← Chapters

Vol. 14 Ch. 206

Vol. 14 Ch. 206

Vol. 14 Ch. 206

Vol. 14 Ch. 206

လင်းရီ ပြည်တွင်း ချစ်ပ်နယ်ပယ်နှင့် စပ်လျဉ်း၍ မည်မျှ ယုံကြည်ချက်ပြင်းထန်ကြောင်း ကြားသိလိုက်ရသောအခါ နှစ်ယောက်လုံး ရှော့ခ်ရသွားကြတော့၏။

စွန်းဖုယွီနှင့် လုရင်းတို့ နှစ်ယောက်လုံး သူတို့ရှေ့ရှိ လူကို အထင်သေးနေမိကြောင်း ခံစားမိလိုက်သည်။

လင်းရီ၏ ရည်မှန်းချက်တို့မှာ သူတို့ စိတ်ကူးမယဉ်နိုင်လောက်တဲ့ထိ ကြီးမားလွန်း၏။

ကြီးမားလွန်း၍ သူတို့ တိုင်းတာ‌လို့တောင် မရတော့ချေ။

"ခုငါမင်းတို့ကို ကြိုးစားကြည့်ဖို့ အကြံနှစ်ခု ပေးမယ်.."လင်းရီ သူ့လက်ထဲရှိ ဝိုင်ခွက်ကို စားပွဲပေါ်သို့ ချလိုက်ပြီး "ပထမတစ်ခုကတော့ ငါတို့ရဲ့ ကိုယ်ပိုင် EUV အလင်းအရင်းမြစ်ကို ရှာဖွေဖို့ပဲ..အဲ့တာက ကမ္ဘာပေါ်မှာ အဆင့်မြင့်ဆုံး နည်းပညာနော်..ASML က ဖိုတိုလီတိုဂရပ်ဖီနယ်ပယ်မှာ ထိပ်ရောက်နေတာကလည်း အဲ့ဒီ နည်းပညာကြောင့်ပဲ..တကယ်လို့ ငါတို့သာ အဲ့တာကို တီထွင်နိုင်မယ်ဆိုရင် ASML လက်ဝါးကြီးအုပ်ထားတာကို ချိုးဖျက်လို့ရပြီ..."

နှစ်ယောက်လုံး ပြိုင်တူ ခေါင်းညိမ့်လိုက်ကြသည်။ သူမတို့ အားလုံး ချစ်ပ်သုတေသန ပညာရှင်များ ဖြစ်သောကြောင့် ထိုအရာအကြောင်း သိနေသည်မှာတော့ မထူးဆန်းချေ။

"ဒုတိယ ဦးတည်ချက်ကောရှင့်..."လုရင်း လင်းရီ ပြောလာသည်ကို မစောင့်နိုင်တော့ဘဲ မေးလိုက်လေသည်။

"ဒုတိယတစ်ခုကတော့ ကြားခံပြောင်းလဲဖို့ပဲ.."

လင်းရီ ပြောလိုက်ပြီး "တကယ်လို့ ငါတို့တာ အလင်းလှိုင်းအလျားကို တိုစေချင်‌တယ်ဆိုရင် အလင်းယိုင်အောင် လုပ်လိုက်တာနဲ့ အိုကေသွားပြီ.."

"ရေကို ဥပမာအနေနဲ့ ထားကြည့်လိုက်ကွာ..ရေရဲ့ အလင်းယိုင်နှုန်းက ၁.၃၃ ...တကယ်လို့ ၁၀၀ နာနိုမီတာ အလင်းအရင်းမြစ်တာ ရေကြောင့် အလင်းယိုင်သွားမယ်ဆိုရင် ...လှိုင်းအလျားက ၇၅ နာနိုမီတာ ဖြစ်လာလိမ့်မယ်...တကယ်လို့ တခြား ကြားခံနယ်တစ်ခုသာ ရှာကြည့်လိုက်မယ်ဆိုရင် လှိုင်းအလျားက ပိုပြီး တိုလာတာကို တွေ့ရလိမ့်မယ်.. "

လင်းရီ လုရင်းတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး "ခု ငါ‌ဘာပြောလိုက်လဲတိုတာ မင်းတို့ နားလည်လိုက်တယ်မလား.."

