← Chapters

Vol. 14 Ch. 205

Vol. 14 Ch. 205

Vol. 14 Ch. 205

Vol. 14 Ch. 205

လင်းရီ၏ အကြည့်များမှာ ထိုအဘွားကြီး၏ သားပေါ်သို့ ကျရောက်သွားခဲ့၏။

ဥက္ကဌလင်းဟု ခေါ်လိုက်သည့် အချိန်တွင် လင်းရီ ထိုလူငယ် ဘယ်သူလဲဆိုတာ ခန့်မှန်း၍ ရသွားသည်။

လင်းရီ အမှတ်မမှားဘူးဆိုလျင် ထိုလူငယ်မှာ တူရွှယ်ဟုန် ဟုခေါ်သည့် သူတို့ လုံရှင်စ သုတေသန စင်တာ၏ ဓာတ်ခွဲခန်းပညာရှင်တစ်ယောက်ပင်။

လုံရှင်း၌ အလုပ်လုပ်လာခဲ့သည်မှာ ခြောက်နှစ်လောက်ရှိပြီး စွန်းဖုယွီပြီးနောက် ဒုတိယစီနီယာအကျဆုံး ပညာရှင်တစ်ယောက်ဆိုလည်း မမှားချေ။

"ဒီမှာ လာဆုံတယ်ဆိုတော့ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ.."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"ဟီးဟီး ဟုတ်ပါ့နော်..."တူရွယ်ဟုန် ပြောလိုက်ပြီး "ကျွန်တော် တကယ့်ကို တောင်းပန်ပါတယ်ဗျာ..ကျွန်တော့် အမေက ဆိုင်ကယ်မောင်းရင် အမြဲတမ်း သတိလက်လွတ် ဖြစ်တတ်လို့ပါ..,ကျွန်တော်တို့ဘက်က မှားတယ်ဆိုတော့ တောင်းပန်ပါတယ်ဗျ.."တူရွှယ်ဟုန် အကြိမ်ကြိမ် ဦးညွှတ်၍ လင်းရီ ကို တောင်းပန်လိုက်၏။

"အာဟား..ကြည့်စမ်းပါဦးကွာ..တကယ်လို့ ငါသာ မင်းရဲ့အမေမှန်းသိရင် ဒီလောက်ထိ ဇာချဲ့မနေပါဘူး.."

ယခုလို ပြောင်းလဲသွားလိမ့်မည်လို့ စောင့်ကြည့်သူထဲမှ မည်သူတစ်ဦးမျှ ထင်မှတ်မထားခဲ့ကြချေ။

အဘွားကြီး၏သားမှာ ဘန်ထလေကားပိုင်ရှင်၏ လက်အောက်ငယ်သားဖြစ်နေလေသည်။

ထို့ပြင် သူတို့နှစ်ဦး စကားပြောပုံအရ ထိုနှစ်ယောက်မှာ အတော်လေး ရင်းနှီးနေသည့်ပုံပင်။

ထိုသို့ဆိုပါက ပြဿနာ ပြီးသွားပြီဖြစ်၏။

"သားလေး..ဒီလူငယ်လေးက နင့်ရဲ့ သူဌေးလား..."အဘွားကြီးမှ အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလိုက်သည်။

"အင်း...သူက သားတို့ သုတေသနစင်တာရဲ့ သူဌေးလေ..."

"အိုက်ယိုး..အထင်လွဲသွားတာပါနော်.."အဘွားကြီးလည်း လင်းရီကို ဦးညွှတ်လိုက်ပြီး "လူငယ်လေးရေ..ဒီအဘွားကြီးက အတော်လေး မဆင်မခြင် ဖြစ်သွားခဲ့တာကို ဗွေမယူပါနဲ့ကွယ်...အန်တီတို့ ‌ကားပြင်ဖို့လည်း သေချာပေါက် လျော်ပေးပါ့မယ်..အန်တီ့သားလေးက်ုတော့ ခွင့်လွှတ်ပေးပါနော်..."

တူရွှယ်ဟုန်၏ အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့၏။ သို့သော်လည်း မည်သူမျှ သတိမမူမိချိန်တွင် နဂိုအနေအထားသို့ ပြန်ရောက်သွားခဲ့သည်။

"ပရော်ဖက်ဆာတူက ကျုပ်ရဲ့စင်တာက သုတေသနပညာရှင်လေ..အန်တီတို့ လျော်ပေးချင်လည်း ရပါတယ်..ဒါပေမယ့် ကျွန်တော်ကတော့ မလိုအပ်ပါဘူး.."

