← Chapters

သတ္တိကောင်းသားပဲ

Vol. 84 Ch. 1170

သတ္တိကောင်းသားပဲ

Vol. 84 Ch. 1170

မိုဝူကျိ၏ အားကောင်းလှသော ခြေလှမ်းအောက်တွင် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက မပီမသ ဖြေလိုက်၏  “ အင်း …. ”

နတ်ဘုရားနားခိုရာနယ်မြေ၌ နှစ်များစွာ ပုန်းခိုလာပြီးနောက် ယခင်လို မောက်မာလှသည့် ရည်ရွယ်ချက်မျိုးနှင့် ရည်မှန်းချက်မျိုး တစ်ဝက်လောက်ပင် မရှိတော့ချေ။ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက ယခင်လို ဒေါသကြီးနေရုံမှအပ ယခင်ကလူနှင့် လုံးလုံး မတူတော့ပေ။

မိုဝူကျိက ထေ့ငေါ့ကာ ရယ်လိုက်ပြီး

“ ဖန်းရှီယူလို ခေါ်တဲ့ လူတစ်ယောက်နဲ့ ခင်ဗျားတို့ တာအိုအုပ်စိုးသူ အရှင်ထဲက တာအိုအုပ်စိုးသူ အရှင်မ ရွေရောင်ကန်တို့က ပေါင်းပြီး ကျုပ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြသေးတယ်။ နှစ်ယောက်လုံးက ဝိဇ္ဇာတပိုင်း နောက်ပိုင်းအဆင့်ဆိုပေမဲ့ ကျုပ် နှစ်ယောက်လုံးကို သတ်ပစ်ခဲ့တယ်။

ခင်ဗျားက အခုမှ ဝိဇ္ဇာတပိုင်း အဆင့် ၆ လောက်လေး ရှိသေးတာကို ကျုပ်ရှေ့မှာ လာမောက်မာနေတယ်ပေါ့။ ခင်ဗျားက သတ္တိကောင်းသားပဲ …. ကျုပ်မိတ်ဆွေဟောင်းကို ထောက်ထားပြီးတော့ ခင်ဗျားကို ရွေးချယ်စရာ အခွင့်အရေးတစ်ခု ပေးမယ်။ ခင်ဗျား သေချင်လား၊ ရှင်ချင်လား တစ်ခွန်းသာ ပြော …. ”

ဖန်းရှီယူလား … တာအိုအုပ်စိုးသူ အရှင်မ ရွေရောင်ကန်လား …

တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက ထိုနာမည်နှစ်ခုကို ကြားလိုက်သည်နှင့် စိတ်အခြေအနေ အဆုံးအစွန်အထိ လေးလံသွားတော့သည်။

တာအိုအုပ်စိုးသူ အရှင်မရွေရောင်ကန်သည် တာအိုအုပ်စိုးသူ အရှင်လေးပါးမှ တစ်ပါး ဖြစ်၏။ သူက တာအိုအုပ်စိုးသူ အရှင်မ ရွှေရောင်ကန်ကို မကြောက်သော်လည်း သူမက တာအိုအုပ်စိုးသူများအနက် အားအကောင်းဆုံး ဖြစ်ပေသည်။

ဖန်းရှီယူ၏ ဇာစ်မြစ်က ပို၍ အံ့ဩဖို့ ကောင်းသေး၏။ သူက ဝိဇ္ဇာအဆင့်အောက် နံပါတ်တစ် တည်ရှိမှုဟုပင် ဆိုနိုင်ပေသည်။ ဤသည်မှာ စကြဝဠာ အသင်္ချေဆိပ်ကမ်းအတွင်းသာ ကောလဟာလများ ဖြစ်သော်လည်း သူက အမှန်တကယ် အားကောင်းကြောင်း ပြသနေသည်။

နှစ်ယောက်လုံးက မိုဝူကျိလက်ချက်ဖြင့် သေဆုံးသွားကြလေရာ သူက သူ့ပစ္စည်းပြန်လာတောင်းနေရဲသေး၏။ ဤသည်မှာ သူက ကျင့်ကြံဆင့် အပြည့်အဝ ပြန်မကောင်းခင်အထိ ဖြစ်ပေသည်။

သူက ကိုယ့်သေတွင်းကို တူးမနေဘူးလား ….

တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက စိတ်ဓာတ်ကျလာမိသည်။ အကယ်၍ သူသာ ဖန်းရှီယူနှင့် ရွှေရောင်ကန်တို့ ပူးပေါင်းတိုက်ခိုက်မှုက မိုဝူကျိကို ရင်မဆိုင်နိုင်မှန်း ကြိုသိထားခဲ့လျှင် သူက ရောက်လာမိမည် မဟုတ်ပေ။

“ ဘာအခွင့်အရေးလဲ ” တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက မိုဝူကျိအား မေးလိုက်သော်လည်း မျှော်လင့်ချက် များများ မထားချေ။

မိုဝူကျိက အသာပြန်ဖြေလိုက်သည်

“ ခင်ဗျားက အမှောင်ကမ္ဘာကနေ ရောက်လာတာလို့ ကြားတယ်။ အဲဆို အမှောင်သစ်ပင်ရဲ့ အမြစ်တချို့ ရှိတယ်မလား။ ကျုပ်က အမှောင်စည်းမျည်းအကြောင်း လေ့လာနေတာဆိုတော့ စမ်းစစ်ဖို့ လိုနေလို့ ကျုပ်ကို ပေး …. ကျုပ် အမှောင်သစ်ပင် စိုက်လို့ရမလား သိချင်မိတယ် ”

မိုဝူကျိ၏ စကားကို ကြားကာ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက မိုဝူကျိအား စတင်၍ အထင်သေးလာမိသည်။ တစ်စုံတစ်ယောက်က သစ်နက်အား အမှောင်သစ်ပင်ဟု မည်သို့ ခေါ်မည်နည်း။

 ဒီလူက ဘယ်နေရာကနေ ရောက်လာတာလဲ …. သူက သစ်နက် အမြစ်ကို  ဈေးကွက်ထဲမှာ တွေ့ရတဲ့ ဟင်းရွက်ကန်စွန်း မှတ်နေတာလား ….

ထို့အပြင် သစ်နက်အမြစ်ကို မည်သူကများ စိုက်ပျိုးနိုင်ခဲ့သနည်း။

“ တာအိုရောင်းရင်းမို သစ်နက်က အမှောင်ကမ္ဘာရဲ့ ထိပ်တန်းရတနာတစ်ခုပါ။ စကြဝဠာတစ်ခုလုံးမှာ တစ်ခုပဲ ရှိတယ်။ သစ်နက် ပျက်စီးသွားပြီးတဲ့နောက် နောက်ထပ် သစ်နက် မရှိတော့ဘူး။

ကျုပ်ကို အခု သတ်လိုက်ရင်တောင် သစ်နက်ကို ထုတ်ပေးနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ကျုပ် သစ်နက်ကို ရှာတွေ့ထားရင်လည်း ပြန်စိုက်နိုင်မှာ မဟုတ်ဘူး ” တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက စိတ်မချမ်းမြေ့စွာ ပြောလိုက်သည်။ သူက သူ့ကံသူ လက်ခံထားဟန် ပေါ်၏။

မိုဝူကျိက မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်   “ ခင်ဗျားက တာအိုအုပ်စိုးသူ ဆိုပေမဲ့ အရမ်းဆင်းရဲလိုက်တာ … ခင်ဗျားကမ္ဘာကို ဖွင့်ပြီး ဘာရှိလဲ ကြည့်ကြတာပေါ့ ”

တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက ခဏတာ တုံ့ဆိုင်းသွားသော်လည်း ကမ္ဘာကို ဖွင့်ပေးလိုက်သည်။

သူအနေနှင့်  မိုဝူကျိက သူ့ကမ္ဘာကို ကြည့်ပြီးနောက် သူ့ကို သတ်မည်ဆိုလျှင်ပင် သူ့ကံတရားသူ လက်ခံလိုက်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ သူသာ အသက်ရှင်ဖို့ မျှော်လင့်ချက်လေး ရှိနေသေးပါက မသေချင်သေးပေ။

