← Chapters

ခင်ဗျားနေရာကို ဘယ်သူ ဖျက်စီးလိုက်တာလဲ

Vol. 84 Ch. 1173

ခင်ဗျားနေရာကို ဘယ်သူ ဖျက်စီးလိုက်တာလဲ

Vol. 84 Ch. 1173

မိုဝူကျိက နတ်ဘုရာနားခိုရာနယ်မြအတွင်း ရောက်လာသည်။ ဤနေရာရှိ သတ်ဖြတ်ငွေ့များက အားကောင်းနေဆဲ ဖြစ်သည်။ သို့သော်လည်း တခြားသူများ၏ အရိပ်အယောင် မရှိချေ။ ယခင် ပထမအကြိမ် ရောက်လာစဉ်နှင့် ယှဉ်ကြည့်ပါက နတ်ဘုရားနားခိုရာနယ်မြေသည် အတော်လေး လူသူကင်းမဲ့နေ၏။

မိုဝူကျိက စိတ်ထဲ မထားပေ။ ယခု သူက ဝိဇ္ဇာတုမင်ယွမ်ကို ရှာချင်မိသည်။

မင်ယွမ်က နတ်ဘုရားနားခိုရာ နယ်မြေ၌ နံပါတ်တစ် ပုဂ္ဂိုလ် ဖြစ်ပေသည်။ နတ်ဘုရားနားခိုရာ နယ်မြေမှ လူများသည် သူ့စကား နားမထောင်ကြသော်လည်း သူက ဤနေရာကို ထိန်းချုပ်သူ တစ်ဦး ဖြစ်နေသေး၏။

မင်ယွမ်ဆီတွင် များပြားစွာသော ကျင့်ကြံရေး အရင်းအမြစ်များ ရှိပေသည်။ ယခင် သူက ဝိဇ္ဇာတုမင်ယွမ်၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ ယခု သူ ပြန်ရောက်လာပြီ ဖြစ်၍ လျော်ကြေးတောင်းရမည်။

နတ်ဘုရား နားခိုရာနယ်မြေ၏ မင်ယွမ်က ဝိဇ္ဇာအဆင့်နား ကပ်ကာ ဝိဇ္ဇာတပိုင်း အဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့် ရောက်နေလောက်လေပြီ။ သို့သော်လည်း မိုဝူကျိက စိတ်ထဲ မထည့်ပေ။ သူက ဝိဇ္ဇာတပိုင်း အဆင့် ၁ ဖြစ်နေလျှင်ပင် ဝိဇ္ဇာတုမင်ယွမ်အား မကြောက်ပေ။ ထို့အပြင် ယခုလက်ရှိ သူက ဝိဇ္ဇာတပိုင်း အဆင့် ၄ သို့ ရောက်ရှိကာ အဆင့် ၅ ရောက်ဖို့ ခြေတစ်လှမ်းမျှသာ လိုအပ်တော့သည်။

မိုဝူကျိ ပထမအကြိမ် ရောက်လာစဉ်က မင်ယွမ်သည် ရွှေရောင်ဝင်းထိန်နေသည့် တောင်ထိပ်တွင် နေခဲ့သည်။ တောင်အောက်ခြေမှ ဦးတည်ထားသည့် ရွှေရောင်လမ်းကြောင်းကြီးတစ်ခု ရှိနေသည်။

သို့သော်လည်း မိုဝူကျိက ထပ်ရောက်လာသည့်အခါ အပြောင်းအလဲကို ကြည့်ကာ အနည်းငယ် အံ့အားသင့်မိသွားသည်။ ယခင် ကြီးကျယ်ခမ်းနားလှသော တောင်ကြီးက တောင်ထိပ် မရှိတော့ပေ။ တောင်ကို ကွေ့ပတ်ကာ စီးဆင်းနေသည့် မြစ်လည်း တစစီ ဖြစ်သွားလေပြီ။ ရွှေရောင်လမ်းကြောင်းကိုတော့ မြင်ပင် မမြင်ရတော့ချေ။ တောင်ကို ကာရံထားသော အတားအဆီးများလည်း ပျောက်ကွယ်သွားလေပြီ။

