← Chapters

နတ်ဘုရား နားခိုရာနယ်မြေသို့ နောက်တစ်ခေါက် ထပ်ဝင်ခြင်း

Vol. 84 Ch. 1172

နတ်ဘုရား နားခိုရာနယ်မြေသို့ နောက်တစ်ခေါက် ထပ်ဝင်ခြင်း

Vol. 84 Ch. 1172

ဂြိုလ် မူလဗဟိုချက်မှ ရွှေရောင်အလင်းများသည် မိုဝူကျိအား ရစ်ပတ်ထားလေ၏။ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောမှ နတ်ဝိညာဉ်စွမ်းအားများနှင့်အတူ မိုဝူကျိ ဝန်းကျင်၌ ရွှေရောင်နှင့် နို့နှစ်ရောင် ရောစပ်ထားသည့် စွမ်းအားဝဲကတော့ကြီး ဖြစ်ပေါ်လာသည်။ ဝိဇ္ဇာသူတော်စင်မပင် ထိုဂြိုလ်ဗဟိုချက်ရှိ စည်းမျည်းများကို ရှင်းရှင်းလင်းလင်း အာရုံခံလိုက်မိပြီး သူမ ကျင့်ကြံဆင့်မှာ သိသိသာသာ မြင့်တက်လာသည်။

မိုဝူကျိက ဤသို့သော ကျင့်ကြံရေး ပတ်ဝန်းကျင်မျိုးနှင့် ကျင့်သားရနေလေပြီ။ သို့သော်လည်း ဝိဇ္ဇာသူတော်စင်မအနေနှင့် ဤသို့ ပြီးပြည့်စုံသည့် ကျင့်ကြံရေး ပတ်ဝန်းကျင်မျိုးကို အသစ်ကြုံတွေ့ဖူးခြင်း ဖြစ်ပေသည်။ သူမက ပြောမပြတတ်အောင် စိတ်လှုပ်ရှားနေပြီး တစ်စက်လေးပင် မနားဘဲ အသည်းအသန် ကျင့်ကြံနေသည်။

***

မိုဝူကျိနှင့် ဝိဇ္ဇာသူတော်စင်မတို့ ကျင့်ကြံလာသည်မှာ နှစ်ပေါင်း ၁၁၂ နှစ် ကြာမြင့်သွားလေပြီ။ ထိုအချိန်အတွင်း ကျောက်တုံးဖြူ တောင်ထိပ်မှာ သီးခြားဖြစ်နေကာ မည်သူကမှ သူတို့အား လာရောက်မနှောင့်ယှက်ကြပေ။

တစ်ချိန်တည်းဆိုသလို နတ်ဘုရားနားခိုရာ နယ်မြေ၌ ဝါးတောအုပ်အတွင်း ပင်ပန်းနွမ်းလျနေသည့် ခွန်းယွင် တစ်ယောက် ခေါင်းကုတ်ရင်း သူ့ဘာသာ ရေရွတ်လိုက်သည်

“ နောက်ရက်တွေကို ဖြတ်ကျော်နိုင်ပါ့မလား … ဟိုခွေးသား အမှောင်ထုက ဘယ်ဆီ ပုန်းနေတယ် မသိရသေးဘူး။ ငါ ခွန်းယွင်က ပင်မနတ်ဘုရား ဖြစ်ခဲ့ပေမဲ့ အခုတော့ ကြွက်တစ်ကောင်လို ပုန်းအောင်းနေရတယ် … ဟူး ”

ထိုဝါးတောအုပ်သည် တာအိုအုပ်စိုးသူ အရှင်အမှောင်ထု ပုန်းအောင်းခဲ့သည့် နေရာ ဖြစ်၏။ မိုဝူကျိက ထိုနေရာကို ရှာနိုင်သည့် အကြောင်းအရင်းမှာ ခွန်းယွင်က သူ့အား တည်နေရာ ပြောပြခဲ့၍ ဖြစ်သည်။ ယခု ခွန်းယွင်က တခြားသွားစရာ မရှိတော့သောကြောင့် တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက သူ့အား ခိုလှုံခွင့်ပေးမလားဟု မျှော်လင့်ချက်ဖြင့် ရောက်လာခြင်း ဖြစ်၏။