မိုဝူကျိက စိတ်စွမ်းအားဖြင့် တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ကမ္ဘာတစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။ လက်တစ်ချက်အဝေ့ဖြင့် ထိပ်တန်းအဆင့် အမှောင်ထု အမျိုးအစား အရင်းအမြစ်အပုံလိုက်က မိုဝူကျိဆီ ပါသွားလေသည်။

မိုဝူကျိက အင်မတန် အိုဟောင်းဟန်ပေါ်သည့် ရွှေကို တွေ့လိုက်သည်။ ထိုရှေးဟောင်းရွေအပေါ်တွင်  သူ အမြင်ချင်ဆုံး ဖြစ်သည့် စာလုံးတချို့ ရေးထွင်းထားလေ၏။ ဤသည်မှာ သစ်နက် မိတ်ဆက်အကြောင်းနှင့် သစ်နက် ရှင်သန်ဖို့ရာ သင့်တော်သည့် ပတ်ဝန်းကျင်အနေအထားနှင့် ထူးခြားစရိုက်တို့  ဖြစ်သည်။

သူက တာအိုအုပ်စိုးသူ အရှင်အမှောင်ထုအား လွှတ်ပေးလိုက်သည့် အကြောင်းမှာ တကယ်တော့ ကူချိုက်ကြောင့် ဖြစ်၏။ ပို၍ အရေးကြီးသည်က သူသည် သူက သစ်နက် ပြန်လည် အသက်ပြန်ရှင်လာစေရန် လိုအပ်နေသည့် အရင်းအမြစ်များအကြောင်း သိချင်နေမိသည်။

အကယ်၍ သူသာ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုအား တည့်တိုးမေးလိုက်လျှင် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက သူ့တွင် သစ်နက်အပိုင်းအစ ရထားကြောင်း သိသွားလိမ့်မည်။ အကယ်၍ တာအိုအုပ်စိုးသူ အရှင်အမှောင်ထု သံသယဝင်သွားလျှင်ပင် သူက ထိုရှေးဟောင်းရွှေကို သေချာပေါက် လက်မလွှတ်နိုင်ပေ။

မိုဝူကျိက ထိုပစ္စည်းကို ကိုင်ကာ ပြောလိုက်သည်  “ အခု ထွက်သွားတော့  … နောက် ကျုပ်ကို ရန်မစမိစေနဲ့။ တကယ်လို့ ကျုပ်ကို ရန်စမိရင် ကျုပ် မိတ်ဆွေက တောင်းဆိုပေးရင်တောင် လွှတ်ပေးမှာ မဟုတ်ဘူး ”

“ တကယ် လွှတ်ပေးမှာလား ” မိုဝူကျိ၏ ခြေထောက် သူ့ပေါ်မှ ဖယ်လိုက်သည်နှင့် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက မိုဝူကျိအား နားမလည်စွာ ကြည့်လိုက်သည်။

အပွင့်လင်းဆုံးပြောရလျှင် သူက သူတို့သာ နေရာချင်း လဲသွားခဲ့လျှင် မိုဝူကျိအား သေချာပေါက် အလွှတ်ပေးမည် မဟုတ်ပေ။ နမူနာအနေနှင့် ယနေ့ သူသာ မိုဝူကျိကို ခေါ်သွားနိုင်လျှင် မိုဝူကျိအတွက် တစ်ခုတည်းသော ရလဒ်မှာ သေခြင်းတရားသာ ဖြစ်၏။ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက မိုဝူကျိသည် မိတ်ဆွေတစ်ယောက်ကို ထောက်ထား၍ လွှတ်ပေးလိမ့်မည်ဟု မယုံပေ။ သူ့တွင် မိုဝူကျိနှင့် ရင်းနှီးသည့် မိတ်ဆွေ မရှိချေ။ ထို့ကြောင့် သူက မိုဝူကျိတွင် တခြားအကြံဆိုး ရှိနေတာလားဟု သံသယဝင်လာမိသည်။

မိုဝူကျိက တာအိုအုပ်စိုးသူ အရှင်အမှောင်ထုကို မကြိုက်သောကြောင့် ဒေါသတကြီး ပြန်ဖြေလိုက်သည်  “ အခု ထွက်မသွားရင် နောက်ထွက်သွားဖို့ မတွေးနဲ့တော့ ”

