← Chapters

တင်းမာခြင်း

Vol. 164 Ch. 2341

တင်းမာခြင်း

Vol. 164 Ch. 2341

ရှန်းယိကုန်းမြေသည် မူလဘုံတွင် ပေါ်ထွက်လာပြီး ထိုမျှ အားကောင်းလှသည့် ထိတ်လန့်ဖွယ် အင်အားကို ထုတ်ဖော်ပြသခဲ့သည့်အတွက် အပြင်ဘက်မှ ကျင့်ကြံသူများတွင် ကိုယ်ပိုင်စိတ်ကူးအချို့ မည်သို့ မရှိလာဘဲ နေပါမည်နည်း။

ထို့ပြင် စွန့်ပစ်ခံကလန်၏ လျှို့ဝှက်နယ်မြေအတွင်း မည်သည်တို့ ရှိနေသည်ကို မည်သူမှ မသိသော်လည်း သူတို့သည် အဖိုးထိုက်တန်လှသည့် လျှို့ဝှက်ချက်တို့ ရှိနေမည်ဟု ခန့်မှန်းထားပေသည်။ စွန့်ပစ်ခံကလန်အတွက် အမှောင်ခေတ်ပြီးနောက် နှစ်ပေါင်းများစွာ ရှင်သန်ရန် သူတို့ ဖော်ထုတ်ပြသခဲ့သည့် နည်းလမ်းများအပြင် အခြားနည်းစနစ်များလည်း ရှိရပေမည်။

"ကိုယ့်အလုပ်ကိုယ်လုပ်။ ကျုပ်တို့ကို စိတ်ပူမနေနဲ့။ ကျုပ်တို့ ဘယ်လိုပဲ လုပ်လုပ် မင်း အပူမပါဘူး။" လူအုပ်ကြီးထဲမှ လျစ်လျူရှုဟန်ရှိ​သည့် ခပ်ရှရှနှင့် အဘိုးအိုတစ်ဦး၏ အသံတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းကို ကြိမ်းမောင်းလိုက်သည်။

ရီဖူရှင်း၏ လက်ရှိ အဆင့်အတန်းက အလွန် မြင့်မားပြီး အလွန် အစွမ်းထက်သော တိုက်ပွဲစွမ်းရည်ကို ဖော်ထုတ်ပြသနိုင်လျှင်ပင် လက်ရှိတွင် ရောက်ရှိနေသော ကျင့်ကြံသူများကလည်း ပေါ့သေးသေး မဟုတ်ကြပေ။ ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုများအပြင် အများစုမှာ ကျင့်ကြံခြင်းလောက၏ ထိပ်တန်းအဆင့်၌ ရပ်တည်နေသူများ ဖြစ်ကြပေသည်။ ရှေးဟောင်းနတ်ဘုရားကလန်တွင် နတ်ဘုရားကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့သည့် သူများ နည်းပါးခြင်း မရှိပေ။

ထို့ပြင် ကောင်းကင်ဒေသမှ လူများသာ မဟုတ်ပေ။ ကောင်းကင်ဒေသအပြင် မှော်နက်လောက၊ လူသားဘုံနှင့် အခြားဘုံများမှလည်း အင်ပါယာအဆင့် အင်အားစုများမှလည်း ကိုယ်စားပြုသူများ  ရောက်လာကြပေသည်။ ထိုသို့သော အင်အားမျိုးနှင့် မည်မျှ နီးကပ်နေပါစေ ရီဖူရှင်းသည် အများဆုံး တက်သစ်စကြယ်တစ်ပွင့်မျှသာ ဖြစ်ပေသည်။ သူက မည်မျှ ထူးချွန်ထက်မြက်နေပါစေ အောင်မြင်ကာစ လူငယ်လေးတစ်ယောက်သာ ဖြစ်သည်။

စွန့်ပစ်ခံကလန်မှ လူတိုင်း၏ အစီအစဥ်ကို ဖျောင်းဖျတားမြစ်ရန် ကြိုးစားမှုက သူ၏ ကိုယ်ပိုင်လွှမ်းမိုးမှုကို အမှန်တကယ် အလွန်အမင်း မျှော်မှန်းထားခြင်း ဖြစ်ပေသည်။

ထိုအဘိုးအိုက အကြံပေးခဲ့သလို ဤထိပ်သီးအင်အားစုများက သူတို့၏ ကိုယ်ပိုင်အလုပ်ကို ဆုံးဖြတ်ဖို့ရာ ရီဖူရှင်းထံမှ လမ်းညွှန်ချက်ကို မလိုအပ်ပေ။

