← Chapters

Vol. 14 Ch. 204

Vol. 14 Ch. 204

Vol. 14 Ch. 204

Vol. 14 Ch. 204

Cisco အကြောင်း စဉ်းစားပြီးနောက် လင်းရီ ထိုကိစ္စကို ခဏဘေးကပ်ထားလိုက်သည်။

ယခု သူက်ုတွယ်ဖို့ လိုအပ်နေသည်ကတော့ ဖိုတိုလီတိုဂရပ်ဖီစက် ၀ယ်ယူလို့မရသည့် ပြဿနာပင်။

ထိုစက်သာ မရှိပါက သူတို့ အဆင့်မြင့်သည့် ချစ်ပ်များ ထုတ်လုပ်၍ မရချေ။

သို့သော်လည်း ASMLမှ လွဲ၍ တခြားနိုင်ငံမှ ထုတ်လိပ်သည့် ဖိုတိုလီတိုဂရပ်ဖီစက်တို့မှာ သူ၏ လိုအပ်ချက်နှင့် ကိုက်ညီခြင်း မရှိပေ။

သို့သော်လည်း ASML ထံမှ ၀ယ်ယူရမည့် လမ်းကလည်း ပိတ်ဆို့ခြင်း ခံထားရသည်။

လင်းရီတွင် တခြား ရွေးချယ်စရာမရှိတော့ပဲ သူကိုယ်တိုင်သာ ထိုစက်ကို လုံရှင်းစင်တာ၌သာထုတ်လုပ်ရန် တတ်နိုင်တော့၏။

လင်းရီ ယခုထက်ထိ သူလျှိုကို ရှာမတွေ့သေးသည်ကတော့ အတော်လေး စိတ်အနှောက်ယှဉ် ဖြစ်စရာပင်။

လင်းရီ နောက်ကြောဆန့်လိုက်ပြီး သူ သည်ကိစ္စကို စွန်းဖုယွီနှင့် လုရင်းတို့အား တိုင်ပင်ရန် ‌ဆုံးဖြတ်လိုက်၏။

ထိုသို့ဖြင့် လင်းရီစွန်းဖုယွီထံ ဖုန်းခေါ်လိုက်လေသည်။

"မစ္စတာလင်း ဘာကိစ္စ ရှိလို့ပါလဲဗျ..."စွန်းဖုယွီ ယဉ်ကျေးစွာ ဖုန်းကိုင်လိုက်သည်။

"ခင်များ ခုထိ နေ့လည်စာ မစားရသေးဘူးမလား...လုရင်းကော ခေါ်ခဲ့လိုက်..ကျုပ် ခင်များတို့ နှစ်ယောက်လုံးကို နေ့လည်စာ ၀ယ်ကျွေးမယ်.."

လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

သူလျှိုမှာ လုံရှင်းစင်တာ၌ ရှိနေသေးသောကြောင့် မလိုအပ်သည့်ပြဿနာများကို ရှောင်ရှားဪန် လင်းရီ ‌‌ေဆွးနွေးမည့်နေရာကို တခြားနေရာ၌ ပြောင်းရွေ့လိုက်သညါ။

ဖိုတိုလီတိုဂရပ်ဖှ စက် ထုတ်လုပ်မည့် ကိစ္စမှာ လွန်စွာ အရေးကြီးနေပြီး လင်းရီ မည်သည့် စွန့်စားမှုက်ုမျှ မပြုလုပ်ချင်ပေ။ ထို့ကြောင့် သူတခြားနေရာ၌ ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ်ကဲ့ အဲ့တာဆိုလည်း အားမနာတော့ဘူးနော်..."စွန်းဖုယွီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဘယ်ဆိုင်မှာလဲဗျ..."

"ကဏန်းဘုရင်နန်းတော်...တစ်နာရီအတွင်း ဆိုင်ပေါက်၀မှာ ဆုံမယ်..."

"ကောင်းပါပြီဗျ..."

