← Chapters

ကောင်းကင်၏ အထူ

Vol. 26 Ch. 362

ကောင်းကင်၏ အထူ

Vol. 26 Ch. 362

နေသူရိန်ခွင်းကောင်းကင်အမြှောက်ကို အသက်သွင်းရန် ချင်မူ့လက်ထဲရှိ ကျောက်စိမ်းပြားကို လိုအပ်သည်။ အမြှောက်စွမ်းအင်က ကြီးမားလွန်း၍ ထိန်းချုပ်ရန် မလွယ်သောကြောင့် ချင်မူက ကိရိယာတစ်ခု တီထွင်ခဲ့သည်။ ကျောက်စိမ်းပြား၏ အလင်းမှန်သားပြင်ပေါ်တွင် ပစ်လိုသည့် နေရာအား ထောက်လိုက်သည်နှင့် ဧရာမကောင်းကင်အမြှောက်က ပစ်ခွင်းပေးလိမ့်မည်။

ကျောက်စိမ်းပြားက နေသူရိန်ခွင်းအမြှောက်၏ ထိန်းချုပ်ရေးကိရိယာဖြစ်၏။

ချင်မူ ဧကရာဇ်ယန်ဖုန်းကို ကျောက်စိမ်းပြားအသုံးပြုနည်း သင်ပေးလိုက်သည်။ အသုံးပြုနည်းက အတတ်မြန်သလို၊ ရိုးရှင်းသည်။ ပန်းပဲဆရာသခင်တစ်ဦးအနေဖြင့် ချင်မူသည် အရှုပ်ထွေးဆုံးအရာများကို ရိုးရှင်းအောင် ပြုလုပ်နိုင်၏။ ဤစွမ်းရည်တစ်ခုတည်းနှင့်တင် ကျန်ပန်းပဲဆရာများထက် များစွာသာလွန်နေပြီဖြစ်ချေသည်။

ဧကရာဇ်ယန်ဖုန်းက စက်ဝိုင်းပုံသဏ္ဍာန်ကျောက်စိမ်းပြားကို သိမ်းလိုက်သည်။ အတန်ကြာသော် သူ ထုတ်ကစားပြီး ပြန်သိမ်းလိုက်ပြန်၏။ တအောင့်ကြာသောအခါ ‌ထပ်ထုတ်ပြီး ကစားနေပြန်သည်။

ချင်မူ စေတနာဖြင့် ပြောလိုက်သည်။ “အရှင်မင်းကြီး တစ်ချက်လောက် စမ်းပစ်ကြည့်ပါ့လား”

ဧကရာဇ်ယန်ဖုန်းက သူ့ကို ကြည့်ပြီး စိတ်ညစ်စွာ ပြောလိုက်သည်။ “တစ်ချက်ပစ်လိုက်တာနဲ့ ဘဏ္ဍာတိုက် တက်တက်ပြောင်သွားလိမ့်မယ်။ မောင်မင်းလို ငွေကိုရေလို မသုံးရက်ဘူးကွ”

“အိမ်ရှေ့မင်းသား မြောက်ပိုင်းကနေ ပြန်လာနေပြီမဟုတ်လား။ ရတနာတွေ အများကြီး သယ်လာလောက်ပါတယ်” ချင်မူ ပြောလိုက်သည်။

“ဒါပေမဲ့ ဖြစ်သလို ပစ်လို့မရဘူး။ ဧကရာဇ်ဘဏ္ဍာတိုက်ထဲက ငွေတွေဟာ ပေါ့တီးပေါ့ပျက် သုံးလို့ရတာတွေ မဟုတ်ဘူး မောင်မင်း။ အင်ပါယာမှာ လုပ်စရာကိစ္စတွေ ပုံနေတာ။ ဘယ်နေရာမှာ ငွေမလိုဘဲ နေလို့တုန်း”

ဧကရာဇ်ယန်ဖုန်း ကျောက်စိမ်းပြားကို သိမ်းလိုက်သော်လည်း တအောင့်ကြာသော် ခိုးကြောင်ခိုးဝှက် ပြန်ထုတ်လိုက်ပြန်သည်ကို ချင်မူ မြင်တွေ့လိုက်ရသည်။ သူ ‌ခေါင်းယမ်းလိုက်မိ၏။ ဧကရာဇ်ယန်ဖုန်း အမြှောက်မပစ်ကြည့်ရလျှင် ကောင်းကောင်းအိပ်ပျော်လိမ့်မည် မဟုတ်ပေ။ တနုံ့နုံ့ တွေးနေလိမ့်မည်။

