← Chapters

ဝမ်းနည်းစရာကောင်းတယ်

Vol. 76 Ch. 1052

ဝမ်းနည်းစရာကောင်းတယ်

Vol. 76 Ch. 1052

ဟွင်းစမ်က ရုတ်တရက် တုန်ယင်သွားပြီး ဘယ်ဘက်ခြမ်းသို့ လျင်မြန်စွာ လက်ညှိုးထိုးပြလိုက်သည်။ “ကျန်းရွှေရှန့်၊ ကြီးမားတဲ့အန္တရာယ်တစ်ခု ငါတို့ဘက်လာနေတာကို မင်း အာရုံခံနိုင်လား။ အဲဒီ…နတ်ဆိုးသားရဲတွေက အရမ်းသန်မာတာပဲ ဖြစ်ရမယ်”

“ဟုတ်တယ်၊ ငါလဲ အာရုံခံမိတယ်” ကျန်းရွှေရှန့်က ခေါင်းညိတ်လိုက်သည်။ “ဒါက အရမ်းဆိုးဝါးတဲ့ အနေအထားတစ်ခုပဲ။ ဒီတောင်ကြားထဲမှာရှိတဲ့သွေးရနံ့က နတ်ဆိုးသားရဲတွေကို ဆွဲဆောင်ခဲ့တာဖြစ်ရမယ်။ သူတို့ကို မြန်မြန်ရှောင်ကြရအောင်”

“ဟုတ်ပြီး”

နှစ်မိနှစ်ကြာပြီးနောက် တောင်ထွတ်တစ်ခု၏ဖုံးကွယ်ထားသောနေရာတစ်ခုတွင် လူနှစ်ယောက်က မျက်နှာဖြူဖတ်ဖြူရော်နှင့် ပုန်းအောင်းနေလေသည်။

“အနည်းဆုံး လေးရာလောက် ရှိရမယ်” ဟွင်းစမ်၏ပါးစပ်ထောင့်က အကြိမ်အနည်းငယ် လှုပ်ရှားသွားလျက် ရေရွတ်လိုက်လေ၏။

သွမ်မုလင်ထံမှ ယူလာသည့် မှန်ဘီလူး ယူထုတ်ကာ ကျန်းရွှေရှန့်က တောင်ကြားသို့ လျင်မြန်စွာ ချိန်လိုက်သည်။ ထိုနေရာရှိ အနေအထားကို မြင်ပြီး သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုက လျင်မြန်စွာ ထွက်ပေါ်လာ၏။ ထိုနေရာတွင် လူသားများလည်း မရှိ၊ နတ်ဆိုးသားရဲများလည်း မရှိ။ တိုက်ပွဲတစ်ခုတစ်လေပင် မရှိ။ သို့သော် မြေပြင်က နေရာတိုင်း၌ သွေးတို့ စွန်းထင်နေသည်။ ရှုပ်ထွေးသောပတ်ဝန်းကျင်က ထိုနေရာတွင် ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ဟု တစ်ခုတည်းသောသက်သေပင် ဖြစ်၏။

“လူအချို့က နတ်ဆိုးသားရဲတွေနဲ့ အဲနေရာမှာ တိုက်ခိုက်ခဲ့တယ်ဆိုတာ သေချာတယ်။ ထန်ရှုနဲ့သူ့လူတွေက သူတို့ရဲ့အစာဖြစ်သွားတာများလား” ကျန်းရွှေရှန့်က ဆိုလိုက်သည်။ သူက ထန်ရှုအား သဘောမကျသော်လည်း လက်ရှိတွင် သူတို့က ဘုံရန်သူတစ်ခုအား ရင်ဆိုင်နေရသည်။ ထို့ပြင် သူတို့နှစ်ယောက်ကြားတွင်လည်း ဘာရန်ငြိုးမှ မရှိ။ သဘာဝအားဖြင့် ထန်ရှုက နတ်ဆိုးသားရဲများလက်ချက်ဖြင့် သေသွားမည်ကို သူမမြင်ချင်ပေ။

