ရင်ဆိုင်ကာ ရိုက်နှက်ခြင်း
Vol. 164 Ch. 2339
ဖျက်ဆီးခြင်းလှိုင်းများ တဖြေးဖြေး ပျောက်ကွယ်သွားပြီးနောက် ရီဖူရှင်းက ခေါင်းမော့ကာ ကြည့်လိုက်သည်။ ဟွားကျွင်းလိုင်က ကောင်းကင်အမြင့်တွင် ရပ်နေခဲ့ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ငုံ့ကြည့်နေခဲ့သည်။
ဟွားကျွင်းလိုင်က တစ်ချက်ကြည့်လိုက်သည့်အခါ ရီဖူရှင်းသည် ဤလောကကြီးတစ်ခုလုံးက ပြောင်းလဲသွားသလို ခံစားမိလိုက်ပေသည်။ သူ့အနီးရှိ ကောင်းကင်နှင့် မြေကြီးက ယခင်ကကဲ့သို့ ရှိမနေတော့ပေ။ သူက ဟောက်ထျန်းမဟာအင်ပါယာ၏ စွမ်းအားများဖြင့် ဖွဲ့စည်းထားသည့် လောကအတွင်း ပိတ်မိနေခဲ့သည်။ မဟာအင်ပါယာ၏ ပုံရိပ်က သူ့ခေါင်းထက်တွင် ရပ်နေခဲ့၏။
သူ ခံစားလိုက်ရသော ခံစားချက်မှာ ကြယ်ကောင်းကင် ကျင့်ကြံရေးနယ်မြေအတွင်း ကြယ်များနှင့် တသားတည်းဖြစ်နေခဲ့သည့် စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်ကို မြင်ခဲ့ရသော ခံစားချက်မျိုး ဖြစ်သည်။
တစ်ဖက်လူ၏ စွမ်းအားက ကောင်းကင်တစ်ခွင်လုံးကို ပိုင်စိုးထားပြီး သူ၏ မဟာလမ်းစဥ် နယ်မြေအဖြစ် ပြောင်းလွဲသွားပုံရသည်။
နတ်အလင်းတန်းများက ဟောက်ထျန်းမဟာအင်ပါယာထံမှ ထွက်ပေါ်လာသည်။ စွမ်းအားများက အောက်ဘက်သို့ ကျဆင်းလာသည်။ ထိုအခိုက်အတန့်တွင် ရီဖူရှင်းက သူ့ပေါ် ကျဆင်းလာသော ဖိနှိပ်လွှမ်းမိုးနိုင်သည့် စွမ်းအားများကို ခံစားမိပေသည်။ ထိုကဲ့သို့သော နတ်ဘုရားစွမ်းအားမျိုးသည် သူ့အား ပင့်သက်ရှိုက်မိစေသည်။ ရှေးဟောင်းနတ်ဘုရားကလန်၏ ဆက်ခံသူတစ်ယောက်အနေနှင့် ဟွားကျွင်းလိုင်က သံသယဖြစ်ဖွယ်မရှိ ထူးချွန်လှသည့်လူတစ်ယောက် ဖြစ်သည်။ ယခု ရီဖူရှင်း ခံစားနေရသော ဖိအားသည် သူ ရှောင်းမုနှင့် ရင်ဆိုင်ရစဥ်ကနှင့် ဆင်တူပေသည်။
ဟွားကျွင်းလိုင်အတွက် သူ၏ လက်ရှိ အဆင့်အတန်းနှင့် ဟောက်ထျန်းကလန်အတွင်း အားအကောင်းဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက် ဖြစ်ပေလိမ့်မည်။ သူက ကျိန်းသေ ထိပ်ဆုံး၌ ရှိနေခဲ့ပေသည်။ မဟုတ်လျှင် ဤကဲ့သို့သော အနေအထားမျိုး ပိုင်ဆိုင်ထားရန် မဖြစ်နိုင်ပေ။ သူက မူလဘုံတွင် ရှိနေသည့် အချိန်တွင် ဟောက်ထျန်းကလန်ကို ကိုယ်စားနိုင်ပေသည်။