သို့သော် သူ၏ဦးနှောက်က နေသူရိန်ခွင်းကောင်းကင်အမြှောက်ကို လက်လွှတ်စပယ် မပစ်သင့်ကြောင်း သတိပေးနေ၍ သူ့မှာ နှလုံးသားအလိုအား မလိုက်လျောနိုင် ဖြစ်နေသည်။

‘ရှိစေတော့’ ချင်မူ သူ့ဘာသာသူ တွေးလိုက်သည်။

ရုတ်တရက် မိုးလေဝသဌာနမှ အရာရှိဆယ်ယောက်ကျော်က စာလိပ်ထူထူကြီးများကို သယ်ချလာသည်။ ရှေ့မှလျှောက်လာသော ဟွေ့ကျင့်လင်က ချင်မူ့ကို နှုတ်ဆက်ကာ ပြော၏။ “စီမံမှူးချင်၊ စောစောက စီမံမှူးချင် ကောင်းကင်ကို ပစ်ခွင်းလိုက်တုန်းက ထူးဆန်းတဲ့သဘာဝတစ်ခုကို ကျွန်တော်တို့ မိုးလေဝသဌာန သတိထားမိခဲ့ပါတယ်။ ဒီနေရာမှာ သင်္ချာပညာရှင်တွေလည်း အများကြီးရှိတော့ စီမံမှူးချင်တို့ကို ကူတွက်ပေးဖို့ အကူအညီတောင်းချင်လို့ပါ”

“ဘယ်လိုသဘာဝမျိုးလဲ” ချင်မူ စိတ်ရှုပ်ထွေးစွာ မေးလိုက်မိသည်။

“ကောင်းကင် ပေါက်ပြဲသွားတုန်းက နက္ခတ်‌တာရာသဘာဝ ပြောင်းလဲသွားပါတယ်”

ဘေးရှိ မိုးလေဝသဌာန၏ ဟွေ့ကျင့်လင်က ဖြည့်ပြောသည်။ “ကောင်းကင် ပေါက်ပြဲသွားတုန်းက ကောင်းကင်မှာရှိတဲ့ နက္ခတ်တာရာတွေ ရွေ့သွားပါတယ်။ အပေါက်ပြန်ဆက်သွားတော့မှ ပုံမှန်ပြန်ဖြစ်သွားတာ။ ကျွန်တော်တို့ ရွေ့သွားတဲ့ ထောင့်ချိုးတွေကို မှတ်ထားပေမယ့် သင်္ချာစွမ်းရည် သိပ်မမြင့်မားတော့ ဘာဖြစ်သွားတာလဲ တွက်ချက်ကြည့်ဖို့ ခက်ခဲနေလို့ပါ။ သခင်လေးချင်၊ တစ်ချက်လောက် ကြည့်ပေးလို့ရမလား ဒါက အရင်ကြယ်ဇယားပါ”

သူ ကြယ်ဇယားများကို တစ်ရွက်ပြီးတစ်ရွက် လှန်ပြသည်။ မိုးလေဝသဌာန နှစ်စဉ်နှစ်တိုင်း မှတ်ထားသော နက္ခတ်တာရာများတွင် ပုံမှန်လမ်းကြောင်းရှိကြောင်း ချင်မူ သတိပြုမိသွား၏။ နက္ခတ်တာရာရွှေ့ပြောင်းမှုက တစ်မိနစ်တစ်ခါ ပြောင်းလဲတတ်သည်။

“ဒါက သခင်လေးချင် အမြှောက်ပစ်လိုက်ပြီးတော့ ဖြစ်သွားတဲ့ ကြယ်ဇယားပါ”

