← Chapters

ဆင်းရဲမှုက စိတ်ကူးထက်သန်မှုကို ကန့်သတ်ထားတယ်

Vol. 84 Ch. 1174

ဆင်းရဲမှုက စိတ်ကူးထက်သန်မှုကို ကန့်သတ်ထားတယ်

Vol. 84 Ch. 1174

“ ညီအစ်ကိုမို သူ့ကို ဂရုစိုက်မနေနဲ့။ တကယ်လို့ မင်းဆီမှာ လွတ်မြောက်ဖို့နည်းလမ်း ရှိတယ်ဆိုရင် ငါ့ကို မြန်မြန် ခေါ်ထုတ်သွားပေးစမ်းပါ။ ငါ မင်းကို စိတ်မပျက်ရစေဘူးလို့ ကတိပေးတယ် ” ခွန်းယွင်က စိုးရိမ်တကြီး ပြောလိုက်သည်။ မိုဝူကျိက မင်ယွမ်နှင့် တည်တည်ငြိမ်ငြိမ် ပြောနေသည်ကို မြင်ကာ မိုဝူကျိထံ စိတ်ဖြင့် ဆက်သွယ်ကာ ခပ်သွက်သွက် ပြောလိုက်သည်။

ကံဆိုးသည်က မင်ယွမ်သည် အသံပိတ်ဆို့ အတားအဆီးကို ခင်းကျင်းပြီးသွားပြီ ဖြစ်၏။ ခွန်းယွင်က လှမ်းပြောလိုက်သည်နှင့် ထိုအသံမှာ အတားအဆီးမှ ကျယ်ကျယ်လောင်လောင် ပြန်လည် ထွက်ပေါ်လာသည်။

ခွန်းယွင်က နေရခက်စွာဖြင့် ခေါင်းကုတ်လိုက်ရင်း မိုဝူကျိနောက်သို့ ဝင်နေလိုက်သည်။ သူက ဝိဇ္ဇာတု မင်ယွမ်ကို အမှန်တကယ် ကြောက်ပေသည်။

မိုဝူကျိက ရယ်မောကာ

“ ခွန်းယွင် … ခင်ဗျား ကျုပ်ကို သစ္စာဖောက်တာလား။ ဒီမှာ လူဆယ်ဂဏန်းလောက် စောင့်နေကြတာလဲ။ ထားပါတော့ ဒီဟာကို ထည့်မတွက်တော့ဘူး။ ခင်ဗျားကို ခေါ်ထုတ်ပေးနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ ရတနာတွင်းဆီ ရောက်တဲ့အခါ ကျုပ် အရင်ဆုံး ရွေးမယ် ”

“ ဘာဖြစ်ဖြစ် ငါ့ကို ခေါ်ထုတ်ပေးရမယ် ” ထိုစဉ် ခွန်းယွင်က သူ့ရတနာများအကြောင်း မည်သို့ဂရုစိုက်နိုင်တော့မည်နည်း။

မိုဝူကျိက မင်ယွမ်အား လှည့်ကြည့်ကာ   “ ခင်ဗျားက ကျုပ်မေးခွန်းကို မဖြေရသေးဘူး။ ခင်ဗျားကို ဘယ်သူ တိုက်လိုက်တာလဲ။ ခင်ဗျားက အတုဆိုပေမဲ့ ဝိဇ္ဇာတစ်ပါးပဲလေ ”

“ မင်းက သတ္တိကောင်းနေတာပဲ ” မင်ယွမ်က ဒေါသတကြီး ရယ်မောလိုက်သည်။ သူက သဘာဝစွမ်းအားလက်ကြီးဖြင့် မိုဝူကျိအား လှမ်းဆွဲဖို့ ကြိုးစားလိုက်သည်။

ယခင် မိုဝူကျိက သူ့ဝိဇ္ဇာတောင်မှ ထွက်ပြေးနိုင်ခဲ့သည်။ သို့သော် သူက မိုဝူကျိအား ထပ်ထွက်ပြေးခွင့် ပြုလိုက်လျှင် သူ မင်ယွမ်က အမှန်တကယ် အသုံးမကျသလို ဖြစ်သွားပေလိမ့်မည်။

