Vol. 14 Ch. 197
Vol. 14 Ch. 197
"ဘာတွေ ဖြစ်ခဲ့တာလဲဟ..မင်းတို့ စကားကောင်းကောင်း ပြောခဲ့ကြတယ် မဟုတ်ဘူးလား..."
"အရင်ဆုံး တစ်ခုခု သွားစားရအောင်....မနက်ကတည်းက မစားရသေးတော့ ဆာတာ အူတောင် လိမ်တော့မယ်..."ကျန်းစုန့် သူ့ဗိုက်ကို ပွတ်၍ လျှာသပ်ရင်း ပြောလိုက်၏။
"အိုကေလေ..."
လင်းရီ ကျန်းစုန့်ကို ကဏန်းဘုရင်စံအိမ်သို့ ခေါ်သွားလိုက်ပြီး စားပွဲအပြည့် တည်ခင်းကျွေးမွေးလိုက်သည်။
လင်းရီ ရုတ်တရက် ကျန်းစုန့်နား သတင်း ခိုးခိုးနှိုက်နေသောကြောင့် စိတ်မလုံသလိုတောင် ခံစားလာရသည်။
"မင်းပြောတာ နှစ်သုတ်မှာ တစ်သုတ်ကို ၂၃၀ မီလီယမ်...ေနာက်တစ်သုတ်ကျတော့ နှစ်လလောက်နေရင် ပို့ပေးမယ်လို့ ပြောထားတယ်မလား..."
"အေး..အဲ့ခွေးမသားတွေက ခု စိတ်ပြောင်းသွားပြန်ပြီ..နောက်ခြောက်လလောက် ထပ်စောင့်ရဦးမယ်ဆိုပဲ..."ကျန်းစုန့် မကျေနပ်စွာဖြင့် ပြောဘိုက်သည်။
"ပြီးတော့ ပထမအသုတ်ကိုတောင်မှ နည်းနည်းချင်း ခွဲပို့မယ်ဆိုပဲ..ဘယ်လောက် စိတ်ရှုပ်ဖို့ ကောင်းလိုက်လဲ..."
"မဟုတ်သေးပါဘူးဟ..မင်းတို့ကောင်တွေပဲ မနေ့တုန်းက အေးဆေး ဆွေးနွေးနေကြတာ မဟုတ်လား..ဘယ်လိုလုပ် နေ့ချင်းညချင်းကြီး စိတ်ပြောင်းသွားတာ.."
လင်းရီအတွက်တော့ Cisco၏ ခြေလှမ်းတစ်ခုချင်းစီတိုင်းမှာ သူ၏ အစီအစဉ်များအတွက် တန်ဖိုးကြီးသော သတင်းအချက်လက် ကြီးများပင်။
ထို့ကြောင့် သူပိုပြီး ဂဃနဏသိအောင် လုပ်ရပေမည်။
"ဘာလို့လဲဆိုတာတော့ ငါလည်း မသိဘူး..ဒါပေမယ့် ငါ နောက်ကွယ်က သတင်းတစ်ချို့တော့ ကြားထားတယ်..."
"ကြည့်ရတာတော့ ကုမ္ပဏီကြီးတစ်ခုက ၀င်ပါလာပြီး Cisco ရဲ့ ချစ်ပ်ကို အတော်လေး သဘောတွေ့သွားပုံပဲ..ဒီခွေးသားတွေကြောင့် အဲ့တာကြောင့် ဒီလိုစောက်ချိုးမျိုးတွေ ချိုးနေတာ..."
"အင်း..ဖြစ်နိုင်တယ်..."လင်းရီ ပေါ့ပါးစွာ ခေါင်းညိမ့်လိုက်ပြီး "ဘယ်ကုမ္ပဏီလဲ ဆိုတာကော သိလား.."
"Didi ထင်တယ်..ငါလည်း အသေးစိတ်တော့ သေချာမသိဘူး..ဒီတိုင်း ပြောသံကြားတာပဲ..အဲ့တော့ မှားရင်လည်း မှားနိုင်တယ်..."
လင်းရီ...
ဒီတော့ သူ့လက်ချက် ဖြစ်နေခဲ့တာပေါ့...