မိုဝူကျိ မည်မျှ ဒေါသထွက်လာသည်ကို သတိထားမိပြီး တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက မည်သို့ ဆက်နေရဲမည်နည်း။ သူက လက်နှစ်ဖက်ယှက်ပြီးနောက် ခန္ဓာကိုယ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားလေသည်။

“ ကျင့်ကြံဆင့်က ဘာလို့ ဒီလောက်မြန်မြန် တိုးတက်လာတာလဲ ” တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ထွက်သွားပြီးနောက် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက မိုဝူကျိအား ငေးမောကြည့်လိုက်သည်။ သူမက သူမဘာသာ ရေရွတ်သည့်အလား မယုံကြည်နိုင်စွာ မေးလိုက်ခြင်း ဖြစ်၏။

သူမက မိုဝူကျိကို ပထမဆုံး မြင်စဉ်က မိုဝူကျိသည် နတ်ဘုရားဘုရင်အဆင့်သာ ရှိသေး၏။

သို့သော်လည်း ယခု သူ့ကျင့်ကြံဆင့် ဘယ်လောက် ဖြစ်နေပြီလဲ ….

သူက ချွေးတစ်စက်ပင် မထွက်ဘဲ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုအား  အမှန်တကယ် ဖိနှိပ်ထားနိုင်ခဲ့သည်။

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်အမြင်၌ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက အနည်းဆုံးတော့ သူ့အင်အား ၈၀ ရာခိုင်နှုန်းလောက်အထိ ပြန်ရပြီးလောက်လေပြီ။ ကြည့်ရသည်မှာ တာအိုအုပ်စိုးသူ အရှင်အမှောင်ထု၏ ၈၀ ရာခိုင်နှုန်းသော အင်အားတို့က မိုဝူကျိအား ရင်ဆိုင်ရန် လုံလောက်သေးဟန် မပေါ်ပေ။

သူမက မိုဝူကျိ  နောက်တစ်ခေါက် ပြန်ရောက်လာသည့်အကြောင်းအရင်းအား ရုတ်ချည်း နားလည်သွားလေ၏။ အကြောင်းမှာ သူက သူမဝိဇ္ဇာအဆင့်ကိုပင် မကြောက်တော့၍ ဖြစ်သည်။ အကယ်၍ သူမသာ ဝိဇ္ဇာအဆင့် ဖြစ်နေဦးမည်ဆိုလျှင် မိုဝူကျိက သူမကို အနိုင်မတိုက်နိုင်လျှင်ပင် သူမဆီမှ ထွက်ပြေးနိုင်ဦးမည် ဖြစ်၏။

ထို့နောက် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ရှားရိုယင်အကြောင်း တွေးမိကာ နှလုံးခုန်နှုန်းပင် မြန်ဆန်လာမိသည်။ မိုဝူကျိ၏ လက်ရှိအင်အားဖြင့် သူက ရှားရိုယင်ကို ချုပ်ထိန်းထားနိုင်သည့်ထက်ပင် ပိုပေသည်။

“ အဲဒါက ခင်ဗျားအလုပ် မဟုတ်ပါဘူး။ ခင်ဗျားကို တစ်ခေါက် ကူညီပေးထားတယ်ဆိုတော့ ကျုပ်ကို နှစ်ခု ပြန်ကူညီပေးရမယ်။ ကျုပ် မေးခွန်းနှစ်ခုကို ဖြေရုံပါပဲ ” မိုဝူကျိက ကြောက်ရွံ့ခြင်းမရှိ ပြောလိုက်သည်။

ဝိဇ္ဇာသူတော်စင်မက နောက်ကျောမတ်ခနဲ ဖြစ်သွားကာ မေးလိုက်သည်  “ တာအိုရောင်းရင်းမို မေးပါ .. ပွင့်ပွင့်လင်းလင်း ဖြေပါ့မယ် ”

သူမက ဝိဇ္ဇာတစ်ပါး ဖြစ်ခဲ့လျှင်ပင် လက်ရှိ မိုဝူကျိရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။

