Vol. 14 Ch. 210
Vol. 14 Ch. 210
အံ့ဩထိတ်လန့်ခြင်း။
ကျောင်းပေါက်၀၌ ရှိနေကြသူအားလုံး အံ့ဩထိတ်လန့်သွားခဲ့ကြသည်။
မည်သူကမျှ ပြိုင်ကားမောင်းလာသည့်သူမှာ ရန်ရွှေကို လာကြိုသည့်သူ ဖြစ်လိမ့်မည်လို့ မထင်ထားခဲ့ကြ။
"ရှောင်ကောကော ကားမောင်းနေတာက အရမ်းခန့်တာပဲနော်.."
"အွန်း..ငါတို့ကျောင်းရဲ့ အချောဆုံးကျောင်းသားတောင်မှ သူနဲ့ယှဉ်ရင် အဝေးကြီးလိုသေးတယ်..."
"သူ လက်တစ်ဖက်တည်းနဲ့ ကားမောင်းနေတဲ့ပုံစံက အရမ်းကို မိမိုက်တာပဲနော်..."
ရန်ရွှေအချိန်အတော်တန်ကြာတဲ့အထိ စိတ်နှင့်လူနှင့် မကပ်နိုင်သေးချေ။
သူက အီရန်ဘွိုင်းမဟုတ်ဘူးလား.
ဘာလို့ စူပါကားကြီး မောင်းနေတာလဲတဲ့..
ဖြစ်နိုင်တာက မေ့ထွမ်လည်း ဇိမ်ခံကား ၀န်ဆောင်မှု လုပ်နေတာများလား...
"ကားထဲ၀င်လေ..."
"အိုး..အိုကေ..."
ရန်ရွှေ အပြုံးလေးဖြင့် တုန့်ပြန်လိုက်ပြီး ရွှီရွှမ်းကိုကြည့်ကာ "ငါ နင့်ယောက်ျားရဲ့ လန်ရိုဗာကြီးထဲ လိုက်မစီးတော့ဘူးနော်..ဒီကားနဲ့က ပိုမြန်မယ် ထင်တာပဲ"
လူတိုင်း၏အကြည့်အောက်တွင် ရန်ရွှေ လင်းရီကားထဲသို့ ၀င်ထိုင်လိုက်ပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်၏။
ရွှီရွှမ်းကတော့ ရှက်လွန်း၍ သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။
၀မ်ရိရွှမ်လည်း မနေနိုင်စွာဖြင့် တီးတိုးရေရွတ်မိလိုက်သည်။ "သူ့ကလေးတောင်မှ မူလတန်းတက်နေပြီလေ..ဒါတောင်မှ စူပါကားနဲ့ လာကြိုတဲ့သူက ရှိနေတုန်းပဲလားတဲ့..ဆရာမရန်..ရှင်ကတော့ အရမ်း....."
.....
ရန်ရွှေ၏ အသက်အရွယ်ဖြင့်တောင်မှ လင်းရီ ကားထဲ၀င်ထိုင်ရာတွင် ကူကယ်ရာမဲ့စွာဖြင့် စိတ်လှုပ်ရှားနေမိသေးသည်။
ယခုကဲ့သို့ ဇိမ်ခံကားကြီးများကို အင်တာနက်ပေါ်၌ မြင်တွေ့ဖူးသော်လည်း ကိူယ်တိုင်ကိုယ်ကျ လိုက်ပါစီးနင်းဖူးသည်ကတော့ ယခုမှ ပထမဆုံးအကြိမ်ပင်။
လင်းရီကတော့ ကားမောင်းရင်း ရန်ရွှေကို တစ်ချက် အကဲခတ်လိုက်သည်။
အသက်ကြီးသည်ဟု ဆိုသော်လည်း သူမ၏ ဆွဲဆောင်မှုများကတော့ လျော့ပါးသွားခြင်း လုံး၀မရှိ။ ခြေတံသွယ်သွယ်လေးများက ပုရိသအပေါင်းတို့ကို ဆွဲဆောင်နိုင်ဆဲပင်။
လင်းရီ ရန်ရွှေဟူသည့်အမျိုးသမီးမှာ အင်မတန်မှ တည်ငြိမ်ကြောင်းတော့ ၀န်ခံရပေမည်။ အနည်းဆုံးတော့ ပြိုင်ကားပေါ်ရောက်သည်နှင့် အိုက်သည်ဟုတော့ မပြောချေ။
"ဒီကားထဲက အဲကွန်းက နည်းနည်းလေး အေးသလိုပဲနော်..."ရန်ရွှေ ပြောလိုက်လေသည်။
လင်းရီ : "....."