နှစ်ယောက်လုံး ထိုင်ခုံအသီးသီး ပေါ်၌ ထိုင်၍ အေးခဲနေခဲ့ကြသည်။ အကယ်၍ EUV အလင်းအရင်းမြစ်ကို လေ့လာသည့် နည်းလမ်းသာ ရိုးစင်းပါက အလင်းယိုင်ခြင်းဖြင့် လှိုင်းအလျားကို တိုတောင်းစေသည့် နည်းလမ်းမှာ လုံး၀ သမာရိုးကျမဟုတ်ဟု ပြော၍ရသည်။

ဘော့စ်ရဲ့ခေါင်းထဲမှာ ဘာတွေ ရှိနေတာလဲဟ..

သူက ဘယ်လိုလုပ်ပြီး ဒါတွေ သိနေတာလဲတဲ့..

လင်းရီ သူတို့နှစ်ယောက်၏ အံ့အားသင့်နေသည့် အပြုအမူကို လျစ်လျူရှုလိုက်ပြီး "မင်းတို့ အခုလုပ်ရမှာက လူတွေ ခေါ်ဖို့ပဲ..ဒီအလုပ်က ငွေမီးရှို့တဲ့ အလုပ်လို့လည်း ပြောလို့ရတယ်..ဒီတော့ ရန်ပုံငွေအတွက်ကတော့ လုံး၀ စိတ်မပူနဲ့..မင်းတို့ တစ်ကမ္ဘာလုံးက အကောင်းဆုံး သိပ္ပံပညာရှင်ကို ငှားလို့ရတယ်..ဒါပေမယ့် ငါ ဒီပရောဂျက်ကို အချိန်တိုအတွင်း အမှားနည်းနည်းနဲ့ အကောင်ထည်ပေါ်စေချင်တယ် ဟုတ်ပြီလား..."

လင်းရီ၏ စကားလုံးများက နှစ်ယောက်စလုံးကို အားတက်သွားစေသည်။

ချစ်ပ်ဗားရှင်း ၂.၀ ၏ တာမင်နယ်ပရိုဂရမ်မှာ ရေးသားပြီးဖြစ်၏။

အကယ်၍ သူတို့သာ အဆင့်မြင့် ဖိုတိုလီတိုဂရပ်ဖီစက်ကိုသာ ပြုလုပ်နိုင်ပါက အဆင့်မြင့်ချစ်ပ်ထုတ်လုပ်ရန် ပြဿနာ လုံး၀ မရှိတော့ပေ။

သို့နှင့် ချစ်ပ်နယ်ပယ်တွင် နိုင်ငံခြားကုမ္ပဏီများ စည်းခတ်ထားသည့် နည်းပညာ အတားအဆီးကို ချိုးဖောက်ကာ ဦးဆောင်သူများ ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ပရောဂျက်မှာ စွန်းဖုယွီနှင့် လုရင်းတို့ စိတ်ကူးယဉ်နိုင်သည်ထက် ကျော်လွန်နေလေ၏။ သူတို့ လိုဏ်ခေါင်းအဆုံးရှိ အလင်းတန်းလေးကိုပင် မမြင်နိုင်သေးချေ။

သူတို့ ပိုက်ဆံ ဘယ်လောက်ကုန်မလဲ..လူဘယ်လောက် များများ လိုအက်မလဲ.. ဤမျှ ခက်ခဲကြမ်းတမ်းလှသည့် ပရောဂျက်ြီးကို အဆုံးသတ်နိုင်ရန် အချိန်မည်မျှ လိုအပ်မလဲဆိုတာ မသိကြချေ။

လင်းရီ ပြောသကဲ့သို့ သုတေသနပြုလုပ်သည့် လမ်းစဉ်မှာ မြူခိုးများ ဆူညောင့်ခလုတ်တို့ဖြင့် ပြည့်နှက်နေလေသည်။

အကယ်၍ သူတို့အားလုံး လမ်းစဉ်ကိုလျှောက်လှမ်းရင်း လဲကျသွားပါက အနာဂတ်တွင် ပြန်မတ်နိုင်ရန် ခက်ခဲပေတော့မည်။

"ဟုတ်ကဲ့ ..ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပါ့မယ်ဗျ..."

