အပိုင်း(၅၁၇)
Vol. 35 Ch. 517
ဗိုလ်ချုပ်ကျိရှောင်းက ရှစ်ဖုန့်အားကြည့်၍ ရုတ်တရက်သွားပေါ်အောင်
ရယ်လိုက်သည်။ သူကရယ်မောပြီးပြောလိုက်၏။
“ကောင်းတယ်..အရမ်းကောင်းတယ်.
.ဒီလိုမျိုးအသက်ငယ်ငယ်နဲ့မင်းက ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်နေရုံမက ငါကိုတောင် နာကျင်စေတယ်..ဒီလိုပါရမီရှင်မျိုးအနေနဲ့ မင်းရဲ့အနာဂတ်အောင်မြင်မှုတွေက စိတ်ကူးကြည့်လို့တောင်ရမှာမဟုတ်ဖူး..ဒီနေ့ ငါမင်းကို အသက်ရှင်ခွင့်မပေးဘူး”
“ဒီသခင်လေးမှာမင်းကိုသတ်ဖို့အတွက် ခက်ခဲတဲ့အချိန်တစ်ခုရှိပေမြ့ မင်းဒီသခင်လေးကိုသတ်ချင်
တယ်ဆိုရင်တော့ မင်းမှာအဲ့လိုလုပ်နိုင်စွမ်းရှိမလား
ဆိုတာကိုကြည့်တာပေါ့”
ရှစ်ဖုန့်က ကျိရှောင်းအား
အေးစက်စွာကြည့်၍ ပြောလိုက်သည်။
“အရှက်မရှိကိုယ်ရည်သွေးနေတျယ်.ငါသတ်ချင်တဲ့လူမှန်သမျှ အသက်မရှင်ဘူး”
ကျိရှောင်းကအေးစက်စွာဖြင့်သွား
ပေါ်အောင်ရယ်နေဆဲဖြစ်သည်။
သူကသူ့လက်အတွင်းရှိခရမ်း
ရောင်လှံအားရှေ့သို့ထိုးသွင်းလိုက်သည်။ ရုတ်တရက် လေထုထဲ၌ခရမ်းရောင်စက်ဝန်း
ပြတ်အလင်းတစ်ခုပေါ်လာပြီး ရှစ်ဖုန့်ထံသို့အရှိန်အဟုန်ဖြင့် ခုတ်ပိုင်းကျဆင်းလာသည်။
ရှစ်ဖုန့်၏ကိုယ်က အနီရောင်တို့တောက်ပနေပြီး သွေးရောင်ချပ်ဝတ်ကသူ၏
ကိုယ်ပေါ်၌ပေါ်လာ၏။ထို့နောက် ရှစ်ဖုန့်ကသူ၏သွေးသောက်ဓား
ရှည်အားမြှောက်လိုက်ပြီး အော်ပြောလိုက်သည်။
“ငရဲဘုံကိုးခု ချိုးဖျက်ခုတ်ပိုင်းချက်”
သူအော်ပြီးနောက် ရှစ်ဖုန့်၏သွေးသောက်ဓားက ခရမ်းရောင်အလင်းကိုခုတ်ပိုင်းလိုက်သည်။
“ဘန်း”
ရှစ်ဖုန့်၏ရှေ့၌ ကျယ်လောင်သောပေါက်ကွဲသံ
တစ်ချက်ဖြစ်ပေါ်လာသည်။ ထို့နောက် ရှစ်ဖုန့်၏ကိုယ်ကြိုးပျက်သွား
သောစွန်တစ်ကောင်ကဲ့သို့ နောက်သို့တစ်ဟုန်ထိုး လွင့်ထွက်သွားသည်။
ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ကျိရှောင်း၏တိုက်ခိုက်မှုအောက်တွင် ရှစ်ဖုန့်၏ငရဲဘုံကိုးခု ချိုးဖျက်ခုတ်ပိုင်းချက်က ကျိရှောင်း၏တိုက်ခိုက်မှုအား
မချိုးဖျက်နိုင်ရုံသာမက သူသည်လည်းကျိရှောင်း၏တိုက်ခိုက်မှုကြောင့် နောက်သို့လွင့်သွားရသည်။
“ရှစ်…ရှစ်ဖုန့်လေး”
ဂူဝင်ပေါက်ထံမှကျိမို့၏ အလန့်တကြားအော်သံထွက်ပေါ်လာသည်။ ဂူပြင်ဘက်ရှိဆူညံသံများက နက်ရှိုင်းစွာအိပ်မောကျနေသော ကျိမို့အားနိုးလာစေသည်။ သူမဂူပြင်သို့ထွက်လာသောအခါတွင် ရှစ်ဖုန့်ကသူမထံသို့လွင့်လာ
သည်ကိုတွေ့လိုက်ရသည်။
ကျိမို့ချက်ချင်းလှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်၏နောက်သို့ရောက်ရှိသွားသည်။
အလျှင်အမြန် သူ၏လက်တို့အားဆန့်ထုတ်လိုက်ပြီး နောက်ပြန်လွင့်လာသောရှစ်ဖုန့်အား
ဖမ်းလိုက်၏။ သို့သော် ကျိမို့ ရှစ်ဖုန့်အားဖမ်းလိုက်သည်တောင် သူ၏ကိုယ်အားထိန်းညှိရန်အတွက် မီတာအနည်းငယ်ခန့်ဆုတ်လိုက်ရဆဲဖြစ်သည်။
“ရှစ်..ရှစ်ဖုန့်လေး. နင်အဆင်ပြေရဲ့လား.”
ကျိမို့ကရပ်လိုက်ပြီးနောက် ရှစ်ဖုန့်အားစိုးရိမ်စွာမေးလိုက်သည်။
“ငါအဆင်ပြေတယ်”
ရှစ်ဖုန့်ပြန်ဖြေလိုက်သည်။ ငရဲဘုံကိုးခု ချိုးဖျက်ခုတ်ပိုင်းချက်က ခရမ်းရောင်အလင်း၏တိုက်ခိုက်မှု
အစိတ်အပိုင်းအချို့အား ချိုးဖျက်နိုင်ခဲ့၏။ ကျန်သော တိုက်ခိုက်မှုတို့အား သွေးနီရောင်ချပ်ဝတ်ကတားဆီးသွားခဲ့သည်။ ရှစ်ဖုန့်၏ မူလကိုယ်က ဘာထိခိုက်မှုကိုမှမခံစားရဘဲ အားကြောင့်နောက်သို့လွင့်သွားခြင်း
သာရှိသည်ဖြစ်သည်။
“မင်းသမီးလင်လုံ”
ဤအချိန်တွင် ရှေ့၌ရှိနေသောကျိရှောင်းက ရှစ်ဖုန့်အားကျိမို့ဖက်ထားသည်
ကိုမြင်တွေ့လိုက်ရသည်။ သူ၏အေးစက်စွာမျက်မှောင်ကြုတ်လိုက်၏။ မမြင်နိုင်သောသတ်ဖြတ်လိုခြင်း
စိတ်ဆန္ဒတို့က ကျိရှောင်း၏ကိုယ်မှာတိတ်တ
ဆိတ်မြင့်တက်လာသည်။
“ကျိရှောင်း ရှစ်ဖုန့်လေးကဒီမင်းသမီးရဲ့သူငယ်ချင်းပဲ. နင်သူ့ကိုထိခိုက်အောင်လုပ်လို့မရဘူး”