"ရီဖူရှင်း မင်း အမှားလုပ်ခဲ့တာကို ဝန်ခံလား။" အသံတစ်ခုက ပြောလိုက်သည်။ ၎င်းအသံက ကောင်းကင်စွမ်းအားများကဲ့သို့ ရီဖူရှင်း၏ နားစည်အတွင်း တိုးဝင်လာသည်။ ယင်းသည် လေဟာနယ်ကို တုန်ခါစေပြီး အနီးဝန်းကျင်ရှိ လူများ၏ စိတ်ဝိညာဥ်များကို တုန်ခါစေကာ သူတို့၏ စွမ်းအားများကို သက်ရောက်စေခဲ့သည်။ နတ်ဘုရားတစ်ပါးက သူ့ကို မေးခွန်းထုတ်နေသလိုပင် ဖြစ်သည်။ ထိုအသံ၌ မဟာလမ်းစဥ် စည်းမျဥ်းများ ပါဝင်ပေသည်။
"ကျုပ်က ဘာမှားတာလုပ်ခဲ့လို့ ဝန်ခံရမှာလဲ။" ရီဖူရှင်းက ကောင်းကင်ရှိ ဟောက်ထျန်းမဟာအင်ပါယာ ပုံရိပ်ကို မော့ကြည့်လိုက်သည်။ ၎င်းက ဟွားကျွင်းလိုင် ဖန်တီးထားသည့် ပုံရိပ်ယောင်တစ်ခု ဖြစ်ပြီး သူ့ကို ဖိအားပေးရန် မဟာအင်ပါယာဟောက်ထျန်း၏ စွမ်းအားများကို အမှီပြုနေသည်။ ၎င်းသည် ဟောက်ထျန်းမဟာအင်ပါယာ၏ စွမ်းအားများက ရီဖူရှင်း လုပ်ခဲ့သည့် အရာအားလုံးကို အမှန်တကယ် အဆုံးအဖြတ်ပေးတော့မလို ထင်မှတ်ရပေသည်။
အေးစက်ကာ လျစ်လျူရှုသည့် အကြည့်က ရီဖူရှင်း၏ မျက်လုံးများထဲတွင် ဖြန်ပြေးသွားသည်။ သူ့ အကြည့်များထဲတွင် မောက်မာသည့် အရိပ်အငွေ့တို့ ရှိနေခဲ့သည်။ ဟောက်ထျန်းမဟာအင်ပါယာ၏ စွမ်းအားတစ်ခုတည်းနှင့် တစ်ဖက်လူက ဟောက်ထျန်းမဟာအင်ပါယာ၏ ပညာရပ်များကို အပြည့်အဝ ဆက်ခံထားခဲ့ပြီးလျှင်ပင် သူ့ကို အညံ့ခံစေချင်ပါက ထိုသို့ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
ရီဖူရှင်းက လေထဲ၌ ရပ်နေရင်း သူ့ပုံရိပ်မှ ဖြာထွက်လာသည့် နတ်အလင်းတန်းများက ကောင်းကင်တွင် ပြည့်နှက်သွားခဲ့သည်။ အဆုံးမဲ့ နတ်အလင်းရောင်ဝါများက သူ၏ မဟာလမ်းစဥ် နတ်ခန္ဓာမှ ပေါက်ကွဲထွက်လာကာ သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရစေသည်။ သူက အလွန် တောက်ပနေခဲ့သည်။ တစ်ချိန်တည်းတွင် သူ့အနီးဝန်းကျင်၌ ကြယ်အမျိုးမျိုး ပေါ်ပေါက်လာပြီး သူ့ကို ဝန်းရံထားသည်။ မားမားမတ်မတ် ရပ်တည်နေသည့် နတ်ဘုရားတစ်ပါး၏ ပုံရိပ် ထွက်ပေါ်လာသည်။ ၎င်းက စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်ပင် ဖြစ်လေသည်။
ဟွားကျွင်းလိုင်က ဟောက်ထျန်းမဟာအင်ပါယာ၏ စွမ်းအားလေးမျှနှင့် သူ့ကို ဖိအားပေးချင်နေသည်လား။
