Vol. 14 Ch. 196
Vol. 14 Ch. 196
"၆.၅ မီလီယမ်..."
၎င်းပမာဏကို ကြားလည်းကြားရော လန်ရိုဗာ ကားပိုင်ရှင်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားခဲ့သည်။
"မော်တော်ဆိုင်ကယ်လေး တစ်စီးက ဘာလို့ အဲ့လောက်တောင် ဈေးကြီးနေတာလဲဟ.."
"ခုမှ သိလည်း နောက်ကျသွားပြီ..."ယာဉ်ထိန်းရဲမှာ ဒရိုင်ဘာလိုင်စင်ကို ပြန်ကမ်းပေးလိုက်ပြီး "ကျုပ်ခု ခင်များကို ကာဗာပေးထားမယ်..သွားလိုက်တော့..ကိုယ့်ကိုယ်ကို အရှက်ကွဲခံမနေနဲ့..."
"ဟုတ်ဟုတ်..ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ..."
ယာဉ်ထိန်းရဲကြီး၏ အကြည့်အောက်တွင် လန်ရိုပါကားကြီးမှာ စိတ်ပျက်အားလျော့စွာဖြင့် မောင်းထွက်သွားခဲ့၏။ လင်းရီလည်း ဘာတစ်ခွန်းမျှ မဆိုဘဲ သူ၏ မော်တော်ဆိုင်ကယ်ကိုသာ အရှိန်တင်လိုက်လေသည်။
ရေနွေးတစ်အိုး ဆူချိန်လောက် ကြာပြီးနောက် လင်းရီ ကျီချင်းရန်နှင့်အတူ ယာလော့ဒီဇိုင်းကုမ္ပဏီထံသို့ ရောက်ရှိလာခဲ့၏။
သူတို့ရောက်သောအခါ ကွမ်းရာနှင့် သက်လတ်ပိုင်းလူတစ်ယောက်မှာ အပေါက်၀၌ သူတို့ကို စောင့်နေကြောင်း မြင်လိုက်ရသည်။
ထင်ထားသည့်အတိုင်း ကျီချင်းရန်ကို စောင့်နေကြခြင်းပင်။
"ဥက္ကဌကျီ ဘယ်ချိန်လာမလဲလို့ မျှော်နေတာ..."
ကျီချင်းရန် ဆိုင်ကယ်ပေါ်မှ ဆင်းလာသည်ကိုမြင်တော့ ကွမ်းရာ နှုတ်ဆက်ရန် သူမညာလက်ကို ဆန့်တန်းလိုက်၏။
သို့သော်လည်း ဆိုင်ကယ်ဦးထုပ် ဆောင်းထားသည့်သူမှာ လင်းရီဖြစ်နေကြောင်းတော့ သတိမမူမိခဲ့။
တစ်ချိန်တည်းတွင် သူမလည်း အနည်းငယ် ထူးဆန်းသလို ခံစားနေရ၏။
ဘော့စ်ကျီလို အဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကောင်းတဲ့သူတစ်ယောက်က ဘယ်လိုလုပ် ဆိုင်ကယ်ကြီးနောက် ဖက်လိုက်လာတာလဲတဲ့....
မဟုတ်မှလွဲရော လမ်းကြပ်လို့များလား..အင်း..အဲ့တာပဲ ဖြစ်လောက်မှာပါလေ...
"အိုး...စောင့်ခိုင်းမိတဲ့အတွက် စိတ်မရှိပါနဲ့နော်.."
ကျီချင်းရန် အားတောင့်အားနာဖြင့် ပြန်ပြောလိုက်သည်။
"ရပါတယ်ရှင် တစ်လှေတည်း စီးနေကြတဲ့ ခရီးသွားတွေပဲကို..အားနာစရာမလိုပါဘူး..."
ထိုသို့ပြောပြီးနောက် ကွမ်းရာ သူမဘေးရှိလူကို ညွှန်ပြလိုက်ပြီး "ဥက္ကဌကျီ..ကျွန်မ မိတ်ဆက်ပေးရဦးမယ်..ဒါက အာရှ ပစိဖိတ်ဒေသ ဒယ်လ်ဖီရဲ့ တာ၀န်ခံ မစ္စတာ ချူးတောက်ရီ"
"ကျွန်မ ဒယ်ဖီအကြောင်း ကြားဖူးပါတယ်...ခုလို ကမ္ဘာ့ထိပ်တန်း ရွက်လှေတွေထုတ်တဲ့ မစ္စတာချူးနဲ့ တွေ့ရသာ ၀မ်းသာပါတယ်ရှင့်..."