ကျိမို့က ရှစ်ဖုန့်၏လက်တို့အားလွှတ်ပေးလိုက်ပြီး နံဘေးနားသို့လာလိုက်သည်။ သူမကကျိရှောင်းထံသို့ကြည့်၍ အော်ပြောလိုက်၏။
“မဟုတ်ဖူး”
အော်နေသောကျိရှောင်းအားမျက်နှာမူ၍ ကျိရှောင်းက ပြတ်သားစွာခေါင်းခါလိုက်ပြီး အေးစက်စွာပြောလိုက်သည်။
“သူက ရှန်းဟွေ့မြို့အရှင်သင် ရှန်းအောင်ရှင်းကိုသတ်ခဲ့တယ်. ရှန်းဟွေ့မြို့ထဲမှာလူသတ်မှုတွေ
အများကြီးဖြစ်ခဲ့တယ်.. ထျန်းလျန်အင်ပါယာရဲ့ ဥပဒေတွေအရ သူဒီနေ့သေရမယ်”
“မရဘူး”
ကျိရှောင်းက ရှစ်ဖုန့်သေရမည်ဟုပြောသောအခါတွင် ကျိမို့ကထပ်မံအော်ပြောလိုက်သည်။
“ရှန်းဟွေ့မြို့အရှင်သခင် ရှန်းအောင်ရှင်းရဲ့သားရှန်းယွမ်က ဒီမင်းသမီးကိ အရင်မလေးမစားလုပ်တာ. ရှစ်ဖုန့်လေးက ဒီမင်းသမီးကိုကာကွယ်ဖို့အတွက်ရှန်း
ဟွေ့မြို့ကလူတွေကိုသတ်ခဲ့ရတာ. ကျိရှောင်း ဒီမင်းသမီးနင့်ကိုမေးပါရစေ ဒီမင်းသမီးကိုမလေးမစားလုပ်တဲ့အတွက် သူတို့ကသေဖို့မထိုက်တန်ဘူးလား”
သူမ၏ စကားအဆုံးတွင်ကျိမို့၏မျက်နှာက
အေးစက်သွားသည်။
“လင်လုံ. မဆင်မခြင်မလုပ်စမ်းနဲ့. ဒီကိုလာခဲ့. ဘာပဲဖြစ်နေပါစေ ဒီလူဒီနေ့သေရမယ်”
ကျိရှောင်းကပြတ်သားစွာပြောလိုက်
ဆဲဖြစ်သည်။ ဤအချိန်တွင် ရှစ်ဖုန့်အားသတ်ရန်အတွက်သူ၏
စိတ်ထဲပိုင်းဖြတ်ထားပြီးဖြစ်သည်။
အရင်ဆုံး ဤလူငယ်လေးက အသက်ငယ်ငယ်လေးနှင့်အောင်မြင်မှုများ
စွာရရှိထားသည်ဖြစ်သည်။ သူ၏ပါရမီကသာမန်ထက်ထူးခြား
အံ့ဖွယ်ဖြစ်၏။ သူ့ကိုသာကြီးထွားခွင့်ပြုလိုက်လျှင်
သူကခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်
လိမ့်မည်ဖြစ်သည်။
ဒုတိယကသူနှစ်သက်နေသောအမျိုးသမီးက၎င်းကိုဖတ်ထား၏။ ထို့ကြောင့် သူသေရမည်။ ထိုသို့မဟုတ်ပါက သူ့အနေဖြင့် ညဘက်တို့၌အိပ်ပျော်လိမ့်မည်မဟုတ်ပေ။
“ဒီသခင်လေးသေရမယ်တဲ့လား”
ဤစကားများအားပြောပြီး ရှစ်ဖုန့်ကျိရှောင်းအားအေးစက်စွာ
