← Chapters

Vol. 14 Ch. 209

Vol. 14 Ch. 209

Vol. 14 Ch. 209

Vol. 14 Ch. 209

"အော်..မှတ်မိပြီဗျ...အန်တီရန်က ဘာကိစ္စများ ရှိလို့လဲ မသိဘူး.."

"ဒီလိုလေ..အန်တီတို့ ဒီနေ့ ပွဲကျင်းပဖို့ တစ်ခုရှိတယ်..ဒါပေမယ့် အန်တီ့ရဲ့ ကျောင်းသူလေးတစ်ယောက်က ရုတ်တရက် နေမကောင်းဖြစ်သွားတော့ မလာနိုင်တော့ဘူး..သူ့လောက် ထူးချွန်တဲ့ လူဆိုတာကလည်း ရှာရခက်တယ်‌လေ...နောက်တော့ စဉ်းစားရင်းနဲ့ နောက်ဆုံး ငါ့တူကို စဉ်းစားမိသွားတာပဲ..ဒီတော့ အန်တီ့ကို ကူညီပေးနိုင်မလားဟင်.."ရန်ရွှေ ချိုသာ ယဉ်ကျေးစွာ ပြောလိုက်၏။

"ဒါပေမယ့် မစိုးရိမ်နဲ့နော်..အန်တီ ငါ့တူကို ထိုက်ထိုက်တန်တန် ပေးမှာ..တစ်နာရီကို တစ်ထောင် ပေးမယ်ဆိုရင်ကော..အဆင်ပြေတယ်မလား.."

"ပိုက်ဆံက မပေးလည်း ရတယ်ဗျ ..အော်ဒါသာ တင်လိုက်ဗျာ..ကျွန်တော်အခုပဲ လာခဲ့လိုက်မယ်.."

လင်းရီ အတွက်ကတော့ ပိုက်ဆံရမရက ပြဿနာမရှိပေ။ အရေးကြီးဆုံးကတော့ ကြယ်ငါးပွင့်ရီဗျူး ရဖို့ရာ‌ပင်။

"ဖြစ်ပါ့မလားဟယ်.."

"ရပါတယ်ဗျ..အချင်းချင်းတွေကိုပဲ..ကျွန်တော် ကပိုက်ဆံတောင်းလို့ ဘယ်ဖြစ်မှာ.."

"အဲ့တာဆို အန်တီက အော်ဒါ ဘယ်လိုတင်ပေးရမှာ..ဒီရောက်မှ အော်ဒါတင်ရင်ကော ရတယ်မလား..."

ရန်ရွှေ အပြုံးလေးဖြင့် ပြောလိုက် လေသည်။

ဟီးဟီး ..ဆရာမလေးက နှုတ်တော့ အရမ်းချိုတာပဲ...

"အဲ့တာဆို အန်တီက ခုဘယ်မှာလဲဗျ."လင်းရီ ပြောလိုက်ပြီး "မျက်နှာချင်းဆိုင် အော်ဒါတင်တဲ့အခါကျတာ့ ရဖို့ရာ ပိုပြီး သေချာတာပေါ့ဗျာ..."

"အန်တီက ခု ကျိုးဟိုင်ဒရာမာ အကယ်ဒမီမှာ....ခုလာလို့ ကော ဖြစ်ရဲ့လား.."

ရန်ရွှေ တစ်ဖန် ယဉ်ကျေးစွာ မေးလိုက်လေသည်။

"ရတာပေါ့ဗျ..ကျွန်တော့်ကို ကျောင်းပေါက်၀မှာ စောင့်နေလိုက်..မိနစ်နှစ်ဆယ်အတွင်း အရောက်လာခဲ့ပေးမယ်..."

"ကောင်းပါပြီကွယ်..ခုလို ကူညီပေးတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်..."

.....