ဘာပဲပြောပြော ဝီးမန်းက ဝီးမန်းပါပဲကွာ..တစ်မျိုးမဟုတ် တစ်မျိုး ပြောနေတော့တာပဲ..
"အဲ့တာဆို နည်းနည်းလေး လျှော့လိုက်မယ်လေ.."လင်းရီ ပြောလိုက်၏။
"စကားမစပ် နင်က အီရန်ဘွိုင်း လုပ်နေတာမဟုတ်လား..ဘာလို့ ဒီလို စူပါကားကြီး မောင်းနေတာ.."ရန်ရွှေ သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်လေသည်။
"ဘ၀ဆိုတာက ဒီလို နေထိုင်မှ အဓိပ္ပာယ်ရှိတာလေ..ကျွန်တော်က သေမှာ ထိုင်စောင့်နေတဲ့ သူဌေးသားတစ်ယောက် မဖြစ်ချင်ဘူး.."
"နင်ငါ့ကို အဲ့လောက်နဲ့တော့ အရူးလာလုပ်လို့ မရပါဘူးနော်.."ရန်ရွှေ မယုံသင်္ကာဖြင့် ပြောလိုက်လေသည်။
"ဒီတိုင်း ဇိမ်ခံကား ၀န်ဆောင်မှုလို့ပဲ သဘောထားလိုက်ပေါ့ဗျာ.."လင်းရီ ထွေထူး ရှင်းပြမနေတော့။
၎င်းမှာ ကိုယ်ရေးကိုယ်တာ ကိစ္စဖြဈ်နကြောင်း သတိပြုမိသွားပြီးနောက် ရန်ရွှေ အခြား ခေါင်းစဥ်တစ်ခုကို ပြောင်းပြောလိုက်လေသည်။
သို့သော်လည်း သူမ ဒုတိယ ဖြစ်နိုင်ချေကို ယုံကြည်နေဆဲပင်။ ပြိုင်ကားကြီးနှင့် အီရန်ဘွိုင်းလုပ်သည့် ဒုတိယမျိုးဆက် တစ်ယောက်ကိုမျှ သူမ မမြင်ဖူးသေးချေ။
ထို့ကြောင့် ဇိမ်ခံကား ၀န်ဆောင်မှုသာ ဖြစ်ကောင်းဖြစ်နိုင်၏။
"အန်တီ့သားကော..ခုဘာတွေ လုပ်နေလဲဗျ...သူ စန္ဒယားကို တစိုက်မတ်မတ် လေ့ကျင့်နေပြီလား..."
"အဲ့ကောင်လေးကတော့ နင်လက်ချာရိုက်ပြီးကတည်းကနေ စန္ဒယားတီးတာကော ၊ စာကျက်တာတွေကောပါ အာရုံစိုက်လာပြီ.."ရန်ရွှေ ပြောလိုက်ပြီး "ဒါနဲ့ အန်တီ မေးချင်တာလေး ရှိနေသေးတယ်.."
"အော်..ဟုတ်..ဘာများလဲဗျ.."
"နင်တို့ခု ကစားနေတဲ့ဂမ်းက KOG ဟုတ်တယ်မလား..."ရန်ရွှေ ပြောလိုက်ပြီး "အန်တီ့သားက ပြောနေတာ ..သူနင့်ကို သူငယ်ချင်း အပ်လိုက်ပြီးကတည်းက စကေးတွေ ဘာလို့ တော်တော်ကြီး ဆိုးလာတာလဲတဲ့..."
"အာ...ကျွန်တော်ကခု သိပ်အာရုံမစိုက်ဖြစ်တော့ စကေးလေး နည်းနည်းကျသွားတယ်.."လင်းရီ ပေါ့ပါးစွာ ပြောလိုက်ပြီး "ဒါပေမယ့် အန်တီ့သားကို ပြန်ပြောလိုက်..ကျွန်တော်မကြာခင် လက်ရည်ပြန်တက်လာပြီးတော့ အားလုံးကို အတူကေးပေးမယ်လို့.."
"တော်ပါပြီကွယ်..တော်ကြာ ဂိမ်းစွဲသဦးမှဖြင့် ဖြတ်ရခက်နေပါဦးမယ်..."
"ပြောတာ မှန်တယ်.."လင်းရီ အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်ပြီး "စကားမစပ် ကျွန်တော်က ပီယာနို တီးပေးရုံပဲ ဟုတ်တယ်မလား.."