"အိုက်ယိူး...အဲ့တာဆိုလည်း ကောင်းတာ ပေါ့ကွယ်..နောက်ခါကျရင် အန်တီ့သားကို ခိုင်းစရာရှိရင် အကုန်ခိုင်း..ဘာမှ အားမနာနဲ့ သိလား.."

"ဟုတ်ကဲ့..အာ့ဆိုလည်း အန်တီကိုပဲ ကျေးဇူးတင်ရတော့မှာပေါ့.."

ထိုအချိန်တွင် ယာဉ်ထိန်းရဲကြီး လျှောက်လာပြီး "ငါ့ညီတို့က အချင်းချင်း သိကြတယ်ဆိုတော့ ပိုလွယ်သွားတာပေါ့ကွာ...ဒီတော့ တရားဥပဒေနည်းလမ်းအတိုင်း သွားမလား..ဒါမှမဟုတ်..အချင်းချင်းပဲ ညှိနှိုင်းလိုက်ကြမလား.."

"ကျွန်တော်တို့ အချင်းချင်းပဲ ညှိနှိုင်းလိုက်ပါ့မယ်..."လင်းရီပြုံးလိုက်ပြီး "ခုလို လာပြီး ကူညီပေးတဲ့အတွက် အရာရှိကြီးကိုလည်း ကျေးဇူးတင်ပါတယ်ဗျ..."

"ဘာမှမဖြစ်ပါဘူးကွာ..ဒါကလည်း ငါလုပ်သင့်လုပ်ထိုက်တာပဲလေ..မင်းတို့သာ အချင်းချင်း ညှိနှိုင်းလို့ရရင် ငါတို့လည်း ပိုအလုပ်ရှုပ် သက်သာတာပေါ့ကွာ.."

"ကောင်းပါပြီဗျ..."

နှစ်ယောက်သား ရဲကား ထွက်သွားသည်ကို ကြည့်ပြီးနောက် လင်းရီ တူရွှယ်ဟုန်ပို ပြုံးပြလိုက်သည်။

"ကားက အတော်လေး မဆိုးဘူးနော်..ကြည့်ရတာ တစ်မီလီယမ်တော့ ကျော်လောက်မယ်ထင်တယ်..."

"အာ...မဟုတ်တာဗျာ။..ဥက္ကဌလင်းကလည်း အထင်လွဲနေပြန်ပါပြီ..ကျွန်တော်က ဘယ်လိုလုပ် အဲ့လောက် ကားအကောင်းစားကြီး တတ်နိုင်မှာလဲတဲ့..."တူရွှယ်ဟုန် စိုးထိတ်စွာ ငြင်းဆိုးလိုက်ပြီး "ဥက္ကဌလင်း ကျွန်တော်တို့ကို ပေးထားတဲ့ ဘောနပ်စ် ၅ သိန်းလေးနဲ့ သူငယ်ချင်းနားက second သွားဆွဲထားတာပါဗျ.."

"အိုး ဒီတော့ တစ်လက်ကိုင်ပြီးသားပေါ့.."တူရွှယ်ဟုန်၏ မိခင်မှ စိတ်ပျက်သွားသည့် လေသံဖြင့် ပြောလိုက်ပြီး "နင်ပြောတော့ အသစ်ဆို.."

"အာ...သားက ဒီတိုင်းပြောလိုက်တာလေ.."တူရွှယ်ဟုန် ပြောလိုက်ပြီး "ဥက္ကဌလင်းက သားရဲ့ ဘော့စ်ဆိုတော့ သူ့ရှေ့မှာ ဟန်ဆောင်လည်း အလကားပဲ..အဲ့တာကြောင့် အမှန်အတိုင်း ပြောပြလိုက်တာ ..."

"အင်း..မေ့သားပြောတာလည်း ဟုတ်သား.."

"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးကွာ.."လင်းရီ ပြောလိုက်ပြီး "ငါ့မှာ လုပ်စရာ ရှိသေးတယ်ဆို‌တော့ နောက်မှ ဆက်ပြောကြတာပေါ့...ဘဏ္ဍာရေး ဌာနကနေအန်တီ့ဆေးဖိုးဝါးခအတွက် ယွမ်တစ်သိန်း ထုတ်ပေးဖို့ ပြောထားလိုက်မယ်...အန်တီ့ကို ဆေးရုံသွားပြလိုက်..မလောက်ရင်လည်း ငါ့ကို ထပ်ပြောလိုက်ကွာ..ဟုတ်ပြီလား..."

