← Chapters

Vol. 14 Ch. 201

Vol. 14 Ch. 201

Vol. 14 Ch. 201

Vol. 14 Ch. 201

"ဘာပြောလိုက်တယ်...သူက အီရန်ဘွိုင်းဟုတ်လား..."

ကျင်းချောင် ကြက်သေသေသွားခဲ့ပြီး "ဘယ်လို ဟာသကြီးလဲ..သူက စူပါကားတောင် မောင်းနိုင်‌တာနော်..အဲ့တာကို အီရန်ဘွိုင်းလို့ ပြောလိုက်တယ်ပေါ့..နင် သူများကို အပုပ်ချချင်တယ်ဆိုရင်လည်း ယုတ္တိရှိရှိ‌ ပြောလေ..."

"ငါမင်းကို ဘာလို့ လိမ်ရမှာလဲဟ..မယုံချင် ဝေရန်ကို မေးကြည့်လိုက်..."စွန်းနင် ကျောက်ဝေရန်ကို မေးငေါ့ပြလိုက်သည်။

ကျင်းချောင် ကျောက်ဝေရန်ကို သိချင်စိတ်ပြင်းပြချင်စွာဖြင့် ငါ့ကို အမှန်တိုင်း ပြောပြ ဟူသော ကြည့်လိုက်ပြီး ကြည့်လိုက်၏။

"အွန်း..အစ်ကိုလင်းက တကယ်ကြီး အီရန်ဘွိုင်းပဲ...ဒါပေမယ့် သူက ရူ‌ပဗေဒဂေါ့ဒ်နော်..ငါ့ကိုတောင်မှ ဘွဲ့ယူဖို့ စာတမ်းကူရေးပေးသေးတယ်..."

စွန်းနင် နှာခေါင်းရှုံ့လိုက်ပြီး "ချောင်ချောင်..မင်းခုတော့ သိသွားပြီမလား...သူက ဒီတိုင်း ဘာမဟုတ်တဲ့အီရန်ဘွိုင်းပဲ..ဘာမှ ချမ်းသာတဲ့ကောင် မဟုတ်ဘူး..."

"ဘယ်..ဘယ်လိုလုပ် ဖြစ်နိုင်လဲ..."ကျင်းချောင် လုံး၀ မယုံကြည်နိုင်ခဲ့။ " ပြိုင်...ပြိုင်ကားကြီး‌‌မောင်းတဲ့ ရှောင်ကောကောက အီရန်ဘွိုင်းတဲ့လား....နင်...နင်တို့ငါ့ကို ညာနေကြတာ မဟုတ်လားဟင်.. "

"နင်မသိဘူးပေါ့..."ကျန်းကျန့် ဖြတ်ပြောလိုက်ပြီး "အဲ့တာက မားကတ်တင်း ဆင်းနည်း တစ်မျိုးပဲလေ..လူတွေ စိတ်၀င်စားလာအောင် လို့ပေါ့..မင်းတောင် စိတ်၀င်စားသွားတယ်မလား..."

"မားကတ်တင်းဆင်းတယ်..."

"အေး...ဟိုးးတလောတုန်းကတောင်မှ Didiကနေပြီး ဇိမ်ခံကား ၀န်ဆောင်မှုကို လုပ်လိုက်သေးတယ်လေ...ရိုးရိုးလေးပါ..သူလည်း ပြိုင်ကားမောင်းပြီး နည်းနည်းလေး ပိုပြီးကြည့်ကောင်းတဲ့ အီရန်ဘွိုင်းပါကွာ..."ကျန်းကျန့် အပြုံးလေးဖြင့် ပြောလိုက်သည်။

"အဲ့ဒီတုန်းက မင်း စွန်းနင်ကို ငြင်းလိုက်တာက ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ဘူးနော်..."