ကြည့်လိုက်သည်။ သူ၏ဘယ်လက်ဖဝါးအတွင်း၌ သွေးနီရောင်အလင်းတစ်ခုခပ်ရေး
ရေးလင်းလက်နေ၏။ ၎င်းမှာ သွေးကျောက်ပြားမှ ထုတ်လွှတ်နေသောအလင်းဖြစ်သည်။
ရှစ်ဖုန့်က သွေးကျောက်ပြားအားအသက်သွင်းပြီး ဤသူတောင်းစားအားအရင်ဆုံးသတ်ပစ်ရန် အဆင့်သင့်ပြင်ထားသည်။
“ဟင့်အင်း.နင်ရှစ်ဖုန့်လေးကိုထိခိုက်အောင်လုပ်လို့မရဘူး”
ဤအချိန်တွင် ကျိမို့၏လက်အတွင်း၌ဓားအလင်း
တစ်ခုလင်းလက်လာသည်။ ဓားမြှောင်တစ်ခုက သူမ၏လက်အတွင်း ပေါ်လာပြီး ငွေရောင်တို့လင်းလက်နေ၏ ။ကျိမို့က ဓားမြှောင်အား သူမ၏လည်ပင်းပေါ်တင်လိုက်သည်။
“နင်ရှစ်ဖုန့်လေးကို ထိခိုက်အောင်လုပ်ရဲရင် ငါနင့်ရှေ့မှာအခုသတ်သေလိမ့်မယ်. ငါအခုနင့်ရှေ့မှာရှိနေတယ် ကျိရှောင်း နင်ငါ့ခမည်းတော်ကိုဘယ်လို
ရှင်းပြမလဲဆိုတာကြည့်သေးတာပေါ့”
ကျိမို့က သူမ၏ခေါင်းကိုမော့၍ ကျိရှောင်းအားခြိမ်းခြောက်လိုက်သည်။
“ကောင်မလေး”
“လင်လုံ”
ဤအချိန်တွင် ရှစ်ဖုန့်နှင့်ကျိရှောင်းတို့ပြိုင်တူ
အော်လိုက်ကြသည်။
“ကောင်မလေး ဓားမြှောင်ကိုချထားလိုက်. ဒီသခင်လေးကိုကယ်ဖို့အတွက် မင်းအဲ့နည်းလမ်းကိုသုံးဖို့မလိုဘူး. ဒါ့အပြင်သေရမဲ့လူက ဒီသခင်လေးမဟုတ်ဖူး”
ရှစ်ဖုန့်ကထပ်မံအော်ပြောလိုက်သည်။
ကျိရှောင်းကဒေါသတကြီးအော်လိုက်သည်။
“လင်လုံ ဓားမြှောင်ကိုချထားစမ်း မင်းကိုယ်ကိုထိုးမိသွားမယ်. ဒီလိုယောက်ျားတစ်ယောက်အတွက်နဲ့ဘယ်လိုလုပ်ပြီးတော့ ဒီလိုကိစ္စမျိုးကို မင်းလုပ်နိုင်ရတာလဲ”
“ငါနင့်ကိုတစ်ခုပဲမေးမယ်. နင်ရှစ်ဖုန့်လေးကို လွှတ်ပေးမှာလား”
ကျိမို့က သူတို့၏ စကားများအားလျစ်လျူရှုထားသည်။
သူမ က ကျိရှောင်းအားကြည့်၍ အေးစက်စွာမေးလိုက်၏။
“မင်း”
ကျိရှောင်းဒေါသတကြီး နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် ရှစ်ဖုန့်ဘက်သို့လှည့်လိုက်ပြီး အေးစက်စွာပြောလိုက်၏။
“ကောင်းတယ်..ကောင်းတယ်.
