ကျုပ်ကို အကျပ်ကိုင်ဖို့ ကြိုးစားနေတာလား
Vol. 84 Ch. 1169
ဝိဇ္ဇာတစ်ပါးအနေနှင့် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ၏ ကျင့်စဉ်မှာ အမှန်တကယ် အားကောင်းလှသည်။
မိုဝူကျိ မြင်တွေ့လိုက်ရသည်ကား နတ်ဝိညာဉ်သွေးကြော ဝန်းကျင်တွင် ဖွဲ့တည်လာသော ဝေဝါးဝါး အဖြူရောင်မြူများသာ ဖြစ်၏။ အချိန်ခဏကြာမြင့်ပြီးနောက် ထိုအဖြူရောင်မြူခိုးများက ဝိဇ္ဇာသူတော်စင်မ၏ အားနည်းဖျော့တော့နေသည့် ကမ္ဘာဦး စိတ်ဝိညာဉ်ကို လွှမ်းခြုံသွားသည်။
ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြောမှာ သိသိသာသာ ကျုံ့လာသည်။ မိုဝူကျိသာ နတ်ဝိညာဉ်သွေးကြော အခုတစ်ရာလောက် ထုတ်ပေးလိုက်ပါက ထိုအမျိုးသမီးသည် အင်အားအပြည့် ပြန်ဖြစ်နိုင်လောက်၏။
သို့သော်လည်း မိုဝူကျိက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မနှင့် ရင်းနှီးမှု မရှိချေ။ တကယ်တော့ သူတို့ကြားတွင် ရန်ငြိုးတချို့ပင် ရှိနေသေး၏။ ထို့ကြောင့် မိုဝူကျိက နတ်ဝိညာဉ်သွေးကြောများ ထပ်ထုတ်ပေးမည် မဟုတ်ပေ။
လက်ရှိ မိုဝူကျိ သိချင်သည်က ထိုအမျိုးသမီးသည် သူ့အတိတ်ကို မည်သို့ သိသွားသလဲဆိုသည့် အချက် ဖြစ်၏။ ထို့အပြင် သူက ထိုအမျိုးသမီးကို တစ်ခု မေးချင်သေးသည်။ သူက စုယင်နှင့် ချူယို့တို့ကို ရှာဖို့ ပိအန်းပန်းဖြင့် မည်သို့ အသုံးပြု၍ ရှာရမည်ကို သိချင်မိသည်။ အကယ်၍ သူသာ တစ်ခြားနေရာမှ အကူအညီလိုအပ်ပါက ထိုအမျိုးသမီးကို နောက်ထပ် ပစ္စည်းများ ထုတ်ပေး၍ ကူညီပေးနိုင်သည်။ ထို့အပြင် သူ ထုတ်ယူလိုက်သော ပစ္စည်းများက တခြားသူများအတွက် အလွန်အဖိုးတန်နေသော်လည်း သူ့အတွက် များစွာ အဓိပ္ပါယ်မရှိပေ။
ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ကျင့်ကြံနေစဉ် မိုဝူကျိလည်း အချိန်ဖြုန်းမနေပေ။ သူက နတ်ဝိညာဉ်သွေးကြောများစွဦကို ထုတ်၍ စတင် ကျင့်ကြံလိုက်သည်။
မိုဝူကျိက အချိန်စက်ဝန်းပြားကို အသုံးချသည်မှာ ပုံမှန်သာ ဖြစ်၏။ အချိန်စက်ဝန်းပြားသည် ဘေးပတ်လည်ရှိ အချိန်စည်းမျည်းများ အသုံးပြုကာ သူ့နတ်ဝိညာဉ်စွမ်းအား စုပ်ယူနှုန်းကို ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မထက် ပိုမြန်ဆန်လာစေသည်။
တစ်နှစ်အတွင်း မိုဝူကျိနှင့် အတူရှိနေသော နတ်ဝိညာဉ်သွေးကြောများမှာ အမှုန့်ဖြစ်သွားလေပြီ။ မိုဝူကျိက ဝိဇ္ဇာတပိုင်းအဆင့် ၁ မှ အဆင့် ၂ သို့ ရောက်ရှိသွားပြီ ဖြစ်၏။
မိုဝူကျိ၏ စိတ်စွမ်းအားက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ၏ ကျင့်ကြံရေးသည် အပြီးသတ်တော့မည် ဖြစ်ကြောင်း ခံစားမိလိုက်၏။ ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ၏ ခန္ဓာကိုယ်က မပြီးပြည့်စုံသေးသော်လည်း ပြီးပြည့်စုံဟန် ပေါ်နေလေပြီ။ သူမကျင့်ကြံဆင့်မှာလည်း နတ်ဘုရားဘုရင် အစောပိုင်းအဆင့် ရောက်နေပြီ ဖြစ်သည်။