မင်ယွမ် လှုပ်ရှားလိုက်သည်နှင့် မိုဝူကျိအား ဝိုင်းထားကြသော သဟဇာတ နတ်ဘုရား အယောက် နှစ်ဆယ်လည်း တစ်ပြိုင်နက် ထွက်လမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။

မင်ယွမ်၏ ယုံကြည်မှု လွန်ကဲနေမှုကို ကြည့်ကာ မိုဝူကျိက ရယ်မောမိလိုက်၏။ ဤလူက သူ့ကျင့်ကြံဆင့်သည် ယခင်ကလို အတူတူ ဖြစ်နေသေးကြောင်း ထင်မှတ်နေဟန် ပေါ်သည်။ မိုဝူကျိက နောက်မဆုတ်ဘဲ သဘာဝစွမ်းအား လက်တစ်ခုကိုသာ ထုတ်ဖော်လိုက်သည်။

မင်ယွမ်က မိုဝူကျိလည်း သဘာဝစွမ်းအားလက် ထုတ်ဖော်လိုက်သည်ကို မြင်လိုက်သောအခါ မိုဝူကျိအား မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

သူက ရူးသွပ်နေသည့်သူများကို မြင်ဖူးသော်လည်း မိုဝူကျိလောက် ရူးသွပ်သည့်သူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အစက သူသည် မိုဝူကျိကို ဖမ်းဆီးဖို့ရာသာ ကြံရွယ်ထား၏။ သို့သော် ယခု မိုဝူကျိက ရူးရူးမူးမူး ပြုမူသည်ကို မြင်လိုက်သောအခါ မင်ယွမ်က စိတ်ရှည်လက်ရှည် မထားပေးနိုင်တော့ပေ။ သူ့သဘာဝစွမ်းအားလက်မှ တာအိုလှိုင်းများ စီးဆင်းလာကာ အားကောင်းကောင်း စည်းမျည်းများ ပေါ်ထွက်လာသည်။

သူက မိုဝူကျိ၏ ခန္ဓာကိုယ်ကို တစစီ ခြေမွပစ်ချင်မိသည်။ ထို့နောက် သူက မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ်အား ဆွဲနှုတ်ကာ ထိုသတ္တိ မည်သည့်နေရာမှ ရောက်လာကြောင်း ရှင်းပြခိုင်းမည်။

“ ဝုန်း ” မိုဝူကျိ၏ သဘာဝစွမ်းအားလက်နှင့် မင်ယွမ်၏ သဘာဝစွမ်းအားလက်တို့ ထိပ်တိုက် တွေ့သွားရာ စည်းမျည်းများက ရှုပ်ထွေးကာ အစိတ်စိတ်အမြွားမြွှာ ဖြစ်သွားသည်။

သူတို့ဘေးပတ်လည်ရှိ အာကာပြင်မှာလည်း စတင် ပျက်စီးလာသည်။ မင်ယွမ်က သူ့ခန္ဓာကိုယ်သည် လေးလံလာကာ အားပြင်းပြင်း အာကာြပင် အင်အားတစ်ခု ရစ်ပတ်ခံထားရကြောင်း ချက်ချင်း ခံစားမိလိုက်၏။

သူ့စိတ်ထဲ၌ ဒေါသမီးတောက်မှာ ရေအေးလောင်းချခံလိုက်ရသည့်အလား ငြိမ်းကျသွားသည်။ အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသော စည်းမျည်းများမှာ သူ့စည်းမျည်းများ ဖြစ်နေသည်။ မိုဝူကျိ၏ စည်းမျည်းများက ခိုင်ခန့်မာကြောသည့်အလား သူ့စည်းမျည်းများကို ဖျက်စီးပစ်ပြီးနောက် သူတို့ဘေးပတ်လည်ရှိ အာကာပြင်ကို ထိန်းချုပ်မှု ယူလိုက်သည်။ သူ့ဒေါသများက ကြက်ပျောက်ဌက်ပျောက် ပျောက်ဆုံးသွားကာ အကြောက်တရားများ အစားထိုး ဝင်ရောက်လာ၏။

“ မင်း  …” မင်ယွမ်က ထိုစကားတစ်လုံးကို ရေရွတ်လိုက်စဉ် ကြောက်မက်ဖွယ် လက်ချောင်းတစ်ချောင်းဖြင့် သူ့နဖူးကို ချိန်ရွယ်ခံလိုက်ရသည်။