သူက နှစ်များစွာ ရှာဖွေနေခဲ့သော်လည်း ယခုအချိန်အထိ တာအိုအုပ်စိုးသူ အရှင်အမှောင်ထု၏ နေရာကို မတွေ့သေးပေ။

နေ့တစ်ဝက်လောက် လျှောက်သွားနေပြီးနောက် ခွန်းယွင်က သူ့ဘာသာ ညီးတွားလိုက်ပြန်သည်

“ ဟိုကောင်စုတ်လေး မိုဝူကျိက မိတ်ဆွေစစ် မဟုတ်ဘူး။ ငါမှာတော့ သူ့ကို ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော ငါးရာတောင် ထုတ်ပေးခဲ့ရတာ … ဒီလောက်နှစ်တွေကြာသွားပြီ။ အခုထိ သတင်းတစ်ခုမှ မကြားရသေးဘူး ”

“ ဝုန်း ” ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ခွန်းယွင်က ထိလုနီးပါး ဖြစ်သွားသော်လည်း မီးခိုးရောင်အလင်းတန်းသဖွယ် ပြောင်းကာ ချက်ချင်း ထွက်ပြေးသွားလေသည်။

သူက လေးခွနှင့် အထုခံရသည့် စာသူငယ်အလား တစ်ခုခုဆိုလျှင် ကြောက်ကြောက်လန့်လန့် ထွက်ပြေးစေဖို့ရာ လုံလောက်နေလေပြီ။

ဝိဇ္ဇာတုမင်ယွမ်နှင့် ယှဉ်လိုက်လျှင် သူက နတ်ဆိုးဆန်ဆန် ထိုအမျိုးသမီးကို ပိုကြောက်မိ၏။ အကယ်၍ သူ့ထောင်ထျဲ့အိုးကြောင့်သာ မဟုတ်လျှင် ထိုအမျိုးသမီးလက်ချက်ကြောင့် အကြိမ်များစွာ သေနေပြီးလောက်လေပြီ။

သို့သော်လည်း ပုန်းအောင်းနေခြင်းက ဖြေရှင်းနည်း မဟုတ်ချေ။ တခြားသူများက အသည်းအသန် ကျင့်ကြံနေကြစဉ် သူက ဘာမှမလုပ်နိုင်ပေ။ သူ့တွင် ကျင့်ကြံရေး အရင်းအမြစ်များစွာ ရှိနေသော်လည်း ကျင့်ကြံဆင့်ကို ပြန်လည် မရနိုင်ဘဲ ဖြစ်နေရသည်။

တစ်ခါတစ်ရံ၌ နတ်ဘုရား နားခိုရာနယ်မြေထဲ ဝင်မိခြင်းက အမှားတစ်ခုလေလားဟု ပြန်ပြန် စဉ်းစားမိသွားသည်။ အနည်းဆုံးတော့ သူ မလာခင် ဝိဇ္ဇာတပိုင်း နောက်ပိုင်းအဆင့်အထိ ရောက်အောင် စောင့်လိုက်သင့်၏။

ဤသည်က ပုန်းအောင်းနေခြင်းထက် ပိုကောင်းပေမည်။ ထို့အပြင် ယခု မိုဝူကျိကိုလည်း အစအနပင် ရှာမတွေ့ရသေးပေ။