ယခင်နေ့ရက်များတွင် စီဝေ့မဟာအင်ပါယာက မဟာအင်ပါယာများထဲ၌ အစွမ်းထက်ဆုံး မဟာအင်ပါယာတစ်ပါး ဖြစ်သည်။ ရီဖူရှင်းက သူ၏ ဆက်ခံသူ ဖြစ်လေသည်။ သူက ကြယ်ကောင်းကင်အတွင်း စီဝေ့မဟာအင်ပါယာ၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိကာ စွမ်းအားများကို ဆက်ခံခဲ့သည်။ သူက ထိုသို့သော ဖိနှိပ်မှုမျိုးကို ခွင့်ပြုရန် မဖြစ်နိုင်ပေ။
တောာက်ပသည့် နတ်ရောင်ဝါများက လင်းလက်လာသည်။ အလွန် အစွမ်းထက်သော စွမ်းအားနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ ကောင်းကင်စွမ်းအားများက သူ့အနီး ကောင်းကင်၌ ပြည့်နှက်သွားလျှင်ပင် ရီဖူရှင်းက ထိုနေရာတွင် လှုပ်ရှားမှု ကင်းမဲ့စွာ ရပ်နေဆဲ ဖြစ်သည်။
"ကျုပ် အမှားလုပ်လိုက်မိတယ်ဆိုရင်တောင် မင်းမှာ ဘယ်အချိန်ကစပြီး ကျုပ်ကို စီရင်နိုင်တဲ့ အရည်အချင်း ရှိသွားတာလဲ။" ရီဖူရှင်းက ဟိတ်ဟန်ပါပါ ပြောလိုက်သည်။ ဟွားကျွင်းလိုင်က ရှေးဟောင်းနတ်ဘုရားကလန်မှ ဖြစ်လျှင်ပင် ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိပါသည်လား။
ဟွားကျွင်းလိုင်သည် အမှန်တကယ်ပင် သူ အမှား လုပ်ခဲ့ခြင်းဟုတ်မဟုတ် ဝန်ခံရန် မေးခဲ့သည်။
ရီဖူရှင်းက တောင်းပန်ရန် လိုအပ်သည်ဟု ခံစားမိသော်လည်း ထိုသည်မှာ တစ်ဖက်လူ၏ တောင်းဆိုချက်ကို တွေးတောခြင်း မရှိဘဲ အလျင်အမြန် သဘောတူမိလိုက်ခြင်းကြောင့် ဖြစ်သည်။ သူက နောက်ပိုင်း၌ မည်သို့ဖြစ်ပျက်လိမ့်မည်ကို သိခဲ့လျှင် တစ်ဖက်လူနှင့် မဟာမိတ်ဖွဲ့ဖြစ်လိမ့်မည် မဟုတ်ပေ။
မဟာအင်ပါယာနှစ်ပါးက တိုက်ပွဲမြေပြင်၌ ရှိနေခဲ့သည်။ သူတို့နှစ်ယောက်က ခြိမ်းခြောက်နိုင်သော စွမ်းအားများ ပါဝင်နေသည်။ သူတို့က လေဟာနယ်ကို ဖြတ်ကာ အချင်းချင်း စိုက်ကြည့်နေခဲ့ကြသည်။
သူတို့က ဟောက်ထျန်းမဟာအင်ပါယာနှင့် စီဝေ့မဟာအင်ပါယာတို့ ဖြစ်သည်။
မဟာအင်ပါယာနှစ်ယောက်လုံးက ပြိုင်ဘက်ကင်း အရှိန်အဝါတို့ ရှိကြပေသည်။
ကောင်းကင်ထက်တွင် ဟွားကျွင်းလိုင်က ခေါင်းငုံ့ကာ သူ့လက်ကို မြှောက်လိုက်သည်။ ကြောက်မက်ဖွယ် ဖိအားတို့က လေဟာနယ်ကို ဖြတ်သန်းထိုးဖောက်လာသည်။ နောက်တခဏတွင် ကြီးမားသော လက်ဝါးကြီးက အောက်ဘက်သို့ ကျဆင်းလာပေသည်။ ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးက ဖျက်ဆီးခံလိုက်ရသလို တုန်ခါသွားပေသည်။ ကြောက်မက်ဖွယ် တုန်ခါသံများက ပဲ့တင်ထပ်လာသည်။ ကောင်းကင်တစ်ခွင်လုံးက ပေါက်ကွဲထွက်လာခဲ့သည်။ ထိုလက်ဝါးက ၎င်း၏ လမ်းကြောင်းအတွင်း အရာအားလုံးကို အမြစ်ဖြတ်ဖယ်ရှားပစ်လိုက်ပုံရသည်။
