← Chapters

Vol. 14 Ch. 199

Vol. 14 Ch. 199

Vol. 14 Ch. 199

Vol. 14 Ch. 199

Cisco ဘက်ရှိ လူများအားလုံးကတော့ ဘာမျှ မပြောကြပေ။

သူတို့အားလုံး အသက်အောင့်ရင်း ချီရှန်းကျောက်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့ကြ၏။

၁ ဘီလီယမ် နှင့် ၃ဘီလီယမ်

ခြားနားမှုကတော့ သေးငယ်သည့်ပမာဏ မဟု‌တ်ချေ။

အကယ်၍ သူတို့သာ ၃ ဘီလီယမ် အော်ဒါကြီး လက်ခံရရှိလိုက်ပါက Cisco မှာ တစ်နိုင်ငံလုံးတွင် ပြိုင်ဘက်မရှိ ဖြစ်လာပေမည်။

သူတို့ ကမ္ဘာ့အဆင့်မှီ ချစ်ပ်ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုတောင်မှ ဖြစ်ကောင်းဖြစ်လာနိုင်၏။

သို့သော်လည်း ၁ ဘီလီယမ် စာချုပ်သာ ချုပ်ဆိုလိုက်ရပါက အကျိုးသက်ရောက်မှာမှာလည်း ကွာခြားသွားပေတော့မည်။

လူတိုင်း၏ အကြည့်များက ဟော်ယွမ်ယွမ်ထံ ကျရောက်သွား၏။

အကယ်၍ သူမသာ သာမန်အတွင်းရေးမှူးတစ်ယောက်ဆိုပ့က ယခုလို ၀င်ပြောဖို့ရာ အရည်အချင်း ပြည့်မှီလိမ့်မည် မဟုတ်သော်လည်း ကောလဟာလများအရတော့ ဟော်ယွမ်ယွမ်မှာ Didi CEO ၏ ၀မ်းကွဲညီမှ ဖြစ်နေခဲ့၏။

ထိုကဲ့သို့သော အဆင့်အတန်းက သူမကို ပြောရေးဆိုခွင့် အပြည့်၀ ရရှိစေသည်။

ထို့ပြင် နှစ်ယောက်သားမှာလည်း ချစ်သူရည်းစားများ ဖြစ်နေသေး၏။ ထို့ကြောင့် သူမ၏ စကားလုံးများမှာ ချီရှန်းကျောက်၏ ဆုံးဖြတ်ချက်ကို များစွာ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်။

"ဟုတ်တယ်...ကျွန်မက သူတို့ ချစ်ပ်ထုတ်လုပ်မှုနယ်ပယ်မှာ နောက်ထပ်တစ်နှစ်လောက်အထိ ခေါင်းမဆောင်နိုင်မှာကို စိုးရိမ်နေတာ..မဟုတ်ရင်တော့ ကျွန်မတို့ ကုမ္ပဏီရဲ့ အနာဂတ် စီးပွားရေးပလန်တွေကို ထိခိုက်မှုရှိလာနိုင်တယ်လေ...အဲ့တာက လျော်ကြေးပေးလိုက်ရုံနဲ့ ပြန်သက်သာသွားမယ့် ထိခိုက်မှုမျိုးမဟုတ်တာ...."

ထိုအချိန်တွင်တော့ ဟော်ယွမ်ယွမ် မည်သိူ့ တုန့်ပြန်ရမလဲဆိုတာတောင် မသိတော့။ထို့ကြောင့် သူမ ရေလိုက်ငါးလိုက်သာ လိုက်လုပ်ပေးနိုင်တော့၏။

"အင်း..တကယ်တော့ ကျုပ်လည်း အဲ့လို တွေးနေတာပဲ..."ချီရှန်းကျောက် ဖျော့တော့စွာ ပြောလိုက်ပြီး "အဲ့လိုဆိုမှတော့ မင်းရဲ့စကားကိုပဲ နားထောင်လိုက်တော့မယ်...ကျုပ်တို့ တစ်ဘီလီယမ်အော်ဒါဖိုးပဲ စာချုပ်ချုပ်ကြတာပေါ့..."

