← Chapters

ငြိမ်းချမ်းမှုတည်ဆောက်ခြင်း

Vol. 164 Ch. 2336

ငြိမ်းချမ်းမှုတည်ဆောက်ခြင်း

Vol. 164 Ch. 2336

ရီဖူရှင်းက ထိုနေရာသို့ ကြည့်နေခဲ့ပြီး အန္တရာယ်ရှိသည့် အရှိန်အဝါတို့က ထိုးဖောက်လာသည်ကို သတိပြုမိကာ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူကိုးယောက်၏ ပုံရိပ်များသည် တဖြေးဖြေး ပုံရိပ်ယောင်ကဲ့သို့ ဖြစ်လာကာ သူတို့က စတေးမှုတစ်ခု ပြုလုပ်နေသလို ထင်မှတ်ရပေသည်။

သို့သော် တစ်ချိန်တည်းတွင် ဖျက်ဆီးခြင်းစွမ်းအားတစ်ခုက ယခုထိတိုင် ခုခံကာကွယ်နေသည့် ထိုကိုးယောက် ဖွဲ့စည်းထားသော တိုက်ပွဲဝင်္ကပါအတွင်း ဖြစ်တည်လာသည်။ ဟွားကျွင်းလိုင်နှင့် အခြားလူများသည် သူတို့ထံသို့ တိုးဝင်လာသော သန်မာသည့် လွှမ်းမိုးနိုင်စွမ်းရှိသော အန္တရာယ်ကို ခံစားမိကြပေသည်။

သူတို့၏ အလိုလိုသိစိတ်က ပြောနေသည်မှာ ၎င်းက သူတို့ အသက်များကို ခြိမ်းခြောက်နိုင်လောက်အောင် အန္တရာယ်များလှပေသည်။

ဘုန်း...

မဟာလမ်းစဥ်၏ ထိတ်လန့်တုန်လှုပ်ဖွယ် အော်မြည်သံကို ကြည့်လိုက်ရပြီး ရှေးဟောင်းနတ်ဘုရား၏ ပုံရိပ်တို့က ဆက်လက်ကြီးထွားကာ ​ကျယ်ပြန့်လာသည်။ ယခင်က သိမ်မွေ့နူးညံ့သော နတ်ဘုရားသည် ယခု ရက်စက်ကြမ်းကြုတ်ကာ အန္တရာယ်ရှိသော စိတ်ဝိညာဥ်တို့နှင့် ပြည့်နှက်သွားပေသည်။ ယင်းတို့က ရန်ငြိုးများနှင့် ပြည့်နေသည့် နတ်ဘုရားများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့က စိန်ခေါ်သူကိုးယောက်၏ တိုက်ပွဲဝင်္ကပါအတွင်းသို့ ဖုံးကွယ်မထားသော သတ်ဖြတ်ချင်စိတ်တို့နှင့် ငုံ့ကြည့်လိုက်သည်။

ထိုအချိန်၌ လူတိုင်းသည် စွန့်ပစ်ခံကလန်မှ လူများက သတ်ဖြတ်တိုက်ခိုက်ရေး၌ မကျွမ်းကျင်ခြင်းမဟုတ်ကြောင်း သတိပြုမိလိုက်ကြသည်။ ၎င်းသည် သူတို့က အသုံးပြုရန် တွန့်ဆုတ်တွေဝေနေခဲ့ခြင်းသာ ဖြစ်လေသည်။ သူတို့က ယခင်က ခုခံကာကွယ်ရန်သာ ရွေးချယ်ခဲ့ခြင်းမှာ ဤတိုက်ပွဲကြောင့် မည်သည့် ရန်ငြိုးရန်စကိုမှ မဖြစ်စေလို၍ ဖြစ်သည်။

သို့သော် သူတို့က တိုက်ပွဲဝင်္ကပါကို ကာကွယ်စောင့်ရှောက်ရန် အကောင်းဆုံး ကြိုးစားနေလျှင်ပင် ဟွားကျွင်းလိုင်နှင့် အခြားလူများက ရန်လိုလှသည့် နည်းပရိယာယ်တို့နှင့် တိုက်ပွဲဝင်္ကပါကို ချိုးဖျက်ရန် မရပ်မနား ဆက်လက်ဖိနှိပ်နေခဲ့သည်။

