Vol. 14 Ch. 202
Vol. 14 Ch. 202
"ဒီတိုင်း လာပြီးအပမ်းဖြေရုံ သပ်သပ်ဆိုတော့ ရေးကြီးခွင်ကျယ်တွေ လုပ်မနေတော့ဘူး.."
"ဟုတ်ပါတယ်ဗျ..အမှန်ပါပဲ.."ပီစုန့်ကျန်း ပြောလိုက်ပြီး "ဥက္ကဌ လင်းက အမြဲတမ်း နိမ့်နိမ့်ချချ နေတတ်တာကို ကျွန်တော် မေ့သွားတယ်.."
နှစ်ယောက်သားပြောနေသည်ကို ကြားတော့ လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။
"ခင်များ...ခင်များ သူ့ကို ဘယ်လိုခေါ်လိုက်တယ်..."ကျန်းကျန့် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လင်းရီကို လက်ညိုးထိုးရင်း မေးလိုက်၏။
"ဒါက ကျုပ်တို့ ၀မ်ကျန်း ဆိပ်ကမ်းရဲ့ဘော့စ်လေ..ခင်များက ဘာပြောချင်နေတာ.."ပီစုန့်ကျန်း မျက်မှောင်ကြုတ်၍ ကျန်ကျန့်ကို ကြည့်လိုက်ပြီး "ကျုပ်ကြားမိပါတယ်..ခင်များက ကျုပ်တို့၀န်ထမ်းက ဘော့စ်ကို ကာကွယ်ပေးလို့ ကွန်ပလိန်းတက်ချက်နေတယ်ဆို...ခင်များ မကျေနပ်ဘူးမလား.."
လူတိုင်း ရှုပ်ထွေးနေကြတော့၏။
၀မ်ကျန်း ဆိပ်ကမ်းက ဒီခပ်ချောချော လူငယ်လေးရဲ့ ပိုင်ဆိုင်မှုတဲ့လား
"သူက ဘာမဟုတ်တဲ့ အီရန်ဘွိုင်းမဟုတ်လား..ဘယ်လိုလုပ်ပြီး ၀မ်ကျန်းဆိပ်ကမ်းရဲ့ သူဌေးကြီး ဖြစ်လာတာလဲကွ..ဒါ..ဒါလုံး၀ မဖြစ်နိုင်ဘူး.."ကျန်းကျန့် ကျယ်လောင်စွာဖြင့် အော်ပြောလိုက်တော့သည်။
"တကယ်တော့ မင်းတို့ကောင်တွေ အထင်လွဲနေကြတာ.."လင်းရီ ပြော၍ "Didiကနေပြီးတော့ ဇိမ်ခံကား ၀န်ဆောင်မှု ကြေညာထားတယ်ဆိုပေမယ့် မေ့ထွမ်ကတော့ မရှိဘူးလေ..ဒီတော့ Koenigseggက ငါ့ဟာပဲ.."
ဝှက်..
ကျန်းကျန့်နှင်ဘ ကျန်သူများအားလုံး ပြောစရာစကား ပျောက်ရှသွားခဲ့ကြသည်။
စူပါကားကြီးမောင်း..အီရန်ဘွိုင်းလုပ်..ပြီးတော့ သူများရဲ့ စာတမ်းကိုလည်း ရေးပေးလိုက်သေးတယ်...အဲ့တာ ခင်များလို ဘောစ်တစ်ယောက်က လိုက်လုပ်နေသင့်တဲ့ အလုပ်လားလို့..
"အိုး ..ဒါနဲ့ မင်းတို့တွေ လှေငှားချင်တယ်လို့ ပြောတယ်မလား...မင်းတို့ကို ၉၀% ဒစ်စကောင့်ပေးမယ်...ခုလို အားပေးလို့ ကျေးဇူးပဲနော်.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ကျုပ်...ကျုပ်တကယ်ကို တောင်းပန်ပါတယ်..ခင်များက ၀မ်ကျန်းဆိပ်ကမ်းရဲ့ ဘော့စ်ကြီးမှန်း မသိလို့ပါ.."
