← Chapters

တွန့်ဆုတ်တွေဝေခြင်း  

Vol. 164 Ch. 2337

တွန့်ဆုတ်တွေဝေခြင်း  

Vol. 164 Ch. 2337

ရီဖူရှင်း၏ စကားလုံးများက နှစ်ဖက်လုံးကို ဟန့်တားလိုက်သလို ထင်မှတ်ရသည်။

ဤသည်မှာ သူ၏ ကိုယ်ပိုင်အစွမ်းထက်လှသော တိုက်ပွဲစွမ်းရည်ကြောင့် ဖြစ်လေသည်။ ရီဖူရှင်း၏ တိုက်ခိုက်မှုက ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ခြိမ်းခြောက်နိုင်စွမ်း ရှိပုံရသည်။ သူ ဆက်လက်တိုက်ခိုက်ပါက ဤတိုက်ပွဲဝင်္ကပါ ကျိုးပျက်သွားကာ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများအား သေဆုံးသွားစေနိုင်ပြီး စွန့်ပစ်ခံကလန်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်နိုင်စွမ်း ရှိလာပေလိမ့်မည်။

သူက ယခု နောက်တစ်လှမ်းဆုတ်ကာ မပါဝင်တော့လျှင် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများက သူတို့၏ တိုက်ခိုက်မှုများကို ဆက်လက်ထုတ်ဖော်နိုင်ပေလိမ့်မည်။ သို့ဆိုလျှင် ကောင်းကင်ဒေသမှ ကျင့်ကြံသူရှစ်ယောက်က အသတ်ခံရလိမ့်မည် ဖြစ်နိုင်သည်။ အချိန်တိုအတွင်း နှစ်ဖက်စလုံးမှ အထိအခိုက်အကျအဆုံးများ ရှိလာပေလိမ့်မည်။

ထို့ကြောင့် ထိုအချိန်၌ ရီဖူရှင်းသည် နှစ်ဖက်လုံးကို အဆုံးအဖြတ်ပေးနိုင်သည့် အဓိကနေရာ၌ ရှိနေပုံရသည်။

သူသည် ယာယီစစ်ပြေငြိမ်းစေရန် လုပ်ဆောင်နိုင်သည့် စွမ်းရည်မျိုးရှိသည်။ စွန့်ပစ်ခံကလန်က သဘောတူခဲ့ပြီး ကောင်းကင်ဒေသမှ ကျင့်ကြံသူများကလည်း သဘောတူကြရမည် ​ဖြစ်သည်။ မဟုတ်လျှင် သူက ဝင်ရောက်စွက်ဖက်တော့မည် မဟုတ်တော့ပေ။

သို့သော် ရှေး​ဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူရှစ်ယောက်က ရီဖူရှင်း၏ အကြံပြုမှုအတွက် မည်သည့် ကျေးဇူးတင်မှုမှ မဖော်ပြခဲ့ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့၏ မျက်လုံးများက အေးစက်နေပြီး ဟွားကျွင်းလိုင်က မေးလိုက်သည်။ "ရန်ဟောင်ရီ ခင်ဗျား ကျောက်တုံးတိုက်ပွဲဝင်္ကပါထဲ ဘာကြောင့် ဝင်လာရတာလဲဆိုတဲ့ အကြောင်းပြချက်ကို မေ့သွားပြီလား။"

ရီဖူရှင်းကို ဝင်္ကပါချိုးဖျက်ပေးရန် သူ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်မှ သူက မည်သည်တို့ လုပ်နေခဲ့သနည်း။

သူသည် မည်သူ့ဘက်က လူဖြစ်ကြောင်း မေ့သွားပုံရလေသည်။ ရီဖူရှင်းက ဤနေရာ၌ သူ ရှိနေရသော အကြောင်းရင်းကို မှတ်မိလျှင် သူက သူတို့ကို ကူညီ၍ ဝင်္ကပါအစီအရင်အား ချိုးဖျက်သင့်ပြီး အခြားစကားများ မ​ပြောသင့်ပေ။

သို့သော် သိသာစွာပင် ရီဖူရှင်းက ကျောက်တုံးဝင်္ကပါအား ချိုးဖျက်ရန် ရောက်လာခြင်း မဟုတ်ချေ။ ထို့ပြင် ယခု ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ရီဖူရှင်း၏ စိတ်ထဲ၌ မည်သည်တို့ ရှိနေပြီး မည်သည်ကို လိုချင်နေသည်အား မသေချာခဲ့ပေ။

ဤအဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူများအတွက် သူတို့ လုပ်ဆောင်ရန် ရွေးချယ်လိုက်သည့် အရာအားလုံးအတွက် လုံလောက်သော အကြောင်းပြချက် ရှိရမည်ဟု တွေးလိုက်ကြသည်။ သူတို့က ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် လူအများကို သိမ်းသွင်းရန် လုပ်ဆောင်နိုင်ကြသည်။

သို့သော် သူတို့သည် ရီဖူရှင်းထံမှ ဤအချက်ကို မည်သည့် သက်သေမှ မြင်တွေ့ရခြင်း မရှိသေးပေ။

"ခင်ဗျားက ဒီကျောက်တုံးတိုက်ပွဲဝင်္ကပါကို ချိုးဖျက်ဖို့အတွက် ကျုပ်တို့နဲ့ ပူးပေါင်းလာအောင် ဖိတ်ခေါ်ခံထားရတာကို ရှင်းရှင်းကြီး မေ့နေတဲ့ပုံပဲ။ ခင်ဗျားမှာ ကိုယ်ကျင့်တရားကို စောင့်ထိန်းရမယ်ဆိုတဲ့ အသိတရားလေးများ ရှိရဲ့လား။" ရှေး​ဟောင်းနတ်ဘုရားကလန်မှ နောက်ထပ် ကျင့်ကြံသူက မေးလိုက်ပြီး သူ့အသံတွင် မကျေမနပ်ဖြစ်နေသော အရိပ်အငွေ့များက အားကောင်းစွာ ပါဝင်နေသည်။

"လူကြီးမင်းတို့က ဆက်လုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ကျုပ်မှာ ရွေးချယ်စရာမရှိတော့ဘဲ နှုတ်ထွက်ရပါလိမ့်မယ်။" ရီဖူရှင်းသည် စကားပြောလာသည့်သူကို တိုက်ရိုက်တုန့်ပြန်ခြင်း မရှိသော်လည်း သူ ပြောလိုက်သည့် စကားက ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူများကို အတော်လေး မသေချာမရေရာ ဖြစ်စေသည်။

သူတို့၏ တိုက်ခိုက်မှုများက အသွေးအသားဖြင့် ဖွဲ့စည်းထားသည့် ကျောက်တုံးများ၏ တိုက်ပွဲဝင်္ကပါကို လှုပ်ခတ်သွားစေရန် လုံလောက်အောင် အားကောင်းနေပြီး ဖြစ်သော်လည်း စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ လောင်ကျွမ်းစေသည့်အခါ သူတို့ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များသည်ပင် ကြီးမားသော အန္တရာယ်ကို ခံစားမိပေသည်။

ရီဖူရှင်းက နှုတ်ထွက်သွားလျှင်ပင် ကောင်းကင်ဒေသမှ ကျင့်ကြံသူရှစ်ယောက်က စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူတို့ကို ရင်ဆိုင်ရန် အားအကောင်းဆုံး တိုက်ခိုက်မှုတို့အား ထုတ်ဖော်နိုင်နေဆဲ ​ဖြစ်သည်။ ရလဒ်ကို မည်သူကမှ ခန့်မှန်းနိုင်ခြင်း မရှိပေ။ သူတို့သည် သူတို့အသက်ရှင်နိုင်မည့် အခွင့်အရေးက ရှိနိုင်မည်လား မသိနိုင်သည့် ပြဿနာတောထဲ ကျရောက်သွားပေလိမ့်မည်။

ဤသည်မှာ သူတို့၏ အသက်ကိုပင် လောင်းကြေးထပ်ရနိုင်သည့် အလျော်အစားကြီးသော အလောင်းအစားမျိုး ဖြစ်သည်။ သူတို့၏ အဆင့်အတန်း အနေအထားနှင့် ဤနေရာ၌ ယခုလို အသေခံရန် ဆန္ဒရှိပါမည်လား။

