← Chapters

Vol. 14 Ch. 208

Vol. 14 Ch. 208

Vol. 14 Ch. 208

Vol. 14 Ch. 208

"ဟမ်...."

လင်းရီ ကြက်သေသေသွားခဲ့၏။

"သူပြောတော့ အလုပ်ခရီးသွားနေတာဆို..အစောကြီး ပြန်ရောက်နေခဲ့တာလား.."

"ခရီးထွက်တာတောင် မဟုတ်လောက်ဘူး..ဒီတိုင်း အစ်မကို လိမ်ထားတာနေမှာ.."

လင်းရီ နောက်ဆုံးတော့ နားလည်သွားခဲ့သည်။ အစ်မရင်း၏ အမျိုးသားမှာ ပြောင်းလဲပါမည်ဟု ကတိ အထပ်ထပ် ပေးထားသော်လည်း ဖောက်ပြန်နေဆဲ ဖြစ်ပုံပင်။

လင်းရီ ၀မ်းရင်း၏ ပခုံးကို ညင်သာစွာ ပုတ်၍ "စိတ်လျှော့ အစ်မရင်း ကားကို ကျွန်တော်ပဲ မောင်းလိုက်တော့မယ်"

"အဆင်ပြေပါတယ်..."၀မ်ရင်း ပြုံးလိုက်ပြီး "တကယ်တော့ အစ်မက နင်ထင်သလောက်လည်း မပျော့ညံ့ပါဘူး..ခဏလောက်နေရင် မေ့ပျောက်သွားမှာပါ.."

"မေ့ပျောက်ပြီးသွားရင်ကော..အစ်မရင်းက ဘာဆက်လုပ်မှာ..."

"ဘာလုပ်ရဦးမှာ..ကွာရှင်းမှာပေါ့ဟဲ့..ပေါ်တင်ကြီး ဖောက်ပြန်နေတာ မြင်ရဲ့သားနဲ့ မသိကျေးကျွန်ပြုပြီး ဆက်ပေါင်းနေပေးရဦးရမှာလား.."

၀မ်ရင်း ဆုံးဖြတ်ချက်ချပြီးသွားသည့် လေသံဖြင့် ပြောလိုက်လေသည်။

"သူတို့ပြောကြတာကတော့ အိမ်ထောင်တစ်ခုကို ဖျက်စီးတာထက် နန်းတော်ဆယ်ခုကိုပဲ ဖျက်ဆီးလိုက်မယ်ဆိုပဲ...ဒါပေမယ့် ဒီတစ်ခေါက်တော့ အစ်မရင်းက အိမ်ထောင်ရေးကိုပဲ ဖျက်ဆီးပါရစေ....ဘာမှ သူနဲ့ ဆက်ပေါင်းနေစရာ မလိုတော့ဘူး..."

လင်းရီပြောလိုက်ပြီး "အဲ့ဒါဆို အကူညီ လိုရင် ကျွန်တော့်ကို လှမ်းခေါ်လိုက်နော်..အားလုံးကူညီပေးမယ်..."

"အိုကေ.."

၀မ်ရင်း ခေါင်းအသာညိမ့်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ချေ။

ယင်းဖြစ်ရပ်ကြီးပြီးနောက် ၀မ်ရင်း၏ ယာဉ်မောင်းစကေးတို့မှာ သိသိသာသာ ကောင်းမွန်လာခဲ့၏။ သူမ လွှတ်ချသင်တာကို လွှတ်ချရန် ဆုံးဖြတ်ပြီးနောက် စိတ်လက်ပေါ့ပါးသွားကာ နဂိုကထက် အာရုံစူးစိုက်မှု ပိုကောင်းလာပုံပင်။

တစ်ခါတစ်ရံ ရှေ့ကားများကို မပြောမဆိုဖြင့် ကျော်တက်လိုက်ပြီး ပရော်ဖက်ရှင်နယ်ဆန်ဆန် လမ်းများကိုပင် ကူးပြလိုက်သေးသည်။

လင်းရီကတော့ ဘေးမှနေ၍ ရင်တမမဖြင့် လိုက်စီးနေရ၏။

ကံကောင်း‌ေထာက်မစွာဖြင့် နာရီ၀က်ခန့်ကြာပြီးနောက် သူတို့ အိမ်သို့ ပြန်ရောက်လာခဲ့သည်။

ထိုနာရီ၀က်တာ ကာလအတွင်း လင်းရီကတော့ အသက်သုံးနှစ်လောက် ပိုတိုသွားသလို ခံစားလိုက်ရသည်။

"ဒီနေ့ည အတွက်ကျေးဇူးပဲနော်..."၀မ်ရင်း ပြုံးလိုက်ပြီး "မောင်လေးရီကိုတော့ ညခေါ်မထားတော့ဘူး..စိတ်မဆိုးဘူးမလား..."