မိုဝူကျိက အချိန်စက်ဝန်းပြားကို သိမ်းတော့မည့်အချိန် အားပြင်းပြင်းတစ်ခု ရောက်ရှိလာသည်။ ထိုစွမ်းအားက ကြောက်စရာကောင်းသည့် သတ်ဖြတ်ငွေ့နှင့် ဒေါသတရားကို သယ်ဆောင်လာသည်။ ထိုအရာက မိုဝူကျိကို ဝါးမျိုတော့မည့်ဟန် ပေါ်နေသည်။
ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ထိုစွမ်းအားကြောင့် နှိုးထလာကာ နောက်ဆုတ်လိုက်မိ၏။ သူမက မြေပြင်ပေါ် ရောက်လာသည့်အခါ ဝတ်ရုံစိမ်းကို ဝတ်ဆင်ပြီးသွားလေပြီ။
သူမသာ လောကနတ်ဘုရားအဆင့် ရောက်သည်နှင့် သူမကမ္ဘာမှ ပစ္စည်းများကို ထုတ်ယူနိုင်စွမ်း ရှိလေပြီ။ ရှားရိုယင်က သူမကို လုပ်ကြံခဲ့စဉ်အခါက သူမသည် ကမ္ဘာကို တကယ် မဖျက်စီးပစ်ခဲ့ပေ။ အကယ်၍ သူမသာ မိုဝူကျိ၏ အကူအညီ မရှိထားပါက လောကနတ်ဘုရားအဆင့် ပြန်ရောက်ဖို့ နှစ်သန်းချီကာ ကြာမြင့်လောက်ပေသည်။
သူမလိုမျိုး မှိန်ဖျော့ဖျော့ ကမ္ဘာဦး စိတ်ဝိညာဉ်က ဟုန်မုန့်စွမ်းအင် ရပိုင်ခွင့် ရှိမည် မဟုတ်ပေ။
“ မိုဝူကျိ …” ဒေါတသကြီး အသံတစ်ခု ထွက်ပေါ်လာကာ မီးခိုးရောင်ပုံရိပ်တစ်ခု မိုဝူကျိဆီ ပြေးဝင်လာသည်။
မိုဝူကျိနှင့် ခပ်လှမ်းလှမ်းတွင် ရှိသည့် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ရောက်လာသည့်သူအား မြင်လိုက်ရသည်။ သူမက ထိုလူနှင့် သိပ်မပတ်သတ်ဖူးသော်လည်း ထိုလူကို သိထားပေသည်။
ဤလူမှာ ကူရှင်းရန် ဖြစ်ပြီး တာအိုအုပ်စိုးသူအရှင်လေးပါးအနက် တစ်ပါး ဖြစ်ပေသည်။ သူက တာအိုအုပ်စိုးသူ အရှင်အမှောင်ထုဟု လူသိများကြသည်။ ယခင် သူက အရိုက်အရာခံ နတ်ဘုရားများကြား နာမည်ကျော်ကြားခဲ့ပြီး ဝိဇ္ဇာများပင် သူနှင့် ရန်ငြိုးမဖွဲ့လိုကြပေ။ အကြောင်းအရင်းမှာ ရိုးရှင်းလှ၏။ သူ့တွင် ကံကြမ္မာ ထိပ်သီးရတနာ အချိန်စက်ဝန်းပြား ပိုင်ဆိုင်ထား၍ ဖြစ်ပေသည်။
သူမ ကယ်တင်ရှင် မိုဝူကျိက တာအိုအုပ်စိုးသူ အရှင်အမှောင်ထုကို ရန်စမိခဲ့တာလား… တာအိုအုပ်စိုးသူ အရှင်အမှောင်ထုသည် မိုဝူကျိက သူ့တစ်မိသားစုလုံးကို သတ်သွားသည့်အလား ဒေါသကြီးနေသည်။
တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက မည်မျှ ကြောက်ဖို့ ကောင်းကြောင်း တွေးမိသွားကာ ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက တားမြစ်ပညာရပ်ကို သုံး၍ ထွက်ပြေးဖို့ပင် တွေးမိသွား၏။ အကယ်၍ သူမသာ အင်အားအပြည့် ရှိနေပါက တာအိုအုပ်စိုးသူ အရှင်အမှောင်ထုသည် ပါးမွှားလေးမျှသာ ဖြစ်၏။ သို့သော်လည်း သူမက ပြီးပြည့်စုံသည့် ခန္ဓာကိုယ် မရှိသေးဘဲ အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိနေပြီး နတ်ဘုရားဘုရင် အစောပိုင်းအဆင့်မျှသာ ရှိသေးသည်။
ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက မိုဝူကျိအပေါ် တင်နေသည့် ကျေးဇူးကြွေးများကို ရုတ်ချည်း အမှတ်ရသွားသည်။ သူမက ဝိဇ္ဇာရှစ်ပါးအနက် တစ်ပါး ဖြစ်ကာ တခြားသူများ၏ သေခြင်းရှင်ခြင်းကို ဂရုမစိုက်ပေ။ သို့သော်လည်း သူမအနေနှင့် ကျေးဇူးတရားကို မသိတတ်ဖို့ရာ မဖြစ်နိုင်ပေ။ အကယ်၍ သူမသာ ဤသို့ စက်ဆုပ်ဖွယ်ကောင်းနေပါက သူမနှင့် ရှားရိုယင်ကြားတွင် ဘာကွာခြားချက် ရှိဦးမည်နည်း။
“ ဝိဇ္ဇာသူတော်စင်မလား ” တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက မိုဝူကျိနောက်တွင် ရပ်နေသည့် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မကို ချက်ချင်း မှတ်မိသွားသည်။ သူက အတော်လေး အံ့အားသင့်သွားကာ သူ့အပြုအမူများကို မြန်မြန် ရပ်လိုက်ရ၏။
သူက မိုဝူကျကို လျစ်လျူရှထားနိုင်သော်လည်း ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မကိုတော့ လျစ်လျူရှု၍ မဖြစ်ပေ။ သူမက အစစ်အမှန် ဝိဇ္ဇာတစ်ပါး ဖြစ်၏။
ထို့နောက် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက ခံစားချက်ဆိုးဆိုးရွားရွား ရလာသည်။
ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက မိုဝူကျိကို ထိန်းချုပ်ထားလိုက်တော့ သူ့အချိန်စက်ဝန်းပြားက မိုဝူကျိဆီ မရှိတော့ဘူးလား ….
အကယ်၍ အချိန်စက်ဝန်းပြားသာ မိုဝူကျိနှင့် ရှိနေလျှင် သူက ပြန်ရဖို့ အခွင့်အရေး ရှိသေး၏။ အကယ်၍ အချိန်စက်ဝန်းပြားသာ ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ လက်ထဲ ရောက်ရှိသွားလျှင် …. တာအိုအုပ်စိုးသူ အရှင်အမှောင်ထု စိတ်ထဲ လေးလံလာမိသည်။
“ တာအိုအုပ်စိုးသူ အမှောင်ထု ….” ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ခေါင်းညိတ်ပြလိုက်သည်။
သူမအင်အားက နတ်ဘုရားဘုရင်အဆင့် ကျဆင်းသွားခဲ့သော်လည်း သိပ်မကြာသေးခင်အချိန်အထိ ဝိဇ္ဇာတစ်ပါး ဖြစ်နေခဲ့၏။ ထို့အပြင် သူမ၏ နတ်ဘုရားအရိုက်အရာက အခြားလူများကဲ့သို့ ကပ်ဘေးအတွင်း မပျက်စီးသွားခဲ့ပေ။ သူမ နတ်ဘုရားအရိုက်အရာက ရှိနေသေး၏။
တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ၏ ကျင့်ကြံဆင့်သည် ဆိုးဆိုးရွားရွား ကျဆင်းသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့စိတ်စွမ်းအားဖြင့် ဝိဇ္ဇာသူတော်စင်မ၏ ကျင့်ကြံဆင့်ကို စစ်ဆေးကြည့်နိုင်သော်လည်း သူက လုပ်ဖို့ရာ သတ္တိမရှိပေ။