လင်းရီ၏ အစ်အမှန် ကြွယ်၀မှုက်ု မဆိုထားနှင့် ၀မ်ကျန်းဆိပ်ကမ်း တစ်ခုတည်းကပင် ကျန်းမိသားစု၀င်များ ဘ၀ပေါင်းများစွာ ရှာဖွေနိုင်သည်ထက် များပြားနေပြီး ဖြစ်၏။
"အဆင်ပြေပါတယ်..မင်းတို့သာ ငွေသုံးနေသရွေ့ကတော့ မင်းက ငါတို့ရဲ့ ဂေါ့ဒ်ပဲ.."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ မင်းတို့သာ ခုလိုအားမပေးဘူးဆိုရင် ငါလည်း Koenigsegg လိုကားအကောင်းစားကြီး ဘယ်မောင်းနိုင်မှာ....အဲ့အတွက် ကျေးဇူးအများကြီး တင်တယ်နော် သိလား..."
ကျန်းကျန့် : "...."
ဒါမျက်နှာ ဖြတ်ရိုက်လိုက်တာပဲကွ....သူတို့ကို အခွင့်ရေး တစ်ချက်ကလေးတောင် မပေးလိုက်ဘူး...
"လျိုလေး..ဘော့စ်လင်းနဲ့ သူ့သူငယ်ချင်းတွေ ဒီရောက်နေတယ်..ငါတို့ အသစ်၀ယ်ထားတဲ့ ဇိမ်ခံသင်္ဘောကြီးကို ပြင်ထားလိုက်တော့..."ပီစုန့်ကျန်းမှ ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါရှင့်..."
"ကောင်းပြီ..စုန့်ကျန်း ခင်များလည်း ကိုယ့်အလုပ်ကိုယ် သွားလုပ်တော့ ကျုပ်က ဒီတိုင်း လာလည်တာ..တစ်ချိန်လုံး ကျုပ်နောက် လိုက်မနေလည်း ရတယ်.."
"ဟုတ်ကဲ့ပါဗျ....ဥက္ကဌလင်းသာ အဆင်ပြေမယ်ဆိုရင် ကျွန်တော်လည်း သွားလိုက်ပါဦးမယ်.."
ပီစုန့်ကျန်း အရိုသေပေူ၍ ထွက်ခွာသွားတော့သည်။
ပီစုန့်ကျန်း ထွက်ခွာသွားပြီးနောက် ဟောခန်းမှာ ၎င်း၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသည်။
မည်သူကမျှ ထိုခပ်ချောချောကောင်လေးကို ၀မကျန်းဆိပ်ကမ်း၏ ဘော့စ်ဖြစ်နေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြ။
"အစ်ကိုလင်း..ရှင်က အရမ်း အံ့ဩဖို့ကောင်းတာပဲ နော်..ဒီလောက် ကြီးမားတဲ့ ၀မ်ကျန်းဆိပ်ကမ်းကြီးကတောင် ရှင့်ဟာဆိုပဲ.."
"အာဟား..မြှောက်နေပါပြီ..ဒီတိုင်း ဆိပ်ကမ်းလေးတစ်ခုပါပဲ..မိန်းကလေးထင်သလောက်လည်း မကြီးကျယ်ပါဘူး.."
ကျန်းကျန့် အနည်းငယ် အူတိုသွားပြီး "ရန်ရန် ..မင်းက ကျောင်းရဲ့ ပန်းကလေးနော်..အိန္ဒြေလေးဘာလေး ထိန်းစမ်းပါဦးဟ..."
"ဟွန့်..ကျွန်မလည်း ဘယ်မှာ အိန္ဒြေ ပျက်နေလို့လဲ... အစ်ကိုလင်းက အရမ်းကြီးချမ်းသာနေတာတောင်မှ ပိုက်ဆံရဖို့ အီရန်ဘွိုင်းလုပ်နေတုန်းပဲ....ဘယ်လောက်တောင် အားတက်ဖို့ ကောင်းလိုက်လဲ....."
ကျန်းကျန့် :"...."
စွန်းနင် :"...."
အေး..သောက်ရမ်း အားတက်ဖို့ကောင်းတယ်..
သူတို့ အနှစ်တစ်သောင်းလောက် အီရန်ဘွိုင်းလုပ်ရင်တောင်မှ ၀မ်ကျတ်းဆိပ်ကမ်းကို ၀ယ်နိုင်မှာ မဟုတ်ဘူး...