ဟွေ့ကျင့်လင် နောက်ဆုံးစာရွက်ဆီသို့ လှန်ကာ ကြယ်ဇယားကို ထောက်ပြလိုက်သည်။ “အမြှောက်ပစ်ပြီးတော့ ကောင်းကင်က တခဏ မည်းမှောင်သွားပေမယ့် အမြင့်တိုင်းကိရိယာကနေ နက္ခတ်တာရာတွေကို မှတ်သားမိလိုက်ပါတယ်။ နေက တစ်လက်မနဲ့ သုံးပုံတစ်ပုံ ရွေ့သွားတယ်။ အပေါက်ပြန်ဆက်သွားတဲ့အချိန်မှာကျ မူလနေရာကို ပြန်ရွေ့လာတယ်။ မှောင်သွားတဲ့အချိန်အတွင်း တခြားနက္ခတ်တာရာတွေလည်း ရွေ့သွားပါတယ်။ အပေါက်ဖြစ်သွားတဲ့နေရာမှာကျ နက္ခတ်တာရာတွေ မရှိပါဘူး။ ဒါက ပုံမှန်မဟုတ်ပါဘူး။ အပေါက်နေရာမှာ ကြယ်တစ်ရာ့ခုနစ်ဆယ်လုံး ရှိသင့်တာပါ”

ချင်မူ ဇဝေဇဝါ ဖြစ်နေသေးသည်။ “ကောင်းကင်အမြှောက်ရဲ့ ပစ်အားက အားကောင်းလွန်းတော့ ဟင်းလင်းပြင်မှာ ပုံပျက်ဂယက်လှိုင်းတွေ ထသွားပြီး နက္ခတ်တာရာတွေ ရွေ့သွားတာ မဟုတ်ဘူးလား”

“အဲ့ဒါလည်း ဖြစ်နိုင်ပါတယ်” ဟွေ့ကျင့်လင်က ပြောသည်။ “ဒါပေမဲ့ မိုးလေဝသဌာနက အမြင့်တိုင်းကိရိယာကို ဝိညာဉ်လက်နက်လိုရော၊ ဝိညာဉ်ရတနာလိုရော သုံးတာပါ။ ကျွန်တော်တို့အမြင်မှာ ပုံပျက်ဂယက်လှိုင်းတွေ ထသွားနိုင်ပေမယ့် အမြင့်တိုင်းကိရိယာကိုတော့ အဲဒီလိုလှည့်စားမရပါဘူး။ အမြင့်တိုင်းကိရိယာပေါ်က ကြယ်ဇယားက ကောင်းကင်မှာ ရှိတဲ့ နက္ခတ်တာရာအတွေအတိုင်း ရွေ့လျားနေတာပါ။ အမြင့်တိုင်းကိရိယာအပေါ်က ကြယ်ဇယား ရွေ့ပြောင်းရင် ကောင်းကင်က ကြယ်တွေလည်း အမှန်တကယ် ရွေ့ပြောင်းသွားတယ်လို့ ဆိုလိုပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက အပေါက်နေရာမှာ ဘာကြောင့်ကြယ်တစ်စင်းမှ ရှိမနေတာလဲ ဆိုတာပဲ”

ချင်မူ ရင်ထဲတွင် အတန်ငယ် လှုပ်ခါသွားပြီး သွေးတိုးစမ်းကြည့်လိုက်သည်။ “ခင်ဗျား ဆိုလိုတာက”

မိုးလေဝသအရာရှိများ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ဟွေ့ကျင့်လင်က ချောင်းဖွဖွဟန့်လိုက်၏။ “တွက်ချက်မှုတွေ မလုပ်ရသေးဘဲ ကျွန်တော်တို့ မိုးလေဝသဌာနအနေနဲ့ မခန့်မှန်းဝံ့ပါဘူး။ ခွင့်လွှတ်ပါ စီမံမှူးချင်”

‘ဒီလူတွေက သိပ်လျှို့ဝှက်တာပဲ’

ချင်မူ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ကျွန်တော်နဲ့ ရှိနေတဲ့ ပညာရှင်တွေက တာအိုဂိုဏ်းနဲ့ ကျောက်စိမ်းမြို့တော်ငယ်က သင်္ချာပညာရှင်တွေပါ။ လောလောဆယ် သူတို့ တာအိုဂိုဏ်းနဲ့ ကျောက်စိမ်းမြို့‌တော်ငယ်ကို ပြန်ဖို့ လုပ်နေကြတယ်။ ကျွန်တော် သူတို့ကို နေခိုင်းလို့ရပါ့မလား မသိဘူး”

ရှုရှန်းဟွာ လျှောက်လာပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ငါ့သင်္ချာစွမ်းရည်လည်း မြင့်မားပါတယ်”

ချင်မူ ပြုံးကာ ပြောလိုက်သည်။ “နောင်တော်ရှု လာကူညီပေးတော့ ကောင်းတာပေါ့။ ငါ တာအိုသခင်လင်းရွှမ်နဲ့ ဝမ့်မူရန်ကို သွားခေါ်လိုက်မယ်”

ကျင်းယန်က ကပျာကယာ ပြောလိုက်သည်။ “သခင်လေး ကူညီပေးမှာဆိုတော့ ကျွန်မတို့ အကြွေးတင်နေတဲ့ တဖုန်းကြေးပြားတစ်သောင်းက....”