သူတို့က ဆက်လက်တိုက်ခိုက်နေလျှင် တိုက်ပွဲဝင်္ကပါ ပြိုကျပျက်စီးရန်မှာ အနှေးနှင့်အမြန်ပင် ဖြစ်သည်။ ထိုကျင့်ကြံသူရှစ်ယောက်၏ တိုက်ခိုက်မှုက တိုက်ပွဲဝင်္ကပါကို ခြိမ်းခြောက်နိုင်ပြီးဖြစ်ကာ ရလဒ်အနေနှင့် တိုက်ပွဲဝင်္ကပါအစီအရင်နှင့်အတူ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူကိုးယောက်ပါ ဖျက်ဆီးခံလိုက်ရမည် ဖြစ်သည်။ ဟွားကျွင်းလိုင်နှင့် အခြားလူများက ကျင့်ကြံရန်အတွက် စွန့်ပစ်ခံကလန်၏ သန့်စင်မြင့်မြတ်နယ်မြေ အလယ်ဗဟိုသို့ ဖိအားပေး ဝင်ရောက်လိုကြသည်။ ဤသည်မှာ စွန့်ပစ်ခံကလန်မှ လက်မခံနိုင်သော တစ်စုံတစ်ရာဖြစ်သည့်အတွက်ကြောင့် သူတို့ တန်ပြန်တိုက်ခိုက်လာခြင်းက မလွဲဧကန်ပင် ဖြစ်သည်။

ဟွားကျွင်းလိုင်နှင့် သူ၏ အဖွဲ့က ဆုံးဖြတ်ချက်ချခဲ့ပြီဖြစ်ကာ စွန့်ပစ်ခံကလန်သည်လည်း အတူတူပင် ဖြစ်သည်။

သူတို့အားလုံးက သေသွားရတော့မည်ဖြစ်ရာ မည်သည့်အတွက်ကြောင့် ထိန်းထိန်းသိမ်းသိမ်းလုပ်နေရန် လိုအပ်ပါတော့မည်နည်း။

"ဒါရူးနေတာပဲ။" ကောင်းကင်ဒေသ၏ ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများသည် တိုက်ပွဲမြေပြင်အတွင်းမှ နောက်ဆုံး ပြောင်းလဲတိုးတက်မှုကို မြင်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ အထူးသဖြင့် တိုက်ခိုက်မှုတွင် ပါဝင်သော ရှေးဟောင်းနတ်ဘုရားကလန်မှ လူများဖြစ်သည်။ ရန်လိုသော အရှိန်အဝါ အငွေ့အသက်များက သူတို့ထံမှ ထွက်ပေါ်လာပြီး ချက်ချင်းပင် အဆုံးမဲ့ လေဟာနယ်ကို ဖုံးလွှမ်းသွားသည်။ လေထုက သူတို့၏ စိတ်ဝိညာဥ်များကိုပါ လောင်ကျွမ်းနိုင်လောက်အောင် အလွန် ပေါက်ကွဲနိုင်စွမ်း ရှိနေသည်။

တစ်ချိန်တည်းတွင် စွန့်ပစ်ခံကလန်မှ များပြားလှသော အစွမ်းထက် ကျင့်ကြံသူများသည်လည်း ရှေ့သို့ တက်လာပြီး အံ့သြထိတ်လန့်ဖွယ် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် စွမ်းအားများကို ထုတ်လွှတ်ကာ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများစွာ၏ အရှိန်အဟုန်ကို တိုက်ရိုက်ဖိနှိပ်ရန် ကြိုးစားနေသည်။ သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းက တည်ငြိမ်ပြီး သူတို့၏ မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်များကို ပြသနေသည်။

စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများ၏ မျက်လုံးများထဲ၌ အကြောက်တရားဟူ၍ မရှိပေ။ သူတို့သည် ယုံကြည်မှုများအတွက် စစ်မှန်စွာ နေထိုင်ရန် သူတို့၏ အသက်များကို စတေးခြင်းအပါအဝင် စွမ်းအားများကို အသုံးပြုကာ အရာအားလုံး လုပ်ဆောင်ပေလိမ့်မည်။