"အစ်ကိုလင်း..ကျွန်မတို့ ရှင့်ရဲ့လှေပေါ်မှာ လိုက်စီးလို့ရမလားဟင်..."
ကျောက်ဝေရန် မျက်လုံးရွဲကြီးများဖြင့် မေးလိုက်၏။
"ရတာပေါ့..ဘာပဲပြောပြော ပျော်ဖို့ ထွက်လာခဲ့ကြတာပဲ မဟုတ်လား..."လင်းရီ ပြောလိုက်ပြီး "ဒါပေမယ့် သူတို့ စိတ်မရှိတာကော သေချာရဲ့လား..."
"ရတယ်..သူတို့ဘာသာ သူတို့ လှေသက်သက်တစ်စီးယူပါစေ..ကျွန်မတို့တော့ အစ်ကိုလင်းနဲ့ပဲ အတူစီးမှာ..."
"အာ့ဆိုလည်း ကောင်းပြီလေ..."
ကျန်းကျန့်နှင့် စွန်းနင်တို့ကတော့ ေ-သချင်စော် နံနေသည်။ မိန်းကလေးတွေ မရှိပဲနဲ့ အပြင်ထွက်လည်တာ ဘယ်ပျော်ဖို့ ကောင်းတော့မှာလဲကွ..
ကျန်တဲ့ ငါတို့ ယောက်ျားလေးတွေက ငါလခွမ်းကို သွားကစားရမှာလား..
နာရီ၀က်အတွင်း လင်းရီအတွက် သီးသန့်ပြင်ထားပေးသည့် ရွက်လှေမှာ အသင့်ဖြစ်သွားတော့သည်။
သင်္ဘောတွင် အထပ်သုံးထပ်ရှိပြီး အပေါ်ထပ် ၊ အလယ်ထပ်၊နှင့် အောက်ထပ်ဟူ၍ သုံးထပ်ရှိသည်။
၀မ်ကျန်းဆိပ်ကမ်းရှိ အကြီးမားဆုံးသော ရွက်လှေကြီးမဟုတ်သော်လည်း ဇိမ်ခံ သင်္ဘောများထဲ တော့တစ်စီး အပါအ၀င်ဖြစ်၏။
အခြားတစ်ဖက်တွင်တော့ ကျန်းကျန့်တို့ ငှားထားသည့် ရွက်လှေမှာ ကြည့်ဖို့တောင် မတန်သော ငါးဖမ်လှေငယ်လေးတစ်စင်းကဲ့သို့ ဖြစ်နေ၏။
"ဘုရားရေ..ရွက်လှေကြီးက အကြီးကြီးပဲနော်..."
ကျင်းချောင် မျက်လူံများ လင်းလက်လာပြီး "ငါTV မှာ မြင်ဖူးတာတွေထက်တောင် ပိုကြီးနေသေးဆယ်...နောက်ဆုံးတော့ ငါ၀ယ်ထားတဲ့ ရေကူး၀တ်သုံလေးက အသုံး၀င်လာပြီ....ဟီးဟီး"
"ငါ့ဟာကောပဲ..ငါလည်း လဲချင်တယ်..."
ကျောက်ဝေရန်နှင့် ကျန်မိန်းကလေးများအားလုံး သိတ်လှုပ်ရှားစွာဖြင့် ရေကုး၀တ်စုံများ သွားလဲကြ၏။ ပြန်ထွက်လာသည့် အချိန်တွင်တော့ ကျန်းစုန့် နှာခေါင်းသွေးယိုလုနီးပါး ဖြသ်သွားခဲ့လေသည်။
ေ-သစမ်း..အတော်လန်းတဲ့ ကိုယ်လုံးကိုယ်ပေါက်တွေဟ...