ဟော်ယွမ်ယွမ် စိတိသက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမနောက်ဆုံးတော့ အစ်ကိုချီကို ဖျောင်းဖျနိုင်လိုက်ချေပြီ။

Cisco အုပ်စုမှ လူများကတော့ အမူအရာများ ပျက်သွားကုန်ကြ၏။ တစ်မိနစ်အတွင်း သုံးဘီလီယမ်မှ တစ်ဘီလီယမ်သို့ လျောကျသွားလိမ့်မည်လို့တော့ ထင်မထားခဲ့ပေ။

မ စကားရဲ့ စွမ်းပကားကလည်း တယ်ကြီးပေသကိုး။

ထိုဖြစ်ရပ်က Cisco ၏ အမှုဆောင်အရာရှိများကို ကြိတ်မနိုင်ခဲမရ ဖြစ်သွားစေခဲ့၏။

"ဒါရိုက်တာချီ..ကျုပ်တို့ မဆုံးဖြတ်ခင် အချိန်တစ်ချို့လောက် ပေးလို့ရမလား.."

"ရတယ်" ချီရှန်းကျောက် တည်ကြည်ခန့်ညားသည့် အရှိန်အဝါတို့ဖြင့် မတုန်မလှုပ် ပြောလိုက်လေသည်။

ဟော်ယွမ်ယွမ်ကတော့ တိတ်တဆိတ် အထင်ကြီးမိနေတော့၏။ သူမအစ်ကိုချီမှာ ထိုမျှ သရုပ်ဆောင် ပီပြင်လိမ့်မည်လို့ ထင်မထားခဲ့။

အစ်ကိုချီက အတိတ်မှာတုန်းက ငါ့ထက် လစာပိုကောင်းတာ အံ့ဩစရာတော့ မဟုတ်ဘူး။

အချိန်အနည်းငယ်လောက် တောင်းပြီးနောက် ယွင်ကျဲ့မင်၊ ရန်ဟုန်ယွီ နှင့် လျိုချူးတို့ လှေကားဘက်နားထွက်လာပြီးနောက် ကိုယ်စီကိုယ်စီ စီးကရက်ကို မီညှိလိုက်ကြသည်။

"ဒါရိုက်တာလျို..နောက်တစ်နှစ်လောက်အထိ ကျုပ်တို့ လက်ရှိချစ်ပ်ဗားရှင်းထက် အဆင့်မြင့်တဲ့ ချစ်ပ်နည်းပညာ ပေါ်လာဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးမလား..."

ယွင်ကျဲ့မင် ထိုအချက်ကို အစိုးရိမ်ဆုံးပင်။ သူ စာချုပ်ကြီးကြီးမားမား ချုပ်ဆိုနိုင်ဖို့ရာက လျိုချူးပေါ်တွင် လုံး၀ မှီခိုနေလေသည်။

"ကျုပ်အမြင်အရတော့ နောက်တစ်နှစ်လောက်အထိ လက်ရှိချစ်ပ်ဗားရှင်း ၁.၀ ထက်မြင့်တဲ့ နည်းပညာ ပေါ်လာမယ်လို့တော့ မထင်ဘူး......"

"ငါ ထင်တယ် ဆိုတဲ့ စကားလုံးကို မကြားချင်ဘူး..တိကျသေချာတဲ့ အဖြေကိုပဲ လိုချင်တယ်... "

သူက လက်ရှိ မားကတ်တင်းဌာန၏ ဒုဥက္ကဌတစ်ဦးသာ။ သူ့အထက်တွင် အာဏာကြီးမားသည့် နောက်ထပ် ဒုဥက္ကဌ တစ်ဦးလည်း ရှိသေး၏။

အနာဂတ်တွင် ဥက္ကဌလက်အောက်တွင် အာဏာအကြီးမားဆုံးသူတစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အရေးမှာ လက်ရှိ ပရောဂျက်ပေါ်တွင် အပြည့်အ၀ မူတည်နေလေသည်။

လျိုချူး စိတ်ထဲတွင် ချစ်ပ်နယ်ပယ်နှင့် စပ်လျဉ်း၍ အခြေနေအရပ်ရပ်ကို တွက်ချက်ကြည့်လိုက်ပြီး နောက်ဆုံးတွင်တော့ သူ တိကျသေချာသည့် အဖြေတစ်ခုကို ထုတ်ပေးလိုက်သည်။

"ပြဿနာမရှိဘူး.."