ထိုအခါမှ ရန်ရွှေလည်း ရုတ်ချည်း အမှတ်ရသွားပြီး "အန်တီနင့်ကို အော်ဒါမတင်ရသေးဘူးမလား.."
"ဟုတ်တယ်..မတင်ရသေးဘူးဗျ..ဒါက အရမ်းအရေးကြီးတဲ့ ကိစ္စပဲ..ကြယ်ငါးပွင့် ရီဗျူး ပေးဖို့ မမေ့နဲ့နော်..."
"အိုကေ..."
အော်ဒါတင်ပြီးနောက် လင်းရီ ချက်ချင်း ရယူလိုက်သည်။
ထို့နောက် ကြယ်ငါးပွင့် ရီဗျူးမှာ သူ့အား လက်ဝှေ့ရမ်ူပြနေသည်ဟုတောင် ခံစားမိနေတော့၏။
၎င်းက လင်းရီ၏ ဆုံးဖြတ်ချက်ကို ပိုပြီး ခိုင်မာသွားစေသည်။ ကြယ်ငါးပွင့် ရီဗျူးက သု့အတွက် စီးပွားရေး လိုအပ်ချက်တစ်ခုလိုတောင် ဖြစ်နေ၏။
"ကောင်းပြီလေ..အဲ့တာဆို ကျွန်တော် ဟိုရောက်ရင် အန်တီပြောတဲ့ အတိုင်းပဲ လုပ်တာပေါ့.."
"အွန်း..ကျေးဇူးပါနော်..."
မကြာမီ နှစ်ယောက်သား ကျိုးဟိုင် တေးဂီတခန်းမသို့ ရောက်လာခဲ့၏။
ပါကင်ထိုးသည့် နေရာ၌ ယွမ်မီလီယမ်တန် ကားမြောက်များစွာ ရှိနေခြင်းက လင်းရီကို အနည်းငယ် အံ့အားသင့်သွာစေခဲ့သည်။
"ဒီလူတွေ အကုန်လုံးကလည်း တေးဂီတပဲ လာတဲ့သူတွေကြီးပဲလား.."
"အင်း..ဒါက တခြားနိုင်ငံတွေနဲ့ တေးဂီတ နှီးနှောဖလှယ်ပွဲလေ..ပြီးတော့ နာမည်ကြီးတဲ့ မီဒီယာ ကုမ္ပဏီက အရာရှိကြီးတွေလည်း ပါရမီရှင်တွေကို ရွေးထုတ်ဖို့ လာကြမှာ..အဲ့တာကြောင့် လူတွေ အများကြီး ဖြစ်နေတာလေ.."
"ဟီးဟီး အဲ့တာဆိုရင်တော့ ပိုပိး အလေးနက်ထားမှ ဖြစ်တော့မှာပဲ..မဟုတ်ရင် စင်ပေါ်ရောက်မှ မျောက်ပွဲကြည့်နေရသလို ဖြစ်နေဦးမယ်..."
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"အဲ့လောက်ကြီးလည်း ကိုယ့်ကိုယ်ကို ဖိအားပေးမနေပါနဲ့...နင့်ရဲ့ လယ်ဗယ်နဲ့ဆိုရင် ဒီလိုပွဲမျိုးကို ကိုင်တွယ်နိုင်တာထက်တောင် ပိုပါသေးတယ်.."
"ကောင်းပါပြီ ..ကျွန်တော် အကောင်းဆုံး တင်ဆက်ပေးပါ့မယ်..."လင်းရီ ပြောလိုက်လေသည်။
"အိုကေ..."
ကားပါကင်ထိုးပြီးနောက် ရန်ရွှေလင်းရီကို စင်နောက်သို့ ခေါ်လာခဲ့လိုက်၏။
စင်နောက်၌ လူငါးဆယ်ခန့် ရှိနေလေသည်။
အားလုံး မတူကွဲပြားသည့် တူရိယာ ပစ္စည်းများကို ကိုင်ဆောင်ထားကြကာ အပြစ်နာဆာမရှိ ချောမွေ့စွာ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် တူရိယာ ပစ္စည်းများကို နောက်ဆုံးတစ်ခေါက် စစ်ဆေးနေကြ၏။
ယခု တေးဂီတဖျော်ဖြေပွဲကြီးက ဖျော်ဖြေပွဲသက်သက်သာမက သူတို့အားလူံး ဂီတနယ်ပယ်ထဲသို့ စောလျင်စွာ ၀င်ရောက်နိုင်ရေးအတွက် အရေးကြီးသော အခန်း ကဏ္ဍမှလည်း ပါ၀င်နေလေသည်။
ပတ်၀န်းကျင်အသစ်သို့ရောက်နေသော်လည်း လင်းရီ သိပ်ပြီးတော့ တုန်လှုပ်မနေခဲ့။ သို့သော်လည်း ရိုးရာတူရိယာ တစ်မျိုးဖြစ်သည့် နှဲ(suona) မရှိသောကြောင့် တစ်ခုခု လိုအပ်နေသေးသလို ခံစားနေရ၏။
"အယ်..ဟိုနားမှာ အဆင်လေးတော့်.. ဘယ်သူလေးလဲမသိဘူး....အရမ်းချောတာပဲနော်....."