ကျိုးဟိုင်ဒရာမာ အကယ်ဒမီ၏ အပေါက်၀တွင်။

ကျောင်း၏ ကျော်ကြားသော နာမည်ဂုဏ်သတင်းကြောင့် မြို့ထဲရှိ အလွှာပေါင်းစုံမှ အရည်အချင်းရှိသူများ သွားသွားလာလာ ပြုနေကြသည်။

နိုင်ငံထဲရှိ အကောင်းဆုံး အကယ်ဒမီကျောင်း သုံးခုထဲမှ တစ်ခုဖြစ်သည့် အလျောက် ကျိုးဟိုင်ဒရာမာ အကယ်ဒမီမှာ ချောမောခန့်ညားသော အမျိုးသားများနှင့် အမျိုးသမီးတို့၏ ဆုံစည်းရာနေရာ ဖြစ်လာခဲ့လေသည်။

အကယ်၍ သင်သာ ယနေ့ ကျောင်းပေါက်၀၌ မိန်းကလေး ချောချောလှလှလေး တစ်ယောက်ကို တွေ့လိုက်ပါက ထိုမိန်းကလေးမှာ အနာဂတ်တွင် သင်စင်အောက်မှ မျှော်ကြည့်ရသည့်သူတစ်ယောက် ဖြစ်လာနိုင်၏။

ချောမောခန့်ညားသော ကောင်မလေးများ ရှိသည်ကတစ်ကြောင်း ကျိုးဟိုင်ဒရာမာ အကယ်ဒမီရှေ့တွင်တော့ ပြိုင်ကားများကတော့ ပြတ်သည်ရယ်လို့ကို မရှိချေ။ ကားတစ်ချို့ကတော့ ၎င်းတို့၏ ကောင်မလေးများကို လာကြိုကြပြီး တစ်ချို့ကတော့ သူမတို့၏ ချစ်သူကောင်လေးများကို လာကြိုသည်များလည်း ရှိကြသည်။ အချို့ဆိုလျင် ၎င်းတို့၏ နတ်ဘုရားသားတော်များကိုပါ လာကြိုသူများ ရှိကြ၏။

အချုပ်အားဖြင့်ဆိုရသော် လူအမျိုးမျိုးတို့မှာ ကိုယ်စီအကြောင်းပြချက်တို့ဖြင့် ဤနေရာ၌ စုဝေးနေကြလေသည်။

ရန်ရွှယ်လည်း ကျောင်းဂိတ်ပေါက်၀၌ ရပ်နေ၏။ ကျောင်းထဲသို့ ၀င်ထွက်သွားလာနေကြသည့် ကျောင်းသူ/သား တိုင်း သူမကို အရိုအသေ ပေးနေကြပြီး ရန်ရွှယ်ဘက်မှလည်း တစ်ယောက်ချင်းစီတိုင်းကို အသိမှတ်ပြုသည့်အနေဖြင့်ခေါင်းညိမ့်၍ ပြုံးပြနေလေသည်။

သူမကတော့ ရိုးရိုးယဉ်ယဉ်လေး ၀တ်ဆင်ထားပြီး မြင်သူတကာ၏ ရွှေရင်ကို အေးမြသွားစေ၏။ အသက်ကြီးသော်လည်း မိမိကိုယ်ကိုယ် ထိန်းနိုင်သောကြောင့် အနက်ရောင်နှင့် လိုက်ဖက်နေဆဲဖြစ်ပြီး ဒေါက်မြင့်ဖိနပ်ကိုလည်း ယနေ့ထိတိုင် ၀တ်ဆင်နိုင်ဆဲပင်။

"ဆရာမရန် မင်္ဂလာပါရှင့်..."

လင်းရီကို စောင့်ဆိုင်းနေသည့်အချိန်တွင် အရပ်ခပ်မြင့်မြင့်ဖြင့် ကောင်မလေးတစ်ယောက် သူမကို နှုတ်ဆက်လာခဲ့သည်။

ထိုသို့ နှုတ်ဆက်လိုက်သူကတော့ ရန်ရွှယ်၏ အချစ်ဆုံးကျောင်းသူလေး ၀မ်ရိရွှမ်ပင်။

နှစ်ယောက်စလုံးမှာ လွန်စွာ ရင်းနှီးလှပြီး ဘယ်သူမှ ရှိမနေပါက ‌ညီအစ်မများကဲ့သို့ ချစ်ခင်ယုံကြည်ကြသူများလည် ဖြစ်ပေသည်။ ထို့ကြောင့် သူမတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ သာမန် ကျောင်းသူနှင့် ဆရာမဆိုတာထက်ကို ပို၏။

၀မ်ရိရွှမ်မှာ သူမတို့ တီဝိုင်းထဲရှိ စန္ဒယားပညာရှင် နှစ်ယောက်ထဲမှ တစ်ယောက်လည်းဖြစ်၏။

"အွန်း..."ရန်ရွှေ ခေါင်းညိမ့်လိုက်ပြီး "အချိန်တောင် ကျတော့မယ်..မြန်မြန် ရယ်ဒီလုပ်ထားနော်.."