လက်ရှိပရောဂျက်ကို မှီခို၍ ကုမ္ပဏီတွင် သူ၏ ရာထူးကို ခိုင်မြဲအောင် ပြုလုပ်ချင်နေသည်မှာ ယွင်ကျဲ့မင် တစ်ယောက်တည်းမဟုတ်။ လျိုချူးလည်း ထို့အတူပင်။

အကယ်၍ သူသာ တိကျသေချာသော အဖြေတစ်ခု မပေးနိုင်ပါက အနာဂတ်တွင် ထိုင်ခုံပေါ်မှ ပြုတ်ကျသွားနိုင်၏။

ထို့ပြင် ချစ်ပ် ဗားရှင်း ၁.၀ ဆိုသည်မှာလည်း လက်ရှိ ချစပ်နယ်ပယ်တွင် နည်းပညာအမြင့်ဆုံး ဖြစ်နေလေသည်။

လုံရှင်းစင်တာမှ တစ်ပါးထိုကဲ့သို့သော ချစ်ပ်မျိုးကို ထုတ်လုပ်နိုင်သည့်သူမရှိ။ သို့သော်လည်း လုံရှင်းမှာ သူ၏ ကျော့ကွင်းအတွင်းသို့ တက်ဆင်းထားပြီးဖြစ်ပြီး အချိန်မရွေး မောင်းတစ်ချက်ဖြုတ်လိုက်ရုံပင်။

ထို့ကြောင့် အားလုံးကို ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက တစ်နှစ်အတွင်း သူတို့ချစ်ပ်နည်းပညာကို ကျော်လွန်သော ချစ်ပ်တစ်ခု ပေါ်ထွက်လာရန်မှာ လုံး၀ ဖြစ်နိင်ချေ မရှိချေ။

"ကောင်းပြီ..အဲ့ဒါကလည်း ငါလိုချင်နေတဲ့ အဖြေပဲ..."

သုံးယောက်သား ‌စီးကရက်ကို မြေပြင်ပေါ်သို့ ပစ်ချကာ မီးငြိမ်းသတ်လိုက်ကြပြီး အစည်းဝေးခန်းထဲသို့ ၀င်သွားလိုက်၏။

"ခုလို စောင့်ဆိုင်းစေမိတဲ့အတွက် စိတ်မရှိပါနဲ့ဗျာ..."

ယွင်ကျဲ့မင် ယဉ်ကျေးစွာ ပြောလိုက်၏။

"အဆင်ပြေပါတယ်..."

"ဒါရိုက်တာချီ..ခင်များက လာမယ့်နှစ်အတွင်းကျုပ်တို့ ချစ်ပ်နည်းပညာကိုကျော်လွန့်မယ့် ချစ်ပ်တစ်ခု ပေါ်လာမှာ စိုးရိမ်နေတာမလား..ဒီတော့ ကျုပ်တို့ဘက်ကသာ တိကျသေချာတဲ့ အာမခံချက်တစ်ခုပေးမယ်ဆိုရင် ဒါရိုက်တာချီရဲ့ ရင်ထဲက သံသယကို ပြေပျောက်စေလိမ့်မယ်လို့တော့‌ေမျှာ်လင့်ပါတယ်..."ယွင်ကျဲ့မင် လေးနက်သော အမူအရာဖြင့် ပြောလိုက်လေသည်။

"အင်း....ဖြစ်နိုင်ပါတယ်..."

"အဲ့တာဆိုရင်တော့ ကျုပ် Cisco ဦးပိုင်ကုမ္ပဏီရဲ့ ဒုဥက္ကဌတစ်ယောက်အနေနဲ့ နောက်တစ်နှစ်အထိ ကျုပ်တို့ရဲ့ ချစ်ပ်နည်းပညာဟာ နောက်တစ်နှစ်အထိ ယှဉ်ပြိုင်နိုင်သူ မရှိစေရဘူးလို့ အာမခံတယ်ဗျာ... "

ယွင်ကျဲ့မင် ထိုသို့ပြောလိုက်ပြီး "ပြီးတော့ ကျုပ်တို့ရဲ့ ရိုးသားမှုကို ဖော်ပြ‌တဲ့အနေနဲ့ ဒါရိုက်တာချီကသာ ယွမ် ၃ ဘီလီယမ်တန် စာချုပ်ချုပ်ဆိုမယ်ဆိုတော့ ကျုပ်တို့ဘက်ကနေ စာချုပ်ချိုးဖောက်ခဲ့သည်ရှိသော် စာချုပ်ပါပမာဏအတိုင်း ဆယ်ဆ လျော်ပေးမယ်လို့ အာမခံရဲတယ်ဗျာ...အဲ့လောက်ဆို ဒါရိုက်တာချီရဲ့ သံသယတွေကို ဖယ်ရှားဖို့ လုံလောက်ပါတယ်နော..."

