← Chapters

Vol. 14 Ch. 207

Vol. 14 Ch. 207

Vol. 14 Ch. 207

Vol. 14 Ch. 207

"အစ်ကိုစွန်းနော်... ညီမကို စနေပြန်ပြီ..."လုရင်း နားရှက်သွားခဲ့၏။

လင်းရီ မေးစေ့ပွတ်ရင်း လုရင်းကို ကြည့်လိုက်သည်။

"အဲ့လိုဆိုရင်တော့ လောင်စွန်း(Lao Sun)....စင်ဟွာက PhD ရထားတဲ့ ပရော်ဖက်ဆာဆိုလည်း မဆိုးဘူးထင်တယ်..."

"ဒါရိုက်တာလင်း.ရှင်ကလည်း အလိုတူ အလိုပါတွေ လုပ်နေတယ်ပေါ့..တော်ပြီနော်..မဟုတ်ရင် ကျွန်မ ထွက်သွားတော့မှာ.."

လုရင်း နားရွက်လေးများပင် နီရဲလျက် ပြောလိုက်၏။

"အယ်...သူ့ပြောနေတာလည်း မဟုတ်ဘဲနဲ့ ဒီကောင်မလေး ဘာတွေ ပတ်ရမ်းနေပါလိမ့်.."စွန်းဖုယွီ ရယ်မောရင်း ပြောလိုက်လေသည်။

လင်းရီလည်း ရယ်မောလိုက်လေ၏။ ၀န်ထမ်းနှင့် ဘော့စ်ဆိုသည်မှာ ယခုလို စရင်း နောက်ရင်းဖြင့် တစ်ခါတစ်ရံ ပျော်ပျော်ပါးပါး နေသင့်‌ပေသည်။ ငါက ဘော့စ်ပဲ..ငါ့နှုတ်က ထွက်သမျှ နာခံရမည်ဟု စေခိုင်း၍ မဖြစ်။ ထိုအခါမှသာ သူတို့ကြားရှိ ပြင်းထန်နေသော လေထုမှာလည်း သက်တောင့်သက်သာ ဖြစ်သွားတော့၏။

"ကောင်းပြီ..ငါကတော့ ငါပြောစရာရှိတာတွေ အကုန်ပြောပြီး သွားပြီ.."လင်းရီ ပြောလိုက်ပြီး "ဖိုတိုလီတို ဂရပ်ဖီစက် ထုတ်လုပ်မယ့် အပိုင်းက အရေးကြီးတယ်ဆိုပေမယ့် ချစ်ပ်အတွက် စစ်စတမ်ကိုလည်း နောက်ကောက်ကျနေလို့ မဖြစ်ဘူးနော်..."

"ဟုတ်ကဲ့....နားလည်ပါပြီ ဥက္ကဌလင်း.."

စကားဝိုင်းပြီးနောက် လင်းရီ ထိုနေရာမှ ထွက်လာခဲ့လိုက်ပြီး အော်ဒါများကို စတင်လက်ခံတော့၏။

ညနေ ၅ နာရီစောင်းသည့် အချိန်တွင်တော့ လင်းရီ အော်ဒါခြောက်ခု ရရှိခဲ့ပြီး ကြယ်ငါးပွင့် ရီဗျူးက သုံးခု ၊ အသင့်တင့် နှစ်ခုနှင့် မကောင့်ရီဗျူး တစ်ခု ရရှိခဲ့လေသည်။

မကောင်းသည့်ရီဗျူး ရရှိခဲ့ခြင်းမှာတော့ လင်းရီ အမှိုက်မပစ်ပေးသောကြောင့်ပင်။

ထိုအချိန်တွင်တော့ မစ်ရှင် ပြီးမြောက်မှုနှုန်းမှာ (၁၅/၂၀)သို့ ရောက်ရှိသွား၏။ လင်းရီ သူ့လက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာဖြင့် ပွတ်သပ်လိုက်ပြီး အန္တိမဆုလဒ်က သူ့အား လက်ဝှေ့ယမ်းပြနေသည်ဟုပင် မျက်စိထဲ မြင်ယောင်နေမိတော့သည်။

ကလင် ကလင် ကလင်

လင်းရီ ဖုန်းမြည်သံလာခဲ့ပြီး ၀မ်ရင်းမှ ဆက်သွယ်လာခဲ့ခြင်းပင်။

"အစ်မရင်း..ဘာကိစ္စလဲဗျ..."

"ရို...အဲ့တာက ဘာလေသံလဲ..အစ်မက နင့်ကို အကြောင်းရှိမှပဲ ဖုန်းခေါ်ရတော့မှာပေါ့.."