"ဆရာမရန်..ကျင်းကျင်းက မလာနိုင်ဘူးတဲ့..သမီးတစ်ယောက်တည်းဆိုရင်တော့ ပွဲတစ်ခုလုံးက်ု တစ်ကိုယ်တော် ထောက်ပံ့ပေးဖို့ဆိုတာက အရမ်းခက်ခဲမှာနော်..."၀မ်ရိရွှမ် စိုးရိမ်စိတ်ကြီးစွာဖြင့် ပြောလိုက်လေသည်။

"အဲ့အတွက် မပူနဲ့တော့...ဆရာမ နင့်ကို ကူညီပေးမယ့် စန္ဒယား ပညာရှင်တစ်ယောက်ကို ရှာထားပေးထားတယ်...ဒီတော့ ပြဿနာမရှိတော့ဘူး.."

"ပါတနာ...သူ့ရဲ့ စကေးကကော အဆင်ပြေပါ့မလားရှင်..."

၀မ်ရိရွှမ်း အနည်းငယ် စိုးရိမ်နေဆဲပင်။

သူမနှင့် တီးဖော်အဖြစ် ဟန်ဆောင်လို့ရသောကြောင့် သူမနှင့် ရွယ်တူနီးပါးရှိမည်မှာ သေချာနေ‌၏။

သိူ့သော်လည်း သူမ၏ စကေးများမှာ တစ်ပြည်လုံးတွင်ပင် ထိပ်တန်းအဆင့် ရှိသူဖြစ်သည်။ ထို့ကြောင့် သူမနှင့် တန်းတူညီစွာ မတီးခတ်နိုင်မည်ကို အထူး စိုးရိမ်နေရှာသည်။

"ဒါပေါ့..."ရန်ရွှေ ပြုံးလိုက်ပြီး "ဆရာမက သမီးကို ဘယ်တုန်းက လိမ်ခဲ့ဖူးလို့လဲ.."

"ဒါနဲ့ ဆရာမက သူ့ကို ဘယ်ကနေ ဘယ်လို ရှာတွေ့သွားတာ.."၀မ်ရိရွှမ် သိချင်စိတ်ပြင်းပြစွာဖြင့် စပ်စုကြည့်လိုက်သည်။

"ဆရာမ ပြောရင်တောင် နင်က ယုံမှာ မဟုတ်ဘူး..ဒီတော့ ကိုယ့်ဘာကိုယ် ခန့်မှန်းကြည့်ကြည့်ပေါ့.."

"ဟာ..ဆရာမကလည်း ပြောပြပါဆိုနေ....နော်..နော်လို့......."

၀မ်ရိရွှမ် ရန်ရွှယ်၏ လက်မောင်းကို ဖက်၍ ဆိုးနွှဲ့လိုက်လေသည်။

"ကောင်မစုတ်လေး..နင်ကတော့ အမြဲတမ်း ဒီအကွက်နဲ့ နိုင်ယူနေတယ်ပေါ့.."ရန်ရွှယ် သူမ၏ နှာ‌ခေါင်းကို အသာယာလေး တို့ထိလိုက်ပြီး "သူ့ကို မေ့ထွမ်ရဲ့ အပလီကေးရှင်း အီရန်အက်ပ်ကနေ ရှာတွေ့ခဲ့တာ..."

၀မ်ရိရွှမ်း ရုတ်ချည်း အေးခဲသွားပြီး သူမနားကြား မှားနေသလားဟုတောင် ထင်မိသွားသည်။

"အာ..ဆရာမ..ဘာပြောလိုက်တယ်...သူ့ကို မေ့ထွမ်ရဲ့ အပလီကေးရှင်းကနေ တွေ့ခဲ့တာ..."

"အွန်း..အမှန်ပဲ..."