စွန်းနင် မတ်တပ်ထရပ်လိုက်ပြီး "ချောင်ချောင်..နင်အရင်တုန်းက အထင်လွဲပြီးတော့ ငါ့ကိုငြင်းလိုက်တာ..ခု အမှန်တရားကို သိသွားပြီဆိုတော့ ငါ့ကို မငြင်းတော့ဘူးမလား..."

"ငြင်းဦးမှာပဲ..."ကျင်းချောင် သေချာနေသည့် လေသံဖြင့် ပြောလိုက်၏။

"ဘာလို့လဲ.."

"ငါက နင်ဖြစ်နေလို့ကို ငြင်းတာ ...ပြီးတော့ ရုပ်ကလည်း ဆိုးသေး...."

"ဘယ်လောက်တောင် ရယ်စရာ‌ကောင်းလိုက်တဲ့ ပြက်လုံးလဲ.."စွန်းနင် ဒေါသထွက်နေပြီး "သူက အီရန်ဘွိုင်းနော်..သူ့ကိုယ်သူတောင် စားဖို့ မလောက်ငှတာကို.မင်းက ထမင်းရည်သောက်ချင်လို့ သူ့ကို ကြိုက်နေတာလားကွ.."

"ငါက သူရုပ်ချောတာကို နှစ်သက်တာလေ..အဲ့တော့ ဘာဖြစ်လဲ..."

စွန်းနင် : "...."

"ကောင်းပြီ..မင်းတို့ ဒီကိစ္စကို ထပ်မပြောကြနဲ့တော့.."ကျန်းကျန့် နှစ်ဖက်ဖြစ်တော့မည့် ရန်ပွဲကို တားဆီး လိုက်ပြီး "ရေသွားဆော့ကြစို့..ငါခုပဲ ရွက်လှေသွားငှားလိုက်မယ်..ငါတို့ရဲ့ မုဒ်လေးကို အဲ့ကောင်ကြောင့်နဲ့ စိတ်ပျက်မခံနဲ့..."

"အစ်ကိုလင်း..ရှင်တို့လည်း ဒီကို ရေဆော့ဖို့ လာခဲ့တာမလား..."ကျောက်ဝေရန် မေးလိုက်၏။

"အင်း..ရန်ကျင်းက ငါ့သူငယ်ချင်းတစ်ယောက် ရောက်လာလို့လေ..အဲ့တာ သူ့ကို ခေါ်ပြီး လာလည်တာလေ.."

"ဟမ်...ရှင်တို့က နှစ်ယောက်လား......"

"အေးလေ..သူက ခွေးနဲ့တူနေလို့လား..."

ကျန်းစုန့် : "..."

လောင်တ မင်းက ကောင်မလေးတွေ ရှေ့ရောက်တော့ မင်းညီကိုကောင်းကို သစ္စာဖောက်လိုက်ပြီပေါ့...

ဒါပေမယ့် မင်းစော်လိုက်တဲ့ပုံကလည်း ဘာလို့ သောက်ရမ်းနိုဗယ်ဆန်နေတာလဲဟ...

ရေးမှတ်ထားဦးမှပါ....

ကျောက်ဝေရန် တခစ်ခစ် ရယ်မောသွားပြီး "ကျွန်မ ပြောချင်တာက အဲ့လို အဓိပ္ပာယ်မဟုတ်ဘူးလေ...တကယ်လို့ ရှင်တို့ နှစ်ယောက်တည်းဆိုရင် လည်းကျွန်မတို့နဲ့ အတူလိုက်ခဲ့ပါလားလို့..လူ‌ပိုများတော့ ပိုပြီးပျော်စရာကောင်းတာပေါ့...မဟုတ်ဘူးလား..."

"ရန်ရန်...ငါတို့ လာဆော့တဲ့သူတွေအားလုံးက ကိုယ့်အခန်းထဲက အတန်းဖော်တွေကြီးပဲလေကွာ..ဘာလို့ အပြင်လူတွေကို လျှောက်ခေါ်နေတာလဲဟ..."ကျန်းကျန့် အလိုမရှိစွာဖြင့် ပြောလိုက်သည်။

"ဘာဖြစ်လို့လဲမရ ရမှာလဲ...."