"အဲ့လိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူးဗျာ..ဒါပေမယ့် ကျွန်တော့်ကို ခေါ်လာပြီဆိုရင်တော့ ခုမဖြစ်သေးရင်တောင် သိပ်မကြာခင် ဖြစ်တော့မယ်လို့ နိမိတ်ပြနေတာပဲမဟုတ်လား.."

"အဲ့တာဆိုလည်း အစ်မ ကားတစ်စီးကို ၀င်ကျုံးလိုက်ရမလား..."

"ကောင်းတာပေါ့..."

"တော်ပြီ ..အ‌ပြောင်အပျက်တွေ တော်တော့..."

၀မ်ရင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "အစ်မ ဒီညအားတယ်...အဲ့တာ မောင်လေးရီလည်း အားတယ်ဆိုရင် အစ်ကို ကားမောင်း သင်ပေးပါလားလို့..ကား၀ယ်ပြီးကတည်းကနေ မမောင်းရသေးဘူးဆိုတော့ စတီယာရင် ကိုင်ချင်နေတာ လက်က အတော်လေးကို ယားနေပြီ..."

"ရတာပေါ့..ကျွန်တော်လည်း အားတယ်..မြို့ပြင်မှာ သွားမောင်းကြမယ်..အဲ့ဒီမှာ ကားသိပ်မပေါတော့ အစ်မရင်းလည်း လွတ်လွတ်လပ်လပ် မောင်းလို့ရတာပေါ့..."

"အွန်း..အဲ့တာဆို ခြောက်နာရီလောက် အိမ်လာခဲ့လေ..အစ်မရင်း နင့်အတွက် တစ်ခုခု လုပ်ထားပေးမယ်..."၀မ်ရင်း ပြောလိုက်ပြီး "ညစာစားပြီးမှပဲ ကားမောင်းသင်တာပေါ့..မောင်လေးရီ အထွေထူး စားချင်တာလေးများ မရှိဘူးလား..."

"ရပြီ ..ဒီတစ်ခေါက် ကျွန်တော် ချက်ကျွေးမယ်...ကျွန်တော်က ချက်တတ်နေပြီလေ..."လင်းရီ ဘ၀င်မြင့်သွားသည့် လေသံဖြင့် ပြောလိုက်ပြီး "ကျွန်တော့်လက်ရာကို မြည်းမစမ်းကြည့်ချင်ဘူးလား အစ်မရင်း.."

"ဟယ်...မောင်လေးရီက ချက်တတ်တယ်ပေါ့.."

"ဒါပေါ့ဗျ..ကျွန်တော်လည်း သင်ထားတာ သိပ်မကြာသေးဘူး..အစ်မရင်း စားချက်တဲ့ ဟာသာ ပြောလိုက်..ကျွန်တော် အကောင်းဆုံး ချက်ပြုတ်ပေးမယ်..."

"အစ်မကတော့ ‌ဟင်းမရွေးဘူး..မောက်လေးရီ ကျွေးတာဆို အကုန်စားမှာပဲ.."

၀မ်ရင်း အပြုံးလေးဖြင့် ပြောဘိုက်သည်။

"တကယ်လား..အဲ့လိုဆို ကျွန်တော့် အောက်က အသားချောင်းကြီး ကျွေးမယ်ဆိုရင်ကော...."

"စားမယ်လေ..."၀မ်ရင်း ကလူကျီစယ်လိုက်ပြီး "ဒါပေမယ့် မောင်လေးရီက သေချာဆေးပြီးကျွေးရင်တော့ ပိုကောင်းတာပေါ့..မဆေးလည်းရပါတယ်..အစ်မရီ ကိုယ်တိုင် သေချာလေး သန့်ရှင်းပေးလို့ရတယ်..."

လင်းရီ :"...."

ဖက်ခ်...ကိုယ်က သူ့ကို စချင်ပါတယ်ဆိုတော့မှ သူက ကိုယ့်ကို ပြန်စသွားတယ်ဟ..