ရန်ရွှေကတော့ ကောင်မလေး အံ့အားသင့်သွားအောင် လင်းရီ၏ လက်စွမ်းမည်မျှထက်ကြောင်း မပြောပြသေးချေ။

"ဆရာမ..ဒါကြီးကတော့...တအားကြီး စွန်းစားရာမကျဘူးလားရှင်...ဒီကိစ္စက အရမ်းအရေးကြီးတာနော်.."

"နင်တို့က အမြဲတမ်း ဖန်လှောင်အိမ်ထဲမှာပဲနေနေလို့ပါ..အပြင်မှာ ကိုယ့်ထက်တော်တဲ့သူတွေမှ တစ်ပုံတစ်ပင်ကြီးရှိတယ်.."ရန်ရွှယ် သူမကို ဘက်ချာ အနည်းငယ် ရိုက်လိုက်သည်။

"ဟုတ်ပါပြီရှင့်.."

သူမ၏ ဆရာမတောင် ယခုလို ပြောနေပြီဆိုမှတော့ ၀မ်ရိရွှမ်လည်း ပြန်ငြင်းမနေတော့။

"ဆရာမ..သမီးကောင်လေးက အဲ့ကို လိုက်ပို့မှာလေ..သမီးတို့နဲ့အတူ လိုက်ခဲ့ပါလား.."

"မလိုက်တော့ဘူး..ဆရာမကို လာကြိုမယ့်သူက ရှိပြီးသား.."

၀မ်ရိရွှမ် ရယ်မောလိုက်ပြီး "ခဲအိုလာကြိုမှာပေါ့.."

"နင့်ရဲ့ ခဲအိုက အလုပ်ခရီးထွက်နေတာ..ငါ့ကို လာကြိုပေးဖို့ အချိန်တောင် မရှိဘူး.."

ရနမရွှေ၏ စကားလုံးများမှာ အိမ်ထောင်သည်ယောက်ျားများ မကြာခဏ အလုပ်ခရီးထွက်တတ်သည်ဟူသော စကားကို တစ်ဖန် အတည်ပြုပေးလိုက်ပြန်သည်။

လက်ထပ်ပြီးသား ယောက်ျားများမှာ မကြာခဏ အလုပ်ခရီး ထွက်တတ်သည်

ပုံ - ပရောဟိတ်ကြီး လင်းရီ

"ရာ ရာ ရာ ..တစ်ခုခုတော့ ထူးနေပြီဟေ့.."၀မ်ရိရွှမ် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်ပြီး "ဆရာမကို လာကြိုမယ့်သူက ဘယ်သူလဲဆိုတာ အတော်လေး သိချက်နေပြီ..."

"သွားစမ်း..ပေါက်တတ်ကရတွေ လျှောက်ပြောမနေနဲ့.."

ရန်ရွှေ သူမကို ကြိမ်းမောင်းလိုက်သည်။

"ဟီးဟီး မသွားပါဘူး.."ထို့နောက် ၀မ်ရိရွှမ် ရန်ရွယ်ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး အသံနိမ့်၍ "ဆရာမရန်က ဒီကနေ့ အဲ့လောက်ထိ လှလှပပ ၀တ်ဆင်ထားတာ မဆန်းတော့ပါဘူး..ဘာလို့ဆို တစ်ယောက်ယောက်က လာကြိုမလို့ကိုး..ကိုယ့်ဆရာမိကို လာကြိုပေးမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ အမျိုးသားက ဘယ်သူလဲဆိုတာတောင်မှ သိချင်လာပြီ.."

"နင် ကောင်မစုတ်လေး..တော်တော်လေး ပေါက်တတ်က‌ရတွေ ပြောရတာ ကြိုက်နေတယ်ပေါ့ ဟုတ်လား.."ရန်ရွှေ သူမမ်ျက်နှာကို ရည်ရွယ်ချက်ရှိရှိ ခပ်တင်းတင်းထားလိုက်ပြီး "ဒီနေ့ တီးဝိုင်းက အရမ်းအရေးကြီးတယ်လေ..ဧည့်သည်တွေတင် မကဘူး...သတင်းမီဒီယာ ကုမ္ပဏီက ရာထူးကြီးပိုင်းတွေပါ ပါလာမှာ..တကယ်လို့ ငါက စုတ်ချာနေအောင် ၀တ်ထားလို့ကတော့ ကျောင်းရဲ့ ပုံရိပ်ကို အရှက်ရစေတာပေါ့ မဟုတ်ဘူးလား.."

