ်ဒေသကို လိုက်မယ်ဆိုရင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျောက်စိမ်းမြို့လေလံပွဲကနေ ဝယ်ယူသွားသင့်တယ်။ အဲ့ဒီမှာ အဆင့်ငါးဝိညာဥ်လက်နက်တောင် ဝယ်လို့ရတယ်။ ရွှမ်းယီလည်း လေလံပွဲတက်မယ်လို့ ကြားတယ်။ သူ့မှာ မင်းကိုပြောဖို့ အချိန်မရှိသေးတာ ဖြစ်မယ်"
မင်ဝူက ရှည်ရှည်ဝေးဝေးနှင့် အသေးစိတ်ရှင်းပြလိုက်သည်။
"ကျုပ် နားလည်ပြီ။ နန်းမန်တိုင်းပြည်ကရော လေလံပွဲတက်မှာလား"
ယဲ့ချန်က ခေါင်းညိတ်သည်။ သူက ကျောက်စိမ်းမြို့ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုရှိကြောင်း မမျှော်လင့်ထားပေ။
"ကျောက်စိမ်းမြို့မှာ ဥပဒေရှိတယ်။ ဘယ်တိုင်းပြည်ကဖြစ်ဖြစ် မြို့ထဲမှာလူသတ်ရင် ကုန်သည်ပေါင်းချုပ်အသင်းက ဝရမ်းထုတ်ပြီး လိုက်ဖမ်းတာ ခံရလိမ့်မယ်။ ကုန်သည်တွေကို အထင်မသေးနဲ့။ သူတို့ရဲ့ရတနာတွေနဲ့ အစွမ်းထက်ကျင့်ကြံသူတွေ ပေါင်းလိုက်ရင် တိုင်းပြည်တစ်ခုကို ဖျက်ဆီးဖို့ဆိုတာ မခက်ဘူး"
မင်ဝူက ယဲ့ချန်၏စိုးရိမ်စိတ်ကို နားလည်ဟန်ဖြင့် ပြောပြလိုက်သည်။
ယဲ့ချန်သည် ကုန်သည်အသင်း၏စွမ်းအားကြောင့် အံ့သြသွားမိသည်။ သူက လက်မောင်းကာအတွင်း စစ်ဆေးလိုက်သောအခါ ရတနာများ ပြည့်နှက်နေသော်လည်း လက်တွေ့အသုံးဝင်သည်မှာ အနည်းငယ်ပင်ဖြစ်သည်။ ကန့်သတ်ဒေသတွင် ပိုမိုလုံခြုံစေရန် လေလံပွဲမှ ရတနာများဝယ်ယူရန် ဆုံးဖြတ်လိုက်၏။
"ဒီလိုဆိုရင် ကျုပ် လေလံပွဲကိုတက်လိုက်မယ်"
ယဲ့ချန်က ကျောက်စိမ်းမြို့အကြောင်း စပ်စုလိုစိတ်ပြင်းပျစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
နှစ်လအကြာတွင် ကန့်သတ်ဒေသဖွင့်မည် ဖြစ်သောကြောင့် မင်ဝူသည်လည်း တိုင်းပြည်ဘဏ္ဍာတိုက်ကိုဖွင့်၍ ဝိညာဥ်လက်နက်များ ဝယ်မည်ဖြစ်သည်။ အဆင့်ငါးဝိညာဥ်လက်နက်ကို ရနိုင်လျှင် သူ့အတွက် အကောင်းဆုံးဖြစ်သည်။
ယဲ့ချန်တွင်လည်း ထုတ်မပြောခဲ့သော ကိုယ်ပိုင်အတွေးများရှိသည်။ သူက ကျောက်စိမ်းမြို့သို့ သေချာပေါက်သွားပေလိမ့်မည်။
"ငါတို့ နက်ခရိုရေကန်မှာ ငါးသွားမျှားကြမလား"
အချိန်တစ်ခုအကြာတွင် မင်ဝူက အကြံပြုလိုက်၏။
မင်ဝူ၏စကားကို ကြားသောအခါ ယဲ့ချန်က ဆိုလိုရင်းကို ချက်ချင်းသဘောပေါက်သွားခဲ့သည်။ သူ၏ငါးမျှားစွမ်းရည်ဖြင့်ဆိုလျှင် မင်ဝူနှင့်သူက အဖိုးတန်ငါးများစွာ ဖမ်းနိုင်ပေလိမ့်မည်။ ထိုငါးများကို ကျောက်စိမ်းမြို့တွင်ရောင်းချပြီး ဝိညာဥ်လက်နက်များဝယ်ယူရန် ငွေကြေး ရှာဖွေနိုင်လေသည်။
"ကောင်းပြီ"
ယဲ့ချန်က သဘောတူလိုက်ပြီး နက်ခရိုရေကန်သို့ မင်ဝူနှင့်အတူ ထွက်လာခဲ့သည်။
တုန်းလင်ပြည်နယ်၊ လင်းယွန်တောင်တန်း နက်ရှိုင်းသော တောင်ကြားတစ်ခုအတွင်း ဖြစ်သည်။