"အသေးမွှားလေးပါ.."လင်းရီ ပြောလိုက်ပြီး "အစ်မရင်း တစ်ခုခုလိုရင် ကျွန်တော့်ဆီသာ အချိန်မရွေး‌ဖုန်းခေါ်လိုက်.."

"အွန်း..."

ထို့နောက် လင်းရီ တစ်ကိုယ်တည်း ကားမောင်းပြီး ထွက်လာခဲ့လိုက်၏။

သူမတို့ နှစ်ဦးမှာ အပြန်အလှန် ခံစားချက်များ အရှိကြတော့သော်လည်း ဖောက်ပြန်ခံရပြီးနောက် အချိန်တစ်ချို့ယူ၍ စိတ်တည်သိမ်အောင် ပြုလုပ်ရမည်မှာ သဘာ၀ပင်။

နောက်တစ်နေ့ နံနက်တွင်တော့ လင်းရီ လင်းယွမ်အုပ်စုသို့သွားလိုက်ပြီး ထိုနေရာသို့ရောက်သောအခါ ကျီချင်းရန်လည်း ရှိနေကြောင်း အမှတ်မထင် တွေ့လိုက်ရ၏။

ထုံးစံအတိုင်း ကျီချင်းရန်ကတော့ ဘာ၀တ်၀တ်လှနေသောကြောင့် အထွေထူး စာဖွဲ့မနေတော့။

"ချင်းရန်..မင်းက ဒီဘာလာလုပ်တာ.."

ကျီချင်းရန် မေးလေးထောက်ပြီး " ဘာလဲ..ဒါရိုက်တာလင်းက ကျွန်မကို မလာစေချင်လို့လား..ရတယ်လေ..မလာစေချင်လည်း သွားတော့မယ်..."

"ကောင်းတာပေါ့.."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ပြောစရာရှိရင်လည်း အိမ်မှာ ပြောလို့ရတယ်မဟုတ်ဘူးလား.ဘာလုပ်ဖို့ ကုမ္ပဏီထိ လိုက်လာနေမှာ..တကူးတကကြီး လုပ်လို့ကွာ.."

"ခစ် ခစ် ..တို့ကတော့ လူသိမခံနိုင်တဲ့ လျို့ဝှက်ချက်လေးတွေ သိသွားသလိုပဲနော..."

ဟော်ယွမ်ယွမ် ကျီချင်းရန်ကို စနောက်လိုက်၏။

"သူဌေး..ရှင်က အစ်မကျီကို ဒီမလာစေချင်ဘူးဆိုတာက ရှင်မဟုတ်တာတွေ လုပ်နေရင် မိသွားမှာ ကြောက်လို့မလား..တော်သေးတာပေါ့..ကျွန်မ ဒီနေ့ စတော်ကင်အနက်နဲ့ စကတ်အကြပ်လေး မ၀တ်ခဲ့မိလို့..မဟုတ်ရင် သူများက အထင်လွဲတာ ခံနေရဦးမယ်."

"အဟွတ် အဟွတ် .."

ချီရှန်းကျောက် ချောင်းဟန့်လိုက်ပြီး "ယွမ်ယွမ်...ငါတို့ ခဏလောက် ရှောင်ပေးလိုက်ရအောင်လေကွာ.."

"လျှောက်ပြောမနေဲ့..."ကျီချင်းရန် လင်းရီကို မျက်လုံးလှန်လိုက်ပြီး " ယွမ်ယွမ်က ငါ့ကို ကူညီပေးပါဦးဆိုလို့ လာကူညီပေးနေတာ..မဟုတ်ရင် နင့်မျက်နှာကြီး မမြင်ချင်လွန်းလို့ကို မလာပါဘူး.."

