အပြတ်အသတ်ရန်လိုခြင်း
Vol. 164 Ch. 2340
ရီဖူရှင်းက ကောင်းကင်ထက်တွင် ရပ်နေခဲ့စဥ် ဟွားကျွင်းလိုင်က အောက်ဘက်သို့ လွင့်စင်သွားပေသည်။ သူတို့နှစ်ယောက်၏ အနေအထားက ပြောင်းပြန် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
အောက်ဘက်ရှိ အင်အားစုအသီးသီးမှ ထိပ်သီးပုဂ္ဂိုလ်များက လေဟာနယ်အတွင်း တိုက်ပွဲမြေပြင်ကို စူးစိုက်ကာ ကြည့်နေပြီး သူတို့၏ နှလုံးသားများထဲ၌ စိုးရိမ်ပူပန်နေခဲ့သည်။ ဟောက်ထျန်းကလန်၏ ဟွားကျွင်းလိုင်က မူလဘုံမှ ရီဖူရှင်း၏ ချေမှုန်းခြင်းကို ခံခဲ့ရသည်။ ဤကဲ့သို့ အစွမ်းထက်သော တိုက်ပွဲမျိုးတွင် ဟွားကျွင်းလိုင်က သူ့ကို ထိခိုက်ဒဏ်ရာရစေခဲ့သည့် ပြင်းထန်သော တိုက်ခိုက်မှုကို ခံယူခဲ့ရပေသည်။
သိသာစွာပင် သူတို့နှစ်ယောက်၏ ခွန်အားက တူညီသော အဆင့်၌ ရှိမနေခဲ့ပေ။ ရီဖူရှင်းက ဟွားကျွင်းလိုင်ထက် အများကြီး သာလွန်ပေသည်။ အဆုံးမှာတော့ ရီဖူရှင်းက အဆင့်ခုနစ်ရန်ဟောင်ဖြစ်နေချိန်၌ ဟွားကျွင်းလိုင်က အဆင့်ရှစ်ရန်ဟောင်တစ်ပါး ဖြစ်လေသည်။ ဟွားကျွင်းလိုင်က ဆိုးဆိုးဝါးဝါး ထိခိုက်ခံခဲ့ရပြီး သူတို့ကြားမှ ကွဲပြားခြားနားမှုက သိသာလှပေသည်။
လက်ရှိတွင် ရီဖူရှင်းက ကောင်းကင်ထက်၌ မတ်တပ်ရပ်နေကာ နတ်အလင်းများက သူ့ခန္ဓာကိုယ် အနီးဝန်းကျင်တွင် ဝန်းရံနေခဲ့သည်။ သူ၏ အသွင်အပြင်က သူ့ကို ပြိုင်ဘက်ကင်းစေရန် ပြုလုပ်ပေးနေသည်။ သူကိုယ်တိုင်က လောကအလယ်သို့ ဆင်းသက်လာသည့် စစ်မှန်သော မဟာအင်ပါယာတစ်ပါးကဲ့သို့ ဖြစ်ပေသည်။ ရီဖူရှင်းသည် ကောင်းကင်လမ်းစဥ် နတ်ခန္ဓာကို ပိုင်ဆိုင်ထားသည့်အတွက် အမြဲ ဂုဏ်ယူခဲ့ပေသည်။ ထို့ပြင် ထိုအခိုက်အတန့်တွင် သူ၏ ရုပ်ခန္ဓာက အမှန်တကယ် အံ့သြထိတ်လန့်ဖွယ် ကောင်းလှသည်။
ဤရုပ်ခန္ဓာက မဟာအင်ပါယာ ရှန်ကျား၏ နတ်ခန္ဓာမှ ရရှိခဲ့သော နားလည်သဘောပေါက်ခြင်းကို အခြေခံထားပေသည်။
ဟွားကျွင်းလိုင်က အောက်ဘက်သို့ ရိုက်ချခံလိုက်ရပြီးနောက် လက်မလျှော့ခဲ့ပေ။ သူက ခေါင်းမော့ကာ ကောင်းကင်ထက်၌ ရှိနေသည့် ရီဖူရှင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက အေးစက်နေကာ သတ်ဖြတ်ချင်စိတ်များက သူ့ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းနေခဲ့သည်။ နတ်အလင်းတန်းများက ကောင်းကင်အောက်ဘက်သို့ ထိုးဆင်းလာကာ သူ့အပေါ်ကို ကျဆင်းလာပေသည်။ ထိုနတ်အလင်းများ၏ အရိပ်က ပို၍ ရှင်းလင်းလာသည်။ ၎င်းသည် မဟာအင်ပါယာဟောက်ထျန်း ပြန်လည်ရှင်သန်လာသလို ထင်မှတ်ရပေသည်။
