တိုက်ခိုက်ရေး စွမ်းရည်
Vol. 004 Ch. 307
ရီဖူရှင်းက လက်ဆန့်တန်း လိုက်သည်။ လေနှင့် လျှပ်စီးဓာတ်က သူ၏ လက်တစ်ဖက်စီတွင် ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ဖြစ်ပေါ်လာကာ ပန်းနုရောင် လျှပ်စီးများ ကခုန်ကြသည်။ ထိုအရာက လေပွေအလား လှည့်ပတ် နေသည်။ ထိတ်လန့်ဖွယ် တိုက်ကွက် တစ်ခု မွေးဖွား လာတော့မည် ဖြစ်သည်။
“ဒါ...” ကွဲပြား ခြားနားသော မှော်တိုက်ကွက် နှစ်ခုက ရီဖူရှင်း၏ လက်တစ်ဖက်စီမှ ထွက်ပေါ် လာသည်ကို လူအများက အံ့အားသင့်ကြသည်။ ဘယ်လက်တွင်ကား လေပွေတစ်ခု ဖြစ်ပေါ်လာနေကာ ညာလက်တွင်ကား ပန်းနုရောင် လျှပ်စီးနဂါးကြီး တစ်ကောင် ဖြစ်ပေါ် လာနေသည်။ မဆုံးနိုင်သော လျှပ်စီး စက်ကွင်းများက သူ့ထံ ကျဆင်းလာသော ဥက္ကာခဲများထံ တိုးဝင် သွားသည်။
လေနှင့် လျှပ်စီးနဂါးတို့က အားကောင်း လာနေဆဲ ဖြစ်သည်။
“ငါတို့ရဲ့ ညီငယ်လေးက မှော်စာလိပ် ရေးသူလား...” ရွှီယီက အနည်းငယ် အံ့အားသင့်ဟန်ဖြင့် ပြောသည်။ ရီဖူရှင်းက သူ၏ စိတ်ဝိညာဉ် စွမ်းအားနှင့် အားကောင်းသော သဘာဝ စွမ်းအင် ခံစားမှုကို သုံးကာ စာရွက်နှင့် စုတ်တံမပါဘဲ လေထဲတွင် မှော်တိုက်ကွက် နှစ်ခုအား ရေးထွင်းခဲ့သည်။ သူက သူ၏ တန်ခိုး အဆင့်ထက် မြင့်သော မှော်တိုက်ကွက်အား ထုတ်လွှတ်သည်။
လေထဲတွင် မှော်သင်္ကေတများအား ရေးထွင်းနိုင်သော သူကား ဆင့်ခေါ်သူနှင့် ဆင်တူသည်။ သူတို့၏ စိတ်ဝိညာဉ် စွမ်းအင်နှင့် သဘာဝ စွမ်းအင် ခံစားသက်ဝင်မှုက လုံလောက်စွာ အားကောင်းလျှင် သူတို့က လေထဲတွင် သင်္ကေတများ ရေသားနိုင်သည်။ မှန်သည်… ထိုဖြစ်စဉ်က ပုံမှန်ထက် နှေးကွေးနိုင်သည်။ အဆင့်တူ တိုက်ကွက်အား ထုတ်ဖော်ခြင်းက ချက်ချင်း ပြုလုပ်နိုင်သည်။ သို့သော် မိမိစွမ်းအား အဆင့်ထက် မြင့်သော မှော်တိုက်ကွက်ကို ထုတ်ဖော် လိုပါက သူ့တွင် လွန်မင်းစွာ အားကောင်းသော စိတ်ဝိညာဉ် စွမ်းအားနှင့် ထိန်းချုပ်စွမ်းရည် လိုအပ်ပေသည်။ အမှားတစ်ချက်က တိုက်ကွက် ဖန်တီးမှုကို ပြိုလဲစေသည်။
ဘုန်း… လွန်စွာ အားကောင်းသော ဖိအားတစ်ခု လျိုဂျန်လန်၏ ထိန်းချုပ်မှုဖြင့် ဆင်းသက် လာသည်။ ထိုတိုက်ခိုက်မှုအား ရှောင်ဖယ်မည့်အစား ရီဖူရှင်းက သူ၏ မှော်တိုက်ကွက်အား စုစည်းနေသည်။