‌လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အင်း..ငါမင်းတို့ကို နောက်ကျရင် သုတေသန ကနေဦး ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်ဖို့အတွက် ‌၁ ဘီလီယမ် လွှဲပေးလိုက်မယ်... "

"စ‌ည်းမျဉ်းဟောင်းတွေအတိုင်းပဲ..မင်းတို့နှစ်ယောက်ပဲ ဒီကိစ္စကို သိပါစေနော်...ငါတို့လုပ်နေတဲ့ ပရောဂျက်ကို သေချာလေး လျို့ဝှက်ထားမှ ဖြစ်မှာ..ဘာအမှားမှ လုပ်မိလိုက်လို့ မဖြစ်ဘူးနော်..သိတယ်မလား.."

"ဟုတ်ကဲ့ပါခင်ဗျ/ရှင့်"

လင်းရီ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်ပြီးနောက် "လာမယ့် ရက်အနည်းငယ်အတွင်းမှာ မင်းတို့ သုတေသန လုပ်ဖို့အတွက် နေရာအသစ်ရှာထားပေးမယ်..ငါ့ဘက်ကတော့ အဲ့လောက်ပဲ အကောင်းဆုံး လုပ်ပေးနိုင်မှာ..ကျန်တာကတော့ မင်းတို့ဆီ အပ်ထားခဲ့လိုက်မယ်.."

"နားလည်ပါပြီဗျ..ကျွန်တော်တို့ ဥက္ကဌလင်းကို စိတ်မပျက်စေရပါဘူး.."

"ကောင်းပြီ...အလုပ်အကြောင်းပြောတာ တော်ပြီ...စားကြစို့.."

"ကောင်းပါပြီဗျ.."

ဖိုတိုစလီတိုဂရပ်ဖီစက်ကို အကောင်ထည်ဖော်ရမည်ဆိုသော်လည်း စားဖို့သောက်ဖို့ရာတော့ လိုသေး၏။

"အိုး ဟုတ်သား ..မင်းတို့ကို မေးဖို့မေ့နေတာ..တူရွှယ်ဟုန်ဆိုတဲ့သူကို သိကြလား.."လင်းရီ မေးမြန်းလိုက်၏။

"လောင်တူလား.." လင်းရီ အဘယ်ကြောင့် ထိုလူအကြောင်း သိချင်နေမှန်း စွန်းဖုယွီ နားမလည်ချေ။

တူရွှယ်ဟုန်မှာ စင်တာရှိ စီနီယာတစ်ဦးဖြစ်သော်လည်း သူ၏ စွမ်းရည်များကတော့ သာမန်သာ။

နှိုင်းယှဉ်ရမည်ဆိုပါက လုရင်းနှင့်တောင် ယှဉ်ဖို့ မထိုက်တန်ချေ။

သူတို့ ထုတ်ပစ်လိုက်သော လျိုချူးကဲ့သို့လည်း မတော်ပေ။

"ဥက္ကဌလင်း..သူလည်း အဆင်ပြေပါတယ်ဗျ..ဘာလဲဖြစ်လို့ ..သူ့ကိုလဲ ဒီပရောဂျက်ထဲပါစေချင်နေတာလားဗျ.."

"မဟုတ်ဘူး..ဒီတိုင်း မေးကြည့်တာ..သူ့အကြောင်း တစ်ချက်လောက် ပြောကြည့်ပါလား.."

"သူက အရမ်းကြီး ထူးချွန်တဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုပေမယ့် လူကောင်းပါပဲ..လောင်းကစား လုပ်ရတာ ကြိုက်တာက လွဲရင်ပေါ့...ဒါပေမယ့်လည်း အဲ့တာကလည်း အလုပ်နဲ့ဆိုင်ပါဘူး..သူ့ကိုယ်ရေးကိုယ်တာဆိုတော့ ခြုံပြောရရင်တော့ အဆင်ပြေပါတယ်ဗျ..."