"ဘာလို့လဲဆိုတော့ ငါတို့က ဘေလ်ကို မျှပေးကြမှာလေကွာ..အဲ့တာကြောင့် တခြားသူတွေ သဘောတူမတူ ဆိုတာကိုလည်း မေးကြည့်လိုက်ဦး "

ကျောက်ဝေရန် တိတ်ဆိတ်သွား၏။ သူမ ထိုအချက်ကို မစဉ်းစားမိလိုက်သောကြောင့်ပင်။

"ရတယ်...ငါတို့ သဘောတူတယ်.."

အုပ်စုထဲရှိ မိန်းကလေးများ အားလုံး လက်ထောင်လိုက်ကြပြီး "ငါတို့လည်း သဘောတူတယ်နော်...အဆင်လေးပါတော့ ပိုပျော်ဖို့ ကောင်းတာပေါ့..."

ကျန်းကျန့်နှင့် စွန်းနင်တို့ ဘာမျှ မပြောရသေးခင် အုပ်စုထဲရှိ မိန်းကလေး ခြောက်ယောက်လုံးမှာ လက်မြောက်လိုက်ကြပြီး သူတို့ နှစ်ယောက်သာ လက်မမြောက်ကြခြင်းပင်။

ကျန်းကျန့် : "......"

စွန်းနင် : "......"

"ကဲ ၆:၂ ဆိုတော့ ပြဿနာ မရှိဘူးမလား..နင်တို့ ဘာထပ်ပြောချင်သေးလဲ..."

ကျန်းကျန့် ဒေါသအလိပ်လိပ် ထွက်နေခဲ့ပြီး စိတ်ထဲတွင်တော့ လင်းရီ၏ ဘိုးဘေး ခုနစ်ဆက်လောက်ကို ကျိန်ဆဲနေတော့သည်။ သူ့အတွက် ကောင်မလေးများကို စုစည်း၍ ပျော်ပွဲစားထွက်ရန် ပင်ပင်ပမ်းပမ်းနဲ့ ကြိုးစားထားရ၏။ သို့သော်လည်း ထိုခွေးမသားနှင့် လာတွေ့လိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့ချေ။

ဒီကောင် တမင်သက်သက် ငါ့ကို ခက်ခဲအောင် လုပ်နေတာလားကွ..

"ထားလိုက်တော့.. မင်းတို့အားလုံးက အတန်းဖော်တွေပဲ...ငါတို့လို သူစိမ်းတွေက ၀င်ရောလို့ မသင့်ဘူး..မင်းတို့ဘာမင်းတို့ ‌ရွက်လှေ တစ်စင်းလောက်ငှားပြီး ပျော်ကြပေါ့...."

"ဒါ...ဒါပေမယ့် ရှင်တို့က နှစ်ယောက်တည်းလေ..ပင်လယ်ထဲမှာ လူနည်းရင် အရမ်း ပျင်းဖို့ကောင်းမှာနော်..."

"ရန်ရန်...သူတို့ဘာ သူတို့ သွားလိမ့်မယ်..နင်၀င်မပါနဲ့..."ကျန်းကျန့် ပြောလိုက်ပြီး "ငါခု လှေသွားငှားတော့မယ့် ...သွားစို့.."

"အာ့ဆိုလည်း ပြီးတာပါပဲ...."ကျောက်ဝေရန် စိတ်ပျက်အားလျော့စွာဖြင့် ပြောလိုက်လေသည်။

"ရွက်လှေအသေးလေး တစ်စင်းလောက်..."လင်းရီ သူ့အလှည့်ရောက်တော့ ကောင်တာရှိ မိန်းကလေးကို ပြောလိုက်သည်။

"မဖြစ်နိုင်တာ...မင်းတို့က ဒီကို ရွက်လှေလာငှားတာပေါ့.."ကျန်းကျန့် အံ့အားသင့်ယောင်ဆောင်၍ "ငါထင်နေတာ မင်းတို့ လှေအငယ်စားလေး ငှားမယ်ထင်နေတာ..."