ကြည့်ရတာတော့ Cisco က သူတို့ ပေးတဲ့ဈေးကို တော်တော်လေး ရှိန်သွားပုံပဲ..မဟုတ်ရင် အဲ့လောက်ထိ အလေးနက် ထားနေမှာ မဟုတ်ဘူး...
ဒါသူ့အတွက် သတင်းကောင်းပဲလေ...
အပင်ကြီးက အရိပ်ကောင်းရ၏။ Didi၏ အရွယ်အစားမှာ Cisco ထက် အဆများစွာ ကြီးမားသောကြောင့် ညှိနှိုင်းဆွေးနွေးရာ၌ လင်းရီတို့ဘက်မှ လုံး၀ အသာစီးပင်။
အကယ်၍ သူတို့လိုချင်သည့် ရလဒ်ကိုသာ ရမည်ဆိုပါက အမြတ်ပင်မဟုတ်လော။
"အဲ့တော့မင်းက သေဖို့ ထိုင်စောင့်နေတော့မှာလား..တခြားနည်းလမ်းနဲ့ အကျပ်လေးဘာလေး မကိုင်ကြည့်ဘူးလားဟ..."
သူ့လက်ချက်များလည်း သိရော လင်းရီနဂိုကလောက် လေးလေးနက်နက်မရှိတော့ပဲ စိတ်လက်ပေါ့ပါးသွားတော့၏။
"ဒါပေါ့..လုပ်တာပေါ့ကွ.."ကျန်းစုန့် ပြောလိုက်ပြီး "ငါ သူတို့ကို ခင်များတို့ကပဲ ချစ်ပ်နယ်ပယ်မှာ အကောင်ကြီးကြီးတွေ မဟုတ်ဘူးနော် ..ချိုင်းနား သိပ္ပံအကယ်ဒမီနဲ့ လုံရှင်း စင်တာလည်း ရှိသေးတယ်ဆိုတာ မမေ့နဲ့လို့..ခင်များတို့သာ ဟိုလိုလို ဒီလိုလို လုပ်နေရင် ဈေးကွက် ပျက်သွားမယ်လို့ ပြောခဲ့တာ..."
"အဲ့တော့..ဟိုကောင်တွေက ဘာပြန်ပြောလဲ.. ."လင်းရီ စိတ်၀င်တစားနဲ့ မေးမြန်းလိုက်၏။
"အဲ့ ရန်ဟုန်ယွီဆိုတဲ့ကောင်က လေကြီးလေကျယ်တော့ အတော်ပြောတဲ့ကောင် ..သူပြောတာတော့ လုံရှင်းစင်တာကို သူတို့ မကြာခင် အမှုန့်ချေပစ်တော့မယ်ဆိုပဲ..ပြီးတော့ သူတို့ ချိုင်းနားရဲ့ ချစ်ပ်နာပယ်မှာ လုံရှင်း စင်တာဆိုတဲ့ နာမည်တောင် မကျန်စေရဘူးလို့ အာမတောင်ခံပေးလိုက်သေးတယ်...တော်တော် လေလုံးထွားတဲ့ကောင်...ဘော့စ်ခိုင်းလို့သာ မဟုတ်ရင် ထတောင် ပြန်လာခဲ့ချင်တယ်..."
ထို့နောက် ကျန်းစုန့် သက်ပြင်းချလိုက်ပြီး "အဲ့ဒီ လုံရှင်း စင်တာကလည်း တစ်ခုခုတော့ တစ်ခုခုပဲကွာ..သူတို့ နေရာရအောင် မတိုက်ခိုက်နိုင်ဘူးလားဟ။..တကယ်လို့ ဈေးကွက်သာ လက်ဝါးကြီးအုပ်ခံလိုက်ရလို့ကတော့ အတော်လေးညခြေနေ ဆိုးသွားမှာ ..."