ထိုသို့ ပြည့်ဝသည့် ရဲစွမ်းသတ္တိမျိုးနှင့် သူတို့က မည်သည့် ကြောက်ရွံမှုမျိုး လိုအပ်ပါမည်နည်း။

အမှောင်ထုအတွင်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် ယခု နောက်ဆုံး၌ အလင်းနှင့် တွေ့ဆုံခွင့်ရခဲ့သည်ဖြစ်ရာ သူတို့က မည်သို့ အကျရှုံးခံနိုင်ပါမည်နည်း။

တိုက်ပွဲမြေပြင်မှ ကျင့်ကြံသူကိုးယောက်သည်လည်း သူတို့၏ ယုံကြည်ချက်များကို သက်သေပြရန် နေထိုင်နေခဲ့ပြီး အကြောက်အရွံ့မရှိ တိုက်ခိုက်နေသည်မှာ အရာအားလုံးက သူတို့ကုန်းမြေကို ကာကွယ်ရန်အတွက် ဖြစ်သည်။

ရီဖူရှင်းက ၎င်းကို မြင်သည့်အခါ နှစ်ဖက်လုံး အကြီးအကျယ် ထိခိုက်ဆုံးရှုံးရလိမ့်မည်ဟု တွေးမိလိုက်သည်။ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူကိုးယောက်သည်ပင် နေရာ၌ သေဆုံးသွားခြင်း ဖြစ်နိုင်သည်။ ကျောက်တုံးတိုက်ပွဲဝင်္ကပါအစီအရင်အတွင်းမှ လူများအတွက်မူ မည်သို့ဖြစ်မည်ကို မပြောနိုင်သော်လည်း သေချာပေါက် ကောင်းကောင်းမွန်မွန် ကျန်ရစ်လိမ့်မည် မဟုတ်ပေ။ သူတို့က မသေလျှင်ပင် အကြီးအကျယ် ထိခိုက်ဒဏ်ရာရသွားရလိမ့်မည် ဖြစ်သည်။

ယခု နှစ်ဖက်လုံးက မထိန်းချုပ်ထားဘဲ စစ်ပွဲဖြစ်ပွားသောအခါ တိုက်ခိုက်မှုသည် တိုက်ပွဲမြေပြင်၌သာ ကန့်သတ်ထားလိမ့်မည် မဟုတ်ဘဲ အပြင်ဘက်သို့ပါ ပျံ့နှံ့လာလိမ့်မည် ဖြစ်သည်။

အပြင်ဘက်ရှိ လေဟာနယ်တွင်လည်း ဖိနှိပ်နိုင်စွမ်းသော အရှိန်အဝါတို့ အမျိုးမျိုးက တစ်ခုပြီးတစ်ခု ထိပ်တိုက်တွေ့ဆုံခဲ့ကာ တူညီစွာပင် ပြင်းထန်သည့် အခြေအနေမျိုး ရှိနေခဲ့သည်။ ယင်းသည် အချိန်မရွေး ပဋိပက္ခတို့ ဖြစ်ပွားတော့မလို ထင်မှတ်ရသည်။

ဤတိုက်ပွဲဝင်္ကပါ၏ ခွန်အားသည် ဝင်္ကပါအတွင်းမှ ကျင့်ကြံသူများ၏ အသက်ကို အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်း ရှိလျှင် ထိုရှေးဟောင်းနတ်ဘုရားကလန်မှ ထိပ်သီးပုဂ္ဂိုလ်များက ချက်ချင်း ဝင်ရောက်စွက်ဖက်လိမ့်မည်မှာ သံသယဖြစ်စရာ မရှိပေ။ အဆုံးမှာတော့ သူတို့က စွန့်ပစ်ခံကလန်နှင့် မတူပေ။ ရှေးဟောင်းနတ်ဘုရားကလန်မှ လူများသည် လိုက်နာရန် များပြားလှသည့် စည်းမျဥ်းကန့်သတ်ချက်များစွာ မရှိဘဲ သူတို့၏ အသက်နှင့် ပတ်သတ်သော သဘောထားမှာလည်း စွန့်ပစ်ခံကလန်မှ လူများနှင့် အတော်လေး ကွဲပြားပေသည်။ သူတို့သည် ဤနေရာ၌ အသက်နှင့်ရင်း၍ မတိုက်ခိုက်ချင်ကြပေ။