ရုတ်တရက် ကောင်းကင်နှင့် မြေကြီးကြား သိမ်မွေ့နက်နဲသော အသံများကို ကြားလိုက်ရပြီး ကြောက်မက်ဖွယ် တုန်ခါသံများ ထွက်ပေါ်လာသည်။ မဟာလမ်းစဥ်မုန်တိုင်းက ဤအဆုံးမဲ့နယ်မြေအတွင်း အရူးအမူးဖြစ်ပေါ်နေပြီး ၎င်းကို လွှမ်းခြုံထားသည်။ ကောင်းကင်ထက်တွင် နားလည်ရန်ခက်ခဲသော အရိပ်တစ်ခု ထွက်ပေါ်လာပြီး ၎င်းက မဟာအင်ပါယာဟောက်ထျန်း၏ ပုံရိပ် ဖြစ်လေသည်။
လောက၏ ဤနေရာတစ်ခွင်သည် ဟောက်ထျန်းမဟာအင်ပါယာ ဖန်တီးထားသည့် သူနှင့် သက်ဆိုင်သော နေရာတစ်ခုကဲ့သို့ ထင်မှတ်မိပေသည်။
ဟွားကျွင်းလိုင်၏ လက်များက ချိပ်စည်းသဏ္ဌာန် ဖွဲ့စည်းလာခဲ့ပြီး ရုတ်တရက် ကောင်းကင်ရှိ မဟာအင်ပါယာများ ပုံရိပ်များကလည်း တစ်ချိန်တည်း လိုက်၍ ပြုလုပ်လာခဲ့သည်။ ၎င်းသည် မှန်များတွင် ရောင်ပြန်ဟပ်နေသကဲ့သို့ တူညီသော အပြုအမူများ ပြုလုပ်ခဲ့ကြသည်။ ယင်းက လောကအတွင်း နတ်ဘုရားချိပ်စည်း၏ တည်ရှိမှုသာလျှင် ရှိနေသလို ထင်မှတ်ရပေသည်။
ဟောက်ထျန်းကလန်မှ ကျင့်ကြံသူများက တိုက်ပွဲမြေပြင်သို့ ကြည့်နေခဲ့ပြီး ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိပေ။ ရီဖူရှင်းက အသာစီးရနေခဲ့လျှင်ပင် ဟွားကျွင်းလိုင်အား ထိခိုက်စေရန် တတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် ရီဖူရှင်း၏ သာလွန်သော စွမ်းအားက ဟွားကျွင်းလိုင်ကို စိန်ခေါ်ရန် ထိုက်တန်ပေလိမ့်မည်။ သူတို့က ရီဖူရှင်းနှင့် ပတ်သတ်၍ မကျေနပ်လျှင်ပင် ရီဖူရှင်းက ပြိုင်ဘက်ကောင်းတစ်ဦး ဖြစ်သည့် အချက်က မပြောင်းလဲနိုင်ပေ။
သူ၏ တိုက်ပွဲစွမ်းရည်က ရှေးဟောင်းနတ်ဘုရားကလန်မှ ပါရမီရှင်များထက် မနိမ့်ကျပေ။ သူ၏ ခွန်အားက ပြိုင်ဘက်ကင်း ဖြစ်လေသည်။
ဘုန်း...
ရီဖူရှင်း၏ မဟာလမ်းစဥ်ခန္ဓာကိုယ်အတွင်း ထိတ်လန့်အံ့သြဖွယ် အသံတစ်ခု အော်မြည်လာသည်။ ကောင်းကင်ထက်တွင် ကြယ်ကောင်းကင်တစ်ခု ပေါ်ထွက်လာပြီး မရေတွက်နိုင်သော ကြယ်များစွာ လှည့်ပတ်လာခဲ့သည်။ နေနှင့်လတို့က ကောင်းကင်ထက်၌ လှည့်ပတ်နေခဲ့ပြီး ကြယ်များမှ ထွက်ပေါ်လာသော အဆုံးမဲ့ နတ်အလင်းတို့က တောက်ပလာခဲ့သည်။ ၎င်းသည် အမှီအခိုကင်းသည့် ကိုယ်ပိုင် လောကတစ်ခုကဲ့သို့ ထင်မှတ်ရသည်။ ထို့နောက် ကောင်းကင်ရှိ ပုံရိပ်များမှ အင်အားနှစ်ခုက ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ကောင်းကင်ကို ထိန်းချုပ်ရန် လုပ်ဆောင်နေသလို ထင်မှတ်ရသည်။
ဘုန်း...