လင်းရီ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမျှ မပြောခဲ့။
ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့မှာ မနက်ဖြန် Cisco သို့ သွားပေလိမ့်မည်။ ထိုအခါမှ သူတို့ကို အသေးစိတ် မေးမြန်းကြည့်လည်းရ၏။
"ကဲ..အလုပ်ကြောင်း ပြောတာ တော်ကြစို့..ငါမနက်ဖြန် အားတယ်..မင်းကို ပင်လယ်ဘက် ခေါ်သွာပေးမယ်..."လင်းရီ ပြုံးလိုက်ပြီး "မင်းကို စင်ဂယ်ဇုန်ကနေ ခေါ်ထုတ်ပေးဖို့ စော်လေး တစ်ယောက်လောက် ရှာပေးရင်းနဲ့ပေါ့ကွာ..."
"ကောင်းသားပဲကွ.."
ကျန်းစုန့် မျက်လုံး အရောင်များ လက်လာခဲ့သည်။
"ငါတို့ ပင်လယ်ထဲရောက်ရင် ဝိုင်ဖိုင် သုံးလို့ ရတယ်မလား..."
"ဟမ်.. သင်္ဘောပေါ်မှာ ဘာကိစ္စ ဝိုင်ဖိုင်သုံးမှာ..."
"ဟာ..ဒါမှ စော်လေးတွေနဲ့အတူ ဂိမ်းဆော့လို့ရမှာပေါ့ကွ.."
လင်းရီ : "...."
......
နောက်တစ်နေ့ နံနက် ကိုးနာရီတွင် ဟော်ယွမ်ယွမ်နှင့် ချီရှန်းစုန့်တို့ Cisco ၏ အဆောက်အအုံရှေ့သို့ ရောက်လာခဲ့သည်။
ကုမ္ပဏီရှေ့၌ တခြားသူများနှင့် မတူခြားနားစွာ Rolls-Royce ကားကြီးဖြင့် ခမ်းနားထည်ဝါနေလေသည်။
မည်သူမဆို ဆစ်ချက်ကြည့်ရုံမျှဖြင့် VIP ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြောင်း တပ်အပ် ပြောနိုင်၏။
လင်းရီ သူတို့နှစ်ယောက်လုံး၏ အထောက်အထားကိုလည်း သေချာ ပြုလုပ်ထားပေးပြီးဖြစ်သည်။ ချီရှန်းကျောက်ကိုတော့ Didi၏ လက်ထောက် ဥက္ကဌ ရာထူး ပေးထားပြီး ဟော်ယွမ်ယွမ်ကိုတော့ ချီရှန်းကျောက်၏ အတွင်းရေးမှူးအဖြစ် ခန့်အပ်ထားပေး၏။
နှစ်ယောက်လုံး၏ ရာထူးကို တိုးမြင့်ထားပေးသော်လည်း လင်းရီ ပိုပြီး ပိရိသွားအောင် လှည့်ကွက်တစ်ချို့ လည်း သုံးထားသေးသည်။
ဟော်ယွမ်ယွမ်ကိုတော့ ချိန်ရွှမ်း၏ ၀မ်းကွဲညီမအဖြစ်သတင်းလွင့်ထားပြီး ချီရှန်းကျောက်ကိုတော့ အဓိကရှယ်ယာရှင် တစ်ယောက်၏ သားအဖြစ် သတင်းလွင့်ထားလိုက်သည်။
ကောလဟာလများသာ ဖြစ်သော်လည်း လူအများကိုတော့ အာရုံစူးစိုက်သွားစေ၏။
ထို့ကြောင့်လည်း Cisco ကိုမှ သူတို့နှစ်ယောက်ကို အလွန်အမင်း အရေးပေးနေခြင်းပင်။
တစ်ယောက်မှာ ချိန်ရွှမ်း၏ ၀မ်းကွဲညီမဖြစ်ပြီး နောက်တစ်ယောက်မှာတော့ အဓိကရှယ်ယာရှင်၏ ဆက်ခံသူ ဖြစ်သောကြောင့် ၎င်းတို့၏ အဆင့်အတန်းမှာ လုံး၀ သာမန်မဟုတ်ပေ။
"ဟယ်လို ဒါရိုက်တာချီ..."
ရန်ဟုန်ယွီ့ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်ပြီး "ကျွန်တော့ဘေးကတော့ Cisco အရောင်းဌာနရဲ့ ဒုဥက္ကဌ မစ္စတာ ယွင်ကျဲ့မင်ပါ..."
"တွေ့ရသာ ၀မ်းသာပါတယ်..."
