Vol. 14 Ch. 203
Vol. 14 Ch. 203
လင်းရီ ဘာလုပ်နေလဲဆိုတာ ဟော်ယွမ်ယွမ် လုံး၀ နားမလည်နိုင်တော့ချေ။
သူမတို့ဘက်က ဘာလို့ အရင်ပေးရမှာလဲတဲ့..
ဈေးစစ်သလိုပဲလေ..ငွေတစ်၀က်လောက် ကြိုရှင်းပြီးနေမှတော့ ဘာလုပ်ဖို့ ဈေးဆစ်တော့မှာ..
ပြီးတော့ ဒါကြီးက သန်း ၅၀၀ ..ယွမ် ၅၀၀ တည်းလည်း မဟုတ်။
"ဘာတွေ လောနေတာ..."လင်းရီပြောလိုက်ပြီး
"ခုလက်ရှိ Cisco ရဲ့ အရွယ်အစားနဲ့ဆိုရင် ၂.၅ ဘီလီယမ်ဖိုး အော်ဒါထုတ်ပေးဖို့ဆိုတာက လုံး၀ မဖြစ်နိုင်ဘူး..တကယ်ဘို့ မင်းသာ သူတို့ကို ဖိအားပေးလိုက်မယ်ဆိုရင် သဘောတူထားတဲ့ ပရောဂျက်က ပျက်စီးသွားတော့မှာ.."
"ဘာလုပ်ဖို့ အပျက်စီးခံမှာလဲ..ဟုတ်တယ်မလား..."
"သန်း၅၀၀ ကြိုပေးလိုက်တယ်ဆိုတာကလည်း ငါတို့ရဲ့ ရိုးသားမှုကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းပဲလေ...အဲ့တာဆို သူတို့လည်း လုံး၀ ယူံယုံကြည်ကြည်နဲ့ ပရောဂျက်ကို အပြီ run ပေးတော့မှာ...."
လင်းရီ ပြောလိုက်ပြီး
"နောက်ကျမှပဲ သူတို့အော်ဒါမပြီးဘဲနဲ့ ကျန်တဲ့ ၂.၅ ဘီလီယမ်ကို မရနိုင်ဘူးဆိုတာ သူတို့ဘာသာသူတို့ပဲ သိသွားလိမ့်မယ်..."
"ဒါပေမယ့် ရှင် ပြောတော့ Ciscoမှာ အဲ့လောက်ထိ စွမ်းအားမရှိဘူးဆို..အဲ့တော့ သူတို့ကို ဖိအားပေးလည်း အလကားပဲ မဟုတ်လား..."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "အဲ့တာဆို ပိုက်ဆံ အရင်ချေတာနဲ့ နောက်မှချေတာက ဘာကွာသွားလို့လဲ..."
"ရှိတာပေါ့...ရှိတာမှ အကြီးကြီးပဲ..."လင်းရီ ပြောလိုက်ပြီး "မင်းအိတ်ကပ်ထဲ ရောက်နေပြီးတဲ့ ပိုက်ဆံကို မင်းက အရှုံးခံချင်သေးတာလား..ခု သန်း၅၀၀ အရင်ပေးထားလိုက်မယ်..အဲ့တာဆို ကျန်တဲ့ ပိုက်ဆံကို ပေးဖို့ဆိုတာ ငါတို့ဘက်က သေချာသလိုဖြစ်သွားပြီ..သူတို့လည်း အဲ့ပိုက်ဆံကို မက်မောပြီးတော့ သူတို့ကိုယ်သူတို့ ဖိအားပေးပြီး အော်ဒါတွေ စထုတ်တော့မှာလေ.."
လင်းရီ ဆိုလိုချင်တာကို နားလည်သွားတော့ သူမအချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။
"ရှင်ပြောချင်တာက သူတို့ ၂.၅ ဘီလီယမ်အော်ဒါလုပ်ဖို့ အတွက် ရန်ပုံငွေကို မဖြစ်မနေရှာမှာပဲလို့ ပြောချင်တာမလား..."
"အမှန်ပဲ..."