ကျောက်ဝေရန်၏ ကိုယ်လုံးကိုယ်ပေါက်မှာ မဆိုးလှသော်လည်း ကျင်းချောင်က ပို၍ သာ၏။ တစ်ဦးက A cup ဖြစ်နေချိန်တွင် တစ်ဦးက C cup ပင်။သို့သော်လည်း အရွယ်အစား ခြားနားသည်က သိပ်ပြဿနာမရှိ။ မည်သို့ဆိုစေ မျက်စိအစာကျွေးလို့တော့ အတော်လေး ကောင်းသည်။
"အစ်ကိုလင်း..ရှင်က ဘာလို့ ကျွန်မကို မကြည့်ဘဲ ချောင်ချောင်ကိုပဲ ကြည့်နေတာ..ဘာလဲ ကျွန်မ ၀ယ်ထားတဲ့ ရေကူး၀တ်စုံက မလှလို့လား.."ကျောက်ဝေရန် ၀မ်းနည်းဟန်ပြး၍ မေးလိုက်၏။
"မဟုတ်ပါဘူး..ဒီတိုင်း မင်းရဲ့ ..အရွယ်အစားက သိပ်မထွားသေးလို့လေ.."
"အစ်ကိုလင်းနော်..ညီမကိုဆို အရမ်းအနိုင်ကျင့်တာပဲ.."
အောက်ရှိ လှေငယ်လေးထဲတွင်တော့ ကျောက်ဝေရန်နှင့် ကျန်မိန်းကလေးများ လင်းရီအား သူမတို့ ကိုယ်လုံးကိုယ်ပေါက်ကို ပြသရန်အတွက် တိုက်ခိုက်နေကြသည်ကိုကြည့်ရင်း ကျန်းကျန့် တောက် တစ်ချက်ခေါက်လိုက်သည်။
တောက်..ငါကြိုးစားပမ်းစား စိုက်ထားတဲ့ အသီးအပွင့်တွေကို အကုန်ရသွားတဲ့ကောင်..မင်းတော်တော်လေးကို ကံကောင်းတယ်ကွသိလား...
"မိန်းကလေးတို့..ဒီမှာ ဝိုင်ဖိုင်လည်း ရတယ် .လိုင်းလည်းကောင်းတယ်..ဂိမ်းလေးအတူတူ မဆော့ချင်ကြဘူးလား.."ကျန်းစုန့် ဂုဏ်ယူစွာပြောလိုက်သည်။ နောက်ဆုံးတော့ သူ အားလုံး၏ အာရုံစိုက်မှုကို လင်းရီထံမှ ခိုးယူရန် အခွင့်ရေး ရခဲ့ချေပြီ..
"ဘာဂိမ်းလဲ..ကျွန်မတို့က ဂိမ်းလောက်တောင် ပျော်ဖို့ မကောင်းလို့လား..."
ကျန်းစုန့် : "...."
"ချောင်ချောင်..မင်းဗိုကါဆာနေရင်ပြောနော်..ငါတို့ ငါးသွားမျှားမလို့..ငါးကင်ပေးမယ်သိလား..."
အောက်ရှိလှေငယ်လေးပေါ်မှ နေ၍ ကျန်းကျန့် လှမ်းအော်လိုက်သည်။
"ရတယ်..သင်္ဘောပေါ်မှာ အားလုံးရှိပြီးသား....စားဖို့ ငါးမျှားစရာ မလိုဘူး.."
စွန်းနင် : "...."
လင်းရီ ခေါင်းခါရမ်းမိသွားသည်။ အဲ့တာက လိုမှ မလိုတာ..
လင်းရီ ပက်လက်ကုလားထိုင်ပေါ်တွင် သက်တောင့်သက်သာ လဲလျောင်းရင်း ပင်လယ်လေညင်းများ တဝီးဝီးတိုက်ခတ်နေသည်ကို ခံစားနေ၏။
သူစနစ်ရသည့်အချိန်မှ စ၍ အလုပ်များနေခဲ့ရာ ယခုမှ ပထမဆုံးအကြိမ် ကောင်းကောင်း အနားယူနိုင်ခြင်းပင်။
ကလင် ကလင် ကလင်
ထိုအချိန်တွင် သူ၏ ဖုန်းသံမြည်လာခဲ့ပြီး ဟော်ယွမ်ယွမ်မှန်းလည်း သိရော လင်းရီ ဖုန်းတန်းချပစ်လိုက်သည်။
ယခုလို နားရက်ရဖို့ဆိုတာ မလွယ်ကူပေ..သူ ၎င်းကို ဖျက်ဆီးခွင့် မပေးနိုင်။
"လင်း..ဖုန်းကိုင်စမ်း..အရမ်းအရေးကြီးတယ်.. Cisco က ပိုက်ဆံ လွှဲခိုင်းနေလို့..ဘာလုပ်ရမလဲ.."