ဤမိုးမြေက သူ့အား ဆက်လက် သည်းမခံနိုင်တော့ပေ။ သူ့နဖူးဆီ ကျရောက်လာသော ထိုလက်ချောင်းက စကြဝဠာတစ်ခုလုံး၏ ကျယ်ပြောမှုကို ချုံ့ထားဟန် ပေါ်သည်။

မင်ယွမ်က ဘယ်လိုလုပ် အချိန်ဆက်ဖြုန်းရဲမည်နည်း။ သူက လက်ကို ဝေ့ကာ ရွှေရောင်ခြုံထည်တစ်ခု ထုတ်ယူလိုက်သည်။

“ ဝုန်း ” နောက်ထပ် စည်းမျည်းများနှင့် သဘာဝစွမ်းအား ပေါက်ကွဲမှုတို့ ဖြစ်ပေါ်လာသည်။ မင်ယွမ်က သူ့စွမ်းအားစက်ကွင်းနှင့် စည်းမျည်းတို့မှာ ထိုလက်ချောင်းကြောင့် အရည်ဖြစ်သွားသလို ခံစားလိုက်ရသည်။

ကူကယ်ရာမဲ့သည့် ခံစားချက်က ကြီးစိုးလာသည်။ မင်ယွမ်က သူ မည်သို့ လွတ်မြောက်နိုင်သည်ကိုပင် မသိတော့ပေ။

“ ဂျွတ် ” အရိုးအက်သံကိုပင် ကြားနေရ၏။ မင်ယွမ်က မိုဝူကျိအား နောက်တစ်ခေါက် ကြည့်လိုက်သည့်အချိန် သူ့ဝိညာဉ်လမ်းကြောင်း အားလုံးမှာ ပိတ်ဆို့သွားလေပြီ။ သူ့တာအိုစည်းမျည်းများကို မိုဝူကျိက ချုပ်ကိုင်ထားလေ၏။ သဘာဝစွမ်းအားလက်က သူ့လည်ပင်းကို ဆုပ်ကိုင်ထားကာ လေထဲကို ကိုင်မြှောက်ထားသည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ….

မင်ယွမ်၏ မျက်ဝန်း၌ အံ့ဩထိတ်လန့်မှုများနှင့် ပြည့်နှက်နေသည်။ သူက မိုဝူကျိသည် ဤမျှ အားကောင်းလာလိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်သေးပေ။

မိုဝူကျိက ဝိဇ္ဇာလား …. ဝိဇ္ဇာကလွဲပြီး ဘယ်သူကများ ဒီလောက် အားကောင်းနိုင်မှာလဲ ….

မင်ယွမ်သာ မကဘဲ သဟဇာတ နတ်ဘုရားအယောက် နှစ်ဆယ်လုံးကလည်း ကူကယ်ရာမဲ့နေကြသည်။ မိုဝူကျိ၏ ပိုသာလွန်းသော အင်အားက သူတို့ တတ်နိုင်တာထက် ပိုနေပေသည်။

သဟဇာတ နတ်ဘုရား အယောက်နှစ်ဆယ်သည် ခဏတုံ့ဆိုင်းနေပြီနောက် အလင်းတန်းနှစ်ဆယ်အဖြစ် ပြောင်းလဲသွားကာ နေရာအနှံ့သို့ ထွက်ပြေးသွားကြသည်။

မိုဝူကျိက ထိုကျင့်ကြံသူများနောက် လိုက်ဖို့ စိတ်မဝင်စားပေ။ သူက ရုန်းကန်နေသည့် မင်ယွမ်အား ကြည့်ကာ သက်ပြင်းချလိုက်ပြီး   “ ခင်ဗျားက ဒီလောက်အင်အားလေးနဲ့ ကိုယ့်ဘာသာ ဝိဇ္ဇာလို့ သတ်မှတ်ထားတာလား။ ကျုပ် ကြည့်သလောက် ခင်ဗျားကမှ ကျုပ်ထက် ပိုသတ္တိကောင်းနေသေးတယ် ”

မိုဝူကျိက မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ သူက မင်ယွမ်၏ အင်အားသည် ဖန်းရှီယူနှင့် အကြမ်းဖျင်း တူကြောင်း ခံစားမိနေသည်။ သူ ဖန်းရှီယူနှင့် တိုက်ခိုက်စဉ်က ဖန်းရှီယူသည် ဝိဇ္ဇာအဆင့် ရောက်ဖို့ အလှမ်းကွာနေသေး၏။