ကျောက်တုံးတိုက်ပွဲဝင်္ကပါအတွင်းမှ ကျင့်ကြံသူများသည် ရှေးဟောင်းနတ်ဘုရားကလန်မှ ဆက်ခံသူနှင့် ထိပ်တန်း​ပါရမီရှင်များလည်း ပါဝင်သည်။

ဤတိုက်ပွဲက မမျှတသော အရေးကိစ္စ ဖြစ်နေခဲ့ပြီ ဖြစ်သည်။ စွန့်ပစ်ခံကလန်က အမြဲတမ်း အကြွင်းမဲ့ ခံစစ်အနေအထားနှင့် ရှိနေခဲ့သည်။ သူတို့က သူတို့ကိုယ်သူတို့ ပြင်းပြင်းထန်ထန် ကာကွယ်နေစဥ် ရှေးဟောင်းနတ်ဘုရားကလန်က ထိုသို့ လုပ်ရန် မလိုအပ်ပေ။

ထိုဖိနှိပ်ချုပ်ကိုင်ဖျက်ဆီးနိုင်စွမ်းရှိသည့် စွမ်းအားက ကြောက်မက်ဖွယ်အင်အားတို့နှင့် တဖြေးဖြေး အားကောင်းသန်မာလာသည်။ ရှေးဟောင်းနတ်ဘုရားများ အားလုံးက ဒေါသတကြီးဖြစ်နေသော နတ်ဘုရားများအဖြစ်သို့ ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များနှင့် သွေးလွှမ်းသော နတ်အလင်းတို့က သူတို့၏ မျက်လုံးများထဲမှ ထိုးထွက်လာသည်။ တိုက်ပွဲမြေပြင်အတွင်း ကြောက်မက်ဖွယ် ရွှေရောင်အလင်းများ လွှမ်းခြုံထားပြီး တုန်ခါသံများ ထွက်ပေါ်လာကာ နတ်အလင်းတန်းတို့တွင် အံ့သြဖွယ်ကောင်းလောက်သည့် ဖျက်ဆီးခြင်းစွမ်းအားတို့ ပါဝင်နေသည်။ ဟွားကျွင်းလိုင်နှင့် အခြားလူများသည် ထိုရွှေရောင်အလင်းတို့၏ သက်ရောက်မှုကို တားဆီးကာကွယ်ရန်အတွက် နတ်အလင်းတို့ကို ထုတ်လွှတ်လိုက်ကြသည်။ သို့သော် ဤတစ်ကြိမ်၌ ဖိနှိပ်လွှမ်းမိုးနိုင်သော အရှိန်အဝါက ပို၍ အားကောင်းလာပြီး လေဟာနယ်တစ်ခွင်လုံးကို လွှမ်းမိုးဖိနှိပ်ထားကာ အတွင်းရှိ လူများမှာ သူတို့၏ ခန္ဓာကိုယ်များကို လှုပ်ရှားရန် ခက်ခဲလာစေသည်။

"သတ်"

အေးစက်သည့် သတ်ဖြတ်လိုစိတ်များက ဟွားကျွင်းလိုင်နှင့် အခြားလူများ၏ မျက်လုံးများတွင် လင်းလက်လာပြီး ဆုံးဖြတ်ချက် ပြတ်သားသော အကြည့်များ ရှိနေခဲ့သည်။ သူတို့က စိတ်ရှိသလို လှုပ်ရှားရန်မှာ စိန်ခေါ်မှုတစ်ရပ်ကဲ့သို့ ဖြစ်လာသော်လည်း အကြွင်းမဲ့ မဟာလမ်းစဥ်နတ်အလင်းတန်းတို့က သူတို့အထက်မှ ပေါက်ကွဲထွက်လာသည်။ သူတို့သည် သေစေနိုင်သော လှုပ်ရှားမှုအတွက် ထိုရှေးဟောင်းနတ်ဘုရားများထံသို့ ဖြေးညင်းစွာ တိုးဝင်သွားသည်။

ဘန်း.. ဘန်း... ဘန်း...