"ငါတို့ကျောင်းကတော့ မဟုတ်ဘူး ထင်တယ်.. သူ့ကို ...တစ်ခါမှ မမြင်ဖူးဘူး ..."
"မြင်ဖူးတာ မမြင်ဖူးတာတွေ ဘေးချိတ်ထားလိုက်ဦး ..အရေးကြီးတာက ကျူဖို့ပဲမဟုတ်လား.."
လင်းရီ၏ ရောက်ရှိလာမှုက မိန်းကလေးတစ်သိုက်ကို ကျွတ်စီညံသွားစေသည်။ သူမတို့လက်ထဲရှိ တူရိယာ ပစ္စည်းများကိုပင် ဂရုမစိုက်နိုင်တော့။
"ကဲ အားလုံးပဲ..သူကတော့ လင်းရီတဲ့..ကျန်းကျန်းက နေမကောင်းလို့ မလာနိုင်ဘူးဆိုတော့ သူနဲ့ ၀မ်ရိရွှမ်က အတူတီးခတ်လိမ့်မယ်...အားလုံးပဲ သူ့ကို ပူးပေါင်းပေးကြဦးနော်..."
"သူက ငါတို့နဲ့ ဖျော်ဖြေမှာတဲ့..."
မိန်းကလေး အချို့မှာ မျက်လုံးအရောင် တောက်သွားခဲ့ကြသည်။ သူမတို့ ယခုကို ကောင်လေးချောချောဖြင်ဘ အတူဖျော်ဖြေရမည်ဆိုသောကြောင့် အင်မတန်မှ ရွှင်မြူးနေကြ၏။
ထိုသို့ပြောပြီးနောက် ရန်ရွှေ လင်းရီ ကို အ၀တ်လှဲခန်းထဲသို့ ခေါ်သွားကာ အနက်ရောင် ၀တ်စုံကို လဲပေးလိုက်၏။
အနောက်တိုင်း၀တ်စုံ လဲပြီး၍ အပြင်သို့ထွက်ဘာသောအခါ မိန်းကလေးများ၏ အလန့်တကြားအော်ဟစ်သံတို့မှာ စင်နောက်ဘက်တွင် ဆူနာမီလှိုင်း ရိုက်ခတ်နေသည့်အလား ပြင်းထန်သွားခဲ့လေသည်။
"ဘယ်လိုတောင် တောင့်ဖြောင့်လိုက်တဲ့ ဘော်ဒီလဲ...သူ့ရဲ့ ပေါင်မုန့်တုံးကြီးတွေကို ထိချင်လိုက်တာနော်.."
"အမေ ..သမီးမရတော့ဘူး..သမီးကို ခွင့်လွှတ်ပါ..သူ့ကိုမှ မရရင် သမီး သေရပါတော့မယ်... "
"ကောင်မ အဲ့လောက်လည်း ဖြစ်မနေနဲ့ဦး..ငါသာ သူ့နားဝီချက်သွားတောင်းရင် ပေးမလား မသိဘူးနော်.."
"အိပ်မက်မက်နေလိုက်လေ..သူက ဒီလောက် ခန့်ညားချောမောနေတာကို သူ့ကိုကြိုက်တဲ့သူက တစ်ပုံကြီး ရှိလောက်တယ်..နင်ဆို နံပါတ်ဘယ်လောက် ရှိနေမလဲဆိုတာတောင် သိမှာ မဟုတ်ဘူး..ကိုယ့်ဘာကိုယ် ကြိုးပဲ သေချာညှိနေစမ်းပါဟယ်..အဲ့တာမှ စင်ပေါ်မှာကောင်းကောင်း ဖျော်ဖြေလို့ရမှာ..တကယ်လို့ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုက အဲ့ဒီ ရှောင်ကောကောကို ခေါ်သွားရင်လည်း သူက နောက်ကျရင် ကြယ်ပွင့်တစ်ယောက် ဖြစ်ရင် ဖြစ်လာဦးမှာ..ငါတို့တွေက အလှမ်းဝေးလွန်းပါတယ်ဟယ်..."