***

“ ဝုန်း ” သူ့ခန္ဓာကိုယ်မှ သဘာဝစွမ်းအားများ ထွက်ပေါ်လာသောကြောင့် အရိုးများမှာ ဆက်တိုက် အက်ကွဲလာလေသည်။ မိုဝူကျိ၏ ကျင့်ကြံဆင့်မှာ ဝိဇ္ဇာတပိုင်း အဆင့် ၄ သို့ ရောက်ရှိသွားပြီ ဖြစ်၏။ တစ်ချိန်တည်းဆိုသလို အချိန်အတော်ကြာ အဆင့်မတက်နိုင် ဖြစ်နေသည့် သူ့ခန္ဓာကိုယ်သည်လည်း ဝိဇ္ဇာအလယ်အလတ် ရုပ်ခန္ဓာအဆင့်သို့ ရောက်ရှိသွားလေ၏။

အပြင်ဘက်ကမ္ဘာ၌ နှစ်နှစ်ရာလောက်သာ ကုန်ဆုံးသွားသော်လည်း မိုဝူကျိက အချိန်စက်ဝန်းပြားထဲ၌ ကျင့်ကြံနေသည်မှာ နှစ်တစ်သိန်းကျော်သွားပြီ ဖြစ်သည်။ သူ့ခြေထောက်အောက်ရှိ ဂြိုလ်မူလဗဟိုချက်သည်လည်း လက်သီးအရွယ်အစားမျှသာ ကျန်ရှိတော့သည်။

မိုဝူကျိက ဂြိုလ်ဗဟိုချက်ကို သိမ်းကာ ထရပ်လိုက်သည်။ နေရာရှိ နတ်ဝိညာဉ်သွေးကြောများမှာလည်း မကြာခင် အမှုန့်ဖြစ်သွားလေသည်။

မိုဝူကျိ ထရပ်လိုက်ပြီးနောက် ဝိဇ္ဇာသူတော်စင်မလည်း နှိုးထလာသည်။ ထိုစဉ် သူမခန္ဓာကိုယ်မှာ ပုံသဏ္ဍာန်ပေါ်နေပြီ ဖြစ်ရာ ခန္ဓာကိုယ် ပြန်ရလာသည်နှယ် ပေါ်နေသည်။ သူမ ကျင့်ကြံဆင့်မှာလည်း ဝိဇ္ဇာတပိုင်း အဆင့် ၆ သို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်၏။

အဓိကအကြောင်းအရင်းမှာ သူမအနေနှင့် ရှားရိုယင် လုပ်ကြံမှုကို ခံထားရသည်မှာ သိပ်မကြာမြင့်သေး၍ ဖြစ်သည်။ ထို့ကြောင့် သူမစည်းမျည်းများက သိသာထင်ရှားနေသေး၏။ အကယ်၍ သူမ၏ ခန္ဓာကိုယ် ပျောက်ဆုံးသွားသည့်အချက်ကြောင့်သာ မဟုတ်လျှင် ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနိုင်လောက်သည်။

“ တာအိုရောင်းရင်းမို ကျေးဇူးပါ ..” ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ထရပ်လိုက်ပြီး မိုဝူကျိအား အလေးအနက် ကျေးဇူးတင်လိုက်သည်။ မိုဝူကျိ၏ ထောက်ပံ့ပေးမှုမှာ သူမအတွက် အကျိုးမြတ်အများကြီး ဖြစ်ထွန်းစေခဲ့သည်။

မိုဝူကျိက လက်ဝေ့ပြလိုက်ရင်း

“ ပိအန်းပန်းကို ပေးတဲ့အတွက် ကျေးဇူးပါ … အဲဒါက ကျုပ်အလိုအပ်နေဆုံးအရာပဲ။ ကျုပ် နတ်ဘုရားနားခိုရာ နယ်မြေဆီ သွားလိုက်ဦးမယ်။ တာအိုရောင်းရင်း ကြာပန်းနီရော လိုက်ဦးမလား ”