အံ့သြထိတ်လန့်ဖွယ် တိုက်ခိုက်မှုများ ကျဆင်းလာသောအခါ ထိုရှေးဟောင်းနတ်ဘုရားများ၏ ခန္ဓာကိုယ်များပေါ်တွင် အက်ကြောင်းအျား ပေါ်ပေါက်လာသည်။

ဘုန်း...

တစ်ချိန်တည်းတွင် ကျယ်လောင်သည့် အက်ကွဲသံများကို ကြားလိုက်ရပြီး လေဟာနယ်က အက်ကွဲလာသလို ထင်မှတ်ရကာ ဟွားကျွင်းလိုင်နှင့် အခြားလူများကို နာကျင်စွာနှင့် ခပ်တိုးတိုး ညည်းညူသွားစေခဲ့သည်။ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူကိုးယောက်က သူတို့၏ ခွန်အားများ တိုးလာစဥ် သူတို့ကိုယ်သူတို့ မေ့ပျောက်သွားသလို ထင်မှတ်ရပေသည်။ နှစ်ဖက်လုံးမှ တိုက်ခိုက်မှုများက အရူးအမူးဖြစ်နေပြီး မည်သူကမှ နောက်ဆုတ်ရန် ဆန္ဒမရှိကြပေ။ ဤတိုက်ပွဲသည် တစ်ဖက်ဖက်မှ ဖျက်ဆီးခံရမှသာ အဆုံးသတ်သွားပေလိမ့်မည်။

ထိုအချိန်တွင် ရီဖူရှင်းက လှုပ်ရှားလိုက်ပြီး ထိတ်လန့်အံ့သြဖွယ် ပြင်းထန်သည့် အသံတို့က သူ၏ မဟာလမ်းစဥ်နတ်ခန္ဓာမှ ထွက်ပေါ်လာသည်။ မဟာလမ်းစဥ်ပေါက်ကွဲမှုက အဆုံးမရှိ ဆက်လက်ဖြစ်ပေါ်နေပြီး ဓားစွမ်းအားတို့က အော်မြည်နေသည်။ သူသည် ဓားတစ်လက်ကဲ့သို့ ရှေ့ကို တိုးလာပြီး လေထဲ ခြေလှမ်းလိုက်ကာ တိုက်ပွဲဝင်္ကပါ၏ ကြီးမားသော ဖိနှိပ်မှုစွမ်းအားတို့အလယ် တိုက်ပွဲမြေပြင်သို့ ချဥ်းနင်းဝင်ရောက်လာသည်။

တဖြေးဖြေးနှင့် သူ၏ အရှိန်က ပိုမို မြန်ဆန်လာသည်။ သူ့ခန္ဓာကိုယ်က လမ်းစဥ်အဖြစ် ပြောင်းလဲသွားသည်မှာ ဖျက်ဆီး၍ မရနိုင်သော နတ်ဓားတစ်လက်ကဲ့သို့ပင် ဖြစ်သည်။ သူက အလင်းတန်းကဲ့သို့ ကျောက်တုံးတိုက်ပွဲဝင်္ကပါပေါ် တိုက်ရိုက် ထိုးဆင်းလာသည်။ ချက်ချင်းပင် တိုက်ပွဲဝင်္ကပါ၏အထက်တွင် အက်ကြောင်းများ ပေါ်ပေါက်လာခဲ့၏။ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများ၏ မျက်နှာထက်တွင် နာကျင်သော အမူအရာတို့ ရှိနေသော်လည်း အနည်းငယ်မျှ ယိမ်းယိုင်သွားခဲ့ခြင်း မရှိပေ။