လင်းရီ ပြောလိုက်ပြီး "ငွေရှာဖို့တင်မဟုတ်ဘူး..သူတို့ အော်ဒါတောင် ပြီးအောင် လုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..အဲ့တာက ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ..သူတို့ကို အကျပ်အတည်းထဲ ရောက်အောင် လုပ်ရမှာ..."
ဟော်ယွမ်ယွမ် ခန့်မှန်းချက်များအရတော့ လင်းရီ၏ အကြံသာ အောင်မြင်သွားပါက Cisco မှာ သေသည်အထိ ဆော့ကစားခံရပေတော့မည်။
ဒါ....ဒါကြီးက အရမ်းညစ်ပတ်တာပဲ
သွားပြီ...ဒီလိုဆိုရင်တော့ ငါ ဗုဒ္ဓဆီသွားပြီး ၀တ်ပြုဦးမှပါလေ..ဒီလိုဘော့စ်နဲ့သာဆိုရင် အနာဂတ်ကျ အင်မော်တယ်တွေကိုပါ မသ-တ်ရဘူးလို့ မပြောနိုင်ဘူး
ပိုက်ဆံရှာတာက ဒုတိယ..ငါ့ကိုယ်ငါ ကယ်တင်ဖို့က ပို အရေးကြီးတယ်..
"အိုးဟုတ်သား..ငါမင်းကို ပြောရဦးမယ်..."
"ငါတို့ခုလေးတင် ပြောသွားတဲ့ဟာတွေက ဒီတိုင်း ထင်မြင်ယူဆချက် သပ်သပ်ပဲ ရှိသေးတယ်နော်.. Cisco က ရန်ပုံငွေ ကိစ္စနဲ့ပတ်သက်ပြီး ဘယ်ခြေလှမ်းတွေ ရွေ့နေလဲဆိုတာ မင်းနဲ့ ချီရှန်းကျောက်တို့ သေချာစောင့်ကြည့်ထားကြဦး ...မင်းတို့ နှစ်သစ်ကူး ဘောနပ်စ် ရမရဆိုဆာ ဒီကိစ္စပေါ်မှာ မူတည်နေတယ်..."
"ဘော့စ်...အဲ့တာကြီးကတော့ လူလည်ကျလွန်းပြီလေဟာ...ရှင်အဲ့လို ကြပ်ကြပ်လုပ်နေ ...မိုးကြိုးကြီး ပစ်လိမ့်မယ် သိလား"
"ဘာလဲ မင်းက ပညာရှိကြီး ပြောခဲ့တဲ့ စကားကို မေ့သွားပြီလား..."
"ဟင်အင်း..မမေ့သေးဘူး.."
ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "လင်း...ကျွန်မ ခုနတုန်းက ဈေးဆိုင်သွားတုတ်းက မိုးကြိုးလွှဲတစ်ခုကို ၅၀% ဒစ်စကောင့်နဲ့ ရောင်းနေတာတွေ့တယ်..ဒီလီခတောင်မှ ဖရီးတဲ့နော်..ရှင်ကော တစ်ခုလောက် ဆောင်ထားဦးမလား..."
"အဲ့ဆိုင်က ပစ္စည်းတွေက အဲ့ေလာက်တောင်မှပဲဈေးကြီးတာလားဟ.."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ ပင်သောသောတစ်ခုတွေ့ရင် င့ါဖို့ တစ်ခုလောက် ယူခဲ့လိုက်ကွာ..."
ဖုန်းချပြီးနောက် လင်းရီ အိပ်ဖို့ နေရာ ရှာတွေ့သွားပြီး ကောင်မလေးခြောက်ယောက်ကိုတော့ ကျန်းစုန့်နှင့် ပစ်ထားခဲ့လိုက်သည်။ သူ ထိန်းနိုင် မထိန်းနိုင်ကတော့ သူ၏စွမ်းရန်ပေါ်တွင်သာ မူတည်နေ၏။
သုံးနာရီကြာပြီးနောက် အုပ်စုမှာ လှေဖြင့် ဆိပ်ကမ်းသိူ့ ပြန်လာခဲ့လိုက်သည်။ ကျောက်ဝေရန်နှင့် ကျန်မိန်းကလေးများမှာ အနည်းငယ် မ၀သေးသော်လည်း ယနေ့အတွက်တော့ လုံလောက်သွားပြီဖြစ်၏။
"ဘယ်လိုလဲဟျောင့်..စကီလေးခြောက်ယောက်က အတော်လန်းတယ်မလား...မင်းတစ်ယောက်မှ စိတ်မ၀င်စားဘူးလားကွ.."