"ပြန်ဆုတ်လိုက်။" နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာပြီး ရီဖူရှင်းကို နောက်ပြန်ဆုတ်ရန် ပြောလိုက်သည်။ သူက ရှေးဟောင်းနတ်ဘုရားကလန်မှ ဟွားကျွင်းလိုင်ကို အနိုင်ယူချေမှုန်းနိုင်ခဲ့သော်လည်း သူက စွန့်ပစ်ခံကလန်၏ လျှို့ဝှက်နယ်မြေအတွင်း ဝင်နိုင်သည့် အခွင့်အရေးရှိသည်ကိုသာ သက်သေပြနိုင်ခဲ့သည်။ သို့သော် ရီဖူရှင်း၏ အဆင့်အတန်းသည် အခြေအနေတစ်ခုလုံးကို ထိန်းသိမ်းနိုင်ရန် မလုံလောက်သေးပေ။

လက်ရှိ အခြေအနေကို သူသာလျှင်မဟုတ်ဘဲ ဤနေရာရှိ မည်သူကမှ မတားဆီးနိုင်ပေ။

ရီဖူရှင်းက လူအုပ်ကြီးကို ကြည့်ကာ သက်ပြင်းချလိုက်ပေသည်။ အမှန်တွင် သူက ပြောင်းလဲနိုင်သည့်အရာ အများကြီး မရှိသည်အား ကောင်းစွာ သိရှိပေသည်။ အဆုံးမှာတော့ ယနေ့ ဤ​နေရာတွင် ရှိနေသည့် အင်အားစုတစ်ခုချင်းစီတိုင်းက လောကတွင် အကျော်ကြားဆုံးများ ဖြစ်နေသည်။ သူ၏ ကိုယ်ပိုင်လွှမ်းမိုးမှုက ကိစ္စအများကြီးကို ပြောင်းလဲရန် မလုံလောက်တော့ပေ။

သို့သော် ယခု ဖြစ်ပျက်နေသည်တို့ကို ကြည့်လျှင် ဤကဲ့သို့ ဆက်လက်ဖြစ်ပွားနေပါက နှစ်ဖက်လုံး အထိအခိုက်များသွားရပေလိမ့်မည်။ ထိုကိစ္စက ယခုချိန်၌ ရပ်တန့်နိုင်လိမ့်မည် မဟုတ်ပေ။ သူက အကောင်းဆုံး ကြိုးစားကြည့်ချင်သော်လည်း မည်သို့မှ အသုံးမဝင်ခဲ့ချေ။

"ရန်ဟောင်ရီရဲ့ ဖြောင့်မတ်မှန်ကန်မှုကို စွန့်ပစ်ခံကလန်က အရမ်း ကျေးဇူးတင်မိပါတယ်။ ဒါပေမယ့် ဒီနေ့ ကိစ္စက ရန်ဟောင်ရီနဲ့ ဘာမှမဆိုင်ပါဘူး။ ဒီနေရာမှာ ရှိတဲ့ လူတိုင်းက လက်လျှော့ဖို့ ငြင်းဆန်နေတယ်ဆိုမှတော့ ကျုပ်တို့ ဆက်တိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး။ ရန်ဟောင်ရီက ဒီထက်ပိုပြီး ကြားဝင်ဖြန်ဖျေပေးတာမျိုး မလုပ်သင့်တော့ဘူး။ ဒါပေမယ့် စွန့်ပစ်ခံကလန် ရန်ဟောင်ရီနဲ့ မိတ်ဆွေဖြစ်ဖို့ ဆန္ဒရှိပါတယ်။" စွန့်ပစ်ခံကလန်မှ အကြီးအကဲက ရီဖူရှင်းကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့သည်။

အားလုံးသော အင်အားစုများကြားတွင် ရီဖူရှင်းသာလျှင် သူတို့အတွက် ပြောပေးရန် ဆန္ဒရှိခဲ့ပေသည်။ ထို့ပြင် သူက စွန့်ပစ်ခံကလန်၏ ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ချိုးဖျက်နိုင်သည့် စွမ်းရည်ရှိသော်လည်း မလုပ်ခဲ့ပေ။ သိသာစွာပင် ရီဖူရှင်းက သူတို့၏ လျှို့ဝှက်နယ်မြေသို့ ဖောက်ဝင်ပြီး ကျင့်ကြံခြင်းနည်းလမ်းများကို ခိုးယူရန် ဆန္ဒမရှိပါချေ။

'စစ်မှန်တဲ့ လူကြီးလူကောင်းက မကောင်းတဲ့ စိတ်မျိုးမထားသင့်ဘူး။' ရီဖူရှင်းက ထိုစကား၏ ဥပမာကောင်းတစ်ခု ဖြစ်နိုင်ပေသည်။