ရီဖူရှင်းက လေထဲကို ခုန်တက်ကာ လျိုဂျန်လန်၏ တိုက်ကွက်အား လက်ခံသည်။ ရီဖူရှင်းက သူ၏ လက်အား ရှေ့ကို ပစ်သွင်းလိုက်သည်။ တကယ့် နဂါးတစ်ကောင်နှင့် ဆင်ဟိန်းသံကို ကြားရသည်။ ထိုလက်ဝါးက ထိုထက်ရှသော ကျောက်တုံးကြီးအား ထိမိသည်။ ထိုအခိုက်တွင် ပန်းရောင် လျှပ်စီးနဂါး ပေါ်လာသည်။ ထိုအရာက ကောင်းကင်အား ဖုံးအုပ်လျက် ကျဆင်းလာသော ဥက္ကာခဲများ အားလုံးကို ရစ်ပတ်သွားသည်။ လျှပ်စီးနဂါးက လှည့်ပတ်ကာ အရာအားလုံးကို ဖျက်ဆီးသည်။
“လျှပ်စီးနဂါး ဆင်မင်းအော်သံ သိုင်းပညာ……” ရွှီယီက ပြောသည်။ သူက စာအုပ် ထောင်ပေါင်း များစွာကို ဖတ်ဖူးသူဖြစ်ရာ သန်းပေါင်း များစွာသော တိုက်ကွက်များကို သိသည်။ သူက ကော့တေး၏ စာအုပ်ဂူထဲမှ တိုက်ကွက်များ အားလုံးလိုလိုကို ကိုယ်တိုင် ကူးရေးဖူးသည်။
ရီဖူရှင်း ဖန်တီးလိုက်သော လျှပ်စီးနဂါး တိုက်ကွက်ကား အကာနာ အဆင့် မှော်တိုက်ကွက် ဖြစ်သည်။ ဆင်မင်း အော်သံကား သိုင်းပညာ ဖြစ်သည်။ သူက သိုင်းပညာနှင့် မှော်ပညာကို ပေါင်းစပ်ခဲ့သည်။ တိုက်ကွက်နှစ်ခုက အချင်းချင်း လိုက်လျောညီထွေ ရှိကာ ပိုမို၍ အားကောင်း လာသည်။ ဆင့်ကဲရိုက်ချက်ကား ပြန့်ကျဲနေသော ရိုက်ချက်ထက် အားကောင်းသည်။ ကျဆင်းလာသော ဥက္ကာခဲများ အားလုံး ပြိုကွဲ ပျက်စီး သွားကြသည်။
ယခု ရီဖူရှင်း၏ ဘယ်လက်မှ တိုက်ကွက်ကား အသက်ဝင်လာပြီ ဖြစ်သည်။ ကြောက်မက်ဖွယ် လေပွေက အရာအားလုံးကို ဖျက်ဆီးသွားလျှင် ဥက္ကာ အပိုင်းအစများ အားလုံး ဖုန်မှုန့်များ အဖြစ် ပြောင်းလဲ ပျောက်ကွယ် သွားကြသည်။
“မိုက်တယ်...” လျိုဖန်းက ချီးကျူးလိုက်သည်။ ရီဖူရှင်း၏ တုံ့ပြန်မှုကား လက်တွေ့အားဖြင့် လွန်စွာ ပြည့်စုံသည်။ သူတို့အကြား တန်ခိုးအဆင့် ကွာဟချက် ကြီးမားသော်လည်း ရီဖူရှင်းက ကောင်းစွာ ရင်ဆိုင်နိုင်သည်။ သူ၏ တိုက်ကွက်များက အားနည်းချက် မရှိဘဲ သိုင်းပညာတွင်လည်း အားကောင်းသည်။ သူ၏ ဓာတ်စွမ်းအင် မျိုးစုံသုံးနိုင်သော ပါရမီဖြင့် ဆိုလျှင် လျိုဖန်းက စီနီယာ အစ်ကို တစ်ယောက် အနေဖြင့် ဖိအားများ ခံစားရသည်။
ချိန်ရှင်းမူ၊ ချင်မုံရိုနှင့် တခြားလူများ အားလုံးကလည်း အလေးအနက် ထားကာ ကြည့်နေကြသည်။ သူတို့ကလည်း အနည်းငယ် အံ့အားသင့် ကြရသည်။ ရီဖူရှင်းက သူ၏ စွမ်းရည်များ အားလုံးကို အသုံးချလျက် တိုက်ခိုက်သည်ကို သူတို့ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ ရီဖူရှင်းက သူ့ကိုယ်သူ တစ်ခါမှ သက်သေ မပြဖူးဟူ၍ ချင်လီက ပြောခဲ့သည်။ ယနေ့ သူ၏ တိုက်ခိုက်ရေး စွမ်းရည်ကို သူတို့ မြင်ကြရသည်။ သူက တိုက်ကွက် တစ်ခုတည်းမျှဖြင့် သူ၏ ထူးခြား ထက်မြက်သော ပါရမီကို ပြသခဲ့သည်။