လင်းရီ ရေကူးကန်ထဲမှ ထွက်လာခဲ့လိုက်ပြီး အ၀တ်စားလဲကာ ဗီလာထဲမှ မောင်းလာခဲ့လိုက်၏။

ကားမောင်းနေစဉ် အတွင်း၌လည်း လင်းရီ တွေးတောနေခြင်းကို လုံး၀မရပ်တန့်လိုက်။

သူ၏ အာစရိမှတ်ဉာဏ်အရ သူ၏စိတ်ထဲတွင် ချး်ပ်နှင့်ပတ်သက်သည့် အသိပညာဗဟုသုတများအားလုံး သိရှိနေသော်လည်း ဖိုတိုလီတို ဂဪ်ဖီ ထုတ်ရန်အတွက် ယုံကြည်ချက် အပြည့်အ၀တော့ မရှိချေ။

တစ်ကမ္ဘာလြံးတွက်ပင် ထိပ်တန်းအဆင့်မြင့်စက်ကိုတောင်မှ ASMLကသာလျင် လက်ဝါးကြီး အုပ်ထား၏။

၎င်းတို့ကို ကျော်ဖြတ်ပြီး တ-ရုတ်၏ ကိုယ်ပိုင် ဖိုတိုလီတိုဂရပ်ဖီစက်အား တီထွင်ရန်မှာ အလွန်အမင်း ခက်ခဲသည်ြ စွန်ခေါ်မှုကြီး တစ်ရပ်ဖြစ်၏။ Code ရေးသားသည်လောက်တော့ ထင်သလောက် ရိုးစင်းလိမ့်မည် မဟုတ်ချေ။

ဒုန်း...

လင်းရီ အတွေးထဲ နစ်မြောနေတုန်း တစ်ယောက်ယောက်မှ မော်တော်ဆိုင်ကယ်ဖြင့် သူ့ကားကို လာတိုက်လေသည်။

"‌ဟျောင့်ရေ..ဘယ်လိုတွေတောင် မောင်းနေတာတုန်းဟ.."

ကံကောင်းစွာဖြင့် မီးနီးပြီးခါစမို့ သူအရှိန် သိပ်မမြန်ခဲ့ပေ။ မဟုတ်ပါက အက်စီးဒင့်မှာ ပိုပြီး ပြင်ထန်သွားနိုင်၏။

"အောင်မယ်လေး သေပါပြီတော့်..."

ကားထဲမှ ထွက်လာပြီးနောက် လင်းရီ မြေပြင်ပေါ်တွင် အဘွားကြီးတစ်ဦး သူမခြေထောက်ကို နာကျင်စွာကိုင်၍ ဘုရားတနေသည်ကို မြင်လိုက်ရသည်။ သူမ ဆိုင်ကယ်ဘေး၌လည်း ဟင်းသီးဟင်းရွက်များ နှင့် အသီးများ ပြန့်ကျဲနေလေသည်။

ကံကောင်းစွာ‌ဖြင့် အဘွားကြီးမှာ ဘာမျှ သိပ်မထိခိုက်သွားလိုက်ချေ။

ယာဉ်တိုက်မှု ဖြစ်သွားသည်ကို မြင်တော့ အနီးတစ်ဝိုက်ရှိ လူများ စိတ်၀င်တစားနှင့် ရှိုးပွဲကြည့်ရန် အနားသို့ ဝိုင်းအုံလာကြ၏။

အဘယ်ကြောင့်ဆိုသော် ထိအဘွားကြီးမှာ တန်ဖိုးကြီးသည့် ဘန်ထလေကို ၀င်တိုက်သောကြောင့်ပက်။

သို့သော်လည်း မျက်မြင်တွေ့ရှိရသလောက်ကတောဘ မော်တော်ဆိုင်ကယ်နှင့် အဘွားကြီးမှာ နစ်နာသူပုံစံ ပေါက်နေလေသည်။ ယာဉ်ထိန်းရဲမှ မည်သိူ့ ဖြေရှင်းပေးပလဲဆိုတာကတော့ စိတ်၀င်စားစရာပင်။

"ကောင်စုတ်လေး..နင်ကားကို ဘယ်လိုတွေ မောင်းနေတာလဲ..ငါလာတာကို နင်မမြင်ဘူးလား...,"

လင်းရီ ဆွံ့အသွားပြီး မီးပွိုင့်ကို ညွှန်ပြ၍ "ဟိုမှာ မီးစိမ်းနေပြီလေ..ပြီးတော့ ကျုပ်ကလည်း ပုံမှန်လေးပဲ မောင်းနေတာ.ခင်များက မီးနီလည်း ကျော်လာသေး..ကျုပ်ကိုလည်း အပြစ်ဖို့ချင်နေသေးတယ်ပေါ့..."