"အဲ့တာဆိုလည်း လာပြီး ကူညီပေးတဲ့ အတွက် ကျေးဇူးပဲနော်..အိမ်ရောက်မှ အရသာရှိတာတွေ ချက်ကျွေးမယ်ဟုတ်ပြီလား.."

ကျီချင်းရန် မျက်နှာမှာ ရဲသထက်နီရဲလာပြီး မတ်တပ်ရပ်၍ လင်းရီဗိုက်ကြောကို ဆွဲဆိတ်လိုက်တော့သည်။

"အရသာရှိတာတွေ ကျွေးတာကတော့ ဟုတ်ပါပြီ..ဘာလို့ အိမ်မှာမှ ကျွေးမှာလဲ ကောင်စုတ်ရဲ့..."

"အယ်..အိမ်မှာ မချက်မှတော့ ငါက ဘယ်မှာ သွားချက်ပေးရမှာ.."

"အဲ့လိုလည်း လာမပြောနဲ့..နားအရမ်း ရှက်ဖို့ကောင်းတယ်..."

"ဟမ်...ဘာရှက်စရာ ရှိလို့တုန်းဟ.."

"မင်းက အိမ်ထောင်မပြုတော့ဘူး‌လား..ဒါမှမဟုတ် နှစ်ခါလောက် အတူနေပြီးတာနဲ့ ကလေးရမယ်လို့များ ထင်နေတာလား.."

"သေလမ်းရှာနေတာလား ကောင်စုတ်..."ကျီချင်းရန် ရှက်ကလည်းရှက် ဒေါသကလည်း ထွက်ထွက်ဖြင့် အော်ဟစ်လိုက်သည်။ သူမလင်းရီကို တကယ်မနိုင်တော့ချေ။ ထိုသကောင့်သားက ပေါက်တတ်ကရ အတော်ပြောလွန်း၏။ မတတ်သာတော့သည့် အဆုံး သူမလည်း လက်မြောက်လိုက်ရတော့သည်။

"အဟမ်း..အစ်ကိုချီနဲ့ ညီမ ကော်ဖီသွားသောက်လိုက်ဦးမယ်နော်..."ဟော်ယွမ်ယွမ်ပြောလိုက်ပြီး "အော်..နောက်ပြီး ရုံးခန်းထဲမှာ ကုတင်လည်း ရှိတယ်....အတော်လေးလည်း ခိုင်တယ်‌...."

"ဟဲ့..ဘယ်သွားနေကြတာတုန်းလို့..ဒီမှာပဲနေကြလေဟာ..."ကျီချင်းရန် နောက်မှ အလျင်အမြန် လှမ်းအော်လိုက်ရ၏။ အကယ်၍ သူတို့ နှစ်ယောက်လုံးသာ ထွက်သွားမည်ဆိုပါက ကျီချင်းရန် ရှင်းပြရန်ပင် ပိုခက်ခဲသွားပေလိမ့်မည်။

လင်းရီကတော့ တဟားရယ်မေားရင်း ထိုင်ခုံပေါ်တွင် ထိုင်၍ "ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး အခြေနေ ဘယ်လိုရှိလဲ.."လင်းရီ မေးလိုက်၏။

"ကျွန်တော် စီမံခန့်ခွဲမှုပိုင်းအတွက်ကတော့ သေချာလေး ပြင်ဆင်ပြီးသွားပါပြီ..လုပ်ထုံးလုပ်နည်းတွေနဲ့ ရင်းနှီးနေပြီးသားဆိုတော့ မကြာခင်မှာပဲ လူတွေ ခန့်အပ်လို့ရပါတော့မယ်ခင်ဗျ.."

ချီရှန်းကျောက်မှ လေးနက်နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"အင်း..ငါတို့ ဖေင်ဒေးရှင်းကို သေချာလုပ် လုပ်ဖို့ လိုတယ်..လုံး၀ ချောချောမွေ့မွေ့ ဖြစ်သွားပြီဆိုရင်တော့ ကျန်တဲ့ဘက်တွေဆီလည်း ဦးလှည့်နိုင်တာပေါ့ကွာ.."

"နားလည်ပါပြီဗျ..."