ချီရှန်းကျောက် တည်ကြည်ခန့်ညားစွာဖြင့် လက်ကို ဆန့်တန်းလိုက်သည်။
"ဟုတ်ကဲ့..တွေ့ရသာ ၀မ်းသာပါတယ်ဗျ..ကျွန်တော်လည်း ဒါရိုက်တာချီအကြောင်း အများကြီး ကြားဖူးပါတယ်..ဒါရိုက်တာချီက အရမ်းကို ငယ်ရွယ်ပြီးတော့ အလားအလာတွေနဲ့ ပြည့်နှက်နေတာပါပဲဗျာ.."ယွမ်ကျဲ့မင် အပြုံးလေးဖြင့် ပြောလိုက်လေသည်။
ဟော်ယွမ်ယွမ် ပြောစရာ စကားကင်းမဲ့သွား၏။
အစ်ကိုချီက မနေ့တစ်နေ့ကမှ U.Sကနေ ပြန်ရောက်လာတာလေ..အဲ့တာကို ရှင်က သူ့အကြောင်းတွေ အများကြီး ကြားဖူးနေတယ်ပေါ့...အကြားမြင်များ ရထားတာလား..
ပြီးတော့ ဘာကို အလားအလာတွေ ရှိနေတာ.. ပေါက်တတ်ကရတော့ အတော်ပြောတတ်တဲ့လူ...
ယွမ်ကျဲ့မင်ကို မြင်တော့ လင်းရီပြောဖူးခဲ့သည့် ပညာရှိကြီးအကြောင်း ပြန်သတိရသွားခဲ့သည်။
ဘာတဲ့....ရှက်တတ်ရင် စီးပွားရေး မလုပ်နဲ့...
"ဒါရိုက်တာယွင်က ယဉ်ကျေးလွန်းနေပါပြီ.."
"ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာ မဟုတ်ဘူး..ဒီတော့ ကျုပ်နောက်လိုက်ခဲ့ပြီး အစည်းဝေးခန်းထဲမှာ အေးဆေး စကားပြောကြရအောင်လား.."
"ဟုတ်ကဲ့..ကြွပါ..."
"ကြွပါ..."
အုပ်စုမှာ ယွမ်ကျဲ့မင်၏ ဦးဆောင်မှု အောက်တွင် အသည်းဝေးခန်းမထဲသို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် Cisco ၏ အမှုဆောင်အရာရှိများလည်း အစည်းဝေးခန်းထဲ၌ ရောက်နေနှင့်ပြီး ဖြစ်၏။
"ဒါရိုက်တာချီ..မိတ်ဆက်ပေးပါရစေ...ဒါကတော့ ကျုပ်တို့ Cisco သုတေသန စင်တာရဲ့ ဥက္ကဌ လျိုချူးပါဗျ...သူကတော့ ချစ်ပ်နယ်ပယ်ထဲမှာ ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်... ဒီကနေ့ ဆွေးနွေးပွဲရဲ့ အဓိကဟောပြောသူဆိုလည်း မမှားပါဘူး.."
"အိုး...ဒါရိုက်တာယွင်က အရမ်း တွေးခေါ်တတ်တာပဲ.."ချီရှန်းကျောက် အမူအရာကင်းစွာဖြင့် ပြောလိုက်၏။
"မြောက်နေပြန်ပါပြီ..."
အုပ်စုမှာ နေရာအသီးသီးသို့ ထိုင်လိုက်ကြပြီး ဟော်ယွမ်ယွမ်နှင့် ချီရှန်းကျောက်တို့ကတော့ အဓိက ပြင်ဆင်ပေးထားသော ထိုင်ခုံပေါ်တွင် ထိုင်လိုက်လေသည်။ ထို့နောက် ချီရှန်းကျောက်မှ နာရီကို တစ်ချက်ကြည့်လိုက်ပြီး "ဒါရိုက်တာယွင်..ကျုပ်နေ့လည်ကျရင် ပဲရစ်အမှီသွားရဦးမှာ ..အလျင်လိုနေတယ်..ဒီတော့ အနှစ်ချုပ်လေးပဲ ရှင်းပြပေးဗျာ..ကျုပ်ဒီကို စီးပွားရေးလုပ်ဖို့ လာခဲ့တာ..ဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ စကားပြောကြတာပေါ့..."