"နင့်ကြီးတော်ကို ပုံမှန်လေး မောင်းနေတာလား...နင်ငါ့ကို ၀င်တိုက်လိုက်ပြီ..နင့်မှာ တာ၀န်ရှိတယ်...လျော်ပေးတော့.."အဘွားကြီးမှ အာပြဲသံကြီးဖြင့် အော်ဟစ်လိုက်သည်။

"အား...ကျွတ်ကျွတ်..ငါ့အရိုးတွေတောင် ကြေသွားပြီလား မသိဘူး..ငါသာ ‌ေ‌ေးရုံသွားမယ်ဆို အနည်းဆုံး ယွမ် ၈ သောင်း ၁ သိန်းလောက် မကုန်ဘဲ နဲ့ ပြန်ကောင်းလာနိုင်မှာ မဟုတ်ဘူး.."

"ကျုပ်ခင်များကို လျော်ပေးမယ်လည်း မပြောရသေးဘူးနော်..ဘာဆိုင်လို့ ဘယ်လောက်ကုန်မယ့် အကြောင်းတွေ လာပြောနေတာလဲဟ.."

"လူငယ်လေး..နင်ဘယ်လိုတောင် ပြောလိုက်တာလဲ..ငါ ဆိုင်ကယ်မောင်းတဲ့သူနော်..ပြီးတော့ ထိလည်း ထိခိုက်ထားသေးတယ်..နင်ထင်နေတာ နင်က BYDမောင်းတာနဲ့ပဲ ကိုာ့်ဘာကိုယ် ဟုတ်ဘှပြီ ထင်နေတယ်ပေါ့ ဟုတ်လား...ငါပြောလိုက်မယ်..ငါ့သားက BMW ကြီး မောင်းတာနော်..နင့်ထက်အများကြီး ပိုပြီး ပိုက်ဆံရှိတယ်..."

"BYD..."

ငါလခွမ်းကို BYDလားကွ...

ကားလိုဂိုက BYD ဆိုရင်တောင်မှ မိုးနဲ့မြေလောက်ကြီး ကွာခြားနေတာကို သည်ဘွားတော်က နားမလည်တာလား...

"ဘာလဲ..နင့်ကားစုတ်တယ်ပြောတော့ မကျေနပ်ဘူးလား..."

အဘွားကြီးမှ အာကျယ်အာကျယ်ဖြင့် ပြောလိုက်ပြီး "ဒါက BYD အသစ်ဆိုရင်တောင်မှ ငါ့သားရဲ့ BMWလောက် တန်ဖိုးရှိတာ မဟုတ်ဘူး..ဒီတော့ ချမ်းသာသလို လုပ်နေတာတွေ တော်လိုက်တော့.."

"‌ခင်များ ကရားရေလွှတ် ပြောနေတာတွေ တေယ်လိုက်တော့ ..ယာဉ်ထိန်းရဲကိုခေ့်ပြီး ဆုံးဖြတ်ခိုင်းကြတယပေါ့..."

လင်းရီ ရဲကို ဖုန်းခေါ်လိုက်ပြီး မကြာမီ ယာဉ်ထိန်းရဲမှာ ရောက်ရှိလာခဲ့၏။

"ရဲအရာရှိကြီး ..ရှင်ရောက်လာတာနဲ့ အတော်ပဲ..ဒီလူက ငါ့လို အဘွားကြီးကိုတောင်မှ မညာမတာ ကားနဲ့ ၀င်တိုက်နေတယ်...ကျွန်မ ဘယ်လိုလုပ်သင့်လဲ..လောကကြီးက ဒီလို အဘွားကြီးကို မျက်ကွယ်ပြုထားကြပြီလားဟဲ့..."ယာဉ်ထိန်းရဲရောက်လာသည်နှင့် အဘွားကြီးမှာ ရင်ဘက်စည်တီး၍ ရင်နာပြတော့သည်။