နေမင်းနှင့်လမင်း၏ အလင်းတို့က ကျဆင်းလာပြီး ကြယ်များက လှည့်ပတ်နေခဲ့သည်။ ကြယ်တစ်ခုချင်းစီက ရီဖူရှင်းကို ဗဟိုပြုကာ ဤလေဟာနယ်အတွင်း လှည့်ပတ်နေခဲ့သည်။ ၎င်းတို့က ပိုမိုမြန်ဆန်စွာ လှည့်ပတ်ာလပြီး အော်မြည်နေခဲ့သည်။ ဤလှည့်ပတ်နေသော ကြယ်ကမ္ဘာအတွင်း ကြယ်တစ်ခုချင်းစီတိုင်း၌ ပြိုင်ဘက်ကင်း စွမ်းအားတို့ ပါဝင်နေသည်။
ထိုမျှများပြားသော နတ်အလင်းတန်းများက အလယ်ဗဟို၌ ရှိနေသည့် ရီဖူရှင်းပေါ်သို့ ကျဆင်းလာသည်။ ထိုအခိုက်အတန့်၌ ရီဖူရှင်းသည် ဤလောက၏ အကြွင်းမဲ့ အုပ်စိုးသူကဲ့သို့ ဖြစ်နေခဲ့ပြီး နေမင်းနှင့်လမင်းတို့၏ ဘုရင်၊ ကြယ်များ၏ အရှင်သခင်နှင့် ကြယ်ကောင်းကင်၏ အုပ်ချုပ်သူကဲ့သို့ ဖြစ်သည်။
စီဝေ့မဟာအင်ပါယာ၏ ပုံရိပ်က ပေါ်ပေါက်လာပြီး ကမ္ဘာမြေပေါ် ဆင်းသက်ကာ ရီဖူရှင်းနှင့် ပေါင်းစပ်သွားသည်။ မဟာအင်ပါယာ၏ စွမ်းအားက ဤလောကအတွင်း ဆင်းသက်လာပြီး သူ၏ စွမ်းအားနှင့် ဖိနှိပ်ကာ ဤလောကအတွင်း ဟောက်ထျန်းမဟာအင်ပါယာနှင့် တစ်ချိန်တည်းတွင် ယှဥ်တွဲတည်ရှိနေပေသည်။ နှိုင်းယှဥ်ရလျှင် ထိုလွှမ်းမိုးနိုင်သော စွမ်းအားကြောင့် အနီးဝန်းကျင်ရှိ ဟောက်ထျန်းမဟာအင်ပါယာ၏ အင်ပါယာရောင်ဝါက မှေးမှိန်သွားပေသည်။
ဤသည်က စီဝေ့မဟာအင်ပါယာထံမှ ဆက်ခံရရှိခဲ့သော စွမ်းအားပေလား။ အောက်ဘက်ရှိ ကျင့်ကြံသူများမှာ သူတို့ရှေ့မှ မြင်ကွင်းကို အံ့သြထိတ်လန့်နေခဲ့ကြသည်။ စီဝေ့မဟာအင်ပါယာသည် ရှေးခေတ်အခါတွင် အစွမ်းထက်ဆုံး မဟာအင်ပါယာများထဲမှ တစ်ယောက် ဖြစ်ခဲ့ပြီး စီဝေ့ကြယ်ကမ္ဘာကို ဦးဆောင်ခဲ့သည်။ သူက ကြယ်စွမ်းရည်မဟာလမ်းစဥ်ကို ထိန်းချုပ်နိုင်သည့် ကြယ်များ၏ နတ်ဘုရား ဖြစ်သည်။
ထိုအချိန်တွင် သူတို့က ရီဖူရှင်းထံမှ ချုပ်ကိုင်နိုင်သည့် စွမ်းအားမျိုးကို ခံစားမိကြပေသည်။ ကောင်းကင်အတွင်း ကြယ်များက လှည့်ပတ်နေပြီး စွမ်းအားများက ပို၍ သိမ်မွေ့နက်နဲလာပုံရသည်။