လျိုဂျန်လန်က ရီဖူရှင်းအား အေးစက်စွာ ကြည့်သည်။ ရီဖူရှင်းက သူ့အား စိန်ခေါ်ရဲမှတော့ သူက တိုက်ကွက် တစ်ကွက်ထက် ခံနိုင်ရည် ရှိမည်မှာ ထင်ရှားသည်။ လျိုဂျန်လန်က ထိုအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။
ကြမ်းတမ်းသော မီးဓာတ် သဘောဝ စွမ်းအင်များ စုစည်း လာနေသည်။ ကျောက်တုံး ဇာမဏီက သူ၏ အတောင်ပံများကို တဖျတ်ဖျတ် ခတ်လျက် ရီဖူရှင်းထံ တိုးဝင် လာနေသည်။ ကောင်းကင် တစ်ခွင်ကလည်း နီရဲလာကာ အရာအားလုံးကို လောင်ကျွမ်းစေပုံ ရသည်။
လျှော်ရည်ပူမီးလျှံများ ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။ ထိုအရာများက ရီဖူရှင်း၏ ဘေးပတ်ပတ်လည်ကို ရစ်ပတ်ကာ မီးကမ္ဘာကို ဖန်ဆီးသည်။ လျိုဂျန်လန်၏ ဓမ္မက အသက်ဝင်လာပုံ ရကာ ရီဖူရှင်းအား အဆက်မပြတ် တိုက်ခိုက်သည်။
ရီဖူရှင်းက သူ၏ နေဓမ္မအား ထုတ်လွှတ် လိုက်သည်။ ထိုအရာက ကောင်းကင်တွင် ထွန်းလင်းနေသည်။ နေ၏ ကိုယ်ထည်ထဲတွင်ကား သစ်ပင်တစ်ပင်က အမြစ်များ တွယ်လျက် တည်ရှိနေသည်ကို ရေးရေးမြင်ရ၏။ သူကိုယ်တိုင်ကလည်း အပူများ ထုတ်လွှတ် နေသော မီးပြင်းဖိုအလား ဖြစ်လာနေသည်။ သူက ကြမ်းတမ်းသော နိုဘယ်အသိအား ထုတ်လွှတ်ကာ ရောက်လာသော မီးလျှံများကို ကြည့်သည်။
မီးလျှံများက သူ့ခန္ဓာကိုယ်ကို ကျဆင်း လာကြသည်။ သူက နေမင်းထဲတွင် ရှိနေသလို လွန်စွာ ပူပြင်းမှုကို ခံစားရသည်။ သူက မီးဓာတ်ကို ကျင့်ကြံသော်လည်း ထိုတိုက်ခိုက်မှုအား ရီဖူရှင်းက အထင်သေး၍ မရပေ။ သူ၏ ကိုယ်ပိုင်စွမ်းအင်နှင့် မီးအသိက နေမင်းမှ စွမ်းရည်၏ ထောက်ပံ့မှုဖြင့် အရံအတား တစ်ခုဖြစ်လာသည်။ နေမင်းက ပိုမို လင်းလက် တောက်ပကာ ကြီးမား လာနေသည်။
ထို့နောက်တွင် လျိုဂျန်လန်၏ မီးတိုက်ခိုက်မှုများက ရီဖူရှင်းအား သက်ရောက်စေပုံ မရတော့ပေ။ ထို့အပြင် လျိုဂျန်လန်၏ မီးများက ရီဖူရှင်းအား ပိုမို အားကောင်း လာနေစေသည်။
ရီဖူရှင်းက ရှေ့ကို တိုးသွားကာ မီးများအကြား ဖြတ်လျှောက် သွားသည်။ သူက လျိုဂျန်လန်ထံသို့ မည်သည့် အရာကိုမှ မမှုဘဲ သွားနေသည်။