ရီဖူရှင်း၏ ဓားစွမ်းအားက ပိုမိုအားကောင်းလာပြီး ထိုစွမ်းအားက အရာအားလုံးပေါ် ထိုးဖောက်ကာ ဝင်္ကပါကို တိုက်ခိုက်လာသည်။ ထိုမြင်ကွင်းကို မြင်သည့်အခါ ဟွားကျွင်းလိုင်နှင့် အခြားလူများ၏ မျက်နှာထက်တွင် စိတ်ကျေနပ်သော အကြည့်တို့ ဖြစ်ပေါ်လာသည်။ နောက်ဆုံး၌ ရီဖူရှင်းက လှုပ်ရှားလာပြီ ဖြစ်သည်။

"တိုက်ပွဲဝင်္ကပါကို ချိုးဖျက်။" ဟွားကျွင်းလိုင်က ပြောလိုက်သည်။

"အခု ဒီနေရာမှာ ရပ်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ။" ရီဖူရှင်းက ကျောက်တုံးတိုက်ပွဲဝင်္ကပါအတွင်း လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်များက အထဲသို့ ထိုးဖောက်သွားကာ စွန့်ပစ်ခံကလန်မှ အစွမ်းထက်ကျင့်ကြံသူကိုးယောက်ပေါ်သို့ ကျရောက်သွား၏။ ထိုကိုးယောက်က မျက်လုံးများကို မှိတ်နေဆဲ ဖြစ်သော်လည်း ထိုအချိန်၌ ရီဖူရှင်းသည် သူက သူတို့နှင့် မျက်နှာချင်းဆိုင်ကာ စကားပြောနေသလို ခံစားမိသည်။

ယခု ရပ်တန့်ရန် အလွန် နောက်ကျနေခဲ့ပြီလား။

သူတို့ ရပ်တန့်လျှင် ကောင်းကင်ဒေသမှ ထိုကျင့်ကြံသူများက ရပ်တန့်လိမ့်မည်လား။

"တိုက်ခိုက်ဖို့အတွက် မထိုက်တန်ဘူး။ နှစ်ဖက်လုံးက နောက်တစ်လှမ်းပြန်ဆုတ်လိုက်ပြီး သရေကျတယ်လို့ပဲ သဘောထားလိုက်ရအောင်။" ရီဖူရှင်းက အကြံပေးလိုက်သည်။

အပြင်ဘက်ရှိ စွန့်ပစ်ခံကလန်မှ လူအိုကြီးသည် ၎င်းကို မြင်သောအခါ သူ၏ အာရုံစိုက်မှုက ရီဖူရှင်းရှိရာဘက်သို့ ပြောင်းလဲရောက်ရှိသွားခဲ့၏။ ယခင်က သူသည် ရီဖူရှင်း လှုပ်ရှားမှုပြုလုပ်လာသောအခါ အနည်းငယ် အံ့သြသွားခဲ့သည်။ သူက ရီဖူရှင်းကိုယ်တိုင် တိုက်ပွဲဝင်္ကပါကို ချိုးဖျက်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ သူက ငြိမ်းချမ်းရေးကို ပိုလိုလားပုံရလေသည်။

ကိစ္စများက သူတွေးနေသလို မည်သို့ ရိုးရှင်းနိုင်ပါမည်နည်း။ လက်လျှော့ရန် ငြင်းဆန်နေသူများက ကောင်းကင်ဒေသမှ လူများ ဖြစ်သည်။

"လက်လျှော့မပေးချင်တာ စွန့်ပစ်ခံကလန်က မဟုတ်ဘူး။" အပြင်ဘက်ရှိ စွန့်ပစ်ခံကလန်မှ အကြီးအကဲက ပြောလိုက်သည်။

"သူတို့ လက်လျှော့ဖို့ရာ ငြင်းဆန်ရင်  သူတို့နဲ့ ရင်ဆိုင်ဖို့ ကျုပ် ခင်ဗျားတို့ကို အပ်လိုက်မယ်။ နောက်ပိုင်း ဖြစ်လာသမျှကို သူတို့ တာဝန်ယူရလိမ့်မယ်။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ သူ၏ စကားလုံးများက ဟွားကျွင်းလိုင် နှင့် အခြားလူများ၏ အာရုံကို ဆွဲယူလိုက်နိုင်ပြီး သူတို့က သူ့ကို အေးစက်စွာ ကြည့်လိုက်ကြသည်။

All Chapters