သို့သော် စွန့်ပစ်ခံကလန်က အဆုံးမဲ့ အမှောင်ထုမှ ထွက်ပေါ်လာကာ မူလဘုံသို့ ရောက်ရှိလာကာ သူတို့က ဤနေရာ၌ စမ်းသပ်မှု ကြုံတွေ့ရရန် ကံကြမ္မာရှိပေသည်။ သူတို့က ရှင်သန်ရန် ကြိုးစားအားထုတ်ဖို့ရာ မလိုအပ်ခဲ့လျှင် အနာဂတ်၌ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်စွမ်း မည်သို့ ရှိပါမည်နည်း။ မူလဘုံအတွင်း ခြေကုပ်ယူနိုင်ရန် သူတို့က ဤစိန်ခေါ်မှုကို ဖြတ်ကျော်ရပေလိမ့်မည်။ သူတို့က လုပ်နိုင်ခဲ့လျှင် အနာဂတ်၌ သူတို့ကို မည်သူကမှ ရန်စရဲလိမ့်တော့မည် မဟုတ်ပေ။ လောကအတွင်းရှိ ထိပ်သီးအင်အားစုများ အားလုံးက စွန့်ပစ်ခံကလန်ကို တဖန် စိန်ခေါ်ရန် သေချာဂရုတစိုက် ချိန်ဆတွေးတောကြရမည် ဖြစ်သည်။

သို့သော် သူတို့က ဤတစ်ကြိမ်၌ ကပ်ဘေးအစစ်အမှန်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူတို့အတွက် ပိုအရေးကြီးသည်မှာ ဘေးကင်းနိုင်ခြင်း ရှိမရှိမဟုတ်သလို အသက်ရှင်ကျန်ခြင်း ရှိမရှိလည်း အာမခံချက် မရှိပေ။

ရီဖူရှင်းက စွန့်ပစ်ခံကလန်မှ အကြီးအကဲကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ထပ်မံ ဝင်ရောက်ပတ်သတ်ရန် ရည်ရွယ်ချက်မရှိတော့ဘဲ ပြန်ဆုတ်ခွာလိုက်သည်။ သူက ပြောင်းလဲနိုင်သည့် အရာ အများကြီး မရှိပေ။

အရာအားလုံးက စွန့်ပစ်ခံကလန် ကိုယ်တိုင်ပေါ်တွင်သာ မူတည်ပေလိမ့်မည်။

စွန့်ပစ်ခံကလန် မှ အကြီးအကဲက လူအုပ်ကြီးကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ "အရင် သဘောတူညီချက်အရဆို ရှုံးနိမ့်သူတွေက တိုက်ပွဲအတွင်း အသုံးပြုတဲ့ ကျင့်ကြံရေးနည်းစနစ်တွေကို လက်လွှဲပေးရမှာဖြစ်ပြီး အဲဒါတွေကို စွန့်ပစ်ခံကလန်ရဲ့ အနာဂတ် မျိုးဆက်က ကျင့်ကြံသူတွေ ကျင့်ကြံဖို့အတွက် လျှို့ဝှက်နယ်မြေမှာ ထိန်းသိမ်းထားရမယ်။ အရင်တိုက်ပွဲတွေမှာ အနိုင်အရှုံးက ဆုံးဖြတ်ပြီးသွားခဲ့ပြီ။ ရှုံးသွားတဲ့ လူတွေက ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို လက်လွှဲပေးကြပါ။"

ကောင်းကင်အာဏာစက်ကျောင်းတော်မှ အဖွဲ့သားများထံ ပြန်ရောက်လာသည့် ရီဖူရှင်း၏ မျက်လုံးများက ထက်ရှသွားကာ ထိုအကြီးအကဲထံသို့ လှည့်ကြည့်လိုက်သည်။

သဘောထားက မည်သည့်အတွက်ကြောင့် ရုတ်တရက် ပြောင်းလဲသွားရသနည်း။ အကြီးအကဲထံမှ စကားလုံးများက သိသာစွာပင် သူက သူ့ကိုယ်သူ အလွန် ယုံကြည်မှု ရှိနေကြောင်း သိသာစေသည်။ သူက ရှုံးနိမ့်လျှင် ပေးရမည်ဟု ကတိရှိထားသော အဖိုးအခကို ပြိုင်ဘက်များထံမှ စတင် တောင်းခံနေခဲ့သည်။