"ကျုပ်ကသာ ၀မ်းသာရမှာပါ ဥက္ကဌကျီ..."ချူးတောက်ရီ သူ့ညာလက်ကို ဆန့်တန်းလိုက်ပြီး "ကျုပ်တို့က နယ်ပယ်တစ်ခုတည်း မဟုတ်ပေမယ့် ဥက္ကဌကျီရဲ့ ဂုဏ်သတင်းတွေကတော့ နားနဲ့ မဆံ့လောက်အောင်ပါပဲဗျာ...ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ကုမ္ပဏီတစ်ခုကို တည်ထောင်ထားနိုင်တယ်ဆိုတာ သာမန်လူတစ်ယောက် စွမ်းသာနိုင်တဲ့ အရာမျိုးမှ မဟုတ်ပဲကို..."
ကျီချင်းရန် ပြုံး၍ ခေါင်းအသာညိမ့်လိုက်ပြီး သူမလက်ကိုတော့ မဆန့်တန်းခဲ့။
ချူးတောက်ရီ၏ အမူအရာ ကိုးရို့ကားယား ဖြစ်သွားခဲ့ပြီး "ဥက္ကဌကျီက ကျုပ်ကို လက်ဆွဲနှုတ်ဆက်ဖို့တောင် မျက်နှာသာ မပေးချင်ဘူးပဲ..ဒါကတော့ သိပ်မဟုတ်သေးနော.."
ကွမ်းရာ မျက်နှာ ရုပ်ဆိုးသွား၏။
ဒင်းကတော့ ခုလေးတင် လိမ္မာတဲ့ခွေးလေးလို အမြီးရမ်းပြနေပြီးတော့မှ ကျီချင်းရန်ကိုမြင်တော့မြေခွေးအမြီးကို ထုတ်ပြလာပြီပေါ့...
ကျီချင်းရန်ကတော့ လင်းရီကိုသာ တစ်ချက်ရှိုးလိုက်ပြီး 'နင်လုပ်မှာလား ငါလုပ်ရမှာလား 'ဟူသော အထာဖြင့် ကြည့်လိုက်လေသည်။
"အားလုံးက စီးပွားရေး သမားတွေပဲလေ..ပိုက်ဆံအကြောင်းပဲ ပြောကြတာပေါ့..ဘာကိစ္စ မဆိုင်တဲ့ဟာတွေ လုပ်နေမှာလဲ.."
"ကျုပ်တော့ လက်ဆွဲနှုတ်ဆက်တာကလည်း ကျင့်၀တ်တစ်ခုလို့ပဲ ထင်တယ်.. "
ချူးတောက်ရီ ပြောလိုက်ပြီး "ပရောဂျက်ပိုင်ရှင် ဘော့စ်လင်းကိုယ်တိုင် ဒီရောက်နေရင်တောင်မှ ကျုပ်.. ချူးတောက်ရီကို မျက်နှာသာပေးရမှာ.."
"မင်းကို မျက်နှာသာပေးရအောင် မင်းက ဘာကောင်မို့လဲကွ...."
ကွမ်းရာနှင့် ချူးတောက်ရီတို့ ကျီချင်းရန်အား လိုက်ပို့သူကို ပြိုင်တူ ကြည့်လိုက်ကြသည်။
ဒီကောင်က ဘာကောင်လဲ..လေသံက တယ်မာပါလား..
"ဟျောင့် မင်းဘယ်ကကောင်လဲ..ဘယ်လိုဘောတွေနဲ့ ငါ့ကို ဒီလို လာပြောဝံ့တာလဲ...ငါ..ချူးတောက်ရီက ဘယ်လိုလူလဲဆိုတာ မင်းမသိဘူးလား..,"
"ဟမ့်...မင်းကို ဘာမှ မလုပ်တာတောင်မှ မျက်နှာသာပေးရာ ကျနေပြီ..."
လင်းရီ၏ အသံကိုကြားတော့ ကွမ်းရာ မျက်လုံးမျာ ပြူးကျယ်သွားပြီး "ဒါရိုက်တာလင်း..."