ဤကြီးမားသည့် လက်ဝါးက ကောင်းကင်တစ်ခွင်ကို လွှမ်းမိုးထားခဲ့သည်။ ထိုလက်ဝါးက အဆုံးမဲ့ကာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်ပေသည်။ တစ်စုံတစ်ယောက်က မည်သည့်နေရာသို့ ပြေးသည်ဖြစ်စေ ၎င်း၏ တိုက်ခိုက်ရေးစက်ကွင်းအတွင်းမှ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်ပေ။
ယင်းမှာ ဟောက်ထျန်းကလန်၏ အစွမ်းထက် တိုက်ခိုက်ရေးပညာရပ်ဖြစ်သည့် ဟောက်ထျန်းမုဒြာ ဖြစ်လေသည်။
ဟွားကျွင်းလိုင်က တိုက်ခိုက်လိုက်သည်နှင့် တိုက်ပွဲအား တစ်ချက်တည်း အဆုံးသတ်ချင်သည့် ရည်ရွယ်ချက်ကို ထုတ်ဖော်လာသည်။ သူက ရီဖူရှင်းကို အညှာအတာမဲ့စွာ တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်။
ရှင်းလင်းစွာပင် သူသည် အစောပိုင်းက ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ချိုးဖျက်နိုင်စွမ်း မရှိခဲ့သည့်အတွက် ဒေါသထွက်နေသည်မှာ ထင်ရှားပေသည်။
ထို့ကြောင့် သူသည် ဒေါသထွက်စွာနှင့် ရီဖူရှင်းကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ရည်ရွယ်နေခဲ့သည်။
တစ်ချိန်တည်းတွင် ဟွားကျွင်းလိုင်က တိုက်ခိုက်မှု ထုတ်လွှတ်လိုက်သောအခါ ရီဖူရှင်းအနီးတွင် ကြယ်အလင်းများ စီးဆင်းလာပြီး ကြယ်များက တသားတည်း ဖြစ်လာပေသည်။ စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်နှင့် ရီဖူရှင်း၏ ပုံရိပ်တို့က တသားတည်း ပေါင်းစပ်နေခဲ့သည်။ အသင်္ချေကြယ်စင်နတ်ဓားများက ထိုးထွက်လာသည်။ တောင့်တင်းခိုင်မာသည့် ကျောက်တိုင်များကဲ့သို့ ဓားများက ကျဆင်းလာသော လက်ဝါးကြီးကို ထိုးဖောက်ရန် ကြိုးစားလာသည်။
ဘန်း...
ဟောက်ထျန်းမုဒြာသည် သူ့ပေါ်သို့ ဆက်လက် ဖိနှိပ်လာ၏။ ၎င်း၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးက ဖျက်ဆီးခံလိုက်ရသည်။ ကြယ်စင်နတ်ဓားများကလည်း တူညီစွာပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေသည်။ ကြည့်ရသည်မှာ ၎င်းတို့က ဟောက်ထျန်းမုဒြာ၏ စွမ်းအားကို ခံနိုင်ရည်စွမ်းအား မရှိပုံရသည်။
ဘုန်း...