“အစ်မတော်တို့ မကူညီရင်တောင် ဒီမှာ သင်္ချာပညာရှင်မရှားဘူး” ချင်မူက လှည့်ပင်မကြည့်ဘဲ ပြန်ပြောလိုက်သည်။

ကျင်းယန်၏မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွား၏။ “ကပ်စေးနည်း”

“ယန်ကျစ် စိတ်မဆိုးပါနဲ့။ တကယ်က ငါလည်း ဂိုဏ်းသခင်ချင် အမြှောက်ပစ်ပြီးတော့ ကောင်းကင်မှာ ဘာဖြစ်သွားတာလဲ သိချင်တယ်။ သူ ပြောတာလည်း မမှားဘူး။ ငါတို့အကူအညီပါပါမပါပါ သူ့အတွက် ဘာမှမပြောင်းလဲသွားဘူး။ အချိန်မြန်တာနှေးတာပဲ ကွာမှာ” ရှုရှန်းဟွာ ပြောလိုက်သည်။

ချင်မူ တာအိုသခင်လင်းရွှမ်၊ မုချင်းသိုင်နှင့် လူငယ်များကို သွားတွေ့သည်။ လူစုပြီးသောအခါ ဝမ့်မူရန်က မေးလိုက်သည်။ “နတ်ဂိုဏ်းသခင် ဒီတစ်ခေါက် ဘာတွက်မှာလဲ”

ချင်မူက မျက်လုံးများ တဖျတ်ဖျတ် တောက်ပနေသော ဟွေ့ကျင့်လင်ကို လှမ်းကြည့်ကာ ဖြေလိုက်သည်။ “နက္ခတ်တာရာသဘာဝ”

တာအိုသခင်လင်းရွှမ် ပြုံးလျက် ပြောလိုက်၏။ “နက္ခတ်တာရာသဘာဝတဲ့လား။ ဂိုဏ်းသခင်ချင်၊ ငါတို့တာအိုဂိုဏ်းရဲ့ ဆယ့်လေးခန်းမြောက် တာအိုဓားက နက္ခတ်တာရာသဘာဝအကြောင်းပဲ။ အခုဟာက ဘာများထူးမှာမလို့လဲ”

ချင်မူ ခေါင်းယမ်းကာ ရှင်းပြလိုက်သည်။ “ဆယ့်လေးခန်းမြောက် တာအိုဓားက ပုံမှန်နက္ခတ်တာရာသဘာဝကို တွက်တာ။ မိုးလေဝသဌာန ငါတို့ကို တွက်စေချင်တဲ့တစ်ခုက ပုံမှန်မဟုတ်ဘူး”

တာအိုသခင်လင်းရွှမ်နှင့် တာအိုရသေ့များ စိတ်ရှုပ်ထွေးသွားသည်။ ပုံမှန်နက္ခတ်တာရာသဘာဝနှင့် ပုံမှန်မဟုတ်သော နက္ခတ်တာရာသဘာဝအကြား ကွဲပြားမှုရှိသည်လော။

ဟွေ့ကျင့်လင်က မိုးလေဝသဌာန မှတ်သားထားသော နက္ခတ်တာရာသဘာဝကို ရှင်းပြကာ ပြောသည်။ “ကြယ်တွေ ရွေ့နေတာနဲ့ အပေါက်နေရာမှာ ကြယ်တွေပျောက်နေတာက ပုံမှန်မဟုတ်ဘူး...ဘယ်လိုပြောရမလဲ... ဟိုလိုမျိုး.. ဟိုလိုမျိုး”