ဟော်ယွမ်ယွမ် ပို့လာသည့် မက်ဆေ့ခ်ျကိုလည်း မြင်ရော လင်းရီ ဖုန်းပြန်ခေါ်လိုက်သည်။
"လင်း..ရှင်ခု ဘယ်ရောက်နေတာလဲ.."ဟော်ယွမ်ယွမ် သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။
"ငါခု အာဖရိကရောက်နေတာလေ.."လင်းရီ အတည်ပေါက်လေသံကြီးဖြင့် ပြောလိုက်ပြီး "ခုပဲ မျိုးနွယ်စုခေါင်းဆောင်နဲ့ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် တိုင်ပင်နေတာ.."
"ရှင်က အာဖရိကမှာ ရေအရင်းမြစ် ရရှိဖို့အတွက် သွားဆွေးနွေးနေတယ်ပေါ့.."ဟော်ယွမ်ယွမ် ကြောင်အသွားသည့် လေသံဖြင့် မေးမြန်းလိုက်သည်။
"အင်း..ငါကဖြင့် စဉ်းတောင်စဉ်းစားပြီးသွားပြီ...အန္တာတိက ကနေပြီးတောင် ရေခဲတောင်တွေကို အာဖရိကဆီ သင်္ဘောနဲ့ပို့ဖို့ အစီအစဉ်ပေါ် တစ်ဘီလီယမ် ရင်းနှီးမြုပ်နှံဖို့ စီစဉ်ထားတယ်...ဘယ်လိုလဲ အကြံကောင်းတယ်မလား.."
"ကျွန်မလက်ထဲမှာ ပိုက်ဆံ ရှိနေရင်တောင် အာဖရိကကို ရေခဲတောင် တင်ပို့မယ့် ပရောဂျက်ကို စဉ်းစားမှာတောင် မဟုတ်ဘူး..နောက်ပြီး ကျွန်မ ဖုန်းထဲမှာ ပေါင်တံဖွေးဖွေးလေးတွေလို့ ပြောသံကြားလိုက်သလားလို့..ရှင် အာဖရိကရောက်နေတာကော ဟုတ်ရဲ့လား..."ဟော်ယွမ်ယွမ် သံသယ အထွေထွေဖြင့် မေးမြန်းလိုက်၏။
"ဒါပေါ့ကွ..အဲ့တာက တစ်ယောက်ယောက် ငါ့အကြောင်း ပြောနေတာ..အတွေးလွန်မနေနဲ့.."လင်းရီ ပြောလိုက်ပြီး တကယ်လို့ မင်းလည်း ငါ့ရဲ့ ပေါင်တံဖွေးဖွေးလေးတွေ စိတ်၀င်စားရန် တစ်ညလောက် ငှားလို့ရတယ်နော်..."
"တကယ်လား..ကောင်တာပေါ့..."
လင်းရီ : "...."
သေစမ်း..နည်းနည်းပါးပါး ငြင်းပါဦးလားဟ..
ဒီလို CFO မျိုးနဲ့ဆို ဆွေးနွေးစရာတွေရှိရင် နေ့လည်နေ့ခင်းဆွေးနွေးမှပဲ..မဟုတ်ရင် တစ်ခုခု ၁၈+ဆန်တာတွေ ဖြစ်လာနိုင်တယ်.....
"ကောင်းပြီ အဲ့တာတွေ ပြောမနေနဲ့တော့..အလုပ်အကြောင်းပဲ ပြောကြစို့.."လင်းရီ ပြောလိုက်ပြီး "Cisco က ဘာဖြစ်ချင်နေတာ..ခုမှ စာချုပ်ချုပ်ပြီးတာကို ဘာလို့ ပိုက်ဆံ တောင်းနေတာလဲတဲ့.."