ဖုန်းတစ်ဖက်တွင်တော့ ၀မ်ရင်း သူမပုံရိပ်ကိုတောင် ဂရုမစိုက်နိုင်တော့ပဲ အားရပါးရ အော်ရယ်နေသည်။ သူမကိုယ်သူမ ဂုဏ်ယူနေကြောင်း သိသာနေလေ၏။

လင်းရီ နာရီ ကြည့်လိုက်သောအခါ ခြောက်နာရီထိုးဖို့ လိုနေသေးသောကြောင့် ဖုန်းကိုဖွင့်လိုက်ပြီး နောက်ထပ်အော်ဒါ‌များ လက်ခံလိုက်သည်။

ယခုတစ်ကြိမ်တွင်လည်း လင်းရီ၏ ချောမောခန့်ညားသော ရုပ်ရည်မှာ တစ်ဖန် အစွမ်းပြလို့ လာပြန်သည်။

အသက်လေးဆယ်အရွယ်ရှိ အန်တီကြီးတစ်ဦးမှာ လင်းရီကို အတော်လေး သဘောကျနေခဲ့ပြီး ကြယ်ငါးပွင့် ရီဗျူးသာမက မုန့်ဖိုး ၁၀ ယွမ်ပင် ပေးလိုက်သေးသည်။

ထိုမျှ မကသေး ထိုအန်တီကြီး၏ ချွေးမမှာလည်း သူ့ကို အကြောင်းပြချက်ရှာ၍ ဝီချက်အပ်‌လိုက်သေးသည်။

အတော်လေး စိတ်၀င်စားဖို့ ကောင်းနေတော့၏။

လင်းရီ အိမ်မှ ထွက်လာပြီးနောက် ဖုန်းထဲသို့ ကြယ်ငါးပွင့် ရီဗျူး ပေးထားကြောင်း အကြောင်းကြားစာ တက်လာသောအခါ ပီတိများ ဝေဖြာသွားလေတော့သည်။

အိမ်း...ငါ့ရဲ့ ရုပ်ရည်က သက်လတ်ပိုင်း အမျိုးသမီးတွေအပေါ်မှာတော့ သက်ရောက်မှု ရှိတုန်းပါလားဟေ့...

အချိန်လည်း နီးကပ်နေပြီဖြစ်သောကြောင့် လင်းရီ ၀မ်ရင်း၏ အိမ်သို့ မောင်းသွားလိုက်သည်။

တံခါးဖွင့်လျင်ဖွင့်ချင်း လင်းရီ မွှေးကြိုင်သော ဟင်းရနံ့တို့ကို ရှူရှိုက်မိသွား၏။ သိသာစွာပင် ၀မ်းရင်းမှ တစ်ခုခု ချက်ပြုတ်နေခြင်း ဖြစ်လေသည်။

"အစ်မရင်းကလည်းဗျာ..ကျွန်တော်ချက်ကျွေးမယ်လို့ ပြောထားရဲ့သားနဲ့..ဘာလို့ ကိုယ်တိုင် ချက်နေတာလဲဗျ...."လင်းရီ လင်းရီ မေးလိုက်၏။

"နင်ပဲ ငါ့ကို ကျွေးမယ်ဆို ..ဘာလုပ်ဖို့ ချက်မှာလဲ..သွား..ရေအရင်သွားချိုးလိုက်.."

"အစ်မရင်းကတော့ နောက်နေပြန်ပါပြီ..."

"တကယ်တော့ အစ်မရင်းက ထွေထူးတောင် သင်စရာမလိုဘူး..ကျွန်တော်ထက်တောင် တော်ပြီးသားကိုပဲ.."လင်းရီ ၀မ်ရင်း ဟင်းချက်နေသည်ကို စားပွဲပေါ်မှ ထိုင်ကြည့်နေရင်း ပြောလိုက်၏။

"အဲ့တာလည်း မောင်လေးရီကြောင့်ပဲမဟုတ်လား.."

ချက်ပြုတ်ပြီးနောက် နှစ်ယောက်သား အိမ်ထမင်း အိမ်ဟင်းများကို မြိန်ရေယှက်ရေ စားသောက်ကြတော့သည်။

ဟင်းပွဲများမှာ ရိုးစင်းသော်လည်း ဝါရင့် အိမ်ထောင်ရှင်မ တစ်ဦး၏ လက်ရာကတော့ ပြောစရာ မလိုလောက်အောင်ကိုပင် အရသာ ရှိလှ၏။

ညစာစားပြီးနောက် ၀မ်းရင်း အပေါ်သို့တက်၍ ဂျင်းစကတ်အတိုနှင့် ညှပ်ဖိနပ်ကို သွားလဲလိုက်သည်။ စကတ်အတိုလေးဖြင့် သူမ၏ တင်းရင်းစွင့်ကားနေသော တင်ပါးကြီးများကတော့ တစ်လုံးတစ်ခဲကြီးပင်။

မြို့ထဲ၌ ကားရှုပ်နေသောကြောင့် လင်းရီ ကားကို ၀မ်းရင်းလက်ထဲသို့ မထည့်ပေးမီ မြို့ပြင်ဘက်သို့ အရင်ဦးဆုံး မောင်းနှင်လာခဲ့လိုက်၏။