ရှင်းလင်းစွာပင် ထိုကဲ့သို့သော အန္တရာယ်မျိုးကို သူတို့ ဆန္ဒရှိစွာ လိုလိုလားလား လက်ခံနိုင်ခြင်း မရှိပေ။ သူတို့၏ ရည်မှန်းချက်မှာ ရီဖူရှင်း လှုပ်ရှားလာစေရန် ရန်စဖို့ရာသာ ဖြစ်သော်လည်း ရီဖူရှင်းက မလိုက်နာရုံမျှမက ထိုအခွင့်အရေးကို အသုံးချကာ သူတို့အား လက်လျှော့စေချင်နေသည်။ သူ၏ နှုတ်ထွက်သွားမှုက တိုက်ပွဲဆက်လက်တိုက်ခိုက်ရန် ရွေးချယ်လိုက်သူ အားလုံးအတွက် အကျိုးဆက်အနေနှင့် မည်သို့သော ပျက်စီးဆုံးရှုံးမှုမျိုး ယူဆောင်လာမည်ကို သူတို့အားလုံး ကောင်းစွာ သိကြပေသည်။

အားလုံး၏ မျက်လုံးများက ရီဖူရှင်းပေါ်၌ ကျရောက်နေသည်။ တခဏကြာပြီးနောက် ဟွားကျွင်းလိုင်က အေးစက်နေသော မျက်လုံးများနှင့် ရီဖူရှင်းကို ကြည့်ရင်း စွန့်ပစ်ခံကလန်အား အမည်တပ်ကာ ပြောလိုက်သည်။ "ဒီလိုဆိုတော့ စွန့်ပစ်ခံကလန်က ကျင့်ကြံသူတွေကရော တိုက်ခိုက်တာကို ရပ်တန့်ဖို့ သဘောတူလား။"

ဟွားကျွင်းလိုင်၏ စကားလုံးများက လေဟာနယ်တစ်ခွင်လုံးကို လွှမ်းခြုံထားသည့် ဖိနှိပ်လွှမ်းမိုးနိုင်သော ဖိအားကို ရုတ်တရက် ပြေလျော့သွားစေသည်။ ယခု သူက မေးခွန်းထုတ်လိုက်သောအခါ ဤနေရာ၌ အသက်များကို လောင်းကြေးထပ်ကာ စွန့်စားရန် ရည်ရွယ်ချက် မရှိပုံရလေသည်။  သူတို့၏ အဆင့်အတန်းနှင့် အနေအထားအရ စွန့်ပစ်ခံကလန်နှင့် သေသည်ထိ ရင်ဆိုင်ရန် မလိုအပ်ပေ။

စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများသည် သူတို့၏ ဋ္ဌာနေမှ သန့်စင်မြင့်မြတ်နယ်မြေကို အသက်နှင့် ရင်း၍ ကာကွယ်ရန် ဆန္ဒရှိသော်လည်း သူတို့၏ ပြိုင်ဘက်များက အသက်နှင့်ရင်း၍ လုပ်ဆောင်ရန် ဆန္ဒမရှိကြပေ။ ထိုအရှိန်အဝါသည် အန္တရာယ်ရှိနေသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေခဲ့ပြီး ဖြစ်သည်။

"အင်း"

စွန့်ပစ်ခံကလန်မှ အကြီးအကဲက ပြောလိုက်သည်။ နောက်ဆုံးသော အခြေအနေမှ မဟုတ်လျှင် သူက မည်သည့်အတွက်ကြောင့် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူကိုးယောက်ကို သေသည်ထိ တိုက်ခိုက်ရန်အမိန့်ပေးရမည်နည်း။

နောက်ဆုံးတိုက်ကွက်ကို ဖော်ဆောင်လိုက်သည့်အခါ နောက်ပြန်ဆုတ်ရန်လမ်း ရှိတော့မည် မဟုတ်ပေ။ စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူကိုးယောက်က သေဆုံးသွားလိမ့်မည် ဖြစ်သော်လည်း သူတို့၏ ပြိုင်ဘက်များသည်လည်း တူညီသည့် တန်ဖိုးကို ပြန်ပေးဆပ်ရလိမ့်မည် ဖြစ်သည်။ သူတို့သည် အခြေအနေ၏ ဖိအားပေးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။ စွန့်ပစ်ခံကလန်က အညှာအတာကင်းမဲ့သည့် ရက်စက်သော တိုက်ပွဲကို မတိုက်ခိုက်ခဲ့ပါလျှင် အနာဂတ်၌ အခြားတိုက်ပွဲများ တိုက်ခိုက်ရန် ဖြစ်လာပေလိမ့်မည်။