မိုဝူကျိက ‌ခြေတစ်လှမ်းဖြင့် တောင်ထိပ်သို့ ရောက်ရှိလာသည်။ ဤသည်မှာ ဝိဇ္ဇာတု မင်ယွမ် နေထိုင်ခဲ့သည့် ဝိဇ္ဇာတောင်တန်း ဖြစ်၏။ သို့သော် ယခုတွင်  ဝိဇ္ဇာတုကို မဆိုထားနှင့် ဝိညာဉ်တစ်ခုပင် မတွေ့ရချေ။

မိုဝူကျိက ကူကယ်ရာမဲ့စွာဖြင့် ခွန်းယွင်ထံ လှမ်းအကြောင်းကြားလိုက်ပြီး တောင်ပေါ်မှ ဆင်းလာလိုက်သည်။

အကယ်၍ သူသာ မင်ယွမ်နှင့် ခွန်းယွင်ကို ရှာမတွေ့လျှင် ထွက်သွားဖို့သာ ရှိမည်။ နတ်ဘုရားနားခိုရာ နယ်မြေသည် ကြီးမားကျယ်ပြောသောကြောင့် မိုဝူကျိက အချိန်မဖြုန်းလိုပေ။ သူ့တွင် ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြောတချို့ ရှိနေသေး၏။ သူတို့က သူ့အား ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့် ရောက်အောင် ကူညီမပေးနိုင်သော်လည်း အနည်းဆုံတော့ ဝိဇ္ဇာတပိုင်း အဆင့် ၇ သို့ ရောက်နိုင်သေးသည်။

မိုဝူကျိက ဝိဇ္ဇာတပိုင်း အဆင့် ၇ ဖြင့် ဝိဇ္ဇာတပါးကို အနိုင်ယူနိုင်ပါ့မလား မသိသော်လည်း  ဝိဇ္ဇာအဆင့် ၄ နှင့် ဝိဇ္ဇာလော့ရှုကြားတွင် ကွာခြားချက် ရှိနေသေးကြောင်း သိထား၏။

***

“ ခွန်းယွင် … မင်းကိုယ်မင်း လွတ်လွတ်လပ်လပ် နေနိုင်ပြီ ထင်နေလား ” ခွန်းယွင်က ဝါးတောအုပ်ထဲ ပြေးဝင်သွားပြီးနောက် ခပ်ဩဩ အသံတစ်သံ ထွက်ပေါ်လာသည်။

“ မဟာဝိဇ္ဇာ …” ခွန်းယွင်က သူ့ရှေ့ရှိ အမျိုးသားကို ကြည့်ကာ အနည်းငယ် ဖြူဖျော့နေသည်။ ဤလူက အရပ်ပုသော်လည်း မြင့်မားသည့် ရွှေရောင် သရဖူကို ဝတ်ဆင်ထားပေသည်။ ထိုလူနောက်တွင် ခန္ဓာကိုယ် ပြန်လည် တည်ဆောက်ပြီးခါစ ဖြစ်သည့် သဟဇာတ နတ်ဘုရားအဆင့် နှစ်ယောက် ရှိနေသည်။

သရဖူနှင့် ပုတိုတို အမျိုးသားက ရယ်မောကာ

“ ခွန်းယွင် …. ငါက မဟာဝိဇ္ဇာလို့ မှတ်မိနေသေးလိမ့်မယ်လို့ မထင်ဘူး။ ငါ့တောင်ဆီ ရောက်လာတုန်းက မင်းကို အပြစ်မပေးခဲ့ဘူး။ မင်းအင်အား ပြန်ကောင်းလာဖို့ ကျင့်ကြံရေး အရင်းအမြစ်တွေတောင် ပေးခဲ့သေးတယ်။ ဒါပေမဲ့ မင်းရဲ့ အပြုအမူတွေက ငါ့ကို စိတ်ပျက်စေတယ် ”

“ မဟာဝိဇ္ဇာ … အဲဒီအတွက် ကျုပ်ကို အပြစ်တင်လို့ မဖြစ်ဘူးလေ။ ကျုပ်နဲ့ မိုဝူကျိကြားက ဆက်ဆံရေးက အပေါ်ယံလေးပဲ။ ကျုပ်တို့တွေက အခွင့်ကြံကြိုက်လို့ တွေ့ဆုံခဲ့တဲ့ သူစိမ်းတွေပါ ” ခွန်းယွင်က ကြောက်ကြောက်လန့်လန့် မြန်မြန် ပြောလိုက်သည်။