"အောင်မလေး..အားနာလှပါပြီတော်...ဘာမှလည်း ထွေထူးဟုတ်တာ မဟုတ်ဘူး..ဒီတိုင်း ပွန်းရှရာလေးကိုကွယ်...ကိုယ့်ဘာကိုယ်ပဲ ဆေးလေးနည်းနည်း‌ထည့်လိုက်ရင် သက်သာသွားလိမ့်မယ်...မောင်ရင်ကလည်း သက်သက် အလုပ်ရှုက်ခံလို့..."

"အဲ့လို မဟုတ်သေးဘူးလေဗျာ...ဒါက အသေးမွှား ကိစ္စလေးမှ မဟုတ်တာ..ကျွန်တော်က တစ်ခုခု မလုပ်ပေးရရင် စိတ်မကောင်း ဖြစ်နေတော့မှာဗျ..."

ထိုသို့ ပြောပြီးနောက် လင်းရီ တူရွှယ်ဟုန်ကို လက်ရမ်းပြကာ "ကဲ..ငါအရင်သွားတော့မယ်..."

"ဟုတ် ဟုတ်..ဖြည်းဖြည်းသွားပါဗျ ဘော့စ်လင်း.."

လင်းရီ ခေါင်းညိမ့်၍ မောင်းထွက်သွားပြီး သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။

"ဒီ တူဟုန်ရွှယ်က ရိုးတော့ သိပ်မရိုးဘူး.."

မကြာမီ လင်းရီ ကဏန်းနန်းတော်သို့ ရောက်လာခဲ့ပြီး စွန်းဖုယွီနှင့် လုရင်းတို့ သူ့အား အချိန်အတော်တန်ကြာ စောင့်ဆိုင်းလိုက်ရသည့်ပုံပင်။

လင်းရီ နှစ်ယောက်စလုံးကို အကဲခတ်ကြည့်လိုက်သောအခါ စွန်းဖုယွီ၏ အ၀တ်အစားဒီဇိုင်းကတော့ ယခင်အတိုင်း သာမန်သာ ၀တ်ဆင်ထား၏။

သို့သော်လည်း လုရင်း၏ ၀တ်စားထားသည့် ဒီဇိုင်းကတော့ လင်းရီကို ‌မျက်လုံး‌အရောင်များ တောက်ပသွားစေသည်။

အဖြူရောင် LV ရှပ်နှင့် အပြာရောင် ဂျင်းစကတ်ကို ၀တ်ဆင်ထားပြီး Air Jordan 1ကို စီးနင်းထားသည့် သူမ၏ ၀တ်စားဒီဇိုင်းက ပရော်ဖက်ဆာများအပေါ် လင်းရီ နားလည်သဘောပေါက်သည့် ပုံစံကို ၁၈၀ ဒီဂရီလောက် ပြောင်းလဲသွားစေသည်။

"ဥက္ကဌလင်း..ကျွန်တော်တို့ ရှောင်ရင်း ၀တ်ထားတာ မဆိုးဘူးမလား..ကျွန်တော် ချဲ့ကား ပြောတာတော့ မဟုတ်ပေမယ့် ကျုပ်တို့ စင်တာမှာ ရှောင်ရင်း၀တ်တာက အလှဆုံးပဲ..."

"၀တ်ထားတာကတော့ သာမန်ပါပဲ..ဒါပေမယ့် ခြေတံလေးတွေကတော့ မဆိုးဘူးပြောရမယ်..."

အကယ်၍ အတိတ်တွင် ဆိုပါက လင်းရီ လုရင် ၀တ်ထားသည့် ပုံစံကို အရမ်းလှသည်ဟု ချီးမွမ်းမိလိမ့်မည်။ သို့သော်လည်း ကျီချင်းရန်နှင့် အချိန်အတော်ကြာ နှီးနှော ဆက်‌ဆံပြီးနောက် သာမန် မိန်းကလေးတို့၏ အလှတရားမှာ လင်းရီကို တော်ရုံရင်ခုန်အောင် မလုပ်နိုင်တော့ချေ။

"ဘော့စ်လင်း..ရှင်ကလည်း ကျွန်မကိုဆို အထင်သေးဖို့ပဲနော် ..ကျွန်မတို့ စင်ဟွာ တက္ကသိုလ်က ကောင်မလေးတွေက အရမ်း၀တ်တတ်တာ...ကျွန်မက ခုအလောသုံးဆယ်နဲ့ ထွက်လာခဲ့လိုက်ရလို့.. "

လုရင်း မကျေမနပ် ပြောလိုက်၏။

"ဟုတ်တယ်..ကျွန်တော်လေး ရှောင်ရင်း၀တ်ထားတာ မဆိုးဘူး ထင်တာပဲဗျ..."