သူ၏ အသံထွက်ပေါ်လာသည့်အခါ နတ်အလင်းများက နောက်သို့ ပြန်ဆုတ်ခွာသွားပြီး တဖြေးဖြေး ပျောက်ကွယ်လာခဲ့သည်။ ရုတ်တရက် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူကိုးယောက်၏ ပုံရိပ်က ပြန်လည် ဖွဲ့တည်လာပြီး တဖြေးဖြေး ရှင်းလင်းပြတ်သားလာသည်။ သို့သော် သူတို့၏ အသက်စွမ်းအားများကို အလွန်အကျွံ သုံးစွဲထားကြသည့်အတွက် အနည်းငယ် ပင်ပန်းနေပုံပေါ်သည်။ သိသာစွာပင် သူတို့က အတော်လေး အားနည်းနေသည်ဟု ဆုံးဖြတ်နိုင်ပေသည်။

နှစ်ဖက်လုံးက တစ်ချိန်တည်းတွင် ဆုတ်ခွာသွားကြပြီး တိုက်ပွဲက ထိုနေရာ၌ အဆုံးသတ်သွားပြီဟု ထင်မှတ်ရပေသည်။

နှစ်ဖက်လုံးက တစ်ဖက်နှင့်တစ်ဖက် အဝေးသို့ ဆုတ်ခွာသွားကြပြီး မည်သည့် စကားမှ မဖလှယ်ဘဲနှင့် အချိန်တခဏခန့် တိတ်ဆိတ်သွားကြသည်။ သို့သော် တည်ငြိမ်ကာ ဖိနှိပ်နိုင်စွမ်းရှိသည့် မဟာလမ်းစဥ် အရှိန်အဝါတို့က လေဟာနယ်အတွင်း ရှိနေဆဲ ဖြစ်သည်။

"ဒီတစ်ခေါက် ပညာဖလှယ်တာက ကံစမ်းတယ်လို့ သတ်မှတ်နိုင်တယ်။ အနိုင်ရတဲ့လူရော ရှုံးတဲ့သူရော မရှိဘူး။" စွန့်ပစ်ခံကလန်မှ အကြီးအကဲက ပြောလိုက်သော်လည်း မည်သူကမှ မတုန့်ပြန်ခဲ့ပေ။ လေဟာနယ်တစ်ခွင်လုံးက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖိနှိပ်ခံထားရဆဲ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဟွားကျွင်းလိုင်က ပြန်လှည့်လိုက်ပြီး သူ၏ အေးစက်သောအကြည့်တို့က ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။ သူ၏ ဝတ်ရုံဖြူက လေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး မျက်နှာထက်တွင် အေးစက်မှုတို့ ရှိနေခဲ့သည်။

"ခင်ဗျား ရှင်းမပြချင်ဘူးလား။" ဟွားကျွင်းလိုင်က အေးစက်စွာ မေးလိုက်၏။ ရီဖူရှင်းက တမင်သက်သက် ထိုကဲ့သို့ မလုပ်ခဲ့လျှင် သူတို့က အနိုင်ရနိုင်ပေသည်။ သူတို့၏ တိုက်ခိုက်မှုက ကျောက်တုံး တိုက်ပွဲဝင်္ကပါကို ချိုးဖျက်နိုင်ရန် အလွန် နီးကပ်နေပြီ ဖြစ်သည်။ သိသာစွာပင် ရီဖူရှင်းက နောက်ဆုံး၌ အနိုင်ကိုယူဆောင်၍ ရနိုင်နေပြီ ဖြစ်သော်လည်း သူက သူတို့ကို ခြိမ်းခြောက်၍ပင် တမင်သက်သက် နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။

သူသည် စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများကို အပြစ်မတင်နိုင်ပေ။ ဤသည်မှာ သူတို့ နှစ်ဖက်ကြားမှ တိုက်ပွဲနှင့် အလောင်းအစား ဖြစ်သည်။ သို့သော် သူ၏ အမြင်အရ ရီဖူရှင်းက သူတို့ကို သစ္စာဖောက်သွားခဲ့ခြင်း ဖြစ်သည်။

"ဖြစ်နိုင်တာကတော့ ရန်ဟောင်ရီက နောက်ပိုင်းကျ စွန့်ပစ်ခံကလန်ရဲ့ သန့်စင်မြင့်မြတ်နယ်မြေဖြစ်တဲ့ လိုဏ်ဂူမှာ ကျင့်ကြံနိုင်တော့မှာမို့လို့ ဖြစ်မယ်။" ရှေးဟောင်းနတ်ဘုရားကလန်မှ နောက်ထပ် ကျင့်ကြံသူက ထေ့ငေါ့ပြောဆိုလိုက်ပြန်သည်။ သူတို့က ရီဖူရှင်း တိုက်ပွဲတွင် ပါဝင်သည့်အခါကပင် အနည်းငယ် ဒေါသထွက်နေခဲ့ပြီး ဖြစ်သည်။