ဟွင်းစမ်လည်း သူ့မိုက်ခရိုစကုတ်အား ယူထုတ်ကာ တောင်ကြားထဲရှိ အနေအထားအား ကြည့်လိုက်သည်။ ခါးသီးစွာ ပြုံးလျက် သူက ပြောလိုက်သည် “ဘာခန့်မှန်းနေအုံးမှာလဲ။ ထန်ရှုနဲ့သူ့လူတွေကို နတ်ဆိုးသားရဲတွေက သတ်ဖြတ်ခဲ့တာ ဖြစ်ရမယ်။ မဆင်မခြင်လုပ်မိတဲ့အတွက် သူ သေသွားတာလို့ပဲ တွေးကြတာပေါ့။”

ကျန်းရွှေရှန့်က ခဏနှုတ်ဆိတ်သွား၏။ ထို့နောက် သူက ပြောလိုက်သည် “ငါတို့ ဒီနေရာမှာ အကြာကြီးနေလို့မရဘူး၊ ဟွင်းစမ်။ အဲဒီနတ်ဆိုးသားရဲတွေက လှည့်ပတ်ရှာမယ်ဆိုရင် ငါတို့ကို ဒီနေရာမှာ အလွယ်တကူ တွေ့သွားလိမ့်မယ်။ ဒီနေရာက ထွက်ပြီး ပြန်ကြရအောင်။ ထန်ရှုသေသွားတဲ့အကြောင်းကို ငါတို့တွေ သွမ်မုလင်ဆီ တင်ပြရမယ်”

သူတို့နှစ်ယောက်က ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်က တုံ့ဆိုင်းမနေဘဲ ဟိမဝန္တာတောင်တန်း၏အစွန်အဖျားသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။

ဟိမဝန္တာတောင်တန်း၏အစွန်အဖျားတွင်။

ထန်ရှုက သူ့ဂိုဏ်းသားဒါဇင်ကျော်နှင့် ထွက်လာသည်ကို မြင်သောအခါ ကျင့်ကြံသူများက ချက်ချင်း နှုတ်ဆက်ခဲ့ကြသည်။ သွမ်မုလင်က ရှေ့သို့ တိုးဝှေ့ထွက်လာပြီး ထန်ရှုဘေးနားရှိ လူတိုင်း၏အသွင်အပြင်ကို မြင်သောအခါ သူက ပင့်သက်ရှိုက်လိုက်မိသည်။ သူတို့၏ဒဏ်ရာများမှတစ်ဆင့် ထန်ရှု၏ဂိုဏ်းသားများက ပြင်းထန်သောတိုက်ပွဲတစ်ခု ဆင်နွှဲခဲ့မှန်း ပြောနိုင်ပေသည်။

“မင်းတို့အားလုံး အဆင်ပြေရဲ့လား ထန်ရှု” လေးစားစွာနှင့် သွမ်မုလင်က စိုးရိမ်တကြီး မေးလိုက်၏။

“သိပ်မကြီးကျယ်ပါဘူး” ထန်ရှုက ခေါင်းခါလျက် ပြုံးကာ ပြော၏ “တချို့တလေက ဒဏ်ရာပြင်းထန်ပေမယ့် ကောင်းကောင်းအနားယူလိုက်ရင် မကြာခင် ပြန်ကောင်းသွားမှာပါ။ စီနီယာသွမ်မုလင်၊ ဒီတားမြစ်စည်းရော ဘေးကင်းနေသေးလား”

“လက်ရှိတော့ ဘေးကင်းနေသေးတယ်၊ ဘယ်လောက်ကြာမလဲတော့ ငါလဲ မသိဘူး” သွမ်မုလင်က ခါးသီးစွာ ပြုံးလျက် ပြော၏ “သတင်းအချက်အလက်ဌာနရဲ့စုံထောက်တွေက အသက်စွန့်စားပြီး ထောက်လှမ်းရေးကိရိယာတွေ တပ်ဆင်ခဲ့ကြတယ်။ ဖလင်ထဲမှာ ပြထားတယ်၊ နတ်ဆိုးသားရဲအမြောက်အများက စုဝေးနေတာ အချိန်အတော်ကြာပြီ၊ အရေအတွက်က သုံးထောင်နီးပါးထိ ရှိလာတယ်။ သူတို့တွေ ပိုများလာမှာကို ငါ စိတ်ပူတယ်။ သူတို့သာ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာရင် ငါတို့တွေ မရင်ဆိုင်နိုင်လောက်ဘူး။”