ဤနေရာက ထုံးစံအတိုင်း တိတ်ဆိတ်အေးချမ်းနေသည်။ ချီစုဆောင်းအစီအရင်၏ အကျိုးသက်ရောက်မှုကြောင့် ဤနေရာတွင် ကောင်းကင်ချီများ ပိုမိုသိပ်သည်းနေပြီး အသက်ရှူလိုက်တိုင်း စိတ်အေးချမ်းမှုကို ခံစားစေသည်။
တောင်ကြား၏ဝင်ပေါက်တွင် ယဲ့မျိုးနွယ်မှ အကာအကွယ်များ စီရင်ထားသည်။ ဒါဇင်ချီသော မိုးကြိုးမီးဒူးလေးများကို ဝင်ပေါက်တွင် တပ်ဆင်ထားသည်။ ၎င်းတို့ကို အလယ်အင်ပါယာမှပန်းပဲဆရာများ ပြုလုပ်ထားပြီး အလွန်အစွမ်းထက်သည်။ ဖျက်ဆီးရေးစွမ်းအင်က ထျန်းချီအဆင့်တစ်ဆယ်နှင့် မြေဝိဇ္ဇာများကိုပင် တားမြစ်ဟန့်တားနိုင်သည်။ ဒူးလေးများကို ရှားပါးသော ကုန်ကြမ်းများနှင့် ပြုလုပ်ထားပြီး ချီပြိုကွဲဆေးလုံးရာချီ အဖိုးတန်သည်။
ဤမိုးကြိုးမီးဒူးလေးများကို လင်းတနီနှင့်သိမ်းငှက်နက်တို့ သယ်ဆောင်လာခြင်းဖြစ်သည်။ ၎င်းတို့ကို တပ်ဆင်သည့်နေတွင် ယဲ့မျိုးနွယ်တစ်ခုလုံး စောင့်ကြည့်ခဲ့ကြသည်။ ခမ်းနားကာအစွမ်းထက်သော ဒူးလေးများကိုကြည့်၍ ယဲ့မျိုးနွယ်ဝင်များ စိတ်လှုပ်ရှားခဲ့ကြသည်။ အတိတ်တွင် သူတို့က ဤဒူးလေးတစ်စင်းကိုပင် ဝယ်ယူနိုင်ခြင်းမရှိပေ။ မျိုးနွယ်ခေါင်းဆောင်ယဲ့ချန်က ထန်းတုကုန်သည်အသင်းနှင့် ပူးပေါင်းဆောင်ရွက်ချိန်မှစတင်၍ ယဲ့မျိုးနွယ်၏ကြွယ်ဝမှုလည်း တိုးတက်လာသည်။ ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန့်ထန်းနှင့် အကြီးအကဲများပင် လျင်မြန်လှသော တိုးတက်မှုကြောင့် အံ့အားသင့်ခဲ့ရသည်။
ဤအချိန်တွင် တစ်စုံတစ်ယောက်က ယဲ့ကျန့်ထန်းကို အသုံးအဖြုန်းကြီးသည်ဟု လာရောက်ပြောဆိုလျှင် အရူးဟု သတ်မှတ်ခံရနိုင်သည်။
ယဲ့မျိုးနွယ်တွင် ချီပြိုကွဲဆေးလုံးများက အလိုရှိတိုင်းရနိုင်သော အမျိုးအစားဖြစ်သည်။ မြေအဆီအနှစ်ဆေးလုံးများ၊ ကောင်းကင်အဆီအနှစ်ဆေးလုံးများနှင့် ချင်ဆီသန့်စင်ဆေးလုံးများလည်း မရှားပါးချေ။ များပြားသော မျိုးနွယ်ဝင်များက ဝိညာဥ်စုဆောင်းဆေးလုံးကို သောက်သုံးခွင့်ရပြီး ပါရမီထူးသူများက ခရမ်းရွှေနတ်ဆေးများ ခွဲတမ်းရရှိကြသည်။ လက်နက်အရာတွင်လည်း အဆင့်ခုနစ်နှင့်အဆင့်ရှစ် ကျင့်ကြံသူတိုင်းတွင် ဝိညာဥ်အဆင့်တစ် လက်နက်တစ်ခု ပိုင်ဆိုင်ထားကြသည်။ အဆင့်ကိုးကျင့်ကြံသူများတွင် အဆင့်နှစ်ဝိညာဥ်လက်နက်များနှင့် အရေးကြီးမျိုးနွယ်ဝင်များတွင် အဆင့်သုံးဝိညာဥ်လက်နက်များ ကိုင်ဆောင်ကြသည်။
ယဲ့ရွှမ်သည် မျိုးနွယ်သို့ ပြန်ရောက်ချိန်တွင် ကြီးမားစွာပြောင်းလဲနေသဖြင့် မျက်လုံးများကိုပင် မယုံနိုင်ခဲ့ပေ။