ဟော်ယွမ်ယွမ်ကတော့ မျက်လုံးအသာလှန်လိုက်သည်။

နင့်ဘာနင် ဆယ်ဆမကလို့ အဆတစ်ရာလျော်လျော် ဘော့စ်လင်းပေးလိုက်တာက တစ်ဘီလီယမ်တည်းပဲ

"ဒါရိုက်တာယွင်ကတောင် ဒီလိုပြောလာနေပြီဆိုမှတော့ ကျုပ်ဘက်ကလည်း တွယ်ကပ်နေလို့ ဘယ်ဖြစ်တော့မှာလဲဗျ...၃ ဘီလီယမ်ပဲပေါ့...စာချုပ်ပြင်ထားခိုင်းလိုက်တော့..."

ဟော်ယွမ်ယွမ် ကြက်သေသေသွားပြန်၏။

အစ်ကိုချီ..ရှင်ဘာတွေ လျှောက်လုပ်နေပြန်ပြီတုန်း...

သူမသူ့ကို ပြန်ခေါ်လာနိုင်ခဲ့တာတောင် မကြာသေးဘူး...ခုထဖောက်နေပြန်ပြီ...

ရုတ်တရက် သူမ စားပွဲ‌ခုံအောက်တွင် တစ်စုံတစ်ယောက်မှ သူမလက်ကို လာကိုင်ထားကြောင်း ခံစားမိလိုက်၏။

ထိုလူကတော့ အစ်ကိုချီပင်။

ရုတ်တရက်သူမ အစ်ကိုချီတွင် ထိုသို့ လုပ်ဝံ့သည့် ခိုင်လုံသောအကြောင်းပြချက် ရှိလိမ့်မည်ဟုသတိပြုမိသွားခဲ့သည်။

"ကောင်းပါပြီဗျ....ကျုပ်ခုပဲ စာချုပ်ပြင်ခိုင်းလိုက်တော့မယ်..."

"အိုကေ..လုပ်လိုက်တော့..."

ဆယ်မိနစ်ကြာပြီးနောက် ယွင်ကျဲ့မင်၏ အတွင်းရေးမှူးမှာ စာရွက်စာတမ်း အထူကြီးဖြင့် ပြန်ရောက်လာခဲ့၏။

ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ကတော့ ၎င်းတို့၏ စီးပွားရေးအမြင်ထက်ရှမှုကို အပြည့်အ၀ဖော်ပြ၍ စာချုပ်ပါ အကြောင်းအရာတစ်ခုချင်းစီတိုင်းကို အသေးစိတ် ဖတ်ရှုပြီး ပြဿနာတစ်စုံတစ်ရာ မရှိတော့မှ လက်မှတ်ထိုးလိုက်ကြသည်။

ချီရှန်းကျောက် လက်မှတ်ထိုးလိုက်သည်ကိုလည်း မြင်ရော ယွင်ကျဲ့မင် ရင်ဘက်ထဲမှ အလုံးကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

စာချုပ်လည်း ချုပ်ပြီးသွားပြီ...ညှိနှုင်းမှုကလည်း အိုကေသွားပြီ...

သုံးဘီလီယမ်...ဒါက...သူမျှော်လင့်ထားတာထက်တောင် ၂ ဘီလီယမ်ပိုနေသေးတယ်...

ထိုစာချုပ်နဲ့ဆိုရင်တော့ သူ့နေရာက လူတစ်သောင်းရဲ့အထက်မှာ ရှိပြီး သူ့အထက်မှာတော့ လူတစ်ယောက်သာ ရှိပေတော့မည်။

ကျန်နေသည့် ဒုဥက္ကဌတွေကိုလည်း သူအသာလေး နင်းချေလို့ ရချေပြီ။

စာချုပ်ချုပ်ဆိုပြီးနောက် နှစ်ဦးနှစ်ဖက်ရှိ အမှုဆောင်အရာရှိများအားလုံး မှတ်တပ်ရပ်၍ အသိအမှတ်ပြု လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

"ဒါရိုက်တာချီ..ခုလို ကျုပ်တို့ရဲ့ Cisco ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါ..ကျုပ်တို့က ဒါရိုက်တာချီကို လုံး၀ စိတ်မပျက်စေရဘူး..နောက်လည်း လက်တွဲလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်ဗျ..."