မင်းကတကယ့်ယောက်ျားတစ်ယောက်ပဲ. မင်းကိုကယ်တင်ဖို့အတွက် ဒီလိုမျိုးအမျိုးသမီးတစ်ယောက်ရဲ့
နည်းလမ်းကိုလိုအပ်တယ်”
ကျိရှောင်း၏ စကားတို့ကဆုံးသွားသော်လည်း သူ၏စကားများက ရှစ်ဖုန့်၏ စိတ်ထဲ၌ပဲ့တင်ထပ်နေဆဲဖြစ်သည်။
ရှစ်ဖုန့်က ကျိရှောင်းအား အေးစက်စွာကြည့်၍ပြောလိုက်သည်။
“မင်းကိုမေးပါရစေ မင်းသိုင်းပြိုင်ပွဲကိုသွားမှာလား”
“ငါကလင်လုံကို နှစ်သက်တာပဲ သွားမှာ”
“ကောင်းတယ်”
ရှစ်ဖုန့်ပြောလိုက်သည်။
“ဒီသခင်လေးမှတ်မိသာတာမှန်ရင် သိုင်းပြိုင်ပွဲကျင်းပဖို့ဆယ့်နှစ်ရက်လိုသေးတယ်. ဆယ့်နှစ်ရက်နေပြီးတာနဲ့
ဒီသခင်လေးမင်းကို ပြိုင်ပွဲထဲမှာသတ်မယ်”
“ဆယ့်နှစ်ရက်လား.မင်းကလား”
ကျိရှောင်းကအထင်သေးမှုအ
ပြည့်ဖြင့်အော်ပြောလိုက်သည်။
ရှစ်ဖုန့်က ကျိရှောင်းအားလျစ်လျူရှုကာ ကျိမို့ထံလှည့်လိုက်၏။ သူကပြောလိုက်သည်။
“အရင်ဆုံးအိမ်ကိုပြန်လိုက်. ဆယ့်နှစ်ရက်နေပြီးရင် ငါမင်းကိုခေါ်ဖို့ ထျန်းလျန်အင်ပါယာကိုလာခဲ့မယ်”
“ရှစ်ဖုန့်လေး”
ကျိမို့ကအော်ပြောလိုက်သည်။
“အဲ့ကြမင်းလွတ်လပ်သွားလိမ့်မယ်”
ရှစ်ဖုန့်ကပြောလိုက်သည်။ သူ၏အဓိပ္ပါယ်ကရှင်းသည်။သူ သိုင်းပြိုင်ပွဲ၌ပါဝင်ရန်ရည်ရွယ်
ထားခြင်းဖြစ်သည်။ သူကမ္ဘာပေါရှိကျွမ်းကျင်သူအား
လုံးအားအနိုင်ယူလိုသည်။ သူကျိမို့အားလွတ်လပ်မှုကိုပေးလိုသည်။
“ငါ့ကိုယုံပါ”
ကျိမို့ကသူ့အားကြည့်နေသည်ကို
တွေ့ရသောအခါတွင် ရှစ်ဖုန့်ထပ်မံပြောလိုက်သည်။
ဤအချိန်တွင် ရှစ်ဖုန့်၏မျက်လုံးအတွင်းမှစိတ်ပိုင်းဖြတ်ထားမှုအား ကျိမို့မြင်တွေ့လိုက်ရသည်။ ဘာကြောင့်မှန်းမသိသော်လည်း သူ၏မျက်လုံးများအားသူမမြင်တွေ့လိုက်ရချိန်တွင် သူမ၏နှလုံးသားမှာ ရုတ်တရက် တည်ငြိမ်သွားသည်။
“ငါနင့်ကိုယုံတယ်”
နှစ်ယောက်သား တစ်ယောက်မျက်လုံးတစ်ယောက်ကြည့်၍ ကျိမို့က ညင်သာစွာပြောလိုက်သည်။
ရှစ်ဖုန့်နှင့်ကျိမို့တို့တစ်ယောက်
ကိုယ်တစ်ယောက်ကြည့်နေသည်ကိုကြည့်ရင်း ကျိရှောင်းအံကိုတင်းတင်းကြိတ်၍ ခက်ထန်စွာ စကားလုံးတို့အံကျလာသည်။
“လင်…လုံ”
ကျိမို့ခေါင်းကိုဖြည်းဖြည်းချင်းလှည့်၍ ကျိရှောင်းအားကြည့်လိုက်သည်။ သူမကပြောလိုက်၏။
“ကျိရှောင်းငါပြီးရင်နင်နဲ့အတူ
နန်းတော်ကို ပြန်လိုက်မယ်.ဒါပေမဲ့အရင်ဆုံး ငါရှစ်ဖုန့်လေးကိုပြောစရာစကား
အချို့ရှိနေသေးတယ်”
“မင်း..”
……
ဆက်ရန်………
ဘာသာပြန်သူ-ARISE