သို့သော် လူအုပ်ထဲမှ လူအများသည် ထိုလောင်းကြေးအဖိုးအခမှာ မည်သူမှ ပေးအပ်နိုင်ခြင်း မရှိကြောင်း သေချာသိရှိကြသည်။

ဥပမာအနေနှင့် နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်တပည့် ရှောင်းမုက အဆင့်မြင့်နတ်ဆိုးသဏ္ဌာန်နှင့် ကောင်းကင်နတ်ဆိုး၏ ခုတ်ချက်ကိုးသွယ်ကို မည်သို့ လက်လွှဲပေးနိုင်ပါမည်နည်း။ ၎င်းက လုံးဝဖြစ်နိုင်ချေ မရှိပေ။ ထိုကဲ့သို့မဖြစ်ခင် နတ်ဆိုးအင်ပါယာက တုံးအသော တပည့်၏ အသက်ကို အဆုံးသတ်လိုက်ပေလိမ့်မည်။ သူ၏ စွမ်းရည်မပြည့်ဝမှုကြောင့် ရှုံးနိမ့်ခဲ့သော်လည်း နတ်ဆိုးအင်ပါယာ သင်ကြားပေးခဲ့သည့် ပညာရပ်ကို အဆုံးရှုံးခံရန်မှာ မဖြစ်နိုင်ပေ။

၎င်းသည် အခြားကျင့်ကြံသူများအတွက်လည်း မှန်ကန်ပေသည်။ သူတို့ တိုက်ပွဲအတွင်း အသုံးပြုခဲ့သည်များမှာ သူတို့၏ သက်ဆိုင်ရာ ကလန်အင်အားစုများမှ ပြိုင်ဘက်ကင်း နည်းစနစ်များ ဖြစ်ကြသော်လည်း သူတို့က ကျောက်တုံးတိုက်ပွဲဝင်္ကပါကို ချိုးဖျက်ရန် မဖြစ်နိုင်ခဲ့ပေ။ ယခု စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူများက သူတို့၏ ကျင့်ကြံခြင်းနည်းစနစ်မိားကို လက်လွှဲပေးရန် တောင်းဆိုနေသည်။ သူတို့က မည်သို့ လက်လွှဲပေးနိုင်ပါမည်နည်း။

မည်သူကမှ စကားမပြောခဲ့သည့်အတွက် လေဟာနယ်က အလွန် တိတ်ဆိတ်နေခဲ့သည်။ ရှုံးနိမ့်ခဲ့သည့် ကျင့်ကြံသူများက အခြားဘက်သို့ ကြည့်လိုက်ပြီး တခြားလူများကို လေ့လာနေကာ မည်သူကမှ အစပြုရန် ရည်ရွယ်ချက် မရှိကြပေ။

ဤသည်ကို မြင်သည့်အခါ အကြီးအကဲက မည်သို့ ဖြစ်လာသည်အား နားလည်သွားသည်။ သူသည် ဤထိပ်တန်းအင်အားစုများ၏ ကျင့်ကြံခြင်းနည်းလမ်းကို အမှန်တကယ် တောင်းယူရန် မရည်ရွယ်ခဲ့ပေ။ သူသည် ထိုသူတို့က သူ၏ တောင်းဆိုချက်ကို လိုက်နာမည် မဟုတ်ကြောင်း ကောင်းစွာ သိရှိထားသည်။ စွန့်ပစ်ခံကလန်၏ ရပ်တည်ချက်အရ ထိုအင်အားစုများကို ကျူးကျော်သူဟု ဆုံးဖြတ်နိုင်ပေသည်။ သူတို့ကဲ့သို့ပင် စွန့်ပစ်ခံကလန်သည် သူတို့၏ လျှို့ဝှက်နယ်မြေအတွင်းသို့ အပြင်ဘက်မှ ကျင့်ကြံသူများကို မည်သည့်အခါမှ ဝင်ရောက်ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

သို့သော် စွန့်ပစ်ခံကလန်သည် ထိုထိပ်သီးကျင့်ကြံသူများ၏ ဆုံးဖြတ်ချက် ပြတ်သားမှုကို လျှော့တွက်ခဲ့မိပေသည်။ သူတို့သည် မည်သို့ပင်ဖြစ်စေ စွန့်ပစ်ခံကလန်၏ လျှို့ဝှက်နယ်မြေကို ဝင်ရောက်ခွင့်ရရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ယင်းသည် ယခင်အပြုအမူများမှ ရှင်းလင်းစွာ သက်သေခံခဲ့ပြီး ဖြစ်သည်။