“ သူဇာစ်မြစ်ကို ပြောပြစမ်းပါဦး ” မဟာဝိဇ္ဇာက မျက်နှာအမူအယာ အပြောင်းအလဲမရှိ ပြောလိုက်သည်။

ခွန်းယွင်က မိုဝူကျိကို မည်သို့ ရန်လုပ်ရဲမည်နည်း။ သူက မိုဝူကျိ၏ အင်အားကို အားလုံးထက် ပို၍ သိပေသည်။ မိုဝူကျိကို ရန်ပြုခြင်းက ဤမဟာဝိဇ္ဇာကို ရန်ပြုခြင်းမိထက် ပိုဆိုးရွားသွားနိုင်သည်။

“ မဟာဝိဇ္ဇာကို ဖြေကြားအပ်ပါတယ် … ကျုပ်က အာကာပြင်ထဲ သွားလာရင်း မိုဝူကျိနဲ့ တွေ့ခဲ့တာပါ။ အဲတုန်းက ကျုပ်ကလည်း နတ်ဘုရားသင်္ချိုင်းတောင်ကြား ဝင်ပေါက်ကို ရှာနေခဲ့တာပါ။ အဲဒီလူက အရမ်းအားကောင်းပြီးတော့ ကျုပ်က သူ့ပြိုင်ဖက် မဖြစ်ခဲ့ဘူး။ နောက်ဆုံးမှာကျ ဒီနေရာကို သူ့ကြောင်း အတင်းကျပ် ဝင်လာခဲ့ရတာပါ … ”

“ ဟင်း …” မဟာဝိဇ္ဇာက ခွန်းယွင် စကားကို ဖြတ်ပြောလိုက်သည်

“ မင်းက ညာနေတာပဲ …. မင်းက ခရီးသွားနေရင်း မိုဝူကျိနဲ့ တွေ့လာတာ မဟုတ်ဘူးမလား။ တကယ်လို့ မင်း နောက်ထပ် လိမ်ရဲရင် မင်းရဲ့ ဝိညာဉ်နဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို တစစီ လုပ်ပစ်တဲ့အခါ လာအပြစ်မတင်နဲ့။

ငါ့ဆီကနေ မင်းရဲ့ ရတနာ ပြန်တောင်းတာ အပေါ်ယံဆိုတာ ငါ မသိဘူး မထင်နဲ့  …. တကယ်တော့ မင်းရဲ့ ရတနာအစစ်အမှန်က နတ်ဘုရားနားခိုရာ နယ်မြေ တစ်နေရာရာမှာ သိမ်းထားတာမလား။ တကယ်လို့ ငါသာ မင်းကို အနီးကပ် စောင့်ကြည့်မနေဘဲ မိုဝူကျိလည်း မင်းဘေး ရှိနေရင် အဲဒီနေရာကို သွားပြီးလောက်ပြီမလား ”

ခွန်းယွင်က ထိုအရာကို ကြားလိုက်သည့်အခါ ချွေးအေးများ ထွက်လာလေ၏။ သူသာ တစ်ခုခု ဖုံးကွယ်ထားမှန်း သိသွားပါက ယနေ့ သေဆုံးမည်မှာ အမှန် ဖြစ်၏။

ခွေးကောင် မင်ယွမ် ….

သူ့နေရာ ဖျက်စီးခံရတာ လက်စားပြန်မချေနိုင်လို့ ငါ ခွန်းယွင်အပေါ် လာဒေါသဖြေနေတာလား ….

ဟူး …. ဘယ်သူကများ ငါ့ကို ဒီနေရာမှာ လာပျော့ညံ့ခိုင်းနေလို့လဲ ….

မိုဝူကျိ …  မိုဝူကျိ …  သစ္စာမရှိလို့ဆိုပြီး  ဒီအစ်ကိုကြီးကို  လာအပြစ်မတင်ပါနဲ့ကွာ

ငါ ဘာမှဖုံးကွယ်ထားလို့ မဖြစ်တော့ဘူး … အဲဒီခွေးကောင် မင်ယွမ်က ဒီနေရာက ထွက်သွားမှာဆိုတော့  မင်းရဲ့ဂိုဏ်းကို မြေခအောင် လုပ်ပစ်နိုင်မှန်း သိထားပေမဲ့ အမှန်အတိုင်း ပြောဖို့ပဲ တတ်နိုင်တယ်ကွာ ….