"လောင်းကစားလုပ်ရတာ ကြိုက်တယ်..."

လုရင်း ခေါင်းညိမ့်လိုက်ပြီး "ဘော့စ်ကျွန်မတို့ကို ဘောနပ်စ် ငါးသိန်းစီ ပေးသေးတယ်မလား..အဲ့ဒီတုန်းက သူ သူ့ယောင်းမနဲ့ ကက်စီနိုမှာ လောင်းကစားသွားလုပ်လိုက်သေးတယ်..ကြည့်ရတာတော့ တော်တော်နိုင်လာတဲ့ပုံပဲ..နေ့တိုင်း ရုံးလာလည်း ပြုံးဖြီးနေပြီးတော့ ကျွန်မကိုတောင်မှ ကော်ဖီတွေ ၀ယ်တိုက်နေသေးတယ်.."

"အိုး..သူက ရှောင်ရင်းလေးကို ကော်ဖီတွေ ၀ယ်တိုက်နေတယ်ပေါ့...။"စွန်းဖုယွီ စနောက်လိုက်ပြီး

"ကြည့်ရတာတော့ အဲ့ကောင်က မင်းအပေါ် ခံစားချက်တစ်ချို့ ရှိနေတယ်တူတယ်..."

"အစ်ကိုစွန်း လျှောက်စမနေနဲ့နော်..ကျွန်မက သူ့အပေါ် ဘာခံစားချက်မှ ရှိတာ မဟုတ်ဘူး.."

လုရင်း ပြောလိုက်‌သည်။

"သူဘာကားလဲမောင်းတာ.."လင်းရီ နောက်တစ်မျိုး ပြောင်းမေးလိုက်၏။

"Volkswagen Hu A67391 ..ကျုပ်သေချာကြီး မှတ်မိနေတုန်းပဲ..."

"သူမောင်းနေတုန်းပဲလား..."

"ဟုတ်တယ်.."စွန်းဖုယွီ ပြောလိုက်ပြီး "သူက သူ့ကိုယ်သူတောင် မသထာဘူး..ပိုက်ဆံရှိတာနဲ့ ကက်စီနိုကို တန်းသွားတဲ့ကောင်.."

စွန်းဖုယွီ၏ စကားလုံးများက လင်းရီ၏ သံသယကို အတည်ပြုပေးလိုက်သည်။

တူရွှယ်ဟုန်မှာ သူလျှို ဖြစ်နိုင်ချေ အများဆုံးပင်။

လောင်းကစား လုပ်ပြီး ငွေချမ်းသာလာသည့် ပုံစံ ဖမ်းထားနေသည်။

ယခုဖြစ်စဉ်၌ ထူးဆန်းနေသည့် အချက်များစွာ ရှိသည်။

ထိုငနဲမှာ နိုင်ငံခြားမှ တင်သွင်းသည့် 6.6 T အင်ဂျင်ကြီးနှင့် BMW7 ကို မောင်းနှင်နေပြီး တ-ရုတ်တွင် အနည်းဆုံး နှစ်မိလီယမ်ဖြင့် ရောင်းချသည့် ကားလည်း ဖြစ်၏။

သူ ၀မ်ရင်းအတွက် ၀ယ်ပေးသည့် ကားထက်ပင် နှစ်ဆလောက် ဈေးများနေသေးသည်။

ထို့ပြင်ကားကလည်း နောက်ဆုံး မော်ဒယ်ဖြစ်နေသေး၏။ ထို့ကြောင့် လျော့ဈေးပေးလျင်တောင် ငါးသိန်းနှင့် ၀ယ်ဖို့ရာ လုံး၀ မဖြစ်နိုင်ချေ။

ဒုတိယအနေဖြင့် သူ့အမေ၏ သဘောထားပင်။ အတော်လေး သံသယ ၀င်စရာကောင်းနေလေသည်။

ယာဉ်ထိန်းရဲမှ လျော်ကြေးတောင်းဆိုလာသည့်အချိန်တွက် အသံတစ်ချက်မတုန်ပဲ လျော်ပေးမည်ဟု အခိုင်အမာကို ပြောနေတော့၏။