သူ နတ်ဘုရားနားခိုရာ နယ်မြေဆီ ဝင်လိုသည့် အဓိက အကြောင်းအရင်းမှာ ဝိဇ္ဇာတုမင်ယွမ်အား သင်ခန်းစာပေးလို၍ ဖြစ်သည်။ သူက မင်ယွမ်ဆီမှ ကျင့်ကြံရေး အရင်းအမြစ်များ ယူဖို့လည်း ကြံရွယ်ထားသေး၏။ ထို့အပြင် သူက ခွန်းယွင်ကို ရှာရဦးမည် မဟုတ်ပါလော။ ယခင် သူ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော ငါးရာ ရခဲ့စဉ်အခါက ခွန်းယွင်အား နှစ်ခု ကူညီပေးမည်ဟု ကတိပေးခဲ့သည်။ နောက်ဆုံးတော့ သူက တစ်ခုသာ ကူညီပေးနိုင်ခဲ့သည်။ ယခု သူ ပြန်ရောက်လာပြီ ဖြစ်ရာ ခွန်းယွင်အား နောက်တစ်ခု ကူညီပေးရမည်။

ရှားရိုယင်ကို  ရှာဖို့ ကိစ္စကိုကား မိုဝူကျိအနေနှင့်  အတိတ်တုန်းက ဆုံးဖြတ်ချက်မျိုးနှင့် မတူတော့ပေ။ ဤသည်မှာ သူက ရှားရိုယင်သည် နတ်ဘုရား နားခိုရာနယ်မြေတွင် ရှိထားကြောင်း သိထားသည့်အခါတွင်ပင် ဖြစ်၏။

ယခင် မိုဝူကျိက ရှားရိုယင်အား ရှာကာ သူ့အား အဘယ်ကြောင့် လုပ်ကြံခဲ့လဲဟု မေးချင်သော်လည်း ယခုအခါ ထိုဆုံးဖြတ်ချက်မှာ ပျောက်ကွယ်သွားလေပြီ။

သူမကို အကြောင်းအရင်း မေးဖို့လား …. နှလုံးသားနက်နဲ့ လူကို မေးလို့ ဘာအသုံးဝင်မှာလဲ ….

လုပ်ကြံခံရခြင်းအတွက်မူ သူက လူများစွာ၏ လုပ်ကြံမှုကို ခံနေရသည် မဟုတ်ပါလော။

တာအိုအုပ်စိုးသူ အရှင်မဟာသဲကန္တာရ၊ မင်ယွဲ့၊ မုန့်ယဲ့ … 

ရှားရိုယင်က သူ့ကို သစ္စာဖောက်သွားသည့် တစ်ယောက်အနက်ထက် မပိုပေ။ သူ့အမြင်၌ သူမက ကိုယ်ပိုင်အကျိုးမြတ်အတွက် စိတ်နှလုံးသား ညစ်ညမ်းသွားသူ တစ်ဦး ဖြစ်ပေသည်။ သူမက သူ့ကို သစ္စာဖောက်သည့် တခြားသူများနှင့် ဘာမှမထူးပေ။

ဝိဇ္ဇာသူတော်စင်မက အနည်းငယ် တုံ့ဆိုင်းပြီးနောက် ခေါင်းခါလိုက်သည်

“ ကျွန်မရဲ့ လက်ရှိကျင့်ကြံဆင့်နဲ့ နတ်ဘုရား နားခိုရာနယ်မြေထဲ ဝင်လို့ ဘာမှ အသုံးမဝင်တော့ဘူး။ လက်ရှိ ခန္ဓာကိုယ် ပြန်ရအောင် လုပ်ဖို့ လိုတယ်။ နတ်ဘုရားနားခိုရာ နယ်မြေမှာ ကျွနမ လိုအပ်နေတဲ့ ရတနာ မရှိဘူး။ အဲဒါကြောင့် ကျွန်မ ဒီနေရာကနေ ထွက်သွားတော့မယ် … ”

ဝိဇ္ဇာသူတော်စင်မက ပြောလိုက်ပြီးနောက် ဆက်မပြောတော့ပေ။ သူမ ကျင့်ကြံဆင့်မှာ ကန့်သတ်ချက်ရှိနေ၍ ဤနေရာမှ ထွက်သွားဖို့ နည်းလမ်း မရှိပေ။

မိုဝူကျိကို အကူအညီ တောင်းရမည်လား ….