"ဘာလို့လဲ ..မရဘူးလား.."

"အဲ့လိုပြောချင်တာ မဟုတ်ဘူး.."ကျန်းကျန့် ပြောလိုက်ပြီး "ငါက ဒီတိုင်း ၀မ်ကျန်း ဆိပ်ကမ်းရဲ့ စံသတ်မှတ်ချက်တွေက အရမ်းမြင့်တယ်ဆိုတာ သတိပေးချင်ရုံပဲရွက်လှေအသေးတစ်စင်းကို ငှားမယ်ဆိုရင် သုံးနာရီကို ယွမ် ၁,၅၀၀ ပေးရတယ်..တစ်နာရီ တိုးချင်ရင် နောက်ထပ် ယွမ် ၈၀၀ ...မင်းရဲ့ အီရန်ဘွိုင်း လုပ်တဲ့ လစာနဲ့ဆိုရင် ကိုယ်တတ်နိုင်တာပဲ ငှားစမ်းပါကွာ.."

"အဲ့တာ ငါ့ကိစ္စလေ..မင်းအပူပါလို့လာ...ဘာတွေလာလျှာရှည်နေတာ."

"အဲ့တာက မင်းကိစ္စ ဟုတ်တယ်..ငါ့မှာ ၀င်ပတ်သက်စရာ အကြောင်း မရှိဘူး..ဒါပေမယ့် မင်းငါတို့ အတန်းဖော်တွေရှေ့မှာ ရှိုးပြချင်တယ်ဆိုရင်တော့ အကြီးကြီးမှားသွားပြီ.."ကျန်းကျန့် ပြောလိုက်ပြီး "တကယ်လို့ မင်းသာ စကီလေးတစ်အုပ် ခေါ်လာလို့ ဒီလို ရှိုးလုပ်နေတာဆိုရင်တော့ လက်ခံလို့ရသေးတယ်..ဒါပေမယ့် မင်းနဲ့ ပါလာတဲ့ကောင်ကလည်း ဘီးကျဲကြီး ..ပြီးတော့ ပိုက်ဆံရှိတဲ့ အထာတောင် လာဖမ်းနေလိုက်သေးတယ်..စိတ်၀င်စားဖို့တော့ ကောင်းနေပြီ..."

"မှန်တယ်..."စွန်းနင်လည်း ၀င်ပြောလိုက်ပြီး "တကယ်လို့ မင်းက ချောင်ချောင်နဲ့ ဝေရန်ရှေ့မှာမို့ မိမိုက်သလို လုပ်ချင်နေတယ် ဆိုရင်တော့ ပိုပြီးတော့တောင် သောက်အဓိပ္ပာယ်မရှိသေး...ဝိ လုပ်ချင်ရင် အရင်ဆုံး ၀ ရှိဖို့ လိုတယ်ကွ...အစ်ကိုကျန့်တို့ ငါတို့တောင် ကိုယ့်အခြေနေလေးနဲ့ တင်းတိမ်နေကြတာကို မင်းက ဘာတွေလာပြီး ကြွားပြနေတာ..."

"လူကြီးမင်းတို့ ရှင်တို့ လူတစ်ဖက်သားကို အဲ့လို မပြောသင့်ဘူး ထင်တယ်နော..."ကောင်တာရှိ ၀န်‌ဆောင်မှု ပေးသည့် မိန်းကလေးမှ မနေနိုင်၍ ပြောလိုက်မိသည်။

"မပြောသင့်ဘူး..ငါတို့က ဘာကို မပြောသင့်တာလဲကွ..."ကျန်းကျန့် အော်ငေါက်လိုက်ပြီး "ဘာလဲ..သူက ရုပ်ချောလို့ဆိုပြီးတော့ မင်းလည်း ကြိတ်ခိုက်နေတာလား...အဲ့တာကြောင့် သူ့ကို ဒီလိုတွေ ပြောတော့ မင်းက ၀င်နာပေးနေတာပေါ့..ဟုတ်လားကွ..."