ကြယ်အလင်းရောင်က သူ့ခန္ဓာကိုယ်ပေါ်တွင် စုစည်းလာ၏။ ရီဖူရှင်းသည် မဟာအင်ပါယာတစ်ပါး ပြန်လည်မွေးဖွားလာသကဲ့သို့ပင် ဖြစ်သည်။ သူ့အနီးရှိ မရေတွက်နိုင်သော ကြယ်စင်နတ်ဓားများက ကောင်းကင်ရှိ ဟောက်ထျန်းမုဒြာဆီသို့ ထိုးတက်သွားခဲ့သည်။ မရေတွက်နိုင်သော ကျောက်တိုင်များက ဟောက်ထျန်းမုဒြာကို အဆက်မပြတ် ထိုးနှက်လာသကဲ့သို့ ထင်မှတ်ရပေသည်။ ၎င်းတို့က အရှိန်အဟုန်ပြင်းစွာ ဖျက်ဆီးပစ်ခံလိုက်ရသော်လည်း အမြစ်ဖြတ်သုတ်သင်ခြင်းကို မခံခဲ့ရပေ။
တစ်ချိန်တည်းတွင် အဆုံးမဲ့နတ်အလင်းတို့အလယ်၌ ရီဖူရှင်း၏ ပုံရိပ်က ချက်ချင်း ကောင်းကင်သို့ ထိုးတက်သွားပေသည်။ သူက လက်ကို မြှောက်လိုက်ပြီး အဆုံးမဲ့ မဟာလမ်းစဥ် စွမ်းအားများက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ကြီးမားသည့် ကြယ်စင်နတ်ဓားတစ်ခု ဖြစ်တည်လာသည်။ နတ်ဓားနှင့် သူ့ပုံရိပ်က ပေါင်းစပ်သွားသလိုပင် ဖြစ်သည်။ ၎င်းက ဟောက်ထျန်းမုဒြာကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
ထို့နောက် ဟောက်ထျန်းမုဒြာ၌ အက်ကြောင်းများ ပေါ်ပေါက်လာကာ လျင်မြန်လှစွာ ကွဲကြေသွားခဲ့သည်။
ဘန်း...
ကျယ်လောင်လှသည့် အသံနှင့် ဟောက်ထျန်းမုဒြာက အပိုင်းပိုင်း ပြိုကွဲသွားခဲ့သည်။ သို့သော် ကြယ်စင်နတ်ဓားသည်လည်း တူညီစွာ အက်ကွဲသွားခဲ့ပေသည်။
ရီဖူရှင်း၏ ပုံရိပ်က ဆက်လက်၍ အပေါ်သို့ တက်သွားခဲ့သည်။ သူသည် ဟောက်ထျန်းမုဒြာကို ချိုးဖျက်ကာ ဓားအလင်းတန်းတစ်ခုကဲ့သို့ ဟွားကျွင်းလိုင်ဆီသို့ တည့်တည့် တိုးဝင်သွားခဲ့သည်။ သူက အလွန် လျင်မြန်လှပေသည်။
ကျင့်ကြံသူများစွာက ထိုမြင်ကွင်းကို မြင်သည့်အခါ သူတို့၏ မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။ ရီဖူရှင်း၏ အသွေးအသားနှင့် ခန္ဓာကိုယ်က ကြောက်မက်ဖွယ် အစွမ်းထက်လှသည်။ သူက ဟွားကျွင်းလိုင်ကို အနီးကပ်တိုက်ခိုက်ရန် စီစဥ်နေသည်လား။
သူတို့အဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူများအတွက် မည်သည့် တိုက်ခိုက်မှုမှာမဆို အကွာအဝေးက လေဟာနယ်တစ်ခွင်လုံးကို ဖြတ်သန်းသွားနိုင်သည်။ ထို့ကြောင့် အနီးကပ်တိုက်ခိုက်ရန် မလိုအပ်ပေ။ ထို့ပြင် အနီးကပ်တိုက်ပွဲက အဝေးမှ တိုက်ခိုက်မှုထက် ပို၍ အန္တရာယ်များပေသည်။