"မကြိုက်ဘူး.."ကျန်းစုန့် ပင်ပမ်းနေသည့် လေသံဖြင့် ပြောလိုက်သည်။
"ဘယ်လိုတောင် ဂျေးများလိုက်လဲ.."လင်းရီ ပြောလိုက်ပြီး "ကျောက်ဝေရန်နဲ့ ကျင်းချောင်တို့ဆိုတာက တကယ့် အလှလေးတွေနော်..အဲ့တာကို မင်းက သဘောမတွေ့သေးဘူးပေါ့.."
"မဟုတ်ဘူးဟ.. လှတာက လှတယ်...ဒါပေမယ့် သူတို့ရဲ့ ဂိမ်းစကေးတွေက သောက်ရမ်း နုလွန်းတယ်.....ခန္ဓာချင်းသာ ထပ်တူကျရင် ကျမယ်...ငါတို့ စိတ်ဝိဉာဏ်တွေကတော့ လုံး၀ ထပ်တူကျမှာ မဟုတ်ဘူး...."
လင်းရီ ခေါင်းကုတ်လိုက်မိပြီး ပြောစရာစကား ကင်းမဲ့သွားတော့၏။
လခွမ်းပဲ..တစ်သက်လုံး သောက်Fa ဖြစ်မယ့်ကောင်...
"လောင်တ...မင်း ဂိမ်းကစားတာ ကောင်းတဲ့ စော်လေးတွေနဲ့ မသိဘူးလား..."
"သိတာပေါ့ကွ.."
လင်းရီ ရှောင်ထျန်၏ အိုင်ဒီကို ပေးရန် တုန့်ဆိုင်းမနေခဲ့ပေ။
၀မ်ကျန်းဆိပ်ကမ်းမှ ပြန်လာပြီးနောက် လင်းရီ ကျန်းစုန့်ကို နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားလိုက်ပြီး ကောင်းကောင်းလေး တည်ခင်းကျွေးမွေးလိုက်သည်။
"ဒီနေ့ညတော့ စောစောပြန်ကြတာပေါ့ကွာ..မနက်ဖြန် မနက်စောစောထပြီး တောင်တက်ရဦးမှာ.."လင်းရီ ပြောလိုက်၏။
"တောင်လည်း မတက်နိုင်တော့ဘူး ငါ့ကောင်
....မနက်ဖြန် ပြန်ဖို့ လေယာဉ်လက်မှတ်တောင် ကြိုဖြတ်ပြီးသွားပြီ ..."
"ဘာလို့ အဲ့လောက်အစောကြီး ပြန်မှာလဲကွ..ဒီကို တစ်ခေါက်ရောက်ဖို့ဆိုတာ လွယ်တာလည်း မဟုတ်..ကုမ္ပဏီစရိတ်နဲ့ လာတာပဲ မဟုတ်လား..နောက်ထပ် လေးငါးရက်လောက် နေပြီး ပြန်ပေါ့ဟ..."
"ငါလည်း ဒီမှာ နောက်ထပ် လေးငါးရက်လောက် နေချင်တာပေါ့ကွာ..ဒါပေမယ့် ဒီကနေ့ ငါ့သူဌေးက ဒီမှာ ဖြစ်နေတဲ့ ပရောဂျက်အခြေနေကို သိချင်တယ်လို့ ဖုန်းဆက်လာတယ်..အဲ့တာငါ့ကို ပြီးတာနဲ့ ချက်ချင်း တန်းပြန်လာခဲ့တဲ့..ကုမ္ပဏီမှာ ငါ့အတွက် တာ၀န်တွေ အများကြီးရှိနေသေးတယ်ဆိုပဲ.."ကျန်းစုန့် ပြောလိုက်ပြီး "လောင်တ စိတ်ပူမနေနဲ့..ဒီပရောဂျက်က အချိန်တစ်ခုလောက် ဆက်သွားနေဦးမှာပဲ..ဒီတော့ နောက်တစ်ခေါက် ထပ်ဘာဖို့ အခွင့်ရေး ရှိဦးမှာပါဟ...အဲ့ခါကျရင်တော့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်..."