"ကျွန်မခု အမြင်တွေတောင် ဝေဝါးလာပြီ..မဖြစ်တော့ဘူး..ဆေးရုံသွားမှ ဖြစ်တော့မယ်...ဆေးရုံသွားမှ ဖြစ်တောမယ်...ပြီးတော့ သူ့ကိုလည်း ဆေးဖိုးဝါးခ‌တွေ ရှင်းခိုင်းရမယ်...."

ယာဉ်ထိန်းရဲကတော့ သာမန်ကာလျှံကာ ကြည့်လိုက်ပြီး ဘာမျှ ပြန်မပြောခဲ့‌။

ထိုအစားလင်းရီ၏ ဘန်ထလေကို ကြည့်လိုက်လေသည်။ ဘန်ထဘေမှာ ဆိုးဆိုးရွားရွားကြီး ထိခိုက်သွားပြီး မော်ဒယ်မှာလည်း ဈေးအကြီးဆုံး မော်ဒယ်ဖြစ်နေသောကြောင့် ပြန်ပြင်မည်ဆိုပါက ယွမ် သိန်ူဂဏန်းလောက်တော့ အသာလေး ကုန်သွားလိမ့်မည်။

"အန်တီ..မစိုးရိမ်ပါနဲ့ဗျ...ကျွန်တော်တို့ဘက်က အမှု‌ကို သေချာအကဲဖြတ်ပြီးတော့ အဆုံးဖြတ်ပေးပါ့မယ်...ပြီးတာနဲ့ တစခခါတည်း လျော်ပေးရမယ့်သူက်ု ပြောပေးပြါမယ်..တကယ်လို့ ဒီကားကသာ အန်တီ့ကို တကယ်ကြီး တိုက်လိုက်တယ်ဆိုလို့ကတော့ ဥပဒေက မျက်ကွယ်မပြုထားပါဘူးဗျ..."

"ဘာ...ရှင်တို့က အမှုမှန်ပေါ်အောင် စစ်ဆေးဦးမယ်...ဒီမှာ ကြည့်လိုက်ရင် ရှင်းနေတာပဲမဟုတ်ဘား..ကျွန်မ ခြေခောက်ကိုလည်း ကြည့်လိုက်ဦး ..ပွန်းပဲ့ရာတွေနဲ့..ဟိုကားထဲကကောင်ကျတော့ အေးဆေးပဲလေ..ခဲရတဲ့ ကျွန်မက ဒီလောက်အထင်းသား မြင်သာနေတယတောင်မှတော်တို့က စစ်ဆေးချင်နေသေးတာလား..."

"အန်တီကြီး ..ခင်များက နစ်နာသူဆိုတာ မြင်သာပါတယ်။။..ဒါပေမယ့် တိကျသေချာတဲ့ သက်သေအထောက်အထား ပြဖို့ လိုတယ်လေ..."

ယာဉ်ထိန်းရဲ၏ တင်းမာခက်ထန်နေသော အမူအရာကို မြင်တော့ အဘွားကြီး ပါးစပ်ပိတ်သွား၏။

မကြာမီ ယာဉ်ထိန်းရဲမှ စောင့်ကြည့်ရေး ကင်မရာမှ တစ်ဆင့် အက်စီးဒန့်ကို သေချာကြည့်လိုက်သည်။ ထို့နောက် "အက်စီးဒင့်ဖြစ်တဲ့ အချိန်မှာ မီးပွိုင့်က စိမ်းနေပြီးသား..ပြီးတော့ ဒီက ညီလေးကားမောင်းတာကလည်း ပုံမှန်နှုန်းလေးနဲ့ပဲ..ကွေ့မယ့် ဆစ်ဂနယ်တွေ ပြတာလည်း မမြင်မိဘူး..အန်တီကြီးကသာ မီးနီကို ကျော်ပြီး မေ။င်းလာခဲ့တာ...ဒီတော့ ခင်များဘက်က အမှားဖြစ်နေတယ်..ခင်များ ကိုယ့်ဆေးဖိုးကိုယ်ရှင်းပြီးတော့ ကားပြင်ဖို့ လျော်ကြေးပါ ပေူရမယ်..."