"ခင်များတို့လို အန့်ဒိတ်ဖြစ်နေတဲ့ လူတွေကတော့ သုတေသန လုပ်ဖို့လောက်ပဲသိတာ..ဖက်ရှင်အမြင်ကျတော့ အကွက်ဆင်နဲ့ ဂျင်း၀တ်ထားရင်ကို လှပြီလို့ ထင်တဲ့ခေတ်မှာ ပိတ်မိနေတုန်းပဲလား..."

လင်းရီ ရယ်မောရင်း ပြောလိုက်လေသည်။

သုံးယောက်သား ကဏန်းဘုရင်၏ နန်းတော်ထဲသို့ ရောက်လာခဲ့ပြီး နေ့လည်ခင်းလည်း ဖြစ်သောကြောင့် ဆိုင်ထဲတွင် လူသိပ်ကျမနေပဲ သူတို့ တစ်ဝိုင်းသာ လူရှိနေတော့၏။

သို့သော်လည်း လင်းရီ သီးသန့်ခန်း ပေးရန်သာ တောင်းဆိုလိုက်သည်။

ထို့နောက် အရင်ဆုံး ဗိုက်ဖြည့်ရန် စားသောက်ဖွယ်ရာများကို မှာလိုက်တော့၏။

"ဥက္ကဌလင်း ကျွန်တော်တို့ နှစ်ယောက်ကို ခုလို နေ့လည်နေ့ခင်းကြီး ခေါ်လိုက်တယ်ဆိုတော့ အရေးကြီးကိစ္စများ ရှိနေလို့လားဗျ.."

လင်းရီ သု့လက်ထဲရှိ ကဏန်းဘက်မကို အောက်သို့ချလိုက်ပြီး "ဖိုတိုလီတိုဂရပ်ဖီစက်နဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းတာ ခြေနေဘယ်လိုရှိလဲ.....ဆက်ပြီး ဆွေးနွေးနေတုန်းပဲလား..."

"ဟုတ်တယ်..."စွန်းဖုယွီ ပြန်ပြောလိုက်ပြီး "ဒါပေမယ့် ဟိုဘက်ကတော့ ခုထိ အထာတွေ ကိုင်နေတုန်းပဲ...ကျွန်တော်တို့ဘက်က နိုင်ငံတကာမှာ နာမည်မကောင်းလို့ သိပ်မပူးပေါင်းခြင်ဘူး ဆိုပဲဗျာ.."

"ရှောင်ရင်းလေးရဲ့ မျက်လုံးကိုပဲ ကြည့်လိုက်တော့ ..အဲ့ကိစ္စကြောင့်ပဲ နေ့နေ့ညည အိပ်ရေးတွေ ပျက်နေတာ..."

လုရင်းမှ လင်းရီ လက်အောက် ရှိ ချစ်ပ်ဖြုန့်ဖြူးရေးအတွက် တာ၀န်ရှိသူပင်။

ဖိုတိုလီတိုဂရပ်ဖီစက် ၀ယ်ယူနိုင်ရေးအတွက် သူမဘက်မှ အကောင်းဆုံး ကြိုးစားအားထုတ်နေလေသည်။ "ငါတို့က ASML ကနေ စက်၀ယ်လို့ မရဘူးဆိုမှတော့ တစ်ခြားနည်းလမ်းပဲ သွားကြတာပေါ့..."လင်းရီ ပြောလိုက်၏။

"တစ်ခြားနည်းလမ်း.."လုရင်း သူမဆံပင်ကို နောက်သို့ သပ်လိုက်ပြီး "ASMLက လွဲရင် Nikonကပဲ ဖိုတိုဂရပ်ဖီ စက်မှာ နိုင်ငံတကာ အဆင့်မှီအောင် ထုတ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ရှိတာ.."

"ဒါပေမယ့် ဖိုတိုလီတိုဂရပ်ဖီ နယ်ပယ်မှာတော့ သူတို့က တဖြည်းဖြည်းနဲ့ အနိမ့်ပိုင်းကို ဦးတည်နေပြီ...ASML ရဲ့စက်က 5 nanometers လောက်ထိ ရနေတဲ့ အချိန်မှာ သူတို့စက်က 12 nanometersလောက်ထိပဲ ရသေးတယ်...တကယ်လို့ ကျွန်မတို့ ၀ယ်လိုက်မယ်ဆိုရင်တောင်မှ အဲ့ဒီ ချစ်ပ်ကို နိုင်ငံတကာ ဈေးကွက်မှာ အသုံးချဖို့ဆိုတာ လုံး၀ မဖြစ်နိုင်ဘူး..ဒါက တော်တော်လေးကို ခက်ခဲပြီးတော့ အကျိုးမဲ့မယ့် အကြံပဲ."