“သုံးထောင်နီးပါးလား။ ထပ်ပြီးတော့ စုဝေးနေတုန်းပဲလား”

ထန်ရှုမျက်နှာက အလွန်လေးနက်သွား၏။ ထို့နောက် သူက မေးလိုက်၏ “သားရဲဒီရေလှိုင်း မလာခင် ဒီလိုစုဝေးတာတွေ အကြိမ်တိုင်း ဖြစ်ပျက်သလား”

“ဟုတ်တယ်၊ အဲလို စုဝေးကြတယ်၊ အကြိမ်တိုင်းမှာ အရေအတွက် တစ်ထောင်ကျော်ပဲ” သွမ်မုလင်က ခေါင်းညိတ်လိုက်သည် “အဲဒါတွေက စုဝေးတာ အချိန်တိုတိုလေးပဲ၊ ဒါပေမယ့် ဒီတစ်ခါကျမှ အချိန်ကြာပြီး အရေအတွက်က တိုးလာတယ်။ တန်ပြန်တိုက်ခိုက်ဖို့အတွက် စစ်တပ်နဲ့ ငါ စကားပြောပြီးပြီ။ နတ်ဆိုးသားရဲအရေအတွက်တစ်ထောင်ကျော်ရင် လေကြောင်းကနေ ဗုံးကြဲတာပဲ လုပ်လို့ရမယ်လို့ သူတို့‌ ပြောတယ်”

ထန်ရှု၏နှလုံးသားက တဖြည်းဖြည်း နစ်မြုပ်သွားသည်။ ဗုံးအသုံးပြုလျှင် ဗုံးကြဲခြင်းက ရလဒ်ကောင်းတစ်ခု ထုတ်ပေးလျှင်ပင် ထိုသားရဲများက လုံးဝ ပြုံးတီးသွားမည်ဟု ဖြစ်နိုင်ချေမရှိပေ။ ထို့ပြင် သူတို့အား ဒေါသထွက်သွားစေလျှင် သားရဲများက ပိုတောင် ထွက်လာနိုင်၏။ အရေးကြီးဆုံးပြဿနာက ဗုံးကြဲခြင်းက နတ်ဆိုးသားရဲများ၏ခန္ဓာကိုယ်များအား ဖျက်ဆီးပစ်ပြီး ထန်ဂိုဏ်းသားများအား လေ့ကျင့်ပေးရန် အခွင့်အလမ်းအား ဆုံးရှုံးသွားရလိမ့်မည်။

“စီနီယာသွမ်မုလင်၊ သူတို့ကို ဗုံးမကြဲစေနဲ့အုံး။ လက်ရှိမှာ နတ်ဆိုးသားရဲတွေ စုဝေးတဲ့‌နေရာကိုဩဒိနိတ်အတိအကျကို ငါ လိုအပ်တယ်။ နတ်ဆိုးသားရဲလှိုင်းက ဘယ်လောက်အားကောင်းသလဲဆိုတာ ငါ ရှင်းရှင်းလင်းလင်း သိတယ်။ ငါတို့က ကြိုတင်မတားနိုင်ရင် လေကြောင်းကနေ ဗုံးကြဲတာက ထိရောက်လိမ့်မှာ မဟုတ်ဘူး” ထန်ရှုက လေးနက်သောမျက်နှာနှင့် ပြော၏။

“ငါ သိပါတယ်” သွမ်မုလင်က အားတင်းပြုံးလျက် ပြောလိုက်၏ “ဟူး…သူတို့ စုဝေးတာကနေ ကွဲအောင် ဘယ်လိုလုပ်ရမလဲ…ငါတို့ရဲ့တားမြစ်စည်းတွေကို တိုက်ခိုက်နေတာတွေ လက်လျှော့အောင် ဘယ်လိုလုပ်ရမလဲ”

“ဒါဆို ကောင်းပါပြီ” ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်သည် “အဲဒါကို ငါ့ကို လွှဲခဲ့လိုက်ပါ။ ဒါပေမယ့် ခင်ဗျားက ဆက်လက်ကင်းထောက်ဖို့အတွက် တာဝန်ရှိသေးတယ်နော်”