"အဲ့တာ ယွင်ကျဲ့မင် ပြောတာပဲလေ..သူက စရံ သန်း၅၀၀ အရက်လိုချင်တယ်တဲ့ ..ရတာနဲ့ ထုတ်လုပ်မှုပိုင်းကို ချက်ချင်းစမယ်လို့တော့ ပြောတာပဲ...မရရင် မလုပ်ပေးဘူးလို့ အကျောက်အကန်ကို ပြောနေတာ.."
လင်းရီ မျက်မှောင်ကြုတ်သွားပြီး တစ်ခုခု မူမမှန်သလို ခံစားလိုက်ရသည်။
ပုံမှန်ဆို တစ်ဖက်က ပစ္စည်းအရင်ပို့ပြီးမှ ပိုက်ဆံ အရင်တောင်းသင့်တာ မဟုတ်လား..
ခုကျတော့ ပသ္စည်းတောင်မမြင်ရသေးဘူး..ပိုက်ဆံ အရင်တောင်းနေတယ်တဲ့..ကြားမကြားဖူးဘူး..
မဟုတ်မှလွဲရော ဒီကောင်တွေ တစ်ခုခု ရိပ်မိသွားတာများလား..
အင်း..တယ်လည်း သတိကြီးတဲ့ကောင်တွေ..
ကြည့်ရသလောက်တော့ Cisco မှာ အပေးယူကိစ္စနှင့် ၏ပ်လျဉ်း၍ အတော်လေး တုန့်ဆိုင်းနေပုံပင်။
"ကောင်းပြီ..သူတို့ကို ပိုက်ဆံ အရင်လွှဲလိုက်.."လင်းရီပြောလိုက်ပြီး "ဒါပေမယ့် တစ်ခုတော့ ရှင်းအောင် ပြောလိုက်ဦး..ကျန်တဲ့ ၂.၅ ဘိလီယမ်ကိုကျ ပစ္စည်းတွေ အားလုံး ရမှပဲ ရှင်းပေးမယ်လို့ ပြောလိုက်.."
ကလေးမပါဘဲနှင့်တော့ ဝံပုလွေကို မျှား၍ မရချေ။ ယခုဂိမ်းအတွက် နည်းနည်းပါးပါး ကုန်ကျလိုက်သည်က ထိုက်တန်သည်ဟု ပြော၍ရသညါ။
"ဘော့စ်လင်း..ကျွန်မတို့ တကယ်ကြီး ပေးတော့မှာလား..ဒီတိုင်း ဟန်ဆောင်တာပဲ မဟုတ်လား.."
ငွေကြေးနှင့် ပတ်သက်လာလျင် အထိမခံသည့် ဟော်ယွမ်ယွမ်ကတော့ ထိုအကြံကို သိပ်သဘောမကျခဲ့။
"ငါပြောတဲ့အတိုင်းပဲ လုပ်စမ်းပါ..ခုကုန်သွားတဲ့ငွေတွေက နောက်ကျရင် ငါတို့ဆီ ဘယ်နည်းနဲ့ဖြစ်ဖြစ် ပြန်လာမှာပဲလေ..ဘာမှကြောက်မနေနဲ့.."
"ကောင်းပြီလေ..အဲ့တာဆိုလည်း ပြန်ပြောလိုက်မယ်...သူတို့ ပစ္စည်းမပို့ရင် စရန်လည်း မပေးနိုင်ဘူးလို့.."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး
"ဟွန့်..တကယ်အရှက်မရှိတဲ့သူတွေ..ပစ္စည်းတောင် မထုတ်ရသေးဘဲနဲ့ ငွေအရင်လိုချင်နေတယ်တဲ့လား..ဒီလိုလူမျိုး တစ်သက်နဲ့တစ်ကိုယ် ကြုံကို မကြုံဖူးသေးဘူး..."
"မဟုတ်ဘူး..သူတို့ကို ပိုက်ဆံအရင်လွှဲလိုက်..ကျန်တာကို ပြီးမှဆက်ပြော.."လင်းရီ ပြန်ပြင် ပေးလိုက်သည်။
"ဟမ်..ဘာလို့လဲ..ကျွန်မတို့သာငွေလွှဲလိုက်ရင် ဆွေးနွေးဖို့ အခွင့်ရေး ရှိတော့မှာ မဟုတ်တော့ဘူးနော်..."