မိုဝူကျိက နတ်ဘုရား နားခိုရာနယ်မြေထဲ ဝင်မည် ဖြစ်ကာ သူမအနေနှင့် မည်သို့ အကူအညီ တောင်းရမည်နည်း။

“ ကြာပန်းနီကို ယူသွားတဲ့ အမျိုးသမီးကို ထပ်မရှာတော့ဘူးလား ” မိုဝူကျိက မရေမရာ မေးလိုက်သည်။

ဝိဇ္ဇာသူတော်စင်မ၏ ခန္ဓာကိုယ်အစစ်သည် ကြာပန်းနီ ဖြစ်ကာ ရှားရိုယင်က ယူဆောင်သွားခဲ့သည်။ အကယ်၍ သူမကြာပန်းနီသာ ပြန်ယူနိုင်ပါက တခြားရတနာ လိုအပ်မည် မဟုတ်ပေ။

ဝိဇ္ဇာသူတော်စင်မက ခဏတာ တိတ်ဆိတ်သွားပြီး

“ တကယ်လို့ ကျွန်မ သေသွားခဲ့ရင် ရှားရိုယင်၏ ကြာပန်းနီက မိုးမြေထဲမှာ တစ်ပွင့်တည်းသော ကြာပန်းနီ ဖြစ်သွားလိမ့်မယ်။ အဲဒါကြောင့် တကယ့် အစစ်အမှန်  ကံကြမ္မာ ထိပ်သီးရတနာ ဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ ကျွန်မက မသေခဲ့တော့ ခန္ဓာကိုယ် ပြန်ရပြီးတာနဲ့ အဲဒီကြာပန်းနီရဲ့ တာအိုစည်းမျည်းတွေအားလုံး ကျွန်မဆီ ပြန်ရောက်လာလိမ့်မယ်။ အဲဒီကြာပန်းနီက ထိပ်တန်း ပန်းပဲပစ္စည်းတစ်ခုထက် ပိုမှာ မဟုတ်ဘူး။

နောက်ထပ် အကြောင်းအရင်းတစ်ခု ရှိသေးတယ်။ ရှားရိုယင်က ပြန်လည်ဝင်စားခြင်း ကြေးမုံကို ပိုင်ဆိုင်ထားတယ်။ အဲဒါက အတော်လေး အံ့ဩဖို့ ကောင်းတယ်။ ရှားရိုယင်ရဲ့ တွေးခေါ်မှုနဲ့ဆိုရင် သူမက ဒီအချိန်အတွင်း ဝိဇ္ဇာတပိုင်းအဆင့်ရောက်ဖို့ အသုံးချလိမ့်မယ်။ ကျွန်မမှာ ခန္ဓာကိုယ် မရှိဘူးဆိုတော့ နတ်ဘုရားနားခိုရာ နယ်မြေထဲ ဝင်ရင် ကိုယ့်ဘာသာ အရှက်ခွဲနေတာနဲ့ အတူတူ ဖြစ်လိမ့်မယ် … ”

မိုဝူကျိက အချိန်စက်ဝန်းပြားကို ကိုင်ကာ ဝိဇ္ဇာသူတော်စင်မအား ပြောလိုက်သည်

“ ဒီလိုဆိုမှတော့ တာအိုရောင်းရင်း‌ ကြာပန်းနီကို တစ်ချက် လိုက်ပို့လိုက်မယ်။ နတ်ဘုရားကမ္ဘာအထိ လိုက်ပို့လိုက်မယ်။ ဒါပေမဲ့ နတ်ဘုရားကမ္ဘာရဲ့ ပင်မကိုတော့ မထိဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ လူသားဂိုဏ်းက ကျုပ်ဂိုဏ်း … အဲဒါကိုလည်း မထိဖို့ မျှော်လင့်ပါတယ် ”

ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက မိုဝူကျိ တစ်ယောက် လိုက်ပို့ပေးဖို့ရာ မျှော်လင့်နေလေရာ ယခု မိုဝူကျိက ပြောလာသည့်အတွက် သူမက မြန်မြန် ပြောလိုက်သည်

“ တာအိုရောင်းရင်းမို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တာအိုရောင်းရင်းမို စိတ်ချနေပါ။ ကျွန်မ နတ်ဘုရားကမ္ဘာထဲက တစ်ခုမှ မထိပါဘူး။ နတ်ဘုရားကမ္ဘာကို ဖြတ်သန်းသွားပြီး ထွက်သွားရုံလေးပါ … ”

နတ်ဘုရားကမ္ဘာတွင် သူမ လိုအပ်နေသည့်အရာ မရှိချေ။ သူမ ခန္ဓာကိုယ်အစစ်မှာ ကြာပန်းနီ ဖြစ်၍ နတ်ဘုရားကမ္ဘာမှ လူတစ်ယောက်အား ဝင်ပူးကပ်၍ မဖြစ်ပေ။

“ ကောင်းပါပြီ ” မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ဝိဇ္ဇာသူတော်စင်မအား အချိန်စက်ဝန်းပြားထဲ ဝင်ဖို့ ခွင့်ပြုလိုက်သည်။ ထို့နောက် သူက အချိန်စက်ဝန်းပြားကို အသက်သွင်းကာ ဝိဇ္ဇာသူတော်စင်မအား ပို့ဆောင်လိုက်၏။

လူတချို့က သူ့အချိန်စက်ဝန်းပြားကို လုယူနိုင်ပေသည်။ မိုဝူကျိ အချိန်စက်ဝန်းပြားကို လုယူနိုင်ခဲ့သည့် အကြောင်းအရင်းမှာ သူက အချိန်စက်ဝန်းပြား အကြောင်း အသေးစိတ်ကို နားလည်သူတစ်ဦး ဖြစ်နေ၍ ဖြစ်သည်။ ပို၍ အရေးကြီးသည်က တာအိုအုပ်စိုးသူ အရှင်အမှောင်ထုသည် သူ့အချိန်စက်ဝန်းပြားသူ ယုံကြည်ချက်လွန်ကဲနေ၍ ဖြစ်သည်။

အချိန်စက်ဝန်းပြားက အာကာပြင်တခွင် သွားလာဖို့ အချိန်စည်းမျည်းကို ဌားယူ၏။ အချိန်တိုလေးအတွင်း ဝိဇ္ဇာသူတော်စင်မအား ပို့ကာ  သူ့ဆီ ပြန်ရောက်လာခဲ့သည်။

မိုဝူကျိက အချိန်စက်ဝန်းပြားကို သိမ်းဆည်းလိုက်ပြီးနောက် နတ်ဘုရားနားခိုရာ နယ်မြေ ဝင်ပေါက်ဆီ ဦးတည်လိုက်သည်။

သူ ပထမဆုံးရောက်လာစဉ်အခါက ထိုဂိတ်ပေါက်ကို ဖွင့်ဖို့ရာ လခြမ်းကွေး ပုဆိန်လှံရှည်ကို လိုအပ်ခဲ့သည်။ သို့သော် ယခုတွင် သူက ဝိဇ္ဇာတပိုင်း အဆင့် ၄ ဖြစ်နေလေပြီ။ သူက လက်နက် မလိုတော့ဘဲ လက်တစ်ချက် ဝေ့ရုံဖြင့် အစီအရင်ဂိတ်ပေါက်အား ဖွင့်ကာ ဝင်နိုင်ပြီ ဖြစ်၏။

*

All Chapters