ဟွားကျွင်းလိုင်က မော့ကြည့်လိုက်ပြီး လေဟာနယ်အတွင်း ခမ်းနားထည်ဝါသည့် မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ထိုအခိုက်တွင် သူ၏ နှလုံးသားထဲ၌ ယခင်က ရှိနေခဲ့သည့် ယုံကြည်ချက်များ ပျောက်ဆုံးသွားခဲ့သည်။ သူ့မျက်လုံးများထဲတွင် မောက်မာမှုတို့ ထပ်မရှိတော့ပေ။ သူသည် နောက်ဆုံး၌ မူလဘုံ၏ အရှင်သခင်ဖြစ်သော အဆင့်ခုနစ်ရန်ဟောင်၌ မည်မျှသာလွန်ထူးချွန်သော တိုက်ပွဲစွမ်းရည် ရှိနေကြောင်း သိလိုက်ရပြီဖြစ်သည်။
ဟွားကျွင်းလိုင်သည် တိုက်ခိုက်ရန်အတွက် ဟောက်ထျန်းချိပ်စည်းကို ဖော်ဆောင်လိုက်သော်လည်း သူ့မျက်လုံးများ၌ တွန့်ဆုတ်တွေဝေမှုတို့ ရှိနေခဲ့သည်။ ကောင်းကင်တွင် မရေတွက်နိုင်သော ချိပ်စည်းတံဆိပ်များက တစ်ချိန်တည်း ပေါက်ကွဲထွက်လာပြီး ကောင်းကင်ကို ဖျက်ဆီးပစ်ကာ ရီဖူရှင်းထံ ဦးတည်လာသည်။
သို့သော် ထိုအချိန်တွင် ရီဖူရှင်းအနီး၌ ဝန်းရံနေသည့် ကြယ်များက လျင်မြန်စွာ စီးဆင်းလာပြီး အကြွင်းမဲ့ လေဟာနယ်တစ်ခု ဖြစ်တည်လာစေသည်။ ကောင်းကင်ထက်မှ နတ်ဘုရားချိပ်စည်းများ ကျဆင်းလာသောအခါ ကောင်းကင်နှင့် မြေကြီးက ပြိုကွဲသွားခဲ့ပြီး လေဟာနယ်အတွင်း ပြင်းထန်သည့် အော်မြည်သံများ ထွက်ပေါ်နေသည်။ ကြောက်မက်ဖွယ် မုန်တိုင်းတစ်ခုက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး အဆုံးမဲ့လေဟာနယ်အတွင်း ပျံ့နှံ့သွားကာ အဝေးထိ ဖြန့်ကျက်သွားလေသည်။
သို့သော် ရီဖူရှင်း၏ ခန္ဓာကိုယ်အနီးတွင် စီးဆင်းနေသည့် ကြယ်များသည်ပင် ဖျက်ဆီးခံလိုက်ရပြီး အများစုက ကိုယ်ပိုင် စည်းမျဥ်းများအရ ဆက်လက် လှည့်ပတ်နေကာ ကြယ်ကောင်းကင်၌ နတ်အလင်းများ ပိုမို တောက်ပလာသည်။
ရီဖူရှင်း၏ ထက်ရှသော မျက်လုံးများက ကောင်းကင်နှင့် မြေကြီးတစ်ခွင်ကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူက လက်ကို မြှောက်ကာ လေဟာနယ်အတွင်းသို့ လက်ညှိုးညွှန်ပြလိုက်ပြီး ကြယ်များက စတင်စီးဆင်းလာကာ ကောင်းကင်နှင့် ကမ္ဘာမြေအနီး အပြင်းအထန် တိုးဝင်သွားသည်။
ဘန်း.. ဘန်း... ဘန်း....