ကျောက်တုံး ဇာမဏီငှက်က သူ၏ အတောင်ပံများကို လျင်မြန်စွာ ခတ်လိုက်သည်။ တိုက်ကွက် တစ်ခုက ရီဖူရှင်းထံသို့ ထက်ရှသော ဓားတစ်လက် အလား တိုးဝင်သွားသည်။ ရီဖူရှင်းက သူ၏ လက်ဖြင့် ရိုက်ချလိုက်သည်။ လောင်ကျွမ်းနေသော လက်ဝါး တံဆိပ်တော်လိုပင် သူက အရာအားလုံးကို ဖြတ်ကျော်လျက် ထိုထက်ရှသော ဓားသွားအား ဖျက်ဆီးလိုက်သည်။
လူအများအပြားက ထိတ်လန့်ရသည်။ လျိုဂျန်လန်၏ မီးတိုက်ကွက်များက သူ့အား အကူအညီပင် ဖြစ်စေသည်။
ကျောက်တုံး ဇာမဏီငှက်က လျိုဂျန်လန်၏ ဘေးကို ပြန်ရောက်လာကာ ဆက်လက်၍ မတိုက်ခိုက်တော့ပေ။ လျိုဂျန်လန်က သူ့ထံ ချဉ်းကပ်လာသော ရီဖူရှင်းအား ကြည့်လိုက်သည်။ ရီဖူရှင်းက မည်မျှ အားကောင်းသည် ဖြစ်စေ သူက အကာနာ အဆင့်ဖြစ်ရာ မကြောက်ပေ။ ကျောက်တုံး ဇာမဏီငှက် ဓမ္မက သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ် လာနေသည်။ လျိုဂျန်လန်၏ ကျောမှ လှပသော အတောင်ပံတစ်စုံ ထွက်ပေါ်လာသည်။
ရီဖူရှင်းက ကောင်းကင်တွင် ရပ်ကာ လျိုဂျန်လန်အား ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ကြမ်းတမ်း ခက်ရော်နေသည်။
“မှန်ချပ် ထောင်ပေါင်းများစွာ...” ရီဖူရှင်းက ထိုသို့ ပြောလိုက်သည်နှင့် ရေဓာတ် မှော်တိုက်ကွက် တစ်ခု မွေးဖွားလာသည်။ ထိုအရာက မရေမတွက်နိုင်သော မှန်များအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်းအား အလင်းပြန်စေသည်။ ထို့နောက် သူက ရွေ့လျားသည်။
ထိုအခိုက်တွင် လျိုဂျန်လန်၏ အနီး ပတ်ဝန်းကျင်၌ ထောင်ပေါင်း များစွာသော ရီဖူရှင်း ပုံရိပ်များ ဖြစ်ပေါ်လာသည်။ မည်သည့်ပုံရိပ်က အစစ်အမှန် ဖြစ်မည်ကို ခွဲခြားရန် ခက်ခဲလွန်းပေသည်။ ပိုဆိုးသည်ကား ထိုတိုက်ကွက်၏ သက်ရောက်မှုကြောင့် ကောင်းကင်၌ မြူများ ဖြစ်ပေါ်လာသည်။ ထိုအရာက သူ၏ ကိုယ်ရောင် ကိုယ်ဝါအား ဖုံးအုပ်ထားရာ လျိုဂျန်လန် အတွက် အစစ်ကို ရှာဖွေရန် မဖြစ်နိုင်ပေ။
ရီဖူရှင်း လှုပ်ရှားလျှင် မရေမတွက်နိုင်သော ပုံရိပ်များက လျိုဂျန်လန်အား ဝန်းရံ လိုက်ကြသည်။
လျိုဂျန်လန်က အတောင်ပံများအား ခတ်လျက် ကောင်းကင်သို့ ထိုးတက်သွားသည်။
ဘုန်း … ရီဖူရှင်းက တိုက်ကွက်တစ်ခု ထုတ်လွှတ်လိုက်လျှင် တောင်တစ်လုံးက လျိုဂျန်လန်ထံ ဆင်းသက်လာသည်။ မှန်မျက်နှာပြင်များကြောင့် မဆုံးနိုင်သော တောင်များက သူ့ထံ ဆင်းသက် လာသည်။