“မင်း ဘာလုပ်မှာလဲ” သွမ်မုလင်က လျင်မြန်စွာ မေးလိုက်၏။

“ငါ အိုင်ဒီယာတော့ မရှိသေးဘူး။ အတွင်းပိုင်းကို ငါ သွားလေ့လာပြီးမှပဲ ပြောကြတာပေါ့” ထန်ရှုက ပြန်ဖြေ၏၊

ထို့သို့ပြောပြီးနောက် သူက ထန်ဂိုဏ်းသားများဘက်လှည့်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ရွှယ်ရှ၊ သူတို့ကို အနားယူဖို့‌ ခေါ်သွား။ ကုသဆေးတွေ ဖြန့်ဝေပေးပြီး ခွန်အားမြန်မြန်ပြန်ရအောင် လုပ်ပါစေ။ ကူးရင်၊ မင်းက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်‌ယောက်ပဲ၊ ဒါကြောင့် သူတို့ကို ကာကွယ်ပါ”

ရွှယ်ရှနှင့်ကူးရင်တို့က တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

ထန်ရှုက သွမ်မုလင်အား ပြန်ကြည့်ကာ ပြောလိုက်သည် “စီနီယာသွမ်မုလင်၊ ငါ အနေအထားကို စစ်ဆေးနေတဲ့အချိန်မှာ အဆက်အသွယ်မပျက်ပါစေနဲ့။ ငါ့ဆီ နတ်ဆိုးသားရဲတွေ စု‌ဝေးနေတဲ့နေရာကိုဩဒိနိတ်အတိအကျကို ပို့ပေးဖို့ ရေမိန်းကလေးကို ပြောဖို့ မမေ့ပါနဲ့”

ထိုသို့ပြောပြီးနောက် သူ့ပုံရိပ်က လျှပ်စစ်အလား လျင်မြန်စွာ ရွေ့လျားသွားခဲ့ပြီး အသက်ရှုချိန်အနည်းငယ်အတွင်း တောင်ထိပ်တစ်ခုထဲသို့ ပျောက်ကွယ်သွားခဲ့၏။

သွမ်မုလင်ဘေးနားရှိ လေ့ကျင့်သူဒါဇင်ကျော်က ထန်ရှုပျောက်ကွယ်သွားရာဉီးတည်ဘက်သို့ အံ့အားသင့်စွာ စိုက်ကြည့်လိုက်ကြသည်။ သူတို့ထဲမှတစ်ယောက်၊ တုတ်ခိုင်သန်မာသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က မယုံကြည်နိုင်သောအကြည့်နှင့် ရေရွတ်လိုက်၏ “သူ့အရှိန်က မြန်လွန်းတယ်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျွမ်းကျင်တစ်ယောက်က ဒီလောက်မြန်စရာအကြောင်းမရှိဘူး။ သူက ရွှေအမြုတေအဆင့်မှာလား”

သွမ်မုလင်က ခေါင်းခါယမ်းလိုက်သည်၊ ထို့နောက် သူ့မျက်လုံးက ကူးရင်ထံ ကျရောက်သွားပြီး ထူးဆန်းသောလေသံနှင့် မေးလိုက်၏ “စောစောက ထန်ရှု ဘာပြောခဲ့တာလဲ။ မင်းက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်တယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လေ။ အဲဒါ အမှန်ပဲလား”

“ဟုတ်ပါတယ်” ကူးရင်က ခေါင်းညိတ်ကာ ပြောလိုက်သည် “ကျွန်မက ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ပါပဲ”

သွမ်မုလင်က မျက်လုံးတို့ ပြူးကျယ်သွား၏၊ သူ့နားရှိလူတိုင်းလည်း အတူတူပင်။ ထို့နောက် မယုံကြည်နိုင်စွာနှင့် သူပြောသည် “ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက ဒီလောက်ငယ်တာ။ မင်း မွေးကတည်းက ကျင့်ကြံလာခဲ့တယ်ဆိုရင်တောင် ဒီလိုကျင့်ကြံခြင်းအဆင့်ကို ရောက်ဖို့မဖြစ်နိုင်ဘူးမလား။ ဒါက…”