“အင်း အင်း …. ” ခွန်းယွင်က ထိုစကားနှစ်လုံးကို ပြောလိုက်ပြီးနောက် သူ့လက်ကောက်ဝတ်ရှိ ဆက်သွယ်ရေး ပုတီးစေ့က နှစ်ခါ လင်းလက်လာသည်။

ခွန်းယွင်က နှလုံးခုန် မြန်လာမိ၏။ သူက သတင်းလှမ်းပို့လိုက်၏။ တစ်ချိန်တည်းဆိုသလို သူက ပြောလိုက်သည်

“ မဟာဝိဇ္ဇာ … မိုဝူကျိဆီက အကြောင်းကြားစာ ရလာပါတယ်။ သူက ကျုပ် ဘယ်မှာရှိလဲဆိုတာ မေးနေတယ်။ သူ့ကို လှမ်းအကြောင်းကြားထားပြီးပြီဆိုတော့ ဒီကို ရောက်လာဖို့ နေ့တစ်ဝက်လောက်တောင် မလိုတော့ဘူး။ တကယ်လို့ မဟာဝိဇ္ဇာသာ ဘေးမှာ ပုန်းနေရင် သူ့ကို ဖမ်းနိုင်ပါလိမ့်မယ် ”

မဟာဝိဇ္ဇာက ခွန်းယွင်အား စိုက်ကြည့်ကာ လှောင်ပြောင်လိုက်သည်  “ မင်း ငါ မင်ယွမ်ကို ဘာလုပ်ဆိုပြီး ပြောဖို့ မလိုပါဘူး။ ခွန်းယွင်ကို ဖမ်းထားလိုက်ကြ … ”

ခွန်းယွင်က ထိုစကားများ ကြားလိုက်သည့်အခါ စိတ်ထဲ လေးလံသွားတော့သည်။ သူက ထောင်ထျဲ့အိုးအား မြန်မြန် ထုတ်ကာ ပြောလိုက်သည်   “ မဟာဝိဇ္ဇာ ကျုပ်က ခင်ဗျားလိုချင်တဲ့အတိုင်း လုပ်ပေးပြီးပြီလေ။ ဘာလို့ ဒီဆက်ဆံရေးကို ဖျက်စီးချင်နေရတာလဲ ”

ခွန်းယွင်ခေါင်းအထက်၌ မျှောလွှင့်နေသည့် ထောင်ထျဲ့အိုးကို ကြည့်ကာ မင်ယွမ် မျက်ဝန်း၌ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။ သူက အေးစက်စက် ပြောလိုက်၏  “ လုပ်လိုက်တော့ ”

အမှောင်ထုထဲမှ ပုံရိပ်ဆယ်ခုကျော် ထွက်ပေါ်လာသည်။ ထိုပုံရိပ်များက လှိုင်းနှစ်ခု ဖြစ်သွားကာ တစ်ခုက မိုဝူကျိအား လုပ်ကြံဖို့ ပြင်ဆင်လိုက်ကြပြီး နောက်တစ်လှိုင်းမှာ ခွန်းယွင်ဆီ ချီတက်လာကြသည်။

“ ဝုန်း ဝုန်း ဝုန်း ” တိုက်ခိုက်မှုများစွာက ခွန်းယွင်ဆီ ကျရောက်လာသည်။ သူ့တွင် ထောင်ထျဲ့အိုး အကာအကွယ် ရှိထားသော်လည်း သဘာဝစွမ်းအား တွန်းကန်ချက်ကို ခံရဆဲ ဖြစ်၏။ သူက သွေးတစ်ပွက် အန်လိုက်ရကာ သူ့တာအိုစည်းမျည်းများက ကမောက်ကမ ဖြစ်ကုန်သည်။

“ မင်ယွမ် … လိပ်အိုကြီး …” ခွန်းယွင်က နောက်ထပ် တိုက်ခိုက်မှုကို ကာကွယ်နိင်ရုံလောက်မျှ ဖြစ်ပြီး မင်ယွမ်ကို စတင် ဆဲဆိုလိုက်သည်။