"ဒါပေါ့ဗျ..အောင်မြင်တဲ့ လက်တွဲမှုဖြစ်ဖို့ မျှော်လင့်ပါတယ်..."ချီရှန်းကျောက် လက်ဆွဲနှာတ်ဆက်ရင်း ပြောလိုက်၏။

Cisco အမှုဆောင်အရာရှိများ၏ လိုက်ပါပို့ဆောင်မှုအောက်တွင် ချီရှန်းကျောက်နှင့် ယွမ်ဟော်ဟော်တို့ လင်းရီ၏ Rolls-Royce ထဲသို့ ၀င်သွားခဲ့ကြသည်။

"ဟူး...ခုမှပဲ စိတ်သက်သာသွားတော့တယ်...."Cisco မှ ထွက်လာပြီးနောက် ချီရှန်းကျောက် နောက်ခန်းထဲတွင် စိတ်ရောကိုယ်ပါ ဘိုင်းဘိုင်းကျသွားပြီး လေလျော့ခံလိုက်ရသည့် ဘောလုံးတစ်လုံးကဲ့သို့ ဖြစ်သွားခဲ့၏။

"ချီ..နင်ဘာတွေလျှောက်လုပ်နေတာ..ဒရာမာ အပိုတွေ လျှောက်ထည့်တာက လက်ခံလို့ရပေမယ့် ဘာလို့ စာချုပ်ပမာဏကိုကျတော့ ၃ ဘီလီယမ်အထိတောင် တိုးပစ်လိုက်ရတာလဲ..."ဟော်ယွမ်ယွမ် သူမရင်ထဲ၌ တစ်ချိန်လုံး သိမ်းထားခဲ့သည့် မေးခွန်းကို ချက်ချင်း ထုတ်မေးလိုက်သည်။

"ရော့..အဲ့မှာ မက်ဆေ့ခ်ျသာ ကြည့်လိုက်တော့..."

ချီရှန်းကျောက် သူမကို လင်းရီ ပို့ခဲ့သည့် မက်ဆေ့ခ်ျကို ပြပေးလိုက်၏။

"စာချုပ်ကို ၃ ဘီလီယမ်အထိ တိုးလိုက်..."

"ဘာ..ဘာတွေ ဖြစ်နေတာလဲ..သူပြောတော့ ၁ ဘီလီယမ်ပဲဆို..ဘာလို့ ၃ ဘီလီယမ်အထိ တိုးလိုက်ရတာလဲတဲ့.."

"ငါလည်း ဘယ်သိမှာ..တကာ်လို့ ဘော့စ်လင်းကြောင့်သာ မဟုတ်ရင် ငါလည်း မပြောရဲဘူး.."

"နင်အစည်းဝေးခန်းထဲမှာ ဖုန်းကလိနေတာ မထူးဆန်းတော့ပါဘူး..နင်က ဘော့စ်လင်းနဲ့ အဆက်အသွယ် လုပ်နေခဲ့တာပေါ့..."ဟော်ယွမ်ယွမ် သဘောပေါက်သွားသည့် လေသံဖြင့် ပြောလိုက်ပြီး

"ဒါပေမယ့် ဘော့စ်လင်းက ဘာလို့ အရေးကြီးတဲ့အချိန်ကျမှ ရုတ်တရက် စိတ်ပြောင်းသွားခဲ့တာလဲတဲ့...တကယ်လို့ Cisco သာ ရိပ်မိသွားမယ်ဆိုရင် ငါတို့ရဲ့ အားထုတ်မှုတွေက အချည်းနှီး ဖြစ်ကုန်မှာနော်..."

ချီရှန်းကျောက် ပခုံးတွန့်လိုက်ပြီး "ဥက္ကဌလင်းမှာကအကြံအစည်တွေနဲ့ ပြည့်နေတာလေ..ဒီတော့...."