"ကောင်းပြီလေ..အလုပ်က အရေးကြီးနေမှတော့ ငါလည်းမင်းကို မတားတော့ဘူး...ပြန်လာဆိုရင် ဖုန်းကြိုဆက်လိုက်ကွာ..."
"ဒါပေါ့..မင်းမှမဆက်ရင် ဘယ်သူက ငါ့ကို လာကြိုမှာတဲ့လဲ.."
ကျန်းစုန့် မကောင်းဆိုးရွားဆန်ဆန် ရယ်မောလိုက်ပြီး
"ဟီးဟီး မင်းဆီမှာ သုံးလေးရက်လောက် ကပ်စားထားတော့ စရိတ်စက အတော်လေးစုမိသွားတယ် ..အိမ်ပြန်ရောက်ရင် အဲ့ဒီပိုက်ဆံနဲ့ ဖိုက်ဘာအင်တာနက် ချိန်းပစ်မယ်ကွာ...အဲ့တာဆို ဘယ်သူကမှ ငါ့အင်တာနက် ချာတယ်ဆိုပြီး ပြောရဲတော့မှာ မဟုတ်ဘူး..."
လင်းရီ မေးစေ့ပွတ်လိုက်ပြီး ရုတ်တရက် ထိုကောင်၏ Ex ယွင်ကျောက်မှာ သိပ်မဆိုးလှဟု ခံစားမိသွားသည်။
ထိုမိန်းကလေးမှာ အနည်းငယ်ဆတ်ကော့လက်ကော့ နိုင်သော်လည်း ခေါင်းကို မြည်းကန်ခံထားရသော သူ့သူငယ်ချင်းကို ကောင်းစွာ သည်းခံပေးနိုင်ခဲ့၏။
ညစာစားပြီးနောက် လင်းရီ ကျန်းစုန့်အတွက် လိုချင်သည်များ လိုက်၀ယ်ပေးလိုက်သည်။
မည်သည့်မိန်းကလေးမျှ သူ့ဘော်ဒါကြီးကဲ့သို့ IQ နိမ့်နေသည့်ကောင်နှင့် အချိန်မဖြုန်းချင်မှန်း ကြိုသိသောကြောင့် လင်းရီ ထိုလူပျိုကြီး၏ ဘ၀ရှေ့ရေးကို ကြိုတွေးပေးကာ Xbox နှင့် PS3 ကို ၀ယ်ပေးလိုက်၏။ ထိုပစ္စည်းများမှာ ကျန်းစုန့်အသက်ကြီးသည်အထိ အဖော်ပြုသွားပေးမည့် ပစ္စည်းများဖြစ်ပေသည်။
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီ ကျန်းစုန့်၏ ခရီးဆောင်အိတ်ကို ကားနောက်ဖုံးထဲသို့ ထည့်လိုက်ပြီး လေဆိပ်သို့ လိုက်ပို့ပေးလိုက်၏။
အိမ်သို့ ပြန်လာပြီးနောက် လင်းရီ ဦးနှောက်ရှင်းသွားအောင် ရေကူးကန်ထဲ၌ လေးငါးပတ်လောက် ရေကူးလိုက်သည်။
သူ၏ ရည်မှန်းချက်ပန်းတိုင်သို့ သွားမည့် လမ်းကို တားဆီးနေသည့် အရာမှန်သမျှ ဖျက်စီးသွားရမည်။
ယခု Cisco မှာလည်း သူ၏ ကျော့ကွင်းထဲ၌ ရောက်ရှိနေပြီး လုပ်ဖို့လိုသည်ကတော့ စိတ်ရှည်ရှည်နှင့် စောင့်ဖို့ရာပင်။
စရံငွေ သန်း၅၀၀ ကို ရပြီးသည်နှင့် တစ်ပြိုင်နက် Cisco မှာ လက်ကျန် ၂.၅ ဘီလီယမ်ကို ရရှိရေးအတွက် ချစ်ပ်အော်ဒါများကို ပို့ဆောင်နိုင်ရေးအတွက် အပြင်းအထန် ကြိုးစားအားထုတ်ပေးတော့မည်။