***

မိုဝူကျိက သူ ထွက်သွားသင့်ကြောင်း တွေးမိနေစဉ် ခွန်းယွင်ဆီမှ အကြောင်းကြားစာ လက်ခံလိုက်ရ၏။

“ ညီအကိုမို … ဒီအစ်ကိုကြီးကို မြန်မြန် ကယ်ပါဦး။ ဒီအစ်ကိုကြီးတော့ ကူရှင်းရန်ရဲ့ ဝါးတောအုပ်ထဲမှာ လိပ်အိုကြီး မင်ယွမ်ရဲ့ ဖမ်းထားတာ ခံနေရတယ်။ တကယ်လို့ မင်း နောက်ကျမှ ရောက်လာရင် ဒီအစ်ကိုကြီးတော့ မြေအောက်ကမ္ဘာကို သွားနှင့်လောက်ပြီ။

တကယ်လို့ ငါ သေသွားခဲ့ရင် မင်း အဲဒီရတနာကို မြင်တွေ့နိုင်မှာ မဟုတ်တော့ဘူး။ တကယ်လို့ မင်းအချိန်မီ ရောက်လာခဲ့မယ်ဆိုရင် နောက်ထပ် ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော ၂၀၀ ကို ပေးပြီးတော့ မြင်းတစ်ကောင်လိုမျိုး အလုပ်အကျွေးပြုပါ့မယ်ကွာ ”

ခွန်းယွင်က မင်ယွမ်သည် လုပ်ကြံဖို့ ပြင်ဆင်ထားကြောင်း ထည့်မပြောလိုက်ပေ။ သူက မိုဝူကျိ သိသွားပါက မလာရဲမည်ကို စိုးရိမ်နေ၍ ဖြစ်သည်။ မိုဝူကျိအား မြင်းတစ်ကောင်လို အလုပ်အကျွေးပြုမည့်ဆိုသော စကားကိုတော့ ခွန်းယွင်က များများစားစား စိတ်မပူပေ။ မိုဝူကျိနှင့် ပေါင်းလာသည့်တစ်လျှောက်အတွင်း သူက မိုဝူကျိ၏ အကျင့်စရိုက်ကို နားလည်လာ၏။ မိုဝူကျိသည်  နတ်ဆိုးဆန်ဆန်သူ မဟုတ်ဘဲ အကျိုးအကြောင်းသင့်သူ တစ်ဦးဖြစ်ကြောင်း သိပေသည်။ ထိုအချိန်ကလည်း  သူ့အနေနှင့် မိုဝူကျိအပေါ် ရိုးရိုးသားသား ပြောဖို့ လိုအပ်ပေသည်။

မိုဝူကျိက သိပ်မစဉ်းစားနေပေ။ သူက ဝိဇ္ဇာတုမင်ယွမ်ကို ရှာရန် ရောက်လာခြင်း ဖြစ်ရာ ယခု မင်ယွမ်က ခွန်းယွင်အား ဖမ်းထားလေရာ နှစ်ခါပြန် စဉ်းစားမနေတော့ဘဲ အချိန်စက်ဝန်းပြားကို ထုတ်ယူကာ ဝါးတောအုပ်ဆီ ဦးတည်လိုက်သည်။

အချိန်စက်ဝန်းပြားက မည်မျှ မြန်ဆန်သနည်း။ အသက်ရှိုက်စာအနည်းငယ်အတွင်း အချိန်စက်ဝန်းပြားသည် ခွန်းယွင် အိုးအထက်သို့ ရောက်ရှိလာသည်။

မိုဝူကျိ ရောက်လာသည့်အခါ မိုဝူကျိကို လုပ်ကြံရန် ပြင်ဆင်နေသူများပင် အသင့်မဖြစ်သေးပေ။

“ ခွန်းယွင် …. ခင်ဗျားရဲ့ လိပ်ခွံအိုးကြီးကို သိမ်းထားလိုက်တော့ ” မိုဝူကျိက ပြုံးကာ ပြောလိုက်သည်။ သူက အချိန်စက်ဝန်းပြားကို သိမ်းလိုက်ရင်း ခွန်းယွင်ဘေးသို့ ရောက်ရှိလာသည်။