"ဒါနဲ့ ဘော့စ်က ရင်းနှီးမြုပ်နှံတဲ့ ကုမ္ပဏီတစ်ခု တည်ထောင်ချင်တယ်လို့ ပြောဖူးတယ်မလား..အဲ့ဒီအတွက် ကျွန်တော် လုပ်ထုံးလုပ်နည်းတွေအားလုံး ပြင်ဆင်ပြီးသွားပိ သိပ်မကြာခင် မှတ်ပုံတင်တော့မှာဗျ...ကုမ္ပဏီအတွက် ဘတ်ဂျက်ကို ဘယ်လောက်လို့ထည့်ရေးလိုက်ရမလဲဗျ..ဘော့စ် အကြံပေးချင်တာများ ရှိလားမသိဘူး.."

"၁၀၀ မီလီယမ်လို့ ရေးထားလိုက်ကွာ...ဘယ်လောက်လဲ ဆိုတာက အရေးမကြီးဘူး.."

"အိုး..ဟုတ်သား ..ငါနင့်ကို တစ်ခု သတိပေးလိုက်ဦးမယ် " ကျီချင်းရန်မှ ပြောလိုက်ပြီး "နင် လိုင်စင်ရပြီဆိုတာနဲ့ လင်းရီရဲ့ ကိုယ်ရေး အချက်အလက် တွေကို မပေါက်ကြားအောင် သေချာ ထိန်းသိမ်းထားနော်..."

"ဥက္ကဌကျီပြောချင်နေတာက ဘော့စ်လင်းရဲ့ ဒေတာတွေကို ထျန်းရာကနေတစ်ဆင့် တစ်ခြားသူတွေ အလွယ်တကူ ရှာတွေ့သွားမှာ ဆိုးလို့လား..."

ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး "အင်း...ဟုတ်တယ်..အဲ့လောက်ကြီးထိ လုပ်ဖို့ မလိုအပ်ဘူးဆိုပေမယ့် ကောင်းကောင်း ခြေကုပ်မယူနိုင်သေးခင် တတ်နိုင်သလောက် ပုန်းလျှိုးကွယ်လျှိုး နေနေတာက အကောင်းဆုံးပဲ..ကိုယ့်ဘက်က ပိုပြီး ထုတ်ဖော်လေလေ..အခြေနေတွေက ပိုပြီး ဆိုးရွားလာနိုင်လေပဲ.."

"နောက်ပြီး ကုမ္ပဏီကို လူအ‌များရှေ့ ချပြတဲ့ အခါကျရင်လည်း မဂ္ဂဇင်းတို့ သတင်းထောက်တွေရှေ့မှာ လင်းရီရဲ့ နာမည်ကို တတ်နိုင်သလောက် မပြောကြမိစေနဲ့.."

ထိုအချိန်တွင်တော့ ကျီချင်းရန် တစ်ဦးတည်းကသာ အနာဂတ် ဖြစ်လာနိုင်ချေများကို သတိထားမျသူဖြစ်သည်။

ယနေ့ခေတ် စီးပွားရေးအခြေမှာတော့ တဖြည်းဖြည်းနှင့် အခြေခိုင်ထားပြီး ဖြစ်သော်လည်း လင်းရီ၏ ရုတ်ချည်း မြင့်တက်လာမှုက မရေမတွက်နိုင်တော့ လူအများတို့၏ အာရုံကို ဖမ်းစားသွားပေလိမ့်မည်။

ထို့ကြောင့် အကောင်းဆုံးကတော့ လင်းရီ၏ ကိုယ်ရေးကိုယ်သာ အချက်လက်များကို တတ်နိုင်သမျှ ဖုံးကွယ်ထားဖို့ရာပင်။

"ဟီးဟီး ဒီလိုတော့လည်း ဘော့စ်လင်းက အစ်မကျီကို စားကောင်းသောက်ဖွယ်တွေနဲ့ ပြုစုထားတာ အလကားမဖြစ်တော့ဘူးပဲ..အစ်မကျီ လူတစ်ယောက်ကို ဒီလောက်ထိ ဂရုစိုက်ပေးနေတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲရှင်..."

"ယွမ်ယွမ် ..နင်ဘာတွေ လျှောက်ပြောနေတာလဲ.."ကျီချင်းရန် ရှက်သွေးဖြန်းသွားခဒ့၏။

"အဲ့လိုဆို ကျွန်တော်ကပဲ ဂုဏ်ယူပေးရမှာပေါ့..."