လင်းရီ ဆိုင်ကယ်ဦးထုပ်ကို ချွတ်လိုက်သောအခါ ကွမ်းရာ ထိတ်လန့်တကြား အော်ဟစ်မိလိုက်၏။
ဆိုင်ကယ်မောင်းသည့်လူက ဒါရိုက်တာလင်း ဖြစ်နေလိမ့်မည်လို့ သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့။
ချူးတောက်ရီ ရှုပ်ထွေးသွားပြီး "ဘာ...ဘာပြောလိုက်တယ်..ဒါရိုက်တာလင်း ဟုတ်လား..."
"ဟုတ်တယ်...၀မ်ကျန်းဆိပ်ကမ်းက ဒါရိုက်တာလင်း ပိုင်တာလေ..သူက ကျွန်မတို့ ပရောဂျက် ပိုင်ရှင်ကြီးပဲ..."
ချူးတောက်ရီ မျက်နှာ မည်းမှောင်သွားပြီး ချွေးအေးများ ထွက်လာခဲ့၏။
သေစမ်း အဲ့ဒါဆို ငါ ခုနက ဒါရိုက်တာလင်းကို ဟောက်မိလိုက်တာပေါ့..သေပြီ..ငါတော့ ပျားတုပ်ပြီ..
လင်းရီ မျက်မှောင်ကြုတ်လိုက်ပြီး ချူးတောက်ရီကို အေးစက်သောအကြည့်များဖြင့် ကြည့်၍ "မင်း ချင်းရန်နဲ့ သောက်ရမ်း လက်ဆွဲနှုတ်ဆက်ချင်နေတယ်မလား..လုပ်လေ..ငါမင်းကို အဲ့လိုလုပ်ခွင့်ပေးလိုက်မယ်..."
ချူးတောက်ရီ မည်မျှ ပိန်းတိန်းနေစေကာမူ လင်းရီနှင့် ကျီချင်းရန်တို့ကြား ပတ်သက်ဆက်နွယ်မှုက်ု ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။
မဟုတ်ပါက မည်သူက တကူးတကကြီး ဆိုင်ကယ်ဖြင့် လိုက်ပို့လိမ့်မည်နည်း။
"အာ..ဒါရိုက်တာလင်းကလည်း ရှုပ်ကုန်ပါပြီ..ကျွန်တော်ကသာ ဒါရိုက်တာလင်းနဲ့ ဥက္ကဌကျီတို့ ရင်းနှီးနေမှန်းသိရင် အဲ့လိုတွေ မပြောရဲပါဘူးဗျာ..."
ချူးတောက်ရီ တရားရုံး၌ အမှုစစ်ခံနေရသကဲ့သို့ ဇောချွေးများ ပြန်နေလေသည်။
၀မ်ကျန်း ဆိပ်ကမ်း၏ ပရောဂျက်မှာ လွန်စွာအရေးကြိးကြောင်း အထက်ပိုင်းအရာရှိများမှ သူ့ကို သတိပေးပြီးသားဖြစ်၏။ အကယ်၍ သူ့ကြောင့်သာ ပရောဂျက် လက်လွှတ်လိုက်ရပါက အနည်းဆုံးတော့ အလုပ်ဖြုတ်ခံရပြီး ကံဆိုးပါက ထောင်နန်းပင် စံရလောက်သည်။
"ဘာလဲ ခုမှ ကြောက်သွားပြီလား.."
"ဟုတ်..ကျွန်တော်..."
"တော်ပြီ..မင်းတို့ ကုမ္ပဏီနဲ့ လက်မတွဲတော့ဘူး...သွားလိုက်တော့."လင်းရီ ပြောလိုက်၏။
"ဗျာ..ဒါရိုက်တာလင်း...မလုပ်ပါနဲ့ဗျာ..ကျွန်တော့်ကို မောင်းမထုတ်ပါနဲ့ဗျာ.. အခွင့်ရေးလေး နောက်တစ်ကြိမ်လောက်ပဲ ပေးပါဗျာ..."