မင်ယွမ်က သူ့အား လျော့တွက်ထားသောကြောင့် မြန်မြန် ရှုံးနိမ့်သွားခဲ့သော်လည်း မင်ယွမ်က သူနှင့် တိုက်ကွက်အနည်းငယ်သာ ဖလှယ်နိုင်လိမ့်မည်။

“ညီအစ်ကိုမို ” ခွန်းယွင်က ထိန်းချုပ်ခံထားရသော မင်ယွမ်အား တုန်လှုပ်တကြီး ကြည့်လိုက်သည်။ သူ့အသံပင် တုန်တုန်ယင်ယင် ဖြစ်နေသေး၏။

အခေါ်အဝေါ်အရ သူက ညီအစ်ကိုမိုကနေ အစ်ကြီးမိုဟု ခေါ်ရတော့မှာလား ….

မင်ယွမ်နှင့် ရင်ဆိုင်လျှင် သူ သေရမည်သာ ဖြစ်၏။ တစ်ဖက်တွင် သူက မိုဝူကျိသည် လောဘကြီးသူ တစ်ဦး မဟုတ်မှန်း သိထားသည်။ ထိုအခါမှာလည်း သူက မိုဝူကျိအပေါ် အလေးအနက်ထား၍ ဆက်ဆံသည့်အခါတွင် ဖြစ်၏။ မဟုတ်လျှင် သူ့အသိစိတ်ပင်လယ်အတွင်း ဖြစ်ပျက်ခဲ့သည့် ကိစ္စမှာ နောက်တစ်ကြိမ် ထပ်ဖြစ်လာနိုင်သည်။ သူက မိုဝူကျိ တွေးခေါ်ပုံအား ရှင်းရှင်းလင်းလင်း သိနေသည်။ အကယ်၍ သူ့အနေနှင့် မိုဝူကျိနှင့် အလုပ်လုပ်လိုလျှင် အကောင်းဆုံးနည်းလမ်းမှာ မည်သည့်ကြံစည်မှုမျိုးမှ မကြံစည်ဖို့ ဖြစ်၏။

“ ဘာလိုချင်တာလဲ ” မင်ယွမ်က ရုန်းကန်နေရင်း ထိုစကားကို ပြောလိုက်သည်။

မိုဝူကျိက မထူးမခြားနား ပြောလိုက်သည်  “ ကျုပ်က ဘာလိုချင်တာလဲ …. ကျုပ်က ကျုပ်ကို သတ်ချင်တဲ့သူအားလုံးကို အတူတူပဲ ပြန်ဆက်ဆံတတ်တယ်။ အဲဒါက ပြန်သတ်ဖို့ပဲ ”

“ ခဏ …” မိုဝူကျိ၏ သတ်ဖြတ်ငွေ့ကို အာရုံခံမိကာ မင်ယွမ်က သူ့အသက်နှင့် အလောင်းအစား မလုပ်ရဲတော့ချေ။

“ ပြောစရာရှိရင်လည်း ပြောလိုက် ” မိုဝူကျိက သတ်ဖြတ်ငွေ့ကို ရုတ်သိမ်းလိုက်၏။

မင်ယွမ်က လေအေးများ မှုတ်ထုတ်ကာ  “ မင်းလည်း သိမှာပါ။ အရင်ကပ်ဘေး ဖြစ်မလာခင် လူတော်တော်များများက သူတို့ရတနာတွေကို လာအပ်ထားခဲ့ကြတာကို … မင်းသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် အဲဒီရတနာ ဝေစုတစ်ခု ပေးမယ် ”

“ ဝေစုတစ်ခုတဲ့လား ” မိုဝူကျိက ရယ်မောလိုက်သည်။

မင်ယွမ်က မျက်လုံးမှိတ်ထားရင်း   “ ဟုတ်တယ် … ဝေစုတစ်ခု။ တကယ်လို့ အကုန်လုံး မပေးလို့ သတ်လိုက်မယ်ဆိုရင်လည်း သတ်ပစ်လိုက်။ ငါ ဘာမှမပြောခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ပေါ့ ”