"အာ..မဟုတ်သေးဘူး.."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး " အစ်မကျီ ဒီလိုမျိုး ဂရုစိုက်တဲ့ နောက်တစ်ယောက်က ကာယဆရာ ရှိသေးတယ်လေ..."

"ဟမ်..ကာယဆရာ.."

"အွန်း...ဘာလို့လဲတိုတော့ အစ်မကျီက ကာယာမှာ အရမ်းညံ့တာလေ..တစ်ခါတစ်ခါ အတန်းကလည်း လစ်သေး .....တစ်နှစ်လုံး ကာယအတန်းချိန် ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းတောင် မပြည့်ဘူးလေ...နှစ်ကုန် အမှတ်ပေးတော့ ၆၀ ပဲရတယ်"

"မဖြစ်နိုင်တာ...ချင်းရန်က ကာယ အဲ့လောက် ညံ့တယ်ပေါ့.."

"တော်တော့.."ချင်းရန် ထလိုက်ပြီး "သွားစို့ ဒီမှာ မနေနဲ့တော့..."

"အစ်မကျီ..ညီမတို့ စကားပြောလို့ မပြီးသေးဘူးလေ..ဘော့စ်လင်းကို ခေါ်သွားမလို့တုန်းလို့..."

"ငါတို့ နောက်မှပဲ ဆက်ပြောကြတာပေ့ါ"

ထိုသို့ပြောပြီးနောက် ကျီချင်းရန် လင်းရီကို သူမနှင့်အတူ အပြင်သို့ ဆွဲခေါ်လာခဲ့လိုက်၏။

ကျီချင်းရန်လည်း ခုမှ လင်းရီနှင့် ဟော်ယွမ်ယွမ်မှာ အတူတူနှင့်အနူနူပဲဆိုတာ သတိထားမိသံားတော့သည်။ နှစ်ယောက်သာ ပေါင်းမိပါက တကယ့်ကို မလွယ်ကြောပင်။

"နင်ဒီနေ့ အော်ဒါတွေ လက်မခံဘူးလား..."ကျီချင်းရန် အဆောက်အဦးရှေ့၌ မေးလိုက်ဘေသည်။

"အင်း...ခဏလောက် နားထားတာ...သိပ်မကြာခင် အလုပ်ပြောင်းတော့မှာလေ.."

"အင်းပါ..ဒီလိုအလုပ်မျိုး ဆက်မလုပ်နဲ့တော့..ကိုယ့်ကိုယ်ကို အပင်ပမ်းမခံနဲ့သိလား.."

"အင်း..ငါလည်း စဉ်းစားထားပြီးထားပါဟ..."

နှစ်ယောက်သား စကားအနည်းငယ်ပြောဆိုပြီးနောက် ချောင်ရန် အုပ်စုသို့ ဦးတည်လိုက်ကြသည်။

လင်းရီ ဖုန်းဖွင့်လိုက်ပြီး အော်ဒါလက်ခံတာ့မည့် အချိန်တွင် သူ့ဖုန်းထဲသို့ အမည်မသိ နံပါတ်တစ်ခုမှ ဆက်သွယ်လာခဲ့၏။

"ဟယ်လို ဒါက မစ္စတာလင်းရီလားရှင့် .."

ပြောလိုက်သူကတော့ အမျိုးသမီး တစ်ယောက်ပင်။ သူမ၏ အသံမှာ ချိုသာလှပြီး နားထဲသို့ သာယာ ငြိမ့်ညောင်းစွာ စီး၀င်သွားလေသည်။ထို့ပြင် အသံမှာအနည်းငယ် ရင်းနှီးနေသယောင်လည်း ရှိနေ၏။

"ဟုတ်ပါတယ်..ဘယ်သူများလဲဗျ.."လင်းရီ မေးလိုက်သည်။

"အန်တီက ရန်ရွှယ်လေ...ငါ့တူက အန်တီ့သားကို ပီယာနိုစတန်း၀ယ်ပေးပြီးတော့ ဂိမ်းတွေတောင် အတူဆော့ပေးသေးတယ်လေ..မှတ်မိသေးလား.."

လင်းရီ သူမ ဘယ်သူလဲဆိုတာ မှတ်မိသွားခဲ့သည်။ သူအီရန်ဘွိုင်း စလုပ်စဉ်က ပထမဆုံး အော်ဒါတင်ခဲ့သူ အမျိုးသမီး ဖြစ်သူပင်။

All Chapters