ထိုသို့ဆိုလျှင် ဆက်လက်၍ ယဥ်ကျေးနေရန် မလိုအပ်တော့ပေ။ ထိုရှုံးနိမ့်ခဲ့သည့် ကျင့်ကြံသူများအတွက် လောင်းကြေးစားကြေးကို လက်လွှဲပေးရန် သို့မဟုတ် စစ်ပွဲတစ်ခု စတင်ရန် ပြုလုပ်ရပေလိမ့်မည်။

"ခင်ဗျားတို့ အားလုံးက ထိပ်သီးအင်အားစုတွေရဲ့ ကျင့်ကြံသူတွေဖြစ်ပြီး လောကကြီးထဲက ထိပ်သီးပုဂ္ဂိုလ်တွေလည်း ဖြစ်တယ်။ ဒါပေမယ့် ခင်ဗျားတို့က ကိုယ့်ကတိကိုယ် ပြန်ရုတ်သိမ်းချင်ကြတာလား။ ခင်ဗျားတို့ ရှုံးသွားပြီဆိုမှတော့ ကတိတည်သင့်တာပေါ့။" စွန့်ပစ်ခံကလန်မှ အကြီးအကဲက ဆက်ပြောလိုက်ပြီး သူ့အသံက ငြိမ်သက်အေးချမ်းနေသည်။

ယခင်က ရှုံးနိမ့်ခဲ့သည့် ကျင့်ကြံသူများက တိတ်ဆိတ်နေဆဲ ဖြစ်သည်။ နတ်ဆိုးလောကဘက်မှ တစ်စုံတစ်ယောက်က ထိုအကြီးအကဲကို ကြည့်ကာ ပြောလိုက်သည်။ "နတ်ဆိုးလောက,က ပေးချင်စိတ်ရှိရင်တောင် စွန့်ပစ်ခံကလန်က လက်ခံရဲပါ့မလား။"

စွန့်ပစ်ခံကလန်က နတ်ဆိုးအင်ပါယာ၏ ကျင့်ကြံခြင်းနည်းလမ်းကို အမှန်တကယ် လက်ခံရဲပါလိမ့်မည်လား။ သူတို့က ထိုသို့လုပ်ခဲ့လျှင် နတ်ဆိုးအင်ပါယာကို ဆန့်ကျင်မိလိမ့်မည်မှာ သေချာသလောက်ရှိသော်လည်း တစ်ချိန်တည်းမှာပင် နတ်ဆိုးလောကက စွန့်ပစ်ခံကလန်နှင့် ချိတ်ဆက်သွားနိုင်လိမ့်မည်လား။

"ဒါဆို အစကတည်းက ဘယ်သူမှ ကတိတည်ဖို့ ရည်ရွယ်ချက်မရှိခဲဘူးပေါ့။" စွန့်ပစ်ခံကလန်မှ ကျင့်ကြံသူက ဆက်ပြောလိုက်သည်။ "ဒီလိုဆိုတော့ ခင်ဗျားတို့က အစကတည်းကနေ ကျုပ်တို့ကို လိမ်နေခဲ့တာပဲ။ ခင်ဗျားတို့ ရှုံးရင် အလျော်အစားအနေနဲ့ ဘာမှ မလိုအပ်ပေမယ့် နိုင်သွားရင်တော့ ကျင့်ကြံဖို့အတွက် လျှို့ဝှက်နယ်မြေကို ဝင်နိုင်မယ့် အခွင့်အရေးကျ လိုချင်တယ်။ ဒီလိုညစ်ပတ်တဲ့ အလောင်းအစားမျိုးကို ဆက်ပြောနေဖို့ လိုအပ်သေးရဲ့လား။"

သူ့အသံ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်တစ်ခွင်လုံးက ရုတ်တရက် တိတ်ဆိတ်သွားလေသည်။ အားလုံးသော အင်အားစုများ၏ ကျင့်ကြံသူများထံမှ အရှိန်အဝါတို့ ထွက်ပေါ်လာကာ မမြင်နိုင်သည့် ဖိအားက လေဟာနယ်အတွင်း လွှမ်းမိုးသွားသည်။ လေထုအတွင်း အလွန် သက်သောင့်သက်သာ မရှိဘဲ တဖြေးဖြေး မွန်းကြပ်လာသည်။

အဝေးရှိ အင်ပါယာအဆင့် ကျင့်ကြံသူများက စွန့်ပစ်ခံကလန်ရှိရာသို့ လျှောက်လာပြီး တဖြေးဖြေး ဝန်းရံလိုက်သည်။ သူတို့သည် စစ်ကူပေးရန် ရောက်လာသည့် ရှန်းယိကုန်းမြေ နေရာအနှံ့မှ အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြပေသည်။

All Chapters