ထို့အပြင် မိုဝူကျိက သူမကို တကယ် ကယ်တင်ခဲ့သည်။ အကယ်၍ မိုဝူကျိသာ ကူညီမပေးခဲ့လျှင် သူမအနေနှင့် ကြာကြာ အသက်မရှင်နိုင်လောက်ပေ။ ဤသို့အချိန်မျိုး၌ သူမက ဘာများ တတ်နိုင်ဦးမည်နည်း။

မိုဝူကျိက ခေါင်းညိတ်ကာ

“ အရင်ဆုံး နတ်ဘုရားသင်္ချိုင်းတောင်ကြားရဲ့ အောက်မှာရှိတဲ့ အဖြူရောင် ပိအန်းပန်းရဲ့ တည်နေရာကို ပြောပြနိုင်လား။ ပြီးတော့ အဲဒီပိအန်းပန်းကနေ ထွက်သွားတဲ့ ကောင်မလေးနှစ်ယောက်ရဲ့ တည်နေရာကို ရှာနိုင်လား။ ကျုပ်တို့ သူတို့ကို ဘယ်လိုရှာနိုင်လဲ ”

မိုဝူကျိက ထိုမေးခွန်းကို မေးလိုက်သည်နှင့် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက မိုဝူကျိသည် ပိအန်းပန်း ရသွားသည့် မိန်းကလေးနှစ်ဦးနှင့် သက်ဆိုင်နေကြောင်း သိလိုက်သည်။

သူမက မိုဝူကျိအား သလင်းကျောက်တစ်ခု ထုတ်ပေးလိုက်ပြီး

“ ဒီဟာက ကျွန်မ အဲတုန်းက မှတ်တမ်းတင်ထားတဲ့ဟာ …. မှတ်တမ်းအတွင်းမှာ နေရာအသေးစိတ် မှတ်သားပေးထားတယ်။ ဒါပေမဲ့  သူတို့နှစ်ယောက်ကို သဲလွန်စနည်းနည်းလေးနဲ့ လိုက်ရှာဖို့ အရမ်းခက်ခဲတယ်။ ကျွန်မ ခန့်မှန်းရသလောက် သူတို့တွေ ဝိဇ္ဇာတချို့ နေနေတဲ့ နေရာဆီ ရောက်သွားလောက်တယ် ”

မိုဝူကျိက စိတ်ထဲ လေးလံလာမိသည်။ အကြောင်းမှာ သူ အစိုးရိမ်ဆုံး ကိစ္စကား ဖြစ်ပျက်သွားလေပြီ။ ချိန်စုယင်နှင့် ချူယို့တို့က ဝိဇ္ဇာများနှင့် ရင်ဆိုင်နေရလောက်သည်။ ဝိဇ္ဇာလော့ရှုကတည်းမှစ၍ မည်သည့် ဝိဇ္ဇာကိုမှ အကောင်းမမြင်ဖူးပေ။

ဝိဇ္ဇာအားလုံးက သူတို့ကိုယ်ပိုင်တာအိုအတွက် အရာအားလုံးကို စတေးကြမည့်သူများသာ ဖြစ်၏။ သူတို့အမြင်၌ လူသန်းပေါင်းများစွာ၏ အသက်မှာ အရေးမပါပေ။

မိုဝူကျိ၏ စိတ်ခံစားချက် ပြောင်းလဲသွားသည်ကို သတိထားမိပြီး ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ဆက်ပြောလိုက်သည်

“ တာအိုရောင်းရင်းမို မစိုးရိမ်ပါနဲ့။ တကယ်လို့ နတ်ဘုရားအရိုက်အရာ ကမ္ဘာ ရောက်ဖူးတော့ သိပါလိမ့်မယ်။ အဲဒီဝိဇ္ဇာတွေတွေနေတဲ့  နေရာရဲ့ စည်းမျည်းက နတ်ဘုရားအရိုက်အရာ ကမ္ဘာနဲ့ မယှဉ်နိုင်ပေမဲ့ အရွယ်အစားတော့ မသေးဘူး။