"ဟုတ်တယ် ..ဆရာမပြောတာ မှန်တယ်.."၀မ်ရိရွှမ် မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး "အမြဲတမ်း အလုပ်ခရီးသွားနေတဲ့ ခဲအိုအမှားပဲ"

ထို့နောက် ၀မ်ရိရွှမ် လမ်းဘေး၌ ရပ်ထားသော Volkswagen seden ထဲသို့ ၀င်သွားလိုက်၏။

ရန်ရွှေကတော့ ပြုံး၍ ခေါင်းအသာယမ်းလိုက်ပြီး "ဒီဘက်ခတ်ကလေးတွေကတော့ တယ်လည်း နှုတ်မစောင့်တတ်တော့ပါလား..."

"အိုး..ဆရာမရန်..ဒီမှာ ဘယ်သူ့ကိုများ စောင့်နေပါလိမ့်.."

၀မ်ရိရွှမ်ထွက်သွားပြီးနောက် အခြားအမျိုးသမီးတစ်ယောက် ရန်ရွှေဘေးသို့ ရောက်ရီလာခဲ့သည်။

ထိုအမျိုးသမီးမှာ ရန်ရွှေနှင့် သက်တူရွယ်တူဖြစ်သော်လည်း ကိုယ်လုံးကိုယ်ပေါက်ကတော့ ရန်ရွှေလောက် မထိန်းနိုင်ချေ။ ရွဲကျနေပြီဖြစ်၏။

အမျိုးသမီး၏ နာမည်ကတော့ ရွှီရွှမ်း ဖြစ်ပြီး ရန်ရွှေ၏ လုပ်ဖော်ကိုင်ဖက်ပင်။

သို့သော်လည်း ရန်ရွှေက စန္ဒယားနည်းပြ ဖြစ်နေချိန်တွင်တော့ သူမမှာ တယောကြီး(cello) နည်းပြတစ်ဦးဖြစ်၏။

အတိတ်တွင် သူမတို့နှစ်ဦးမှာ ပတ်သက်မှုကောင်းများ ရှိခဲ့ကြသော်လည်း ရန်ရွှေ၏ ထူးချွန်ပြောင်မြောက်သည့် စန္ဒရားစွမ်းရည်ကြောင့် ရွှီရွှမ်းထက် နှစ်နှစ်စော၍ နည်းပြတစ်ဦး ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ ရွှီရွှမ်းလည်း သူမနှင့် ပညာချင်း မတိမ်းမယိမ်းရှိသူက သူမထက်အရင် ရာထူးတိုးရကောင်းလားဟု ကြိတ်မနိုင်ခဲမရ ဖြစ်ကာ နှစ်ယောက်သား ဆက်ဆံရေးမှာလည်း သွေးအေးသွားကြတော့၏။

"ငါစောင့်ချင်တဲ့သူကို စောင့်နေတာပေါ့.."ရန်ရွှယ် တည်ငြိမ်သည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။

"အီရန်ဘွိင်းမလား.."

ရန်ရွှေ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး "နင်က ဘယ်လိုလုပ်သိတာ.."

"နင်နဲ့ ရိရွှမ်းနဲ့ ပြောနေကြတာကို ခုနလေးတင် ကြားလိုက်ရတာလေ.."

ရွှီရွှမ်း သူမလက်မောင်းကို ရင်ဘက်ရှေ့ပိုက်လိုက်ပြီး "နင်က ငါ့ထက် စောပြီး ရာထူးတက်သွားတာ မဆန်းတော့ပါဘူး..ဘာလို့ဆို နင့်နည်းလမ်းတွေက အရမ်းကို လွန်ကဲနေလို့ကိုး...အံ့‌ဩလောက်ပါပေတယ်..နင်က အီရန်ဘွိုင်းကိုတောင်မှ ပရော်ဖက်ရှင် စန္ဒရားတီးခိုင်းဦးမယ်ပေါ့..စင်ပေါ်ရောက်ရင်တော့ ကြည့်လှတော့မှာပဲ.."