သို့သော်လည်း ထိုမျှ ကြီးမားသည့် အော်ဒါပမာဏကို လက်ရှိ Cisco ၏ ငွေကြေးအင်အားနှင့် ဆိုပါက ပြီးမြောက်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။
လက်ရှိ အခြေနေပေါ် မူတည်၍ သူတို့တွင် ရွေးချယ်စရာ နှစ်ခုရှိ၏။ ဖုန်းထဲတွင်တော့ လင်းရီ ဟော်ယွမ်ယွမ်နှင့် ဖြစ်နိုင်ချေများကို ဆွေးနွေးပြီးဖြစ်သည်။
ပထမ ရွေးချယ်စရာ တစ်ခုကတော့ သူတို့ ခိုးယူထားသည့် ချစ်ပ် ဗားရှင်း ၁.၀ ကို ထုတ်ဖော်ကြေညာကာ ရင်းနှီး မြုပ်နှံသူများအား ဖိတ်ခေါ်ရန်ပင်။
၎င်းချစ်ပ်၏ စွမ်းအားအရတော့ Cisco အတွက် ရင်းနှီးမြုပ်နှံသူ အများအပြား ရရှိရန်မှာ လုံး၀ ပြဿနာ မဟုတ်ချေ။
သို့သော်လည်း တစ်ခြား ဖြစ်နိုင်ချေတစ်ခု ရှိနေသေး၏။
လုံရှင်း သုတေသန စင်တာမှ အလိုရှိနေသော ဖိတိုလီတို ဂရပ်ဖီမှာ ၀ယ်ယူတားမြစ်ခြင်းကို ခံထားရ၏။ ထိုကိစ္စ၏ လက်သည်မှာတော့ Cisco နောက်ကွယ်ရှိ အကောင်ကြီးကြီးတစ်ကောင်ဖြစ်နေမည်မှာတော့ အထူးအဆန်းမဟုတ်ပေ။
မဟုတ်ပါက Cisco ၏ စွမ်းအားဖြင့် ASML လို ကုမ္ပဏီကြီး၏ ဆုံးဖြတ်ချက်များကို ၀င်ရောက်စွက်ဖက်ဖို့ရာ မစွမ်းသာချေ။
ထို့ကြောင့် Cisco နောက်ကွယ်ရှိ ကုမ္ပဏီကြီးမှာ ထိုကိစ္စ၏ လက်မည်းကြီးဖြစ်ကြောင်း ထင်ရှားနေတော့၏။
ဒုတိယ ရွေးချယ်မှုမှာလည်း Cisco မှ ၎င်းတို့အား နောက်ခံပေးထားသည့် ကုမ္ပဏီမှ ငွေချေးယူရန်ပင်။
သိူ့သော်လည်း ဖြစ်နိုင်ချေကတော့ မဖြစ်နိုင်သလောက် နည်းပါး၏။
လင်းရီ စီးပွားရေး လောက၌ ကျင်လည်လာသည်မှာ နှစ်ပေါင်းမနည်းတော့ချေ။ အကယ်၍ Cisco သာ ထိုငွေပမာဏကို ကြံဖန်ရန် နည်းလမ်းမရှိပါက သူ့အချိန်ဖြုန်းနေရုံသာ ဖြစ်ပေလိမ့်မည်။
လင်းရီ အနားယူရန် သူ၏ မျက်လုံးများကို မှေးစင်းလိုက်သည်။ Cisco အရေးတွင်တော့ သူ့ဘက်မှ ခြေတစ်လှမ်းသာထားပြီး ဖြစ်၏။
အကယ်၍ သူတို့ဘက်မှ ငွေအားလူအား အလုံးအရင်းဖြင့် ချစ်ပ်များ ပို့ဆောင်လာပြီဆိုပါက ထိုအချိန်မှာ သူ့အကွက် စရွေ့ရတော့မည့် အချိန်ပင်။
ထိုအကြောင်းကို တွေးမိတော့ လင်းရီမျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့ ပေါ်လာခဲ့၏။
ခုကစပြီးတော့ ဘယ်သူက တ-ရုတ်ရဲ့ ချစ်ပ်နယ်ပယ်မှာ သမိုင်းသစ် ရေးထိုးနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့...