မိုဝူကျိ၏ စိတ်စွမ်းအားက မင်ယွမ်ဆီ ရောက်ရှိလာသည်။ အချိန်အတော်ကြာ လေ့လာပြီးနောက် မင်ယွမ်သည် တမင် တည်ငြိမ်နေဟန် ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သိလိုက်၏။ ထိုမျှတင် မကသေးဘဲ မင်ယွမ်ဆီတွင် သေခြင်းတရားကို လက်ခံထားဟန် ပုံပေါ်နေသည်။

မိုဝူကျိက သက်ပြင်းချလိုက်သည်။ ဤသည်မှာ လူတစ်ယောက်က အသက်ထက်စာလျှင် ရတနာကို ပိုတန်ဖိုးထားသူကို ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်၏။ ဤလူက အတော်လေး ကပ်စေးကုပ်ကာ  သူ့ကိုယ်သူလည်း မဟာဝိဇ္ဇာဟု ခေါ်ဆိုနေသေး၏။ အကယ်၍ မင်ယွမ်သာ ရက်စက်တတ်သည့်သူနှင့် တွေ့ဆုံခဲ့လျှင် ယခုအချိန် သေနေလောက်လေပြီ။

မိုဝူကျိက သူ မင်ယွမ်ကို သတ်သည်၊ မသတ်သည်အား အမှန်တကယ် ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်က မင်ယွမ် သူ့အား ပေးမည့်အရာများသာ ဖြစ်၏။ ကပ်ဘေးကြီးက ရောက်လာတော့မည် ဖြစ်ရာ သူ့အနေနှင့် ကျင့်ကြံဆင့်ကို မြင့်တင်ရမည်။ မဟုတ်လျှင် သူကိုယ်တိုင် အန္တရာယ်ကျရောက်နိုင်ပေ၏။

“ ဘာတွေ ပေးနိုင်လို့လဲ။ ခင်ဗျားရဲ့ အသက်ကို ဝယ်ဖို့ လုံလောက်လား တစ်ချက်ကြည့်ကြည့်ကြတာပေါ့ ” မိုဝူကျိက မပြောင်းမလဲ ပြောလိုက်သည်။ တစ်ချိန်တည်းဆိုသလို သူက မင်ယွမ် လည်ပင်းမှ သဘာဝစွမ်းအားလက်ကို အနည်းငယ် ပြေလျော့ပေးလိုက်သည်။

“ မင်းက ဘာလိုတာလဲ ” မင်ယွမ်က မိုဝူကျိကို မဖြေဘဲ မေးခွန်းဖြင့်သာ ပြန်မေးလိုက်သည်။

မိုဝူကျိက အနည်းဆုံး ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ထောင်နှင့် အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော သောင်းဂဏန်းလောက် လိုအပ်ကြောင်း တွေးနေမိသည်။ သို့သော်လည်း သူက တွေးနေတာကို ရပ်လိုက်သည်။ စေ့စပ်သူတစ်ယောက်အနေနှင့် လိုရင်းကို တန်းပြော၍ မဖြစ်ပေ။

သူ မိုဝူကျိက စေ့စပ်သူ တစ်ယောက် မဟုတ်သော်လည်း ဤရိုးရိုးရှင်းရှင်း သဘောတရားကို နားလည်ထားသည်။

“ ခင်ဗျားက တောင်းဆိုရမဲ့သူလေ။ တခြားနည်းလမ်း မရှိဘူး။ တကယ်လို့ ခင်ဗျားပစ္စည်းတွေက ကျုပ်ကို မကျေနပ်စေရင် ဒီသဘောတူညီမှု ရပ်နားလိုက်ကြတာပေါ့။ ဘယ်လိုဖြစ်ဖြစ် ခွန်းယွင်ရဲ့ ရတနာတွေ ရှိနေသေးတယ်။ ကျုပ်က ခွန်းယွင်ရဲ့ ရတနာကို လက်ခံပြီး ခင်ဗျားကို ကျုပ်ဒေါသဖြေဖို့ သတ်ခဲ့ရုံပဲ ” မိုဝူကျိက မင်ယွမ်အား စိုက်ကြည့်ကာ ပြောလိုက်သည်။