“ မင်းက တကယ်ကြီး တာအိုအုပ်စိုးသူ အရှင်အမှောင်ထုရဲ့ အချိန်စက်ဝန်းပြားကို ဌားနိုင်ခဲ့တာလား ” ခွန်းယွင်က မင်ယွမ်လူများ အဝိုင်းခံထားရသည်ကိုပင် မေ့လျော့သွားလေ၏။ သူက မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

“ ဘာလဲ … အချိန်စက်ဝန်းပြားကို ဌားလို့ ရတယ် ပြောတုန်းက ညာနေခဲ့တာလား ” မိုဝူကျိက မကျေမနပ် ပြောလိုက်သည်။

ခွန်းယွင်က အသိပြန်ကပ်လာကာ မြန်မြန် လက်ခါပြရင်း   “ ဘယ်လိုလုပ် ဟုတ်ပါ့မလဲ။ တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက ဒီလောက်နှစ်အကြာကြီး ဌားပေးပြီးတော့ ပြန်မယူသေးဘူးလို့ မထင်မိလို့ပါ ”

မိုဝူကျိက နှာခေါင်းရှုံ့ကာ   “ ကျုပ်က ရတနာတွေနဲ့ လဲလှယ်ခဲ့ရတာလေ။ ဘာလို့ သူ့ဆီ ပြန်ပေးရဦးမှာလဲ ”

“ ဟုတ်တာပေါ့ ဟုတ်တာပေါ့ ” ခွန်းယွင်က ထိတ်လန့်နေသည့် စာသဖွယ် ဖြစ်နေသည်။ သူက မိုဝူကျိ စကားကို ပြန်လည် မချေပရဲပေ။ သို့သော်လည်း သူက မိုဝူကျိ စကားကို မယုံကြည်ရဲပေ။

တာအိုအုပ်စိုးသူ အရှင်အမှောင်ထုက သူ့အား အချိန်စက်ဝန်းပြား ပေးလိုက်မည်တဲ့လား … လာညာမနေစမ်းပါနဲ့  ….

 သူ ခွန်းယွင်ကို ဘာမှမသိတဲ့ အရူးများ ထင်နေလား ….

“ မင်းက မိုဝူကျိလား ” မဟာဝိဇ္ဇာ မင်ယွမ်က မိုဝူကျိအား စိုက်ကြည့်လိုက်ပြီး သူ့မျက်ဝန်းကား မီးဟုန်းဟုန်း တောက်လောင်နေသည်။

ခွန်းယွင်၏ ထောင်ထျဲ့အိုးမှာ သူ့အပိုင် ဖြစ်လာရမည်။ ယခု မိုဝူကျိက အချိန်စက်ဝန်းပြားကို ယူလာလေသည်။ ကောင်းကင်ဘုံ၏ အလိုတော်အတိုင်း သူ မင်ယွမ်က ဤရောက်လာမည့် ကပ်ဘေးကြီး၌ အဓိက ဇာတ်ကောင် ဖြစ်လာပေတော့မည်။

မင်ယွမ်က ပြောနေစဉ် လူနှစ်ဆယ်ကျော်က မိုဝူကျိနှင့် ခွန်းယွင်အား ဝိုင်းထားကြသည်။ သူတို့က အစီအရင်အလံများ ဆက်တိုက် ပစ်လွှတ်နေကာ မိုဝူကျိ နောက်တစ်ခေါက် ထွက်ပြေးသွားမည်ကို စိုးရိမ်နေကြသည်။

မိုဝူကျိက စိတ်စွမ်းအားကို မင်ယွမ်ဆီ ပို့လွှတ်လိုက်သည်။ မကြာခင် သူက မင်ယွမ်သည် ဒဏ်ရာရနေဆဲ ဖြစ်ကြောင်း သိသွားလေ၏။

“ ဒီဝိဇ္ဇာတု ဒဏ်ရာရနေတုန်းကို အသံက ဘာလို့ မောက်မာနေရတာတုန်း ….. ခင်ဗျားရဲ့ အစုတ်အပြတ်နေရာဆီ ရောက်ပြီးပြီ။ ဘယ်သူကများ ဖျက်စီးခဲ့ပါ့လိမ့် ” မိုဝူကျိက မထီမဲ့မြင် မေးလိုက်သည်။

***

All Chapters