ချီရှန်းကျောက်၏ ထူးမခြားနားသည့် အမူအရာကို မြင်တော့ ဟော်ယွမ်ယွမ် သူမသူဌေးကို ရင်ထဲမှ လှမ်းတမိလိုက်သည်။
"ဘော့စ်လင်း..ရှင်ကတော့ တကယ့်ကို ဆရာကြီးတစ်ပါးပဲ..."
နှစ်ရက်လောက်နဲ့ပဲ အစ်ကိုချီက မျက်တောင်တစ်ချက်မခတ်ဘဲနဲ့ လိမ်တတ်နေပြီ...သူသာ သရုပ်ဆောင်လုပ်လိုက်လို့ကတော့ လက်ရှိ မင်းသား/မင်းသမီးတွေ ထမင်းငတ်သွားလောက်တယ်..
တစ်နိုင်ငံလုံးမှာ ဘော့စ်နဲ့ ယှဉ်နိုင်တဲ့သူ ဆိုတာက လက်တစ်ဆုပ်စာတောင် ပြည့်မှာ မဟုတ်လောက်ဘူး..
"ကောင်းပြီလေ..အဲ့တာဆိုလည်း ဖြတ်ညှပ်ကပ်လုပ်ပြီး လိုရှင်းတိုရှင်းပဲ ပြောကြတာပေါ့.."
ချီရှန်းကျောက် မည်မျှ ရိုးသားနေသည်ကို မြင်တော့ ယွင်ကျဲ့မင် ရင်ထဲ၌ တိတ်တဆိတ် စိတ်လှုပ်ရှားသွားသည်။
"ဒါရိုက်တာလျို..ချစ်ပ်အကြောင်း မိတ်ဆက်တွေကျော်ပြီးတော့ မူပိုင်ခွင့်နဲ့ အဓိကအချက်တွေလည်း ရှင်းပြလိုက်ကွာ..."
"ကောင်းပါပြီ..."
နောက်ထပ် ဆယ်မိနစ်လုံး လျိုချူးတစ်ဦးတည်းသာ အစည်းဝေးခန်းထဲ၌ ရှင်းပြနေပြီး ချီရှန်းကျောက် ဖြတ်မပြောခင်အထိ စကားဆက်ပြောနေခဲ့၏။
"ဒါရိုက်တာယွင် ..ကျုပ်အတည်ပြုချင်တဲ့ မေးခွန်းလေးတစ်ချို့ ရှိနေလို့.."
"ဟုတ်ကဲ့..ပြောပါဒါရိုက်တာချီ အားနာမနေပါနဲ့..."
"ခု ဒါရိုက်တာလျို ပြောပြသွားတဲ့ထဲမှာ မူပိုင်ခွင့်တွေကြီးပဲ အခု နှစ်ဆယ်လောက်ရှိတယ်နော်...အဲ့ဒီ နည်းပညာတွေ အားလုံး Cisco ရဲ့ လက်ထဲမှာတော့ ရှိတယ်မလား..."
"ဒါပေါ့..ဒါရိုက်တာချီကလည်း စိတ်ချလက်ချနေစမ်းပါ..."ယွင်ကျဲ့မင် ယုံကြည်ချက်ရှိရှိ ပြောလိုက်ပြီး "စိတ်မချသေးရင်လည်း ကျွန်တော် ဒါရိုက်တာချီ ကြည့်ဖို့ မူပိုင်ခွင့်တွေ သွားယူလာပေးမယ်လေ..
"နေ နေ ရတယ်..ကျုပ် ဒါရိုက်တာယွင်ကို ယုံပြီးသားပါ.."ချီရှန်းကျောက် ဖျော့တော့စွာ ပြောလိုက်ပြီး "တကယ်တော့ ကျုပ် စာချုပ်မှာ လက်မှတ်မထိုးခင် တစ်ခုပဲ အတည်ပြုချင်တယ်..အဲ့တာက Cisco က ကျုပ်တို့ နိုင်ငံထဲမှာ တကယ်ပဲ ထိပ်တန်းအဆင့်ရှိရဲ့လား ဆိုတာပါပဲ...."