"ကားထဲရောက်ပြီဆိုတာနဲ့ ပထမဆုံးအချက်က လုံခြုံရေး ခါးပတ် ပတ်ဖို့ပဲ..ဒီအချက်က အရေးကြီးဆုံးပဲနော်..ကားထဲ ရောက်ပြီဆိုတာနဲ့ လူက သူ့အလိုလို ခါးပတ်ကို ဆွဲတပ်ပြီးသား ဖြစ်နေရမှာ... "

"အွန်း...ကွန်ဒုံး ၀တ်သလိုပဲမလား..ဘာမှ မဖြစ်သေးခင်တော့ ကိစ္စမရှိဘူးဆိုပေမယ့်.. တစ်ခုခု ဖြစ်လာခဲ့ရင်တော့ ပြဿနာကြီးသွားပြီလေ..ဟုတ်တယ်မလား.."

"အက်...အနည်းနဲ့ အများတော့ အဲ့လိုမျိုးပါပဲ.."

လင်းရီ ၀မ်ရင်းကို သင်ပေးနေသည်ဟု မခံစားရဘဲ ဝါရင့်ရင်မောင်းနှစ်ဦး အတွေ့ကြုံ ဖလှယ်နေသည်ဟု ခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် သူ၏အစ်မရင်းမှာ ယာဉ်မောင်းလိုင်စင်ရပြီး ဖြစ်သော်လည်း ကိုယ်တိုင် မမောင်းရဲသေးသောကြောင့်ပင်။ ထို့ကြောင့် သူမဘေးမှ အားရှိအောင် လင်းရီမှ ‌အဖော်လိုက်ပေးခြင်းဖြစ်၏။

လင်းရီ၏ ညွှန်ကြားမှုများအောက်တွင် ၀မ်ရင်း၏ ယာဉ်မောင်းစကေးများမှာ သိသိသာသာ တိုးတက်လာပြီး ယခင်ကကဲ့သို့ လူနည်းနည်းတွေ့ပါက စိုးရိမ်မှုလွန်ကဲပြီး ဘရိတ်နင်းလိုက်ခြင်းများ မရှိတော့။

ဤနှုန်းအတိုင်းဆိုပါက နောက်ထပ် လေးငါးရက်လောက် လေ့ကျင့်ပြီးသည်နှင့် ၀မ်ရင်းမှာ အတော်လေး ကျွမ်းကျင်သွားပေလိမ့်မည်။

လင်းရီ အချိန်တစ်ချက်ကြည့်လိုက်သောအခါ ၁၀ နာရီ ထိုးပြီးဖြစ်သောကြောင့် "ဒီနေ့တော့ ဒီမှာပဲ ရပ်ကြတာပေါ့ဗျာ..သတ္တိရှိအောင်လို့ မြို့ထဲမှာ သွားမောင်းကြစို့.."

"အာ..ရပါ့မလားဟယ်..အစ်မမောင်းတာဖြင့် ဘယ်နှနာရီမှတောင် မရှိသေးဘူး.."

"အစ်မရင်းသာ မမောင်းရဲဘူးဆိုရင် စကေးဘယ်လောက်ကောင်းကောင်း ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေတော့မှာ..ဘာမှ စိတ်မပူနဲ့ ရဲရဲသာမောင်း.."

"ကောင်းပြီလေး..‌ရီလေးရဲ့ စကားကို နားထောင်လိုက်မယ်.."‌၀မ်ရင်း ပြောလိုက်ပြီး "ဒါပေမယ့် တစ်ခုခု ဖြစ်လာလို့ကတော့ ကိုယ့်ကိုယ်ကို သ-တ်သေသလို ဖြစ်သွားမှာနော်..."

"အဲ့တာဆိုလည်း ငရဲလမ်းကို ပျော်ပျော်ကြီး ကြွမြန်းကြတာပေါ့ဗျာ.."

"ခစ်ခစ်..နင်ဒီလိုတွေးလိုက်တယ်ဆိုတာတောင် မယုံနိုင်ဘူး.."

လင်းရီ၏ အားပေးမှုအောက်တွင် ၀မ်းရင်း၏ စိုးရိမ်စိတ်များ ပျောက်ကွယ်သွားပြီး မြို့ထဲသို့ ဦးတည်လိုက်တော့၏။

ခရိခ်...