“ ဝိဇ္ဇာသူတော်စင်မ …. မိုဝူကျိက ကျုပ်အချိန်စက်ဝန်းပြားကို ဌားသွားပြီးတော့ ပြန်မပေးသေးလို့ပါ။ ကျုပ်က အတင်းကျပ် ပြန်ယူဖို့ ရောက်လာတာပါ။ ဝိဇ္ဇာသူတော်စင်မက တရားမျှတအောင် လုပ်ပေးဖို့ တောင်းဆိုပါတယ် ” တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မဆီမှ စကားကို အစ်အောက်ကြည့်လိုက်သည်။
မိုဝူကျိက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မနှင့် အတူတူ ရှိနေသည့်အတွက် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုသည် မိုဝူကျိသည် သူမဆီမှ အချိန်စက်ဝန်းပြားကို ဖုံးကွယ်ထားနိုင်လိမ့်မည်ဟု မထင်ပေ။ ထို့ကြောင့် သူက ခေါင်းစဉ်ကို ဖွင့်ဟပေးလိုက်ခြင်း ဖြစ်၏။
အကယ်၍ ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မသာ သူ့အား ထွက်သွားခိုင်းလျှင် သူက နာနာခံခံ ထွက်သွားပေးမည်။ အကယ်၍ ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ က ဤကိစ္စကြား ဝင်မပါဖို့ ရွေးချယ်ခဲ့လျှင် သူက မိုဝူကျိကို ခေါ်သွားနိုင်လိမ့်မည်။
ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက အသာပြန်ပြောလိုက်၏ “ အချိန်စက်ဝန်းပြားက ကံကြမ္မာ ထိပ်သီးရတနာလို့ ကြားတယ်။ အဲဒါက ကျွန်မရဲ့ ပင်မခန္ဓာကိုယ်နဲ့တောင် ယှဉ်နိုင်တယ်။ အဲလို ရတနာမျိုးကို လိုလိုလားလား ထုတ်ဌားလိုက်တယ်လား ”
တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက သက်ပြင်းချကာ “ ကျုပ် ဌားလိုက်တာပါ။ သူ့ကို ကျုပ်မိတ်ဆွေဟောင်းတစ်ယောက်က လွှတ်လိုက်ပြီးတော့ ကျုပ် စိတ်ဝင်စားစေမဲ့ ပစ္စည်းလေးတွေလည်း ယူလာခဲ့တယ်လေ ”
ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ဆက်မပြောဖို့ ဆုံးဖြတ်လိုက်ကာ မျက်လုံးများကို ပိတ်ထားလိုက်သည်။ သူမက ဤကိစ္စမှ လက်ရှောင်နေရပေမည်။ အကြောင်းမှာ ဤသည်မှာ သူမ ကျင့်ကြံဆင့် ထိန်းချုပ်မှုကို ကျော်လွန်နေလေ၏။ သူမက မိုဝူကျိ၏ ကျင့်ကြံဆင့်ကို သိထားပြီး သူက တာအိုအုပ်စိုးသူ အရှင်အမှောင်ထုကို ရင်ဆိုင်နိုင်ဖို့ လိုအပ်နေသေး၏။
ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ဝင်မရှုပ်တော့သည်ကိ မြင်ပြီး တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက အတော်လေး ကျေနပ်သွားသည်။ သူက ဆက်ပြောတော့မည့်ဆဲဆဲတွင် မိုဝူကျိက သလင်းကျောက် တစ်ခု ထုတ်လာကာ “ အရိုက်အရာခံ နတ်ဘုရားတွေကြားမှာ တာအိုအုပ်စိုးသူ အရှင်မြစ်ဝါတစ်ယောက်တည်း သမာဓိရှိတာ ထင်တယ်။ ခင်ဗျားတို့အားလုံးရဲ့ သမာဓိတွေ၊ ဂုဏ်သိက္ခာတွေအားလုံး ခွေးစားသွားပြီလား …. အာ မေ့လို့ ခွေးနဲ့ မနှိုင်းသင့်ဘူး။ ခွေးတောင် အဲလို သောက်ရေးမပါတာတွေ စားချင်မှာ မဟုတ်ဘူး … ”
တာအိုအုပ်စိုးသူ အရှင်မြစ်ဝါတဲ့လား ….