ကောင်းကင်နှင့် မြေကြီးကို ပြိုကျစေသည့် ကြောက်မက်ဖွယ် အသံတစ်ခုက ထိုသိမ်မွေ့နက်နဲသော အင်ပါယာအရိပ်များနှင့်အတူ ထွက်ပေါ်လာသည်။ ကြယ်အလင်းရောင်များက တစ်ခုတည်းအဖြစ် ဆက်သွယ်သွားပြီး နေမင်းနှင့်လမင်းမှ အလင်းတို့က အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ မကြာခင်မှာပင် အားလုံးသော အင်ပါယာအရိပ်များက ပြိုကွဲသွားပြီး တစ်ဖက်လူ၏ မဟာလမ်းစဥ် နယ်မြေကို ဖျက်ဆီးပစ်လိုက်သည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်က အလင်းများနှင့် တောက်ပနေခဲ့သည်။ ၎င်းသည် မဟာအင်ပါယာတစ်ပါး ကမ္ဘာမြေသို့ ဆင်းသက်လာသကဲ့သို့ပင် ဖြစ်သည်။ သူက အောက်ဘက်ရှိ ဟွားကျွင်းလိုင်ကို ကြည့်လိုက်ပြီး လက်မြှောက်ကာ ညွှန်ပိုက်သည်။ ရုတ်တရက် ကြယ်စင်နတ်ဓားတစ်လက်က လေဟာနယ်ကို ထိုးဖောက်ကာ အရာအားလုံးကို ဖြတ်ကျော်သွားသည်။ ဟွားကျွင်းလိုင်က နတ်ဘုရားချိပ်စည်းကို ထုတ်လွှတ်လိုက်သော်လည်း အချည်းနှီး ဖြစ်သွားခဲ့ပေသည်။ ကြယ်စင်နတ်ဓားက ကြောက်မက်ဖွယ် အရှိန်အဟုန်ကို သယ်ဆောင်ထားပြီး ချက်ချင်းပင် ဟွားကျွင်းလိုင်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
ဘုန်း...
အလွန် ကြောက်မက်ဖွယ် မုန်တိုင်းက ထွက်ပေါ်လာပြီး ကြယ်စင်နတ်ဓားက ဟွားကျွင်းလိုင်၏ အရှေ့၌ ရပ်တန့်လာသည်။ ထိုကြောက်မက်ဖွယ် ဖျက်ဆီးခြင်းမုန်တိုင်းက ဟွားကျွင်းလိုင်ထံ ရောက်လာသည့်အခါ သူ၏ အဖြူရောင်ဝတ်စုံနှင့် ရှည်လျားသော ဆံပင်တို့က လေထဲတွင် ကခုန်နေခဲ့ပေသည်။
သူ့ခေါင်းထက်တွင် ရစ်ဝဲနေသည့် နတ်ဓားက သူ့အား သတ်လုနီးပါး ဖြစ်လာသောအခါ ဟွားကျွင်းလိုင်၏ မျက်လုံးများက ပွင့်ဟလာသည်။ သူ့မျက်လုံးများထဲ၌ ဝမ်းနည်းမှုအချို့ ရှိနေခဲ့သည်။ သူက ရှုံးနိမ့်ရုံသာမက ဆိုးဆိုးဝါးဝါး ရှုံးနိမ့်ခံခြင်း ဖြစ်ပေသည်။ ယခင်က သူ့ တိုက်ပွဲစွမ်းရည်သည် မဟာအင်ပါယာ၏ စွမ်းအားမှ ပေါက်ကွဲထွက်ပေါ်လာခြင်း ဖြစ်သည်။ သို့သော် ရီဖူရှင်းက မဟာအင်ပါယာ၏ စွမ်းအားများကို ထုတ်ဖော်လိုက်သောအခါ သူက မတားဆီးနိုင်ခဲ့ပေ။ စီဝေ့မဟာအင်ပါယာ၏ စွမ်းအားများကို ဆက်ခံခဲ့သော ရီဖူရှင်းသည် သူတို့ ခန့်မှန်းထားသည်ထက် အားကောင်းလှသည်။