“ညွှန်ကြားရေးမှူးသွမ်မုလင်၊ ဒီကမ္ဘာမှာ ထူးခြားတဲ့မွေးရာပါစွမ်းရည်တွေရှိတဲ့လူအချို့ ရှိပါတယ်။ ဂိုဏ်းချုပ်ရဲ့တပည့်အနေနဲ့ ကူးရင်က ကျင့်ကြံခြင်းမှာ ထူးခြားတဲ့ပါရမီရှိတယ်။ ဒါနဲ့ ငါတို့အားလုံး ဒဏ်ရာရထားတယ်၊ ဒါကြောင့် မင်းနဲ့ ဆက်စကားမပြောပေးနိုင်တော့ပါဘူး”

ထိုသို့ပြောပြီးနောက် သူက သွမ်မုလင် ပြန်ဖြေရန် အခွင့်အရေးမပေးတော့ဘဲ ထန်ဂိုဏ်းသားများအား ဉီးဆောင်ကာ အပြင်ဘက်ရှိ တဲများဆီသို့ ခေါ်သွားခဲ့၏။ မကြာမီ သူတို့က သွမ်မုလင်နှင့်လေ့ကျင့်သူဒါဇင်ကျော်တို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

အရပ်မြင့်မြင့်နှင့်တုတ်ခိုင်သန်မာသည့်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က သူတို့ထွက်သွားသည့်ဉီးတည်ဘက်အား ကြည့်ရင်း ခေါင်းခါကာ မှတ်ချက်ပေးလိုက်သည် “ထန်ရှုက ရွှေအမြုတေအဆင့်ရှိတယ်ဆိုရင် ငါ ယုံနိုင်ပါတယ်၊ ဒါပေမယ့် ဆယ်နှစ်အရွယ်ကလေးမတစ်ယောက်က ဒီလို ကျင့်ကြံခြင်းအဆင့်တစ်ခုရှိတယ်ဆိုတာကတော့ ဟာသတစ်ခုပဲ။ ငါ နှစ်လေးဆယ်ကျော် ကျင့်ကြံလာတာ၊ အခုမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအလယ်ဆင့်ပဲ ရှိသေးတယ်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ကို တက်လှမ်းဖို့က အရမ်းခက်ခဲတယ်”

နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ခေါင်းညိတ်ကာ ထောက်ခံလိုက်၏ “ဟုတ်တယ်။ ငါ ကျင့်ကြံလာတာ နှစ်ပေါင်းတစ်ရာ့လေးဆယ်၊ ရတနာအမြောက်အများကို အသုံးပြုခဲ့တယ်၊ ဒါပေမယ့် ရွှေအမြုတေအဆင့်ကို ချိုုးဖြတ်နိုင်ရုံမျှသာပဲ။ အခုထိ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် မလုပ်ရသေးဘူး။ ဒါပေမယ့် ကလေးမလေးတစ်ယောက်က ငါ့ထက် ပိုသန်မာတယ်ဆိုတာကိုတော့ ငါ လက်မခံနိုင်ဘူး”

သွမ်မုလင်က ခဏ စဉ်းစားလိုက်သည်။ ထို့နောက် သူက ရုတ်တရက် ပြုံးကာ ပြောလိုက်၏ “ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်။ စောစောက ရွှယ်ရှလို့ခေါ်တဲ့ကျင့်ကြံသူ ပြောပြသွားတာ ရှင်းနေတာပဲလေ။ ထူးခြားတဲ့မွေးရာပါစွမ်းရည်တွေနဲ့ကျင့်ကြံခြင်းပါရမီရှိတဲ့သူတွေက ဒီကမ္ဘာမှာ တကယ်တည်ရှိတယ်။ သူမက ရွှေအမြုတေအလယ်ဆင့်ကို ချိုးဖြတ်ထားတာ ဖြစ်နိုင်တယ်”

“ငါတော့ မယုံ”

ငါရောပဲ”

အခြားသူများက ခေါင်းခါလိုက်ကြသည်၊ ကူးရင်၏ကျင့်ကြံခြင်းအဆင့်က ရွှေအမြုတေအလယ်ဆင့်ရှိသည်ကို တစ်ယောက်မှ မယုံကြပေ။ သူတို့အတွက် မွေးရာပါပါရမီဘယ်လောက်ပဲရှိရှိ၊ အသက်ဆယ်နှစ်နှင့် ရွှေအမြုတေအဆင့်ကို ချိုးဖြတ်ခြင်းက ကောင်းကင်ဆန့်ကျင်သည်။ ကူးရင်က အသက်နှစ်ဆယ်ဆိုလျှင်ကား လက်ခံနိုင်ပေအုံးမည်။