လျိုဂျန်လန်၏ အတောင်ပံများက ဓားသွားများအလား ပြောင်းလဲသွားကာ တောင်များအား ထွင်းဖောက်လျက် ဖြတ်ကျော် သွားသည်။ ထိုတောင်များက ပုံရိပ်ယောင်များသာ ဖြစ်သော်လည်း သူက ထိုတောင်များကို ရှင်းလင်းရန် လိုပေသည်။
တစ်ချိန်တည်းမှာပင် လျိုဂျန်လန်က မှော်တိုက်ကွက် တစ်ခုကို သုံးကာ မှော်ပုံရိပ်ယောင် များအား ရိုက်နှက်သော်လည်း ရိုက်ချက်က လွယ်လင့်တကူ ဖြတ်ကျော် သွားသည်။ မှန်ချပ် ထောင်ပေါင်း များစွာကား ရေဓာတ် တိုက်ကွက် တစ်ခုဖြစ်ပြီး တိုက်ခိုက်ရေး စွမ်းရည် လုံးဝ မရှိသော်လည်း အလွယ်တကူ ပျက်စီး မသွားနိုင်ပေ။
ဘုန်း ... ကျယ်လောင်သော အသံနှင့်အတူ ခိုင်ခံ့သော ရိုက်ချက်က လျိုဂျန်လန်၏ တိုက်ကွက် အောက်တွင် ပြိုပျက်သွားသည်။ သို့သော် တစ်ချိန်တည်းတွင် ကောင်းကင်၌ လျှပ်စီးများ လင်းလက် သွားသည်။
ဝုန်း... ပန်းနုရောင် လျှပ်စီးက ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော အချိန်တွင် လျှပ်စီးနဂါး တစ်ကောင် ဖြစ်ပေါ်လာကာ ထောင်ပေါင်း များစွာသော လျှပ်စီးနဂါးများက လျိုဂျန်လန်ထံ ဆင်းသက် လာကြပြန်သည်။ လျိုဂျန်လန်၏ အမူအရာ လွန်စွာ အရုပ်ဆိုး သွားသည်။ မှန်မျက်နှာပြင် များကြောင့် တိုက်ကွက် တစ်ခုစီက ပုံရိပ်ယောင်များစွာ ဖြစ်ပေါ်စေသည်။ ထိုအရာများက အတုဖြစ်သော်လည်း သူက တုံ့ပြန်ရန်လိုသည်။ မဟုတ်လျှင် အစစ်အမှန် တိုက်ကွက်က သူ့အား လာရောက် ထိမှန်နိုင်သည်။
မဆုံးနိုင်သော လေမုန်တိုင်းများက သူ့အနီးတွင် လှည့်ပတ်လာနေကာ ရောက်လာသမျှသော အရာများအား ဖျက်ဆီးသည်။ လျှပ်စီးနဂါး အစစ်က လေပွေထံကို ဆင်းသက် လာသည်။ လျှပ်စီးနှင့် လေပွေ ရင်ဆိုင်မိသည်။ လျိုဂျန်လန်၏ လေပွေက ပိုမို အားကောင်းလာကာ ရီဖူရှင်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်အောင် ကြိုးစားသည်။
ရီဖူရှင်းက ခွင့်မပြုပေ။ မဆုံးနိုင်သော နွယ်ပင်များက တွန့်လိမ်လျက် လျိုဂျန်လန်ထံ တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ဆင်မင်းအော်သံ တိုက်ကွက်က အသက် ဝင်လာကာ လျိုဂျန်လန်ထံ တိုးဝင်သွားသည်။
မှော်တိုက်ကွက်များ၏ ထိန်းချုပ်မှုကို ခံရလျှင် လျိုဂျန်လန်က တိုက်ခိုက်မည့်အစား ခုခံနေရသည်။ သူကား အကာနာအဆင့် ဖြစ်သော်လည်း ရီဖူရှင်း၏ ထိန်းချုပ်မှုကို ခံနေရ၏။ ထိုမြင်ကွင်းက လူအများအား ထိတ်လန့် အံ့အားသင့် စေသည်။