နောက်ပိုင်း ဖြစ်ခဲ့သည့် အရာအားလုံးကို ထပ်ပြောနေရန်ပင် မလိုတော့ပေ။

"ကျုပ် ဘယ်သူ့ကိုမှ ထိခိုက်တာမျိုး မဖြစ်စေချင်ဘူး။ ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ခင်ဗျားတို့ရော စွန့်ပစ်ခံကလန်ပါ ဘယ်သူမှ အကျိုးရှိလိမ့်မှာ မဟုတ်ဘူး။ ဒါက မိတ်ဖြစ်ဆွေဖြစ် ပညာဖလှယ်တာလေးလောက်ပဲ။ ဘာမဟုတ်တာလေးအတွက် အဲဒီလောက် တန်ဖိုး ပေးဆပ်ဖို့ မလိုအပ်ဘူးလေ။" ရီဖူရှင်းက ဟွားကျွင်းလိုင်ကို ကြည့်ကာ တုန့်ပြန်လိုက်သည်။

"တကယ်လား။ ရန်ဟောင်ရီအနေနဲ့ 'ကိုယ် ကတိပေးထားတဲ့ အတိုင်း လုပ်ရမယ်' ဆိုတဲ့ စကားမျိုး မကြားဖူးဘူးလား။" သိသာစွာပင် ဟွားကျွင်းလိုင်က ရီဖူရှင်း၏ ရှင်းပြချက်ကို လက်ခံရန် ငြင်းဆန်နေသည်။ ရီဖူရှင်း စွန့်ပစ်ခံကလန်ကို ဆန့်ကျင်တိုက်ခိုက်ရန် တွေဝေနေခဲ့လျှင် အစကတည်းက ပါဝင်ရန် သဘောတူခြင်းမျိုး မလုပ်ခဲ့သင့်ပေ။ သို့သော် သူက သဘောတူခဲ့လေရာ သူတို့ကို အောင်မြင်အောင် ကူညီပေးသင့်ပေသည်။

ရီဖူရှင်းက ထိုသို့ လုပ်ဆောင်ရန် ကျရှုံးခဲ့ရုံမျှမက သူက လှုပ်ရှားမှုပြုလုပ်ရန် ငြင်းဆန်ခဲ့ပြီး နှုတ်ထွက်မှုနှင့်ပင် သူတို့ကို ခြိမ်းခြောက်ခဲ့သည်။

သူက ရီဖူရှင်းမဟုတ်ဘဲ အခြားတစ်စုံတစ်ယောက်ကို ရွေးချယ်ခဲ့ပါလျှင် ရလဒ်က ကွာခြားသွားလိမ့်ပါမည်လား။ သူတို့က ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ချိုးဖျက်နိုင်မည်လား။

"အဲဒီတော့ ဘာလိုချင်လို့လဲ။" ရီဖူရှင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဟွားကျွင်းလိုင်ထံမှ ဖိနှိပ်နိုင်သော မဟာလမ်းစဥ်စွမ်းအားများ ဖြန့်ကျက်ထွက်လာပြီး သူ့ကို တိုက်ရိုက်ဖိနှိပ်ရန် ကြိုးစားလာသည်။ ကြည့်ရသည်မှာ ဟွားကျွင်းလိုင်က သူ့ကို စိန်ခေါ်ချင်နေပုံရသည်။

ထို့ပြင် ဟွားကျွင်းလိုင် တစ်ယောက်တည်း မဟုတ်ဘဲ ကောင်းကင်ဒေသမှ အခြားကျင့်ကြံသူများသည်လည်း သူ့ကို စိုက်ကြည့်နေကြကာ အချို့က သူ့ထံသို့ပင် ခြေလှမ်းအနည်းငယ် လှမ်းလာကြပြီ ဖြစ်သည်။ တူညီစွာ ပြင်းထန်သော အရှိန်အဝါတို့က သူ့အပေါ် ကျဆင်းလာပြီး သူ့ကို ဆန့်ကျင်တိုက်ခိုက်ချင်နေ​ကြသည်။ ရှင်းလင်းစွာပင် ထိုကျင့်ကြံသူများက သူနှင့်ပတ်သတ်၍ မပျော်မရွှင်ဖြစ်နေကြပေသည်။

All Chapters