အင်ပါယာရောင်ဝါက တောက်ပလာပြီး ရီဖူရှင်းက မျက်စိတစ်မှိတ်အတွင်း ဟွားကျွင်းလိုင်ထံ တိုးဝင်သွားသည်။ မဟာလမ်းစဥ်က သူ့ခန္ဓာကိုယ်အတွင်း အော်မြည်နေခဲ့သည်။ ဟွားကျွင်းလိုင်သည် ရီဖူရှင်းက သူ့ထံ ခုန်ဝင်လာသည်ကို မြင်သော်လည်း မည်သည့် ကြောက်ရွံ့မှုကိုမှ မပြသခဲ့ပေ။ သူက မရှောင်ခဲ့ဘဲ မဟာအင်ပါယာ၏ အင်ပါယာရောင်ဝါက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလာသည်။ သူ၏ လက်နှစ်ဖက်လုံးက မုဒြာကို ထုတ်လွှတ်ရန် အသင့်ဖြစ်နေသကဲ့သို့ ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အရှိန်အဝါတို့ ထွက်ပေါ်လာသည်။ ရီဖူရှင်း နီးကပ်လာသည့်အခါ ဟွားကျွင့်လိုင်က လက်နှစ်ဖက်လုံးနှင့် အောက်ဘက်သို့ ရိုက်ချလိုက်သည်။ ဟောက်ထျန်းမုဒြာက ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
အင်အားနှစ်ခုက ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။ ရီဖူရှင်း၏ အသွေးအသားများက ဓားတစ်လက်ကဲ့သို့ ထက်ရှနေသည်။ ယင်နှင့် ယန် စွမ်းအားတို့က သူ့ခန္ဓာကိုယ်မှ အဆက်မပြတ် ပေါက်ကွဲထွက်လာသည်။ သူက ဟွားကျွင်းလိုင်၏ လက်ဝါးများနှင့် ထိပ်တိုက်တွေ့ဆုံသည့်အခါ ဓားတစ်လက်ကဲ့သို့ ပြောင်းလဲသွားပုံရသည်။
ကောင်းကင်က အချိန်မရွေး ပြိုကျတော့မလို ထင်မှတ်ရသည်။ မဟာလမ်းစဥ်၏ ကြောက်မက်ဖွယ် မုန်တိုင်းက ထွက်ပေါ်လာပေသည်။ သူတို့နှစ်ယောက်က အမှန်တကယ် အနီးကပ် ရင်ဆိုင်တိုက်ခိုက်တော့မည် ဖြစ်သည်။ သူတို့က တစ်ခေါက်ပြီး တစ်ခေါက် တိုက်ခိုက်နေကြသည်မှာ ရပ်တန့်မည့် လက္ခဏာ မရှိပေ။
ကျင့်ကြံသူများစွာက တိုက်ပွဲမြေပြင်သို့ ကြည့်လိုက်ကြသည်။ အောက်ဘက်ရှိ လူအများက ထိုစွမ်းအားများ၏ အဖျားခတ်မှုကို ကာကွယ်ရန် မဟာလမ်းစဥ် စွမ်းအားများကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် မုန်တိုင်းများက ကောင်းကင်ထက်တွင် ထွက်ပေါ်လာခဲ့ပြီး ကျယ်ပြောလှသည့် လေဟာနယ်ကို လွှမ်းခြုံသွားခဲ့သည်။ တိုက်ပွဲမှ လေဟာနယ်က ပြိုကျသွားသလို ထင်မှတ်ရသည်။ ကျင့်ကြံသူများသည် ဟွားကျွင်းလိုင်၏ အခြေအနေကို သတိပြုမိကြသည်။ သူက သူ၏ ခွန်အားများကို ပိုမိုသုံးစွဲလာရပေသည်။
အဆုံးတွင် ကြီးမားသည့် ပေါက်ကွဲသံကို ကြားလိုက်သည်။ ဟွားကျွင်းလိုင်၏ ပုံရိပ်က လွင့်စင်သွားသည်။ ခပ်တိုးတိုး ညည်းညူသံထွက်ပေါ်လာပြီး သူက လတ်ဆတ်သော သွေးတို့ ပါးစပ်အပြည့် အန်ထုတ်လိုက်ရပေသည်။