"အဲ့တာ နင်စိတ်ပူရမာ့် ကိစ္စမဟုတ်ဘူး..ငါလုပ်နေတဲ့အလုပ်ကို ငါသိတယ်.."

"ကျွန်မလည်း ဆရာမရန်ရဲ့ ကိစ္စတွေကို စိတ်မ၀င်စားပါဘူး.."ရွှီရွှမ်း ပြောလိုက်ပြီး "ဒီတိုင်း အမှတ်မထင် လာဆုံလို့ ပြောပြတာပါ..ကျွန်မ ယောက်ျားက လန်ရိုဗာ အသစ် ၀ယ်ထားတယ်လေ..ထိုင်ရတာ အရမ်းပဲ သက်တောင့်သက်သာ ရှိတယ်သိလား..."

"အဲ့တော့ ဘာလုပ်ပေးရမှာ..ငါ့မှာလည်း ကားရှိသားပဲ..ကိုယ့်ဘာကိုယ် သွားလည်းရတယ်.."ရန်ရွှေ ပြန်ပြောလိုက်သည်။

"ဒါပေမယ့် အဲ့ဒါက ပြည်တွင်းထုတ်တဲ့ အိမ်စီးကားကြီးမလား..နိုင်ငံခြားက တင်သွင်းလာတဲ့ကားတွေက ဘယ်လောက်တောင် ဇိမ်ရှိလဲဆိုတာ ရှင့်ကို စေတနာနဲ့ ခံစားဖူးအောင်ပါ...."

"တော်ပါပြီ..ဆရာမရွှမ်ူရဲ့ စိတ်စေတနာကိုတော့ ကျေးဇူးပဲ.."

ရွှီရွှမ်းတစ်ခုခု ပြန်ပြောတော့မည့် အချိန်တွင် ထိတ်လန့်တကြား အော်ဟစ်သံများကို ကြားလိုက်ရ၏။

"အိုးမိုင်ဂေါ့ဒ်...ကြည့်ကြဦး..စူပါကားကြီးဟ.."

"အဲ့တာ ဘာဘရန်းလဲဟင်..ငါတော့ တစ်ခါမှ မမြင်ဖူးဘူး..လန်ဘိုဂီနီနဲ့တော့ နဲနဲ ဆင်သလားလို့..."

ဆံပင်အရှည်နှင့် မိန်းကလေးတစ်ဦးမှပြောလိုက်သည်။

"တော်စမ်းပါ..ဒီကားက Koenigsegg လို့ခေါ်တယ်..သူ့ဈေးက သန်း၃၀တောင် တန်ကြေးရှိတာ..လမ်ဘိုဂီနီဆိုတာက သူ့ရှေ့ရောက်ရင် ညီငယ်လေး သာသာပဲ...ယှဉ်ဖို့တောင် မတန်ဘူး.."

"မဖြစ်နိုင်တာ ..အဲ့ကားက အဲ့လောက်တောင် တန်ဖိုးကြိးတာလားဟ..တ-ရုတ်မှာတောင် စီးရေ အနည်းငယ်လောက်ပဲ ရှိလောက်တယိ..

"အဲ့လိုကားထဲ ထိုင်နိုင်တဲ့ မိန်းကလေးကတော့ သေချာပေါက် ကံကောင်းတာပဲ..မဟုတ်မှလွဲရော ကျောင်းရဲ့အလှလေး ကျောက်ရွှယ်မိုကို လာကြိုတာများလား"

"ဖြစ်နိုင်တယ်..အလှလေးကျောက်ကလွဲရင် တစ်ကျောင်းလုံးမှာ ဘယ်သူကမှ ဒီကားထဲ ၀င်ထိုင်ဖို့ မထိုက်တန်ဘူး.."

လူတိုင်း တစ်ယောက်တစ်ပေါက် ဆွေးနွေးနွေကြစဉ် လင်းရီ၏ Koenigsegg ကြီးမှာ ကျောင်းပေါက်၀၌ ထိုးရပ်လာ၏။

ထို့နောက် မှန်ပြတင်းပေါက်ချပြီး ရန်ရွှေကို ကြည့်ကာ "ကားထဲ၀င်..."

All Chapters