"ဘာပြောလိုက်တယ်...သူက လျော်ပေူရမှာမဟုတ်ဘူးလား..."အဘွားကြီးမှာ သူငယ်ပြန်သွားပြီး မြေပြင်ပေါ်သို့ထိုင်ချကာ အောက်တွင် လူးလိမ့်နေတော့၏။

"သူငါ့ကို တိုက်တာတောင်မှ နင်က တာ၀န်မရှိဘူးလို့ ပြောနေတယ်ပေါ့..မကျေနပ်ဘူး..ငါနင့်ကို ကွန်ပလိန်တက်မယ်..."

"အဲ့တာဆိုလည်း ပြေားမ်း..သူက ဘာကို တာ၀န်ယူပေးရမှာ.."ယာဉ်ထိန်းရဲမှ စိတ်မရှည်နိုင်တော့ပဲ တုံးတိ မေးချလိုက်တော့သည်။

"ဘာလဲ ကျုပ်တို့က ခင်များမျက်ရည်မကျအောင်လို့ အနီတစ်ဝိုက် အဆောက်အအုံတွေပါ လိုက်စစ်ဆေးပေးရမှာလား..သောက်အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့..."

"အဲ့တော့ ဘာဖြစ်လဲ..ယာဉ်ကြီးနဲ့ ယာဉ်ငယ်ဆို ယာဉ်ကြီးမှာ တာ၀န်ရှိတယ် မဟုတ်ဘူးလား..."

"ဟာဗျာ ...ခင်များ မှားပါတယ်ဆို ဘာလို့ သူက တာ၀န်ရှိရမှာတုန်း..."

ယာဉ်ထိန်းရဲမှ ပြောလိုက်ပြီး "နောက်ပြီး..ခင်များ လျော်ကြေးပေးဖို့ကိုလည်း ပိုပြီး အာရုံစိုက်ထားသင့်တယ်..ဒီညီလေးရဲ့ကားက ၄ မီလီယမ်လောက် တန်ကြေးရှိတယနော်..ပြင်စရိတ်ဆို ယွမ် သုံးသိန်းလောက် သွားကျမှာ..ဘယလို ပေးမလဲဆိုတာသာ စဉ်းစားထားလိုက်တော့.."

"သောက်အဓိပ္ပာယ်မရှိတာ.."

အဘွားကြီးမှ မယုံကြည်နိုင်ဖြး်သွားပြီး "စုတ်ပဲ့နေတဲ့ BYDက ဘယ်တုန်းက ဒီလောက် ‌ဈေးကြီးသွားတာလဲတဲ့....ငါ့ကို အသက်ကြီးတယ်ဆိုပြီးတော့မှ အရူးလုပ်လို့ ရမယ်များ ထင်နေတာလား.."

"အတ်တီကြီး ခင်များ သေချာကြည့်လိုက်ဦး ..ကားလိုဂိုက B ဆိုပေမယ့် BYD မဟုတ်ညူး..ဘန်ထလေ..လေးမီလီယမ်တန်ကြေးရှိတဲ့..ယာဉ်ထိန်းရဲအအနေနဲ့ ခင်များကို နောက်ပါ့မလား..."

"ဟားဟား...."

"ဒီအဘွားကြီးက တော်တော်ရယ်ရတာပဲ..ဘန်ထလေကို BYDနဲ့များ မှားရတယ်လို့ကွာ.."

"ယာဉ်ထိန်းရဲကြီးက ဒီဘွားတော်ကို ပညာကောင်းကောင်းပြသင့်တယ်..သူတို့က နေ့တိုင်း ဆိုင်ကယ်စုတ်ကြီးနဲ့ ဘမ်းပေါ်မှာ စည်းမရှိ ကမ်းမရှိ မောင်းနေကြတာ..သူတို့ဖော်ထားတဲ့ဆေး သူတို့ ပြန်စားခိုင်းရမယ်..."