“လိုက်ကာစမှာ ကြယ်တွေ ချိတ်ထားသလိုမျိုး” မုချင်းသိုင် လွှတ်ခနဲ ပြောလိုက်မိသည်။

ဟွေ့ကျင့်လင် လက်ဝါးချင်းရိုက်ပြီး ပြောလိုက်၏။ “ဟုတ်တယ် ဟုတ်တယ်။ လိုက်ကာစမှာ ကြယ်တွေ ချိတ်ထားသလိုမျိုး။ စီမံမှူးချင်က အလင်းတန်းနဲ့ ဒီလိုက်ကာစကို ဖောက်ခွင်းလိုက်‌တော့ နေ၊ လနဲ့ ကြယ်တွေက ဘေးနှစ်ဖက်ကို ရောက်သွားတာ”

လူငယ်အားလုံး တစ်ယောက်ကိုတစ်ယောက် အလေးအနက် ကြည့်လိုက်ကြသည်။

ကြယ်တွေကို ကောင်းကင်တွင် ချိတ်ဆွဲထားသည်တဲ့လော....

ရှုရှန်းဟွာ စိတ်ပြန်ထိန်း၍ မိုးကောင်းကင်ကို မော့ကြည့်ကာ မေးလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ ငါတို့ ဘာတွက်ရမှာလဲ”

“အလင်းတန်းကြောင့် ကြယ်တွေ ရွေ့သွားတာအရဆို ငါတို့ ကောင်းကင်ရဲ့ အမြင့်နဲ့အထူကို တွက်ရမယ်” ချင်မူ အရာရှိများကို ကြည့်၍ မေးလိုက်၏။ “အဲ့ဒါ ခင်ဗျားတို့ ရည်ရွယ်ချက်လား”

မိုးလေဝသဌာန၏ အရာရှိများ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြ၏။

“စီမံမှူးချင်က အမှန်တကယ် ထက်မြက်ပါပေတယ်” ဟွေ့ကျင့်လင်က အက်ကွဲကွဲအသံဖြင် ပြောသည်။ “အရင်တုန်းက ကောင်းကင်က အဆုံးမဲ့သလို၊ ကောင်းကင်ရဲ့အထူကလည်း အဆုံးမဲ့တယ်လို့ ကျွန်တော်တို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ စီမံမှူးချင်ရဲ့ အမြှောက်အလင်းတန်းကြောင့် ကောင်းကင်ရဲ့ အမြင့်နဲ့ အထူက အကန့်အသတ်တစ်ခုတော့ ရှိလိမ့်မယ်လို့ ကျွန်တော်တို့ သဘောပေါက်မိသွားတယ်။ ကောင်းကင်ထဲက ကြယ်တွေဟာ ကျွန်‌တော်တို့ ထင်သလို မဝေးလောက်ဘူး။ နေကလည်း....”

သူ ဆက်မပြောဝံ့တော့ပေ။

ချင်မူ အားလုံးကို ကြည့်ကာ ပြောလိုက်သည်။ “အကုန်လုံး ဘယ်လိုခံစားရလဲ”

သူတို့အားလုံးသည် လူငယ်များ ဖြစ်ကြသော်လည်း နေထိုင်ကြီးပြင်းလာသော နေရာများနှင့် အမွေအနှစ်များက မတူညီသည့်အတွက် အတွေးအခေါ်၊ အယူအဆများလည်း ကွဲပြားကြသည်။ သို့သော် အကုန်လုံး သိချင်စိတ်ပြင်းပြစွာဖြင့် ကောင်းကင်အား မော့ကြည့်လိုက်ကြ၏။

တာအိုသခင်လင်းရွှမ်က အကြည့်လွှဲ၍ ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်ရဲ့ အလင်းတန်းက ကောင်းကင်မှာ အမြင့်တစ်ခုနဲ့ အထူတစ်ခု ရှိတယ်လို့ သက်သေပြနေမှတော့ တွက်ကြည့်ကြတာပေါ့”

အကုန်လုံး ခေါင်းညိတ်သဘောတူကြသည်။

“တွက်ကြည့်ဖို့ ကြယ်တွေ ရွေ့တဲ့ ရက်တွေကို သိဖို့ လိုတယ်” ဝမ့်မူရန် ပြောလိုက်သည်။

“ကျွန်တော်တို့ မိုးလေဝသဌာနက နေအပါအဝင် နက္ခတ်တာရာအားလုံးကို မှတ်သားထားပါတယ်” ဟွေ့ကျင့်လင်က တမုဟုတ်ချင်း ပြောသည်။