ထိုအခိုက်အတန့်တွင် ကျင့်ကြံသူများသည် ယခင်က ရီဖူရှင်း ပြောခဲ့သည့် စကားများကို သတိရလိုက်ကြသည်။ သူက စွန့်ပစ်ခံကလန်၏ သန့်စင်မြင့်မြတ်နယ်မြေတွင် ကျင့်ကြံချင်လျှင် သူသည် ရိုးရှင်းစွာဖြင့် ဝင်္ကပါကို ချိုးဖျက်နိုင်ပေသည်။ သူက စွန့်ပစ်ခံကလန်နှင့် စစ်ပြေငြိမ်းစေရန် အခြားနည်းလမ်း အသုံးပြုရန် မလိုအပ်ပေ။ သူက စွန့်ပစ်ခံကလန်မှ အဆင့်ခုနစ် ကျင့်ကြံသူများ၏ ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ချိုးဖျက်နိုင်စွမ်း ရှိပေသည်။ ရီဖူရှင်းက သူ၏ တိုက်ပွဲစွမ်းရည်ကို ထုတ်ဖော်ပြလိုက်သည့် အခိုက်အတန့်တွင် မည်သူကမှ သူ့စကားကို သံသယမရှိတော့ဘဲ သူပြောခဲ့သလို အောင်မြင်နိုင်မည်ဟု ယုံကြည်ပေသည်။
ရီဖူရှင်းက ဟွားကျွင်းလိုင်ကို ကြည့်ကာ သူ့လက်အား ဝှေ့ယမ်းလိုက်သည်။ နတ်ဓားက နောက်သို့ ပျံထွက်သွားပြီး ဟွားကျွင်းလိုင်ကို မသတ်ဖြတ်ခဲ့ပေ။ သူက ဟွားကျွင်းလိုင်ကို အမှန်တကယ် မသတ်ဖြတ်ချင်ခဲ့ချေ။ သူတို့က ကမ္ဘာမကြေရန်သူများ မဟုတ်ဘဲ သူတို့ကြားတွင် ရန်ငြိုးကြီးကြီးမားမား မရှိပေ။
"တခြားလူတွေ မင်းအပေါ် မလုပ်စေချင်တဲ့ အရာကို တခြားလူတွေအပေါ်လည်း မလုပ်နဲ့။ ဒီရှန်းယိကုန်းမြေက သခင် မရှိတဲ့ နယ်မြေဖြစ်နေပြီး အုပ်ချုပ်မယ့်လူ ဘယ်သူမှ မရှိရင် ကိုယ်တိုင်အတွက် ယူဖို့ ကြိုးစားတာ ကိစ္စမရှိဘူး။ ဒါပေမယ့် စွန့်ပစ်ခံကလန်က ဒီကုန်းမြေပေါ်မှာ တည်ထောင်ထားခဲ့ပြီး နှစ်ပေါင်းများစွာ ကုန်းမြေကို စောင့်ကြပ်လာခဲ့တယ်။ သူတို့ဆီက ဘယ်သူကမှ ယူသွားလို့မရဘူး။" ရီဖူရှင်းက ရှင်းလင်းပြတ်သားစွာ ပြောဆိုလိုက်သည်။
သို့သော် အခြားအင်အားစုများမှ ကျင့်ကြံသူများက သူ ပြောသည့်စကားအတွက် စိတ်မလှုပ်ရှားခဲ့ပေ။ သူတို့က အချိန်အကြာကြီး နေထိုင်လာခဲ့ပြီး အတွေ့အကြုံလည်း ပိုရှိသည်။ အများစုမှာ လွန်ခဲ့သော နှစ်ပေါင်းသုံးလေးရာခန့်က ပရမ်းပတာနှင့် ပျက်သုဥ်းခြင်းခေတ်ကို တွေ့ကြုံခဲ့ရပြီး ကျင့်ကြံခြင်းလောက၏ ရက်စက်ကြမ်းကြုတ်မှုများကို မြင်တွေ့ခဲ့ဖူးပြီ ဖြစ်သည်။
ရီဖူရှင်းက အလွန် ပရိယာယ်ကြွယ်ဝပေသည်။
ကျင့်ကြံသူများ၏ လောကက ရက်စက်ကြမ်းကြုတ်လှပြီး လုယက်ဖျက်ဆီးမှုများမှာ ပုံမှန်သာ ဖြစ်သည်။ တစ်နေ့၌ သူတို့က တူညီသော အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရလျှင် မည်သူကမှ သူတို့က သူတို့ကို သနားညှာတာလိမ့်မည် မဟုတ်ပေ။ သူတို့က လိုချင်သည့်အရာအတွက် လုယက်ရန်ဟူသည့် ရွေးချယ်မှုကိုသာ တူညီစွာ ပြုလုပ်ကြပေလိမ့်မည်။