ဤတစ်ကြိမ်၌ မင်ယွမ်က တုံ့ဆိုင်းမနေတော့ပေ။ သူက ရှင်းရှင်းလင်းလင်း ပြောလိုက်၏

“ မင်းကို ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော အခုတစ်သောင်းနဲ့ အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော တစ်သိန်း၊ အဆင့် ၉ ဆေးပင် ဆယ်ပင်၊ အဆင့် ၉နဲ့အောက် ဆေးစိုက်ခင်း တစ်ရာ၊ ထိပ်တန်းအဆင့် ပန်းပဲပစ္စည်း ၈၂၁ ခု ပေးမယ်။ ပန်းပဲပစ္စည်းထဲမှာ ကူးတို့ဝါးလည်း ပါတယ် … ”

မိုဝူကျိက လေအေးများ ရှုသွင်းလိုက်သည်။ ဤလူက အမှန်တကယ် ချမ်းသာလွန်းပေသည်။ တစ်ခါတည်းဖြင့် ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော အခုတစ်သောင်းကို ပေးပစ်လေသည်။ သူ့တွင် ထိပ်သီး ဟို့ထျန်းရတနာ ငါးမျိုးအနက် တစ်ခုဖြစ်သည့် ကူးတို့ဝါးပင် ရှိနေသေး၏။ သူ ပုဆိန်လှံရှည်ကို ဖန်တီးထားသည့် အမြစ်မဲ့ရွှေလည်း ထိုဟို့ထျန်းရတနာငါးမျိုးအနက် ပါဝင်ပေသည်။ တခြားနည်းဖြင့်ဆိုရလျှင် ကူးတို့ဝါးက သူ့အမြစ်မဲ့ရွှေနှင့် အဆင့်တူ ဖြစ်၏။

မိုဝူကျိက ရုတ်တရက် စကားတစ်ခွန်းကို အမှတ်ရသွားလေသည်။

ဆင်းရဲမှုက စိတ်ကူးထက်သန်မှုကို  ကန့်သတ်ထားတယ် ….

ယခုလေးပင် သူက ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော အခုတစ်ထောင် လိုချင်ခဲ့မိသည်။

သို့သော် ….

ခွန်းယွင်က ငြင်းလိုက်၏

“ မင်ယွမ် …. ကပ်ဘေးမတိုင်ခင်တုန်းက ကျင့်ကြံသူတွေအများကြီးက ခင်ဗျားဆီမှာ ရတနာတွေ ထားခဲ့ကြတာ။ အခု နည်းနည်းလေးပဲ ထုတ်ပေးနေတယ်။ အစ်ကိုမိုက သဘောတူမယ် ထင်နေလား … ”

မင်ယွမ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်  “ ငါ ဒါပဲ ပေးနိုင်တယ်။ တကယ်လို့ သူ သဘောတူရင် တူတယ်ပေါ့။ မဟုတ်ရင်လည်း ငါ့ကို သတ်လိုက် …. ငါ မင်ယွမ်က နောက်တစ်ကြိမ် ထပ်ညှိနေမှာ မဟုတ်ဘူး ”

“ ကျုပ် သဘောတူတယ်။ ခင်ဗျား ပြောသလိုသာ ထုတ်ပေးရင် ခင်ဗျားကို နတ်ဘုရားနားခိုရာ နယ်မြေမှာ မသတ်ဘူး။ ဒါပေမဲ့ နောင်ထပ်ပြီး ကျုပ်ကို ရန်လာစရင်တော့ ညှာတာမှုမရှိဘူးဆိုပြီး လာအပြစ်မတင်နဲ့ ….” မိုဝူကျိက ပြောဖို့ရာ တုံ့ဆိုင်းမနေပေ။ သူက ထိုအရာများကို လမ်းပေါ်က ပိုက်ဆံကောက်တွေ့သည့်အလား လွယ်လွယ်ကူကူ ရလာသည်။ ထို့အပြင် သူတို့က သူ့အတွက် အလွန်အရေးပါ၏။ မင်ယွမ်ကို သတ်ဖို့ရာကိစ္စကား သူ့အတွက် ဘာမှအရေးမပါပေ။

မင်ယွမ်လိုမျိုး ချစ်တီးက  သူ့စကားများကို အမှန်အတိုင်း ပြောလေ၏။ ဤသို့လူမျိုးက  ရတနာ ထုတ်ပေးမည့်အစား သူ့ကိုယ်သူ အသတ်ခံလိုက်မည့်သူသာ ဖြစ်ပေသည်။

All Chapters