ရီဖူရှင်း၏ တိုက်ခိုက်မှု မှန်သမျှက နိုဘယ် အသိများနှင့် ပြည့်နှက်နေကာ အကာနာ အဆင့်ကို ရောက်နေသည်။ ထိုအရာက သူက ဓမ္မအဆင့်အစား အကာနာ အဆင့်ဟူ၍ပင် လူအများအား ထင်မှတ်စေသည်။
ချင်လီက တိုက်ပွဲအား မသက်မသာ ကြည့်သည်။ လျိုဂျန်လန်က ရီဖူရှင်းအား သတ်နိုင်မလားဟု သူက တွေးထင်ခဲ့သော်လည်း ရီဖူရှင်း၏ စွမ်းရည်က သူ ထင်ထားသည်ထက် မြင့်နေသည်။
လျိုဂျန်လန်ကား နေရာတိုင်းမှာ ထိန်းချုပ် ခံနေရကာ အခြေအနေ သိပ်မကောင်းပေ။ သူက လွတ်မြောက်ရန် ကြိုးစားသည်ကို ရပ်လိုက်သည်။ မဆုံးနိုင်သော သဘာဝ စွမ်းအင်များ သူ့အနီးတွင် စုစည်းလာနေ၏။ သူ၏ ခန္ဓာကိုယ် အတွင်း၌ ဓမ္မက အမြွှာ ဖြစ်သွားသည်။ ကျောက်တုံးငယ်များ ဖြစ်ပေါ်လာသည်။ ထို့နောက် သူက ကျောက်တုံးအဖြစ် ပြောင်းလဲသွားကာ ပိုမို ကြီးထွားလာသည်။ မကြာမီ မီတာတစ်ရာခန့် ရှည်လျားသော ကျောက်တုံး ဘီလူးကြီး တစ်ကောင် ဖြစ်ပေါ်လာသည်။ သူ၏ အပေါ်ယံ မျက်နှာပြင်က မီးလျှံများ တောက်လောင် နေသည်။ သို့သော်လည်း ကျောက်ဘီလူး၏ မျက်လုံးများက လျိုဂျန်လန်၏ မျက်လုံးများ ဖြစ်သည်။
သူက ပြန်လည် တိုက်ခိုက်ခြင်း မရှိဘဲ ထိုမှော်တိုက်ကွက်များ သူ့ထံ ဆင်းသက် လာသည်ကို ခွင့်ပြုလိုက်သည်။ ကျောက်ဘီလူးက တုန်ခါနေကာ တိုက်ခိုက်မှုများက ကျောက်တုံး မျက်နှာပြင်များကို ထိသည်။ သို့သော် သူ့အား မည်သည့် ဒဏ်ရာမှ မရစေပေ။
“မင်း ငါ့ကို ဘယ်လို အနိုင်ယူမှာလဲ...” လျိုဂျန်လန်က အော်ဟစ်သည်။ သူက ကောင်းကင် တစ်ခုလုံးကို ပြည့်နှက်စေသော လက်များဖြင့် ဝှေ့ယမ်းသည်။ ထိုအခိုက်တွင် မှန်ချပ်များ အကြား၌ ရီဖူရှင်း၏ လက်ထဲတွင် နှင်တံတစ်ချောင်း ဖြစ်ပေါ်လာသည်။ ထိုအရာက တဖြည်းဖြည်း ကြီးမား လာနေသည်။
နတ်လူဝံက ရီဖူရှင်း၏ ခန္ဓာနှင့် ပူးကပ်သွားသည်။ သူက လွန်စွာ အားကောင်းသော ခွန်အားဖြင့် နှင်တံအား တင်းတင်း ဆုပ်ကိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တွင် ပြိုင်ဘက်ကင်း စွမ်းရည်များ စုစည်း လာနေသည်။
လူတိုင်းက လှပသော မြင်ကွင်းတစ်ခုကို မြင်ကြသည်။ မှော်မှန်ချပ်များ ကြားတွင် ထောင်ပေါင်း များစွာသော လူများက နှင်တံအား တစ်ပြိုင်နက်တည်း ဝှေ့ယမ်းကြသည်။ လေနှင့်တိမ်များ ရွေ့လျားကာ လောကကြီးက ပြောင်းလဲ သွားသည်။
ထိုမြင်ကွင်းကား လွန်စွာ လှပလွန်းသည်။
***