"မဟုတ်ပါဘူးရှင်..ကျွန်မက ကိုယ်ချင်းစာလို့ ပြောမိတာပါ...ရှင်တို့ လုပ်နေတာက တရားမမျှတဘူးထင်လို့ပါ.."

"ဟမ့်...မင်းဘယ်လိုတွေတောင် ပြောလိုက်တာလဲကွ..."စွန်းနင် ပြောရင်း တဖြည်းဖြည်း မာန်ပါလာပြီး "ငါတို့က ဒီကို လှေလာငှားတာနော်..ပြီးတော့ လှေအကြီးစားကြီးတောင် ငှားထားတာ..အဲ့တာတောင် ငါတို့ကို ဒီလိုတွေ ပြောဝံ့တယ်ပေါ့..မင်း ကတ်စတန်မာကို ဘယ်‌လိုတွေ ၀န်ဆောင်မှု ပေးနေတာလဲကွ..."

"သူမက ဒီတိုင်း အချိန်ပိုင်း အလုပ်သမား နေမှာပါကွာ..ဘာမှ ထည့်တွက်မနေစမ်းနဲ့.."ကျန်းကျန့် ၀မ်ထမ်းကောင်မလေးကို ကြည့်လိုက်ပြီး "ဘယ်မှာလဲ မင်းတို့ရဲ့ဘော့စ်...သွားခေါ်လိုက်စမ်း..ငါကွန်ပလိန်း တက်ချင်တယ်..."

"တကယ်ကြီး ကျွန်မရဲ့ ဘော့စ်ကို ခေါ်လိုက်ရမှာလား..."

"အေး.." ကျန်းကျန် ပြောလိုက်ပြီး "ဒီနေ့ မင်းကို ကွန်ပလိန်း တက်မယ်..မင်းက ရုပ်လေးချောတာနဲ့ပဲ ဘက်လိုက်တာပေါ့...၀မ်ကျန်းဆိပ်ကမ်းရဲ့ ကတ်စတန်မာ ဆားဗစ်က တော်တော်လေး တင်းကြပ်ဖို့ လိုနေပြီပဲကွ..."

"ရတယ်လေ..ရှင်တို့ အဲ့လောက်တွေ့ချင်နေလည်း ကျွန်မ သူဌေးကို ခေါ်ပေးမယ်..."

ကောင်တာရှိ အမျိုးသမီးလေးမှာ ပြဿနာ ရှင်းရမည်ကို မကြောက်ဝံ့သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ အကယ်၍ သူမ ဤပြဿနာကို မကိုင်တွယ်နိုင်တော့ပါက မန်နေဂျာပီကို ခေါ်ရုံသာကျန်တော့၏။

"တော်တော့ ကျန်းကျန့်..နင် တစ်ချိန်လုံး သူများကို ပတ်ရန်ရှာနေတာတွေ ရပ်လိုက်လို့ မရဘူးလားဟာ..."

ကျောက်ဝေရန် ပြောလိုက်ပြီး "သူမက ဘာမှားထားလို့ နင်က ကွန်ပလိန်းတက်ချင်နေရတာ .."

"ရန်ရန်..မင်းပြောတာလည်း မှားတယ်.."ကျန်းကျန့် ပြောလိုက်ပြီး "ငါက ဒီကို ပိုက်ဆံဖြုန်းဖို့ လာခဲ့တာ...အကောင်းဆုံး ၀န်ဆောင်မှုကိုရဖို့ ငါ့မှာ အပြည့်အ၀ အခွင့်ရေးရှိတယ်....ဒါပေမယ့် သူငါ့ကို ဆက်ဆံတဲ့ပုံကို ကြည့်လိုက်စမ်း...ငါ့မှာ အဲ့လောက်လေးတောင် ကွန်ပလိန်းတက်ဖို့ အခွင့်ရေးမရှိဘူးလို့တော့ မပြောနဲ့..."