မိုဝူကျိ တာအိုအုပ်စိုးသူ အရှင်မြစ်ဝါနဲ့ ဘာကြောင့် တွေ့တာလဲ …
တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက စဉ်းစားနေစဉ် သလင်းကျောက်၌ မှတ်သားထားသည့် အဖြစ်အပျက် မှတ်တမ်းတစ်ခု ထွက်ပေါ်လာသည်။
သလင်းကျောက်၌ သူနှင့် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုတို့၏ အလဲအလှယ် မှတ်တမ်းကို ရှင်းရှင်းလင်းလင်း ပြသနေသည်။ မှတ်တမ်း၌ မိုဝူကျိက အချိန်စက်ဝန်းပြားအတွက် ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော ဆယ်ခု၊ ဟုန်မုန့်စွမ်းအင် တစ်ပုလင်းနှင့် ပင်းထန်းဝါးပင် လဲလှယ်ခဲ့ရသည်။ ဤသည်မှာ ဌားရမ်းခြင်း မဟုတ်ပေ။
ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက အရာအားလုံးကို မြင်ကာ သက်ပြင်းချလိုက်၏။ တာအိုအုပ်စိုးသူ အရှင်အမှောင်ထု အချိန်စက်ဝန်းပြားကို ဌားလိုက်ကြောင်း ပြောလိုက်ကတည်းက သူမက ပြဿနာတစ်ခုခု ရှိနေကြောင်း သိထား၏။ သူမက တာအိုအုပ်စိုးသူ အရှင်အမှောင်ထုလို လူမျိုးအကြောင်း ကောင်းကောင်း သိပေသည်။ မိုဝူကျိ ပြောသည်မှာ အမှန်ဖြစ်၏။ သူ့လို လူမျိုးများက ဂုဏ်သိက္ခာ မရှိသလို သမာဓိလည်း မရှိချေ။
ဤနှစ်များတစ်လျှောက်လုံး သူမက သူမ၏ ဝိဇ္ဇာသူတော်စင်ရေကန်၌သာ နေဖို့ ရွေးချယ်ခဲ့သည်မှာ အားလုံးက သူတို့အကျိုးမြတ်အတွက်သာ ဂရုစိုက်ကြကြောင်း သိနေ၍ ဖြစ်သည်။ သူမက မည်သည့် ပွဲလမ်းသဘင် အခမ်းအနားမျိုးမှ မပါဝင်ဖူးပေ။
တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက မထီမဲ့မြင်ဖြင့် “ မင်းက ဒီလို မှတ်တမ်းမျိုးနဲ့ အရူးလုပ်လို့ ရမယ် ထင်နေလား …. သေစမ်း ”
တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက ပြောလိုက်ရင်း မိုဝူကျိဆီ ပြေးဝင်လာပြီး လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ သူက မိုဝူကျိနှင့် ရင်ဆိုင်ဖို့ မည်သည့်မှော်ရတနာမျိုးမှ သုံးဖို့ လိုသည်ဟု မခံစားရပေ။
သူက မိုဝူကျိ၏ အင်အားကို ကောင်းကောင်း သိပေသည်။ မိုဝူကျိ၏ အင်အား အဆများစွာ တိုးတက်လာလျှင်ပင် သူ့လိုမျိုး ဝိဇ္ဇာတပိုင်းအဆင့် လက်မှ လွတ်မြောက်မည် မဟုတ်ပေ။
မိုဝူကျိက မလှုပ်ရှားဘဲ သူ ရပ်နေသည့်နေရာမှ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။
စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက် …
“ ဝုန်း ” သဘာဝစွမ်းအားများ ပေါက်ကွဲလာကာ နေရာရှိ စည်းမျည်းများက ပြောင်းလဲသွားလေ၏။
လက်သီးနှစ်ချက် ထိပ်တိုက်တွေ့မှုကား တာအိုအငွေ့အသက်များနှင့် စည်းမျည်း ဖျက်စီးစွမ်းတို့ ဖြစ်ပေါ်လာစေသည်။ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက သူ့စွမ်းအားစက်ကွင်း ပျက်စီးလာသည်ကို ခံစားမိလိုက်သည်။ ထို့နောက် သူ့လက်သီး၏ စည်းမျည်းများက ပြိုလဲလာ၏။
တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက လန့်ဖြတ်သွားလေသည်။ လက်သီးတစ်ချက်က သူ့တာအိုအငွေ့အသက်များနှင့် လက်သီးစည်းမျည်းများကို ဖျက်စီးပစ်လိုက်သည်။ ဤသည်မှာ မိုဝူကျိက သူ မျှော်မှန်းထားသည်ထက် ပို၍ တိုးတက်လာကြောင်း ပြသနေခြင်း ဖြစ်၏။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …. သူ ဝင်ပူးကပ်ခံရတာလား ….