"ပြန်ပြင်စရိတ်ကို ယွမ် ၃သိန်းဆိုပဲ..ငါ့အထင်တော့ ဒီအဘွားကြီး သူ့ပိုက်ဆံတွေ အားလုံး ကုန်သွားရင်တောင် လျော်နိုင်မှာ မဟုတ်လောက်ဘူး..."

"အဲ့လိုဆ်ုရင်တောင် ရအောင်ကို ပေးခိုင်းရမှာပဲ..ငါတို့ဒီလို စည်းကမ်း မလိုက်နာတဲ့လူကို အလိုမရှိဘူး.."

သူမကို ဝိုင်းဝေဖန်နေကြသည်ကို မြင်တော့ အဘွားကြီးမှ အသံမြင့်လိုက်ပြီး "ငါ့လာပြီးတော့ ဝေဖန်မနေကြနဲ့..ယွမ် ၃သိန်းလေးပဲမလား..ငါ့သားမှာ ပိုက်ဆံ ရှိတယ်..ငါလျော်ပေးနိုင်တယ်..."

ထိုသို့ပြောလိုက်သောအခါ ရောက်နေကြသည့် လူတိုင်း အံ့အားသင့်သွားခဲ့ကြသညါ။ မည်သူကမျှ ဆိုင်ကယ်မောင်းသည့် အဘွားကြီး၏ မိသားစုမှာ ချမ်းသာလိမ့်မည်လို့ ထင်မထားခဲ့ကြချေ။

အဘွားကြီးမှ သူမဖုန်းကို ထုတ်လိုက်ပြီး သူ့သား ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။

"ဟဲလို.သားလား..နင်ခုဘယ်မှာဘဲ...အမေခု လမ်းမှာ ကားနဲ့ တိုက်မိထားလို့..အဲ့တာ သူတို့က ‌အမေ့ကို လျေယ်ကြေးတောင်းနေကြတယ်..ဒီအမြန်လာပါဦး.."

အဘွားကြီး ပြောပြိးနောက် ဖုန်းပြန်ချလိုက်သည်။

လင်းရီလည်း ထွက်ခွာရန် အလျင်မလိုခဲ့။ သူစွန်းဖုယွီတို့ကို မက်ဆေ့ခ်ျပို့ပြီး အနည်းငယ် ထပ်စောင့်ခိုင်းထားလိုက်၏။

မိနစ်နှစ်ဆယ်လောက်ကြာပြီးနောက် BMW7 တစ်စီးမှာ အဘွားကြီးရှေ့သို့ ထိုးရပ်လာ၏။

ကားတံခါးဖွင့်လာပြိး အသက်သုံးဆယ်လောက်ရှိ

သည့်၀ဖိုင့်ဖိုင့်နှင့် လူငယ်တစ်ယောက် မျက်မှန်ကြီးကို ၀တ်ဆင်ကာ တည်ကြည်ခန့်ညယးသော အော်ရာတြိ့ဖြင့် ထွက်လာခဲ့သည်။

"အမေ..ဘာဖြစ်သွားသေးလဲ..အဆင်ပြေရဲ့လား.."လူငယ်မှ စိုးရိမ်စိတ်ကြီးစွာဖြင့် မေးမြန်းလိုက်သည်။

"အဆင်မပြေဘူးသားရေ.အရိုးတွေတောင် ကြေပြီလားမသိဘူး..အဲ့တာကို ယာဉ်ထိန်းရဲက အမေ့ကို လျော်ကြေးပေးတဲ့ ..သူ့ကို ကွန်ပလိန်းတက်ရအောင် သားမှာ အဆက်သွယ်လေးဘာလေးမရှိဘူးလား.."

လူငယ်မှာ သူ့အမေ၏ အကြည့်များအတိုင်း လိုက်သွားရင်း လင်းရီကိုမြင်တော့ ရှော့ခ်ရသွားခဲ့ပြီး "ဥက္ကဌလင်း..ဥက္ကဌလင်း ဟုတ်တယ်မလား.."

All Chapters