လင်းရီမှန် ပြတင်းပေါက်မှတစ်ဆင့် ဘေးဘီဝဲယာကို ကြည့်ရှုနေတုန်း ၀မ်ရင်း အရေးပေါ်ဘရိတ်ကို ရုတ်တရက် ဆောင့်နင်းလိုက်ပြီး သူမခေါင်းပင် စတီယာရင်နှင့် ရိုက်ခတ်သွားတော့မလို ဖြစ်သွားခဲ့သည်။

"အစ်မရင်း ဘာဖြစ်လို့လဲ..ဘာလို့ ရုတ်တရက်ကြီး ဘရိတ်ထအုပ်လိုက်တာ .."

၀မ်ရင်းကတော စကားတစ်ခွန်းမှ ပြန်‌မပြောပဲ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို အရုပ်ဆိုးစွာဖြင့် ကြည့်နေတော့သည်။

လမ်းဘေးတွင်တော့ ပင်လယ်စာ ဆိုင်တစ်ဆိုင်ရှိပြီး ဆိုင်ပေါက်၀တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ မတ်တပ်ရပ်နေကြ၏။

အမျိုးသားမှာတော့ အိုမင်းသည်ဟု မဆိုသာသော်လည်း အသက်သုံးဆယ်အရွယ်ခန့်ဟု ထင်နေရ၏။ အမျိုးသမီးမှာတော့ ၂၆ သို့မဟုတ် ၂၇ လောက် ရှိပြီး အနက်ရောင် ကိုယ်ကြပ်တို့ဖြင့် ရာဂစိတ်ကြွစေ‌သည့် အ၀တ်အစားတို့ကို ၀တ်ဆင်ထား၏။ သို့သော်လည်း သူမ၀တ်ဆင်ထားသည့်အချိန်တွင်တော့ ထိုရာဂစိတ်ကြွစေသည့် အ၀တ်အစားတို့မှာ သာမန် ဆက်ဆီဆန်သည့် အ၀တ်အစားအသွင်သို့သာ ပြောင်းလဲသွားလေသည်။ လုံး၀ လိုက်ဖက်ခြင်းမရှိ။

"သွားစို့..ဒယ်ဒီ့ဘော်ဒါက ဒီနားမှာ ဘားဖွင့်ထားတာလေ..အဲ့ကို သွားရအောင်.."အမျိုးသားမှ ပြောလိုက်၏။

"အွန်း အွန်း ..ဒယ်ဒီက သိပ်မကြာခင် အိမ်ပြန်တော့မှာဆိုတော့ မပြန်ခင် ဘေဘီ့ကို ကောင်းကောင်းပြုစု ပေးသွားရမှာနော်"

အမျိုးသားမှ ကောင်မလေး၏ တင်ပါးကို ဖျစ်ညစ်လိုက်ပြီး "ဘာတွေ လောနေတာတုန်း..ဒီတိုင်း သုံးလေးရက်လောက် အိမ်ပြန်ရုံလေးတင်ပဲလေ..အလုပ်ခရီးသွားမယ်ဆိုပြီးတော့ အချိန်မရွေးပြန်လာပြီး အရမ်းဆာနေတဲ့ သည်ကောင်မလေးကို လာကျွေးလည်း ရတာပဲ မဟုတ်လား.."

"ခစ်ခစ် အဲ့လိုဆိုမှတော့ ဒယ်ဒီက အကောင်းဆုံးပဲ.." ‌အမျိုးသမီးမှပြောလိုက်ပြီး "မေ့‌မနေနဲ့ဦးနော်..ခုနတုန်းက ဘေဘီ့ကို မနက်ဖြန်ကျရင် LV အိတ် အိပ်၀ယ်ပေးမယ်လို့ ပြောထားတယ်နော်..ညာရင်

ဘေဘီ ချိတ်ချိုးပစ်မှာနော်..."

"စိတ်ပူနေသေးတာလား ဘေဘီရဲ့ ..ဒယ်ဒီတို့ အတူနေလာ တစ်နှစ်တောင်မကတော့ဘူး..ဘယ်တုန်းက ညာခဲ့ဖူးလို့လဲ..ဒီတိုင်း LV အိတ်လေးပဲမလား...အသေးမွှားလေးပါ.."

ထိုသို့ပြောပြီးနောက် နှစ်ဦးသား အဝေးသို့ လျှောက်သွားခဲ့ကြသောကြောင့် နောက်ထပ် ဘာဆက်ပြောနေကြလဲဆိုတာတော့ လင်းရီတို့လည်း မကြားနိုင်တော့ချေ။

"အစ်မရင်း ဘာလဲဖြစ်လို့...ပင်လယ်စာ စားချင်လို့လား..."

"မဟုတ်ပါဘူး.."၀မ်ရင်း အသက်ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်နေသည့် လေသံဖြင့် " အဲ့လူက အစ်မအမျိုးသားလေ..."

All Chapters