"ဒါပေမယ့် နင်က ဘာမှ မဟုတ်တာလေးကို ပုံကြီးချဲ့နေတာလေ..ဒီတိုင်း မပြောပလောက်‌တဲ့ ငွေလေးနဲ့ လူကို အနိုင်ကျင့်နေတာပဲ..အဲ့တာကတော့ အရမ်းကြီး တရားလွန်သွားပြီ..."

"ကျောက်..နင်၀င်မပါသင့်ဘူးထင်တယ်.."စွန်းနင် မျက်မှောင်ကြုတ်လိုက်ပြီး "ငါ့အထင်တော့ သူတို့က ငါတို့ကို ကျောင်းသားတွေဆိုပြီးတော့ အနိုင်ကျင့်ဖို့ လွယ်တယ်ထင်လို့ အနိုင်ကျင့်နေတာပဲနေမှာ..."

"ဟုတ်တယ်...ငါတို့ ဒီအတွက် ဖြေရှင်းချက်လိုချင်တယ်..."

နောက်တစ်ယောက်မှ ၀င်ပြောလိုက်၏။

ထိုအချိန်တွင် လင်းရီကတော့ ဆွံ့အနေလေသည်။

ဥစ္စာပေါ ရုပ်ချောတဲ့ ကောင်လေးဖြစ်တာက အပြစ်လားကွ..ဘာလို့ဒီလောက်ထိ ခက်ခဲအောင် လုပ်နေကြတာလဲကွာ...

ကျောက်ဝေရန်နှင့် ကျန်းကျန့်တို့ ငြင်းခုန်နေကြစဉ် ပီစုန့်ကျန်း ရောက်လာခဲ့၏။

"ကျွန်မတို့ မန်နေဂျာက ဒီမှာပဲ..ရှင့်မှာ တစ်ခုခု ပြောစရာရှိရင် ပြောလိုက်တော့..."အမျိုးသမီးကောင်တာ၀န်ထမ်းမှ ပြောလိုက်သည်။

ပီစုန့်ကျန်းကို မြင်တော့ ကျန်းကျန့် ပြုံးလိုက်ပြီး "မပူနဲ့ မင်းခုချိန် ဒူးထောက်တောင်းပန်ရင်တောင်မှ ငါက ကွန်ပလိန်းတက်ဦးမှာ..."

"ဒီ၀န်ထမ်းက တော်တော်လေး ရိုင်းတာပဲကွ..ကတ်စတန်မာကို ဒီလိုတောင်မှ ပြန်ပြောရဲနေတယ်ပေါ့..ကြည့်ရတာတော့ အလုပ်ပြုတ်ချင်နေပြိနဲ့ တူတယ်.."

စောင့်ကြည့်နေသူထဲရှိ တစ်ယောက်မှ ပြောလိုက်သည်။

"နှစ်တိုင်း သောက်ရူးတွေ ရှိပါတယ်ကွာ..ဒါပေမယ့် ဒီနှစ်ကတော့ ပိုပေါသလိုပဲ...အဲ့ကောင်မက ကတ်စတန်မာကို စော်ကားထားမှတော့ ခံရတာ နည်းတောင် နည်းသေးတယ်..."

လူတိုင်း ဆွေးနွေးနေစဉ် ပီစုန့်ကျန်း သူ့လူများနှင့် ရောက်လာခဲ့၏။

ကျန်းကျန့် ရှေ့တစ်လှမ်းတိုး၍ တစ်ခုခု ပြောတော့မည့် အချိတ်တွင် ပီစုန့်ကျန်း လင်းရီ ရှေ့ရောက်လာခဲ့ပြီး "ဘော့စ်လင်း..လာမယ်ဆိုလည်း ကျွန်တော့်ကို ကြိုပြောလိုက်လေဗျာ....လာကြိုမှာပေါ့လို့..."

All Chapters