"အင်း..နင်ပြောတလည်း ဟုတ်သားပဲ.."
အသံဗလံများ တိတ်ဆိတ်ငြိမ်သက်သွားပြီး လူတိုင်း ကိုယ့်တူရိယာကို ပြန်သန့်ရှင်းနေကြတော့၏။
ယနေ့ ဖျော်ဖြေရေးမှာ လွန်စွာအရေးကြီးသည်။။အရာ အားလုံးကို အချိန်တစ်ခုကြာ ဘေးသို့ ချိတ်ထားသင့်၏။စင်ပေါ်၌ တစ်ခုခု လွဲချော်သွားပါက သူမတို့သာမက သူမတို့၏ အကယ်ဒမီပါ အရှက်ရသွားစေနိုင်သည်။
မကြာမီ စင်နောက်ဘက်ခြမ်းမှာ ပြန်လည် တိတ်ဆိတ်သွားတော့၏။
ထိုအချိန်တွင်ပဲ ၀မ်ရိရွှမ် အပြင်ဘက်မှ ၀င်လာခဲ့ပြီး လင်းရီကို မြင်တော့ အံ့အားသင့်သွားသည်။
"ဆရာမရန်..သူ့ကိုဘာလို့ စင်နောက် ခေါ်လာခဲ့တာ..."
"သူ့ကို ငါကပဲ ခေါ်ထားတာလေ..စင်နောက် မခေါ်လို့ ဘယ်ခေါ်သွားရမှာ.."ရန်ရွှေ အပြုံးလေးဖြင့် ပြောလိုက်၏။
"မဖြစ်နိုင်တာ..သူက အီရန်ဘွိုင်းလား.."
၀မ်ရိရွှမ်၏ အမူအရာမှာ စိတ်၀င်စားဖို့ကောင်းနေတော့၏။ သူမထင်နေခဲ့သည်မှာ လင်းရီကို ဆရာမရန်၏ သူငယ်ချင်းဖြစ်သူဟုပင်။ သို့သော်လည်း အီရန်ဘွိုင်း ဖြစ်နေလိမ့်မည်လို့တော့ ထင်မထားခဲ့။
"ဒါပေမယ့် အီရန်ဘွိုင်းက ဘာလို့ ပြိုင်ကားမောင်းနေတာလဲတဲ့.."
ရန်ရွှေ ပခုံးတွန့် လိုက်ပြီး "ဆရာမလည်း ဘယ်သိမှာ..မေ့ထွမ်ရဲ့ ဇမ်ခံကား ၀န်ဆောင်မှု ဖြစ်ရင်လည်း ဖြစ်နေနိုင်တာပဲလေ..."
"အဲ့လိုလား.."၀မ်ရိရွှမ် စိတ်ပျက်သွားသည့်လေသံဖြင့် "သမီးထင်နေတာ သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်များလားပေါ့.."
ရန်ရျွေနှင့် ၀မ်ရိရွှမ်တို့ စကားဝိုင်းကို စင်နောက်ရှိ လူများ ကြားသွားတော့ တစ်ဖန် အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့ပြန်သည်။
"သူ..သူက တကယ်ကြီး အီရန်ဘွိုင်းတဲ့လား.."
လင်းရီ ဘယ်သူလဲဆိုတာ သိတော့လူ တိုင်း၏ အမူအရာများက အရင်ကလောက် မဖော်ရွေတော့ချေ။
ဆရာမရန်က ဘာတွေ လျှောက်လုပ်နေတာလဲတဲ့..
သူ့ကျောင်းသူက နေမကောင်းဘူးဆိုရင်တောင်မှ အရမ်းကာရော အီရန်ဘွိုင်းကြီးနဲ့တော့ အစားမထိုးသင့်ဘူးလေ..ဟုတ်တယ်မလား..
မေ့ထွမ်ရဲ့ ကြေညာထဲမှာ အီရန်ဘွိုင်းတွေက ဘာမဆို လုပ်နိုင်တယ်လို့ ပြောထားတယ်ဆိုပေမယ့် ကြေညာထဲကအတိုင်း ဖြစ်နိုင်တာမှ မဟုတ်တာ.... တကယ့်လက်တွေ့မှာ သင့်တော်ရဲ့လားဆိုတာ စဉ်းစားဆင်ခြင်ရဦးမယ် မဟုတ်လား...
စာစဉ် (၁၄)ပြီး၏။