“ဒါဆို ပိုလွယ်သွားတာပေါ့”

အကုန်လုံး မဆိုင်းမတွ လှုပ်ရှားကြပြီး များစွာကြာသော် ကိန်းဂဏန်းများ တွက်ချက်ပြီးသွားကြသည်။ ကိန်းဂဏန်းများကို ကြည့်လိုက်သည့်အခါ သူတို့၏မျက်နှာများ တင်းမာပြီး ငေးငိုင်ကုန်ကြ၏။

“ငါ မယုံဘူး” တာအိုဂိုဏ်းမှ တာအိုရသေ့တစ်ယောက်က ငေါက်ခနဲ ထရပ်ပြီး သူ၏ပါ့ကွကိရိယာကို မြေကြီးပေါ် ပစ်ချကာ ရိုက်ခွဲပစ်လိုက်သည်။ ထို့နောက် ဒေါသတကြီး အော်ဟစ်၏။ “လုံးဝမယုံဘူး” သူ ထွက်သွားသည်။

ကျန်ခဲ့သည့် သင်္ချာပညာရှင်များ တိတ်ဆိတ်နေကြသည်။ လောင်ယွီက ခပ်တိုးတိုး ပြောလိုက်၏။ “မဖြစ်နိုင်ဘူး၊ ငါတို့ မှားတွက်တာ ဖြစ်မယ်။ ဒါက လုံးဝမဖြစ်နိုင်ဘူး....”

တာအိုဂိုဏ်း၏ တာအိုရသေ့များမှာ စိတ်ဓာတ်များ ကျိုးကြေကုန်ပြီး တဟားဟား အော်ရယ်ကြသည်။ “ငါတို့မှားတွက်တာပဲ ဖြစ်မယ်။ ကောင်းကင်က ဘာလို့ ဒီလောက်ပါးနေမှာတုန်း...”

“ဟုတ်တယ် လုံးဝမှားနေတယ်” ဟွေ့ကျင့်လင်က အခိုင်အမာ ဝင်ပြောသည်။

“ဟုတ်တယ် ဟုတ်တယ် မှားနေတာပဲဖြစ်ရမယ်” ကျန်သောသူများ ထောက်ခံကြသည်။

ရှုရှန်းဟွာ ခေါင်းခါကာ ပြောလိုက်၏။ “ဒီလောက်လူတွေအများကြီး မှားတွက်တာ ဖြစ်နိုင်ပါ့မလား။ အကုန်လုံး ရတဲ့ ရလဒ်က အတူတူပဲလေ အဖြေက မှန်တယ်။ ကောင်းကင်က ဒီအမြင့်နဲ့ ဒီအထူ ရှိနေတာပဲ”

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး...” လောင်ယွီ ယိုင်တီးယိုင်တိုင် ထထွက်သွားသည်။ သူ အနည်းငယ် စိတ်ဖောက်သွား၏။

မုချင်းသိုင်လည်း မူးဝေနေသည်။ သူ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေရာမှ ခြေပစ်လက်ပစ် ထိုင်ချမိလိုက်သည်။

ချင်မူ သူတို့တွက်ထားသော ဂဏန်းများကို ကြည့်ကာ အတွေးနက်သွားသည်။ ကောင်းကင်သည် မိုင်တစ်သောင်းမြင့်မားသော်လည်း အထူက ကိုက်တစ်ထောင်သာ ရှိ၏။ ထိုကိုက်တစ်ထောင်အထူထဲတွင် နေတစ်စင်း၊ လတစ်စင်းနှင့် ကြယ်များ ရှိနေသည်ဟု ဆိုလိုသည်။

ဤသည်က မည်ကဲ့သို့ဖြစ်နိုင်မည်း။

“ဟီးဟီးဟီး....”