တောင်ကြားအတွင်း၌ အဆောက်အအုံများ တည်ဆောက်နေသော ယဲ့မျိုးနွယ်ဝင်များလည်း ရှိသည်။ ကျင့်ကြံသူများက ကြိုးကြိုးစားစားကျင့်ကြံနေပြီး သာမန်လူများက မျိုးဆက်ပြန့်ပွားရန် တာဝန်ယူထားကြသည်။ ယဲ့မျိုးနွယ်အနေဖြင့် များစွာအစွမ်းထက်လာလိုလျှင် လူဦးရေတိုးတက်ရေးကလည်း အရေးကြီးပေသည်။
ဝိညာဥ်စုစည်းခြင်း အစီအရင်အောက်တွင် ယဲ့ချိန်ရွှမ်း၊ ယဲ့ကျန်းထန်စသူတို့ ကျင့်ကြံနေခဲ့သည်။
"ယဲ့အာ ဘယ်အချိန်ဘယ်ပြန်လာမလဲ ငါ သိချင်မိတယ်"
ယဲ့ချိန်ရွှမ်းက ပြောလိုက်ခြင်းဖြစ်သည်။ သူက မိုးကြိုးဘုရင်ကျင့်စဥ်ကို စတင်ကျင့်ကြံပြီးနောက် ထျန်းချီအဆင့်တစ်ဆယ်ထိပ်ဆုံးသို့ ရောက်လာကာ မြေဝိဇ္ဇာအဆင့်သို့ရောက်ရန် တစ်ဆင့်သာ လိုအပ်ပေသည်။
"သိပ်မကြာခင်က ငါ ထူးထူးဆန်းဆန်း ခံစားချက်တစ်ခု ရတယ်။ မျက်လုံးတွေမှိတ်လိုက်ပေမယ့် ပတ်ဝန်းကျင်မီတာတစ်ရာကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်နေတယ်"
ယဲ့ချိန်ရွှမ်းက ပြောလိုက်သည်။
"ဦးလေးခြောက်လည်း ဒီလိုမျိုးခံစားနေရတာလား။ ကျွန်တော်က တစ်ယောက်တည်း ဒီလိုဖြစ်နေတယ် ထင်နေတာ"
ယဲ့ကျန့်ထန်းက ထောက်ခံလိုက်သည်။ သူကလည်း ယဲ့ချိန်ရွှမ်းနှင့် အဆင့်တူတူဖြစ်သည်။
"ကြည့်ရတာ မိုးကြိုးဘုရင်ကျင့်စဥ်ရဲ့ ထူးခြားချက်ဖြစ်မယ်"
ယဲ့ချန်ရွှမ်းက ကောက်ချက်ချလိုက်သည်။ ပိုမိုကျင့်ကြံလေလေ သူက မိုးကြိုးဘုရင်ကျင့်စဥ်မှာ ဆန်းကျယ်လေလေဖြစ်ကြောင်း သိလာရသည်။ ဤကျင့်စဥ်ကို ဖန်တီးခဲ့သူမှာ အစွမ်းထက်ဒဏ္ဍာရီလာ ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်လေသည်။
ယဲ့ချိန်ရွှမ်းနှင့်ယဲ့ကျန့်ထန်း မသိသည်မှာ မိုးကြိုးဘုရင်ကျင့်စဥ်က အခြားကျင့်စဥ်များနှင့် ကွဲပြားခြင်းဖြစ်သည်။ ၎င်းက ဝိညာဥ်ကို သန့်စင်ပေးနိုင်သည်။ ထို့အပြင် ဝိညာဥ်စုဆောင်းခြင်းဆေးလုံးများကလည်း သူတို့၏ဝိညာဥ်ကို ပိုမိုသန်မာစေသည်။
သို့သော် ယဲ့ချန်၌သာ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်နှင့် ဓားပျံ၏အထောက်အပံ့ ရှိနေသောကြောင့် ဝိညာဥ်စစ်သည်တော်ကို ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်။ သူတို့အနေဖြင့် ဝိညာဥ်ကို ပြင်ပသို့မထုတ်လွှတ်နိုင်ဘဲ ပတ်ဝန်းကျင်ကို ပို၍တိတိကျကျ ရှင်းရှင်းလင်းလင်း ထောက်လှမ်းနိုင်စွမ်းသာ တိုးတက်လာခဲ့သည်။
"ကျောက်စိမ်းမြို့တော် ၊လေလံပွဲအတွက် ထန်းတုကုန်သည်အသင်းက ဖိတ်စာတစ်စောင် ပို့ထားတယ် ။ဦးလေးခြောက် ကျုပ်တို့သွားသင့်လား"
ယဲ့ကျန့်ထန်းက အကြံတောင်းလိုက်သည်။ ယဲ့ချန်ကဲ့သို့ပင် သူကလည်း ကျောက်စိမ်းမြို့အကြောင်း ပထမဆုံးကြားဖူးခြင်းဖြစ်သည်။ အတိတ်တွင် ယဲ့မျိုးနွယ်က ကျောက်စိမ်းမြို့နှင့်ပတ်သက်ရန် အဆင့်မမီပေ။
***