မဟုတ်သေးဘူး ဝင်ပူးကပ်ခံရရင်တောင် ဒီလောက် ပြီးပြည့်စုံတဲ့ စွမ်းအားစက်ကွင်းကို ချေဖျက်နိုင်တဲ့ လက်သီးချက် ထုတ်နိုင်မှာ မဟုတ်ဘူး ….
“ ဝုန်း ” စည်းမျည်း ပြိုလဲပျက်စီးသွားသံကိုပင် ကြားလိုက်ရသည်။
ထိုအသံမှာ စည်းမျည်းများ ပျက်စီးသွားမှုနှင့် တာအိုအငွေ့အသက်များ အစီအစဉ်မကျ ဖြစ်လာမှုကြောင့်သာ မကဘဲ တာအိုအုပ်စိုးသူ အရှင်အမှောင်ထု၏ အရိုးအက်သံလည်း ဖြစ်ပေသည်။ တာအိုအုပ်စိုးသူ အရှင်အမှောင်ထု နောက်ကျော၌ သွေးကွက်ကြီး ဖြစ်လာသည်။
တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက ကြိုးပြတ်စွန်ကဲ့သို့ လဲကျသွားသည်။ သူ့ရင်ဘတ်၌ လက်သီးအရွယ် အပေါက်ကြီး ရှိနေသည်။
ထိုအပေါက်ကား တာအိုအငွေ့အသက်များနှင့် ပြည့်နှက်နေပြီး တာအိုအုပ်စိုးသူ အရှင်အမှောင်ထု မည်မျှ ကြိုးစားစေကာမူ ထိုအပေါက်ကို ပြန်ကောင်းလာအောင် မလုပ်နိုင်ပေ။
ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ဒဏ်ရာအပြင်းအထန် ရသွားသည်ကို ကြောင်ကြည့်နေမိသည်။ သူမက ပါးစပ်ဟောင်းလောင်းဖြင့် စိတ်နှင့်ကိုယ်နှင့်ပင် မကပ်တော့ချေ။
ဝိဇ္ဇာတွေတောင် ရန်မစလိုတဲ့ ထူးခြားတဲ့ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက မိုဝူကျိဆီက လက်သီးတစ်ချက်နဲ့ ဒီလိုအခြေအနေအထိ ဖြစ်သွားတာလား ….
တာအိုအုပ်စိုးသူ အရှင်အမှောင်ထုလည်း ကြောင်အမ်းအမ်းဖြင့် မိုဝူကျိအား ကြည့်နေမိသည်။
မိုဝူကျိက ဒီလောက် ကြောက်ဖို့ ကောင်းအောင် ဘယ်လိုလုပ် အားကောင်းလာတာလဲ …. ဘယ်လောက် ကြာသေးလို့လဲ …
သူ့အနေနှင့် အချိန်စက်ဝန်းပြားနှင့် ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောများကို အသုံးပြုလျှင်ပင် မဖြစ်နိုင်သေးပေ။ အဆင့်တက်လှမ်းရခြင်းမှာ အရင်းအမြစ် လုံလောက်မှုဖြင့် အာမခံထား၍ မရပေ။
မိုဝူကျိက တာအိုအုပ်စိုးသူ အရှင်အမှောင်ထုဆီ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားကာ မျက်နှာပေါ် တက်နင်းထားလိုက်ပြီး “ ခင်ဗျားဘာသာ ဟုတ်လှချည် ထင်နေလား။ ဘာအကျိုးဆက်မှ ရင်မဆိုင်ရဲဘဲနဲ့ လိမ်ညာရဲတယ်ပေါ့ … ကျုပ်ကို လာအကျပ်ကိုင်နေတယ်ပေါ့လေ ”
***