"ထွက်သွားစမ်း.."လင်းရီ မာန်နှင့် ဟောက်ထည့်လိုက်၏။
ချူးတောက်ရီ ဝိဉာဏ်လွင့်လုမတတ် ထိတ်လန့်သွားပြီး ခါးသီးသော မျက်နှာဖြင့် ထွက်သွားခဲ့၏။
ကွမ်းရာ သက်ပြင်းချလိုက်၏။
အဲ့တာကြောင့် နှာခေါင်းမီးမတောက်ပါနဲ့လို့ ပြောသားပဲ...
လင်းရီသူမကို ကာကွယ်ပေးသည်ကိုမြင်တော့ ကျီချင်းရန် ရင်ထဲ ကြည်နူးသွားခဲ့ပြီး ညင်သာစွာဖြင့် "သွားတော့မယ်နော်..နင်လည်း ဖြည်းဖြည်းမောင်းဦး..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "မင်းပြီးရင် လာကြိုပေးရဦးမလား.."
"ရတယ်..နင်လုပ်စရာရှိသာတာလုပ်...ငါ့ကြောင့်နဲ့ အချိန်တွေအလကား ကုန်ခံမနေနဲ့..."
"အဲ့တာဆိုလည်း ပြီးတာပဲ..နောက်ကျ ကြယ်ငါးပွင့် ရီဗျူး ပေးဖို့လည်း မမေ့နဲ့ဦးနော်.."
"ကျွတ်..သစ်သားဦးနှောက်ကြီး ...ကြယ်ငါးပွင့် ရီဗျူးလောက် တွေးနေ..."
သို့ဖြင့် ကျီချင်းရန် စာရွက်စာတမ်းများကို ကိုင်ရင်း ကွမ်းရာနှင့်အတူ ယာလော့အဆောက်အအုံထဲသို့ ၀င်သွားခဲ့၏။
လင်းရီကတော့ သူ့ဆိုင်ကယ်နဲ့အတူ မောင်းထွက်သွားပြီး အလုပ်ဆက်လုပ်တော့သည်။
ညနေ ၅ နာရီသို့ ရောက်သောအခါ လင်းရီ ကြယ်ငါးပွင့် ရီဗျူး နှစ်ခုနှင့် ကြယ်သုံးပွင့် ရီဗျူး နှစ်ခု ပေါင်းလေးခု ရရှိထားသည်။
ကျီချင်းရန်၏ အော်ဒါပါ ပေါင်းထည့်ပါက ကြယ်ငါးပွင့်ရီဗျူး သူံးခု ရရှိထားပြီး ဖြစ်၏။
မစ်ရှင်ပြီးမြောက်သည့် နေရာတွင်လည်း (၁၄/၂၀)ဖြစ်နေလေသည်။
အကယ်၍ ကံကောင်းထောက်မပါက တစ်ရက်ထဲနှင့် ကြယ်ငါးပွင့်ရီဗျူး ခြောက်ခု ရရှိနိုင်ပြီး ကံမကောင်းလျင်တော့ နှစ်ရက်လောက် အချိန်ပေးရလိမ့်မည်။
ကလင် ကလင် ကလင်
ထိုအချိန်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့ပြီး ကျန်းစုန့်မှ ခေါ်လာခဲ့၏။
"လောင်တ...နောက်နာရီ၀က်ဆို ငါအလုပ်ပြီးပြီး ..မင်းခု ဘယ်မှာလဲ..တစ်ခုခု သွားစားကြရအောင်လေကွာ..ငါဗိုက်အတော်လေး ဆာနေပြီဟ.."
"အေး ..မင်းဘယ်မှာလဲ..ငါ ခုပဲလာခေါ်လိုက်မယ်..."
"ငါခု Cisco မှာ..ခဏနေဆို အလုပ်က ပြီးတော့မယ်.."
"အိုကေ..အဲ့ဒါဆို အဲ့မှာပဲ စောင့်နေလိုက်..."