“ဒီကိစ္စကို ထားလိုက်ကြရအောင်” သွမ်မုလင်က ပြုံးကာ ပြော၏ “လက်ရှိမှာ အရေးကြီးတာက ငါတို့ရဲ့ခံစစ်စည်းကို မြန်မြန် တည်ဆောက်ဖို့ပဲ။ အဲဒီနတ်ဆိုးသားရဲတွေ ထွက်လာတာနဲ့ သေခြင်းတိုက်ပွဲတစ်ခုကို ငါတို့တွေ ပြင်ဆင်ထားရမယ်။ နေပါအုံး…ဟွင်းစမ်နဲ့ကျန်းရွှေရှန့်တို့က ဘယ်မှာလဲ။ သူတို့က ထန်ရှုနဲ့သူ့လူတွေနောက် လိုက်သွားခဲ့တာပဲ။ ထန်ရှုက ရောက်လာလို့ ပြန်တောင် ထွက်သွားပြီး၊ သူတို့က ဘာလို့ မရောက်သေးတာလဲ။”

‘ဟွင်းစမ်နဲ့ကျန်းရွှေရှန့်တို့လား’

‘သူတို့နှစ်ယောက်လဲ တောင်တန်းထဲ ဝင်သွားတာလား’

လူတိုင်းက ထူးခြားသောအမူအရာတို့ ဖြစ်သွားကြသည်။ သို့သော် ထန်ရှုနှင့်သူ့လူများက တောင်တန်းမှ အသက်ရှင်လျက် ထွက်လာသည်ကို သတိရလိုက်သောအခါ ထိုလူနှစ်ယောက်က လမ်းပျောက်ကာ မထွက်နိုင်သေးသည်ဟုသာ တွေးလိုက်မိကြ၏။

“ဟေး…ကြည့်လိုက်ကြစမ်း…ဟိုနှစ်ယောက်မဟုတ်ဘူးလား” သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က တောင်တွင်းပိုင်းသို့ ရုတ်တရက် ညွှန်ပြလိုက်၏။

သွမ်မုလင်နှင့်ကျန်လူများက လက်ချောင်းညွှန်ပြရာဉီးတည်ဘက်သို့ ကြည့်လိုက်ကြ၏၊ တောင်တွင်းပိုင်းမှ သူတို့ထံ လျှပ်စီးအလား ချဉ်းကပ်လာနေသော ပုံရိပ်နှစ်ခုအား ချက်ချင်း မြင်လိုက်ရသည်။ စက္ကန့်အနည်းငယ်အတွင်း ထိုပုံရိပ်နှစ်ခုက သူတို့အရှေ့၌ ထွက်ပေါ်လာ၏။

“ညွှန်ကြားရေးမှူးသွမ်မုလင်”ဝမ်းနည်းသောအကြည့်နှင့် ဟွင်းစမ်က ခေါင်းခါလျက် သက်ပြင်းချလိုက်သည် “ငါ တင်ပြမယ့်အကြောင်းအရာက အနည်းငယ် ဝမ်းနည်းစရာကောင်းတယ်”

“ဟမ်” သွမ်မုလင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည် “ဘာများလဲ”

“ထန်ကောင်လေးနဲ့သူ့လူတွေက နတ်ဆိုးသားရဲတွေရဲ့ပါးစပ်ထဲကို ရောက်သွားပြီးထင်တယ်။ ငါတို့နှစ်ယောက် သူတို့နောက်လိုက်သွားတာ အချိန်အတော်ကြာတယ်၊ နတ်ဆိုးသားရဲတွေနဲ့သူတို့ကြား တိုက်ပွဲဖြစ်ခဲ့တဲ့အရိပ်အယောင်တွေ ရှိပေမယ့် သူတို့ရဲ့အရိပ်အယောင်ကိုတော့ ရှာမတွေ့ခဲ့ဘူး”

All Chapters