ပထမ လင်းရီ စာချုပ် တစ်ဘီလီယမ်ပဲ ချုပ်မယ်လို့ သတ်မှတ်လိုက်ခြင်းမှာ သူ့အိတ်ကပ်ထဲ၌ ငွေသိပ်မကျန်သောကြောင့်ပင်။

သို့သော်လည်း မနေ့တုန်းက စနစ်မှနေ၍ ယွမ် နှစ်ဘီလီယမ် ချီးမြင့်လာခဲ့သောကြောင့် သူ့တွင် စုစုပေါင်း ငွေ သုံးဘီလီယမ်ခွဲအထိ တိုးလာခဲ့၏။

ထိုအကြောင်းကို စဉ်းစားပြီးနောက် လင်းရီ ကုမ္ပဏီ ထွေထွေ အသုံးစရိတ်အတွက် ၅၀၀ မီလီယမ်သာ ချန်ထားပြီး ကျန်သုံးဘီလီယမ်ပို ပုံအော၍ လောင်းလိုက်လေသည်။

"ငါ ပြန်ရောက်မှပဲ ဘော့စ်လင်းကို ဒီအကြောင်းကို သေချာ မေးတော့မယ်... "ဟော်ယွမ်ယွမ် စိတ်သက်သာရသွားသည့် လေသံဖြင့် ပြောလိုက်၏။

"ဒါပေမယ့် အစ်ကိုချီ..နင် သရုပ်ဆောင် ဒီလောက်ကောင်းတာ ခုမှပဲ သတိထားမိတော့တယ်...ကိုယ်ပိုင် အိုက်တင်တွေတောင်မှ ပေါင်းထည့်လိုက်သေးတယ်..တကယ်လို့ ကျွန်မသာ အလိုအလျောက် တုန့်ပြန်နိုင်စွမ်း မရှိလို့ကတော့ ဘာလုပ်လို့ ဘာကိုင်ရမလဲတောင် သိတော့မှာ မဟုတ်ဘူး..."

"အင်း..ဒါတွေအားလုံး ဘော့စ်လင်းကိုပဲ ကျေးဇူးသင်ရမှာ...ဒီ Cisco က ကောင်တွေနဲ့ ကစားရတာ အရမ်းပင်ပမ်းတယ်..."ချီရှန်းကျောက် ပြောလိုက်ပြီး "တကယ်လို့ ဘော့စ်လင်းရဲ့ ညွှန်ပြမှုကြောင့်သာ မဟုတ်ရင် ငါလည်း ဒီလောက်အများကြီး လုပ်တတ်မှာ မဟုတ်ဘူးးကွ..."

"ဟုတ်တယ်..ဘော့စ်လင်းရဲ့ လက်ထဲမှာရှိတဲ့ လှည့်ကွက်တွေက အများကြီးပဲ..သာမန်လူတွေက သူနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး..."

"ကျန်တဲ့သူတွေတော့ ငါမသိဘူး..ဒါပေမယ့် ငါတော့ ဘော့စ်လင်းဆီမှာ အလုပ်လုပ်ခွင့်ရတာ သိပ်ကို ကျေနပ်တယ်..."

"ဟုတ်တယ်...ဒီလောက်ကောင်းတဲ့ သူဌေးဆီမှာ အလုပ်လုပ်တာတောင်မှ ကျွန်မတို့ ထိပ်ဆုံးကို မရောက်ဘူးဆိုရင် အဲ့တာ ကျွန်မတို့ ညံ့လို့ပဲ..."ဟော်ယွမ်ယွမ် လေးနက်သည့် လေသံဖြင့် ပြောလိုက်၏။

"ဒါပေမယ့်...ဟူး..ဒီနေ့တော့ အသက်တော်တော်လေး တိုသွားသလိုပဲ..ပြန်ရောက်မှ ဗုဒ္ဓဆီသွားပြီး ဆယ့်ငါးရက်လောက် အသက်ရှည်အောင် ၀တ်ပြုဆုတောင်းလိုက်ဦးမယ်."

........

ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ ထွက်ခွာသွားပြီးနောက် ယွင်ကျဲ့မင် ဥက္ကဌ ရုံးခန်းထဲသို့ ၀င်သွားခဲ့၏။

ရုံးခန်းထဲတွင်တော့ အသက်ငါးဆယ်အရွယ်ရှိ လူကြိးတစ်ယောက်ထိုင်နေပြီး အနည်းငယ် ၀ဖိုင့်ဖိုင့် ရှိ၏။ ဆံပင်မှာ ခေါင်းတစ်ခြမ်း ဖြူဖွေးနေသော်လည်း သူ၏ အရှိန်အဝါများကတော့ သန်မာနေဆဲပင်။

ထိုလူကတော့ Cisco ၏ ဥက္ကဌ ချောင်ကျားတုံးပင်တည်း။

ယွင်ကျဲ့မင် ရောက်လာသည်ကိုမြင်တော့ ချောင်ကျားတုံး မတ်တပ်ရပ်လိုက်ပြီး "ဘယ်လိုလဲ..ညှိနှိုင်းဆွေးနွေးတာက အဆင်ပြေခဲ့ရဲ့လား..ဘာပြဿနာတွေ ရှိသေးလဲ..."

ယွင်ကျဲ့မင် စာချုပ်ကို ကမ်းပေးလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်

"ဥက္ကဌချောင် ..အားလုံးကတော့ အဆင်ပြေပြေပဲ...ပြီးတော့ စာချုပ်ကို သုံးဘီလီယမ်နဲ့ ချုပ်လိုက်တယ်...ကျုပ်တို့ Cisco က ‌နှစ်ပေါင်းများစွာ ငြိမ်သက်လာပြီး‌တဲ့နောက်မှာ ပြန်ပြီးတော့ နှိုးထလာနိုင်တော့မယ်ဗျ..."

"၃ ဘီလီယမ်..."

ချောင်ကျားတုံး အံအားသင့်နေသည့် အမူအရာဖြင့် "ငါတို့ ကနေဦး ပြောထားတာ ၁ ဘီလီယမ်ပဲ မဟုတ်လား..ဘယ်လိုလုပ် ၃ ဘီလီယမ် ဖြစ်သွားခဲ့တာ..."

ယွင်ကျဲ့မင် ပြုံးလိုက်ပြီး ဂုဏ်ယူနေသည့် လေသံဖြင့် "အစကတော့ တစ်ဖက်က တစ်ဘီလီယမ်ပဲ အော်ဒါ‌မှာချင်နေတာ..ကျုပ်သူတို့နဲ့ ဆွေးနွေးလိုက်တော့မှ ၃ ဘီလီယမ်ဖိုး အော်ဒါတင်ဖို့ သဘောတူသွားခဲ့တာလေ..."

"အင်း..မဆိုးဘူး ..မဆိုးဘူး..."

ချောင်ကျားတုံး ကျေနပ်အားရစွာ ချီးမွမ်းလိုက် စော်လည်း သူ၏ အမူအရာကတော့ ယွင်ကျဲ့မင်ကဲ့သို့ အလွန်အမင်း စိတ်လှုပ်ရှားမနေခဲ့ချေ။

စီးပွားရေး နယ်ပယ်တွင် နှစ်ပေါင်းများစွာ ကျင်လည်လာပြီးနောက် ချောင်ကျားတုံး အကျိုးမရှိပဲ စောစောမထားဘူးဆိုသည့် နိယာမကို ကောင်းစွာနားလည်ပေသည်။

မည်သည့်တောင်းဆိုချက်မျှ မရှိပဲ အပို နှစ်ဘီလီယမ် ပေါင်းထည့်လိုက်သည်ကတော့ လုံး၀ မဖြစ်နိုင်ချေ။

"စာချုပ်ကကော ဘယ်လိုလဲ.."ချောင်ကျားတုံးမေးလိုက်ပြီး "သူတို့ဘက်က ငါတို့ ဆန္ဒအတိုင်း သဘောတူလိုက်တာလား..."

"ဟုတ်ပါတယ်.."ယွင်ကျဲ့မင် ခေါင်းညိမ့်လိုက်ပြီး "သူတို့ဘက်က တစ်ခုတည်းပဲ တောင်းဆိုသွားတာပါဗျ..အဲ့ဒါကတော့ ကျုပ်တို့ရဲ့ နည်းပညာက နိုင်ငံထဲမှာ အဆင့်မြင့်ဆုဲး နည်းပညာဖြစ်ရမယ်ဆိုတဲ့ အာမခံချက် တောင်းသွားတာပါ..ကျန်တာတော့ တစ်ခြား ဘာမှ တောင်းဆိုသွားတာ မရှိပါဘူးခင်မျ..."

All Chapters