အဲဒီကမ္ဘာမှာ နတ်ဘုရားအရိုက်အရာမရှိတဲ့သူတွေလည်း အများကြီးရှိကြတယ်။ မိန်းကလေးနှစ်ယောက်က ကျင့်ကြံဆင့် သိပ်မမြင့်သေးတော့ ပိအန်းပန်းကို ဖုံးကွယ်ထားနိုင်ရင် အန္တရာယ်ရှိမှာ မဟုတ်ပါဘူး ”

“ အဲကို ဘယ်လိုသွားလို့ ရမလဲ ” မိုဝူကျိက စိုးရိမ်စွာ မေးလိုက်သည်။

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ခေါင်းခါကာ

“ ကျွန်မက ဝိဇ္ဇာဖြစ်နေသေးရင်တောင် အဲဒီကို သွားဖို့ အတာ်ခက်လိမ့်မယ်။ အရင်ဆုံး ကျွန်မရဲ့ကြာပန်းနီနဲ့ ဝိဇ္ဇာသူတော်စင်ရေကန်ကို အသုံးပြုဖို့ လိုလိမ့်မယ်။ အခုအနေနဲ့ကျ ကျွန်မက ပြန်သွားဖို့တောင် မတတ်နိုင်သေးဘူး။ ပြီးတော့ သူတို့လည်း ဒီနေရာကို ဆင်းလာနိုင်ဦးမှာ မဟုတ်ဘူး ”

မိုဝူကျိက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မသည် လိမ်ညာနေခြင်း မဟုတ်ကြောင်း ခံစားမိ၍ ဆက်မေးလိုက်သည်  “ အဲဆို ဒုတိယမေးခွန်းကို မေးမယ်။ ကျုပ် လုပ်ကြံခံရတာကို ဘယ်လိုလုပ် သိတာလဲ ”

“ မင်းကို မင်းချစ်တဲ့ မိန်းကလေးက နောက်ကျောဓားနဲ့ ထိုးသွားတာကို သိတယ် … ”

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ၏ စကားကို မိုဝူကျိက ဖြတ်ပြောလိုက်၏  “ ပထမအပိုင်းက မှန်တယ်။ ကျုပ်က အမျိုးသမီးတစ်ယောက်ရဲ့ လုပ်ကြံတာကို ခံခဲ့ရတယ်။ ဒါပေမဲ့ ကျုပ် ချစ်တဲ့သူ မဟုတ်ဘူး။ နောက်တစ်ခါကျ စကားကို သတိထားပေးပါ ”

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက မိုဝူကျိ စကားပြောသည့်အခါ ယုံကြည်ချက်ရှိမှုကို လေးစားမိ၏။ သူမက မိုဝူကျိသည် အတိတ်မှ ရုန်းထွက်လာပြီးကြောင်း ပြောနိုင်ပေသည်။ တစ်ဖက်တွက် ရှားရိုယင်က မိုဝူကျိ၏ ပုံရိပ်ကို မမေ့နိုင်သေးပေ။

သူမက ခေါင်းညိတ်ကာ   “ ကျွန်မ အဲဒီအကြောင်းကို သိထားရုံတင် မဟုတ်ဘူး။ အဲဒီ အမျိုးသမီးရဲ့ နာမည်က ရှားရိုယင်ဆိုတာလည်း သိထားတယ် ”

မိုဝူကျိက ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မ မျက်ဝန်းတည့်တည့် စိုက်ကြည့်လိုက်သည်။ သူက အသေးစိတ် အကြောင်းအရင်းကို သိနေသည့် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မသည် မည်သို့လူမျိုး ဖြစ်ကြောင်း စဉ်းစားနေမိ၏။

“ အဲဒီအကုန်လုံး ဘယ်လိုသိတာလဲလို့ မေးမှာမလား ” ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက အေးအေးဆေးဆေး ပြောလိုက်သည်။

မိုဝူကျိက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်သည်။

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မကက အသက်ပြင်းပြင်းရှုကာ ဆက်ပြောလိုက်သည်  “ ကျွန်မကို လုပ်ကြံခဲ့တဲ့သူကလည်း ရှားရိုယင်ပဲ …. သူမက ကျွန်မ ကယ်ခဲ့တဲ့ တပည့်ပဲ ”

***

All Chapters