"အင်း...ငါလည်း အဲ့တာကို သဘောပေါက်တယ်.."

လင်းရီပြောလိုက်ပြီး "အဲ့‌တာကြောင့် ငါ့အကြံက..."လင်းရီခဏ ရပ်တန့်လိုက်ပြီး "ငါတို့ရဲ့ ကိုယ်ပိုင် ဖိုတိုလီတို စက်ကို တီထွင်ဖို့ပဲ..."

ကဏန်းလက်မများကို အားပါးတရလွေးနေသော စွန်းဖုယွီမှာ လင်းရီ၏ စကားလုံးများကိုလည်း ကြားရော ပါးစပ်အဟောင်းသားဖြစ်သွားပြီး လက်ထဲမှ ကဏန်းလက်မကြီးပင် လွှတ်ကျသွားတော့၏။

လုရင်းလည်း ထို့အတူပင်။ လင်းရီကို ကြောင်တောင်တောင်ဖြင့် ကြည့်နေတော့၏။

အကယ်၍ လုံရှင်းစင်တာသာ ၅ နာနိုမီတာစကေးရှိသော ဖိုတိုလီတိုဂရ်ဖီကို ပြုလုပ်နိုင်မည်ဆိုပါက

တ-ရုတ်၏ ချစ်ပ်နယ်ပယ်တွင် စွန်းဦးတည်ထွင်သူများ ဖြစ်သွားပေလိမ့်မည်။

"စားကြလေကွာ..ဘာလို့ ငါ့ကို အဲ့လိုလာကြည့်နေတာ..."

"မစ္စတာလင်း...ကိုယ်ပိုင် ဖိုတိုလီတိုဂရပ်ဖီသက်ကို လုပ်မယ်ဆိုတာ နောက်နေတာတော့ မဟုတ်ဘူးမလား..ဒါက ပရောဂျက် အကြီးစားကြီးနော်..."

"တကယ်တော့ ဒီလိုစက်မျိုး လုပ်ဖို့ဆိုတာက နဂိုကတည်းကနေ အကြံရှိပြီးသား..နည်းနည်းလေး ရှေ့တိုးလိုက်တာပဲရှိတယ်..ဘာပဲပြောပြော ဒီချစ်ပ်က နိုင်ငံတကာရဲ့ နည်းပညာ ပိတ်ဆို့မှုတွေကို ဖြိုဖျက်နိုင်မယ့် ထက်မြိနေတဲ့ လက်နက်ကောင်းတစ်ခုပဲလေ...ASML က ဒီလိုတွေ ဘာလုပ်နေမှတော့ ငါ့အကြံကိုလည်း စောစီးအကောင်ထည်ဖော်လိုက်ရတာပေါ့..."

လင်းရီ ဝိုင်နီတစ်ငုံလောက် မော့လိုက်ပြီး "ငါတို့အားလုံးက တောကြီးမျက်မည်းထဲမှာ စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေကြတဲ့သူတွေ..ပြီးတော့ တစ်ချို့နေရာတွေမှာ လဲကျရင်ကျလိမ့်မယ်...‌ငါတို့ခေါင်းတွေ ကွဲကြေပြီး လဲကျသွားတာလည်း ဖြစ်နိုင်တယ်..ဒါပေမယ် ပြန်မထလို့တော့ ‌မရဘူး..မဟုတ်ရင် ငါတို့ တ-ရုတ်လူမျိုးတွေက တစ်သက်လုံး ခေါင်းမော့နိုင်မှာတောင် မဟုတ်ဘူး..ဒါကြောင့် သူတို့ဘယ်လိုပဲ ပိတ်ပင်တားမြစ်ထားပါစေ..ငါ ရအောင် လုပ်ကိုလုပ်မယ်..."

"ငါ့ရှေ့မှာ လာပိတ်ရပ်တဲ့ ဘယ်သူ့ကို မဆို သ-တ်ဖြတ်ပစ်မယ်..."

"တကယ်လို့ တစေတစ်ကောင်က ငါ့လမ်းမှာ လာပိတ်ရပ်နေရင် အဲ့တစေကို ဖမ်းဆီးပစ်မယ်..."

"တကယ်လို့ အင်မော်တယ်တစ်ပါးက ငါ့လမ်းမှာ လာတားနေရင် ငါ့ရဲ့ယုံ့ကြည်မှုကို သက်သေပြဖို့အတွက် အဲ့ အင်မော်တယ်ကို ကွပ်မျက်ပစ်မယ်..."

All Chapters