ဖုန်းချပြီးနောက် လင်းရီ သူ၏ မော်တော်ဆိုင်ကယ်ကိုCisco သို့ မောင်းနှင်သွားလိုက်၏။
မိနစ်နှစ်ဆယ် ကြာပြီးနောက် လင်းရီ Cisco အဆောက်အအုံရှေ့ ရောက်ရှိသွားပြီး လင်းရီ သူ၏ ပြိုင်ဘက် ကုမ္ပဏီကို အကဲခတ်ကြည့်လိုက်သည်။
သုတေသနနှင့် ထုလုပ်ရေးပိုင်းကို ဦးတည်ထားသည့် စက်ရုံဖြစ်သည့်အလျောက် အရွယ်အစားမှာတော့ လုံရှင်း စင်တာထက် အများကြီး ကြီးမားပေသည်။
လင်းရီ သူ၏ ဆိုင်ကယ်ဦးထုပ်ကို ကိုင်ထားရင်း အပြုံးလေးဖြင့် "စိတ်တောင်မကောင်းဘူးကွာ....မကြာခင် နှုတ်ဆက်ရတော့မယ်..."
မကြာမီ ကျန်းစုန့် ထွက်လာခဲ့ပြိး သူ၏ဘေးတွင်လည်း သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက် ပါလာခဲ့၏။ နှစ်ယောက် သား စကားတပြောပြောဖြင့် အပြင်ဘက်သို့ ထွက်လာခဲ့ကြလေသည်။
ကျန်းစုန့် ထိုလူ၏ နာမည်ကို တစ်ခေါက် ပြောပြဖူး၏။ ထိုလူမှာ Cisco ၏ မားကတ်တင်းမန်နေဂျာ ရန်ဟုန်ယွီပင်။
"ဒါရိုက်တာရန် ..ဒီတစ်ခါလည်း ပျော်ရွှင်ဖို့ကောင်းတဲ့ ပူးပေါင်းမှုပါ.."ကျန်းစုန့် ညာလက်ကို ဆန့်တန်းလိုက်ပြီး "ဒါပေမယ့် ချစ်ပ်ဒုတိယအသုတ်အတွက် အချိန်စာရင်းကိုတော့ သေချာလေး လုပ်ပေးဦးနော်..အဲ့တာက ကျွန်တော်တို့ ဈေးကွက်မှာ နေရာတစ်နေရာရဖို့ အရမ်းအရေးကြီးတယ်..."
"မပူနဲ့..ကျုပ်အကောင်းဆုံး လုပ်ပေးမယ်..."
ရန်ဟုန်ယွီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ဒါပေမယ့် ကျုပ်တို့ Ciscoက ချစ်ပ်မားကတ်ထဲမှာ အကောင်ကြီးကြိးဆိုတာတော့ ခင်များလည်း နားလည်မှာပါ..ဒီတော့ အော်ဒါတွေကလည်း လက်မလည်နိုင်အောင်ပဲ..ဒါပေမယ့် ကျုပ်တို့ အကောင်းဆုံး ဖြစ်အောင်တော့ စီစဉ်ပေးမှာပါဗျ.."
"အဲ့တာဆိုရင်တော့ ဒါရိုက်တာရန်ကို အလုပ်ရှုပ်စေမိပြီ..."
ထိုသို့ ပြောပြီးနောက် ကျန်းစုန့် လှည့်ထွက်လာခဲ့လိုက်၏။ အလှမ်းသိပ်မဝေးသော နေရာ၌ လင်းရီ သူ့အား လက်ဝှေ့ယမ်းပြနေသည်ကို မြင်သောအခါ ခြေလှမ်းများ ခပ်သွက်သွက်ကလေး လျှောက်သွားလိုက်ပြီး
"လောင်တ..မင်းက ဆိုင်ကယ်တွေ ဘာတွေ ချိန်းလို့ပါလားဟ..စွန်းလန်းနေတာပဲ..."
ကျန်းစုန့် အားကျနေသည့် လေသံဖြင့် ပြောလိုက်၏။
"မင်းကြိုက်တာလား..ကြိုက်ရင် ယူလိုက်ကွာ..လက်ဆောင်ပေးလိုက်မယ်..."
"မလုပ်ပါနဲ့ဟ..ငါက ဘယ်လို စီးရမလဲတောင် သိတာမဟုတ်ဘူး..."
လင်းရီ ခေါင်းမော့လိုက်ပြီး လှည့်ထွက်သွားသော ရန်ဟုန်ယွီကို တစ်ချက်ကြည့်၍ " ဘာတွေ ပြောခဲ့ကြတာ...."
"အဲ့တာတွေ မပြောသေးနဲ့ဦး ဟျောင့်ရေ.... Ciscoက သောက်ရမ်း အထာကိုင်လွန်းတယ်ကွာ..."