ဆိုလိုသည်မှာတော့ သူ့မိသားစု၏ စုငွေမှာ ယွမ်သုံးသိန်းထက် များပြားနေခြင်းပင်။

သို့သော်လည်း ထိုမျှ များပြားသည့် ငွေပမာဏကို ပိုင်ဆိုင်ပါလျက်နှင့် အဘယ်ကြောင့် ရုံးကို ယွမ်တစ်သိန်းတန် ကားဖြင့်သာ မောင်းလာနေသနည်း။ ၎င်းမှာ သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာမဟုတ်ချေ။ အမျိုးသားများကို အသာထား အမျိုးသမီးများပင်လျင် သူမတို့၏ ပုံရိပ်မြင့်ဖိုအတွက် အချိန်‌ရှိသ‌ေရွှေ့ ကားလဲစီးချင်နေကြ၏။ ကားအကောင်းစားများ နှစ်သက်သည့် အမျိုးသားများအတွက်ကတော့ ပြောနေစရာတောင် မလိုတော့ချေ။

ထို့ကြောင့် မီးခိုးကြွက်လျှောက် လိုက်ကြည့်လိုက်ပါက တူရွှယ်ဟုန်၏ လုပ်ရပ်များမှာ အတော်လေး သံသယ၀င်ဖို့ ‌ေကောင်းနေလေသည်။

လောင်းကစား လုပ်ရုံမျှတော့ ‌ယခုလို ငွေအမြောက်အများ မရလာနိုင်ချေ။

သူအချိန်ရလျင်တော့ ထိုလူကို သေချာလေး စုံစမ်းသင့်၏။

ထိုကိစ္စကတော့ ချင်းဟန်ကို လွှဲပေးလိုက်သည်နှင့် သူဘာမျှ စိုးရိမ်စရာ မလိုတော့ချေ။

သို့သော်လည်း ပိုကြီးသည့် ငါးကို ဖမ်းမိရန်အတွက် ငါးစာသေးသေးလေးက်ု ဘေးမဲ့ပေးထားလိုက်သည်က ပိုကောင်းပေသည်။

နှစ်နာရီကြားပြီးနောက် အားလုံး စားပြီးသောက်ပြီးသွားကြ၏။

"ဒီကနေ့ ဆွေးနွေးခဲ့တာတွေကို ငါတို့ သုံးယောက်ပဲ သိပါစေနော်..ဘယ်သူ့ကို မှ ပြန်မပြောကြနဲ့.."

"နားလည်ပါတယ်ဗျ..ကျွန်တော်တို့ အသက် ‌ေ-သရင်သေပါစေ ရေငုံနှုတ်ပိတ်ထားပါ့မယ်ဗျ.."

"အဲ့လောက်ကြီးတော့လည်း မဟုတ်ပါဘူးကွာ....မသိရင် ငါက လူတွေကို ကိုက်-စားနေတဲ့ ဘော့စ်ကျနေတာပဲ..."

"ဟီးဟီး ဟုတ်ကဲ့ပါဗျ....ဒါပေမယ့် စိတ်တော့မရှိနဲ့နော် ... ဥက္ကဌ လင်းက တခြားဘော့စ်တွေနဲ့ မတူကွဲပြားနေသလိုပဲ..."

"ဘယ်လိုကွဲပြားတာ..ငါက ရုပ်ပိုချောနေလို့လား.."

"အဲ့လိုမဟုတ်ပါဘူးဗျ.."စွန်းဖုယွီ ပြုံးလိုက်ပြီး "ဘော့စ်တစ်ယောက်ဖြစ်ပြီးတော့ စော်လေးတစ်ယောက်တောင် မရှိသေးလို့ပါ..."

လင်းရီ :"...."

သိပ္ပံသုတေသန နယ်ပယ်က လူတွေ အကုန်လုံး ဒီလိုပဲ မြာပွေကြတာလား...

All Chapters