ချင်မူလည်း အတန်ငယ် စိတ်‌ဖောက်သွား၍ ရယ်နေမိသည်။ မျက်ရည်များပင် စီးကျလာပြီး သူက ထိုင်ချကာ သူ့ဒူးသူ တဖြန်းဖြန်း ချနေ၏။

“ဂိုဏ်းသခင်ချင် ဘာတွေရယ်နေတာလဲ” တာအိုသခင်လင်းရွှမ်က သူ့ကို ဒေါသတကြီး စိုက်ကြည့်ပြီး အော်ဟစ်သည်။

“စွန့်ပစ်ခံလူတွေ...” ချင်မူ တဟီးဟီး ရယ်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးသည်။ “မင်းက စွန့်ပစ်ခံလူ၊ မင်းလည်း စွန့်ပစ်ခံလူ၊ ပြီးတော့ မင်း မင်း မင်း။ မင်းတို့အားလုံး စွန့်ပစ်ခံလူတွေပဲ”

အကုန်လုံး သူ့ကို အေးတိအေးစက် ကြည့်နေကြပြီး သူက တစ်ယောက်ပြီးတစ်ယောက် လက်ညှိုးထိုးနေသည်။ နောက်ဆုံးတော့ ရှုရှန်းဟွာကို လက်ညှိုးထိုးရင်း ရယ်နေသော်လည်း သူ့မျက်နှာက ကြောက်မက်ဖွယ်ကောင်းစွာ အေးစက်သွား၏။ “မင်းလည်း အစွန့်ပစ်ခံလူပဲ”

ရှုရှန်းဟွာ မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်က ဤအမြင့်နှင့် ဤအထူသာ ရှိသည်။ နေ၊ လနှင့် ကြယ်များ မဆိုထားနှင့်၊ တောင်တစ်လုံးကိုပင် ထည့်မရပေ။

သို့တိုင်အောင် နေတစ်စင်း၊ လတစ်စင်းနှင့် ကြယ်အစုအဝေးများက အပေါ်တွင် ရှိနေရာ ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။ တဖျတ်ဖျတ်လက်နေသော ကြယ်များ၊ တဟုန်းဟုန်း တောက်နေသော နေမင်းကြီး၊ အေးမြစွာ လင်းထိန်နေသော လမင်းကြီးနှင့် မြစ်တစ်စင်းသဖွယ် ကြယ်များ စုဝေးနေသော ကြယ်အစုကြီးသည်.... ပန်းချီကားတစ်ခုသာ ဖြစ်၏။

ကောင်းကင်က သူတို့၏ကမ္ဘာကို ချိတ်ပိတ်ဖုံးအုပ်ထားသော အစီအရင်တစ်ခု ဖြစ်သည်။ သူတို့မြင်နေရသော နေ၊ လ၊ ကြယ်များသည် အတုများ ဖြစ်နေသည်။

မဟာမြို့ပျက်တွင် တစ်နှစ်ပတ်လုံး နေမမြင်ရသော နတ်သက်ကြွေတောင်ကြော ရှိသည်။ ညရောက်သည့်အခါကျလည်း အမှောင်ထုကျူးကျော်လာသဖြင့် ကြယ်လများကိုလည်း မမြင်ရပေ။

မဟာမြို့ပျက်၏လူများသည် နတ်ဘုရားများ စွန့်ပစ်ထားသော လူများ ဖြစ်ကြ၏။

သို့သော် တစ်လောကလုံးရှိ သက်ရှိသတ္တဝါအားလုံးက မဟာမြို့ပျက်တွင် နေထိုင်သောလူများကဲ့သို့ စွန့်ပစ်ခံလူသားများ ဖြစ်နေကြသည်။

တာအိုသခင်လင်းရွှမ်က အင်္ကျီလက်အိုးကို ခါ၍ အေးတိအေးစက် ပြောလိုက်သည်။ “ငါက စွန့်ပစ်ခံလူသားမဟုတ်ဘူး။ တာအိုဂိုဏ်းသားတို့ တောင်ပေါ် ပြန်ကြမယ်” သူ လမ်းလျှောက်ထွက်သွားသောအခါ မျက်ရည်များ စီးကျလာသည်။

“တာအိုက သဘာဝကို လိုက်နာတယ်.... အစစ်မဟုတ်တဲ့ သဘာဝကြီးကို လီးမလို့ လိုက်နာတာလား” တာအိုသခင်လေးမှာ လည်ချောင်းထဲ ဆို့နင့်လာပြီး ကောင်းကင်ကို ဒေါသတကြီး အော်ဆဲလိုက်၏။ “ငါ့တစ်သက်လုံး ကျင့်ကြံခဲ့ရသမျှအားလုံးက လီးမလို့ သဘာဝတရားအတုကြီးကို လိုက်နာနေရတာလား”

All Chapters